Wednesday, June 23, 2010

အင်္ဂလန် ချစ်သူ ၀တ္တုရှည်

                                   
                                                   အင်္ဂလန် ချစ်သူ

    ပန်းအိ အင်္ဂလန်နိုင်ငံ ဟီတရိုးလေဆိပ်သို့ ဆင်းသက်လာသော လေယဉ်နှင့်အတူ လိုက်ပါလာသည်။ နိုင်ငံခြားသို့ တခါမှလည်း မရောက်ဖူးသေးသည် ဖြစ်၍ ပန်းအိအတွက်တော့ အရာအားလုံးသည် အသစ်အဆန်းတွေ ဖြစ်နေတော့သည်။ လေယဉ်ပေါ်မှဆင်းသည်နှင့် ပန်းအိ အမွှာညီမဖြစ်သူ နှင်းအိကို အရမ်းတွေ့ချင်စိတ် များဖြင့် ပျော်ရွှင်စွာ ထွက်လာခဲ့သည်။ သို့သော် လေယဉ်ကွင်းတွင် နှင်းအိ အရိပ်အယောင် တစ်ချက်လေတောင် မမြင်ရပဲ၊ ကိုယ်နှင့် လူမျိုးမတူ နိုင်ငံခြားသူတွေကြားမှာ ပန်းအိ တစ်ယောက်ထဲ ယောင်လည်လည်ဖြစ်နေသည်။ ပန်းအိ စိတ်ထဲ ကြောက်လန့်စိတ်တွေ ၀င်လာသည်။ နှင်းအိများ ပန်းအိကို လာကြိုဖို့များ မေ့နေသလား၊ အချိန်များ မှားနေသလား ဆိုတဲ့ မေးခွန်းတွေ ပန်းအိခေါင်းထဲမှာ ပြည့်နှက်နေသည်။ ပန်းအိ မျက်ဝန်းထဲတွင်လည်း မျက်ရည်စလေးများ ပြည့်လာ၍ ငိုချင်လာသည်။


    ပန်းအိမှာ တခြားလူအသိမခံနိုင်တဲ့ ကိစ္စလေးကြောင့် စိတ်ဆင်းရဲခဲ့ရတာ ကြာပါပြီ။ နှင်းအိက စိတ်ပြေလက်ပျောက် ဖြစ်အောင် အင်္ဂလန်ကို လာလည်ပါ့လား အခေါ်ကောင်း၍ ပန်းအိ တစ်ယောက်ထဲ အင်္ဂလန်သို့ လာခဲ့သည်မှာ မှားပြီးလား ဆိုတဲ့အတွေးဝင်လာသည်။ ခဏကြာတော့ ဘေးတွင် ရပ်နေသော အင်္ဂလိပ်ရဲတစ်ဦးအား အကူအညီသွားတောင်းရန် အကြံရသည်။ ရဲအရာရှိအနားသို့ ရောက်လျှင် ပန်းအိခြေလှမ်းများ ဆက်လှမ်း၍ မရပဲ ရပ်တန့်သွားသည်။ ပန်းအိ ထိန်းချုပ်ထားသော မျက်ရည်များလည်း စီးကျလာပြီး ရှိုက်ကြီးတငင် ငိုချလိုက်သည်။ ပန်းအိကို ၀ိုင်းကြည့်နေသော တခြားလူများ၏ မျက်လုံးများကို လျစ်လျှူရှုပြီး ကိုယ်မှကို အားတင်းရသည်။
နောက်တော့ နှင်းအိဆီ ဖုန်းဆက်ရန် သတိရလိုက်သဖြင့် အနည်းငယ် ပျော်သွားပြီး ကျနေသော မျက်ရည်များကို သုတ်လိုက်သည်။ ပန်းအိရဲ့ ကြီးမားလှတဲ့ ခရီးဆောင်အိတ်ကြီးကို ဖွင့်ချပြီး နှင်းအိဖုန်းနံပါတ် မှတ်ထားသော စာအုပ်ကို အသေအလဲ ရှာဖွေတော့သည်။ နှင်းအိဖုန်းနံပါတ် ရှာတွေ့သဖြင့် အရမ်းပျော်သွားပြီး ခရီးဆောင်အိတ်ကို ပြန်ပိတ်မယ် အလုပ်တွင် အမျိုးသားတစ်ဦးက ပန်းအိ ခရီးဆောင်အိတ်ကို ၀င်တိုက် သွားသည်။ ပန်းအိ ခရီးဆောင်အိတ် အတွင်းမှ ပစ္စည်းများ အားလုံး ကြမ်းပြင်ပေါ်တွင် တစ်နေရာစီ ပြန့်ကျဲသွားသည်။ ထိုအမျိုးသားသည် ၀င်တိုက်ပြီး လူကို တစ်ချက်လေးတောင် လှည့်မကြည့်ပဲ ကိစ္စတစ်ခုခုကို အလျင်လိုနေပုံဖြင့် ဆက်ထွက်သွားသဖြင့် ပန်းအိ ဒေါသထွက်သွားသည်နှင့်။

ပန်းအိ ။    ။ Hey You Stop… Stop…
    စိတ်ဆိုးဆိုးဖြင့် ကျယ်လောင်စွာ အော်လိုက်မိသည်။ ဘေးမှလူများ ၀ိုင်းကြည့်ကြသဖြင့် အနည်းငယ် ရှက်သွားသည်။ ၀င်တိုက်သွားသော အမျိုးသားလည်း ပြန်လှည့်လာသည်။ ထိုအမျိုးသားက အနီးကပ်ကြည့်လိုက်တော့ အရှေ့တိုင်းလူမျိုး ဖြစ်နေ၍ အနည်းငယ် ပျော်သွားသည်။

အမျိုးသား ။    ။ I am really sorry, I am just hurry to pick up my friend...
ပန်းအိ ။    ။ ok ok…
အမျိုးသားသည် ပန်းအိကို သေချာကြည့်ပြီးမှ သူနေကာမျက်မှန်ကို ချွတ်လိုက်ပြီး…

အမျိုးသား ။    ။ ဒါက နှင်းအိ အစ်မလားမသိဘူး…
ပန်းအိ ။    ။ ဟုတ်တယ်၊ ပန်းအိပါ။ မြန်မာလားဟင်၊ ပျော်လိုက်တာဟယ်၊ ဒါနဲ့ နှင်းအိရော…
အမျိုးသား ။    ။ နှင်းအိက ဒီနေ့မှ အရေးကြီးတဲ့ အလုပ်အင်တာဗျူးရှိတာမို့ ကျွန်တော်ကို ပန်းအိကို လေဆိပ်မှာ သွားကြိုပေးဖို့ အကူအညီတောင်းလို့ လာကြိုပေးတာပါ…

    ပန်းအိစိတ်ထဲတွင် နှင်းအိကလည်း မိန်းခလေးတစ်ယောက်ကို လာမကြိုခိုင်းပဲ ယောကျာ်းလေးကို လာကြိုခိုင်းတာ ဟုတ်မှ ဟုတ်ပါ့မလား ဆိုတဲ့ သံသယ အတွေးတွေ ၀င်လာသည်။ ပြီးတော့ ဒီလူကို လွယ်လွယ်နဲ့ ဘယ်ယုံလို့ ဖြစ်ပါ့မလား။

ပန်းအိ ။    ။ ဟိုလေ နှင်းအိဆီ ဖုန်းဆက်ပေးပါ့လား၊ သူနဲ့ ဖုန်းပြောချင်လို့…
အမျိုးသား ။    ။ ကျွန်တော်ပြောတာ မယုံလို့လား…

    ပန်းအိက စိတ်ထဲမှာ ရှိတာကို ဗွင်းဗွင်းပြောတတ်တဲ့သူ ဆိုတော့ အမှန်တိုင်းပြောလိုက်သည်။

ပန်းအိ ။    ။ ဟုတ်တယ်လေ၊ ရှင်ပြောတိုင်း ယုံရမှာလား။ ဒါကြောင့် နှင်းအိဆီ ဖုန်းဆက်ပေးပါ ပြောတာပေါ့…
အမျိုးသား ။    ။ ဒါမှ ခက်တာပဲ၊ ခုနှင်းအိက အလုပ်အင်တာဗျူး သွားနေတာ ဖုန်းပိတ်ထားတယ်။ ဒီလိုလုပ်ဗျာ ကျွန်တော်ကို မယုံရင် ဒီမှာပဲ နှင်းအိအလာကို ဆက်စောင့်နေလိုက်၊ သူအင်တာဗျူးဖြေတာ နောက် ၂နာရီလောက်နေရင် ပြီးမှာဆိုတော့ ၃နာရီလောက် ကြာရင် လာခေါ်လိမ့်မယ်။ ကျွန်တော်ကလည်း အလုပ်ရှိသေးတယ်ဗျ၊ အားတာမဟုတ်ဘူး ပြန်လိုက်အုန်းမယ်…

    ပြောကာ ထိုအမျိုးသားက လှည့်ထွက်သွားသည်။ ဒုက္ခပါပဲ ပန်းအိတစ်ယောက်ထဲ လေဆိပ်မှာ ၃နာရီလောက် မကျန်ခဲ့ရဲပေ။ နိုင်ငံခြားသားတွေ အားလုံးက လူကောင်ကြီးတွေက အကြီးကြီးတွေ ပန်းအိကို ဖမ်းခေါ်ပြီး ရောင်းစားမှဖြင့် မလွယ်ဘူး။ ဒီလူကတော့ မြန်မာအချင်းချင်း မကောင်းမကြံလောက်ပါဘူး ယူဆရသည်နှင့် ထိုလူနောက်သို့ ပြေးလိုက်သွားသည်။

ပန်းအိ ။    ။ ဟေ့ဟိုလူ စောင့်အုန်း၊ ပန်းအိလည်း လိုက်မယ်…

    အမျိုးသားက ပြုံးစိစိ မျက်နှာဖြင့် ပြန်လှည့်လာပြီး ပြန့်ကျဲနေသော ပန်းအိပစ္စည်းများကို ပြန်ထည့်ပေးသည်။ ထို့နောက် ပန်းအိခရီးဆောင်အိတ်ကို ယူပြီး ရှေ့မှထွက်သွားသဖြင့် ပန်းအိလည်း သူနောက်မှ ပြေးလိုက်သွားသည်။ လေဆိပ်မှ အပြင်ကို ထွက်လိုက်သည်နှင့် တိုက်လိုက်တဲ့ လေအေးများကြောင့် ချမ်းစိမ့်တုန်အောင် အေးသွားသည်။ အင်္ဂလန်ရဲ့ ရာသီဥတုနှင့် စတင်တွေ့ထိ ရတော့သည်။ ထို့နောက် လေဆိပ်မှ ဘတ်စ်ကားကြီးပေါ်သို့ တူတူတက်လာကြသည်။ ဘတ်စ်ကားပေါ်သို့ရောက်လျှင် အမျိုးသားက ပန်းအိဘေးမှာ လာထိုင်သဖြင့် ပန်းအိက လူချင်းထိမိမှာစိုး၍ ပြတင်းပေါက်ဘက်သို့ ကပ်ထိုင်သည်။ ထိုအမျိုးသားကလည်း အတင်းလိုက်ကပ်သဖြင့် ပန်းအိသည်းမခံနိုင်တော့ပေ။

ပန်းအိ ။    ။ ဒီမှာ ရှင်မြန်မာလူမျိုး မဟုတ်ဘူးလား…
အမျိုးသား ။    ။ ဟုတ်တယ်လေ၊ ပန်းအိက မယုံလို့လား။ အဖေလည်း ဗမာ၊ အမေလည်း ဗမာပဲ၊ မယုံရင် ကျွန်တော် ပတ်(စ်)ပို့ ပြရမလား…
ပန်းအိ ။    ။ တော်ပါပြီ။ ဒါဆိုလည်း ဟိုဘက်တိုးထိုင်၊ ကျွန်မနား မကပ်နဲ့…

    အမျိုးသားက ရယ်လျှက် ဟိုဘက် ပြန်တိုးထိုင်သည်။ ဒီလူပုံစံက ပြောင်ချော်ချော်နဲ့ နှင်းအိ ဒီလိုလူမျိုးကိုများ ဘယ်လိုသူငယ်ချင်းဖွဲ့ ထားသည်ကို ပန်းအိဘယ်လိုမှ နားမလည်ပေ။

အမျိုးသား ။    ။ ဒါနဲ့ နှင်းအိနဲ့ ပန်းအိက အမွှာညီမလို့ ပြောလို့သာ ယုံရမယ်၊ တခြားစီပဲ…
ပန်းအိ ။    ။ ရှင်ဘာကို ပြောတာလည်း…
အမျိုးသား ။    ။ ကျွန်တော်ပြောတာက ၀တ်ပုံ၊ ပြောပုံ ဆိုပုံကို ပြောတာပါ။ နှင်းအိက ဆံပင်တိုတယ်၊ ခေတ်ဆန်တယ်၊ လူမူဆက်ဆံရေးကောင်းတယ်။ ပန်းအိကတော့ အင်း ဆံပင်က အရှည်ကြီး၊ ခေတ်မဆန်ဘူးပေါ့ဗျာ။ ပြီးတော့ အင်း…

    အမျိုးသားသည် ပန်းအိကို ခြေမှ ခေါင်းဆုံးကြည့်ပြောနေသဖြင့် ပန်းအိအနေရခက်လာသည်။

ပန်းအိ ။    ။ ရှင်ဝေဖန်ခံဖို့ အင်္ဂလန်ကို လာတာမဟုတ်ဘူးရှင့်။ နှင်းအိနဲ့ တွေ့ချင်လို့လာခဲ့တာ၊ ဒါကြောင့် ရှင်စကားမပြောပဲ ငြိမ်ငြိမ်နေပေးရင် ကောင်းမယ်…
အမျိုးသား ။    ။ စွာလိုက်တာဗျာ၊ ပန်းအိ အမိန့်တော်အတိုင်းပါပဲ။ ကျွန်တော် ခုချိန်ကစပြီး ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေပေးပါ့မယ်…

    ကြည့်စမ်းပါအုန်း ပန်းအိကို ရွဲ့ပြီး စောင်းပြောသွားတာလေ။ နှင်းအိကို တွေ့သည်နှင့် ထိုလူအကြောင်း တိုင်ပြောပြီး အပေါင်းအသင်းမလုပ်ဖို့ ပြောရန် စဉ်းစားမိသည်။ ထိုအချိန်မှ စ၍ သူကလည်း စကားမပြောတော့သဖြင့် အင်္ဂလန်ရှူခင်းကို အ၀ကြီးကြည့်ပြီး လိုက်ပါခွင့်ရတော့သည်။ ဘတ်စ်ကားမှတ်တိုင် တစ်ခုတွင် ရပ်လိုက်လျှင် အမျိုးသားမှ ပန်းအိကို ဘာမှမပြောပဲ ပန်းအိ ခရီးဆောင်အိတ်ယူ၍ ကားပေါ်မှ ဆင်းသွားသဖြင့် ပန်းအိလည်း နောက်မှ အမြန် လိုက်ဆင်းလိုက်ရသည်။ ဘတ်စ်ကားထွက်သွားမှ…

ပန်းအိ ။    ။ နှင်းအိအိမ်ရောက်ပြီးလား…
    ထိုအမျိုးသားက ဘာမှပြန်ဖြေပေ။
ပန်းအိ ။    ။ ကျွန်မမေးနေတယ်လေ၊ နှင်းအိရဲ့ အိမ်ရောက်ပြီးလား…
အမျိုးသား ။    ။ နှင်းအိအိမ်တော့ မဟုတ်ဘူး၊ ကျွန်တော်အိမ် ရောက်တာဗျ…
ပန်းအိ ။    ။ ရှင် ဘာပြောတယ်…

    ပန်းအိ အရမ်းကို ထိတ်လန့်သွားသည် အင်္ဂလန်သို့ ထွက်ခဲ့ရာမှ ခုတော့ ငါ့ဘ၀တော့ပျက်ပါပြီး အတွေးဝင်လာသည်။ ဘေးဘယ်ကို ကြည့်လိုက်တော့ တခြားလူ ၄ယောက်လောက် ပတ်ဝန်းကျင်မှာ ရှိသဖြင့် အကူညီတောင်းရန် အော်လိုက်သည်။

ပန်းအိ ။    ။ Help Me, Help Me, Help Me…

    အမျိုးသားက ပန်းအိ ပါးစပ်ကို သူလက်ဖြင့် အမြန်လှမ်းပိတ်လိုက်ပြီး။

အမျိုးသား ။    ။ ခင်များ ဒါဘာလုပ်တာလည်းဗျ၊ ကျွန်တော် ခင်များလုပ်လို့ အချုပ်ခန်းထဲ ရောက်တော့မှာပဲ…

    ပန်းအိကို မိန်းမသားဆိုပြီး ဒီလိုလာလုပ်လို့ ရမယ်ထင်နေတဲ့ ဒီလူမှတ်သွားအောင် ပါးစပ်ကို ပိတ်ထားတဲ့ လက်ကို အားရပါးရကိုက်လိုက်သည်။ ထိုလူလည်း တော်တော်နာသွားသဖြင့် လက်ကိုလွှတ်ပြီး အားအား ကျယ်လောင်စွာ အော်လိုက်သည်။ ပန်းအိလည်း ထိုလူလက်ထဲမှ ထွက်ပြေးမယ် အလုပ်တွင် အိမ်ထဲမှ နှင်းအိထွက်လာသည်ကို တွေ့လိုက်သည်။ နှင်းအိသည် အ၀တ်အစားပုံစံတွေ အရမ်းပြောင်းပြီး နိုင်ငံခြားသူကြီး လိုဖြစ်နေသည်။ ပန်းအိ အရမ်းကို ၀မ်းသာအားရဖြင့် နှင်းအိကို ပြေးဖက်လိုက်ပြီး အားရပါးရ ငိုချပါလိုက်တော့သည်။ နှင်းအိလည်း ငိုနေသော ပန်းအိကို တွေ့ပြီး အရမ်းကို အံ့အားသင့်သွားသည်။

နှင်းအိ ။    ။ ပန်းအိ ဘာဖြစ်လို့ ငိုနေတာလဲ၊ ငါတို့တွေ့ပြီးလေ…

    ပန်းအိလည်း မျက်ရည်တွေကို သုတ်လိုက်ပြီး အမျိုးသားကို လက်ညှိုးထိုး၍…

ပန်းအိ ။    ။ နှင်းအိ ဒီလူ ငါကို ပြန်ပေးဆွဲဖို့ ကြံတယ်ဟ…
အမျိုးသား ။    ။ ဂျက်စီကာ နင်အစ်မကြောင့် ငါတစ်လမ်းလုံး ဒုက္ခရောက်လာတာ၊ နင်သွားကြိုခိုင်းလို့ ငါသွားကြိုပေးတာကို မယုံပဲ သူကို ပြန်ပေးဆွဲတယ် လုပ်နေတယ်လေ။ ခုငါလက်တောင် လှုပ်လို့ မရတော့ဘူး၊ နာလိုက်တာ အားအား…   
နှင်းအိ ။    ။ ဟုတ်တယ်လေ ပန်းအိကလည်း၊ ငါအရေးကြီးတဲ့ အလုပ်အင်တာဗျူးရှိလို့ သူကို သွားကြိုခိုင်းလိုက်တာ။ အင်္ဂလန်လာပြီး ပြန်ပေးဆွဲခံရတယ် ထင်စရာလား၊ ပန်းအိက တော်တော်ရယ်ရတာပဲ…

    ပန်းအိလည်း ဘာပြန်ပြောရမှန်း မသိပဲ၊ ဟိုလူကိုလည်း အရမ်းအားနာသွားသည်။ ဒါပေမယ့် ဒီလူလုပ်ပုံ၊ ပြောပုံက ဟုတ်မှ မဟုတ်ပဲ၊ ပန်းအိ အလွန်တော့ မဟုတ်ပါဘူး တွေးမိသည်နှင့် မတောင်းပန်ပဲ နှင်းအိလက်ကို အတင်းဆွဲကိုင်ထားသည်။

ပန်းအိ ။    ။ နှင်းအိ အိမ်ပြန်ရအောင်လေ၊ ဒီလူအိမ်ရှေ့မှာ ကြာကြာမရပ်ချင်ဘူး…
    နှင်းအိက အားရပါးရရယ်၍…

နှင်းအိ ။    ။ ပန်းအိ ဒါငါအိမ်ပဲလေ၊ ဘာလည်း သီဟအိမ် ထင်နေလို့လား…
ပန်းအိ ။    ။ မသိဘူးလေ၊ ဒါနဲ့ သူနံမည်က သီဟလား…
နှင်းအိ ။    ။ သီဟ နင်မိန်းခလေးတွေနဲ့ တွေ့ရင် သွက်သလောက် ငါအမွှာနဲ့မှ နာမည်လေးတောင် မိတ်မဆက်ခဲ့ဘူးလား…
သီဟ ။    ။ မပြောချင်ပါဘူးဟာ၊ နာမည် မိတ်ဆက်ခွင့် ရဖို့နေနေသာ အချုပ်ထဲရောက်ဖို့ နည်းနည်းပဲ လိုတော့တယ်…
နှင်းအိ ။    ။ တကယ်ရယ်ရတယ်ဟ၊ အေး ငါ ပန်းအိအစား နင်ကို တောင်းပန်ပါတယ်။ ပန်းအိလည်း ပင်ပန်းနေပြီးဆိုတော့ ငါတို့ အိမ်ထဲဝင်ရအောင်…

    နှင်းအိဌားနေတဲ့ အိမ်လေးက ၂ထပ်တိုက်အိမ်လေး၊ သပ်သပ်ရပ်ရပ်လေးနဲ့ နေချင်စဖွယ်လေးပေ။ အိမ်အပြင်ဘက်တွင် အရမ်းအေးသဖြင့် အိမ်ထဲဝင်မှ နွေးနွေးထွေးထွေး ရှိသွားတော့သည်။ နှင်းအိဘေးမှ အခန်းတွင် ပန်းအိအတွက် နေရာချပေးသည်။ သီဟကတော့ အလုပ်ရှိသေး၍ ပြန်လိုက်အုန်းမယ် ပန်းအိကို စပ်ဖြီးဖြီး မျက်နှာဖြင့် လာနှုတ်ဆက် သွားသေးသည်။ နှင်းအိချက်ထားတဲ့ နေ့လည်စာ ဟင်းတွေကို အ၀ကြီးစားပြီး  နှင်းအိရယ်၊ ပန်းအိရယ် အမွှာညီမ၂ယောက် အင်္ဂလန်သို့ ရောက်ရောက်ချင်းပင် လန်ဒန်မြို့ရဲ့ မြို့လည်သို့ ထွက်လည်ကြသည်။ လန်ဒန်ရောက်မှပဲ ၂ထပ်အမိုးပွင့် ဘတ်စ်ကားကို စစီးဖူးတော့သည်။ ၂ထပ်အမိုးပွင့် ဘတ်စ်ကားသည် လန်ဒန်တစ်မြို့လုံးပတ်ပြီး မောင်းသဖြင့် လန်ဒန်ရူခင်းတွေကို တ၀ကြီး ကြည့်ရသည်။ မြင်မြင်သမျှ ပန်းအိအတွက်တော့ အားလုံးသည် အသစ်အဆန်းလေးတွေ ဖြစ်နေ၍ အရမ်းကို ပျော်ရွင်မိသည်။ နှင်းအိက အင်္ဂလန်ရာသီဥတု အေးတာမို့၊ ပန်းအိဝတ်ရန် အနွေးထည်လေး ၀ယ်ပေးသည်။ ဒီိလိုသာ နေ့တိုင်းပျော်ရမည် ဆိုလျှင် အင်္ဂလန်မှာ ဆက်နေလိုက်ချင်သည် ဆိုသည့် အတွေးတောင် ခေါင်းထဲရောက်လာသည်။

- - - - - - - - - - - - - - - - - - - - - -

    နောက်နေ့ မနက်ရောက်တော့ နှင်းအိက အလုပ်ကို အစောကြီးထွက်သွားသဖြင့် ပန်းအိတစ်ယောက်ထဲ ပျင်းပြီး ကျန်ရစ်ခဲ့သည်။ ပန်းအိတစ်ယောက်ထဲ အပြင်လျှောက်သွားဖို့ရာလည်း မရဲသဖြင့် အိမ်သန့်ရှင်းရေးလုပ်ရန် အောက်ထပ်သို့ ဆင်းလာသည်။ အောက်ထပ်တွင် နေသော အခန်းဖော် အနောက်တိုင်းလူမျိုး ယောကျာ်လေးတစ်ဦးကို တွေ့၍ ပန်းအိ အရမ်းလန့်သွားသည်။ နှင်းအိပြောတာက အောက်ထပ်တွင် အီတလီလူမျိုး အမျိုးသမီးနေတဲ့ အကြောင်းသာသိသည်။ ဒီအနောက်တိုင်း ယောကျာ်းလေး တစ်ယောက်နှင့် အပေါ်ထပ်၊ အောက်ထပ် တူတူနေထိုင်နေကို ပန်းအိ နားမလည်ပဲ ဖြစ်နေသည်။

