Monday, October 3, 2011

စာဖိုမှူး ချစ်သူ ( အခန်း-၃ အိချီကို)


အခန်း-၃ (အိချီကို)
အိမ်ထောင်ရှင်မ လောင်းလျာများသာ


♥♥♥♥ အိချီ... အိချီ... အိချီကို... မိုမို... မိုမို... မိုမိုမိုမို... ယူကီ... ယူကီ... ယူယူကီ... မီနို.. မီနို... မီနိုနိုနို... စာဖိုမှူးကလပ်မှ ကြိုဆိုပါသည်... ♥♥♥♥

ကျောင်းရှေ့ရောက်သည်နှင့် ကျွန်တော် ဘော်ဒီကဒ် ကားတံခါးကို အဆင့်သင့် လာဖွင့်ပေးသည်။ ကျွန်တော် ကားပေါ်မှ ဆင်းလာပြီ ကျောင်းရှေ့ ခြေချလိုက်သည်နှင့် ကျောင်းသူအားလုံး ရွရွစိစိ ဖြစ်ကုန်ကြသည်။ မပြုံးတပြုံးလေး ပြုံးလိုက်ရင်း အီမိုဆံပင် မတို၊ မရှည် ဆံကေကို သလိုက်သည်။

ကျောင်းသူ ။             ။ ဟယ်၊ အိချီကို...
တခြားကျောင်းသူ ။     ။ အဲဒါ ကျောင်းမှာ အချောဆုံးနဲ့ အတော်ဆုံး အိချီိကို ဆိုတာလေ...
နောက်ကျောင်းသူ ။    ။ အိချီ... အိချီကို... ကို.. ချစ်... တယ်...

          ပြောရင်း ထိုနေရာတွင်ပင် မေ့လှဲကျသွားသည်။ တဖြည်းဖြည်းနှင့် ပျားအုံ့သို့ ပျားများ စုဝေးရောက်လာသည့်အလား ကျွန်တော်နားသို့ ကျောင်းသူများ ၀ိုင်းရံလာကြသည်။ အရပ်၆ပေလောက် နီးပါး ရှည်ကာ တောင့်တင်းခံညားတဲ့ ကိုယ်ခနာ ရှိတာမို့ မိန်းခလေးတိုင်း ကျွန်တော်ကို မကြွေပဲ မနေနိုင်ပေ။ ကျွန်တော်လည်း ဗယ်ဘက်လက်ကို အသင့်ပါလာသော လက်ကိုင်ပုဝါ တစ်ထည်ဖြင့် အုပ်လိုက်ပြီ၊

ကျွန်တော် ။              ။ ဟန့် ချလောင်း...
          မန်းလိုက်ရာ နှင်းဆီပန်း ဖြစ်သွားတော့သည်။ လက်ခုတ်ကို အားရပါးရ တီးကြရင်း၊

ကျောင်းသူများ ။        ။ အိချီကို တော်လိုက်တာ။ ဖျောင်း၊ ဖျောင်း...
ရပ်နေသည့် ကျောင်းသူများကြားမှ အလှဆုံး ကျောင်းသူကို နှင်းဆီပန်းလေး ပေးလိုက်သည်။

ကျောင်းသူ ။             ။ ငါတော့ အသက်မှ ရှုသေးရဲ့လား...
          မူးမေ့မတတ် ဖြစ်သွားပြန်သည်။ ကျွန်တော်လည်း ပြုံးစိစိဖြင့် ကျောင်းခန်းထဲသို့ ၀င်လာခဲ့သည်။ ကျောင်းခန်းထဲ ရောက်သည်နှင့် ကျွန်တော် သူငယ်ချင်း ယမ်ချာ ရောက်လာသည်။ ကျွန်တော်က စမတ်ကျအောင် နေတတ်သလောက် ယမ်ချာက ငယ်စဉ်ကတည်း ဆံပင် ဖိုသီဖတ်သီးနှင့် ဖစ်ကလပ်ဆန်းနေတတ်သူ ဖြစ်သည်။ ဒါကြောင့် ကျွန်တော်နဲ့ ယမ်ချာတို့ သူငယ်ချင်း နှစ်ယောက်ကို ကျောင်းသူတွေက ဒေါင်းနဲ့ကျီးဟု တင်စားပြောဆိုတတ်သည်။ ခုလည်း ကျောင်းအကျီင်္တွေ ဘောင်းဘီပြင်ထွက်လျှက်၊

