အခန်း-၄ (မိုမို)
ကလပ်ဖောင်တင်ရန် နောက်ဆုံးနေ့
♥♥♥♥ မိုမို... မိုမို.. မိုမိုမိုမိုမို... ယူကီ... ယူကီ... ယူယူယူယူကီ... မီနို.. မီနို... မီနိုနိုနို... အိချီ.. အိချီ.. အိချီကို... စာဖိုမှူးကလပ်မှ ကြိုဆိုပါသည်... ♥♥♥♥
မိုမို သီချင်းလေး တစ်ကြော်ကြော်ဖြင့် အိမ်သို့ ပျော်မြူးစွာ လမ်းလျှောက်လာသည်။ ယနေ့ စာဖိုမှူးကလပ်ဝင် ၄ယောက်ပြည့်သွား၍ ကလပ်ထောင်နိုင်ပြီမို့ မိုမို တစ်ယောက်ထဲ ကြိတ်ပျော်နေမိသည်။
မိုမို ။ ။ ဟီးဟီး စာဖိုမှူးကလပ်မှာ ဟင်းပွဲတွေ စားရတော့မယ်...
အိမ်ရှေ့တံခါးကို ဖွင့်ရန် သော့လည်း ရှာရော လွယ်အိတ်ထဲတွင် ဘယ်လိုမှ ရှာမရပေ။ ဒီနေ့ ဒိုဒိုတို့ အပြင်သွားမည် ဖြစ်၍ မိုမိုကို အိမ်တံခါး ဖွင့်ပေးမည့်သူ မရှိပေ။ လွယ်အိတ်အပြင်မှာ သေချာထည့်ထားရက်နဲ့၊
မိုမို ။ ။ ဟင်၊ အိမ်တံခါးသော့ ဘယ်မှာ ကျန်ခဲ့ပါလိမ့်။ ဟို... ဟို... ဟို...
စဉ်းစားရင်း ခေါင်းက အငွေ့များသာ ထွက်လာပေမယ့် စဉ်းစားမရ၍ သက်ပြင်းချပြီ အိမ်ရှေ့မှာ လွယ်အိတ်လေးကို ပိုက်ပြီ မိုမို ဆောင့်ဂျောက်ထိုင်နေမိသည်။
ခွေး ။ ။ ၀ုတ်၊ ၀ုတ်၊ ၀ုတ်...
ခွေးဟောင်သံကြားမှ လှည့်ကြည့်လိုက်ရာ၊ အမွှေးစုတ်ဖွာ ခွေးကလေးကို ကြိုးဖြင့် ဆွဲလာရင်း မိုမိုဆီ ပြေးလာသော ခရင်းကို လှမ်းတွေ့လိုက်သည်။ ခွေးမြင်ရင် မနေတတ်သူ ပီပီ ခရင်းကို ဂရုမစိုက်နိုင်ပဲ ခွေးစုတ်ဖွာကို ပွတ်သတ်ပြီ၊
မိုမို ။ ။ သားလေးကို လွမ်းလိုက်တာ...
ခရင်း ။ ။ မိုမို၊ နင် ဘယ်တုန်းက သားရသွားတာလဲ...
မိုမို ။ ။ ဟဲဟဲ၊ ခရင်းငါဆီ လာလည်တာလား...
ခရင်း ။ ။ အေး မိုမို၊ နင်ဒီနေ့ ကလပ်ဝင်ဖို့ လူစုတာ ရရဲ့လား စိတ်ပူလို့ လာမေးတာ။ ကလပ်ဖောင်တွေက တဘက်ခါဆို ပိတ်တော့မှာမို့လေ...
မိုမို ။ ။ ဟီးဟီး ရပြီ...
ခရင်း ။ ။ ဟယ် ၀မ်းသာစရာပေါ့။ ဒါနဲ့ ဘယ်သူလဲ...
မိုမို ။ ။ အိ.. အိ.. အိ...
