Tuesday, June 22, 2010

ယာကူဇာ ချစ်သူ အခန်း-၃ ယူမီကို

                                            
                                                       အခန်း-၃ ယူမီကို

အန်တီ ဆူမီကိုအိမ်ရောက်တော့ ရူတင်က ပြန်မလာသေး၍ တစ်ယောက်ထဲ အိမ်မှာပျင်းတာနဲ့ အိမ်တွင် အင်တာနက်ထိုင်သုံးနေသည်။ ဂျပန်မှာ ယာကူဇာ ဂိုဏ်းဝင်ချင်တဲ့ သူတွေဖွဲ့ထားတဲ့  private chatting တွေရှိတာမို့ ယာကူဇာဂိုဏ်းနဲ့ ပတ်သက်ပြီး အဆက်အသွယ် ရကောင်းပါရဲ့ အကြံဖြင့် ၀င်လေ့ရှိသည်။  ယူမီရဲ့ Nick name ကိုတော့ ယာကူဇာချစ်သူလို့ ပေးထားတယ်။ ဒါပေမယ့် တော်တော်များများက ယာကူဇာ ဂိုဏ်းဝင်တွေနဲ့ ဘယ်လို ဆက်သွယ်ရမှန်း မသိကြပါဘူး။ တခါတလေလည်း ယာကူဇာ ဂိုဏ်းဝင် အတုတွေနဲ့ တွေ့သေးတယ်။  ယူမီလို ဆုံးဖြတ်ချက် ခိုင်လုံပြီး တကယ် ယာကူဇာဖြစ်ချင်သူတွေကတော့ မရှိသလောက်ပါပဲ။ ဒီနေ့တော့ ထူးထူးခြားခြား Mafia ဟုနံမည် ပေးထားသောသူ တစ်ယောက် လာမိတ်ဖွဲ့သည်။

မာဖီယာ ။        ။ ဟိုင်း ...
ယာကူဇာချစ်သူ ။    ။ ဟိုင်း ...

မာဖီယာ ။        ။ ယာကူဇာချစ်သူနဲ့ ကျွန်ုပ် မိတ်ဆွေဖွဲ့ချင်လို့ပါ...
ယာကူဇာချစ်သူ ။    ။ ဒါဆိုလည်း မိတ်ဆွေဖွဲ့ ကြတာပေါ့...
မာဖီယာ ။    ။ ဘာလို့ ယာကူဇာချစ်သူလို့ နံမည်ပေးထားတာလဲ၊ ယာကူဇာတွေကို သဘောကျလို့လား...
ယာကူဇာချစ်သူ ။    ။ တစ်နေ့ကျရင် ယာကူဇာဂိုဏ်းဝင် တစ်ဦးဖြစ်မှာမို့ ရေးထားတာပါ...
မာဖီယာ ။    ။ ခင်များက ရယ်စရာ ကောင်းပြီး၊ တော်တော် စိတ်ကူးဆန်တဲ့သူပဲ...
ယာကူဇာချစ်သူ ။    ။ ရှင် ဘာပြောလိုက်လဲ၊ ရယ်ဖို့ကောင်းတယ် ဟုတ်လား၊ ရှင်ကရော ဘာဟုတ်လို့၊ ဆရာကြီး လာလုပ်နေရတာလဲ...
မာဖီယာ ။    ။ နေပါအုန်း ခင်များက မိန်းခလေးလား၊ မိန်းခလေး ဆိုရင် ပိုလို့တောင် ရယ်ရသေးတယ်။ မိန်းခလေးတန်မယ့်ဗျာ ယာကူဇာ ဂိုဏ်းဝင်ချင် နေသေးတယ်...

    မာဖီယာ ဆိုတဲ့လူ အပြင်မှာ တွေ့လို့ကတော့ ယူမီ ခေါင်းတခြား ကိုယ်တခြား ဖြစ်အောင်ကို အပိုင်းပိုင်း ဖြတ်ပစ်ချင်တယ်။ ဒီလူ တော်တော် လူပါးဝတဲ့လူပဲ။ သူကိုယ်သူ ဘာများ အောင်းမေ့နေလည်း မသိဘူး။ အွန်လိုင်းပေါ်ကမို့လို့ မာဖီယာ ဆိုတဲ့ လူ အရမ်းကံကောင်းသွားတယ်မှတ်ပါ။

