Sunday, May 10, 2015

အချစ်ဦး(First Love)



‘‘First Love’’

အခန်း(၁) တွယ်တာ
သင်္ကြန်အကြိုနေ့မို့ သီချင်းသံများနှင့် ရေကစားမဏှပ်ပေါ်က ကစားနေသူများကို ကျွန်မ ပြတင်းပေါက်ကနေ ငေးမောနေမိသည်။ ကျွန်မ တိုက်ခန်းက တာမွေလမ်းမပေါ် ၄ထပ်မှာဆိုတော့ အပေါ်ဆီကနေ သင်္ကြန်ကားတွေ၊ ရေကစားသူတွေ အားလုံးကို စီပြီ မြင်နိုင်သည်။ ထိုချိန် မေမေ အော်ခေါ်သံကို ကြားလိုက်ရသည်။
မေမေ
တွယ်တာ၊ မုန့်လုံးရေပေါ်တွင် ရပြီ၊ အိမ်နီးနားချင်းတွေကို လိုက်ဝေပေးလိုက်ပါအုန်း...
ကျွန်မ
ဟုတ်ကဲ့ မေမေ...
ပြောပြီ ကျွန်မ မီးဖိုချောင်သို့ ၀င်လာသည်။ မေမေက အိမ်နီးနားချင်းတွေ ဝေပေးဖို့ မုန့်လုံးရေပေါ်တွေ အစီအရီ ဖော့ဘူးနဲ့ ထည့်ပေးထားသည်။
မေမေ
ဘေးတိုက် အန်တီဝေ အိမ်လည်း သွားပေးလိုက်အုန်းနော်၊ သူတို့က အမြဲ အမေတို့ဆီ မုန့်တွေ ပို့ပေးနေကြ...
ကျွန်မ
အန်တီဝေကတော့ သဘောကောင်းပါတယ်။ သူသားကို သမီးက ကြည့်လို့ကို မရဘူး...

Sunday, February 19, 2012

‘‘သူငယ်ချင်း’’ အချစ်ဝတ္တုရှည်

‘‘သူငယ်ချင်း’’

ကလင် ကလင် ဖုန်းသံကြောင့် ဧည့်ခန်းတစ်ခုလုံး ဆူညံ့နေတော့သည်။ အိပ်ခန်းထဲမှ ကျွန်မ ပြေးထွက်လာပြီ အမြန် ဖုန်းကို ကောက်ကိုင်လိုက်သည်။

ကျွန်မ ။             ။ ဟယ်လို...
ဟိန်းထက် ။        ။ ဟဲ့ လွမ်းနေခြည်။ ငါပါ...

ဟိန်းထက်ကို သွားဘယ်နှချောင်းရှိသည်ကအစ အားလုံးကို သိသော ကျွန်မ၊ ဟိန်းထက် အသံကြားလိုက်သည်နှင့်၊

ကျွန်မ ။            ။ ဟိန်းထက် နင်အသံက ဘာဖြစ်နေတာလဲ...
ဟိန်းထက် ။    ။ ဟို တောသူမပေါ့ဟာ။ စိတ်ကောက်နေပြန်ပြီ၊ ငါလည်း ပြန်ချော့ချင်တော့ဘူး။ ဖြတ်လိုက်တော့မယ်ဟာ စိတ်ရှုပ်တယ်...
ကျွန်မ ။    ။ နင် အဲဒီလို ဖြတ်နေတာနဲ့ ခုတောင် ဘယ်နှယောက်တောင် ရှိပြီလဲ...
ဟိန်းထက် ။    ။ ၃ယောက်ထဲပါဟာ...
ကျွန်မ ။    ။ မိန်းခလေးပဲ စိတ်တော့ကောက်မှာပေါ့။ ဒါလေးတောင် သည်းမခံနိုင်ဘူးလား...
ဟိန်းထက် ။    ။ သိဘူးဟာ...