အိဆိုတဲ့ စကားမှာတင် ရပ်သွားတော့သည်။ အိချီကို ပြောခဲ့တဲ့စကားကို ပြန်တွေးမိသည်။
အိချီကို ။ ။ ခင်မျာတို့ ကျွန်ုပ်ကလပ်ဝင်မယ့်အကြောင်း လူတကာ လိုက်ပြောလို့ကတော့ ခင်မျာတို့အားလုံးကို အသေသတ်မယ်...
ကြောက်မက်ဖွယ်ရာ အသံကြီးဖြင့် ခြိမ်းခြောက်တယ်လို့ မဆိုလိုပါဘူး။ အမှန်က ဒီလိုပါ၊
အိချီကို ။ ။ ကျွန်တော် စာဖိုမှူးကလပ်ဝင်မယ့်အကြောင်း ကလပ်ဖောင်မပိတ်ခင်ထိ ဘယ်သူမှ မပြောဖို့ တောင်းဆိုချင်ပါတယ်...
ဟု ယဉ်ယဉ်ကျေးကျေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် မိုမို ခေါင်းကို ကုတ်လိုက်ရင်း၊
မိုမို ။ ။ ဟီးဟီး ငါနံမည်မေ့သွားပြီ...
ခရင်း ။ ။ အမ်၊ နင်ကလပ်ဝင် ရှိတာမှ ၄ယောက်ထဲကို နံမည်မေ့စရာလား...
အော်ဟစ်၍ မိုမို ရူးသလိုလို ရယ်နေတော့သည်။
ခရင်း ။ ။ ဒါနဲ့ ဟင်းချက်ပစ္စည်းတွေရော ၀ယ်ပြီပြီ...
မိုမို ။ ။ ဟင်၊ ဟင်းချက်ပစ္စည်းတွေက ၀ယ်ရအုန်းမှာ...
ခရင်း ။ ။ အင်ပေါ့...
မိုမို ။ ။ ငါမှာမှ ပိုက်ဆံမရှိတာ...
အလွန်စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်မိသည်။
ခရင်း ။ ။ စိတ်မပူပါနဲ့။ ကလပ်အသစ်ထောင်ရင် ကျောင်းရန်ပုံငွေထဲက ကျောင်းအုပ်ပေးမှာပါ...
ကျွန်မ ။ ။ တကယ်...
ခရင်း ခေါင်းညိတ်ပြလိုက်၍ ကျွန်မ အနည်းငယ် ပြန်အားတက်သွားသည်။ စကားပြောရင်း အနွေးထည်အကျီင်္ အိတ်ကပ်ထဲ လက်နှိုက်လိုက်မှ သော့ပြန်ရှာတွေ့သွား၍၊
မိုမို ။ ။ သော့က ဒီရောက်နေတာကိုး...
ခရင်း ။ ။ ၀င်တော့လေ ငါလည်း ပြန်တော့မယ်...
မိုမို ။ ။ ခရင်းရေ ကျေးဇူးပဲ...
ခရင်း ကျွန်မကို နှုတ်ဆက်ကာ ခါးလောက်ရှိတဲ့ သူမဆံပင်လေးကို ခါယမ်းပြီ ပါးချိုင့်ပေါ်အောင် ပြုံးလျှက် ထွက်သွားတော့သည်။ မနက်ဖြန် ကလပ်ဖောင်တင်ရန် နောက်ဆုံးနေ့မို့ စိတ်လှုပ်ရှားလွန်းသည်နှင့် တစ်ညလုံး ဟိုဘက်ကို လိမ့်လိုက်၊ ဒီဘက်ကို လိမ့်လိုက် ဂဏှာမငြိမ်နိုင်ပဲ မအိပ်ပျော်ပေ။ နေထွက်လာမှ နာရီကို ကြည့်ပြီ၊
မိုမို ။ ။ ဟင် ရနာရီ ခွဲနေပြီ တစ်ညလုံးလည်း မအိပ်ရသေးဘူး။ ၀ါးဝါးဝါး...
