အခန်း(၁) တွယ်တာ
သင်္ကြန်အကြိုနေ့မို့ သီချင်းသံများနှင့် ရေကစားမဏှပ်ပေါ်က ကစားနေသူများကို
ကျွန်မ ပြတင်းပေါက်ကနေ ငေးမောနေမိသည်။ ကျွန်မ တိုက်ခန်းက တာမွေလမ်းမပေါ် ၄ထပ်မှာဆိုတော့
အပေါ်ဆီကနေ သင်္ကြန်ကားတွေ၊ ရေကစားသူတွေ အားလုံးကို စီပြီ မြင်နိုင်သည်။ ထိုချိန် မေမေ
အော်ခေါ်သံကို ကြားလိုက်ရသည်။
မေမေ
တွယ်တာ၊ မုန့်လုံးရေပေါ်တွင်
ရပြီ၊ အိမ်နီးနားချင်းတွေကို လိုက်ဝေပေးလိုက်ပါအုန်း...
ကျွန်မ
ဟုတ်ကဲ့ မေမေ...
ပြောပြီ ကျွန်မ မီးဖိုချောင်သို့ ၀င်လာသည်။ မေမေက အိမ်နီးနားချင်းတွေ
ဝေပေးဖို့ မုန့်လုံးရေပေါ်တွေ အစီအရီ ဖော့ဘူးနဲ့ ထည့်ပေးထားသည်။
မေမေ
ဘေးတိုက် အန်တီဝေ
အိမ်လည်း သွားပေးလိုက်အုန်းနော်၊ သူတို့က အမြဲ အမေတို့ဆီ မုန့်တွေ ပို့ပေးနေကြ...
ကျွန်မ
အန်တီဝေကတော့
သဘောကောင်းပါတယ်။ သူသားကို သမီးက ကြည့်လို့ကို မရဘူး...