ယမ်ချာ ။                 ။ အီချီကို၊ မင်း ကလပ်ဝင်ဖို့ဖောင် ခုထိ မတင်သေးဘူးလားကွာ...
ကျွန်တော် ။              ။ ငါစဉ်းစားတုန်းပဲ...
          ယမ်ချာက ကျွန်တော်နားသို့ ကပ်ထိုင်လျှက် တိုးတိုးလေး သူများ မကြားရအောင်၊

ယမ်ချာ ။                 ။ ဟေ့ကောင် သိပ်စဉ်းစားမနေပါနဲ့ကွာ။ မင်း ဂျူဒိုကလပ်ထဲသာ ၀င်လိုက်စမ်းပါကွာ။ ပြီတော့ ဆရာမရွှီကလည်း မင်းကို ခေါ်ခိုင်းနေတာ...
          ဂျူဒိုကလပ်မှ ဆရာမရွှီဟု ကြားရုံနှင့် မိုးကြိုးပစ်ချလိုက်သည့်အလား ခေါင်းတစ်ခုလုံး ကြိမ်းထွက်သွားပြီ အငွေ့များ တဆူဆူဖြင့် ငယ်လယောင်၊ ငယ်လယောင်။ အဘယ်ကြောင့်ဆိုသော် မနေ့ကမှ ဂျူဒိုကလပ်မှာ ဆရာမရွှီကိုင်ပေါက်လိုက်၍ ကလပ်ဝင်တစ်ယောက် ဆေးရုံရောက်သွားသေးသည်။ ပြီမှ အိနြေ္ဒ ပြန်ဆယ်လိုက်ရင်း၊

ကျွန်တော် ။              ။ ဒီလို ရူးပေါပေါအလုပ်တွေ ငါစိတ်မ၀င်စားဘူး...
         
          လူကြားကောင်းအောင် ပြန်ဖြေလိုက်သည်။ ဂျူဒိုကလပ်ထဲ မ၀င်တာမို့ သူရဲဘောကြောင်တယ်လို့တော့ ကျောင်းသူများ ထင်မှာကို မလိုလားပေ။ မိန်းခလေးတိုင်း ကျွန်တော်ကို အထင်ကြီး လေးစားနေသည်ကို အမြဲတွေ့ချင်မိသည်။ ခုကျွန်တော်နှင့် ယမ်ချာ စကားပြောနေသည်ကို ဘေးမှ ကျောင်းသူများ ခိုးနားထောင်နေမှန်း သိသည်။ ယမ်ချာက ဒေါသထွက်ဟန်ဖြင့်၊

ယမ်ချာ ။                 ။ နေပါအုန်း။ မင်းက ဘယ်ကလပ်ဝင်မှာမို့လို့လဲ...
ကျွန်တော် ။              ။ ဘတ်စကစ်ဘောအဖွဲ့ ၀င်မလားလို့...
ကျောင်းသူများ ။        ။ ဟေး၊ ဘတ်စကစ်ဘောကလပ်တဲ့...
          အော်ရင်း တစ်ခန်းလုံးမှ ကျောင်းသူများ လစ်ခနဲနေအောင် ဘတ်စကစ်ဘောကလပ် ရှိရာသို့ ဖောင်တင်ရန် သူသူငါငါ အလုအယှက် အပြေးသွားတော့သည်။ ကျောင်းသူတွေ အားလုံး ထွက်သွားမှ ယမ်ချာ နှင့် ကျွန်တော် အားရပါးရ ရယ်နေမိသည်။