သန်းရင်း ကြောကို ဆန့်လိုက်သည်။ အိပ်ချင်မူးတူးဖြင့် အခန်းထဲမှ အထွက် ဒိုဒိုနဲ့ ခေါင်းချင်းဆိုင်တိုက်မိရာ၊
အသံ ။ ။ ခွက်...
ဒိုဒို ။ ။ အားနာလိုက်တာ။ ဒီမကြီး အရက်မူးနေလား မသိဘူး...
မိုမို ။ ။ ဟဲဟဲ။ ဆော်ရီး...
ဒိုဒို ပျစ်တောက် အပြစ်တင်ကာ ထွက်သွားတော့သည်။ ဒိုဒိုက မိုမိုထက် အသက် ၂နှစ် ပိုငယ်ပြီ ခုမှ မိုမိုတို့ ကျောင်းမှာပင် အလယ်တန်းကျောင်းသားဖြစ်သည်။ မောင်နှမဆိုပေမယ့် ဒိုဒိုက မိုမိုနဲ့ မတူပဲ ဘက်စုံထူးချွန်သည်။ ကျောင်းမှ အိမ်သို့ သွားရာ တစ်လမ်းလုံး ဘတ်စ်ပေါ်တွင် အရမ်းအိပ်ငိုက်ပြီ ခေါင်းညွှန့်ညွှန့် သွားသေးသည်။ ကျောင်းရှေ့ ကားရပ်လိုက်၍ ဘတ်စ်ကားပေါ်မှ အဆင်းတွင်၊
ဘတ်စ်ကားဆရာ ။ ။ ကလေးမ ဖြည်းဖြည်းသွားအုန်း...
ကျွန်မ ။ ။ ဟိုက်ဟိုက်...
ဟု ပြန်ပြောရင်း အဆင်း ချောလှဲမည့် ဆဲဆဲတွင် မနည်းကို ကိုယ်ကို ပြန်ထိန်းလိုက်သည်။ မိုမိုကြောင့် စိတ်ပူပြီ ဘတ်စ်ကားတစ်ခုလုံးလည်း လှုပ်စိလှုပ်စိ ဖြစ်သွားကြသည်။ မိုမို ခေါင်းကို ငိုက်စိုက်၍ မျက်လုံးကိုပင် သေချာ မဖွင့်နိုင်ပဲ ကျောင်းထဲသို့ လမ်းလျှောက်လာစဉ်၊
မီနို ။ ။ မိုမို...
ဟုနှုတ်ဆက်သံကြားလိုက်မှ မီနိုနှင့် ယူကီတို့နှစ်ယောက်ကို မော့ကြည့်လိုက်ပြီ လက်ပြနှုတ်ဆက်လိုက်သည်။ သူတို့နားကိုပင် မနည်းအားယူကာ သွားနေရသည်။
ယူကီ ။ ။ မိုမို၊ ငါတို့ကလပ်ဖောင်သွားတင်ဖို့ နင်ကို စောင့်နေတာ...
မီနို ။ ။ ဟုတ်တယ်။ ကလပ်ဖောင်တွေ ဒီနေ့ နောက်ဆုံးပဲ။ မနက်ဖြန်ဆို ပိတ်တော့မှာ...
မိုမို ။ ။ အေးအေး၊ သွားရတာပေါ့...
အိပ်ချင်မူးတူး အသံဖြင့် ပြန်ဖြေကာ သူတို့နှင့်တူတူ ကျောင်းအုပ်ရုံးခန်းရှိရာသို့ လိုက်တက်လာခဲ့သည်။ ကျောင်းအုပ်ရုံးခန်းတံခါးကို ဖွင့်လိုက်သည်နှင့် အိပ်ချင်နေသော စိတ်များပင် ဘယ်ရောက်သွားမှန်း မသိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျောင်းအုပ် ကျယ်လောင် စူးရှသော အသံဖြင့် ကျောင်းသားတစ်ဦးကို ဆူဆဲနေ၍ ဖြစ်သည်။
ကျောင်းအုပ် ။ ။ ဟေ့ကောင်၊ အိချီကို မင်းအဖေက ဘယ်လောက်ချမ်းသာ မင်းကျောင်းလာတာ ရဟတ်ယဉ် စီးလာရအောင်။ ငါကျောင်းကို လေပျံကွင်းများ အောင်းမေ့နေလားကွ...