ယာကူဇာချစ်သူ ။    ။ မိန်းခလေးဖြစ်တော့ ဘာဖြစ်လဲ။ ရှင် အွန်လိုင်းမှာမို့ ကံကောင်းသွားတယ်မှတ်။ အပြင်မှာ ရှင် နဲ့ ကျွန်မ တစ်ပွဲလောက် စမ်းကြည့်ချင်လား...
မာဖီယာ ။    ။ ကျွန်ုပ်က မိန်းခလေးတွေကို အနိုင်မကျင့် တတ်ပါဘူးဗျာ။ ခုဟာကလည်း အမှန်တိုင်း ပြောတာပါ။ ဒီလောက်လည်း စိတ်ဆိုးပြ နေပါနဲ့။ ခင်များက ယာကူဇာသာ ဖြစ်ချင်တာ။  ယာကူဇာ ဂိုဏ်းကြီး ဘယ်နှစ်ဂိုဏ်း ရှိတယ်ဆိုတာရော သိရော သိလို့လားဗျ။
ယာကူဇာချစ်သူ ။    ။ ဒါလေးများ သိတာပေါ့။ ယာကူဇာ ဂိုဏ်းကြီး အားလုံးပေါင်း ၆ဂိုဏ်းရှိတယ်လေ။
မာဖီယာ ။    ။ ခင်များ ဒါဆို မှားသွားပြီး လွန်ခဲ့တဲ့ ၁လလောက်ကမှ နောက် ဂိုဏ်းကြီး မိုးတိမ်လွှာဂိုဏ်းကြီး အသစ်ထပ်ပေါ်လာတာ။  နဂါးဖြူဂိုဏ်း၊ ကျားသစ်ဂိုဏ်း၊ မြွေနီဂိုဏ်း၊ ရန်ဆွယ်ဂိုဏ်း၊ တိမ်မြူဂိုဏ်း၊ ဟင်္သာဂိုဏ်း၊ မိုးတိမ်လွှာဂိုဏ်း ဆိုတော့ အားလုံး ရဂိုဏ်းရှိတယ်။ ဒါလေးတောင် မှန်မှန်ဖြင့် မဖြေနိုင်ပဲ ခင်များက ယာကူဇာ ဂိုဏ်းဝင်ချင်သေးတယ်။ ဒါမျိုးက စိတ်ကူးယဉ်ပြီး အပျော်လုပ်ရမယ့် ကိစ္စလည်း မဟုတ်ဘူး။ ပြီးတော့ ရုပ်ရှင်ကားတွေထဲကလိုလည်း စတိုင်ကျတယ် ထင်မနေနဲ့အုန်း...

    မာဖီယာ ပြောတယ် အမှန်ပဲ။  မိုးတိမ်လွှာဂိုဏ်း အသစ်ပေါ်လာတာ၊ သတင်းစာထဲမှာ တွေ့ခဲ့တာပဲ။ ငါကမေ့တတ်လိုက်တာနော်။ မာဖီယာက ယာကူဇာ ဂိုဏ်းနဲ့ ပတ်သက်ပြီး တော်တော်သိပုံရတယ်။ ဒါပေမယ့် ယာကူဇာ အတုတွေများတော့ စွပ်ယုံလို့တော့ မရဘူး။

ယာကူဇာချစ်သူ ။    ။ ရှင်စကားကိုတော့ လေကြီး မိုးကြီး သိပ်ပြောမနေနဲ့။ ရှင်ကရော ယာကူဇာ ဂိုဏ်းဝင်အကြောင်း ဘယ်လောက်သိလို့လား...
မာဖီယာ ။    ။ ကျွန်တော် ကသိဆို ယာကူဇာဂိုဏ်းဝင် တစ်ဦးပဲ။ ယုံမယုံတော့ ခင်များ အပိုင်းပဲ။ ကျွန်ုပ်ကတော့ အမှန်တိုင်းပြောတာ...