ယမ်ချာ ။                 ။ အိချီကို ကျေးဇူးပဲ။ ဟီးဟီး မင်းကူညီပေးလို့ ငါတို့ ဘတ်စကပ်ဘော ကလပ် လူပြည့်တော့မှာ...
ကျွန်တော် ။              ။ မလိုပါဘူး...
          ဟု ရိုးရိုးပင် ပြန်ဖြေလိုက်သည်။ ကလပ်တွင် လူလိုလျှင် ကျွန်တော်ဆီမှ အကူအညီဖြင့် ကျောင်းသူတွေကို တဖက်လှည့်ကာ ကလပ်ထဲ ၀င်ခိုင်းကြသည်။ အမှန်တိုင်း ပြောလျှင် ခုချိန်ထိ ကျွန်တော် ကိုယ်တိုင် ဘယ်ကလပ် ၀င်ရမည်ကို စဉ်းစားရခက်နေမိသည်။ အင်း၊ ငါဘယ်ကလပ်ကို ၀င်ရင်ကောင်းမလဲဟု တွေးရင်း ကျောင်းစင်္ကြံပေါ်တွင် လမ်းလျှောက်လာစဉ် ပါမုန့် ဦးထုပ် တစ်လုံးစီ ၀တ်ထားပြီ ကလပ်ကြေငြာစာရွက်များ ဝေနေသည့် ကျောင်းသူတွေကို ထူးဆန်းစွာ ကြည့်လိုက်မိသည်။ ဒီလို အူကြောင်ကြောင် ကျောင်းသူတွေလည်း ရှိသေးသားဟု နှာခေါင်းရှုတ်ရင်း သူတို့ရှေ့မှ ဖြတ်လျှောက်သွားစဉ်၊

ယူကီ ။                     ။ မီနို၊ အဲဒါ အိချီကိုလေ...
မီနို                        ။ အိချီကို၊ ဟို... ဟို... စာရွက်လေး...
ရှက်ရှက်ဖြင့် ထိုကျောင်းသူမှ စာရွက် လာအတင်း ထိုးပေး၍ သူမကို လှမ်းကြည့်လိုက်သည်။ မီနိုဆိုတဲ့ ကျောင်းသူက ဆွဲဆောင်မှုရှိသည်နှင့် ပြုံးတုံ့တုံ့ဖြင့် သူမပေးသော စာရွက်ကို ယူမည်အလုပ်တွင် သူမဘေးမှ ကလေးဆန်ဆန်ကျောင်းသူက၊

မိုမို ။                       ။ အိချီကို ဆိုတာ ဘယ်သူလဲဟင်...
ကျွန်တော် ။              ။ ကိန်...
          ကျွန်တော် ထိုနေရာတွင် မေ့လှဲချင်စိတ် ဖြစ်သွားတော့သည်။

ယူကီ ။                    ။ ဟာ၊ ကျောင်းကင်း အိချီကိုလေ။ မိုမို၊ အိချီကို ကိုလည်း ကြေငြာစာရွက် ပေးလိုက် ပေးလိုက်...
မိုမို ။                       ။ ဟို၊ ငါတို့ စာရွက်ဝေမှာ မိန်းခလေးတွေပဲဆို။ သူက ယောကျာ်လေးကိုး...
ယူကီ ။                    ။ နင်က ပေးဆိုပေးတာ မဟုတ်ဘူး။ အိချီကို စာရွက်လေး ယူသွားပေးပါနော်...
          ပြောရင်း ကျွန်တော်လက်ထဲသို့ စာရွက် အတင်းလာထိုးထည့်သဖြင့် အားနာနာဖြင့် ယူလာခဲ့သည်။ ကျွန်တော်အကြောင်း တွတ်တီပြောရင်း ထိုကျောင်းသူ ၃ယောက်ကျန်လာခဲ့သည်။ ဘယ်လိုဟာတွေပါလိမ့် ငါနံမည်မသိတဲ့ ကျောင်းသူက ရှိသေးဟု ကြိမ်းဆဲနေမိသည်။ ခဏနေမှ ဗိုက်မှ အသံပေါင်းစုံ ထွက်လာ၍ အိပ်သာသို့ အမြန်ပြေးရတော့သည်။ ဒီနေ့မှ ဒီဗိုက်ကလည်း ဘာလို့ နာနေမှန်း မသိပေ၊

ကျွန်တော် ။              ။ အာယိုယို၊ အာယိုယို။ ခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်...
          အိပ်သာသုံး စက္ကူလိပ်ရှာရာ၊ စက္ကူလိပ်ကုန်နေပြန်၍ စိတ်ပျက်သွားမိသည်။ ခဏနေမှ ခုနက ဟိုအူကြောင်ကြောင် ကျောင်းသူတွေ ပေးလိုက်သော စာရွက်ကို သတိရသွားတော့သည်။ ဟာ၊ ဟ ငါအတွက် အိပ်သာသုံးစက္ကူရပြီ အသုံးပြုရန် ပြင်ပြီမှ ထိုစာရွက်မှာ ရေးထားသော စာတစ်ကြောင်းကို အမှတ်မထင် ဖတ်မိလိုက်ပြီ၊