အိချီကို ။ ။ ရဟတ်ယဉ် မစီးရ ဥပဒေ ဒီကျောင်းမှာ ပြဌာန်းထားလို့လား...
လက်ပိုက်ထားရင်း ကျောင်းအုပ်ကို မကြောက်မလန့် ပြန်ဖြေနေသည်။ ရဟတ်ယဉ်စီးပြီ ကျောင်းလာတက်သည်မို့ အိချီကိုကို အထင်မကြီးပဲ မနေနိုင်ပေ။ မိုမိုတို့ သုံးယောက်ပြိုင်တူ၊
ပြိုင်တူ ။ ။ ၀ါး၊ ရဟတ်ယဉ် စီးလာတယ်...
ကျောင်းအုပ်မကြားအောင် တိုးတိုးလေး ရေရွှတ်လိုက်မိသည်။ မိုမိုတို့ စာဖိုမှူးကလပ်တွင် ဒီလို ကျောထောက်နောက်ခံ ကောင်းတဲ့သူပါသည်မို့ စိတ်ထဲမှာ ၀မ်းသာနေမိသည်။ ယူကီကတော့ တခုခုကို ကြိတ်ကြံနေပုံဖြင့် မျက်ခုံးတစ်ချက်ကို ပင့်ထားသည်။ မီနိုက ရှက်တတ်သူပီပီ ပါးစပ်မှ ရဟတ်ယဉ်စီးလာတယ်၊ ရဟတ်ယဉ်စီးလာတယ်၊ ပြောရင်း ပါးနှစ်ဖက် နီရဲနေသည်။ ထိုချိန် ကျောင်းအုပ် ဒေါသထွက်လွန်းလို့ ထိုင်ပင် ဆက်မထိုင်နိုင်တော့ပဲ မတ်ရပ်ကာ၊
ကျောင်းအုပ် ။ ။ ပြဌာန်းလား မေးရအောင် မင်းက ကျောင်းအုပ်လား။ ငါက ကျောင်းအုပ်လား။ မင်းကို ထူးချွန်ပြီ စာတော်လို့ ကျောင်းခေါင်းဆောင်ခန့်ထားတာ။ မင်းစတန့်ထွင်တာတွေကို သဘောကျလို့ မဟုတ်ဘူးကွ...
ကျောင်းအုပ် အဆက်မပြတ် ဆဲဆိုနေချိန်တွင် ကျွန်မတို့ အခန်းထဲဝင်လာသည်ကို အိချီကို မြင်သွားတော့ ရှက်သွားကာ မျက်နှာကို အောက်သို့ ငုတ်ရင်း မျက်နှာလွှဲသွားတော့သည်။ ကျွန်မတို့လည်း တင်မယ့် ဖောင်ကို ပြန်ယူသွားရနှိုးနှိုး၊ ထားခဲ့ရနှိုးနှိုး ဖြစ်နေချိန် ကျောင်းအုပ် အိချီကိုကို ဆူနေရင်းမှ ကျွန်မတို့ကို သတိထားမိသွားတော့၊
ကျောင်းအုပ် ။ ။ ကျောင်းသူတွေ ဘာကိစ္စလဲ...
ယူကီ ။ ။ ဟို၊ ဟိုလေ။ မိုမို နင်က ကလပ်ခေါင်းဆောင် ဆိုတော့ နင်ပြောလိုက်...
မိုမို ။ ။ ဟဲဟဲ။ ကျောင်းအုပ် ကျွန်မတို့ စာဖိုမှူးကလပ် ၄ယောက်ပြည့်သွားလို့
ဖောင်လာတင်တာပါ...