နိုင်ငံခြားသား ။        ။ Hi I think you are Jessica’s sister, right?...
ပန်းအိ ။        ။ yes…
    နှင်းအိရဲ့ နောက်နာမည်တစ်ခုက ဂျက်စီကာ ဖြစ်သည်။
နိုင်ငံခြားသား ။        ။ Oh! You look so pretty. Nice to meet you…
    ပန်းအိကို အတင်းလက်ဆွဲ လာနှုတ်ဆက်သဖြင့် ပန်းအိဘာလုပ်ရမှန်း ကြောင်တောင်တောင် ဖြစ်သွားသည်။ ထိုအချိန်တွင် တံခါးဘဲလ်သံကြားသဖြင့် ၀မ်းသာအားရနှင့် ပြေးဖွင့်လိုက်သည်။ တံခါးဝတွင် ရပ်နေသူမှာ တခြားသူမဟုတ်ပဲ သီဟဖြစ်နေသည်။

သီဟ ။        ။ ဂျက်စီကာရှိလား မသိဘူး…
ပန်းအိ ။    ။ မနက်ထဲက အလုပ်သွားပြီး…
သီဟ ။        ။ ကျွန်တော် အထဲဝင်ခဲ့လို့ ရမလား…

    ပန်းအိ အတွက်တော့ နိုင်ငံခြားသားကို ကြောက်နေပါတယ် ဆိုမှ နောက်တစ်ယောက်က အိမ်ထဲ ၀င်ခိုင်းရအုန်းမည်။ ထို့ကြောင့် အိမ်ထဲတွင် ယောကျာ်း ၂ယောက်နှင့် တူတူနေသလို ဖြစ်သွားမည် စိုး၍…

ပန်းအိ ။    ။ အပြင်ဘက်ကို လမ်းလျှောက်ရင် မကောင်းဘူးလား…
သီဟ ။    ။ ကောင်းသားပဲဗျ၊ ကျွန်တော် ပန်းအိကို နေ့လည်စာ ၀ယ်ကျွေးပါမယ်…

    သီဟသည် နှင်းအိ အလုပ်သွားသည်ကို သိရက်နှင့် တမင်လာသည်ကို ပန်းအိ စိတ်ထစ်နေသည်။ နှင်းအိဝယ်ပေးထားသော အနွေးထည်ကို ၀တ်၍ အပြင်ဘက်သို့ တူတူလမ်းလျှောက် ထွက်လာသည်။ အပြင်တွင် အေးသဖြင့် ပန်းအိလက်၂ဖက် ပွတ်ပြီး အချမ်းပြေအောင် အကျီင်္အိတ်ကပ်ထဲ ထည့်ထားရသည်။

သီဟ ။        ။ ပန်းအိလက်အိတ် မပါတော့ အရမ်းချမ်းနေတယ်နဲ့ တူတယ်…
ပန်းအိ ။    ။ ဟုတ်တယ်…

ဒီနေ့မှ သီဟ မျက်နှာကို သေသေချာချာ မြင်ဖူးတော့သည်။ သီဟက အရပ်ရှည်ရှည်၊ ရုပ်ကတော့ ယောကျာ်းလေး တစ်ယောက်အနေနဲ့ တော်တော် သန့်သည်ဟု ပြောရမည်။ တူတူလမ်းလျှောက်လာသော်လည်း တစ်ယောက်နှင့် တစ်ယောက် စကား ဆက်မပြောဖြစ်ပေ။ စကားပြောပြန်တော့လည်း သီဟနှင့် ပန်းအိ ပြိုင်တူဖြစ်သွားကြသည်။

သီဟ၊ ပန်းအိ ။    ။ ဟို…
သီဟ ။        ။ ပန်းအိ အရင်ပြောပါ…
ပန်းအိ ။    ။ အနောက်တိုင်းသား က ဘာလို့ နှင်းအိတို့ အိမ်မှာလာနေ                    နေတာလည်း…
သီဟ ။    ။ အီတလီ အမျိုးသားနဲ့ အမျိုးသမီးလား သူတို့က တူတူနေချစ်သူတွေလေ…
ပန်းအိ ။    ။ ဘြော် စိတ်ပျက်လိုက်တာ၊ ယောကျာ်လေးတွေနဲ့ တအိမ်ထဲမှာ တူတူမနေချင်ပါဘူး။ တကယ်ကို စိတ်ပျက်စရာပဲ…
သီဟ ။    ။ ဒါနဲ့ နှင်းအိကပြောတယ် ပန်းအိ အင်္ဂလန်ကို လာတာ လှိုဝှက်ချက်တစ်ခုရှိတယ်တဲ့။ ကျွန်တော် အတင်လိုက်မေးတာ နှင်းအိက မပြောပြဘူးဗျ၊ အဲဒါ…
   
    ထိုစကားကို ကြားလိုက်သည်နှင့် ပန်းအိ တစ်ကိုယ်လုံး ချမ်းစိမ့်သွားသည်။ နှင်းအိ တကယ်လို့များ သီဟကို ပြောပြလျှင် ပန်းအိ ရှက်လွန်းလို့ အိမ်ထဲကနေ ထွက်ရဲမှာ မဟုတ်တော့ပေ။ ဒါကြောင့် သီဟ ပန်းအိကို ဆက်မမေးရဲအောင်။

ပန်းအိ ။    ။ မိန်းခလေးတွေပဲ စပ်စုတတ်တယ် ထင်နေတာ။ ခုတော့ ယောကျာ်းလေးတွေ ပိုလို့တောင် စပ်စုတတ်တာပဲကိုး…

    ပန်းအိ ငေါ့ပြောလိုက်သဖြင့် သီဟ ဆက်မမေးရဲပဲ ရပ်သွားသည်။ သီဟ ဟမ်းဖုန်း အသံမြည်လာသဖြင့် ကောက်ကိုင်လိုက်သည်။

သီဟ ။    ။ အေး ဂျက်စီကာလား။ ခုငါ ပန်းအိကို နေ့လည်စာဝယ်ကျွေးဖို့ အပြင်ရောက်နေတယ်။ ငါကတော့ အားပါတယ်၊ လိုက်ပို့ပေးတာက ကိစ္စမရှိပါဘူး၊ ပန်းအိကို နင်ကိုယ်တိုင် ပြောလိုက်အုန်း။ တော်ကြာ ငါ အချုပ်ထဲ မရောက်ချင်ဘူးဟ။ ခဏကိုင်ထားအုန်း…

သီဟက ပန်းအိကို ဖုန်းပေးလိုက်သဖြင့် နှင်းအိနှင့် ဖုန်းဆက်ပြောသည်။

နှင်းအိ ။    ။ ပန်းအိ ပျင်းနေပြီးလား…
ပန်းအိ ။    ။ အေးဟုတ်တယ်၊ ဟိုနိုင်ငံခြားသားကို ကြောက်လို့ အပြင်ထွက်လာတာ။ ဒါနဲ့ ဘယ်တော့ ပြန်လာမှာလဲ…
နှင်းအိ ။    ။ ဟားဟား၊ ပန်းအိကတော့ နေရာတကာ ကြောက်နေတာပဲ။ ငါက ညနေလောက်မှ ပြန်လာဖြစ်မှာ။ သီဟ ဒီနားတ၀ှိက်ကို လိုက်ပြပေးလိမ့်မယ် သူနဲ့လိုက်သွားလိုက်၊ ညနေကျမှ ပြန်လာခဲ့ပေါ့…
နှင်းအိက သီဟနဲ့ နှစ်ယောက်ထဲ တူတူသွားဖို့ ပြောသော်လည်း မသွားချင်၍ ဖုန်းကို လက်ဖြင့် အသာလေး အုပ်လိုက်ပြီး…

ပန်းအိ ။    ။ ငါ သီဟနဲ့ မသွားချင်ပါဘူး…
နှင်းအိ ။    ။ သီဟက ပန်းအိကို မကိုက်စားပါဘူး၊ မသွားချင်လည်း နောက်အပတ်မှ လိုက်ပို့ပေးမယ်။ အလုပ်ထဲ ပြန်ဝင်ရအုန်းမယ်၊ ဘိုင်ဘိုင်…
    ပန်းအိလည်း ဖုန်းချလိုက်ပြီး သီဟကို ဖုန်းပြန်ပေးလိုက်သည်။

သီဟ ။        ။ နှင်းအိ ဘာပြောသွားလဲ…
ပန်းအိ ။    ။ ဘာမှမပြောပါဘူး၊ ပန်းအိ အိမ်ပြန်တော့မယ်…
သီဟ ။    ။ နိုင်ငံခြားသားကို မကြောက်ဘူးလား၊ နောက်တာပါဗျာ။ ကျွန်တော် ကျွေးတဲ့ နေ့လည်စာလေးတော့ လိုက်စားပါအုန်း…

    ပန်းအိ အတွက်တော့ အိမ်ပြန်သည်ထက် နေ့လည်စာ လိုက်စားသည်ကို ပိုကောင်းမည်ဟု စဉ်းစားမိသည်။ သီဟနှင့် အတူ တရုတ်စားသောက်ဆိုင်တွင် တူတူဝင်ထိုင် လိုက်သည်။ အင်္ဂလန်ရောက်တာတောင် ပီဇာတို့၊ ကြက်ကြော်တို့ မစားရဘဲ၊ တရုတ်ဆိုင် ခေါ်လာသည်ကို စိတ်ထဲ သိပ်သဘောမကျပေ။ တရုတ်စားသောက်ဆိုင် စားပွဲထိုးက သီဟကို တွေ့သည်နှင့် တရင်းတနှီး စကားလာပြောသည်။

စားပွဲထိုး ။      ။ Hey! Why don’t you came with yours girlfriend, Jessica?
သီဟ ။        ။ She is at job. Anyway She is her twin sister…
စားပွဲထိုး ။    ။ Oh really! Hi Nice to meet you…
ပန်းအိ ။    ။ Nice to see you too…

    စားပွဲထိုးပြောသော စကားထဲတွင် နှင်းအိက သီဟ ချစ်သူလို့ ပြောလိုက်သဖြင့် ပန်းအိ အံ့အားသင့်သွားသည်။ နှင်းအိ ညနေ အိမိပြန်လာလျှင် သီဟနဲ့ ဘယ်လို ပတ်သက်ကြောင်း မေးရန် အရမ်းအားသန်နေသည်။

သီဟ ။    ။ ပန်းအိ စားချင်တာ မှာလေ။ ဒီဆိုင်က အစားအသောက် အရမ်းကောင်းတာ…

    ပန်းအိ ယောကျာ်းလေးတစ်ယောက်နဲ့ တူတူ နေ့လည်စာ ထွက်စားမိတာ မှားပြီးလား တွေးမိသည်။ ယောကျာ်းလေးတွေက အခွင့်ကောင်းယူပြီး ပန်းအိ အကြောင်းတွေ လျှောက်ပြောနိုင်သည်။ ပြီးတော့ သူကျွေးတဲ့ နေ့လည်စာ စားပြီးရင်၊ သူ့အပေါ် အကျွေးတင်နေအုန်းမည်။ ဒါကြောင့် ဘာမှ မစားပဲ နေရန် စိတ်ဆုံးဖြတ်လိုက်သည်။

ပန်းအိ ။    ။ ရေပဲ သောက်ပါတော့မယ်…
သီဟ ။        ။ ဗျာ၊ အဲဒီလိုတော့ မလုပ်နဲ့လေ၊ ထိုင်ပြီးမှတော့ တစ်ခုခုတော့ စားပါဗျာ…
ပန်းအိ ။    ။ ပန်းအိ ဗိုက်ပြည့်နေလို့ပါ…
သီဟ ။    ။ ပန်းအိနဲ့တော့ ခက်တာပါပဲ၊ ကျွန်တော်လည်း ပန်းအိ မစားရင် ဘာမှ မစားတော့ဘူးဗျာ။ ရေတူတူသောက်ကြတာပေါ့…

    သီဟသည် စားပွဲထိုးကို လှမ်းခေါ်ပြီး ရေတစ်ပုလင်း မှာလိုက်သည်။ ပန်းအိမှာ ရေပဲမှာသောက်ရသဖြင့် စားပွဲထိုးကို အရမ်းမျက်နှာပူမိသည်။ သီဟနဲ့ ပန်းအိ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ပဲ တိတ်ဆိတ်စွာ တူတူထိုင်နေကြသည်။ ပန်းအိလည်း ရေတွေကိုပဲ လိမ့်သောက်နေမိသည်။

ပန်းအိ ။    ။ ပန်းအိ အိမ်ပြန်တော့မယ်…
သီဟ ။        ။ အိုကေ၊ ကျွန်တော်ပြန်လိုက် ပို့ပေးပါ့မယ်…

ပန်းအိ နဲ့ သီဟ တူတူ အိမ်ပြန်ရန် လမ်းလျှောက်လာသည်။ သီဟက တူတူလျှောက်ရင်း ပန်းအိကို စကားတော့ မပြောပဲ၊ ခဏခဏခိုးခိုး ကြည့်နေသည်ကို ပန်းအိ မသိချင်ယောင်ဆောင် နေလိုက်သည်။ ပန်းအိကို အိမ်ပြန်ပို့ပြီး သီဟလည်း ပြန်သွားသည်။ သီဟပြန်သွားမှ ပန်းအိမှာ အသက်ရူချောင် သွားတော့သည်။ နှင်းအိ ပြန်မလာခင် ညနေစာချက်ပြုတ်၊ အိမ်သန့်ရှင်းရေး၊ အ၀တ်လျှော်၊ မီးခိုတိုက် အားလုံးကို လုပ်သည်။ ညနေစောင်းတော့ နှင်းအိပြန်လာသည်။ နှင်းအိက စာရင်းကိုင် ကုမ္ပဏီတစ်ခုမှာ စာရင်းစစ်အလုပ်လုပ်သည်။

နှင်းအိ ။        ။ ဒီနေ့အလုပ်မှာ ပင်ပန်းလိုက်တာ မပြောပါနဲ့…
ပန်းအိ ။    ။ နှင်းအိ ပင်ပန်းပြီး ပြန်လာမှန်းသိလို့။ ညနေစာလည်း ချက်ထားပေးတယ်၊ အ၀တ်လျှော်၊ မီးဖိုတိုက်၊ အိမ်သန့်ရှင်းရေး အားလုံးလုပ်ထားပေးတယ်…
နှင်းအိ ။    ။ အဲဒီလိုမှန်းသိရင် ပန်းအိကို အစထဲက အင်္ဂလန်ကို ခေါ်ထားပါတယ်…
ပန်းအိ ။    ။ ဒါနဲ့ နေပါအုန်း မေးစရာရှိသေးတယ်။ သီဟနဲ့က ဘယ်လိုလည်း၊ ကြိုက်နေတာလား။ အဲဒီအကြောင်းကို ငါလည်း မသိရပါ့လား…

    နှင်းအိက ပြုံးလိုက်ပြီး ပန်းအိဘက်ကို လှည့်၍။
နှင်းအိ ။    ။ ဘယ်သူပြောတာလည်း၊ သီဟက ပြောပြမလား…
ပန်းအိ ။    ။ သီဟက ဘာမှတော့ မပြောပါဘူး၊ တရုတ်ဆိုင်က လူကပြောလို့…
နှင်းအိက အားရပါးရ ရယ်လိုက်ပြီး…

နှင်းအိ ။        ။ ဘြော် တရုတ်ဆိုင်က စားပွဲထိုးပြောလိုက်တာလား…
ပန်းအိ ။        ။ ဒါဆို သူနဲ့ ကြိုက်နေတာပေါ့လေ…
နှင်းအိ ။    ။ ပန်းအိရော သီဟကို ဘယ်လိုမြင်လည်း၊ သီဟက ချောတယ် မဟုတ်လား…
ပန်းအိ ။    ။ ငါကတော့ သီဟကို သိပ်သဘောမကျပါဘူး၊ ယောကျာ်လေး ဖြစ်ပြီး ခေတ်ဆန်တယ်၊ သွက်လွန်း အားကြီးတယ် ထင်တာပဲ…
နှင်းအိ ။    ။ ဒုက္ခပါပဲ၊ ယောကျာ်းလေးက သီဟလို သွက်ပြီး ခေတ်ဆန်မှ မိုက်တာ။ သီဟပုံစံကတော့ ပန်းအိအကြိုက် ဘယ်ဟုတ်ပါ့မလဲ။ သီဟက အရမ်းတော်တာနော်၊ ပန်းအိ မသိလို့။ ခုလည်း ကွန်ပြူတာနဲ့ မာစတာ တက်နေတာလေ။ နှင်းအိကို ခုလာမယ့် နှစ်သစ်ကူးကျရင် လက်ဆောင် ပေးစရာရှိတယ် ပြောထားတယ်၊ အဲခါကျရင် ဖွင့်ပြောမယ် ထင်တာပဲ…
ပန်းအိ ။    ။ နှင်းအိ ကြည့်စမ်း၊ သီဟကို ကြိုက်နေတယ် ဆိုတာ မျက်နှာမှာ စာရေးထားတဲ့ အတိုင်းပဲ။ ဟွန်းမပြောချင်ဘူး၊ လှိုဝှက်ထားတယ်ပေါ့လေ…

    နှင်းအိ က ရှက်ကိုးရှက်ကန်းနှင့် ရယ်နေသည်။ နှင်းအိ နှင့် သီဟတို့ နှစ်ယောက်ကို ပန်းအိ မျက်လုံးထဲမှာ တွဲပြီး မျက်ယောင် ကြည့်လိုက်သည်။ နှင်းအိက ဗိုလ်ဆန်သည်၊ သူငယ်ချင်း အပေါင်းအသင်းများပြီး အပျော်အပါးကြိုက်သည်။ သီဟကလည်း ခေတ်ဆန်ဆန် ယောကျာ်းလေးဆိုတော့ သူတို့ နှစ်ယောက် လိုက်ဖက်ပါသည် ပန်းအိတွေးမိသည်။

- - - - - - - - - - - - - - - - - - - - - -

    နောက်နေ့မနက် နှင်းအိ အလုပ်မသွားခင် ပန်းအိ စောစောထပြီး နှင်းအိ အလုပ်သို့ ထမင်းဘူးထည့်ပေးရန် ချက်ပြုတ်သည်။ နှင်းအိက ၈နာရီလောက်မှ အိပ်ယာထလာပြီး အလုပ်နောက်ကျသဖြင့် ၀ုန်းတိုင်းကျဲပြီး ရေချိုးခန်းဝင် မျက်နှာ၊ အကျီင်္လှဲပြီး ရှုတ်ရှက်ခတ်နေသည်။ ပြီးမှ အမြန် အပေါ်ထက်မှ ပြေးဆင်းလာသည်။

နှင်းအိ ။    ။ ပန်းအိရေ ငါရထားနောက်ကျနေပြီး သွားတော့မယ်နော်…
ပန်းအိ ။    ။ ဒီမှာ နှင်းအိအတွက် ငါထမင်းဘူး လုပ်ပေးထားတယ်…
နှင်းအိ ။    ။ ဒါနဲ့ ညနေ ပါတီတစ်ခုရှိတယ်၊ အ၀တ်စားလှဲပြီး စောင့်နေနော်။ သွားပြီး…

    ပြောကာ နှင်းအိက ပါးကို နမ်းပြီး အမြန်ပြေးထွက်သွားသည်။ နှင်းအိသည် ငယ်စဉ်က ရည်မှန်းချက်ကြီးသည်။ ပန်းအိကတော့ မြန်မာစာ မေဂျာနဲ့ဘွဲ့ရထားပြီး ဘာအလုပ်မှတော့ မလုပ်ဖြစ်ပေ။ နှင်းအိ နဲ့ ပန်းအိက အမွှာညီမသာ ပြောသာ နေပုံ၊ ထိုင်ပုံ၊ ၀တ်ပုံ လုံးဝမတူပေ။ ရုပ်ကတော့ ဆံပင်ထားပုံ၊ ၀တ်ပုံတူလျှင် ဘယ်လိုမှ ခွဲလို့ ရမည် မဟုတ်ပေ။ ညနေပိုင်းရောက်တော့ နှင်းအိ သူငယ်ချင်း ပါတီသွားရန် အ၀တ်စားလှဲပြီး နှင်းအိကို ထိုင်စောင့်နေသည်။ ဘဲလ်တီးသံကြား၍ တံခါးပြေးဖွင့်ပေးလိုက်တော့ နှင်းအိ မဟုတ်ပဲ၊ သီဟ ဖြစ်နေသည်။

သီဟ ။        ။ နှင်းအိ ပြန်လာပြီးလား…
ပန်းအိ ။    ။ မလာသေးဘူး၊ ပြန်လာတော့မယ် ထင်တယ်…
သီဟ ။        ။ ကျွန်တော် အိမ်အပြင်မှာ စောင့်နေလိုက်မယ်…
   
    ဒီတစ်ခါတော့ သီဟက အိမ်ထဲဝင်မည် မပြောပဲ အပြင်ဘက်တွင်သာ ရပ်နေသည်။ ပန်းအိက ယောကျာ်လေးတွေကို အိမ်ထဲဝင်သည်ကို မကြိုက်သည်ကို ရိပ်မိပုံရသည်။ ပန်းအိလည်း တံခါးကို ပြန်ပိတ်လိုက်ပြီး သီဟကို အိမ်ထဲ ၀င်ခိုင်းရနှိုး တစ်ယောက်ထဲ ဂဏှာမငြိမ်ပဲ စဉ်းစားရခက်နေသည်။ အပြင်ဘက်မှာ လေအေးများ အရမ်းတိုက်နေသဖြင့် ပန်းအိ စိတ်ဆုံးဖြတ်ပြီး အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်။
       
ပန်းအိ ။    ။ သီဟ အိမ်ထဲမှာ ၀င်စောင့်နေလေ၊ အပြင်မှာ အရမ်းအေးတာ။ တော်ကြာ အအေးမိသွားအုန်းမယ်…
    သီဟက တစ်ချက်ရယ်လိုက်ပြီး အိမ်ထဲသို့ ၀င်လာသည်။

သီဟ ။    ။ ဒီနေ့ ဒက်ဘင်ဟမ်ဆိုင်မှာ ဈေးတွေ အရမ်းလျှော့နေတယ်၊ ဈေးဝယ် မထွက်ဘူးလား…
ပန်းအိ ။    ။ ပန်းအိက ဘယ်ကပိုက်ဆံရှိလို့ ဈေးဝယ်ထွက်ရမှာတုန်း…
သီဟ ။    ။ ကျွန်တော်တောင် နှင်းအိ နဲ့ ပန်းအိ အတွက် လက်အိတ်လေး ဆင်တူ တွေ့လို့ လက်ဆောင်ပေးဖို့ ၀ယ်လာသေးတယ်…

    သီဟက သူ့ယူလာတဲ့ အိတ်ထဲမှ လက်အိတ်လေး ၂စုံကို ထုတ်လိုက်သည်။ တစ်ခုက ပန်းရောင်၊ နောက်တစ်ခု အနီရောင်လေးဖြစ်သည်။ ပန်းရောင် လက်အိတ်ကို ပန်းအိကို လှမ်းပေးသည်။ ပန်းအိ တစ်ယောက်ထဲကိုသာ လက်ဆောင်ပေးရင် ပန်းအိ လက်မခံသော်လည်း နှင်းအိ အတွက်ပါတော့ ယူလိုက်သည်။

ပန်းအိ ။    ။ လက်အိတ်လေးက လှလိုက်တာ၊ ကျေးဇူးပဲနော်…
သီဟ ။        ။ ကျွန်တော် လက်ဆောင် ပေးရင် ပန်းအိ လက်ခံပါ့မလား စိုးရိမ်နေတာ…

    ပန်းအိ ရှက်ပြီး ပါးနှစ်ဖက်လုံး နီရဲသွားသည်။ ထိုအချိန်တွင် ဘဲလ်သံကြား၍ သွားဖွင့် ပေးလိုက်တော့ နှင်းအိဖြစ်နေသည်။

ပန်းအိ ။    ။ သီဟလည်း ရောက်နေတယ်၊ ဒီမှာ ငါတို့အတွက် လက်အိတ် ဆင်တူလေး ၂ခုတောင် လက်ဆောင် ယူလာသေးတယ်…
နှင်းအိ ။    ။ ဟုတ်လား၊ သီဟ ဘယ်မှာလဲ…
ပန်းအိ ။    ။ အိမ်ရှေ့ခန်းမှာ…
   