ကျွန်တော် ။              ။ ဟင်၊ စာဖိုမှူးကလပ် ဆိုပါ့လား။ ဒါ... ဒါ... ငါအဖြစ်ချင်ဆုံး အရာပဲ...
          ပျော်လွန်းလို့ အိပ်သာတက်ရင်း မေ့ကာ ထခုန်လိုက်ရာ ချော်လှဲကျပြီ ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်သွားတော့သည်။ စာဖိုမှူးကောင်း တစ်ယောက်ဖြစ်ရေးသည် ကျွန်တော်ရဲ့ ဘ၀ရည်မှန်းချက်ဟု ဆိုလည်း မမှားပေ။ ကျွန်တော် ရူးသွပ်အောင် လုပ်ချင်တဲ့ စာဖိုမှူးအလုပ်ကို လုပ်ရတော့မည်ဟု တွေးမိသည်နှင့် ဘယ်လိုပျော်မှန်းမသိပေ။ ကျွန်တော်အမေ မသိအောင် ငယ်စဉ်ကတည်းက မီးဖိုချောင်ထဲဝင်ပြီ ဟင်းတွေ ခိုးခိုးချက်တာမို့ ကျွန်တော်ကို အခြောက်ဟု လှောင်ပြောင်ခံခဲ့ရသည်။ ခုတော့ ကျွန်တော် ရည်မှန်းချက်ကို လက်တွေ့အကောင်အထည် ဖော်လိုက်နိုင်ပြီဟု တွေးရယ်ရင်း ကြေမွနေသော ကြေငြာစာရွက်ကို သေချာဖြန့်လိုက်သည်။

ကြေငြာစာရွက် ။        ။ စာဖိုမှူးကလပ်သို့ အိမ်ရှင်မကောင်း အလောင်းအလျာများကိုသာ ဖိတ်ခေါ်ပါသည်။ ပုံ မိုမို၊ ယူကီ၊ မီနို...
          အသဲပုံလေးများ ဝေေ၀ဖြာဖြာဖြင့် ချစ်စဖွယ်ကောင်းအောင် ရေးထားသေးသည်။ ဘာ၊ အိမ်ရှင်မ လောင်းလျာများသာ ဒါကျွန်တော်ကို သက်သက်စော်ကားတာပဲ။ ခုခေတ် အောင်မြင် ကျော်ကြားနေတာတဲ့ စာဖိုမှူးတိုင်း ယောကျာ်းတွေချည်းပဲ။ ဒါကို အိမ်ရှင်မလောင်းလျာများဟု ဆိုထားသည်နှင့် ထိုကျောင်းသူ ၃ယောက်ကို ရန်တွေ့ရန် တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာတော့သည်။ ထို ၃ယောက်ထဲမှ ဆံပင်တိုတို ယောကျာ်းပုံနဲ့ ကျောင်းသူမျက်နှာကို ကျွန်တော် ကောင်းကောင်းမှတ်မိသည်နှင့် လိုက်ရှာရင်း ၁၂ဘီတန်းရောက်တော့ အခန်းထောင့်တွင် သူကိုယ်ကို ဆရာကြီး စတိုင်ဖြင့် လေကျယ်နေသော ကျောင်းသူအား၊

ကျွန်တော် ။              ။ ဟေ့ ဒီမှာ...
          ထိုကျောင်းသူမှလည်း ကျွန်တော်ကို လှည့်ကြည့်ကာ အံ့အားသင့်သွားတော့သည်။