ထိုချိန် ကျွန်မ ဟမ်းဖုန်းက ဖုန်းသံ(သီချင်းသံ) ထွက်လာ၍ ဖုန်းပြောရင်း ဟမ်းဖုန်းကို ဆက်သူ နံမည်ကို လှမ်းကြည့်လိုက်သည်။

ကျွန်မ ။            ။ ဟိန်းထက်၊ နင်တောသူမ ငါဆီဆက်နေတယ်။ ခဏကိုင်ထားအုန်း...
ဟိန်းထက် ။        ။ ငါမကောင်းကြောင်းပြောရင်း နင်ပြန်သာ ဆဲလိုက်။ နားထောင် မနေနဲ့...
ကျွန်မ ။            ။ အေးပါဟယ်...

    ဟိန်းထက်နှင့် ပြောလက်စဖုန်းကို ဘေးခဏချပြီ ဟမ်းဖုန်းကို ကိုင်လိုက်သည်။

ကျွန်မ ။            ။ တောသူမပြော။ အယ်မှားလို့ နှင်းသီရိပြောလေ...

Friday, October 21, 2011

ဂျူးလိယက် ၀က်ဆိုက်သစ် မိတ်ဆက်ခြင်း


ဂျူးလိယက် ရေးသော ၀တ္တုအများစုက အခန်းဆက်များ ဖြစ်တာမို့ ဖတ်ရတာ အဆင်ပြေစေရန် နောက်ဆုံး Juliet Story ၀က်ဆိုက် http://www.julietstory.com/ ကို အသစ်ထောင်လိုက်ပါပြီ။ ထိုဝက်ဆိုက်မှာ အလွယ်တကူ ၀တ္တုတို၊ ၀တ္တုရှည်၊ အခန်းဆက်တွေကို အလွယ်တကူ ဖတ်ရှုနိုင်မှာပါ။ http://www.julietstory.com/ မှတဆင့် ၀တ္တုများကို အားပေးကြပါအုန်း သတင်းကောင်းပါးလိုက်ပါတယ်။

ခင်မင်လေးစားစွာဖြင့်
ဂျူးလိယက်


Tuesday, October 11, 2011

စာဖိုမှူးချစ်သူ (အခန်း-၅ (အိချီကို) ကလပ်ဖောင်ပိတ်ပြီ)


အခန်း-၅ (အိချီကို)
ကလပ်ဖောင် ပိတ်ပြီ

♥♥♥♥ အိချီ... အိချီ... အိချီကို... မိုမို... မိုမို... မိုမိုမိုမို... ယူကီ... ယူကီ... ယူယူကီ... မီနို.. မီနို... မီနိုနိုနို... စာဖိုမှူးကလပ်မှ ကြိုဆိုပါသည်... ♥♥♥♥

        တခြားကျောင်းသား၊ ကျောင်းသူတွေ မသိအောင် စာဖိုမှူးကလပ်ဝင်တဲ့ ဖောင်တွင် လက်မှတ်ထိုးပေးခဲ့ပြီ ကျွန်တော် လှည့်ထွက်လာခဲ့သည်။ ပြီမှ ပါးစပ်မှ တိုးတိုးလေး ရေရွှတ်ရင်း၊

ကျွန်တော် ။              ။ Fan ကလပ်အတွက် လက်မှတ်တဲ့...
          တော်တော် ပေါက်ပေါက်ရှာရှာ စဉ်းစားတတ်တဲ့ ၃ယောက်။ ဒီ၃ယောက်နဲ့ ကျွန်တော် စာဖိုမှူးကလပ်တွင် စခန်းသွားရမည်ကို တွေးရင်းနဲ့ ရင်တော့လေးမိသည်။ ဒါပေမယ့် ဒါဟာ ကျွန်တော် ဘ၀ရဲ့ ရည်မှန်းချက်၊ ပန်းတိုင် လုံးဝလက်မလျှော့ဘူးဟုတွေးရင်း အားတင်းထားသည်။ မုန့်စားဆင်းရန် ယမ်ချာနဲ့တူတူ မုန့်ဈေးတန်းမှာ တူတူထိုင်နေစဉ်၊

ယမ်ချာ ။                 ။ အိချီကို စဉ်းစဉ်းစားစားလည်း လုပ်အုန်းကွာ။ ခုဟာက မင်း ဂျီဂျောက်များနေတာနဲ့ ဘယ်ကလပ်မှ မ၀င်ရပဲ ဂေါ်လီ ဖြစ်နေအုန်းမယ်...