    နှင်းအိက သီဟနာမည်ကို ကြားလိုက်သည်နှင့် မျက်နှာက ပြုံးရွှင်သွားပြီး အိမ်ရှေ့ခန်းသို့ ထွက်သွားသည်။ ပန်းအိလည်း သူတို့ ၂ယောက် လွတ်လွတ်လပ်လပ် စကားပြောလို့ရအောင် အပေါ်ထပ်သို့ တက်လာခဲ့သည်။
    ခဏကြာတော့ နှင်းအိလည်း အပေါ်သို့ လိုက်တက်လာသည်။

နှင်းအိ ။    ။ သီဟ ဒီနေ့ ၀တ်ထားတဲ့ အကျီင်္လေးနဲ့ တကယ်မိုက်တယ်…
ပန်းအိ ။    ။ ဟုတ်လား၊ ငါတောင် သူဘာဝတ်ထားမှန်း သိတောင် မသိဘူး…
နှင်းအိ ။    ။ မသိတာပဲ ကောင်းပါတယ်၊ တော်ကြာ ပန်းအိ သီဟကို ကြိုက်နေအုန်းမယ်…
    ပန်းအိ ဘာမှပြန်မပြောပဲ ရယ်နေလိုက်သည်။
   
နှင်းအိ ။    ။ ပန်းအိ ဒီအ၀တ်အစားနဲ့ ပါတီပွဲကို လိုက်မလို့လား…
    ပန်းအိက ဆက်ကတ်အရှည်၊ ချမ်းသဖြင့် ရှပ်အင်္ကျီလက်ရှည် ၀တ်ထားသည်။

ပန်းအိ ။    ။ ဟုတ်တယ်၊ ဟောင်းနေလို့လား…
နှင်းအိ ။    ။ မဟုတ်ဘူး၊ ပုံဒီလောက်တုန်းတာကို။ မဖြစ်ပါဘူး ငါဆင်ပေးမှ ဖြစ်မှာပါ…
    ပြော၍ သူဗီဒိုထဲမှ အ၀တ်အစားတွေကို မွှေနှောက်တော့သည်။ နှင်းအိက ခေတ်ဆန်ဆန် အကျီင်္တစ်ထည်နဲ့ ဘောင်းဘီရှည် တစ်ထည်ကို ထုတ်ပေးသည်။

နှင်းအိ ။    ။ ရော့ ဒါမျိုးဝတ်ရတာ…
ပန်းအိ ။    ။ အကျီင်္က လက်ပြတ်ကြီး၊ ရင်ဘတ်ကလည်း ဟိုက်သေးတယ်။ မ၀တ်ချင်ပါဘူး နှင်းအိရဲ့…
ဒါပေမယ့် နှင်းအိက အတင်းဝတ်ခိုင်းသဖြင့် ပန်းအိမှာ ၀တ်လိုက်ရသည်။ အပေါ်မှ အနွေးထည် long coat တော့ ထပ်ဝတ်ထားလိုက်သည်။ အကျီင်္လှဲပြီးတော့ နှင်းအိ နှင့်တူတူ အောက်ထပ်သို့ ပြန်ဆင်းလာသည်။ သီဟက နှင်းအိ နဲ့ ပန်းအိကို မြင်လိုက်သည်နှင့်…

သီဟ ။        ။ ပန်းအိကို နှင်းအိ ပုံစံပြောင်းပေးထားတာ ထင်တယ်…
နှင်းအိ ။    ။ ဟုတ်ပ သီဟရယ်၊ ငါ့အစ်မက အရမ်းကို ခေတ်တုံးတာ၊ ဒီလိုဝတ်လိုက်တော့ မလှသွားဘူးလား…
သီဟ ။    ။ လှပါတယ်…
   
    သီဟ ကားဖြင့် ပန်းအိတို့ အမွှာညီမ နှစ်ယောက်တူတူ ပါတီပွဲသို့ ထွက်လာသည်။ နှင်းအိက သီဟနှင့်တူတူ ရှေ့ခန်းတွင် ထိုင်သည်။ ပန်းအိကတော့ နောက်ခန်းတွင် ထိုင်သည်။ ပါတီပွဲ ကျင်းပသည့် အိမ်သို့ ရောက်လာကြသည်။ နှင်းအိက ကားပေါ်မှာ အရင်ဆင်းသွားသည်။ သီဟ ချက်ချင်းမဆင်းသေးပဲ၊ နောက်ခန်းသို့ တချက်လှည့်ကြည့်ပြီး သူပေးသည့် လက်အိတ်ကလေးကို ပန်းအိ ၀တ်ထားသားပဲ မျက်နှာမျိုးဖြင့် ပန်းအိကို ရယ်ပြသည်။ ပန်းအိလည်း ရှက်ပြီး အပြင်သို့ ထွက်လာလိုက်သည်။
    ပါတီပွဲတွင် နိုင်ငံခြားသား ၄ယောက်၊ မြန်မာတွေ အားလုံး ၂၀ယောက်ကျော် လောက်ရှိမည်။ လန်ဒန်မြို့ပြင် ပါတီပွဲကို ဇော်ထက်အိမ်သစ် အိမ်တက် အနေနဲ့ ကျင်းပခြင်းဖြစ်သည်။ ကိုဇော်ထက် အကြောင်းတော့ နှင်းအိပြောထားလို့ သိသည်။ ကိုဇော်ထက်က အင်ဂျင်နီယာ ဖြစ်ပြီး ပန်းအိတို့ထက် ၄နှစ်လောက် ပိုကြီးမည်။ အရပ်ရှည်ရှည် အသားဖြူဖြူ တရုတ်ကပြားရုပ်မျိုးဖြစ်သည်။ ထိုပါတီပွဲမှ ယောကျာ်လေး တစ်ဝက်ကျော် လောက်သည် နှင်းအိကို လိုက်ပန်းပိုးနေသောသူများ ဖြစ်သည်ကို တွေ့ရသည်။

ပန်းအိ ။    ။ ခုနက စကားလာပြောတဲ့ သူတွေက နှင်းအိကို ကြိုက်နေတဲ့ပုံပဲ…
နှင်းအိ ။    ။ ဟုတ်တယ် ပန်းအိရဲ့၊ ငါကို သီဟ အပါအ၀င် ဒီမှာ ရှိတဲ့ တ၀က်ကျော်လောက်က ကြိုက်နေကြတာလေ။ ငါက အင်္ဂလန်မှာ မသိတဲ့သူ မရှိသလောက် လူသိများတော့လည်း ခက်သားနော်။ သူငယ်ချင်းလိုပဲ ခင်ချင်လို့လည်း မရပါဘူး…

    နှင်းအိက ဒီလောက် နာမည်ကြီးမှန်း ပန်းအိ မသိခဲ့ပေ။ နှင်းအိကို ယောကျာ်းလေး အများစု သဘောကျသည်မှာလည်း မဆန်းပေ။ နှင်းအိက ဆွဲဆောင်မှုရှိသည့်အပြင် ဖက်ရှင်ကျကျ ၀တ်တတ်သည်။ နှင်းအိက ပန်းအိလို ဂွမကျပဲ လူမူဆက်ဆံရေးလည်း အရမ်းပြေပြစ်သည်။ နှင်းအိက ပန်းအိလက်ကို ဆွဲပြီး အားလုံးနှင့် ပန်းအိကို လိုက်မိတ်ဆက်ပေးသည်။

နှင်းအိ ။    ။ ကိုဇော်ထက်နဲ့ မိတ်ဆက်ပေးရအုန်းမယ်၊ ဒါ ဂျက်စီကာ အမွှာညီမလေ၊ မတူဘူးလား…
ဇော်ထက် ။    ။ တော်တော်တူတာပဲ၊ အပြင်မှာ တွေ့ရင် ဂျက်စီကာ လို့ပဲထင်မှာ။ ဂျက်စီကာတို့ နှစ်ယောက်စလုံးက အချောတွေချည်းပါ့လား…
နှင်းအိ ။    ။ ကိုဇော်ထက်ကတော့လေ မြှောက်ပြောနေပြန်ပြီး…

    ကိုဇော်ထက် နောက်ဖေးခြံထဲတွင် ကျင်းပသည်။ ဘူးဖေးစတိုင် ဟင်းတွေအများကြီး ခင်းကျင်းထားပြီး သောက်ရန် အအေးနဲ့ ၀ိုင်များလည်း ချထားပေးသည်။ နှင်းအိက တခြားသူငယ်ချင်းတွေနဲ့ စကားပြောနေသဖြင့် ပန်းအိတစ်ယောက်ထဲ ထမင်းစားဝိုင်းတွင် ထိုင်နေသည်။ ကိုဇော်ထက်က ပန်းအိကို တခြားစားပွဲဝိုင်းကို ထိုင်ပြီး စိုက်ကြည့်နေ၍ ပန်းအိ အနေရ အရမ်းခက်နေသည်။ ခဏကြာတော့ ကိုဇော်ထက် ပန်းအိ အနားသို့ လာသည်။

ကိုဇော်ထက် ။    ။ တစ်ယောက်ထဲ ပျင်းနေပြီးလား…
ပန်းအိ ။    ။ ဟုတ်ကဲ့…
ကိုဇော်ထက် ။    ။ ဒါနဲ့ ပန်းအိက ဒီကို အလည်သက်သက်ပဲလား၊ ကျောင်းရော မတက်ဘူးလား…
ပန်းအိ ။    ။ ဟုတ်ကဲ့…
ကိုဇော်ထက် ။    ။ ပန်းအိက စကားအရမ်းနည်းတယ်တဲ့ တူတယ်…
ပန်းအိ ။    ။ ဟုတ်ကဲ့…
ကိုဇော်ထက် ။    ။ ကိုမေးသမျှကို ဟုတ်ကဲ့ပဲ ဖြေတော့မှာလား။ ပန်းအိကို ချစ်လား မေးရင်ရော ဒီလိုပဲ ဖြေမှာလား…
ပန်းအိ ။    ။ ရှင်…

    ကိုဇော်ထက် ဆိုတဲ့လူ ပြောလိုက်တဲ့ စကားကြောင့် ပန်းအိ ရုတ်တရပ် ကြောင်ကြည့်နေမိသည်။

ကိုဇော်ထက် ။    ။ အလကားနောက်တာပါ၊ စိတ်မဆိုးနဲ့နော်…
ပန်းအိ ။    ။ ဟုတ်ကဲ့၊ စိတ်မဆိုးပါဘူး…

    ထိုအချိန်တွင် သီဟ မုန့်ဗန်းတစ်ခုနဲ့ ရောက်လာသည်။

သီဟ ။        ။ ဒီမှာ ပန်းအိစားဖို့ ယူလာတာ၊ ကိုဇော်ထက်နဲ့ အဖွဲ့ကျနေတာကိုး…
ဇော်ထက် ။    ။ သီဟ ခဏလာအုန်း…

    ကိုဇော်ထက်က သီဟကို ပထုတ်ပြီး ကွယ်ရာ တစ်ခုသို့ ခေါ်သွားသည်။ သူတို့ နှစ်ယောက် ဘာပြောနေသည်ကိုတော့ ပန်းအိ မကြားရပေ။ သို့သော် ပန်းအိကို ကြည့်ပြီး ပြောနေသဖြင့် ပန်းအိအကြောင်း ပြောနေသည်ကိုတော့ ရိပ်မိသည်။ ခဏကြာတော့ နှင်းအိရောက်လာသည်။

နှင်းအိ ။    ။ ပန်းအိ ကြိုက်တာ သွားယူစားလေ၊ ၀ိုင်ရော သောက်အုန်းမလား…
ပန်းအိ ။    ။ ၀ိုင် မသောက်ပါဘူး၊ ဘာလဲ နှင်းအိက သောက်လို့လား…
နှင်းအိ ။    ။ ဟီးဟီး နည်းနည်းလေးပဲ သောက်တာပါ။ အဖေနဲ့ အမေကို သွားမတိုင်နဲ့အုန်းနော်။ ကိုဇော်ထက်က ငါတို့ကို အပြတ်ရှိုးနေပါ့လား။ ငါတို့ နှစ်ယောက်ထဲက တစ်ယောက်ပဲဟေ့…

    ကိုဇော်ထက်က ပန်းအိကို ကြည့်နေမှန်းသိသော်လည်း မပြောလိုက်ပေ။ ခဏကြာတော့ ကိုဇော်ထက် သူငယ်ချင်း ကတ်သရင်း ရောက်လာသည်။

နှင်းအိ ။    ။ ကတ်သရင်း လာထိုင်၊ ဂျက်စီကာ အစ်မ ပျင်းနေလို့ အဖော်လုပ်ပေးနေတာ…

    ကတ်သရင်းက နှင်းအိနားသို့ ကပ်၍ စကား တိုးတိုးလေး ပြောသွားပြီး ပြုံး၍ ပြန်ထွက်သွားတော့ နှင်းအိက ရယ်လျှက် ကျန်ခဲ့သည်။ ပန်းအိလည်း ကတ်သရင်းက ဘာများ ပြောသွားသည်ကို သိချင်ဇောဖြင့်။

ပန်းအိ ။    ။ ကတ်သရင်းက ဘာပြောသွားလို့လဲ …
နှင်းအိ ။    ။ ကိုဇော်ထက်က ပန်းအိကို သဘောကျနေတဲ့ အကြောင်း လာပြောသွားတာ။ ထင်တော့ ထင်သားပဲ၊ ငါတို့ ၂ယောက်ထဲက ဘယ်သူများလဲ စဉ်းစားနေတာ၊ ပန်းအိကို သဘောကျနေတာကိုး။ ပန်းအိက တယ်စွံပါ့လား၊ အင်္ဂလန်ရောက်တာ ၃ရက်ပဲ ရှိသေးတယ်၊ ကိုဇော်ထက်လို လူမျိုးကတောင် ကြိုက်တယ်…
ပန်းအိ ။    ။ ကိုဇော်ထက်ကို ပန်းအိတော့ သဘောမကျပါဘူးနော်…
နှင်းအိ ။    ။ ကိုဇော်ထက်လို အဖက်ဖက်က ပြည့်စုံတဲ့လူမျိုး ဒီလောက်ရှားတာကိုး။ အိမ်ရော၊ ကားရော၊ အလုပ်နဲ့ မိန်းမ အရှုတ်အရှင်းလည်း ဘာဆို၊ ဘာမှ မရှိဘူး။ အဲဒီလို လူမျိုးကိုမှ မကြိုက်ရင် ဘယ်သူကို ကြိုက်ချင်လို့လဲ။ မလိုဘူးနော် ပန်းအိ ကိုဇော်ထက်ကို စဉ်းစားရမယ်။ နှင်းအိ ဒါပဲ ပြောချင်တယ်…

    နှင်းအိက ပန်းအိနှင့် ကိုဇော်ထက်ကို အတင်းအောင်သွယ် နေကြသည်။ နှင်းအိပြောသွားသော စကားကြောင့် ခဏကြာ ပန်းအိ တွေးဝေသွားသည်။ ကိုဇော်ထက်ကို ပန်းအိမှ သဘောမကျတာ၊ ဘယ်လို သဘောကျအောင် လုပ်ရမည်ကို စဉ်းစားရင်း စိတ်တောင် တော်တော် ညစ်လာသည်။ ကိုဇော်ထက် ရှိရာသို့ တချက်လှမ်းကြည့်လိုက်တော့ ကိုဇော်ထက်က ရယ်ပြသည်။ ပန်းအိလည်း မျက်နှာလွှဲလိုက်ပြီး ခေါင်းငုတ်ထားလိုက်သည်။ ဘယ်လို စဉ်းစား စဉ်းစား ကိုဇော်ထက်ကို ပန်းအိ ဘယ်လိုမှ မကြိုက်ပေ။

သီဟ ။        ။ ပန်းအိ ဘာတွေ အတွေးလွန်နေတာလဲ…
ပန်းအိ ။    ။ ဘာမှ မဟုတ်ပါဘူး…
သီဟ ။         ။ မဟုတ်မှ လွဲရော ကျွန်တော် အကြောင်းတွေးနေတာလား…
   
    ယောကျာ်းလေးတွေနဲ့တော့ အလွန်ခက်သည်။ တစ်ယောက်ပြီး တစ်ယောက် ပန်းအိကို လာစနောက်နေသည်လား အောင်းမေ့မိသည်။

ပန်းအိ ။    ။ ဝေးသေ၊ ဒါနဲ့ ကိုဇော်ထက်က လူကောင်းလားဟင်…
သီဟ ။        ။ ဘြော် ကိုဇော်ထက် အကြောင်းတွေး နေတာကိုး…
ပန်းအိ ။    ။ မဟုတ်ပါဘူး၊ နှင်းအိက ကိုဇော်ထက်ကို အတင်း ပြန်ကြိုက်ရမယ် ပြောလို့ စိတ်ညစ်နေတာ…
    သီဟသည် ဘာလို့ ဒေါသထွက်သွားမှန်း မသိပဲ။

သီဟ ။    ။ ဒါဆို နှင်းအိက ချီးစားဆိုလည်း ပန်းအိက စားမှာလား။ ပြောလေ မဟုတ်တာ ကိုယ်မကြိုက်ရင် မကြိုက်ဘူး ပြန်ပြောလိုက်ပေါ့။ ခုဟာက အဓိပ္ပါယ် မရှိတာ…
ပန်းအိ ။    ။ သီဟ လွန်လာပြီးနော်။ ပန်းအိတို့ ညီမနှစ်ယောက်က တစ်ယောက် အကြံပေးရင် တစ်ယောက်က အမြဲ လက်ခံတာချည်းပဲ။ ဟုတ်တယ် နှင်းအိ ပြန်ကြိုက်ခိုင်းလို့ ကြိုက်တော့ ဘာဖြစ်လဲ…
သီဟ ။    ။ ဒါဆို နှင်းအိကို ကိုဇော်ထက်ကို ကြိုက်ခိုင်းကြည့်ပါ့လား၊ သူပြန်ကြိုက် မလားလို့…
ပန်းအိ ။    ။ တော်ပြီကွာ စကားဆက် မပြောချင်တော့ဘူး…

    ပန်းအိလည်း စိတ်ဆိုးဆိုးနဲ့ အိမ်ထဲသို့ ၀င်လာခဲ့သည်။ အနောက်မှ ပန်းအိပခုံးကို လူတစ်ယောက် လာပုတ်သဖြင့် စိတ်တိုတိုနဲ့ ထိုလူလက်ကို ရိုက်ထုတ်လိုက်ပြီး။

ပန်းအိ ။    ။ သီဟ နင်နဲ့ စကား မပြောချင်ဘူးဆိုမှ…
    နောက်လှည့်ကြည့်လိုက်မှ ကိုဇော်ထက် ဖြစ်နေ၍ အားနာသွားသည်။

ပန်းအိ ။    ။ ဆောရီးနော် သီဟ ထင်လို့…
ကိုဇော်ထက် ။    ။ တော်သေးတာပေါ့၊ ကိုနဲ့ စကားမပြောချင်ဘူး မပြောလို့။ သီဟ နဲ့ ငြင်းခုံပြီး ပန်းအိ ထွက်သွားတာ တွေ့လို့ လိုက်လာခဲ့တာ။ ဒီကောင် ပန်းအိကို ဘာပြောလို့လဲ…
ပန်းအိ ။    ။ ဘာမှမဟုတ်ပါဘူး…
ကိုဇော်ထက် ။    ။ ကိုကို သူစိမ်းလို မဆက်ဆံပါနဲ့၊ ရင်းရင်းနှီးနှီးဆက်ဆံ လို့ရပါတယ်…
ပန်းအိ ။    ။ ဟုတ်ကဲ့…

    နှင်းအိလည်း နောက်မှ ရောက်လာသည်။

နှင်းအိ ။    ။ ပန်းအိ သီဟနဲ့ ဘာတွေ စကားများကြတာလဲ။ သီဟ စိတ်တိုပြီ ပြန်သွားပြီး…
ဇော်ထက် ။    ။ ကျွန်တော်လည်း အဲဒါပဲ မေးနေတာ…
ပန်းအိ ။    ။ ငါအိမ်ရောက်မှ ပြောပြမယ်…
ဇော်ထက် ။    ။ ခုပြန်တော့မယ်ဆိုရင် ပြန်လိုက်ပို့ပေးမယ်လေ…
နှင်းအိ ။    ။ ကိုဇော်ထက် ကားအပျံစားကို ပန်းအိကြောင့် စီးခွင့်ကြုံရပြီးပေါ့…

    ကိုဇော်ထက်က ရယ်နေ၍ ပန်းအိ ရှက်သွားသည်။ နှင်းအိကတော့ အောင်သွယ် စလုပ်နေသည်။ ကိုဇော်ထက်ကားက မာစီတီ အနီရောင်လေး ကားဖြစ်သည်။ ကားထဲဝင်လိုက်သည်နှင့် ပန်းအိတောင် ဟင်ခနဲ ဖြစ်သွားသေးသည်။ ကားဆိုဖာပေါ် ထိုင်လိုက်သည်နှင့် အိဆင်းသွားပြီး တီဗွီနဲ့ အသံ ပတ်ပတ်လည်လည် ???ဇ်ာထက်ကားဖြင့် ပန်းအိတို့ ညီအစ်မ အိမ်ကို ပြန်လာကြသည်။ နှင်းအိက ကားပေါ်မှ ဆင်းပြီးသည်နှင့်။

နှင်းအိ ။    ။ ကိုဇော်ထက် ကားမျိုး ငါလည်းလိုချင်လိုက်တာ၊ အရမ်းကောင်းတာပဲ။ ဒါကြောင့် စိတ်ကူး မလွဲနဲ့ ပြောတာပေါ့ ပန်းအိရဲ့…
ပန်းအိ ။    ။ နှင်းအိကရော ဘာလို့ ကိုဇော်ထက်ကို မကြိုက်တာလည်း…
နှင်းအိ ။    ။ ဟားဟား၊ နှင်းအိမှာ သီဟရှိတယ်လေ။ သီဟသာ မရှိရင် ကိုဇော်ထက်ကို ဘယ်လက်လွှတ်ခံပါ့မလဲ...