    ယူမီ စိတ်ထဲမှာ အရမ်းပျော်သွား မိသည်။ ယာကူဇာ ဂိုဏ်းဝင်အတုတွေ့နဲ့ တွေ့ဖူးပေမယ့်၊ ဒီမာဖီယာ ဆိုတဲ့ လူကြည့်ရတာတော့ ယာကူဇာ ဂိုဏ်းဝင် အစစ်ဖြစ်ဖို့ များတယ်။ သူပြောပုံဆိုပုံတွေက ယာကူဇာ တွေပြောနေတဲ့ ပုံစံမျိုး ခပ်ရိုင်းရိုင်းနဲ့ ဟု စိတ်ထဲ တွေးနေသည်။

ယာကူဇာချစ်သူ ။    ။ ဒါဆို ကျွန်မ ယာကူဇာ ဂိုဏ်းဝင်လို့ ရအောင် ရှင် ကူညီပေးနိုင်မလား...
မာဖီယာ ။    ။ အေးဒါဆို ခင်များ ဓာတ်ပုံ ကျွန်ုပ်ဆီ ခုချက်ချင်း ပို့ပေးလိုက်...
ယာကူဇာချစ်သူ ။    ။ ရှင်ဘာပြောတာလည်း ဘာကိစ္စ။ ကျွန်မက ရှင်ကို ကျွန်မဓာတ်ပုံ ပို့ပေးရမှာလည်း...
    အလကားလူ အခွင့်အရေးယူပြီး ငါဓာတ်ပုံလာတောင်းနေသေးတယ်။ ငါကို ငတုံးများ အောင်းမေ့လို့။

မာဖီယာ ။    ။ ခင်များပဲ ယာကူဇာဂိုဏ်းဝင် ဖြစ်ချင်လို့ အကူညီတောင်းလို့   ကျွန်ုပ်မှ မမြင်ဖူးတာ၊ ခင်များ ဖြစ်နိုင်မဖြစ်နိုင် ဓာတ်ပုံကြည့်ပြီးမှ ဆုံးဖြတ်ပေးလို့ ရမှာပေါ့။ မပို့ပေးချင်လည်း ခင်များ သဘောပဲ၊ မကူညီပေးရုံပဲရှိတာပေါ့...

    ယူမီဘာလုပ်ရင် ကောင်းမလဲ၊ ဓာတ်ပုံပို့ပေးပြီးမှ အတုဖြစ်နေရင်လည်း ဒုက္ခ။ ဒီလူကိုလည်း ငါက သိတာမဟုတ်။ သူဓာတ်ပုံ အရင်တောင်းကြည့်မှ ထင်တယ် အတွေးဝင်လာသည်နှင့်...

ယာကူဇာချစ်သူ ။    ။ ကျွန်မ ဓာတ်ပုံ မပို့ခင် ရှင် ဓာတ်ပုံ အရင်ပို့ပေး။ ပြီးမှ ကျွန်မဓာတ်ပုံ ပြန်ပို့ပေးမယ်...
မာဖီယာ ။    ။ ဒါဆိုလည်း ခင်များ ကတိတစ်ခုတော့ ပေးရလိမ့်မယ်။  ကျွန်ုပ်ပုံကို ခင်များ တခြားဘယ်သူမှ လျှောက်မပြရဘူး ဆိုတဲ့ ကတိပဲ။ ကတိ မတည်လို့ကတော့ ခင်များ အသက်ကို ဖက်နဲ့ထုပ်သွားရမယ်...
ယာကူဇာချစ်သူ ။    ။ ကျွန်မကလည်း ကတိဆိုရင် အသက်ထက် ပိုတန်ဖိုးထားတဲ့ သူပါ။ ရှင် ဓာတ်ပုံ ဘယ်သူမှ မပြဘူးလို့ အာမခံရဲပါတယ်...
မာဖီယာ ။    ။ ဒါဆိုရင် ကျွန်ုပ် ဓာတ်ပုံ ခုပို့လိုက်ပြီး။ ခင်များကတိသာတည် မဟုတ်ရင်တော့ သေပြီးသာမှတ်...