ကျောင်းအုပ် ။ ။ အဖွဲ့ဝင်တွေ လက်မှတ်တွေပါ ထိုးပြီပြီလား...
ထိုသို့ မေးလိုက်မှ ဖောင်ကို ပြန်ကြည့်လိုက်တော့ ကျွန်မတို့ ၃ယောက် ကလပ်ဝင်ဖို့ လက်မှတ် ထိုးပြီသော်လည်း အိချီကို လက်မှတ်လိုနေသည်။ ကျွန်မတို့ ၃ယောက်ပြိုင်တူ ဖောင်စာရွက်ကို အိချီကိုကို လှမ်းပေးရန် ကြံစဉ်၊
ကျောင်းအုပ် ။ ။ အိချီကို၊ မင်းနောက်တစ်ခါ ဒီလို လူစိတ်ဝင်စားအောင် စတန့်ထွင်ရင် အသေပဲ။ ငါရုံးခန်းထဲက ခုထွက်သွား...
အိချီကို ကျောင်းအုပ်ဆူ၍ စိတ်တိုတိုဖြင့် ကျွန်မတို့ကိုပင် အရေးမလုပ်တော့ပဲ ထွက်သွားတော့သည်။ ကျွန်မတို့လည်း သူ့လက်မှတ်မပါသေး၍ ဖောင်တင်မရပဲ ကျောင်းအုပ် ရုံးခန်းတွင် ကျန်ခဲ့သည်။
မိုမို ။ ။ ငါတို့ အိချီကိုနောက်လိုက်သွားရအောင်...
ပြောသော်လည်း မည်သူမျှ စိတ်မ၀င်စားပဲ မီနိုနားကပ်ပြီ ယူကီနောက်နေတော့သည်။
ယူကီ ။ ။ အိချီကိုက သူရဲ့ လေယဉ်ပျံကြီးနဲ့ နင်ကို တက်ကြိတ်မှာ...
မီနို ။ ။ တော်ပါတော့။ ပြောပါနဲ့တော့...
နားကိုပိတ်ရင်း ဇွတ်ကြောက်ကာ အော်နေသည်။ သူတို့နှစ်ယောက်ကို ကြည့်ပြီ မိုမိုကလည်း ဘေးက သဘောကျရယ်နေချိန် ကျောင်းအုပ် မိုမိုတို့ကို မျက်စိနှောက်လာပုံရ၍၊
ကျောင်းအုပ် ။ ။ ဟေ့ ကျောင်းသူတွေ ဖောင်တင်မှာလား။ မတင်ဘူးလား။ မတင်ဘူးဆိုလည်း ထွက်သွား...
အော်လိုက်ရာ ကျွန်မတို့အဖွဲ့ လစ်ခနဲနေအောင် ကျောင်းအုပ်ရုံးခန်းမှ ထွက်ပြေးလာကြသည်။ ပြီနောက် အိချီကို လက်မှတ်ကို ရမှဖြစ်မည် ဖြစ်၍ သူရှိရာ ၁၂တန်းအေခန်းသို့ ထွက်လာခဲ့သည်။ အခန်းနားရောက်တော့ ကျောင်းသူတွေ အခန်းရှေ့တွင် ၀ိုင်းတိုးကြိတ်ကြည့်နေကြသည်။ မိုမိုတို့လည်း သူတို့နှင့်တူတူ အခန်းထဲသို့ စိတ်ဝင်စားလိုက်ကြည့်လိုက်သည်။
ကျောင်းသူများ ။ ။ အိချီကို၊ ဒို့တွေကိုလည်း ရဟတ်ယဉ်စီး ကျောင်းပြန်ရင် ခေါ်သွားပါ့လားဟင်။ ခစ်၊ ခစ်၊ ခစ်...
အိချီကိုကတော့ ကျောင်းအုပ်ဆူခံလိုက်ရလို့ မျက်နှာ သိပ်မရွှင်ပြနိုင်ပဲ အခန်းထဲတွင် စတယ်ကြီးနှင့် ထိုင်နေသည်။
မိုမို ။ ။ ယူကီ၊ အိချီကိုဟိုမှာ ခေါ်လိုက်လေ...