ယူကီ ။                    ။ ဟင်၊ အိချီကို...
          ထိုချိန် တခြားကျောင်းသူများလည်း ကျွန်တော်ကို မြင်တော့ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ ခုလိုချိန်မှာ ကျွန်တော် စာဖိုမှူးကလပ်ဝင်ချင်တဲ့ အကြောင်းသာ ပြောလိုက်လျှင် ကျောင်းသူများ ဟယ်၊ အိချီကိုကို ယောကျာ်းပီသလှပြီ အောင်းမေ့နေတာ၊ အခြောက်ကြီးတော်ဟု ပြောမည်ဟု တွေးမိသည်နှင့် မျက်တောင်ကြီးကုတ်ကာ ခေါင်းထဲမှ အငွေ့များ ထွက်လာတော့သည်။ ဒါကြောင့် ရန်ပင်မတွေ့ခဲ့ရပဲ၊ အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။
          ဒီလိုနှင့် ကျွန်တော် စာဖိုမှူးကလပ်ဝင်မည့် အစီအစဉ် မထမြှောက်ပဲ ဖြစ်ခဲ့ရပြန်သည်။ ကျောင်းဆင်း အိမ်ပြန်ရာ တစ်လမ်းလုံး သူတို့ပေးလိုက်တဲ့ စာဖိုမှူးကလပ် ကြေငြာစာရွက်ကိုပင် ထပ်ခါထပ်ခါ ဖတ်ကြည့်နေမိသည်။ စာဖိုမှူးကလပ်တွင် ကျွန်တော်နှင့် ၀ါသနာတူ ဟင်းချက်မိတ်ဆွေများဖြင့် နေ့စဉ် ဟင်းတွေချက်ပြုတ်နေရမည် ဆိုလျှင် ကျွန်တော် ဘ၀မှာ နေပျော်ပါပြီ။
ကျွန်တော်ပင် မမှတ်မိသည့် ကျွန်တော်နဲ့အမေကို ပစ်ခဲ့သော အဖေရင်းဆိုသူသည်လည်း ဂျပန်တွင် အတော်ဆုံး ဟိုတယ်စာဖိုမှူးတစ်ဦးပင်။ ဒါကြောင့် ငယ်စဉ်ကတည်းက ကြီးလာရင် စာဖိုမှူးလုပ်မယ် ပြောတိုင်း ကျွန်တော် အမေ အရိုက်ခံခဲ့ရသည်။ ထို့ကြောင့် ဖြစ်ချင်တဲ့စိတ်ကိုပင် မျိုသိပ်ကာ မည်သူကိုမှ ဖွင့်မပြောခဲ့မိပေ။ အတွေးလွန်နေရင်းမှ ရှုတ်တရပ် မနက်က ကျောင်းတွင် တွေ့လိုက်သော ပါမုန့်ဦးထုပ် ဆောင်းထားသော ကျောင်းသူ ၃ယောက် လမ်းစင်္ကြ့တွင် တစ်ဦးနှင့် တစ်ဦး စနောက်ရင်း လမ်းလျှောက်နေသည်ကို တွေ့လိုက်၍၊

ကျွန်တော် ။              ။ ကားကို ရပ်၊ ရပ်...
          ဟုအော်ကာ ကားရပ်လိုက်သည်နှင့် ကားပေါ်မှ ရေးကြီးသုတ်ပျာ ပြေးဆင်းတော့သည်။ သူတို့ကို လိုက်မှီသွားမှ အနောက်ကအသံပြုလိုက်ရင်း၊

ကျွန်တော် ။              ။ ဟေ့ ဟိုရှေ့က ၃ယောက်...
          ၃ယောက်လုံး ပြိုင်တူလှည့်ကြည့်ရင်း ကျွန်တော်ကို မြင်တော့ ယောကျာ်ရှာစတိုင် ကျောင်းသူက၊

ယူကီ ။                    ။ အိချီကို ငါတို့နောက်က လိုက်လာတယ်။ နေ့လည်ကလည်း ငါကို လာရှာတယ် ဆိုတော့။ ဟဲဟဲဟဲ...
          ဟုပြောရင်း သူမလက်ထိပ်လေး နှစ်ခုကို တေ့နေသည်။ သူမ ဘယ်လိုတွေးနေပြီ ဘယ်ကို ခြေလှမ်းလှမ်းနေသည်ကို ကျွန်တော်သိ၍ စာဖိုမှူးကလပ် ကြေငြာစာရွက်ကို သူတို့ မျက်နှာနားတွင် တေ့လိုက်ရင်း၊

ကျွန်တော် ။              ။ တိတ်၊ ခင်မျာတို့ ကြေငြာစာရွက်မှာ ဘာသဘောနဲ့ အိမ်ရှင်မ လောင်းလျာများကိုသာ ဖိတ်ခေါ်ပါသည်ဟု ရေးထားတာလဲ...
ယူကီ ။                    ။ ဟမ် အဲဒါမေးဖို့ လာတာ။ အဲဒါ မီနို နင်ပေးတဲ့ အကြံဆိုတော့ နင်ပဲ ရှင်းလိုက်...
မီနို ။                       ။ ငါပေးတဲ့ အကြံဆိုပေမယ့် ယူကီ နင်လည်း ပါတာပဲ...
ယူကီ ။                    ။ ငါမပါဘူး...
မီနို ။                       ။ ပါတယ်...
          ငြင်းခုန်နေကြစဉ် ဆံပင်ကုတ်ဝဲဖြင့် ကလေးကလာဆန်သော ကျောင်းသူမှ ခေါင်းကုတ်ရင်း၊