ခဏကြာတော့ နှင်းအိက ပန်းအိနဲ့ သီဟ စကားများတဲ့ အကြောင်းကို အတင်းမေးသည်။ ပန်းအိ အမှန်တိုင်းပြောပြလိုက်လျှင် နှင်းအိက ပန်းအိနဲ့ သီဟကို တမျိုးမြင်သွားနိုင်သည်။ ဒါကြောင့် ပန်းအိ အမှန်တိုင်း မပြောပြလိုက်ပေ။

နှင်းအိ ။    ။ ငါကို စကားများတဲ့ အကြောင်း အိမ်ရောက်ရင် ပြောပြမယ်ဆို…
ပန်းအိ ။    ။ မဟုတ်ပါဘူး၊ ကိုဇော်ထက် မကောင်းကြောင်းတွေ အပုတ်ချနေလို့…
နှင်းအိ ။    ။ ဒါဆို ပန်းအိက ကိုဇော်ထက်ဘက်က နာတယ်ပေါ့…
ပန်းအိ ။    ။ နာတာတော့ မဟုတ်ပါဘူး၊ ယောကျာ်း အချင်းချင်း သူများ မကောင်းပြောတာကို မကြိုက်လို့ပါ…

    နှင်းအိက ပန်းအိ ကိုဇော်ထက်ကို အနည်းငယ် သဘောကျနေသည် ထင်သွား၍ ပျော်ရွင်စွာထွက်သွားသည်။ ညအိပ်ယာဝင်တော့ သီဟ ဘာကြောင့် ပန်းအိကို စိတ်ဆိုးသွားသည်ကို စဉ်းစားသော်လည်း အဖြေရှာမတွေ့ ဖြစ်နေသည်။

- - - - - - - - - - - - - - - - - - - - - -

ဒီနေ့တော့ နှင်းအိက ပန်းအိ သုံးချင်သလောက် သုံးနိုင်ရန် ပန်းအိ နာမည်နဲ့ ဘဏ်ကဒ်တစ်ခု ပေးခဲ့သည်။ ထိုဘဏ်ကဒ်ဖြင့် ဈေးဝယ်ရန် အိမ်နှင့် အနီးဆုံး မတ်စ်ကတ်သို့ ဘတ်စ်ဖြင့် ထွက်လာသည်။ ပန်းအိ ဆင်းချင်သော မှတ်တိုင်သို့ ရောက်ခါနီးလျှင် ဘီးလ်ကို တီးလိုက်လျှင် ဘတ်စ်ကားက ရပ်ပေးသည်။ ဘတ်စ်ကားပေါ်မှ ဆင်းပြီး မတ်ကတ်ထဲသို့ ၀င်လာသည်။ ပန်းအိ စားချင်သော ပီဇာ၊ ကိုလာ၊ ရေခဲမုန့်၊ ချိစ်ပါမုန့် အားလုံးကို တွန်းလှည်းထဲသို့ ထည့်သည်။ အင်္ဂလန်တွင် ဈေးဝယ်ပြီး ပိုက်ဆံကို စက်ဖြင့် ရှင်းလို့ရသည်ကို ပန်းအိ သဘောကျသည်။ ပန်းအိက အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် မတတ်သဖြင့် ကောင်တာမှာထက် စက်နှင့် ပိုက်ဆံရှင်းသည်က ပိုသဘောကျသည်။
    လန်ဒန်သည် အင်္ဂလန်မြို့တော် ဖြစ်သည့်အလျောက် မြို့ထဲတွင် လူစည်းကားသည်။
တခြား အကျီင်္ဆိုင်၊ အလှပစ္စည်းဆိုင်များကို မ၀ယ်သော်လည်း လျှောက်ကြည့်သည်ကို လည်းကြိုက်သည်။ လျှောက်သွားရင်း ခြေထောက်ညောင်း လာသည်နှင့် အိမ်သို့ ၀ယ်ခဲ့သော ပစ္စည်းအိတ်ကြီး ၂လုံး မနိုင်မနင်းဖြင့် ပန်းအိ ဘတ်စ်ဖြင့် ပြန်လာခဲ့သည်။ ဘတ်စ်ကား ပေါ်မှ ဆင်းပြီး အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။ အိမ်ရှေ့တွင် ရပ်နေသော သီဟကားကို တွေ့၍ ပန်းအိ မသိချင်ယောင်ဆောင်ပြီး အိမ်ထဲသို့ ၀င်ရန် ကြိုးစားသည်။ သီဟက ပန်းအိကို မြင်သည်နှင့် ကားပေါ်မှ ပြေးဆင်းလာသည်။

သီဟ ။        ။ ပန်းအိ ကျွန်တော်ကို စိတ်ဆိုးတုန်းပဲလား…
    ပန်းအိ ဘာမှပြန်မဖြေပဲ အိမ်ထဲသို့ ၀င်ရန် သော့ဖွင့်သည်။ ဒီနေ့မှပဲ သော့ကလည်း ဖွင့်လို့ အရမ်းခက်နေသည်။

သီဟ ။    ။ မနေ့က ကိစ္စကို တောင်းပန်ပါတယ်၊ ကျွန်တော်နဲ့ မဆိုင်တာကို ၀င်စွက်ဖက်မိလို ဖြစ်သွားတယ်…
ပန်းအိ ။    ။ ရပါတယ်၊ ပန်းအိ စိတ်မဆိုးပါဘူး။ ဒါပြောဖို့ လာတာဆိုရင် ပန်းအိ ကျေအေးလိုက်ပြီး ဆိုတော့ ပြန်တော့နော်…

    ပန်းအိဆီ နှင်းအိမရှိတဲ့ အချိန်မှာ သီဟ နေ့တိုင်းလာနေသည်ကို သိပ်သဘောမကျမိပေ။ နှင်းအိသာသိလျှင် ပန်းအိနဲ့ သီဟကို အထင်လွှဲသွားမည်ကို  မလိုလားပေ။

သီဟ ။    ။ ပန်းအိက စိတ်ဆိုးပြေတယ်လည်း ပြောသေးတယ်၊ အတင်း ပြန်ခိုင်းနေပါ့လား…
ပန်းအိ ။    ။ တကယ် စိတ်မဆိုးတော့ပါဘူး…
သီဟ ။    ။ ဒါဆိုလည်း စိတ်ဆိုးပြေတဲ့ အထိမ်းမှတ် အနေနဲ့ ကျွန်တော်နဲ့ ရုပ်ရှင်လိုက်ကြည့်ပါ့လား…

    ရုပ်ရှင်ကြည့်ဖို့ ခေါ်သည်ကို ပန်းအိ အရမ်းစိတ်တိုမိသည်။ ချစ်သူ စုံတွဲတွေမှ ရုပ်ရှင်တူတူ ကြည့်ကြသည်ကို ပန်းအိကို ခေါ်သောကြောင့်ဖြစ်သည်။

ပန်းအိ ။    ။ ယောကျာ်လေး တစ်ယောက်နဲ့ ရုပ်ရှင် တူတူကြည့်ရအောင် သီဟက ပန်းအိကို တော်တော် အထင်သေးပုံရတယ်…
သီဟ ။    ။ ကျွန်တော် ပြောတာ အဲဒီ သဘောမဟုတ်ပါဘူး၊ စကားမှားသွားလို့ပါ။ ကျွန်တော် ပန်းအိ စိတ်ဆိုးပြေတဲ့အထိ တောင်းပန်ဖို့ လာခဲ့တာဗျ၊ ထပ်တော့ စိတ်မဆိုးလိုက်ပါနဲ့နော်…

    သီဟနဲ့တော့ ခက်သားနော်၊ အတင်းပြန်ခိုင်းလည်း ပြန်မယ့်ပုံ မပေါ်ပေ။

ပန်းအိ ။    ။ ဒီနေ့တော့ ဒီအတိုင်းပဲ ပြန်လိုက်ပါ…

    သီဟနဲ့ ပန်းအိ စကားပြောနေစဉ် ကိုဇော်ထက် ရောက်လာသဖြင့် ပန်းအိ အရမ်းအံ့အားသင့်သွားသည်။

ပန်းအိ ။    ။ ကိုဇော်ထက် ဘယ်ကိုလာတာလဲ မသိဘူး…
ကိုဇော်ထက် ။    ။ ကိုက ဘယ်ကို လာရမှာလဲ၊ ပန်းအိဆီပေါ့…

ကိုဇော်ထက်က သီဟကို မသင်္ကာသော အကြည့်ဖြင့် တချက်ကြည့်လိုက်ပြီး။

ကိုဇော်ထက် ။    ။ ဒါနဲ့ သီဟ မင်းကရော ဘယ်သူဆီ လာတာလဲ၊ ပန်းအိဆီလား၊ နှင်းအိဆီလား…
    သီဟ ဘာမှ မပြောခင်။

ပန်းအိ ။    ။ နှင်းအိက သီဟကို လန်ဒန်တ၀ှိက် လိုက်ပြဖို့ မှာခဲ့လို့၊ ပန်းအိကို လာခေါ်တာလေ…
ကိုဇော်ထက် ။    ။ ဒါဆို အတော်ပဲ ကိုပဲ ပန်းအိကို လိုက်ပို့ပေးမယ်လေ…
သီဟ ။        ။ ရပါတယ် ကိုဇော်ထက် ကျွန်တော်ပဲ လိုက်ပို့ပေးလိုက်ပါ့မယ်…

    ကိုဇော်ထက်နဲ့ သီဟ တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်တဲ့ အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ပြသာနာမကြီးခင် ပန်းအိ တစ်ခုခုကို အမြန်ဆုံးဖြတ်လိုက်သည်။ ဘယ်ယောကျာ်းလေးနဲ့မှ အပြင်ကို နှစ်ယောက်ထဲ မသွားချင်သော်လည်း နှင်းအိ အထင်မလွှဲစေရန်၊ ကိုဇော်ထက်ကားနဲ့ လိုက်သွားခြင်းသည် ပိုကောင်းမည် တွေးမိသည်။

ပန်းအိ ။    ။ ကိုဇော်ထက်နဲ့ပဲ လိုက်သွားတော့မယ်။ သီဟ နောက်နေ့မှပေါ့…

    ပန်းအိဝယ်လာသော ပစ္စည်းများကို အိမ်ထဲသို့ သွားထားပြီး ပြန်ထွက်လာသည်။ ကိုဇော်ထက်က ကားရှေ့ခန်းတံခါးကို ဖွင့်ပေးသဖြင့် ပန်းအိ ၀င်ထိုင်လိုက်သည်။ ကိုဇော်ထက်က အောင်နိုင်သူ အပြုံးနဲ့ ပြုံးလိုက်ပြီး သီဟကို လှန်းကြည့်လိုက်သည်။ သီဟက မကျေနပ်သည့်ပုံစံဖြင့် ကားကို အရှိန်ပြင်းစွာ မောင်းပြီး ထွက်သွားသည်။

ကိုဇော်ထက် ။    ။ ပန်းအိ ဘယ်သွားချင်လဲ၊ ကိုဘယ်ကို ပို့ပေးရမလဲ…
ပန်းအိ ။    ။ ရပါတယ်၊ ဘယ်ပဲဖြစ်ဖြစ်ပါ။ ဒါနဲ့ နှင်းအိ ပို့လိုက်တဲ့ ပို့ကတ်ထဲက ရဟတ်ကြီးတော့ စီးချင်တယ်…
    ကိုဇော်ထက် အားရပါးရ ရယ်တော့သည်။

ကိုဇော်ထက် ။    ။ ပန်းအိက အရမ်းဖြူစင်တာပဲနော်၊ ကလေးလေးလိုပဲ။ ပန်းအိပြောတာ ကို သိတယ်၊ London eye ကိုပြောတာ မဟုတ်လား…
ပန်းအိ ။    ။ ဘြော် ဟုတ်တယ်…
    နှင်းအိက ပန်းအိ ရန်ကုန်မှာရှိတုန်းက ပို့လိုက်တဲ့ ပို့ကတ်ထဲမှာ ရေးထားတဲ့ စာလေးကို ပြန်မြင်ယောင်မိသေးသည်။

နှင်းအိစာ ။    ။ ပန်းအိရေ ဒါ လန်ဒန် eye လို့ခေါ်တဲ့ ရဟတ်ကြီးလေ။ ဒီရဟတ်ကို စီးပြီးကြည့်ရင် လန်ဒန်တစ်မြို့လုံးကို အားလုံးမြင်နေရတယ်။ လန်ဒန်ရူခင်းက အရမ်းလှမှန်း ခုမှ သိခွင့်ရတော့တယ်။ ပန်းအိလာလည်ရင် ဒီနေရာကို လိုက်ပို့ပေးမယ်နော်…

    ကိုဇော်ထက်က လန်ဒန် eye ရှိရာသို့ မောင်းနှင်လာသည်။ တစ်လမ်းလုံး သီဟ စိတ်ဆိုးပြီး ထွက်သွားသည်ကိုသာ မြင်ယောင်နေမိသည်။

ကိုဇော်ထက် ။    ။ ပန်းအိ ဘာတွေတွေးနေတာလဲ၊ ရောက်ပြီးလေ…
ပန်းအိ ။    ။ ဟုတ်ကဲ့…

    ကိုဇော်ထက်က လတ်မှတ်သွားဝယ်ပေးပြီး လန်ဒန် eye စီးရန်တန်းစီးရသေးသည်။ ပြီးမှ လန်ဒန်eye ရဟတ်ကြီးက လူ ၁၅လောက် ဆံ့သည်။ ကိုဇော်ထက် နဲ့ ပန်းအိ အပါအ၀င် တခြား နိုင်ငံခြားသားတွေလည်း အများကြီးပါသည်။ နှင်းအိ ပြောခဲ့သလိုပင် ရဟတ်ပေါ်က ကြည့်လျှင် လန်ဒန်တစ်မြို့လုံးရဲ့ ရူခင်းတွေက အားလုံးမြင်နေရသည်။ ရဟတ်က ဖြည်းဖြည်းချင်း လည်နေသဖြင့် နာရီဝက်ကျော်လောက် စီးရသည်။ အရမ်းကို ပျော်ဖို့ကောင်းသည်။

ကိုဇော်ထက် ။    ။ ဟိုနားက အင်္ဂလန်ဘုရင်မကြီး နေတဲ့နေရာလေ…
ပန်းအိ ။    ။ ဟုတ်လား…
ကိုဇော်ထက် ။    ။ ကိုအားတဲ့ တစ်ရက်လောက် ပန်းအိကို လိုက်ပြပေးမယ်လေ…
ပန်းအိ ။    ။ ဟုတ်ကဲ့…

    ပန်းအိတို့နဲ့ ရဟတ်တွင် တူတူလိုက်ပါလာသော အင်္ဂလိပ်မနှင့် တွဲလာသော အာရှလူမျိုးတစ်ယောက်က ပန်းအိကို သေချာစိုက်ကြည့်နေသည်။ ပန်းအိက မျက်နှာလွှဲ၍ နေနေသည်။ ပန်းအိကို စိုက်ကြည့်နေသော အမျိုးသားသည် ပန်းအိတို့နားသို့ ရောက်လာသည်။

အမျိုးသား ။    ။ ပန်းအိ မဟုတ်လား…
ပန်းအိ ။    ။ ဟုတ်တယ်…
ကိုဇော်ထက် ။    ။ ပန်းအိနဲ့ အသိတွေလား…
ပန်းအိ ။    ။ အသိတွေ မဟုတ်ပါဘူး၊ ပန်းအိ သူကို တခါမှ မမြင်ဖူးပါဘူး…
အမျိုးသား ။    ။ ပန်းအိကတော့ ကျွန်တော်ကို ဘယ်မှတ်မိပါ့မလဲ။ မေ့နေပြီးလား ရန်ကုန်မှာ ကျွန်တော်တို့ ဇေယျမွေးနေ့ပွဲတုန်းက တခါဆုံဖူးတယ်လေ…

    ဇေယျဆိုသည့် နာမည် ကြားလိုက်သည်နှင့် ပန်းအိရဲ့ အတိတ် အရိပ်မဲကြီး ဆီပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ပန်းအိ ခါးခါးသီးသီး ပြန်ငြင်းလိုက်သည်။

ပန်းအိ ။    ။ ဘယ်က ဇေယျလည်း မသိဘူး။ ဒီမှာ ရှင်ကိုလည်း ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး၊ သိလည်း မသိဘူး။ ဒါကြောင့် ရှင်နေရာ ရှင်ပြန်သွားပါ…
ကိုဇော်ထက်။    ။ သူက ခင်များကို မသိဘူးလို့ ပြောနေတယ်လေ…

    ထိုအမျိုးသားသည် မချိပြုံးလျှက် ပြန်ထွက်သွားသည်။ ထိုလူလာ စကားပြောပြီး နောက်ပိုင်း ပန်းအိမှာ လန်ဒန်ရူခင်းကို ဆက်ကြည့်ချင်စိတ် မရှိတော့ပဲ၊ ရဟတ်ပေါ်က အမြန်ဆင်းချင်စိတ် ဖြစ်လာသည်။ ရဟတ်ပေါ်မှ ဆင်းသည်နှင့် ကိုဇော်ထက်ကို အိမ်သို့ပြန်ပို့ပေးရန် အတင်းပြောတော့သည်။

ပန်းအိ ။    ။ ပန်းအိ နေသိပ်မကောင်းလို့ အိမ်ပြန်ချင်လို့ပါ…
ကိုဇော်ထက် ။    ။ ဟုတ်လား၊ ဒါဆိုလည်း ကိုအိမ်ပြန်ပို့ ပေးမယ်လေ…

    ကိုဇော်ထက်လည်း ပန်းအိကို အိမ်ပြန်ပို့ပေးပြီး ပြန်သွားသည်။ ပန်းအိမှာ နှင်းအိ မပြန်လာမချင်း ထိုင်လို့လည်း မရ၊ ထလည်းမရပဲ စိတ်တွေ အရမ်းခြောက်ခြားနေသည်။ နှင်းအိပြန်လာသည်နှင့် နှင်းအိကို ဖက်ပြီး အားရပါးရ ငိုတော့သည်။

နှင်းအိ ။    ။ ပန်းအိ ဘာဖြစ်ရပြန်ပြီးလဲ၊ ငါစိတ်ပူလိုက်တာ…
    ပန်းအိ ဘာမှပြန်မဖြေသဖြင့် နှင်းအိ ပိုစိတ်ပူလာသည်။

နှင်းအိ ။    ။ ကိုဇော်ထက်နဲ့ ဒီနေ့ လျှောက်လည်တာ၊ သူ ဘာလုပ်လိုက်လို့လဲ…
ပန်းအိ ။    ။ ကိုဇော်ထက်နဲ့ ဘာမှ မဆိုင်ပါဘူး၊ ဇေယျပြန်ပေါ်လာပြီး…

    နှင်းအိလည်း အရမ်းထိတ်လန့်သွားပုံဖြင့်။
နှင်းအိ ။    ။ ဘာဇေယျနဲ့ တွေ့ခဲ့လို့…
ပန်းအိ ။    ။ မဟုတ်ဘူး၊ သူ့သူငယ်ချင်းနဲ့ တွေ့ခဲ့တာပါ…
    နှင်းအိက သက်ပြင်းချလိုက်ပြီး။

နှင်းအိ ။    ။ ဘာမှဖြစ်တော့မှာ မဟုတ်ပါဘူး ပန်းအိရယ်၊ ဒီလောက်လည်း စိတ်ပူမနေပါနဲ့…

    နှင်းအိက ပန်းအိ အငိုတိတ်သွားအောင် ချော့သည်။

နှင်းအိ ။    ။ ဒီမှာ ပန်းအိ၊ အတိတ်တွေထဲက ရုန်းထွက်လိုက်ပါတော့ဟာ။ နင်ဒီအတိုင်း ဆိုရင် ကြာရင်ရူးသွားလိမ့်မယ်…
ပန်းအိ ။    ။ ငါလည်း မေ့ထားချင်တာပဲ၊ ဒါပေမယ့် မေ့လို့ မရဘူး…
နှင်းအိ ။    ။ ဒါကြောင့် ငါက ကိုဇော်ထက်နဲ့ လက်ထပ်ခိုင်းတာပေါ့။ ဒါနဲ့ ကိုဇော်ထက်နဲ့ရော အဲဒီလူနဲ့ တွေ့သေးလား…
ပန်းအိ ။    ။ တွေ့တော့ တွေ့တယ်၊ ကိုဇော်ထက် မရိပ်မိလောက်ပါဘူး…
နှင်းအိ ။    ။ ဒါဆို တော်သေးတာပေါ့လေ။ ခုချိန်ကစပြီး အတိတ် အကြောင်းတွေ အားလုံး မေ့ပစ်လိုက်တော့…

    ပန်းအိရဲ့ အတိတ်ဆိုး အရိပ်အောက်က လွှတ်ရန်၊ လုံးဝမေ့ပစ်မှကို ရမည်။ စိတ်ပြေလက်ပျောက် အနေနဲ့ နှင်းအိနဲ့ တူတူ Karaoke ကို အားရပါးရဆိုလိုက် ကြသဖြင့် စိတ်သက်သာရာ ရသွားသည်။ နောက်နေ့ မနက်ကစပြီး အတိတ်က ပန်းအိကို အတိတ်မှာ ထားခဲ့တော့မည်။ မနက်မိုးလင်းသည်နှင့် အနာဂတ်သစ်နှင့် ပန်းအိဖြစ်သည်။
- - - - - - - - - - - - - - - - - - - - - -

နှင်းအိက စနေနေ့ ရုံးပိတ်ရက်မို့ နန်တို(ကြက်ကင်) ဆိုင်သို့ နေ့လည်စာစားရန် တူတူထွက်လာကြသည်။

နှင်းအိ ။    ။ ဒီဆိုင်က ကြက်ကင်နဲ့ အသဲမြစ်ကင် နာမည် အရမ်းကြီးတာ၊ ကိုလာက တစ်ခွက်ဝယ်ပြီး ကြိုက်သလောက် ထပ်သောက်လို့ရတယ်လေ…
ပန်းအိ ။    ။ မိုက်လိုက်တာ၊ ဒါဆို ကိုလာဖိုးနဲ့တောင် တော်တော်တန်နေပြီး…

    စကားပြောနေစဉ် နှင်းအိဆီသို့ ဖုန်းတစ်ခုဝင်လာသည်။ သီဟ ဖုန်းများလာ သိချင်စိတ်ဖြင့် နားထောင်နေမိသည်။

နှင်းအိ ။    ။ ဟယ်လို၊ ပြော ခုပန်းအိနဲ့ နန်တိုဆိုင်မှာ နေ့လည်စာ စားနေတာ။ ပြီးရင်တော့ ရုပ်ရှင်သွားကြည့်မလားလို့။ နင်တို့နားက ရုပ်ရှင်ရုံမှာပဲလေ၊ နောက်ဆုံးတင်နေတဲ့ ရုပ်ရှင်ကား ၂နာရီခွဲပွဲ ကြည့်မလို့။ လာချင် လာခဲ့လေ၊ စောင့်နေမယ်။ ရပါတယ် မအားရင်တော့ မလာပါနဲ့။ အင်း ညရောက်မှ ပြန်ဆက်လိုက်မယ်လေ…

ပန်းအိ ။    ။ ဘယ်သူလဲ၊ သီဟလား…
နှင်းအိ ။    ။ ဟုတ်တယ်၊ သူ့သူငယ်ချင်း တစ်ယောက်နဲ့ ချိန်းထားလို့ မလာတော့ဘူးတဲ့…

    သီဟတော့ ပန်းအိကို တကယ် စိတ်ဆိုးသွားပြီးနဲ့ တူတယ် တွေးမိပြီး စိတ်မကောင်းဖြစ်မိသည်။ နောက်တစ်ခါ သီဟနဲ့ ပြန်တွေ့ရင်တော့ တောင်းပန်ဖြစ်အောင် တောင်းပန်ရမည်။ နှင်းအိ နဲ့ ပန်းအိ အင်္ကျီဆိုင်တွင် လျှောက်ကြည့်သည်။

နှင်းအိ ။    ။ ဒီအက်ီၤမလွဘူးလား…
ပန်းအိ ။    ။ လှတော့လှပါတယ်၊ ချက်ပေါ်နေတယ်…
နှင်းအိ ။    ။ ခုခေတ်က ချက်ပေါ်အောင် ၀တ်မှ မိုက်တာ…

 နှင်းအိက အ၀တ်အစား ၀ယ်သည်ကို နှစ်ချိုင့်သည်။ ပန်းအိကတော့ အိမ်အလုပ်လုပ်ရသည်ကို ပိုသဘောကျသည်။ နေ့လည်ပိုင်းမှာ ရုပ်ရှင်ကြည့်ရန် ထွက်လာကြသည်။ ရုပ်ရှင်ရှေ့တွင် ရပ်စောင့် နေသော သီဟကို မြင်လိုက်သည်နှင့် ပန်းအိ အရမ်းပျော်သွားမိသည်။

ပန်းအိ ။    ။ ဟိုမှာ သီဟပါ့လား…
နှင်းအိ ။    ။ အေးဟုတ်တယ်၊ မလာဘူးဆိုပြီး လာပါ့လား…
    သီဟ အနားရောက်တော့ သီဟက ပန်းအိကို မျက်နှာလွှဲထားသည်။ ပန်းအိကို စိတ်ဆိုး မပြေသေးပုံရသည်။

နှင်းအိ ။    ။ သီဟ နင်မလာဘူးဆို…
သီဟ ။    ။ ဟုတ်တယ်၊ ချိန်းထားပြီး မသွားဖြစ်လို့ဟ။ ပြီးတော့ ငါလည်း ဒီရုပ်ရှင်ကားကို ကြည့်ချင်နေတာနဲ့…
    နှင်းအိသည် သီဟ လက်မောင်းကို လှန်းချိတ်လိုက်သဖြင့် ပန်းအိ အံ့ဘြသွားသည်။ ယောကျာ်းလေး နဲ့ မိန်းခလေး သူငယ်ချင်းတွေ ဒီလို လက်ချိတ်သည်မှာ မလွန်ဘူးလား ဟုတွေးမိသည်။ မြန်မာ မိန်းခလေး တစ်ယောက် အတွက်တော့ ဒါဟာ မလုပ်သင့်တဲ့ လုပ်ရပ်မျိုးပင်။ ဒါပေမယ့် နှင်းအိကို တော့ ပန်းအိ ဘာမှ မပြောလိုက်ပေ။ သူတို့ နှစ်ယောက် လတ်မှတ်တူတူ ၀ယ်ရန် ထွက်သွားကြသည်။

နှင်းအိ ။    ။ ပန်းအိ ပေါက်ပေါက် အချိုစားမလား၊ အငံစားမလား…
ပန်းအိ ။    ။ ၂ခုလုံး စားလို့ မရဘူးလား…
    သီဟက ကိုလာ ခွက်ကြီး  ၂ခွက်ဝယ်လာသည်။ သီဟက ပန်းအိ မျက်နှာကိုတော့ သေချာ မကြည့်ပဲ စကားတော့ စလာပြောသည်။

သီဟ ။    ။ ပန်းအိစားချင်ရင် ၂ခုလုံး ရောယူလို့ရတယ်လေ။ ကျွန်တော် ထည့်ပေးမယ်၊ ရော့ အအေးဘူး ကိုင်ထားအုန်း…
   
    သီဟသည် ပေါက်ပေါက်ဆုပ် ကန်တော့ဖြင့် အချိုနဲ့ အငံ့ကို ရော၍ ထည့်လိုက်ပြီး ပန်းအိကို လာပေးသည်။ ပန်းအိလည်း မနေ့က ကိစ္စအတွက် သီဟကို အရမ်းတောင်းပန် ချင်သော်လည်း၊ နှင်းအိရှိနေ၍ တောင်းပန်လို့ မရပေ။ နှင်းအိကတော့ သီဟနားတွင် ကပ်လျှက် မတ်တပ်ရပ်နေသည်။ ထို့နောက် ပန်းအိဘက်သို့ လှည့်၍။