ထိုချိန် ယူကီ ဘာအကြံရသည်မသိ မီနိုနှင့်မိုမိုကို အခန်းထောင့်နားသို့ အတင်းလက်ဆွဲ ခေါ်သွားတော့သည်။ မီနိုက ယူကီကို သိပ်မသင်္ကာတဲ့ အကြည့်ဖြင့် ကြည့်ပြီ၊
မီနို ။ ။ ယူကီ၊ နင်ဘာတွေ ကြိတ်ကြံနေပြန်ပြီလဲ...
ယူကီ ။ ။ အကယ်၍ အိချီကိုသာ စာဖိုမှူးကလပ် ၀င်မယ်ဆိုတာ တခြားကျောင်းသူတွေ သိသွားရင် ဟားဟားဟား။ ငါတို့ စာဖိုမှူးကလပ် အဖွဲ့ဝင်အများဆုံး ဖြစ်သွားမယ်။ ဟားဟားဟား...
ယူကီ လက်ကိုပိုက်ပြီ သူဘာသာပြော၊ သူဘာသာ သဘောကျနေချိန်တွင် မီနို ယူကီခေါင်းကို ခွက်ခနဲနေအောင် ခေါက်ချလိုက်တော့သည်။
ယူကီ ။ ။ နင် ဘာလို့ ငါခေါင်းကို ထုတာလဲ...
မီနို ။ ။ နင်အသိတရား မရှိလို့ ရှိအောင် လုပ်ပေးတာ။ အိချီကိုကို ငါတို့ ကတိပေးထားတာ မေ့နေပြီလား။ အဖွဲ့ဝင် စိတ်ဓာတ်မွေးစမ်းပါ...
ယူကီ ။ ။ ဟားဟား။ အားလုံးအတွက် ကောင်းဖို့ လုပ်ရမှာပဲ...
ပြောကာ မီနိုတားနေသည့်ကြားမှ ယူကီ လူအုပ်နားသို့ သွားမည်အလုပ်တွင် မီနိုနှင့် မိုမို ၀ိုင်းဆွဲရတော့သည်။ ယူကီကလည်း အတင်းရုန်းရင်း၊
ယူကီ ။ ။ ငါတို့ စာဖိုမှူးကလပ်ထဲ အိချီ...
အိချီပဲ ရှိသေးချိန်တွင် ယူကီပါးစပ်ကို မိုမိုနှင့်မီနိုတို့ အလျင်အမြန် ၀ိုင်းပိတ်လိုက်ရသည်။ ကံကောင်းချင်တော့ အိချီကိုဆိုသည့် နံမည်ကို မည်သူမှ မကြားလိုက်ပေ။ မီနို ယူကီကို စိတ်ဆိုးသည့်ပုံဖြင့် ခါးထောက်လျှက်၊
မီနို ။ ။ ယူကီ၊ နင်ဒီလို အဖွဲ့ဝင်စိတ်ဓာတ်မရှိ လျှောက်လုပ်နေရင် အဖွဲ့ထဲက ထွက်ပဲ။ ဟုတ်တယ်မလား မိုမို...
ကလပ်ခေါင်းဆောင်ဖြစ်သည့် မိုမိုကို မေးရာ၊ မိုမို ခေါင်းကုတ်လျှက်၊
မိုမို ။ ။ ဟဲဟဲ။ ဟုတ်တယ်...
ယူကီ ။ ။ ဟင် ငါကို ထုတ်ကြမလို့။ ငါမှာတော့ ကလပ်အတွက် လုပ်ပေးလိုက်ရတာ။ ဟိဟိဟိ...
ငိုချသဖြင့် သူကို ၀ိုင်းချော့ရသေးသည်။ နောက်မှ အိချီကိုဆီမှ လက်မှတ်မရသေးသည်ကို သတိရသွားပြီ၊
မိုမို ။ ။ လက်မှတ်...