မိုမို ။                       ။ ဟိုလေ၊ ဒါတွေ မေးနေတာ စာဖိုမှူးကလပ်ကို စိတ်ဝင်စားလို့လားဟင်...
          ဟု မေးလိုက်ရာ ခုနက ငြင်းခုန်နေသော မီနိုနှင့် ယူကီတို့ကပါ ကျွန်တော်ကို မသင်္ကာသော အကြည့်ဖြင့် ၀ိုင်းကြည့်ကြသည်။ ကျွန်တော်လည်း ဘာဆက်ပြန်ဖြေရမှန်း မသိပဲ မျက်နှာကို လွှဲထား၍၊

ပြိုင်တူ ။                   ။ အိချီကိုလို လူမျိုးက စာဖိုမှူးကလပ် ၀င်ချင်တယ်...
အရမ်းကို အံ့ဘြသော အသံဖြင့် ပြိုင်တူ ဟစ်ကျွေးလိုက်ကြသည်။ ခဏနေတော့ ဆိုင်တစ်ခုတွင် သူတို့နှင့် တူတူ ၀င်ထိုင်လိုက်သည်။ ဒီအူကြောင်ကြား ၃ယောက်ကလည်း ကျွန်တော်ကို ပြူးပြဲကာ ကြည့်နေကြ၍ အနေကျပ်နေမိသည်။ ထိုအထဲက ဆံပင်ကောက်ကောက်ဖြင့် ဆွဲဆောင်မှုရှိသော မီနိုဆိုတဲ့ ကျောင်းသူမှ၊

မီနို ။                       ။ ဟိုလေ၊ ကျွန်မတို့ ဒီမှာ ထိုင်နေတာ ၁နာရီလောက် ရှိပြီ။ ရှင်စကားလည်း တစ်ခွန်းမှ မပြောဘူး။ အိမ်ရှင်မလောင်းလျာများသာ ဆိုတဲ့စာနဲ့ ပတ်သက်ပြီ စိတ်ဆိုးသွားရင် ကျွန်မတို့ကပဲ တောင်းပန်ပါတယ်...
ယူကီ ။                    ။ ဟုတ်ပါတယ်။ အိချီကိုလို ယောကျာ်း ရင့်မာကြီးတွေကိုလည်း လက်ခံပေးမှာပါ...
          ဟုအသံကို မဘြဘြအောင် တမင်လုပ်၍ ပြောလိုက်၍ ကျွန်တော် ရယ်တောင် ရယ်ချင်လာသည်။ မီနိုက ယူကီကို လက်တို့ရင်း သူတို့တစ်ဦးနှင့် တစ်ဦး တွတ်တီ၊ တွတ်တီ လုပ်နေကြသည်။ ထိုင်နေတာ ကြာနေသော်လည်း ကျွန်တော် စာဖိုမှူးကလပ်ထဲ ၀င်ချင်သည်ကို ပြောမထွက်ပေ။ ရှက်ပြီ ပြောရမည်ကို တွေးမိသည်နှင့် ခေါင်းမှ ချွေးစီးများပြန်လာတော့သည်။ ကျွန်တော် စာဖိုမှူးကလပ်ဝင်သည်မို့ မိန်းခလေးတိုင်း အထင်သေးသွားမလား ဆိုသည့် အတွေးဖြင့် ပါးစပ်က စူပါကလူးဖြင့် ကပ်ထားသလို မဟနိုင်ဖြစ်နေသည်။ နောက်ဆုံးမှ ကျွန်တော် စိတ်ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်ကာ ထိုင်နေရာမှ ထရပ်လိုက်ပြီ၊

ကျွန်တော် ။              ။ ကျွန်တော် အိချီကို ခင်မျာတို့ စာဖိုမှူးကလပ်ထဲ ၀င်ခွင့်ပေးပါ...
          ဟု အနူးအညွတ်ပင် တောင်းဆိုလိုက်တော့သည်။

------------------------------------------------------------------

No comments:

Post a Comment