နှင်းအိ ။    ။ ပန်းအိ ငါနဲ့ သီဟ ဒီနေ့ အကျီင်္အရောင် တူမနေဘူးလား။ စိတ်ချင်း ဆက်နေတယ်နဲ့ တူတယ်…
ပန်းအိ ။    ။ ဟုတ်သားပဲနော်…
    သီဟက ဘာမှ မပြောပဲ၊ ရယ်လျှက် နေသည်။ ရုပ်ရှင်ရုံထဲသို့ တူတူဝင်လာကြသည်။ ရန်ကုန်က ရုပ်ရှင်ရုံနှင့် မတူသည်မှာ အရင်ရောက်တဲ့သူက ကြိုက်တဲ့ နေရာတွင် ထိုင်လို့ရသည်။ သီဟဘေးတွင် နှင်းအိက ထို်င်ပြီး နှင်းအိဘေးမှာ ပန်းအိထိုင်သည်။ ရုပ်ရှင် ချက်ချင်း မပြသေး၍ နှင်းအိ ခဏအိပ်သာ သွားရန် ထွက်သွားသဖြင့် ပန်းအိတောင်းပန်ရန် အခွင့်ကြုံတော့သည်။

ပန်းအိ ။    ။ သီဟ မနေ့က ကိစ္စကို ပန်းအိ တောင်းပန်ပါတယ်…
    သီဟက ပန်းအိကို လှည့်မကြည့်ပဲ မျက်နှာကို ခပ်တည်တည် လုပ်ထားသည်။

သီဟ ။        ။ ရပါတယ်…
ပန်းအိ ။    ။ ကျေအေးတဲ့သူကလည်း ရယ်လည်း မရယ်ပါ့လား။ ဒါဆို ကျေအေးတဲ့ အနေနဲ့ ရယ်ပြလေ…
   
    ထို့သို့ ပြောလိုက်မှ သီဟ ရယ်တော့သည်။ ရှုတ်တရပ် ဆိုသလို ပန်းအိဘေးသို့ သီဟ ချက်ချင်း ပြောင်းလာထိုင်သဖြင့် ပန်းအိ ကြောင်သွားသည်။ သီဟက ပန်းအိနားနားသို့ ကပ်၍ စကားကို တိုးတိုးလာပြောသည်။

သီဟ ။    ။ ပန်းအိ ဒီနေ့ အရမ်းလှတာပဲ၊ စိတ်ဆိုးပေမယ့် ပန်းအိကို တစ်နေ့ မတွေ့ရင် မနေနိုင်လို့ ထွက်လာခဲ့တာ…

    သီဟ ပြောလိုက်တဲ့ စကားကြောင့် ပန်းအိဘာပြန်ဖြေရမှန်း မသိတော့ပေ။
ပန်းအိ ။    ။ နှင်းအိ ပြန်လာတော့မယ်၊ ဟိုဘက်မှာ သွားထိုင်နော်…
သီဟ ။    ။ မရဘူး၊ မနက်ဖြန် ကျွန်တော်နဲ့ နေ့လည်စာ တူတူလိုက်စားမယ် ဆိုမှ ရမယ်၊ ဘယ်လိုလဲ…

    သီဟသည် ဇွတ်လုပ်တတ်သဖြင့် ပန်းအိ ခေါင်းညိတ်လိုက်သည်။ နှင်းအိ ဘယ်ချိန် ပြန်ရောက်လာသည်ကို မသိလိုက်ပဲ ပန်းအိနဲ့ သီဟကို အထင်လွဲသွားပုံရသည်။

နှင်းအိ ။    ။ နင်တို့ ၂ယောက် ဒါဘာလုပ်နေတာလဲ…
    နှင်းအိ မေးလိုက်တဲ့ မေးခွန်းကြောင့် ပန်းအိကို အရမ်းလန့်သွားသည်။

သီဟ ။        ။ ဘာလုပ်လို့လဲဟ၊ စကားပြောနေတာပေါ့…
နှင်းအိ ။    ။ ငါအတင်းပြောနေတာ မလား…

    ခုမှပဲ နည်းနည်း စိတ်သက်သာရ သွားတော့သည်။

ပန်းအိ ။    ။ ဟုတ်တယ်၊ သီဟ လာပြောတာ ငါမပါဘူးနော်၊ နှင်းအိ…
သီဟ ။    ။ အရင်တခါ ငါနဲ့ ရုပ်ရှင်လာကြည့်တုန်းက နင် ပေါက်ပေါက်ဆုပ်တွေ မှောက်ချလိုက်တဲ့ အကြောင်းပြောပြနေတာ…
   
    သီဟပြောလိုက်တဲ့ စကားကို နှင်းအိကယုံသွားပုံ ရသည်။ သီဟလည်း ဟိုဘက် ပြန်ပြောင်းထိုင်သည်။ ရုပ်ရှင်ကား စဖွင့်သည်နှင့် သရဲကား ဖြစ်နေ၍ ပန်းအိမှာ မကြည့်ရဲပဲ၊ တခါတလေ အားအား အော်မိလိုက်သည်။ နှင်းအိက ပန်းအိကို နားနားကပ်ပြီး။

နှင်းအိ ။    ။ ပန်းအိ သူများတွေရှိတယ်၊ တိုးတိုးကြည့်ပါ…
ပန်းအိ ။    ။ ငါလည်း ကြောက်တာကိုး…
နှင်းအိ ။    ။ ဒါလေးများ ဘာကြောက်စရာ ရှိလို့လဲ…

    ပန်းအိ ကြောက်သည်နှင့် ဆက်မကြည့်တော့ပဲ မျက်လုံး စုံမှိတ်ထားလိုက်သည်။ သို့သော်လည်း အသံနဲ့ကို စိတ်ထဲ ကြောက်နေမိသည်။ ထိုအချိန်တွင် ဘေးမှ နှင်းအိ အားဆိုတဲ့ ကျယ်လောင်တဲ့ အသံကို ကြားလိုက်သဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ နှင်းအိ ကိုင်ထားသော ပေါက်ပေါက်ဆုပ်ကန်တော့ကို ကြောက်ပြီး မှောက်ချလိုက်သဖြင့် ရှေ့တန်းတစ်ခုလုံး ပေါက်ပေါက်ဆုပ်များဖြင့် ပြန့်ကျဲသွားသည်။ ကံကောင်းချင်တော့ ရှေ့တန်းတွေ လူမရှိသောကြောင့် ဖြစ်သည်။ သီဟကတော့ နှင်းအိကို အားရပါးရ လှောင်ရယ်နေသည်။

ပန်းအိ ။    ။ နှင်းအိ ဘာလို့ ပေါက်ပေါက်ဆုပ်တွေကို လွတ်ပစ်လိုက်ရတာတုန်း၊ တမျှောစရာကြီး…
နှင်းအိ ။    ။ ဘယ်သူက တမင်လွတ်ပစ်မှာလဲ၊ ကြောက်ပြီး လွတ်ကျသွားတာကိုး…
သီဟ ။    ။ ပန်းအိရေ၊ အဲဒီလို လုပ်တာ ပထဆုံးအကြိမ်မဟုတ်ဘူး၊ အမြဲလုပ်နေကျ…

    ပန်းအိ နဲ့ သီဟက နှင်းအိလုပ်ပုံကို သဘောကျ၍ ရယ်သဖြင့် နှင်းအိ မျက်နှာကြီး စူပုပ်နေသည်။ ဒီနေ့အတွက် အမှတ်တရလေး တစ်ခုအနေနဲ့ ကျန်ခဲ့သည်။ ရုပ်ရှင်ပြီးလို့ အပြင်ကို ထွက်သည်နှင့် နှင်းအိက သီဟ နားသို့ကပ်လျှက် လက်ချင်းချိတ်လိုက်သည်။ သီဟက ပန်းအိရှိနေ၍ နှင်းအိ သူနားအတင်းလိုက်ကပ် နေသည်ကို အနေရခက်ပုံရသည်။

သီဟ ။        ။ ဂျက်စီကာ သူများတွေ့ရင်၊ တမျိုးထင်နေပါအုန်းမယ်…
နှင်းအိ ။    ။ ဘယ်သူများရှိလို့လဲ၊ ပန်းအိပဲရှိတာ။ တမျိုးထင်မယ်ဆိုလည်း ထင်ပစေပေါ့…

    ရုပ်ရှင်ကြည့်ပြီး အိမ်သို့ ပြန်ရန် ထွက်လာကြသည်။ နှင်းအိကြည့်ရတာ အရင်ကထက် သီဟအပေါ် တမင် ပိုတွယ်ကပ်နေပုံရသည်။ ပန်းအိအနေနဲ့တော့ ဒီလိုလုပ်ရင် ယောကျာ်လေးတွေက အထင်သေးတတ်သည်ကို သိ၍ နှင်းအိလုပ်နေပုံကို သဘောမကျပေ။ အိမ်ပြန်ရောက်တော့လည်း ပန်းအိရှေ့တွင် သီဟကို မုန့်ခွံကျွေးသည်။ ပန်းအိလည်း ကြည့်ရမှာ မျက်စိရှက်သည်နှင့် အပေါ်သို့ တက်သွားလိုက်သည်။ ခဏကြာမှ နှင်းအိ အပေါ်သို့ တက်လာသည်။

ပန်းအိ ။    ။ သီဟ ပြန်သွားပြီးလား…
နှင်းအိ ။    ။ မပြန်သေးပါဘူး၊ ညမှပြန်မှာ။ ငါကတော့ ဖြစ်နိုင်ရင် ညတောင် အိပ်စေချင်တာ…

    နှင်းအိ ကိုယ်မှာကို တန်ဖိုး မထားပဲ ပြောလိုက်တဲ့ စကားကို ပန်းအိ ခွင့်မလွှတ်နိုင်တော့ပေ။

ပန်းအိ ။    ။ နှင်းအိ မိန်းခလေး ဆိုတာ ကိုယ်မှာကို တန်ဖိုးထားမှ၊ ယောကျာ်းလေးက တန်ဖိုးထားမှာပေါ့။ ဒီလိုပေါ့ပေါ့ပျက်ပျက် နေထိုင်တာတွေ ငါမကြိုက်ဘူးနော်…
နှင်းအိ ။    ။ ဘာပဲ ပန်းအိက သီဟနဲ့တွဲနေတာကို မနာလို ဖြစ်နေတာလား…

    နှင်းအိ မေးခွန်းကို ကြည့်ခြင်းအားဖြင့် ပန်းအိနဲ့ သီဟကို အထင်လွှဲနေသည်မှာ သေချာသွားသည်။

ပန်းအိ ။    ။ ငါ သီဟကို ကြိုက်လည်း မကြိုက်ဘူး၊ စိတ်လည်း ၀င်မစားတာမို့။ ငါရှေ့မှာ တမင် လုပ်ပြနေလည်း ဘာမှထူးမှာ မဟုတ်ဘူး…
နှင်းအိ ။    ။ တော်သေးတာပေါ့၊ ငါက ကြိုက်နေမလားလို့ မေးကြည့်တာပါ။ သီဟရေ အပေါ်ခဏတက်လာပါအုန်း…

    မိန်းခလေး နေတဲ့အခန်းရှိရာသို့ သီဟကို လှန်းခေါ်လိုက်သဖြင့် ပန်းအိ အရမ်းလန့်သွားသည်။ သီဟက အပေါ်သို့ ပြေးတက်လာသည်။

သီဟ ။        ။ နှင်းအိ ဘာဖြစ်လို့လဲ…
နှင်းအိ ။    ။ သီဟ နင်ကို ရွေးချယ်ခိုင်းမလို့…
    နှင်းအိ ပြောတဲ့စကားရဲ့ အဓိပ္ပါယ်ကို ပန်းအိ နားမလည်ပေ။
သီဟ ။    ။ ငါက ဘာကို ရွေးချယ်ရမှာလဲ…
နှင်းအိ ။    ။ သီဟ ငါနင်ကို မေးမယ်နော်…
သီဟ ။    ။ မေးလေ…
နှင်းအိ ။    ။ နင်ငါအခန်းမှာ အိပ်မှာလား၊ ပန်းအိ အခန်းမှာ အိပ်မှာလား…

    နှင်းအိ ပြောတဲ့ စကားသည် အရမ်းကို ပြင်းထန်သွားသည်။ မိန်းခလေး တစ်ယောက်၏ သိက္ခာကိုတောင် မထောက်ပဲ မပြောသင့်တဲ့ စကားကို ပြောလိုက်ခြင်းဖြစ်သည်။ ပန်းအိ အဲဒီလို ပြောခံရသဖြင့် အရမ်းလည်း ရှက်သည်။ သီဟကလည်း နှင်းအိ စကားကြောင့် အရမ်းအံ့အားသင့် သွားသည့် ပုံပေ။

ပန်းအိ ။    ။ နှင်းအိ ဘာတွေ လျှောက်ပြောနေတာလဲ…
နှင်းအိ ။    ။ အလကား နောက်တာပါ၊ သီဟ ဘယ်ခန်းမှာ အိပ်ချင်လည်း သိချင်လို့…
သီဟ ။    ။ ဂျက်စီကာ နင် အရမ်းလွန်နေပြီ ထင်တယ်နော်၊ ဒီစကားကို နင်မပြောသင့်ဘူး။ တော်ပြီ၊ ငါပြန်တော့မယ်ဟာ…

    သီဟ စိတ်ဆိုးပြီး ထွက်သွားတော့သည်။ နှင်းအိလည်း သီဟ အနောက်သို့ ပြေးလိုက်သွားသည်။ ပန်းအိမှာ ရှက်လွန်းလို့ သီဟကို နောက်တစ်ခါ မျက်နှာတောင် မပြရဲတော့ပေ။ ထို့နေ့က နှင်းအိနဲ့ ပန်းအိ စိတ်ဆိုးပြီး စကားမပြောကြပေ။

- - - - - - - - - - - - - - - - - - - - - -

ဒါပေမယ့် နောက်နေ့ရောက်တော့ ပန်းအိက အစ်မဆိုတော့ အရင်ပြန်ခေါ်လိုက်သည်။ နှင်းအိအတွက် ထမင်းချိုင့် အားလုံး ပြင်ဆင်ပေးသည်။ နှင်းအိလည်း သူအမှားကို သိ၍ ပန်းအိကို ပြန်တောင်းပန် သွားပြီး ရုံးသို့ ထွက်သွားသည်။ ပန်းအိ နေ့လည်စာစားရန် ချက်ပြုတ်နေစဉ် ဘဲလ်တီးသံ ကြားသည်။ တံခါး အပေါက်မှ ကြည့်လိုက်တော့ သီဟ ဖြစ်နေ၍ ပန်းအိ ဖွင့်ပေးရမည်ကို မ၀ံမရဲ ဖြစ်နေသည်။ သီဟက ပန်းအိ အထဲမှာ ရှိမှန်းသိ၍ မပြန်ပဲ၊ ဘဲလ်ကို မဆက်မပြတ်တီးနေ၍ ဖွင့်ပေးလိုက်ရသည်။

သီဟ ။    ။ ပန်းအိ ကျွန်တော်ကို မနေ့က နေ့လည်စာ လိုက်စားဖို့ ကတိပေးထားတာ မေ့နေပြီးလား…
ပန်းအိ ။    ။ ပန်းအိ တောင်းပန်ပါတယ်၊ လိုက်စားလို့ ဖြစ်မယ် မထင်ဘူး…
သီဟ ။    ။ နှင်းအိကြောင့်မလား၊ ကျွန်တော် အဲဒီကိစ္စလည်း တိုင်ပင် စရာရှိလို့ လာခဲ့တာပါ…

    သီဟက နှင်းအိ အကြောင်း တိုင်ပင် စရာရှိသည် ပြော၍ ပန်းအိ နေ့လည်စာစားရန် တူတူထွက် လာလိုက်သည်။ သီဟက Pizza Hut ပီဇာဆိုင်ရှေ့တွင် ကားရပ်လိုက်သည်။ ထို့နောက် ပီဇာဆိုင်ထဲသို့ တူတူဝင်လာကြသည်။

သီဟ ။        ။ ပန်းအိ ဒီတစ်ခါတော့ ရေပဲ သောက်မယ် မပြောနဲ့နော်…
ပန်းအိ ။    ။ ဟုတ်ကဲ့၊ ပန်းအိက ပီဇာကြိုက်ပါတယ်…
သီဟ ။        ။ တော်သေးတာပေါ့ဗျာ…

    သီဟသည် စားပွဲထိုးကို လှန်းခေါ်လိုက်ပြီး ပီဇာမှာလိုက်သည်။

ပန်းအိ ။    ။ နှင်းအိ အကြောင်း တိုင်ပင်စရာရှိလို့ဆို…
သီဟ ။    ။ ဟုတ်တယ်။ ကျွန်တော် အမှန်တိုင်း ၀န်ခံရရင် အရင်တုန်းက ဂျက်စီကာကို စိတ်ဝင်စား မိတာတော့ အမှန်ပဲဗျ…
ပန်းအိ ။    ။ အရင်တုန်းက ဆိုတော့ ခုရော နှင်းအိကို မကြိုက်တော့ဘူးလား။ မနေ့က ကိစ္စကြောင့် ဆိုရင် နှင်းအိ အစား ပန်းအိ တောင်းပန်ပါတယ်။ နှင်းအိကလေ သီဟနဲ့ ပန်းအိကို အထင်လွဲသွားပြီး ပြောမိလိုက်တာပါ…
သီဟ ။    ။ မနေ့က ကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး။ နှင်းအိကို ကျွန်တော် စိတ်ပဲ ၀င်စားခဲ့တာ၊ တခါမှ မချစ်ဘူးဗျ…
သီဟပြောလိုက်သော စကားကို နှင်းအိသိရင် အရမ်းဝမ်းနည်းမှာ သေချာသည်။

ပန်းအိ ။    ။ ၇ှင်…
    သီဟသည် ပန်းအိကို စိုက်ကြည့်၍။
သီဟ ။    ။ ကျွန်တော် တကယ်ချစ်မိ သွားတာက…

    သီဟ ပြောမည့်စကားကို ပန်းအိ သိနေသဖြင့် မပြောအောင် ဟန့်တားလိုက်သည်။

ပန်းအိ ။    ။ သီဟ ပြောမယ့်စကားကို ပန်းအိသိတယ်။ ဆက်မပြောပါနဲ့တော့ ဒီစကားကြောင့် နှင်းအိ စိတ်ထိခိုက်မှာကို ပန်းအိ မလိုလားလို့ပါ…
သီဟ ။    ။ ပန်းအိ ဒီလိုဟန့်တားလည်း ကျွန်တော် ပန်းအိကို ချစ်တဲ့ အချစ်က ပြောင်းလဲသွားမှာ မို့လို့လား…

    ပန်းအိတားလိုက်တဲ့ ကြားထဲမှ သီဟဆီက ချစ်တယ်ဆိုတဲ့ စကားကို ရအောင် ပြောသွားသေးသည်။ ပန်းအိ ဘာမှ ဆက်မပြောနိုင်ပဲ၊ ခေါင်းကို ငုတ်ထားလိုက်သည်။

သီဟ ။    ။ ကျွန်တော် ပန်းအိကို ဘယ်လို ချစ်သွားမှန်း၊ ကျွန်တော်ကိုယ်တိုင် တောင် မသိဘူးဗျာ။ ပန်းအိနဲ့ တစ်နေ့လောက် မတွေ့ရရင် ကျွန်တော် ဘယ်လိုမှ မနေနိုင်ဘူးဗျာ။ ကျွန်တော် ခံစားရအောင် မလုပ်ပါနဲ့ ပန်းအိရယ်။ ပန်းအိလည်း ကျွန်တော်ကို ချစ်တယ် မဟုတ်လားဟင်…

    ပန်းအိ သီဟကို ဘယ်လို ပြန်ဖြေရမှာလဲ။ သီဟကို ချစ်လား၊ မချစ်ဘူးလား ဆိုတဲ့ မေးခွန်းကို ပန်းအိ တခါမှလည်း မစဉ်းစားမိခဲ့ဘူးပေ။ နှင်းအိ သိသွားရင် အရမ်းခံစားရမယ် ဆိုသည့် အတွေးသာ ပန်းအိ ခေါင်းထဲမှာ ပြည့်နှက်နေသည်။

ပန်းအိ ။    ။ နှင်းအိကို မထိခိုက်စေချင်တာပဲ ပန်းအိသိတယ်။ ဒါကြောင့် ပန်းအိကို တကယ်ချစ်ရင်၊ ဒီစကားကို တခါမှ မပြောခဲ့ဘူးပဲ သတ်မှတ်လိုက်ပါနော်…

    ထိုအချိန်တွင် စားပွဲထိုးက နတ်နတ်သီးနဲ့ Ham ပီဇာ လာချသည်။ အပေါ်မှာလည်း ချိစ်တွေ အပြည့်နဲ့ ပန်းအိ အကြိုက်ဖြစ်သည်။ သီဟလည်း စကားဆက် မပြောတော့ပဲ၊ ပန်းအိ ပန်းကန်ထဲသို့ ပီဇာထည့်ပေးသည်။ ပန်းအိ ရင်ထဲမှာ အရမ်းပူလောင်နေသည်နှင့် ပီဇာကို မစားနိုင်ပေ။ ဒါပေမယ့် သီဟနဲ့ နောက်ဆုံး တွေ့ခြင်းဖြစ်၍ သီဟကျွေးသည့် ပီဇာကို စားလိုက်သည်။ သီဟကတော့ ပီဇာမစားပဲ ပန်းအိကိုပဲ တချိန်လုံး ထိုင်ကြည့်နေသည်။ ပန်းအိ တခြားအကြောင်း အရာကို စကားလွှဲရန် ကြိုးစားသည်။

ပန်းအိ ။    ။ ဘုရင်မနန်းတော်က ဒီနေရာနဲ့ဝေးလားဟင်…
သီဟ ။    ။ သိပ်မဝေးပါဘူး၊ ကျွန်တော်ကားနဲ့ သွားရင် ၁၀မိနစ်လောက်နဲ့ ရောက်ပါတယ်။ ပန်းအိသွားချင်လို့လား…
ပန်းအိ ။    ။ ဟုတ်ကဲ့…
သီဟ ။    ။ ကျွန်တော် လိုက်ပို့ပေးမှာပေါ့၊ လာသွားရအောင်…

    သီဟနဲ့ ပန်းအိ ဘုရင်မနန်းတော်ရှိရာသို့ ထွက်လာကြသည်။ ဘုရင်မ နန်းတော်ရှေ့ ရောက်တော့် နှင်းအိဆီမှ ဖုန်းဝင်လာသည်။

သီဟ ။    ။ ဂျက်စီကာ အေးပြော။ ခုငါလား ပန်းအိကို ဘုရင်မနန်းတော် လိုက်ပြနေတာ။ ပန်းအိ လိုက်ပို့ခိုင်းတာ မဟုတ်ပါဘူး၊ ငါကိုနှိုက်က ပို့ပေးချင်လို့ပါ။ ပန်းအိနဲ့ ပြောချင်လို့လား၊ ပန်းအိက ရေခဲမုန့် သွားဝယ်တယ်။ အေးနောက်မှ ပြန်ဆက်မယ်…

ပန်းအိဘေးတွင် ရှိရက်နဲ့ သီဟက နှင်းအိနဲ့ ပန်းအိကို ဖုန်းပေးမပြောသည်ကို ပန်းအိ နားမလည်ပေ။

ပန်းအိ ။    ။ နှင်းအိလား၊ ပန်းအိကို ဘာလို့ မခေါ်ပေးတာလဲ…
သီဟ ။    ။ ပန်းအိ နဲ့ နှင်းအိက တညလုံးတွေ့နေရတာလေ။ ကျွန်တော်က ပန်းအိနဲ့ အချိန်တိုတိုလေး တွေ့ရတာ၊ ကျွန်တော် အချိန်တွေကို သူများကို မခွဲပေးနိုင်ပါဘူး…

ပန်းအိလည်း တခြား အကြောင်းအရာကို စကားလွှဲပြီး ပြောသည်။

ပန်းအိ ။    ။ ဟိုမှာ ရပ်နေတဲ့ အစောင့်က လှုပ်လည်း မလှုပ်ဘူးနော်…
သီဟ ။    ။ သူတို့က အချိန်နဲ့ ချိန်းပြီးစောင့်ရတာ၊ ယင်နားရင်တောင် မလှုပ်ရဘူးလေ။ မယုံရင် ပန်းအိ တုတ်နဲ့ သွားတို့ကြည့်ပါ့လား…