မီနို ။ ။ ဒီနေ့မှ အိချီကို လက်မှတ်မရရင် ငါတို့စာဖိုမှူးကလပ် ပျက်ပါပြီ...
ဟုပြောရင်း အားလုံး စိတ်ညစ်နေချိန်တွင် ယူကီ ဖောက်ပြန်ကာ၊
ယူကီ ။ ။ မီနို...
မီနို ။ ။ ဘာလဲ...
ယူကီ ။ ။ နင်ကို နောက်နေ့ကစပြီ မီနို ကလပ်မဲ့၊ မီနိုကလပ်မဲ့လို့ ၀ိုင်းခေါ်ကြမှာ။ ဟားဟားဟား...
မီနို နားကို အတင်းပိတ်ရင်း တော်တော့၊ တော်တော့ဟု ကျယ်လောင် စူးရှစွာ အော်ဟစ်နေသည်။ ယူကီကတော့ ဗိုက်နှိပ်ရယ်နေတော့သည်။ သူတို့နှစ်ယောက်ကို ကြည့်ပြီ မိုမို သဘောကျမိသည်။ အဲဒီလို အမြဲရန်ဖြစ်နေမယ့် သူငယ်ချင်းမျိုးရရင် အပျင်းပြေတာပေါ့ဟု တွေးနေစဉ်၊
ခရင်း ။ ။ မိုမို၊ ဘာလုပ်နေတာလဲ...
မိုမို ။ ။ ခရင်း။ ဒါနဲ့ မိတ်ဆက်ပေးရအုန်းမယ် သူက ယူကီ။ သူက...
ခရင်း ။ ။ မီနို မဟုတ်လား...
မိုမို ။ ။ ခရင်း သိနေတယ်...
ခရင်းခေါင်းညိတ်ပြကာ ယူကီနှင့် မီနိုကို ပြုံးပြပြီ၊
ခရင်း ။ ။ မီနိုက ကျောင်းမှာ ချောလို့ နံမည်ကြီးတာ မသိပဲ နေမလား...
မီနို ။ ။ ကျေးဇူးပါ...
ဟုပြောရင်း မီနို ပါးနှစ်ဖက် နီရဲတက်လာတော့သည်။ ယူကီကတော့ သူကို မသိသဖြင့် သိပ်ပြီ ကျေနပ်ချင်ပုံ မပေါ်ချေ။ ခရင်း မိုမိုတို့ကို နှုတ်ဆက်ပြီ ဆက်ထွက်သွားသည်။ ခရင်းထွက်သွားမှ မိုမိုအကြံတစ်ခုရလာ၍၊
မိုမို ။ ။ မုန့်စားဆင်းချိန် ဆိုရင် လူရှင်းလောက်ပြီ။ လူရှင်းတုန်း သူများတွေ မသိအောင် အိချီကိုကို လက်မှတ်သွားထိုးခိုင်းရအောင်...
ယူကီ ။ ။ ဟုတ်တယ်။ သွားရအောင်...
အမြန် အိချီကို အခန်းရှိရာသို့ တိတ်တဆိတ်ထွက်ခွာလာခဲ့သည်။ သူအခန်းရှေ့မှာ ထင်ထားသည့်အတိုင်း အရင်ကလို ကျောင်းသူတွေ မရှိတော့၍ ကျောင်းခန်းထဲသို့ ခေါင်းပြူးကာ ၃ယောက်ပြိုင်တူကြည့်လိုက်ကြသည်။
မီနို ။ ။ ဟို၊ ဟိုမှာ အိချီကို...
မိုမို ။ ။ အိချီကို...
ဟုတိုးတိုးလေး အော်နေချိန်တွင် မိုမိုဘေးမှ ကျယ်လောင်သော အသံဖြင့်၊
ယူကီ ။ ။ အိချီကို၊ အိချီကို...