Wednesday, October 5, 2011

စာဖိုမှူး ချစ်သူ ( အခန်း-၄ မိုမို) [ကလပ်ဖောင်တင်ရန် နောက်ဆုံးနေ့ ]


အခန်း-၄ (မိုမို)
ကလပ်ဖောင်တင်ရန် နောက်ဆုံးနေ့

♥♥♥♥ မိုမို... မိုမို.. မိုမိုမိုမိုမို... ယူကီ... ယူကီ... ယူယူယူယူကီ... မီနို.. မီနို... မီနိုနိုနို... အိချီ.. အိချီ.. အိချီကို... စာဖိုမှူးကလပ်မှ ကြိုဆိုပါသည်... ♥♥♥♥

        မိုမို သီချင်းလေး တစ်ကြော်ကြော်ဖြင့် အိမ်သို့ ပျော်မြူးစွာ လမ်းလျှောက်လာသည်။ ယနေ့ စာဖိုမှူးကလပ်ဝင် ၄ယောက်ပြည့်သွား၍ ကလပ်ထောင်နိုင်ပြီမို့ မိုမို တစ်ယောက်ထဲ ကြိတ်ပျော်နေမိသည်။

မိုမို ။             ။ ဟီးဟီး စာဖိုမှူးကလပ်မှာ ဟင်းပွဲတွေ စားရတော့မယ်...
          အိမ်ရှေ့တံခါးကို ဖွင့်ရန် သော့လည်း ရှာရော လွယ်အိတ်ထဲတွင် ဘယ်လိုမှ ရှာမရပေ။ ဒီနေ့ ဒိုဒိုတို့ အပြင်သွားမည် ဖြစ်၍ မိုမိုကို အိမ်တံခါး ဖွင့်ပေးမည့်သူ မရှိပေ။ လွယ်အိတ်အပြင်မှာ သေချာထည့်ထားရက်နဲ့၊

မိုမို ။             ။ ဟင်၊ အိမ်တံခါးသော့ ဘယ်မှာ ကျန်ခဲ့ပါလိမ့်။ ဟို... ဟို... ဟို...
          စဉ်းစားရင်း ခေါင်းက အငွေ့များသာ ထွက်လာပေမယ့် စဉ်းစားမရ၍ သက်ပြင်းချပြီ အိမ်ရှေ့မှာ လွယ်အိတ်လေးကို ပိုက်ပြီ မိုမို ဆောင့်ဂျောက်ထိုင်နေမိသည်။

ခွေး ။            ။ ၀ုတ်၊ ၀ုတ်၊ ၀ုတ်...
          ခွေးဟောင်သံကြားမှ လှည့်ကြည့်လိုက်ရာ၊ အမွှေးစုတ်ဖွာ ခွေးကလေးကို ကြိုးဖြင့် ဆွဲလာရင်း မိုမိုဆီ ပြေးလာသော ခရင်းကို လှမ်းတွေ့လိုက်သည်။ ခွေးမြင်ရင် မနေတတ်သူ ပီပီ ခရင်းကို ဂရုမစိုက်နိုင်ပဲ ခွေးစုတ်ဖွာကို ပွတ်သတ်ပြီ၊

Monday, October 3, 2011

စာဖိုမှူး ချစ်သူ ( အခန်း-၃ အိချီကို)


အခန်း-၃ (အိချီကို)
အိမ်ထောင်ရှင်မ လောင်းလျာများသာ


♥♥♥♥ အိချီ... အိချီ... အိချီကို... မိုမို... မိုမို... မိုမိုမိုမို... ယူကီ... ယူကီ... ယူယူကီ... မီနို.. မီနို... မီနိုနိုနို... စာဖိုမှူးကလပ်မှ ကြိုဆိုပါသည်... ♥♥♥♥