    ပန်းအိလည်း ရယ်လျှက်။
ပန်းအိ ။    ။ ယုံပါတယ်။ ပန်းအိကို အဲဒီအစောင့်နဲ့ ဓာတ်ပုံ တစ်ပုံလောက် တွဲရိုက်ပေးပါလား…
သီဟ ။        ။ ကျွန်တော် ဒီလူကို မနာလိုဖြစ်တယ်…
ပန်းအိ ။    ။ ဘာဖြစ်လို့လဲ…
သီဟ ။    ။ ပန်းအိက ကျွန်တော်နဲ့တော့ တွဲမရိုက်ပဲ၊ သူနဲ့တွဲရိုက်မယ် ဆိုတော့။ ဒီလိုလုပ်ဗျာ ကျွန်တော်နဲ့ တွဲရိုက်မယ်ဆိုရင် သူနဲ့လည်း တွဲရိုက်ပေးမယ် ဘယ်လိုလဲ…
ပန်းအိ ။    ။ ဟုတ်ပါပြီ…

သီဟက အင်္ဂလန်ရူခင်းတွေနဲ့ အတူ ပန်းအိကို ဓာတ်ပုံတွေ အများကြီး ရိုက်ပေးသည်။ သီဟနဲ့လည်း ဓာတ်ပုံတွဲရိုက် လိုက်သေးသည်။ သီဟခမျာ ပန်းအိနဲ့ တူတူလျှောက်လည် ရလို့ တော်တော် ပျော်နေပုံရသည်။ ပန်းအိ အတွက်တော့ သီဟနဲ့နောက်ထပ် မတွေ့တော့ဘူး၊ စိတ်ဆုံးဖြတ်ပြီးသားမို့ နောက်ဆုံးအနေနဲ့ လိုက်လျောပေးခြင်း ဖြစ်သည်။ ညနေစောင်းတော့ ပန်းအိကို အိမ်ပြန်လိုက်ပို့ပေးသည်။ ပန်းအိ ကားပေါ်က ဆင်းလိုက်ပြီး သီဟကို နှုတ်ဆက်သည်။

သီဟ ။        ။ ပန်းအိကို ကျွန်တော် အရမ်းချစ်တယ်…

အော်ပြောပြီးမှ သီဟ ကားမောင်း ထွက်သွားလေသည်။  ပန်းအိကတော့ သီဟအတွက် စိတ်မကောင်းဖြစ်ပြီး ကျန်ရစ်ခဲ့သည်။ ညနေရောက်တော့ နှင်းအိ ပြန်လာသည်။ နှင်းအိကြည့်ရတာ မျက်နှာ သိပ်မကောင်းပေ။

နှင်းအိ ။    ။ ပန်းအိ စကားပြောစရာရှိတယ် အပေါ်တက်ခဲ့အုန်း…
    ပန်းအိ စိတ်ထဲ ဘာများပြောမလို့လဲ သိချင်စိတ်ဖြင့် အပေါ်ထက်သို့ တူတူလိုက်တက်သွားသည်။

နှင်းအိ ။    ။ ငါပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်၊ နင်သီဟနဲ့ နောက် ဘယ်တော့မှ မတွေ့တော့နဲ့ဟာ…
ပန်းအိ ။    ။ ဘာဖြစ်လို့လဲ…
နှင်းအိ ။    ။ ဘာဖြစ်လို့လဲ ဟုတ်လား။ သီဟကို အတင်းလိုက်ကပ်နေတာ ငါမသိဘူးများ အောင်းမေ့နေလား…

    နှင်းအိ ပြောလိုက်တဲ့ စကားသည် အရမ်းလွန်သွားသည်။ သီဟကို ပန်းအိ နောက်ထပ် မတွေ့တော့ဘူး၊ စိတ်ဆုံးဖြတ်ပြီးသားပေ။ ဒါပေမယ့် နှင်းအိ ဒီလောက်ထိ ပန်းအိကို အထင်မသေးသင့်ပေ။ ပန်းအိ စိတ်အနည်းငယ်တို သွားသည်နှင့် မပြောသင့်တဲ့ စကားကို ပြောလိုက်မိသည်။

ပန်းအိ ။    ။ သီဟကသာ ငါကိုကြိုက်နေတာ၊ ငါက ကြိုက်နေတာ မဟုတ်ဘူး…
    ပန်းအိ စကားကို မှားပြောလိုက်မိသည် သိသည်။

နှင်းအိ ။    ။ ဘာပြောတယ်၊ သီဟက ပန်းအိကို ကြိုက်နေတယ်…
ပန်းအိ ။    ။ မဟုတ်ပါဘူး၊ ငါ စိတ်ဆိုးပြီး ပြောလိုက်တာပါ။ ငါ သီဟကို နောက်မတွေ့တော့ဖို့ ကတိပေးတယ်…
နှင်းအိ ။    ။ ဒါဆိုရင်လည်း ပြီးရောလေ။ ဒါနဲ့ အန်တီ ဆွစ်တီ ဖုန်းဆက်သေးတယ်၊ ပန်းအိကို သူတို့အိမ်ကို လာလည်ဖို့ ခေါ်နေတယ်…

    ပန်းအိကို နှင်းအိ တမင်ပထုတ်နေသည်ကို ပန်းအိ ရိပ်မိသော်လည်း ဘာမှပြန်မပြောလိုက်ပေ။ အန်တီဆွစ်တီ ဆိုတာ ပန်းအိတို့ရဲ့ တ၀မ်းကွဲ အဒေါ်ဖြစ်သည်။ အန်တီ ဆွစ်တီက ရယ်ဒင်းမြို့မှာ နေသည်။ လန်ဒန်ကနေ ၃နာရီလောက် မောင်းပြီး သွားရသည့် ခရီးဖြစ်သည်။ အန်တီဆွစ်တီက အပျိုကြီး အသက်၅၀လောက် ရှိသည်။ အင်္ဂလန်တွင် နေနေသည်မှာ ကြာလှပြီးဖြစ်၍ ပန်းအိတို့နဲ့တော့ အရမ်းမရင်းနှီးပေ။

ပန်းအိ ။    ။ ဟုတ်လား၊ ဒါပေမယ့် အန်တီဆွစ်တီက တခြားမြို့မှာ ဆိုတော့ သွားလည်ဖို့ ဘယ်လွယ်ပါ့မလဲ…
နှင်းအိ ။    ။ ဒီအတွက် ဘာမှ ပူမနေနဲ့ ငါအားလုံး စီစဉ်ပြီးသား။ မနက်မိုးလင်းရင် ကိုဇော်ထက်က ပန်းအိကို အန်တီဆွစ်တီတို့ အိမ်ကို လိုက်ပို့ပေးလိမ့်မယ်…
နှင်းအိ ။    ။ ကိုဇော်ထက်က အန်တီဆွစ်တီနဲ့လည်း ခင်တယ်လေ။ ကိုဇော်ထက်က ပန်းအိက အရမ်းသဘောကျနေတာ…
ပန်းအိ ။    ။ ဘြော်၊ နှင်းအိ ကောင်းသလို စီစဉ်လိုက်ပါ…

    ပန်းအိမှာ နှင်းအိ အတင်းအကြပ် စီစဉ်သည်ကို မလွှဲသာပဲ လက်ခံလိုက်ရသည်။ အစကတော့ ပန်းအိကိုယ်တိုင်က သီဟကို ရှောင်ချင်တာပါ။ ခုတော့ အဝေးကို ထွက်သွားရမည် ဆိုတော့ သီဟအတွက် စိတ်မကောင်းဖြစ်မိသည် ကအမှန်ပေ။

- - - - - - - - - - - - - - - - - - - - - -

နောက်နေ့မနက် ရောက်သည်နှင့် ကိုဇော်ထက် ရောက်လာသည်။ ပန်းအိ အန်တီဆွစ်တီ တို့ဆီမှာ ၅ရက်လောက် နေရမည် ဖြစ်၍ အကျီင်္အ၀တ်အစား အနည်းငယ် ယူလာသည်။ ထို့နောက် နှင်းအိကို နှုတ်ဆက်ပြီး ကိုဇော်ထက်နှင့်တူတူ ထွက်လာသည်။ လမ်းတွင် နေ့လည်စာဝင်စားရန် ဆိုင်တစ်ခုတွင် ရပ်လိုက်သည်။ 

ကိုဇော်ထက် ။    ။ ပန်းအိ ပြန်ချင်ရင် အချိန်မရွေး၊ ကိုဆီဖုန်းဆက်လိုက် ကိုပြန်လာခေါ်ပေးမယ်။ ကိုလည်း ပန်းအိကို မတွေ့ရတော့၊ အရမ်းလွမ်းနေတော့မှာပဲ…
ပန်းအိ ။    ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ကိုဇော်ထက်…
ကိုဇော်ထက် ။    ။ ပန်းအိမှာ ချစ်သူ တခါမှ မရှိဖူးဘူးလို့ နှင်းအိက ပြောတယ်…
ပန်းအိ ။    ။ နှင်းအိက အဲဒီလိုပြောလား၊ ကိုဇော်ထက်က ပန်းအိ အတိတ်အကြောင်းတွေ သိချင်လို့လား…
ကိုဇော်ထက် ။    ။ အဲဒီလို မဟုတ်ပါဘူး ပန်းအိ။ ကိုက ပန်းအိ အတိတ်မှာ ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့၊ ခုပန်းအိကိုပဲ မြတ်နိုးတန်ဖိုး ထားတာပါ။ အတိတ် အကြောင်းတွေကို လုံးဝကို စိတ်မ၀င်စားဘူး ဆိုတာတော့ ပန်းအိယုံပါနော်…

    ကိုဇော်ထက် စကားကြောင့် ပန်းအိ ကိုဇော်ထက်ကို ကျေးဇူးတင်မိတာတော့ အမှန်ပင်။ ပန်းအိ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ချင်လှပါပြီ။

ပန်းအိ ။    ။ ဟုတ်ကဲ့ ပန်းအိ ကိုဇော်ထက်ကို ယုံပါတယ်…
ကိုဇော်ထက် ။    ။ ပန်းအိဆီက အချစ်ကိုလည်း ချက်ချင်း မမျှော်လင့်ပါဘူး။ ပန်းအိ ကိုကို လေ့လာကြည့်ပါလို့ပဲ ကိုပြောချင်တာပါ…

    ပန်းအိ ဘာမှပြန်မဖြေပဲ ခေါင်းသာညိတ်လိုက်သည်။ ထို့နောက် ရယ်ဒင်းမြို့သို့ ဆက်ခရီးနှင်လာခဲ့သည်။ အန်တီဆွစ်တီက ပန်းအိကိုလည်း မြင်ရော ၀မ်းသာအားရနဲ့ စောင့်ကြိုသည်။ အန်တီဆွစ်တီနဲ့ ကိုဇော်ထက်နဲ့လည်း တော်တော် ရင်းနှီးပုံရသည်။ ကိုဇော်ထက်လည်း ပန်းအိကို ပို့ပေးခဲ့ပြီး လန်ဒန်သို့ ပြန်မောင်းသွားသည်။

အန်တီဆွစ်တီ။     ။ သမီးပန်းအိ၊ ဒီမှာ ပျော်သလောက်သာနေ။ အန်တီဆွစ်တီကလည်း တစ်ယောက်ထဲ ဆိုတော့ အရမ်းအထီးကျန်တာ။ သမီးမာမီကိုလည်း အင်္ဂလန်လာလည်ဖို့ ခေါ်နေတာ မလာကြဘူးလေ…
ပန်းအိ ။    ။ ဟုတ်တယ်၊ အဖေအလုပ်ကလည်း ရှိသေးလို့ မလာဖြစ်ကြတာ။ နောက်နှစ်တော့ လာလည်မယ် ပြောပါတယ်…

    အန်တီဆွစ်တီက ပန်းအိအပေါ် အရမ်းကောင်းသည်။ ပန်းအိလာမည် ဆို၍ အိပ်ယာအသစ်၊ စားစရာ အားလုံး ၀ယ်ထားပေးသည်။ ပန်းအိကိုလည်း ရယ်ဒင်းမြို့ကို လိုက်ပြပေးသေးသည်။ အကျီင်္တောင် ပန်းအိနဲ့ နှင်းအိအတွက် ၀ယ်ပေးလိုက်သေးသည်။ ပန်းအိ ရောက်ပြီး ၂ရက်လောက်နေတော့ နှင်းအိ ဖုန်းဆက်သည်။

ပန်းအိ ။    ။ နှင်းအိလားပြော…
နှင်းအိ ။    ။ ပန်းအိ နေထိုင်ရတာ အခြေပြေရဲ့လား…
ပန်းအိ ။    ။ အေးပြေပါတယ်၊ အန်တီ ဆွစ်တီက အရမ်းသဘောကောင်းတာ။ ငါလိုချင်တာ အားလုံး လိုက်ဖြည့်ဆည်းပေးနေလို့ အားတောင် နာတယ်…
နှင်းအိ ။    ။ ပန်းအိ သီဟကိုရော ဒီကို ထွက်သွားတဲ့ အကြောင်း ပြောပြခဲ့သေးလား…
ပန်းအိ ။    ။ မပြောပြခဲ့ပါဘူး၊ ဘာဖြစ်လို့လဲ…
နှင်းအိ ။    ။ ဘာဖြစ်ရမှာလဲ၊ ငါက ပန်းအိကို ဖွက်ထားပါတယ် ဆိုပြီး မနေ့က ငါအိမ်မှာ လာသောင်းကျန်းသွားတယ်လေ။ ငါက ကိုဇော်ထက်နဲ့ ပန်းအိ ခရီးတူတူ ထွက်သွားတယ် ပြောလိုက်တာကို မယုံဘူးလေ…
နှင်းအိ ။    ။ အဲဒါ သီဟ ဆက်သွယ်လာရင် လုံးဝ လက်ခံမပြောနဲ့နော်။ ပျော်တယ် ဆိုလည်း၊ ကြာကြာနေသိလား…

နှင်းအိကလည်း ပန်းအိ အဆင်ပြေရဲ့လား၊ ဖုန်းဆက်ပေမယ့် နောက်ဆုံးတော့ ကြာကြာနေဖို့ပဲ ပြောသွားသည်။ နှင်းအိ ဖုန်းချသွားမှ သီဟများ ပန်းအိကို မုန်းသွားပြီးလား တွေးမိပြီး စိတ်မကောင်းဖြစ်သွားသည်။ ပန်းအိ ဘာလို့ သီဟ မုန်းမှာကို ကြောက်နေပါ့လိမ့်၊ သီဟကိုများ ပန်းအိ ချစ်မိနေပြီးလား မေးခွန်းကို ပြန်မေးမိသည်။ သီဟကို ချစ်မိလို့ လုံးဝ မဖြစ်ပေ၊ နှင်းအိသိရင် ပန်းအိကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ပေ။
အန်တီဆွစ်တီက ဆရာဝန်ဆိုတော့ ရုံးသွားချိန်တွေမှာဆို ပန်းအိ တစ်ယောက်ထဲ ပျင်းပြီး ကျန်ရစ်ခဲ့သည်။ ရယ်ဒင်းမြို့သို့ ရောက်နေသည်မှာ ၄ရက်လောက် ရှိသွားပြီ။ သီဟ ခုချိန်ဆို ပန်းအိ ဘယ်ရောက်နေမှန်း သိချင်နေမှာ အမှန်ပေ ဖြစ်သည်။
    သီဟနဲ့ မတွေ့တာ ကြာမှ၊ သီဟကို တွယ်တာမိနေတဲ့ ပန်းအိ ခံစားချက်တွေကို တဖြည်းဖြည်း နားလည်လာသည်။ ပန်းအိ မလုပ်သင့်သည်ကို မလုပ်ရန် ကိုဇော်ထက်ဆီသို့သာ စိတ်တွေကို ပို့ထားသည်။ ကိုဇော်ထက်ကတော့ ပန်းအိဆီ ခုလာမယ့် စနေနေ့ရောက်ရင် လာလည်မည် ပြောသည်။ ၅ရက်မြောက်နေ့တွင် ပန်းအိ ပါလာတဲ့ အကျီင်္တွေကို ရှင်းလင်းရင်း သီဟပေးထားသော ပန်းရောင် လက်အိတ်လေးကို တွေ့တော့ သီဟကို တွေ့ချင်တဲ့ စိတ်တွေ အရမ်းကို ဖြစ်ပေါ်လာသည်။ ပန်းအိ မနေနိုင်တဲ့ အဆုံး သီဟ ဖုန်းနံပါတ် ပန်းအိ ဆီတွင် ရှိ၍ အိမ်ဖုန်းမှ လှန်းဆက်လိုက်သည်။

သီဟ ။        ။ ဟယ်လို၊ ဟယ်လို၊ ဟယ်လို ပြောပါ…
    သီဟ အသံကြားရရင်တော်ပါပြီ၊ စိတ်ဖြေ၍ ဖုန်းချလိုက်သည်။ ချက်ချင်း ဖုန်းသံကြား၍ ပန်းအိပြန် ကောက်ကိုင်လိုက်သည်။

ပန်းအိ ။    ။ ဟယ်လို…
သီဟ ။        ။ ပန်းအိမှန်း ကျွန်တော်သိလို့ ဖုန်းပြန်ဆက်လိုက်တာ၊ ဖုန်းမချလိုက်ပါနဲ့နော်…

    သီဟ ဟိုဘက်မှ ဖုန်းကိုင်လျှက် ငိုနေသဖြင့် ပန်းအိ အရမ်းစိတ်မကောင်း ဖြစ်သွားသည်။

ပန်းအိ ။    ။ သီဟ ဘာလို့ ငိုနေတာလဲ…
သီဟ ။    ။ ပန်းအိ ကျွန်တော်ကို ရှောင်မထွက်ပြေးပါနဲ့ဗျာ။ ကျွန်တော် မခံစားနိုင်လွန်းလို့ပါ၊ ကျွန်တော် အသဲတွေ ကွဲအက်ကုန်ပြီးဗျ…
ပန်းအိ ။    ။ ပန်းအိ ထွက်ပြေးတာ မဟုတ်ပါဘူး။ မမှားသင့်တာ မမှားရအောင်ပါ…
သီဟ ။    ။ ကျွန်တော်လေ ပန်းအိကို နောက်ထပ် မတွေ့တော့မှာ စိုးလို့၊ တကယ်ကို အရူးတပိုင်းလို ဖြစ်နေတာပါဗျာ…
    ပန်းအိလည်း မျက်ရည်များ စီးကျလာသည်။

ပန်းအိ ။    ။ ပန်းအိ တောင်းပန်ပါတယ် သီဟရယ်…
သီဟ ။        ။ ပန်းအိ ခု ဘယ်မှာလဲဟင်၊ ကျွန်တော်ကို ပြောပြနော်…

သီဟသည် အရူးတစ်ပိုင်း ဖြစ်သလို ပျာပျာသလဲ ဖြစ်နေ၍ ပန်းအိ ဘယ်လိုမှ မကြည့်ရက်ပေ။ ပန်းအိ ရောက်နေသည့် နေရာကို ပြောပြရမလား၊ မပြောရဘူးလား ဝေခွဲမရတော့ပေ။ ဒါပေမယ့် သီဟက ပန်းအိကို တွေ့ချင်နေသလို၊ ပန်းအိလည်း သီဟကို အရမ်းတွေ့ချင်နေသည်။ ဒါကြောင့် ပန်းအိ လိပ်စာကို ပြောပြလိုက်သည်။ ထိုအချိန်မှာ နေ့လည် ၁နာရီလောက်ဖြစ်နေပြီ ဖြစ်၍ နောက်၃နာရီကြာရင် ရယ်ဒင်း Shopping Mall ရှေ့တွင်စောင့် နေရန် ချိန်းလိုက်သည်။ ပန်းအိ Shopping Mall ရှေ့တွင် စောင့်ရင်း ပန်းအိ လုပ်ရပ်တွေ မှန်လား၊ မမှန်ဘူးလား စဉ်းစားမရတော့ပေ။ ၄နာရီလောက် သီဟ ရောက်လာသည်။ သီဟ မျက်နှာလေးက အရမ်းကို သိသိသာသာ ချောင်ကျသွားသည်။ ပန်းအိလေ သီဟကို အရမ်းသနားသွားမိသည်။ သီဟသည် ပန်းအိကို တွေ့သည်နှင့် အတင်းပြေးဖက်လိုက်သည်။ ပန်းအိ ပြန်မရုန်းနိုင်ပဲ၊ ပြန်ဖက်ထား လိုက်မိသည်။ ခဏကြာမှ သီဟနဲ့ ပန်းအိ ရယ်နိုင်ကြတော့သည်။

သီဟ ။        ။ ခုမှ ဘာရယ်နေတာလဲ၊ ထားခဲ့တုန်းက ထားခဲ့ပြီးတော့…
ပန်းအိ ။    ။ သီဟပုံက ရယ်ရလို့ပါ…
သီဟ ။        ။ ရယ်နေရင် ဖက်နမ်းပစ်လိုက်မယ်…
ပန်းအိ ။    ။ တော်ပါပြီ၊ မရယ်ရဲတော့ပါဘူး…
    ပန်းအိ ဆက်မရယ်ရဲတော့ပေ။ သီဟက ပန်းအိ လက်ကို လာကိုင်သည်။ ပန်းအိလည်း ပြန်ဖယ်ထုတ်သည်။

ပန်းအိ ။    ။ သီဟ သူများတွေ ရှိတယ်…
သီဟ ။        ။ ကို ချစ်သူ လက်ကိုင်တာ ဘာဖြစ်လဲ…

သီဟက အတင်း လက်ကို လာဆုပ်ကိုင် ထားသည်။ ပန်းအိ သီဟဆီမှ ပြန်မရုန်းထွက်တော့မှန်း ကိုယ်မှာကို သိလိုက်တော့သည်။ နှစ်ယောက် လက်ချင်းတွဲလျှက် Shopping Mall တွေကို အားလုံး လျှောက်ပတ်ကြည့် ကြသည်။ သီဟက နှောက်လိုက်၊ ပန်းအိက စိတ်ဆိုးလိုက်၊ ပြန်ချော့လိုက်ဖြင့် အရမ်းကို ကြည်နူးဖို့ကောင်းသည်။ ဒီနေ့လောက် ပျော်ဖို့ ကောင်းတဲ့နေ့မျိုး ပန်းအိမှာ ရှိတော့မည် မဟုတ်ပေ။ ညနေပိုင်းမှ ညစာ စားရန် KFC ဆိုင်သို့ ၀င်လာကြသည်။ ပန်းအိ သီဟမျက်နှာကို စိုက်ကြည့်လိုက်သည်။ သီဟ ပါးစပ်ပိတ်လို့ မရအောင်ပြုံးရွှင်နေသည်။ 

သီဟ ။        ။ ပန်းအိ ကိုကို ချစ်နေတာ၊ အစကတည်းက သိသားပဲ…
ပန်းအိ ။    ။ ဘယ်သူက သူကို ချစ်တယ် ပြောလို့လည်း…

    ပန်းအိ ပါးနှစ်ဖက် နီလျှက် မျက်စောင်းထိုး လိုက်သည်။ သီဟက ပန်းအိ မေးစေ့ကို ကိုင်၍ မျက်နှာကို သူဘက်သို့ ပြန်လှည့်လိုက်သည်။

သီဟ ။    ။ ပန်းအိကို ကို မခွဲနိုင်တော့ဘူး၊ ကိုတို့ ဒီနှစ်ကုန်ရင် လက်ထပ်မယ်ကွာ။ ဒီဇင်ဘာဆို ကိုက ကျောင်းပြီးပြီး၊ ပန်းအိ တစ်ယောက်တော့ ကို ကောင်းကောင်း ရှာကျွေးနိုင်ပါတယ်…
ပန်းအိ ။    ။ အဆင့်တွေ ကျော်ကုန်ပြီနော်။ ချစ်တယ်တောင် မပြောရသေးပဲ၊ လက်ထပ်မယ် ပြောနေပါ့လား…
သီဟ ။    ။ ဒါဆိုလည်း ခုပြောလေ၊ ပန်းအိ ကိုကို ချစ်တယ်မလားဟ…

    ပန်းအိ ရယ်နေလိုက်သည်။ ပန်အိ ဘယ်ချိန်က သီဟကို ချစ်နေမိမှန်းကို မသိအောင် အရမ်းကို ချစ်နေမိပြီ။ နှင်းအိသာ ပန်းအိနဲ့ သီဟကို အတင်း လိုက်မခွဲခဲ့လျှင် သီဟကို ချစ်နေမိသည်ကို သတိထားမိမည် မဟုတ်ပေ။ နှင်းအိ စိတ်ဆိုးလို့ အပြစ်တင်ရင်လည်း ခံရုံသာ ရှိတော့သည်။

ပန်းအိ ။    ။ သီဟကိုလေ ပန်းအိ အရမ်းချစ်ပါတယ်…
သီဟ ။        ။ ပျော်လိုက်တာ ပန်းအိရယ်…
    သီဟ ပါးနားကပ်ပြီး ခိုးနမ်းသွားသေးသည်။