    ဒီမာဖီယာ ဆိုတဲ့လူ ငါကို သူဓာတ်ပုံ တစ်ပုံလောက် ပို့ပေးရတာကို ချိန်းခြောက်နေလိုက်တာ။ ယူမီကို အကြောင်း မသိသေးလို့ ထင်တယ်။ ယူမီက ဘယ်တော့မှ ကတိ မတည်ဘူး။ မာဖီယာ ဓာတ်ပုံကို မနက်ဖြန် အိမိတို့ကို သွားပြအုန်းမှ တွေးပြီးရယ်နေမိသည်။ ယူမီဆီ မာဖီယာ ဓာတ်ပုံဝင်လာတော့ ၀မ်းသာအားရနဲ့ ဖွင့်ကြည့်လိုက်သည်။ ဖွင့်ကြည့်ပြီးတာနဲ့ ယူမီ ကိုယ်တံတွေးကို ကိုယ်ပြန်မျိုးချလိုက်ရသည်။ မာဖီယာ ကျော၊ ရင်ဘတ်တွေမှာ ယာကူဇာဂိုဏ်းဝင်တွေ ထိုးထားတဲ့အတိုင်း နဂါးပုံTatto တွေကို တကိုယ်လုံး အပြည့်ထိုးထားပြီး၊ ရုပ်ကကြမ်းကြမ်းတမ်းတမ်း၊ ပါးသိုင်းမွေးနဲ့ ဆံပင် အရှည်ကို စည်းထားသေးသည်။ အမှန်တိုင်း ပြောရရင် ဓာတ်ပုံ မြင်ရုံနဲ့ အနည်းငယ် ကျောချမ်းသွားသည်။ ယူမီ ဓာတ်ပုံပို့လိုက်ရင် မာဖီယာ ယူမီကို သိသွားပြီး သူ့ဓာတ်ပုံတွေ လျှောက်ပြလို့ ဆိုပြီး လိုက်သတ်နိုင်တယ် တွေးမိတာနဲ့။
    အကယ်၍ မာဖီယာက တကယ် လိုက်သတ်ခဲ့ရင် ယူမီသေစေချင်တဲ့ တခြား မိန်းခလေးတစ်ယောက် ချိအိကို ဓာတ်ပုံပုံပို့ပေးလိုက်သည်။ ချိအိကိုက အရပ်ထောင်ကောင်းကောင်း၊ ရုပ်ဆိုးဆိုးနဲ့ တန်ပူရာ မိန်းခလေးကျောင်းခေါင်းဆောင် ဖြစ်သည်။ ယူမီတို့ မိန်းမဆိုးအဖွဲ့ရဲ့ အဓိက ရန်သူတစ်ဦးဖြစ်တာမို့။ ၁ချက်ခုတ် ၂ချက်ပြတ်နည်းနဲ့ ချိအိကို ဓာတ်ပုံပို့ပေးလိုက်သည်။ ဒီလိုလုပ်လိုက်ရသည်ကို စိတ်ထဲ တယ်တော်တဲ့ ယူမီပါလားလို့ ကိုယ်မှာကို ကြိတ်ဝမ်းသာမိသည်။

မာဖီယာ ။    ။ ခုပို့ပေးလိုက် ဓာတ်ပုံက ခင်များပုံ ဆိုတာသေချာလား...
ယာကူဇာချစ်သူ ။    ။ ဘြော် လုံးဝသေချာတာပေါ့၊ ကျွန်မက မဟုတ်ပဲ တခြား ဓာတ်ပုံပို့ရဲပါ့မလား...
မာဖီယာ ။    ။ ခင်များ ကျွန်ုပ်ကို ကလိမ်ကကျစ် ကျမယ်တော့ မကြံနဲ့နော်။ ကျွန်ုပ် ခင်များပုံမဟုတ်ဘူး ဆိုတာ မြင်ရုံနဲ့ တန်းသိတယ်။ ကျွန်ုပ်ကိုတော့ မလိမ့်တပတ်တော့ လာလုပ်မနေနဲ့...
  
    ယူမီ ဓာတ်ပုံ မဟုတ်ဘူး ဆိုတာကို မာဖီယာက ဘယ်လိုသိနေပါလိမ့်။ ဒီဆို ယူမီ ကိုများ အပြင်မှာ သိနေတာလား မသိဘူး။

ယာကူဇာချစ်သူ ။    ။ ရှင်က ကျွန်မ ဓာတ်ပုံ ဟုတ်မဟုတ် ဘယ်လိုသိတာလည်း ပြောပါအုန်း။ နေပါအုန်း ရှင်က ကျွန်မကို သိနေလို့လား...
မာဖီယာ ။    ။ ဒါကတော့ လွယ်ပါတယ်၊ ခုခင်များ ပို့လိုက်တဲ့ ပုံထဲမှာ တခြားလူတွေပုံတွေလည်းပါနေတယ်။ ခင်များ ပုံသာဆို တစ်ယောက်ထဲ ပုံပဲပို့မှာပေါ့။ ခင်များ ပုံအမှန်တိုင်း မပို့ပေးဘူး ဆိုရင် ကျွုန်ုပ် ခင်များကို ဘယ်လိုမှ မကူပေးနိုင်ဘူး...