ကျောင်းရှေ့ရောက်သည်နှင့် ကျွန်တော် ဘော်ဒီကဒ် ကားတံခါးကို အဆင့်သင့် လာဖွင့်ပေးသည်။ ကျွန်တော် ကားပေါ်မှ ဆင်းလာပြီ ကျောင်းရှေ့ ခြေချလိုက်သည်နှင့် ကျောင်းသူအားလုံး ရွရွစိစိ ဖြစ်ကုန်ကြသည်။ မပြုံးတပြုံးလေး ပြုံးလိုက်ရင်း အီမိုဆံပင် မတို၊ မရှည် ဆံကေကို သလိုက်သည်။

ကျောင်းသူ ။             ။ ဟယ်၊ အိချီကို...
တခြားကျောင်းသူ ။     ။ အဲဒါ ကျောင်းမှာ အချောဆုံးနဲ့ အတော်ဆုံး အိချီိကို ဆိုတာလေ...
နောက်ကျောင်းသူ ။    ။ အိချီ... အိချီကို... ကို.. ချစ်... တယ်...

Friday, September 30, 2011

စာဖိုမှူး ချစ်သူ ( အခန်း-၂ ယူကီ)


အခန်း-၂ (ယူကီ)
စာဖိုမှူးကလပ်



♥♥♥♥ ယူကီ... ယူကီ... ယူယူယူယူကီ... မီနို.. မီနို... မီနိုနိုနို... မိုမို... မိုမို.. မိုမိုမိုမိုမို... အိချီ.. အိချီ.. အိချီကို... စာဖိုမှူးကလပ်မှ ကြိုဆိုပါသည်... ♥♥♥♥

          ကျွန်မ တစ်ယောက်ထဲ ဗိုက်ကို နှိပ်ကာ အားရပါးရ ရယ်နေစဉ် မီနိုကတော့ ဘေးမှ မျက်တောက်ကြီး နီရဲပြီ ကျွန်မကို အသေကို သတ်ချင်နေတော့သည်။ ရယ်ရလွန်းလို့ ဗိုက်ကြောတွေတောင် နာလာသည်နှင့်၊

ကျွန်မ ။                   ။ ဟီးဟီးဟီး၊ ငါရယ်ရလို့ မောလာပြီ...
မီနို ။                       ။ ယူကီ၊ နင်တော်တော် စိတ်ပုပ်တယ်။ နင်လုပ်လို့ ခုနက ကျောင်းသူ ခင်မျာ တောင်နဲ့မြှောက် မှားသွားရှာပြီ...
ကျွန်မ ။                   ။ စိတ်ပုပ်တော့ ဘာဖြစ်လဲ။ အဲဒီကျောင်းသူကိုက တုံးလွန်းတာ။ တောင်နဲ့မြှောက်အရပ်တောင် မခွဲတတ်ပဲ ဘယ်လို အထက်တန်းကျောင်းသူ ဖြစ်နေတယ်ဆိုတာ စဉ်းစားလို့ကိုမရဘူး။ ဟားဟားဟား...

ထပ်ရယ်ပြန်၍ မီနို မကျေနပ်စွာ ကြည့်နေသည်။ ခုလောက်ဆို ကျွန်မလမ်းညွှန်ပေးလိုက်တဲ့ ကျောင်းသူ လမ်းပျောက်နေရောပေါ့ဟု တွေးကာ ကြိတ်ရယ်နေမိသည်။ မီနိုကို စချင်တဲ့ စိတ်ဖြစ်လာသည်နှင့်၊

ကျွန်မ ။                   ။ မီနို...
မီနို ။                       ။ ဘာလဲ...
ကျွန်မ ။                   ။ နင်ကို ညကျ လက်မဲကြီး လာဆွဲလိမ့်မယ်...