ပန်းအိ ။    ။ သီဟနော် အကဲပိုမနေနဲ့၊ သူများတွေ ရှိတာကို ရှက်စရာကြီး…
သီဟ ။        ။ ထပ်နမ်းလိုက်မှာနော်၊ မကြောက်ဘူးလား…
ပန်းအိ ။    ။ ဒါကြောင့် ရည်စားမထား ချင်တာပေါ့…
သီဟ ။        ။ ချစ်လို့ ကျည်းစားတာပါ ပန်းအိရယ်၊ စိတ်မဆိုးနဲ့နော်…
    ပန်းအိ နာရီကြည့်လိုက်တော့ ညနေ ရနာရီထိုးနေပြီ။

ပန်းအိ ။    ။ သီဟ ပြန်တော့လေ၊ ညမိုးချုပ်နေပြီ…
သီဟ ။    ။ ပန်းအိက ကိုကို အတင်းပြန်ခိုင်း တယ်ပေါ့လေ။ ပန်းအိထွက်သွားတုန်းက၊ ကိုဘယ်လောက် ခံစားရတယ် ဆိုတာ ပန်းအိ သိမှာ မဟုတ်ပါဘူး။ နှင်းအိကို သွားမေးတော့ နှင်းအိက ပန်းအိ ကိုဇော်ထက်နဲ့ ခရီးထွက်သွားတယ် ပြောတယ်လေ။ ကိုမှာ ရူးတော့ မလိုပါပဲ ပန်းအိရယ်…

    သီဟ တကယ် အရမ်းကို ခံစားနေရမယ် ဆိုတာ ပန်းအိ ယုံသည်။ ပန်းအိလည်း သီဟ ခံစားလိုပဲ ခံစားနေရသောကြောင့် ဖြစ်သည်။ ပြန်ဖို့ မနည်းပြောမှ သီဟ ပြန်သွားတော့သည်။ ပန်းအိလည်း အန်တီဆွစ်တီ အိမ်သို့ ပြန်လာခဲ့သည်။ ထို့နေ့ညက တစ်ညလုံး အိမ်မပျော်ပဲ၊ သီဟအကြောင်းပဲ တွေးပြီး ရင်ခုန်နေမိသည်။

- - - - - - - - - - - - - - - - - - - - - -

မနက်အစောကြီး အန်တီ ဆွစ်တီက ဧည့်သည်ရောက်နေ၍ လာခေါ်သဖြင့် ဆင်းလာသည်။ အောက်ရောက်တော့ သီဟ ဖြစ်နေသည်။ အန်တီဆွစ်တီ ရိပ်မိမှာစိုး၍ စကားပြောရန် အပြင်သို့ ထွက်လာလိုက်သည်။

ပန်းအိ ။    ။ သီဟ မနက်အစောကြီးကို ဘယ်ချိန်ကတည်းက ကားမောင်း လာတာလည်း…
သီဟ ။    ။ ဘာကားမှ မမောင်းပါဘူး…
ပန်းအိ ။    ။ ဒါဆို ညက ရယ်ဒင်းမှာပဲ သီဟ ရှိနေတယ်ပေါ့…

    သီဟက ဘာမှပြန်မပြောပဲ ရယ်နေသည်။

သီဟ ။    ။ ဟုတ်တယ်၊ ညက လန်ဒန်မပြန်ပဲ တဲခိုးခန်းမှာ သွားတည်းတာ။ ပန်းအိက ကိုကို အတင်းပြန်ခိုင်းတာကိုး၊ ကိုမှ ပန်းအိ မပါပဲ လန်ဒန်ကို မပြန်ချင်တာ…
ပန်းအိ ။    ။ နှင်းအိသိသွားရင် တမျိုးထင်ကုန်တော့မှာပဲ သီဟရယ်…
သီဟ ။    ။ ဒီကနေ လန်ဒန်ပြန်ရောက်ရင် ပန်းအိနဲ့ ကိုနဲ့ အကြောင်းကို အမှန်တိုင်း ဖွင့်ပြောလိုက်ရုံပဲလေ…
ပန်းအိ ။    ။ နှင်းအိက ပန်းအိကို မုန်းသွားမှာ စိုးလို့ပါ…
သီဟ ။    ။ ဂျက်စီကာနဲ့ ကိုက ချစ်သူတွေလည်း မဟုတ်ဘူး၊ သူငယ်ချင်းပဲ။ ဘာလို့ ဂျက်စီကာက မုန်းရမှာလဲ။ ရှုပ်တယ်ကွာ၊ ခုပဲ လန်ဒန်ပြန်ပြီး ဒီကိစ္စကို ရှင်းလိုက်ကြရအောင်…
ပန်းအိ ။    ။ ပန်းအိ အရင်ဖွင့်ပြောပါရစေ…
သီဟ ။    ။ ပန်းအိ သဘောပါဗျာ…

    နှင်းအိ ကို ပန်းအိ အရမ်းချစ်သည်။ ပန်းအိနဲ့ နှင်းအိမှာ တခြား မွေးချင်းလည်း မရှိတာမို့၊ ငယ်ငယ်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ကြသည်။ သီဟနဲ့ပတ်သက်ပြီး နှင်းအိမုန်းသွားမည်ကို ပန်းအိ အရမ်းကို စိုးရိပ်မိသည်။ ပန်းအိ စိတ်ထဲမှ နှင်းအိရယ် ငါကို ခွင့်လွှတ်ပါဟု ရေရွတ်နေမိတော့သည်။
    သီဟနဲ့ ပန်းအိ ရုပ်ရှင်သွားကြည့်ကြသည်။ သရဲကားကို မကြည့်ရဲသဖြင့် ဂျက်ကီချမ်း နောက်ဆုံးထွက်သော ရုပ်ရှင်ကားကို တူတူသွားကြည့်ကြသည်။ ပေါက်ပေါက်ဆုပ် လုစားရတဲ့ ချစ်သူဘ၀ကိုလည်း ပန်းအိ အရမ်းကြည်နူးမိသည်။

သီဟ ။    ။ ဟိုတစ်ခါ ရုပ်ရှင်ကြည့်တုန်းက၊ ပန်းအိနဲ့ကို နှစ်ယောက်ထဲ တူတူကြည့်ခွင့် ရပါစေ ဆုတောင်းခဲ့တာ။ ခုဆုတောင်းပြည့်တယ် တွေ့လား…
ပန်းအိ ။    ။ သီဟနော်၊ အရမ်းအပိုပြောတာပဲ…
သီဟ ။    ။ ဒါပြီးရင် ဈေးဝယ်ထွက်မယ်…
   
ရုပ်ရှင်ကြည့်ပြီးတော့ အကျီင်္ဆိုင်သွား၍ သီဟနဲ့ ပန်းအိ အကျီင်္ဆင်တူ သွားဝယ်ကြသည်။

ပန်းအိ ။    ။ အကျီင်္ဆင်တူနဲ့ မ၀တ်ရဲပါဘူး…
သီဟ ။    ။ ဘာလို့ ရှက်မှာလဲ၊ အားတောင်ကျနေအုန်းမှာ။ ကိုယ်နဲ့ Sticker ပုံလေးတွေ သွားရိုက်ကြမလား…
ပန်းအိ ။    ။ ကောင်းသားပဲ…

    သီဟနဲ့ ပန်းအိ Sticker ပုံ ၁၀ပုံ သွားရိုက်ကြသည်။ သီဟက ၅ပုံယူပြီး၊ ပန်းအိက အမှတ်တရ ၅ပုံယူထားလိုက်သည်။ သီဟက သူ့ဖုန်းမှာ ပန်းအိနဲ့ တွဲရိုက်ထားတဲ့ပုံကို ကပ်ထားလိုက်သည်။ ပန်းအိ လက်ကို ကိုင်လျှက်။

သီဟ ။    ။ လန်ဒန်ရောက်ရင် ကိုချစ်သူ ချောချောလေးကို သူငယ်ချင်းတွေကို ကြွားရအုန်းမယ်…
ပန်းအိ ။    ။ သူငယ်ချင်းတွေက မင်း ချစ်သူကြီးက လှလည်း မလှဘူးပြောမှာပေါ့…
သီဟ ။    ။ အောင်မာ၊ သူတို့ပဲ ဒီလောက် လှတာ ရှာယူပါအုန်း…
ပန်းအိ ။    ။ စွာလိုက်တာနော်…

    ညနေစောင်း ၅နာရီလောက် လန်ဒန်သို့ ပြန်ရန် အန်တီဆွစ်တီကို ပြောရန် သီဟနဲ့တူတူ ပြန်လာခဲ့သည်။ အိမ်ထဲရောက်တော့ ကိုဇော်ထက် အိမ်ရှေ့ခန်းတွင် ထိုင်စောင့်နေသည်ကို တွေ့၍ ပန်းအိ အရမ်းလန့်သွားသည်။

ပန်းအိ ။    ။ ကိုဇော်ထက် မနက်ဖြန်မှ လာမယ်ဆို…

    ကိုဇော်ထက်သည် သီဟကို မြင်သည်နှင့် အခြေအနေကို ရိပ်မိသွားဟန် ရှိသည်။

ကိုဇော်ထက် ။    ။ သီဟ မင်းက ငါးရံ့ နှစ်ကောင်ကို တပြိုင်နက်ထဲ ဖမ်းဖို့ ကြိုးစားနေတာကိုး…
သီဟ ။    ။ ကိုဇော်ထက်၊ ပန်းအိက ကျွန်တော် ချစ်သူ ဖြစ်သွားပြီ ဆိုတော့။ နောက်ထပ် ပန်းအိ နားမှာ သနားစရာ ယုန်ကလေးလို လိုက်တွယ်ကပ်နေတာ ကျွန်တော် မမြင်ချင်ဘူး…
ကိုဇော်ထက် ။    ။ မင်းလို ပိုင်လုံးမဟုတ်ဘူးကွ၊ ငါက ပန်းအိကို တကယ်ချစ်တာ…
    သီဟ အရမ်း ဒေါသထွက်သွားသည်။ ကိုဇော်ထက် အကျီင်္ကို ဆော့ဆွဲလိုက်ပြီး။

သီဟ ။    ။ ခင်များ စကားပြော ဆင်ခြင်။ ကျွန်တော်နဲ့ ပန်းအိက ဒီနှစ်ကုန်မှာ လက်ထပ်ကြတော့မှာ…

ကိုဇော်ထက်သည် ဒါအမှန်ပဲလား အကြည့်ဖြင့် ပန်းအိကို လှည့်ကြည့်လိုက်သည်။ ပန်းအိမှာ ကိုဇော်ထက်အတွက် အဖြေမရှိသဖြင့် ခေါင်းငုတ်ထားလိုက်သည်။ ကိုဇော်ထက်လည်း ပန်းအိ အဖြေကို သဘောပေါက်သွားဟန်ဖြင့် စိတ်ဆိုး၍ ကားကို မိုင်ကုန် မောင်းထွက်သွားတော့သည်။ ကိုဇော်ထက် သိသွားပြီးဆိုရင် နှင်းအိလည်း သိမှာ သေချာသွားသည်။ ဒါကြောင့် ပြသာနာတွေ မရှုပ်ခင် လန်ဒန်သို့ အမြန်ပြန်သည်က ပိုကောင်းသည်။ အန်တီဆွစ်တီကို နှုတ်ဆက်ပြီး သီဟနှင့် တူတူ လန်ဒန်သို့ ပြန်လာခဲ့သည်။ လန်ဒန်သို့ ပြန်လာတဲ့ တစ်လမ်းလုံး ပန်းအိ ရင်တွေ အရမ်းပူနေသည်။ သီဟက ပန်းအိ အရမ်းစိတ်ဆင်းရဲနေမှန်း သိ၍ လက်ကို ကိုင်လိုက်ပြီး။

သီဟ ။    ။ ပန်းအိ အရမ်းလည်း စိတ်ပူ မနေပါနဲ့၊ ဂျက်စီကာ ကိုတို့ကို နားလည်ပေးမှာပါ…

    ညနေ ၈နာရီလောက် တဖြည်းဖြည်းနဲ့ လန်ဒန်မြို့သို့ ရောက်လာသည်။ ပန်းအိ နှင်းအိနဲ့ မျက်နှာချင်းဆိုင် ရမည်ကို အရမ်းကြောက်နေမိသည်။ နှင်းအိ အိမ်ရှေ့ရောက်တော့ သီဟက ကားကို ရပ်လိုက်သည်။ ကားပေါ်မှ ပန်းအိမဆင်းရဲပဲ နာရီဝက်လောက် သီဟနဲ့ တူတူ ကားပေါ်မှာ ထိုင်နေသည်။
သီဟ ။        ။ ပန်းအိ ရင်ဆိုင်လိုက်စမ်းပါ၊ ကိုလည်း ရှိတယ် ဘာမှ မကြောက်နဲ့နော်…

    ပန်းအိ သီဟမျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ကားပေါ်မှ အရဲစွန့်၍ ဆင်းလာပြီး တံခါးဘဲလ်တီး လိုက်သည်။ အကြာကြီး တီးသော်လည်း တစ်ယောက်မှ လာမဖွင့်ပေချေ။ တော်တော်ကြာမှ နှင်းအိ တံခါးလာ ဖွင့်ပေးသည်။ နှင်းအိ မျက်ဝန်းမှာ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ ပန်းအိကို ကြည့်တဲ့ အကြည့်သည် နာကြည်းမုန်းတီးတဲ့ အကြည့်ပေ။

ပန်းအိ ။    ။ ငါတောင်းပန်ပါတယ် နှင်းအိရယ်…
သီဟ ။        ။ ဂျက်စီကာ ငါနင်ကို ရှင်းပြပါရစေ…
နှင်းအိ ။    ။ နင်လူယုတ်မာ…

    ပြော၍ နှင်းအိသည် အပြင်ထွက်လာပြီး သီဟကို ပါးချလိုက်သည်။ ပန်းအိလည်း နှင်းအိ သီဟကို ပါးရိုက်မည်ဟု မထင်ထားမိ၍ အရမ်းလန့်သွားသည်။ သီဟလည်း တော်တော်နာ သွားပုံရသည်။ နောက်တစ်ချက် ထပ်ရိုက်မယ် အလုပ်တွင် သီဟက နှင်းအိ လက်ကို ဖမ်းကိုင် ထားလိုက်သည်။

သီဟ ။    ။ ဂျက်စီကာ နင်ကိုယ်ကိုပဲ၊ နင်အပြစ်တင်ရမှာ။ ငါကို ပန်းအိဆီ အတင်းတွန်းပို့ခဲ့တာလည်း နင်ပဲ။ နင် ပန်းအိကို တစ်ခုခုလုပ်လို့ကတော့ ငါခွင့်လွှတ်မယ် မမျှော်လင့်နဲ့…

    နှင်းအိလက်ကို ပြန်တွန်းထုတ် လိုက်သည်။ သီဟက ပန်းအိ လက်ကို လှန်းကိုင်လိုက်ပြီး။

သီဟ ။    ။ ပန်းအိ သူကို ဘာမှ တောင်းပန်စရာ မလိုဘူး။ ကိုနဲ့ လိုက်ခဲ့  မနက်မိုးလင်းတာနဲ့ တရားရုံးမှာ လက်မှတ်သွားထိုးရအောင်…

    သီဟ ပြောလိုက်တဲ့ စကားသည် နှင်းအိကို အရမ်းထိခိုက် သွားမည်ကို ပန်းအိသိသည်။ ပန်းအိ နှင်းအိအပေါ်သို့ အဲဒီလောက် မရက်စက်ရက်ပေ။ ဒါကြောင့် သီဟ ကမ်းလှမ်းချက်ကို ငြင်းလျှက် ပန်းအိ တစ်ယောက်ထဲ ကျန်ရစ်ခဲ့ ပါရစေ တောင်းပန်၍ နှင်းအိနဲ့ တူတူ ကျန်ခဲ့သည်။ သီဟကားလည်း ထွက်သွားရော နှင်းအိ ၀ုန်းတိုင်ကျဲပြီး အိမ်အပေါ်ထပ်မှာ သောင်းကျန်းတော့သည်။

နှင်းအိ ။    ။ ပန်းအိ ငါချစ်သူကို လုဖို့ အင်္ဂလန်လာတာလား ပြောလေ…
ပန်းအိ ။    ။ မဟုတ်ပါဘူး နှင်းအိရယ်၊ ငါမှားသွားတာပါ။ သီဟကို မျိုးစုံ ရှောင်ခဲ့ပါသေးတယ်…
နှင်းအိ ။    ။ ငါ သီဟကို မရရင် ပန်းအိ နင်လည်း ရမယ် မထင်နဲ့။ ငါမစားတဲ့ အမဲ သဲနဲ့ပတ် ကြားဖူးတယ် မဟုတ်လား…
ပန်းအိ ။    ။ ငါအရမ်း တောင်းပန်ပါတယ် နှင်းအိ၊ ငါလေ သီဟကို အရမ်းချစ်တာပါ…
နှင်းအိ ။    ။ ဒါဆို နင် အတိတ်အကြောင်းတွေကို သီဟကို ပြောပြပြီးပြီးလား…
   
    နှင်းအိမေးလိုက်သည့် မေးခွန်းအတွက် ပန်းအိတွင် အဖြေမရှိပေ။ ပန်းအိ အတိတ်အရိပ်မဲ အောက်က ပန်းအိခုထိ မလွှတ်သေးပါလား အတွေးသာ ၀င်လာသည်။

နှင်းအိ ။    ။ ကြည့်ရတာ မပြောရသေးဘူး ထင်တယ်။ ဒါဆို သီဟကို အဲဒီ အတိတ်အကြောင်း ငါပြောပြရမလား၊ နင်ကိုယ်တိုင် ပြောမှာလား…

    ပန်းအိ အတိတ်ကြောင့် သီဟ စိတ်ဆင်းရဲတာမျိုး၊ ပန်းအိကို မုန်းသွားမှာကို မလိုလားပေ။ သီဟကို ပန်းအိ အရမ်းချစ်သည်။ ပန်းအိ မျက်ရည်များ စီးကျလာသည်။

ပန်းအိ ။    ။ ငါတောင်းပန်ပါတယ် နှင်းအိရယ်၊ သီဟကို သွားမပြောပါနဲ့…
နှင်းအိ ။    ။ မပြောပြရင် သီဟအပေါ် မတရားရာ ရောက်မှာပေါ့။ သူလည်း နောင်တချိန် သိမယ့် ကိစ္စပဲ။ ငါကတော့ သွားပြောပြမှ ဖြစ်လိမ့်မယ်…
ပန်းအိ ။    ။ တောင်းပန်ပါတယ် နှင်းအိရယ်…

နှင်းအိ ။    ။ နင်က သီဟက နင်အတိတ်အကြောင်းတွေကို ခွင့်လွှတ်နားလည် ပေးမယ် ထင်နေလို့လား…

သီဟက ပန်းအိကို ခွင့်လွှတ်တယ်ပဲ ထားအုန်း၊ ပန်းအိ အတိတ်ဆိုးတွေကြောင့် သီဟကို ပတ်ဝန်းကျင်က လက်ညှိုးထိုးမှာကို ကြောက်သည်။ ဒါကြောင့် ရင်နာနာနဲ့ပဲ ပန်းအိ သီဟကို စွန့်လွှတ်ဖို့သာ ရှိတော့သည်။

ပန်းအိ ။    ။ သီဟနဲ့ နောက်မတွေ့နဲ့ဆိုလည်း ငါမတွေ့တော့ပါဘူး၊ အဲဒီအကြောင်းတော့ မပြောပါနဲ့…
နှင်းအိ ။    ။ ဒါဆို နင်ရန်ကုန်ကို ပြန်လေ၊ ငါ နင်အတိတ်ကြောင်းတွေ သီဟကို မပြောပြဘူး၊ ဘယ်လိုလုပ်မှာလဲ ပြောလေ…

    ပန်းအိရဲ့ ဆိုးရွားလိုက်တဲ့ ကြမ္မာကိုသာ အပြစ်တင်ရတော့မည်။ ပန်းအိ ဘ၀မှာ အမည်းစက်တစ်ခုမှ မရှိအောင် အပြစ်ကင်းစင်အောင် နေခဲ့သော်လည်း အတိတ်အမဲကြီးကို ဘယ်လိုမှ ပယ်ဖျက်နိုင်မည် မဟုတ်ပေ။ သီဟ သိသွားလို့ ပန်းအိကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်လိမ့်မည်၊ မဟုတ်ပဲ ပန်းအိကို သူကို မပြောခဲ့လို့ မုန်းချင် မုန်းသွားလိမ့်မည်။ ပန်းအိမှာ ရွေးချယ်စရာ မရှိတော့ပေ၊ ရန်ကုန်သို့ ပြန်ခြင်းသည်သာ ပန်းအိအတွက် အကောင်းဆုံးလမ်း ဖြစ်ပေလိမ့်မည်။

ပန်းအိ ။    ။ ငါဆုံးဖြတ်ပြီးပြီး ငါရန်ကုန်ကို ပြန်ပါမယ်ဟာ…
    ပန်းအိ ၀မ်းနည်းကြေကွဲ၍ စို့နစ်စွာ ပြောလိုက်သည်။

နင်းအိ ။    ။ ကောင်းပြီလေ။ ငါ လေယဉ်ပျံလက်မှတ် ၀ယ်ထားပေးပြီပြီး။ တဘက်ခါ ပြန်ရမယ်…
ပန်းအိ ။    ။ ငါတစ်ခုလောက် တောင်းဆိုချင်လို့ပါ၊ နောက်ဆုံး အနေနဲ့ သီဟနဲ့ တွေ့ခွင့်ပေးပါနော်…

    နှင်းအိလည်း မျက်ရည်များ စီးကျလာသည်။

နှင်းအိ ။    ။ ကောင်းပြီးလေ ဒါတော့ ငါခွင့်ပြုပါတယ်…

    နှင်းအိလည်း သူအခန်းထဲသို့ ပြန်ဝင်သွားသည်။ ပန်းအိ စိတ်ထဲတွင် သီဟရယ် ပန်းအိကို ခွင့်လွှတ်ပါ အကြိမ်ကြိမ် တောင်းပန်နေမိသည်။

- - - - - - - - - - - - - - - - - - - - - -

နောက်နေ့မနက် အစောကြီး အိမ်ရှေ့တွင် သီဟ ကားဟွန်းသံကြားသည်။ ပန်းအိလည်း တစ်ညလုံး ငိုထားသည်ကို သီဟ မရိပ်မိအောင် မိတ်ကပ်ဖြင့် ဖုံးလိုက်ပြီး အောက်သို့ ပြေးဆင်းသွားသည်။ အပြင်သို့ အထွက်တွင် နှင်းအိက ဒါနောက်ဆုံးပဲနော် အကြည့်ဖြင့် ပန်းအိအား စိုက်ကြည့်သည်။ ပန်းအိလည်း နောက်ဆုံးပါပဲ တောင်းပန်သော အကြည့်ဖြင့် နှင်းအိအား ပြန်ကြည့်လိုက်ပြီး အပြင်သို့ ပြေးထွက်လာသည်။ သီဟက ပန်းအိကိုလည်း မြင်ရော အရမ်းဝမ်းသာ သွားသည်။ ကားတံခါးကို ဖွင့်ပေး၍ ပန်းအိ ရှေ့ခန်းတွင် ၀င်ထိုင်လိုက်သည်။

သီဟ ။        ။ ပန်းအိ မနေ့ညက ငိုထားတယ် မလား…
    သီဟကိုတော့ ဘယ်လိုမှ လိမ်လို့ မရပေ။

ပန်းအိ ။    ။ နှင်းအိကို သနားလို့ ငိုထားတာပါ၊ ခုတော့ နှင်းအိလည်း စိတ်ပြေသွားပါပြီ…
သီဟ ။    ။ တကယ်လား၊ ဂျက်စီကာက စိတ်ထားကောင်းပါတယ်။ ဒါကြောင့် အရမ်း စိတ်မပူဖို့ ကိုပြောသားပဲ။ ဘယ်ကိုမောင်းရမလဲ သူဌေးမ သဘောအတိုင်းပါ ခင်ဗျ…

    ဒီနေ့သည် ပန်းအိအတွက် အင်္ဂလန်တွင် လျှောက်လည်ဖို့ နောက်ဆုံးနေ့ဖြစ်သည်။ ဒါကြောင့် ပန်းအိ မရောက်ဖူးသေးသော နာမည်ကြီး အဆိုတော်၊ ရုပ်ရှင်မင်းသမီး၊ မင်းသား တွေရဲ့ ဖယောင်းရုပ်ထုရှိရာ နေရာသို့ သွားသည်။ သီဟနဲ့ အ၀ဓာတ်ပုံတွေ အများကြီး တွဲရိုက်သည်။ အရမ်းကို ပျော်နေရှာသော သီဟကို ကြည့်၍ ပန်းအိမှာ ရင်ကွဲမတက် ခံစားနေရသည်။ နောက် ပန်းအိ မရောက်သေးသော နေရာတွေကို လျှောက်ပတ် သွားကြသည်။ ညနေစာကိုလည်း အမှတ်တရ အနေနဲ့ သီဟနဲ့ ပထမဆုံး စားရန်ဝင်ခဲ့သော တရုတ်ဆိုင်မှာ စားဖြစ်သည်။