    ဒီမာဖီယာ ဆိုတဲ့လူက တော်တော် ဥာဏ်ကောင်းပုံရသည်။ ငါလိမ်နေတာကို သူချက်ချင်း ခန့်မှန်းနိုင်တယ်။ ငါပုံ မပို့ပေးလို့ ယာကူဇာ ဂိုဏ်းဝင်နိုင်အောင် မကူတော့မှဖြင့် ဒုက္ခပါပဲ တွေးမိသည်။ ယူမီ ဓာတ်ပုံရသွားတယ် ဆိုရင်လည်း ဂျပန် တနိုင်ငံလုံးမှာ လိုက်ရှာဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်ပဲလေ။ ယူမီ စိတ်ဒုံးဒုံးချပြီး ယူမီဓာတ်ပုံပဲ ပို့ပေးလိုက် မည်ဟု ဆုံးဖြတ်လိုက်သည်။ ယူမီက အရမ်းလှတော့ ဓာတ်ပုံတိုင်းက လှနေတော့ ဘယ်ပုံပို့ရမှန်းကို စဉ်းစားရင်း ရှုတ်ရှပ်ခတ်နေသည်။ ဒါနဲ့ အန်တီဆာမီကို ရိုက်ကွင်း လိုက်သွားတုန်း ရိုက်ထားတဲ့ ခပ်မိုက်မိုက်ပုံတစ်ပုံကို ပို့လိုက်သည်။

ယာကူဇာချစ်သူ ။    ။ ခုကျွန်မ ဓာတ်ပုံ အစစ်ပို့ပေးလိုက်ပြီး၊ ရှင်ဖွင့်ကြည့်လိုက်...
မာဖီယာ ။        ။ နေပါအုန်း ဒီပုံကရော ခင်များဓာတ်ပုံ သေချာလား...

    ဒီမာဖီယာ ဆိုတဲ့လူ ယူမီ ဓာတ်ပုံတွေ့ပြီးတာနဲ့ ယူမီကို ချောလွန်းလွန်းလို့ ဒီလို မေးတာပဲ ဖြစ်ရမယ်။ ယာကူဇာ ဂိုဏ်းပေးဝင်မှာ သေချာနေပြီးဟု ယူမီစိတ်ထဲ တွေးပျော်နေမိသည်။

ယာကူဇာချစ်သူ ။    ။ ဟုတ်တယ်လေ ကျွန်မပုံပဲ။ ရှင်က ကျွန်မ ချောလို့ မင်းသမီးပုံ ပို့လိုက်တယ် ထင်နေတာလား...
မာဖီယာ ။    ။ ခင်များက ခုဟာက မော်ဒယ်တို့၊ မင်းသမီးတို့ လျှောက်မှာလား။ ယာကူဇာ ဂိုဏ်းဝင်လျှောက်မှာလား။ ဒီပုံနဲ့ ခင်များ ဘယ်လိုမှ ယာကူဇာဂိုဏ်းဝင် မဖြစ်နိုင်ဘူး...
ယာကူဇာချစ်သူ ။    ။ ယာကူဇာ ဂိုဏ်းဝင်ဖြစ်ဖို့ ကျွန်မ အရမ်းချောနေတာက အပြစ်ဖြစ်နေလို့လား...
မာဖီယာ ။    ။ ခင်များ ကိုယ်မှာကို အရမ်းချောတယ် ထင်နေရင် မင်းသမီး သွားလုပ်ပါ့လား။ ယာကူဇာ ဂိုဏ်းဝင်ဖို့ဆိုတာ ချောဖို့လည်း မလိုဘူး၊ ချမယ်၊ တိုက်မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေရမယ်။ ခုဟာက ဘာလဲ မင်းသမီးရွေးပွဲ သွားမယ့် ပုံမျိုး လာပို့နေတယ်။
ယာကူဇာချစ်သူ ။    ။ ဒါဆို ကျွန်မ နောက် တစ်ပုံ ထပ်ရိုက်ပြီး ပို့ပေးလိုက်မယ်လေ...
 မာဖီယာ ။    ။ ခင်များ နောက်တစ်ပုံ ထပ်ပို့လည်း ခင်များက ခင်များပဲ ဘာထူးသွားမှာ မို့လဲ၊ ပို့မနေပါနဲ့တော့။ ခင်များ အရင်ပို့လိုက်တဲ့ မိန်းခလေးကမှ ယာကူဇာ ဂိုဏ်းဝင် ဖြစ်နိုင်သေးတယ်...