ယူကီ အော်လိုက်ရာ အိချီကိုအပြင် အခန်းထဲရှိ ကျောင်းသား၊ ကျောင်းသူများ ၀ိုင်းလှည့်ကြည့်ကြ၍၊
ယူကီ ။ ။ ဟဲဟဲဟဲ။ အိချီကို နံမည်ခေါ်လို့ ကောင်းလို့ ခေါ်ကြည့်တာ။ ဟဲဟဲဟဲ...
ပြောလိုက်ရာ ယူကီ ချက်ချင်းဆိုသလို အခန်းထဲရှိ ကျောင်းသူအားလုံးရဲ့ ရန်သူကြီး အလားကို ဖြစ်သွားတော့သည်။ အိချီကိုလည်း ကျွန်မတို့ကို မြင်တော့ သရဲတွေ့လိုက်သည့်အလား မျက်နှာ အရမ်းပျက်သွားပြီ ခဏနေမှ အခန်းထဲမှ ထွက်လာသည်။
အိချီကို ။ ။ ဘာကိစ္စ ကျွန်တော်ကို လာရှာတာလဲ။ ခင်မျာတို့ ပေးထားတဲ့ ကတိကို မေ့နေပြီလား...
မီနို ။ ။ မဟုတ်ပါဘူး။ ဟို၊ ဟို... လက်မှတ်လိုလို့ပါ...
အိချီကို ။ ။ ဘာလက်မှတ်လဲ...
ယူကီ ။ ။ စာဖို...
ယူကီ စကားကို မှားပြောပြီမှ သူပါးစပ်ပြန်ပိတ်လိုက်ပြီ၊
ယူကီ ။ ။ အိချီကို fan ကလပ်ဝင်တွေက အော်တိုထိုးခိုင်းလို့ပါ...
စကားကို တမင်ပြင်ကာ သူများတွေကြားလို့ ကောင်းအောင် ပြောလိုက်၍ ယူကီကို မီနိုနှင့် မိုမို လှမ်းကြည့်လိုက်မိသည်။ အစက အိချီကို စာဖိုမှူးကလပ်ဝင်မှာကို သူပဲ ဖော်ထုတ်မယ် တကဲကဲ လုပ်နေသော်လည်း တကယ်အရေးကြုံလာတဲ့အခါ ကလပ်ဝင်စိတ်ဓာတ်ရှိသည်မို့ စိတ်ထဲမှ ယူကီကို ချီကျူးမိသည်။ မိုမိုလည်း ပြုံးလိုက်ရင်း၊
မိုမို ။ ။ ဟုတ်ပါတယ်။ မိုမိုတို့ကို အော်တိုလေး ထိုးပေးပါ...
ဟုပြောကာ စာဖိုမှူးကလပ်ဖောင်စာရွက်ကို အိချီကို လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ အိချီကို စာရွက်ကို လှန်ကြည့်ပြီ သဘောပေါက်သွားဟန်ဖြင့် ချက်ချင်း လက်မှတ်ထိုးပေးကာ နှုတ်တောင် မဆက်တော့ပဲ လှည့်ထွက်သွားတော့သည်။ သူလက်မှတ်ရမှပဲ တနေကုန် ပူနေသည့် အပူလုံးကြီးပါ လျှောခနဲ ကျသွားတော့သည်။ အားလုံး ပြိုင်တူ သက်ပြင်းချလိုက်ရင်း၊
မီနို ။ ။ တော်ပါသေးရဲ့။ မဟုတ်ရင် ငါတို့ကလပ်တော့...
ယူကီ ။ ။ ငါမှာ အကြံရှိသေးတယ်...
မီနိုနှင့် မိုမို လက်တစ်ချောင်း ပြိုင်တူ ထောင်လိုက်ပြီ၊
ပြိုင်တူ ။ ။ တော်တော့...
ဟုအော်လိုက်ပြီမှ အားလုံးတစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း စုရယ် ဖြစ်တော့သည်။
--------------------------------------------------------------------------
No comments:
Post a Comment