စားပွဲထိုး ။    ။ Hi, You came with Jessica’s sister. Will u only drink water this time?
သီဟ ။    ။ No, Now I will eat delicious Chinese curries. Jessica sister is my lover. Jessica is only my friend. Is she pretty?
စားပွဲထိုး ။    ။ Really! Congratulation Man! She is really pretty, u r lucky man.
ပန်းအိ ။    ။ သီဟကလည်း တွေ့တဲ့လူ အားလုံး လိုက်ကြွားနေတာပဲ…
သီဟ ။    ။ ကို ချစ်သူလေးက ချောတာကို၊ ကြွားရမှာပေါ့…

    တရုတ်ဟင်းတွေ အများကြီး မှာလိုက်သည်။ ဘာမှမသိပဲ အရမ်းပျော်ရွင်နေသော သီဟကို ကြည့်၍ ပန်းအိ စိတ်မကောင်းဖြစ်ရသည်။

သီဟ ။    ။ ပန်းအိ ထည့်စားအုန်းလေ၊ စားတာလည်း နည်းလိုက်တာကွာ။ ဒါကြောင့် ပိန်နေတာပေါ့…
ပန်းအိ ။    ။ စားပါတယ်…
သီဟ ။    ။ ဒါနဲ့ ကိုတို့ ဘယ်တော့ လက်ထပ်ရင် ကောင်းမလဲ…
ပန်းအိ ။    ။ အဲဒီကိစ္စကို နောက်မှ ဆွေးနွေးတာပေါ့…
သီဟ ။    ။ ပန်းအိကို အိမ်ထောင်ကျပြီး ဘာအလုပ်မှ မလုပ်ခိုင်းဖူး။ သားလေး တစ်ယောက်၊ သမီးလေး တစ်ယောက်ပဲ မွေးခိုင်းမယ်…

    ထိုစကားကို ကြားသည်နှင့် ပန်းအိ ထမင်းသီးသွားသည်။

သီဟ ။        ။ ပန်းအိ ဂရုစိုက်ပြီး စားမှပေါ့၊ သီးသွားပြီ။ ရေသောက်လိုက်အုန်း…

    ညနေစာစားပြီးတော့ ပန်းအိ အိမ်မပြန်သေးပဲ၊ ရုပ်ရှင်သွားကြည့် ကြသေးသည်။ ရုပ်ရှင်က ဟာသ ရုပ်ရှင် ဇာတ်ကားလေး ဖြစ်သည်။ သီဟကတော့ ပန်းအိ ပျော်အောင် ဟာသကားကို ရွေးကြည့်သည်။ ပန်းအိကတော့ မပျော်နိုင်ပဲ သီဟ လက်မောင်းပေါ်မှီ၍ တိတ်တခိုးလေး မျက်ရည်များကို သုတ်နေရသည်။ ရုပ်ရှင်ပြီးတော့ အိမ်ပြန်ရန် ထွက်လာသည်။

သီဟ ။        ။ ပန်းအိ ငိုနေတာလား၊ ဘာဖြစ်လို့လဲ…
ပန်းအိ ။    ။ ပန်းအိလေ ကိုကို အရမ်းချစ်တယ် ဆိုတာ မမေ့နဲ့နော်…   

    ပန်းအိ သီဟကို အတင်းဖက်ပြီး ငိုလိုက်တော့သည်။ ပန်းအိအတွက် နောက်ဆုံးနှုတ်ဆက်ခြင်းကို ကောင်းမွန်စွာ မနှုတ်ဆက်နိုင်ခဲ့ပေ။ သီဟကလည်း ပန်းအိငိုနေသည်ကို ဘာကြောင့် စဉ်းစား မရဖြစ်နေသည်။

သီဟ ။        ။ ပန်းအိ ဘာလို့ငိုနေတာလည်း၊ ကိုကို ပြောပြအုန်းလေ…
    ပန်းအိ မျက်ရည်တွေ ပြန်သုတ်လိုက်ပြီး။

ပန်းအိ ။    ။ ပန်းအိ ဒီနေ့ အရမ်းပျော်လို့ပါ…
သီဟ ။    ။ ပန်းအိက ပျော်လည်း ငိုတယ်ပေါ့၊ ကလေးလေးကျနေတာပဲ။ ချစ်ဖို့ ကောင်းလိုက်တာ…

    ည ၉နာရီထိုး၍ သီဟက အိမ်ပြန်ရန် ပြောသော်လည်း ပန်းအိမပြန်ချင်သေးပေ။

ပန်းအိ ။    ။ ကိုကိုယ် ပန်းအိ ဖက်ထားချင်တယ်…
သီဟ ။        ။ ပန်းအိက ကိုလို့ ခေါ်လိုက်တယ်ဟုတ်လား၊ ချစ်တယ်ကွာ…

    သီဟ အားရပါးရ ရယ်လျှက် ပန်းအိကို ပြန်ဖက်ထားလိုက်သည်။ ပန်းအိ အချိန်တွေ ဘယ်လောက် ကြာသွားမှန်း မသိပဲ၊ ည ၁၂နာရီ ထိုးသွားသည်။ ထို့နောက် သီဟက ပန်းအိကို အိမ်ပြန်ပို့ပေးသည်။ အိမ်ရှေ့သို့ ရောက်သော်လည်း ပန်းအိကားပေါ်မှ မဆင်းချင်သေးပေ။

သီဟ ။        ။ မနက်ဖြန် ကျောင်းမသွားခင် ပန်းအိဆီ ကို အစောကြီးလာခဲ့မယ်…
    ပန်းအိသည် မနက် ၆နာရီ လေယဉ်ကွင်းဆင်းရမည် ဖြစ်သည်။ ဒါကြောင့် သီဟ လာလျှင် သိသွားမှာစိုး၍။

ပန်းအိ ။    ။ မလာနဲ့…
သီဟ ။    ။ ဘာဖြစ်လို့လဲ ပန်းအိရဲ့…
ပန်းအိ ။    ။ ပန်းအိ မနက်ပိုင်း အိပ်ယာ အစောကြီး မထချင်လို့ပါ၊ ကျောင်းတက်ပြီးမှ လာခဲ့နော်…
သီဟ ။        ။ ဒါဆိုလည်း ပန်းအိသဘောပါ…

    သီဟက ကားပေါ်မှ ဆင်းပြီး ပန်းအိကို အိမ်ရှေ့ထိ လိုက်ပို့ပေးသည်။ သီဟက ပြန်ဖို့ လှည့်ထွက်မယ် အလုပ်တွင် ပန်းအိ နောက်ကျောကနေ ပြန်ဖက်ထားပြီး မပြန်ပါနဲ့ သီဟရယ် စိတ်ထဲမှ ရေရွတ်နေမိသည်။ သီဟကတော့ မသိရှာပေ။

သီဟ ။    ။ ပန်းအိ ကိုကိုယ် ဒီလောက်မခွဲနိုင် ဖြစ်နေရင်၊ လက်ထပ်လိုက် ရအောင်ကွာ…
    ပန်းအိ သီဟနဲ့ လက်မထပ်ချင်လို့ မဟုတ်ပါဘူး၊ မဖြစ်နိုင်လို့ပါ စိတ်ထဲကနေပဲ ပြောလိုက်နိုင်တော့သည်။

ပန်းအိ ။    ။ ပန်းအိ အိမ်ထဲ ၀င်တော့မယ်နော်…   

ပန်းအိရင်ထဲမှာတော့ သီဟရယ် ပန်းအိ နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ပါတယ် ပြောရင်း အိမ်ထဲသို့ ပြေးဝင်လာလိုက်သည်။ အိမ်ထဲရောက်တော့ မအိပ်ပဲ ထိုင်စောင့် နေသော နှင်းအိကို တွေ့သည်။ နှင်းအိကို ဘာစကားမှ မပြောတော့ပဲ ငိုလျှက် ပန်းအိ အခန်းထဲသို့ ပြေးတက် သွားတော့သည်။ တစ်ညလုံး အိပ်ယာထဲမှာ လူးလိမ့်ပြီး သီဟဆီသို့ အခါ တစ်ထောင်မက ထွက်ပြေးသွား လိုက်ချင်သည်။ သို့သော် ထိုသို့ လုပ်လိုက်ခြင်းသည် သီဟအပေါ် ရက်စက်ရာ ကျနေလိမ့်မည်။

- - - - - - - - - - - - - - - - - - - - - -
မနက်မိုးလင်းတော့ နှင်းအိက လေယဉ်ကွင်းဆင်းဖို့ လာပြောသည်။ ပန်းအိကို လေယဉ်ကွင်းကို လိုက်ပို့ပေးသည်။ လေယဉ်ကွင်းသို့ သွားရာ ဘတ်စ်ကားပေါ်မှာ နှင်းအိကို ပန်းအိ စကားမပြောပဲ မျက်ရည်များသာ အဆက်မပျက် ကျနေတော့သည်။ လေယဉ်ကွင်း ရောက်တော့ နှင်းအိလည်း ပန်းအိကို ခွဲရမှာမို့ စိတ်မကောင်းဖြစ်၍ ဖက်၍ ငိုတော့သည်။

နှင်းအိ ။    ။ ငါကိုခွင့်လွှတ်ပါ၊ ပန်းအိရယ်…
ပန်းအိ ။    ။ နှင်းအိကို ငါက အမြဲခွင့်လွှတ်ပြီးသားပါ…
နှင်းအိ ။    ။ ရန်ကုန်ရောက်ရင် ဖုန်းဆက်လိုက်အုန်းနော်…
ပန်းအိ ။    ။ အေး ဆက်မယ်…

    ပန်းအိ ရန်ကုန်ပြန်မယ့် လေယဉ်ပေါ်သို့ တဖြည်းဖြည်း တက်လာခဲ့သည်။ လေယဉ်စက်သံများ ကြားချိန်တွင် ပန်းအိ ရင်ကို ဓားနဲ့ မွန်းကဲ့သို့ အရမ်းနာကျင် ခံစားရသည်။ လေယဉ်ပေါ်က ပြန်ထွက် ပြေးချင်စိတ်တွေ တဖွားဖွား ပေါ်နေသည်။ သီဟကို မနှုတ်ဆက်ပဲ ပြန်ခဲ့ရလို့၊ ပန်းအိ အသဲတွေ ပေါက်ကွဲမတတ် ခံစားနေရသည်ကို သီဟကို သိစေချင်လိုက်တာ။ ခုချိန်ကစပြီး သီဟရယ် ပန်းအိကို မေ့လိုက်ပါတော့ ဟု အကြိမ်ကြိမ် ရေရွတ်ရင်း လေယဉ်ပျံကြီး ကောင်းကင်သို့ တဖြည်းဖြည်း မြင့်တက်သွား လေတော့သည်။

               
နောက် ၃နှစ်ခန့် ကြာသော်

    လန်ဒန်မြို့ မြန်မာဘုန်းကြီးကျောင်း တစ်ခုတွင် ၀ါဆိုသင်္ကန်းပွဲကျင်းပသည်။ ကျွန်တော်လည်း ပွဲတွေနဲ့ ဝေးကွာခဲ့သည်မှာ ပန်းအိ ထွက်သွားခဲ့သော အချိန်မှဖြစ်သည်။ ဒီနှစ်အတောအတွင်း ကျွန်တော်ရဲ့ ဘ၀သည်လည်း အများကြီး ပြောင်းလဲ လာခဲ့သည်။ ကျောင်းစာတွေကိုပဲ စူးစူးစိုက်စိုက် ကြိုးစားလုပ်ခဲ့၍ ကွန်ပြူတာနဲ့ မာစတာ ကျောင်းပြီး ခဲ့သည်။ Google ကုမ္ပဏီကြီးမှာ software programmer အလုပ်ကို ရရှိပြီး အခြေကျနေပြီး ဖြစ်သည်။ မတွေ့တာကြာတာမို့ မြန်မာ အများစုက ကျွန်တော်ကို လာနှုတ်ဆက်ကြသည်။
    ဘုန်းကြီးကျောင်းတွင် ၀ိုင်းကူလုပ်ပေးရန် အနောက်ဘက် မီးဖိုချောင် ရှိရာသို့ ၀င်လာသည်။ ကျွန်တော် မမျှော်လင့်ပဲ မြင်လိုက်သည်မှာ မြန်မာဆန်ဆန်နှင့် လှနေသော ပန်းအိ ဖြစ်သည်။ ကျွန်တော် အရမ်း အံ့အားသင့်သွားသည်။ ထမိန်းလေးဝတ်ပြီး ဆံပင်ရှည်လေးကို ဖားလားချထားသည်မှာ ပန်းအိ သေချာသည်။ အနားသို့ တဖြည်းဖြည်း တလှမ်းချင်း လှမ်းသွားသည်။ အနားရောက်မှ ကျွန်တော်ကို မခေါ်ပဲ ပြန်စိုက်ကြည့်နေသော မျက်ဝန်းများကို သေချာ စူးစိုက်ကြည့်လိုက်မှ ပန်းအိမဟုတ်ပဲ၊ ဂျက်စီကာ ဖြစ်နေသည်။ ဂျက်စီကာ အရင်နဲ့ လုံးဝမတူတော့ပဲ၊ အရမ်းကို ပြောင်းလဲ နေသည်။ အရင်ကဆို ဘုန်းကြီးကျောင်းလာလျှင်၊ ဘောင်းဘီ၊ ဆတ်ကက် ၀တ်တတ်သော ဂျက်စီကာသည် ခုတော့ မြန်မာဆန်ဆန်လေး ၀တ်ထားသည်။ အရင်ဆံတိုကနေ ခုတော့ဆံပင်ရှည်လေးနဲ့ မြန်မာဆန်အောင် အရမ်းကို လှနေသည်။

သီဟ ။        ။ ဂျက်စီကာ မတွေ့တာ ကြာပြီးနော်…
နှင်းအိ ။    ။ ဟုတ်တယ်နော်၊ မတွေ့တာ ၃နှစ်လောက်တောင် ရှိသွားပြီ…
သီဟ ။        ။ ဟိုလေ၊ နင်ခုဘယ်မှာနေလဲ…
နှင်းအိ ။    ။ ငါ အရင်နေတဲ့ အိမ်မှာပဲလေ…
သီဟ ။        ။ ဘြော် ဟုတ်လား…
ဂျက်စီကာနှင့် မတွေ့တာ ကြာတော့ စကားပြောရတာ နည်းနည်းအန်းနေသည်။

သီဟ ။        ။ နင်ရော အရင်အတိုင်းပဲလား…
နှင်းအိ ။    ။ အင်းအရင်တိုင်းပါပဲ…
သီဟ ။        ။ အိမ်ထောင်များ ကျသွားပြီးလားလို့…
နှင်းအိ ။    ။ ငါစောင့်နေတဲ့သူ ပြန်လာနှိုးနှိုးစောင့်ရင်း၊ အပျိုကြီးဖြစ်တော့မယ် ထင်ပါတယ်ဟာ…

    ဂျက်စီကာ ကျွန်တော်ကို စောင်းပြောနေမှန်း ကျွန်တော်သိသည်။ ဂျက်စီကာကို ပန်းအိကိစ္စကြောင့် နာကြည်းမုန်းတီးခဲ့မိသည် ကတော့ မှန်သည်။ ဒါပေမယ့် အချိန်တွေ ကြာလာတော့ အမုန်းတရားတွေလည်း ကျွန်တော်မှာ မရှိတော့ပေ။ ဂျက်စီကာက စကားပြောပုံ၊ ဆိုပုံက အရင်နဲ့ မတူပဲ နူးညံ့သိမ့်မွေ့နေသည်။

သီဟ ။        ။ နင်စောင့်နေတဲ့သူက ပြန်လာရင်ရော၊ နင်က လက်ခံမှာ မို့လို့လား…
    ဂျက်စီကာ မျက်နှာလေး ပြုံးသွားပြီး ရှက်ပြုံးလေးဖြင့်။

ဂျက်စီကာ ။    ။ ငါက သူအတွက်ဆို အမြဲ တံခါးဖွင့်ထားတာပါ…
ဂျက်စီကာရယ် နင်ဘာလို့ ဒီလောက်အကြာကြီး ငါကို စောင့်ခဲ့ရတာလည်း ကျွန်တော် မေးလိုက်ချင်သည်။ ပန်းအိနေရာမှာ ဂျက်စီကာကို အစားထိုး ချစ်လိုက်ဖို့က ဂျက်စီကာ အတွက် တရားပါ့မလား မေးခွန်းအတွက် ကျွန်တော်မှာ အဖြေတော့ မရှိပေ။ ဂျက်စီကာ ကျွန်တော် နားသို့ လမ်းလျှောက်လာသည်။ ကျွန်တော်လည်း ဂျက်စီကာ လက်ကို ဖြည်းညင်းစွာ ကိုင်လိုက်ပြီး ခွင့်လွှတ်ပါ ဂျက်စီကာရယ် စိတ်ထဲ တိုးတိုးလေး ရေရွတ်မိတော့သည်။
                ပြီးပါပြီး…

18 comments:

  1. ဖတ်လို့ကောင်းတယ်။ ဒါပေမဲ့ ငရည် သီဟက ဘာလို့ ဂျက်စီကာကို ခွင့်လွတ်ပါ ပြောတာလဲ၊ သူက ဂျက်စိကာကို ရွေးတာလား ပန်းအိကို စောင့်နေမှာလား ငါ မရှင်းဘူးဖြစ်နေလို့။

    ReplyDelete
  2. ae de thiha will go hell alone by messy between twins heee :P i like that story except thiha heee...i think he will end up with hinn ei..

    ReplyDelete
  3. နောင်လအနဲငယ်ကြာသောအခါ ကတ်သရင်းနှင့် ဇော်ထက်တို့ ကြိုက်သွားကြလေသည်... တန့် တန့် တန့် XP

    ReplyDelete
  4. there's no faithful between them.
    England and Myanmar is not that far and why don't he go and find Pan Ei?
    He doesn't love her. He only love himself.

    ReplyDelete
  5. of course everybody love themself more than everybody...distance love is difficult to catch up...he also don't know why pan ei left him up too...so there is no point of waiting for that...

    ReplyDelete
  6. သီဟ အနေနဲ့ သူဘာမှအပြစ်မရှိပဲ ထားခဲလို့၊ အသဲကွဲခဲ့တာ ၃နှစ်တောင် ကြာခဲ့ပါပြီ။ ယောကျာ်းလေးတစ်ယောက် အနေနဲ့ ကိုယ်တကယ် မချစ်တဲ့ မိန်းခလေး တစ်ယောက် အတွက် ၃နှစ်တောင် ကြေကွဲပါ့မလား။ နှင်းအိနဲ့ ကြိုက်သွားတာ မဟုတ်ပဲ၊ ပန်းအိနေရာမှာ နှင်းအိကို အစားထိုးချစ်ဖို့ ကြိုးစားတာ မျိုးပါ။ ပြီးတော့ ဇာတ်လမ်းက မပြီးသေးပါဘူး၊ ဆက်ရန် ကျန်ပါသေးတယ်။ ဆက်လက် အားပေးပါကြအုန်းနော်... :)

    ReplyDelete
  7. ဇာတ်လမ်းက ပြီးသွားပြီလား၊ ဆက်ဦးမှာလား၊ ဒီလိုလေးပဲ ဇာတ်သိမ်းထားတာကြိုက်တယ်၊ ဇဝေဇ၀ါလေးပေါ့၊ ကောင်းတယ်၊ ဆက်ရေးနော်၊

    ReplyDelete
  8. အင်္ဂလန်ချစ်သူမှာ ၀တ္တုတို (၃) ပုဒ်စုစည်းထားတာပါ။ ၀တ္တုတို (၃)ပုဒ် က တပုဒ်စီအဖြစ်ဖတ်ရင်လဲ ရတယ်။ (၃)ပုဒ် တဆက်ထဲ ၀တ္တုရှည်အဖြစ် ဖတ်လဲရပါတယ်။ ဒါက ပထမ အပုဒ်ပါ။ နောက်ဟာတွေလာမည်။ မျှော်... :)

    ReplyDelete
  9. ဟိုးလွန်ခဲံ့ တဲ့  ၁၀နှစ်လောက်ကပေါ့ တို့ တွေ တိုကျိုကိုေ၇ာက်လာတော့ 
    သူကပြန်ခါနီးအချိန် ဒီလို နဲ့ ပြန်သွားတယ်

    အဲ့ ခေတ်က အင်တာနက်ကလည်းခုလည်း သိပ်မသုံးသေးဘူးပေါ့ ကွယ်

    နောက် တို့ ကပြန်သွားတော့ သူ က ဒီကိုပြန်လာ၇ပြန်ေ၇ာ
    သူပြန်လာတော့  တို့ နဲ့ တွေ့ ကြတယ် ဟော အခု တို့ တွေ ဒီင်္ကိုပြန်လာ၇ပြန်ေ၇ာ သူက ပြန်သွားပီ တခါတခါလာတတ်တဲ့ အချိန်က တွေ ၇ှိပေမယ့် မတွေ့ ဖြစ်ဘူး
    မောင်စိန်ဝင်းဝတ္တျလို ပဲ ဒီလိုနဲ့ ဝေးကြကြာလျှင် ဖြစ်သွားခဲ့ တယ်

    အင်္ဂလန်ချစ်သူဖတ်၇င်း မျက်၇ည်တောင်ကြမှိတယ်
    သူတို့ က ချစ်သုဖြစ်ခွင့် ၇လိုက်ကြတယ် တို့ တွေ က ခုချိန်ထိ အကြည့် တွေနားလည်ခဲ့ တယ်ဆိုတာလောက်ပဲ ၇ှိတော့ တယ်

    ReplyDelete
  10. Anonymous ချစ်တဲ့သူနဲ့ ပြန်ဆုံခွင့် ရပါစေ... Amy ရေ ကြိုးစားပြီး နောက် ၀တ္တုတွေ ဆက်ရေးသွားမှာပါ၊ အားပေးပါအုန်းနော်.. :)

    ReplyDelete
  11. စိုးစိတ် စိုးထိတ်မှုတွေနဲ့ ဖတ်သွားပါတယ်။ မသိလိုက်ရတာက ပန်းအိရဲ့ အတိတ်ကအကြောင်းပါ။

    စာဖတ်သူကို ဆွဲခေါ်နိုင်အောင် ရေးသားနိုင်ပါတယ်။

    ReplyDelete
  12. ပန်းအိရဲ့ အတိတ်အကြောင်း ဆက်ရန် ကျန်ပါသေးတယ်.. အင်္ဂလန်ချစ်သူ ၂၊၃ထွက်ရန် ကျန်ပါသေးသည်.. :)

    ReplyDelete
  13. အင်္ဂလန်ချစ်သူကို ပြီးအောင်မဖတ်ချင်ပေမဲ့ လက်ရာကောင်းလွန်းလို့ ပြီးအောင်ပဲ ဖတ်လိုက်ပါတယ်။ ပန်းအိက ပြောင်းလဲသိပ်လွယ်ပြီး သီဟရဲ့လော်လီမှုကို မနှစ်မြို့လို့ပါ။ နှင်းအိကိုပဲ သနားစိတ်ဖြစ်မိပါတယ်။ ပန်းအိကတော့ လေယဉ်ပျက်ကျပါသွားလဲ ဝမ်းမနည်းပါဘူး...။

    ReplyDelete
  14. haaa... ရက်စက်ပါပေ့ ကိုလောင်စာရယ်.... ဂျူးလိယက်ကတော့ နှင်းအိရော၊ ပန်းအိကိုပါ သနားမိပါတယ်... :)

    ReplyDelete
  15. လောင်စာရေ အင်္ဂလန်ချစ်သူ (၂) မှောင်ရိပ်လည်း ဆက်ဖတ်အားပေးပါအုန်းနော်.. :)

    ReplyDelete
  16. where should I read အင်္ဂလန်ချစ်သူ (၂) to continue?

    ReplyDelete
  17. Eskimo ရေ အင်္ဂလန်ချစ်သူ(၂) မှောင်ရိပ်ကို အပိုင်း ၂ပိုင်းခွဲထားပါတယ်...
    မှောင်ရိပ်(၁)ကို
    http://getcoolstory.blogspot.com/2010/08/blog-post_199.html မှာဖတ်နိုင်ပြီ
    မှောင်ရိပ် ဇာတ်သိမ်းပိုင်းကို
    http://getcoolstory.blogspot.com/2010/08/blog-post_249.html မှာဖတ်နိုင်ပါတယ်... မှောင်ရိပ်က အင်္ဂလန်ချစ်သူ အတိတ်ကြောင်းပါ... :)

    ReplyDelete
  18. I see. thanks a lot :)

    ReplyDelete