    ယူမီကို ချိအိကို ဆိုတဲ့ မိန်းမနဲ့ ယှဉ်ခံရသည်လောက် ခံပြင်းတာ မရှိပေ။

ယာကူဇာချစ်သူ ။    ။ ရှင်ကိုရှင် ယာကူဇာဆိုပြီး ဒီမှာ ကျွန်မကိုများ ပေါ့သေးသေး အောင်းမေ့နေလား။
မာဖီယာ ။    ။ ခင်များက ကျွန်ုပ်ကိုလည်း အကူအညီတောင်းသေးတယ်။ လေသံကလည်း မာလှချည်းလား။ တော်ပြီး ကျွန်ုပ် ခင်များကို မကူညီပေးနိုင်တော့ဘူး...

    ငါကတော့ ဒုက္ခပါပဲ၊ ခက်ရာ ခက်စစ် ယာကူဇာ ဂိုဏ်းဝင်တစ်ယောက်နဲ့ သိကျွမ်းခွင့် ရတာကို။ ဒီလိုတော့ အဖြစ်ခံလို့ မဖြစ်ဘူး။ မြန်မြန် ပြန်တောင်းပန်မှပဲ...

ယာကူဇာချစ်သူ ။    ။ နေပါအုန်း မာဖီယာရယ်၊ ကျွန်မ လေသံနည်းနည်း မာသွားလို့ပါ။ ကျွန်မက ယာကူဇာ တစ်ယောက် တကယ်ဖြစ်ချင်တာပါ။ ယာကူဇာ ဂိုဏ်းဝင်ဖြစ်အောင် ကျွန်မဘာလုပ်ရမလဲ သာပြောပါ လုပ်ဖို့ အားလုံး အဆင်သင့်ပါပဲ...
မာဖီယာ ။    ။ ဒီလိုမှပေါ့ဗျ။ ဒါဆို ခင်များ အရင်ဆုံး လုပ်ရမယ့် အလုပ်က tatto ထိုးရမယ်...
ယာကူဇာချစ်သူ ။    ။ Tatto ကယောကျာ်လေးတွေပဲ ထိုးကြတာ မဟုတ်လား...
မာဖီယာ ။    ။ ယာကူဇာ ဂိုဏ်းဝင်မှန်ရင် ထိုးကြရတာပဲ၊ မထိုးချင်ရင် မ၀င်ချင်နဲ့ပေါ့ဗျာ...

    ယူမီကလည်း ယာကူဇာ ဂိုဏ်းဝင် အရမ်းဖြစ်ချင်တာ။ ဖြစ်အောင် လုပ်မယ်ဆို လုပ်ရမှ ကျေနပ်တာနဲ့ Tatto ထိုးမယ်လို့ ကတိပေးလိုက်တယ်။ မာဖီယာက Tatto ထိုးပြီးရင် သူကို ပြန်လာဆက်သွယ်ဖို့ပြောသည်။ အမှန်တိုင်းပြောရရင် တက်တိုးတော့ မထိုးချင်တာ အမှန်ပဲ။ ဒါပေမယ့် ယာကူဇာ ဂိုဏ်းဝင်ဖြစ်ချင်ရင်တော့ တက်တိုးထိုးရမှာက ရှောင်လွဲလို့မှ မရတာ။ ဒါကြောင့် ယူမီ တက်တိုးသွားထိုးဖို့ ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် အိမ်ရှေ့က တံခါးဖွင့် သံကြားလိုက်သည်။ အန်တီ ဆူမီကိုပြန်လာတာ ဖြစ်မယ် တွေးမိ၍ ကွန်ပြူတာ ပိတ်လိုက်သည်သည်။ အန်တီဆာရာက ရုပ်က အရမ်းယှဉ်ပြီး အကြည့်ခံသည်။ စိတ်ထားလေးကလည်း အရမ်းဖြူစင်လို့ အန်တီဆာရာကို ယူမီ အရမ်းချစ်သည်။ ကျောင်းအုပ်က အန်တီဆာရာကို အတင်းလိုက်ကြိုက်နေသည်ကို ယူမီသဘောမတွေ့ပေ။ ပြီးတော့ ယူမီလောင်းကြေးကို ဘယ်လိုနည်းနဲ့မှ အရူံးမခံနိုင်ပေ။ ဒါကြောင့် ဒေါ်လေးဆီက ကတိအတင်းတောင်းမည်ဟု တွေးမိသည်။ ဒေါ်လေး ရှိရာ အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့သည်။

- - - - - - - - - - - - - - - - - - - - - -

2 comments: