Sunday, May 10, 2015

အချစ်ဦး(First Love)



‘‘First Love’’

အခန်း(၁) တွယ်တာ
သင်္ကြန်အကြိုနေ့မို့ သီချင်းသံများနှင့် ရေကစားမဏှပ်ပေါ်က ကစားနေသူများကို ကျွန်မ ပြတင်းပေါက်ကနေ ငေးမောနေမိသည်။ ကျွန်မ တိုက်ခန်းက တာမွေလမ်းမပေါ် ၄ထပ်မှာဆိုတော့ အပေါ်ဆီကနေ သင်္ကြန်ကားတွေ၊ ရေကစားသူတွေ အားလုံးကို စီပြီ မြင်နိုင်သည်။ ထိုချိန် မေမေ အော်ခေါ်သံကို ကြားလိုက်ရသည်။
မေမေ
တွယ်တာ၊ မုန့်လုံးရေပေါ်တွင် ရပြီ၊ အိမ်နီးနားချင်းတွေကို လိုက်ဝေပေးလိုက်ပါအုန်း...
ကျွန်မ
ဟုတ်ကဲ့ မေမေ...
ပြောပြီ ကျွန်မ မီးဖိုချောင်သို့ ၀င်လာသည်။ မေမေက အိမ်နီးနားချင်းတွေ ဝေပေးဖို့ မုန့်လုံးရေပေါ်တွေ အစီအရီ ဖော့ဘူးနဲ့ ထည့်ပေးထားသည်။
မေမေ
ဘေးတိုက် အန်တီဝေ အိမ်လည်း သွားပေးလိုက်အုန်းနော်၊ သူတို့က အမြဲ အမေတို့ဆီ မုန့်တွေ ပို့ပေးနေကြ...
ကျွန်မ
အန်တီဝေကတော့ သဘောကောင်းပါတယ်။ သူသားကို သမီးက ကြည့်လို့ကို မရဘူး...

မေမေ
စည်သူက သမီးကိုခင်လို့ စတာပါ။ ပေးဖြစ်အောင် သွားပေးလိုက်နော်...
စည်သူနဲ့ ကျွန်မ ကျောင်းနေဖက်တွေ ဖြစ်ကြသည်။ ၁၀တန်းတုန်းက သူကြောင့် အတန်းထဲမှာ ကျွန်မ အရိုက်ခံခဲ့ကတည်းက သူနဲ့ ကျွန်မ မဟာရန်သူ ဖြစ်သွားခဲ့သည်။ ခုလည်း မပေးချင် ပေးချင်နဲ့၊ မုန့်သွားပေးရအုန်းမယ်ဟု စိတ်ထဲ ဘ၀င် မကျဖြစ်နေမိသည်။ ကျွန်မလည်း အိမ်နီးနားချင်း အခန်းတွေကို တခန်းတက် တခန်းဆင်း လိုက်ပေးလို့ နောက်ဆုံး စည်သူတို့ အိမ်ပေးဖို့ပဲ ကျန်တော့သည်။ သူတို့ အခန်းဝရောက်တော့ ကျွန်မ ဘဲလ်တီးလိုက်သည်။ ၃ချက်လောက်တီးလဲ မည်သူမှ လာမဖွင့်သည်မို့ ကျွန်မ အလှည့် တံခါးဖွင့်သံကြားလိုက်သည်။ စည်သူ တံခါး လာဖွင့်ပေးသည်။ ကျွန်မကို မြင်တော့

စည်သူ
တွယ်တာ၊ အမေမရှိဘူး အပြင်သွားတယ်...
အဲဒါကြောင့် သူနဲ့ ကျွန်မ မတည့်တာပေ။ အိမ်အ၀ပင်ရှိသေး၊ အတင်းနှင်လွှတ်နေတာလေ။

ကျွန်မ
ငါအမေက အန်တီဝေအတွက် မုန့်လုံးရေပေါ် ပေးခိုင်းလိုက်လို့။ ရော့...

စည်သူ
ဘြော်၊ ကျေးဇူးပဲ...
မုန့်လုံးရေပေါ် ကျွန်မဆီက လှမ်းယူပြီ၊

စည်သူ
ဒါနဲ့ နင် ငရုတ်သီးတွေတော့ မထည့်ထားပါဘူးနော်...

ကျွန်မ
ငရုတ်သီးထည့်ရအောင် ငါက ကလေးမှ မဟုတ်တော့တာ...

စည်သူ
ဘယ်သိမလဲ၊ နင်က ခုထိ ကလေးစိတ်ကုန်သေးတာမှ မဟုတ်တာ...
ကျွန်မ မျက်စောင်းတချက်ထိုးလျှက်၊

ကျွန်မ
တော်ပြီ၊ ငါပြန်တော့မယ်...
ပြောပြီ ကျွန်မ သူတို့ တိုက်ခန်းပေါ်မှ ဆင်းလာသည်။ အဲဒီ စည်သူနဲ့ တွေ့ရတာ၊ အကုသိုလ် သိပ်များတာဟု ကြိမ်းဆဲလိုက်မိသည်။
တိုက်ခန်း အောက်ထပ် အရောက်တွင် ကျွန်မခေါင်းပေါ်သို့ ရေတွေ ဗုံးလိုက် သွန်ချလိုက်သလို၊ တကိုယ်လုံး ချမ်းစိမ့်ပြီ ချွဲချွဲစိုသွားတော့သည်။ စည်သူ တိုက်ခန်းပေါ်ကနေ ရေခဲရေတွေဖြင့် ကျွန်မပေါ် လောင်းချလိုက်ခြင်း ဖြစ်သည်။ ကျွန်မ တိုက်ခန်းအပေါ် တချက်မော့ကြည့်လိုက်တော့၊ စည်သူ အပေါ်ကနေ ဟားနေသည်။ ကျွန်မ စိတ်ဆိုးလိုက်တာ မပြောနဲ့၊ ဒေါကြီး မောကြီးနှင့် အိမ်သို့ ပြန်လာခဲ့သည်။ တကိုယ်လုံး စိုရွှဲလာသော ကျွန်မကို အမေက မြင်တော့၊

အမေ
သမီး၊ ဘယ်လို ဖြစ်လာတာလဲ၊ မုန့်လေးသွားပို့တာ ဒီလောက်တောင် စိုရွှဲလာတယ်...

ကျွန်မ (ငိုမဲ့ငိုမဲ့ အသံဖြင့်)
ဘယ်သူ ရှိရမှာလဲ၊ ဟိုငနာ စည်သူပေါ့။ အဲဒါကြောင့် သူအိမ်ကို မသွားချင်တာ...

မေမေ
သမီးကလည်း သင်္ကြန်ပဲ ရေလောင်းတာကို...

ကျွန်မ
ရေလောင်းရင်လည်း ဖြည်းဖြည်းသာသာ လောင်းပေါ့၊ ခုတော့ တမင်လုပ်တာ။ ဒင်းကို မကျေနပ်ဘူး၊ တွေ့မယ်...
ကျွန်မမှာ သင်္ကြန်သကြို ဦးဦးဖျားဖျား ရေလောင်းခံပေမယ့် စိတ်တိုနေရသည်။ အကျီင်္အသစ်လှဲပြီ စိုနေတဲ့ခေါင်းကို သေချာသုတ်ပြီ အခန်းပြင်သို့ ပြန်ထွက်လာသည်။ ဧည့်ခန်းတွင် ကျွန်မရယ်၊ မေမေရယ်၊ ညီမလေး ကစ်ကစ်ရယ် ၃ယောက် တူတူထိုင်နေသည်။
မေမေကတော့ ထုံးစံအတိုင်း ယောကီ ၀တ်စုံနဲ့ ဘုရားစာ ရွတ်နေသည်။ ကစ်ကစ်ကလည်း ဖုန်းနဲ့ အင်တာနက် ကြည့်နေသည်။ ကျွန်မကတော့ စာရေးဆရာမ လမင်းမိုမို ရေးထားတဲ့ အားလုံးထက်မင်း ဆိုတဲ့ လုံးချင်း အချစ်စာအုပ်ကို ဖတ်နေသည်။ သင်္ကြန်တွင်းမို့ အပြင်မှာ ဆူညံနေပေမယ့် ကျွန်မတို့ အိမ်တွင်းမှာတော့ ဆိတ်ငြိမ်ပြီ တိတ်ဆိတ်နေသည်။ ခဏကြာတော့ ကစ်ကစ် သင်္ကြန်အတွင်း ဘယ်မှ မသွားရလို့ဆိုပြီ နားပူနားဆာ လုပ်ပါလေရော။

ကစ်ကစ်
မမ၊ သင်္ကြန်တွင်း တနေရာသွားရအောင်နော်။ အိမ်ထဲမှာ ဒီအတိုင်းကြီးဆို ပျင်းစရာကြီး...

ကျွန်မ
နေကလည်းပူ၊ ပြီတော့ အများစုက သင်္ကြန်မှာဆို မူးရူးနေကြတာ။ ဒီအတိုင်း အိမ်မှာပဲ နေတာပဲ ကောင်းပါတယ် ညီမလေးရယ်...

ကစ်ကစ်
မရဘူး။ ညီမလေးကတော့ သွားမှာပဲ၊ မနေ့က ကိုစည်သူက သူတို့ကားနဲ့ ထွက်လည်ဖို့ လိုက်အုန်းမလား မေးနေသေးတယ်...
ကျွန်မကလည်း စည်သူ နံမည်ကြားလိုက်သည်နှင့် မုန်းတီးသူမို့၊

ကျွန်မ
လာပြန်ပြီ၊ ဒီစည်သူ။ အဲဒီတစ်ယောက်ကို အရောမ၀င်နဲ့လို့ ငါ မှာထားရဲ့နဲ့...

ကစ်ကစ်
ကိုစည်သူက သဘောကောင်းပါတယ်။ ပြီတော့ ချောကလည်း ချောသေး...
ကျွန်မ ကစ်ကစ် ခေါင်းကို ဂွက်ခနဲမြည်အောင် ခေါင်းလိုက်ရင်း၊

ကျွန်မ
ဒီကောင်မလေးကတော့ ပြောလေ၊ ကဲလေပဲ...

ကစ်ကစ်
မမကလည်း နာလိုက်တာ။ ချောလို့ ချောတယ် ပြောတာကို...
မေမေလည်း ကျွန်မတို့ နှစ်ယောက် ရန်ဖြစ်နေတာနဲ့ ဘုရားဖြောင့်အောင် ရှိခိုးနိုင်တော့ပဲ။

မေမေ
တွယ်တာ၊ သမီးကလည်း ကိုယ်ညီမလေး ကျေနပ်အောင် တရက်လောက် လိုက်သွားပေးလိုက်ပါ။ ကစ်ကစ်က တနှစ်လုံး ဆယ်တန်းအတွက် စာပဲကျက်လာရတာ၊ သင်္ကြန်တော့ ထွက်ချင်မှာပေါ့...

ကျွန်မ
ဟုတ်ကဲ့ မေမေ...

ကစ်ကစ် (၀မ်းသာအားရ)
ဟီးဟီး၊ ဒါဆို ကိုစည်သူကို ကစ်ကစ်နဲ့ မမ လိုက်မယ်လို့ သွားပြောလိုက်တော့မယ်...

ကျွန်မ
ဟဲ့ ကောင်မလေး...
အော်ပြီ တားချိန်ပင် မရလိုက်၊ ကစ်ကစ် တံခါးဖွင့်ပြီ တိုက်ခန်းအောက်သို့ ပြေးဆင်းသွားသည်။
-------------------------------------------------------------------------------------------------------------------
အခန်း(၂) စည်သူ
ကစ်ကစ်က မနက်ဖြန် တွယ်တာနဲ့ သူ ကျွန်တာ် သင်္ကြန်ကားနဲ့ လိုက်မယ့် အကြောင်း လာပြောသွား၍ စိတ်ထဲ ကြိတ်ပီတိဖြစ်နေမိသည်။ တွယ်တာရဲ့ စိတ်ဆိုးသွားတိုင်း သူမ ကလေးဆန်တဲ့ အပြုအမူတွေက ကျွန်တော်အတွက် အရမ်းကို ချစ်ဖို့ကောင်းနေသည်။ ဒါကြောင့် သူကို တွေ့တိုင်း မစပဲနဲ့ကို မနေနိုင်ပါ။ ကျွန်တော် တစ်ယောက် ပီတိတွေဖြာနေတုန်း အုန်းသီး ကျွန်တော် ကျောကို တီးလိုက်၍၊

ကျွန်တော်
ဟေ့ကောင် အုန်းသီး၊ နာလိုက်တာ...

အုန်းသီး
အေး၊ မင်းကို ငါခေါ်နေတာ ကြာပြီ၊ မကြားဖူးလား...

မျိုးကြီး
မင်းပြောတော့၊ သင်္ကြန်တွင်း ဂိမ်းဆော့ရအောင် ဆိုလို့ ငါတို့မှာ အိမ်ကို တကူးတက လာရတာ။ ပြီတော့ ဒီကောင်က တစ်ယောက်တည်း ဘာတွေ ဆွေးနေမှန်းကို မသိဘူး...

ကျွန်တော်
ဟာ၊ ဘာမှ မဆွေးပါဘူး...
ပြောရင်း အရှက်ပြေ၊ ဂိမ်း remote control ကို ကျွန်တော် ကိုင်လိုက်သည်။ 

မျိုးကြီး
ဘာလို့ မဆွေးရမှာလဲ။ ငါတို့ သိတယ်နော်...

အုန်းသီး
ဒီကောင် ဟိုဘက်ခန်းက ကောင်မလေးလာပေးတဲ့ မုန့်လုံးရေပေါ် မစားရက်၊ မထိရက်ဖြစ်နေကတည်းက တစ်ခုခုတော့ တစ်ခုခုပဲလို့...

ကျွန်တော်
အေး၊ ငါမုန့်လုံးရေပေါ်တွေ ဘယ်ရောက်သွားပြီလဲ...

အုန်းသီး
မင်းမှ မစားတာ၊ ငါနဲ့ မျိုကြီး စားပါလိုက်ပြီ...

ကျွန်တော်
မင်းတို့ကောင်တွေ...

ကျွန်တော် စိတ်ဆိုးပြီ အုန်းသီးနဲ့ မျိုးကြီးကို လိုက်ကန်၍ ဒီကောင် နှစ်ကောင် ထွက်ပြေးတာ တန်းနေတာပဲ။ သူတို့ နှစ်ယောက်ပြောသလို၊ ကျွန်တော် အပြုအမူတွေက အရမ်းပဲ သိသားနေသားလို့ တွေးမိသည်။ ဒါပေမယ့် ကျွန်တော် သူကို ချစ်နေတယ်ဆိုတာကို တွယ်တာက သတိတောင် ထားမိမှာ မဟုတ်ပေ။
--------------------------------------------------------------------------------------------------------------------

အခန်း(၃) တွယ်တာ

နောက်နေ့ မနက် ကစ်ကစ် လက်ချက်ဖြင့် ကျွန်မမှာ စည်သူတို့ကားနဲ့ သင်္ကြန်ထွက်ရမယ့် အချိန်သို့ ရောက်လာတော့သည်။ သင်္ကြန် ဘယ်မှလည်း သွားဖို့ အစီအစဉ်လည်း မရှိတာမို့ ဘာအကျီင်္၊ အ၀တ်မှလည်း ထွေထွေထူးထူး မ၀ယ်ထားပေ။ ခုလို သွားရမယ်ဆိုတော့ ၀တ်ဖို့ အကျီင်္ ရှာရခက်နေသည်။ အခန်းပြင် ကစ်ကစ် အော်ခေါ်သံကြားရသည်။

ကစ်ကစ်
မမ၊ သင်္ကြန်ကား ရောက်နေပြီ...

အော်ပြောလိုက်၍ အပေါ်က ဂျက်ကင် အနီရောင် နဲ့ ဂျင်းဘောင်းဘီ အမဲကို ၀တ်လိုက်ပြီ ကျွန်မ အခန်းပြင်သို့ ထွက်လာသည်။ ဧည့်ခန်းတွင် နေကာမျက်မှန်နဲ့ ဂျက်ကင် အနီ၊ ဘောင်ဘီအမဲဝတ်ထားသော စည်သူလည်း မြင်သွားရော အံ့အားသင့်သွားသည်။ စည်သူက ကျွန်မ တချက်ပြုံးပြသည်။ တိုက်ဆိုင်စရာ ရှားလို့ စည်သူနဲ့မှ အရောင်ဆင်တူ ၀တ်လာမိရဲ့သား ဖြစ်သည်။ ဒီဇိုင်းနဲ့ ပုံစံတော့ မတူပါဘူး။ ဒါပေမယ့် သူနဲ့တော့ ဆင်တူ မဖြစ်ချင်၍၊ ကျွန်မ ချက်ချင်းဆိုသလို အခန်းထဲ ပြန်ဝင်ဖို့ လုပ်သည်။ ကစ်ကစ် အတင်းဆွဲပြီ၊

ကစ်ကစ်
မမ၊ သွားမယ်လေ နောက်ကျနေပြီ...

ကျွန်မ
မမ၊ အကျီင်္ပြန်လှဲလိုက်အုန်းမယ်...

ကစ်ကစ်
လာပါ မမရယ်၊ လှပါတယ်...

မေမေ
သမီးကလည်း သွားစရာရှိသွားလေ၊ စည်သူဖြင့် စောင့်နေတာ ကြာပြီ၊ အားနာစရာကြီး...

ပြော၍ နောက်ဆုံး ကျွန်မ အကျီင်္ပြန်မလှဲပဲ စည်သူနဲ့တူတူ ကားရှိရာသို့ ထွက်လာသည်။ စည်သူ ပြုံးစိ၊ ပြုံးစိနဲ့ ကျွန်မ တချက်လှမ်းကြည့်သည်။ ကျွန်မလည်း မလုံမလဲဖြစ်တာမို့၊

ကျွန်မ
ဘာလဲ...

စည်သူ
ဘာမှ မဟုတ်ပါဘူး...

ပြီတော့ သူအပါအ၀င် ကျန်စည်သူသူငယ်ချင်း ၅ယောက်လောက်နဲ့အတူ ဟိုင်းလတ် သင်္ကြန်ကားပေါ်သို့ တက်လိုက်ကြသည်။
အားလုံး
ဟေ၊ ဟေ ဟေ...

ကားထွက်လိုက်သည်နှင့် အသံစုံထွက်လာကြသည်။ သင်္ကြန်ကားပေါ်မှ စည်သူကလွှဲလို့ ကျွန်မနဲ့ကစ်ကစ် သိတဲ့သူ တစ်ဦးမှ မပါပေ။ ဒါကြောင့် ကျွန်မ စည်သူဘေးတွင် ထိုင်လိုက်သည်။ စည်သူ သူငယ်ချင်း အုန်းသီးနဲ့ မျိုးကြီး ဆိုတဲ့ နှစ်ယောက်ကို ကျွန်မ စိတ်ထဲ သိပ်အမြင်မကြည်ပါ။ ကျွန်မကို စည်သူနဲ့ လိုက်စနေ၍ဖြစ်သည်။

မျိုးကြီး
စည်သူ၊ မင်းကလည်း ကောင်မလေး ချမ်းနေမှာပေါ့၊ ဖက်ထားလိုက်လေကွာ...

စည်သူ
ဟေ့ကောင်တွေ၊ မင်းတို့ လျှောက်ပြောမနေနဲ့...

အုန်းသီး
မင်းဖက်ရင် ဖက်နော်၊ မဖက်ရင် ငါလာဖက်မှာ...

လိုက်စနေကြသည်။ စည်သူကတော့ ကျွန်မဘက်က ကာကွယ်ပေးရှာပါတယ်ဟု တွေးရုံရှိသေး စည်သူက ကျွန်မနားသို့ ကပ်ပြီ၊

စည်သူ (တိုးတိုးလေး)
တွယ်တာ နင်ချမ်းရင် ပြောနော်၊ ငါဖက်ထားပေးမယ်...

ကျွန်မ
နင်နော်...

စည်သူ
ငါက စေတနာနဲ့ ပြောတာကို...

ကျွန်မ
ဟွန်း...

မျက်စောင်းထိုးပြီ မျက်နှာလွှဲလိုက်သည်။ စည်သူ ကျွန်မကို ကြိတ်ပြီ ဟားနေ၍ ပိုစိတ်ဆိုးသည်။ ဒါကြောင့် သူကားကို လိုက်ကို မစီးချင်တာ။ အစကတည်းက သူကို ကြည့်မရပါဘူးဆိုမှ၊ ဘယ်ဘ၀ကို ၀ဌ်ကြွေးမှန်းကို မသိပေ။ ကလေးတွေရဲ့ အုန်းလက် မဏှပ်က ခွက်စောင်းကြောင့် ကျောတစ်ခုလုံး စိမ့်သွားတာပဲ။ တကိုယ်လုံး ရေတွေစိုလို့၊ သင်္ကြန်ရေစိုလိုက်တော့ အလိုလို ပျော်လာသည်။

အုန်းသီး
ရှေ့ မဏှပ် ၂ခုလုံး မီးသတ်ပိုက် တွေနဲ့၊ မိန်းခလေးတွေ သတိထားနော်...

ကစ်ကစ်
မမ၊ မီးသတ်ပိုက်တဲ့ ညီမလေး၊ ကြောက်တယ်...

ကျွန်မ
အဲဒါကြောင့် ပြောတာပေါ့၊ အိမ်မှာပဲ နေပါဆို။ ခုတော့ ချမ်းနေပြီ မဟုတ်လား...

အပြစ်တင်ရင်း ကျွန်မမှာ ပါလာတဲ့ သပတ်ကို ကစ်ကစ်ကို ခြုံပေးလိုက်သည်။ အမှန်ပြောရရင် ကျွန်မလည်း မီးသတ်ပိုက်တော့ အရမ်းကြောက်သည်။ စည်သူကလည်း ကျွန်မတို့ နှစ်ယောက် ကြောက်နေမှန်းသိ၍၊

စည်သူ
တွယ်တာ၊ ကစ်ကစ် ကြောက်နေရင် ကားရှေ့ခန်းမှာ သွားထိုင်ခိုင်းလိုက်ပါ့လား...

ကျွန်မ
ညီမလေး ကားရှေ့ခန်းမှာ သွားထိုင်မလား...

ကစ်ကစ်က ခေါင်းငြိမ့်ပြ၍ ကစ်ကစ်ကို ရှေ့ခေါင်းရင်းခန်းမှာ ပြောင်းထိုင်ခိုင်းလိုက်သည်။ ခဏနေတော့ မီးသတ်ပိုက် မဏှပ်ရှေ့သို့ နီးလာသည်။

စည်သူ
နင် ဒီဘက်တိုး၊ ငါနင်ကို ကာထားပေးမယ်...

ကျွန်မ
မလိုပါဘူး။ ငါဘာသာ ကာကွယ်နိုင်ပါတယ်...

စည်သူ
ဒါဆိုလည်း သဘောပဲ...

စည်သူ မျက်နှာပြန်လွှဲသွားသည်။ အမယ်လေး သူကပဲ စိတ်ဆိုးရတယ် ရှိသေးဟု ကြိမ်းဆဲလိုက်မိသည်။
ထိုချိန် မီးသတ်ပိုက်လည်း ထိုးလိုက်ရော၊ မီးသတ်ပိုက်ရဲ့ ရေတွန်းအားကို ဘယ်လိုမှ မလွန်ဆန်နိုင်အောင် ကျောတွေရော၊ နားတွေပါ ပွင့်ထွက်မတတ်ပေ။ အဲဒါနဲ့ ကျွန်မလေ ကြောက်ပြီ ဘယ်ချိန်က ဘယ်လို စည်သူရင်ခွင်ထဲ ရောက်သွားသည် မသိလိုက်ပါ။ စည်သူက သူဂျာကင် အကျီင်္ဖြင့် ကျွန်မအုပ်ပြီ အပေါ်က ကာထားပေး၍ တော်တော် သက်သာရာ ရသွားသည်။ မီးသတ်ပိုက် မဏှပ်လည်း ကျော်သွားရော၊ စည်သူ ကျွန်မကို ဖက်ထားတဲ့လက်ကို ပြန်ဖယ်ပေးလိုက်သည်။ စည်သူ မီးသတ်ပိုက်နဲ့ အထိုးခံထား၍ သူရဲ့ နားနဲ့ မျက်နှာတဖက်မှာ နီရဲနေသည်။

ကျွန်မ
ကျေးဇူးပဲ...

စည်သူ
ရပါတယ်။ နင်ရော အဆင်ပြေရဲ့လား...

ကျွန်မ
အင်း...

စည်သူ
တွယ်တာ၊ နင်ဆံပင်မှာ...

ပြောရင်း သူ ကျွန်မဆံပင်ကို ကိုင်လိုက်၍ ကြက်သီးဖြန်းခနဲ ထသွားသည်။ ရေကပါလာသော သစ်ရွက်တစ်ချို့ ဆံပင်မှာ ကပ်နေခြင်း ဖြစ်သည်။ သူ ဖယ်ပေးလိုက်သည်။ ကျွန်မ စည်သူကို တချက်ကြည့်လိုက်သည်။ ရေစိုနေသော မဲနက်နေတဲ့ သူ့ဆံပင်နဲ့၊ တောက်ပတဲ့ စည်သူ မျက်ဝန်းတွေကို ရေစက်တွေကြားမှ ကျွန်မ ပထမဆုံးအကြိမ် သတိထားမိခြင်းဖြစ်သည်။ သူကလည်း ကျွန်မကို ပြုံးပြီ ပြန်စိုက်ကြည့်နေ၍ မျက်နှာလွှဲလိုက်သည်။

နေ့ခင်းပိုင်း ထမင်းစားရန် စားသောက်ဆိုင်သို့ ကျွန်မတို့ တူတူ ၀င်လာသည်။ သင်္ကြန်တွင်းမို့ စားသောက်ဆိုင်တွင်းတွင် ပြည့်ကျပ်နေသည်။

ကစ်ကစ်
မမ၊ ညီမလေး ဗိုက်ဆာတယ်...

ကျွန်မ
လူတွေများနေတာ ဘယ်လို လုပ်မလဲ၊ ညီမလေးရဲ့...

ထိုင်စရာ နေရာလည်း မရှိတာမို့၊ ကျွန်မတို့ မတ်တပ်တရပ်ရပ် ဖြစ်နေသည်။ စည်သူ ကျွန်မတို့နားသို့ ရောက်လာသည်။ သူလက်ထဲမှာ ထမင်းဘူး ၃ဘူးပါလာသည်။

စည်သူ
ရော့၊ နင်တို့ နှစ်ယောက်ဖို့...

ကျွန်မ
ငါတို့ ၂ယောက်တည်း ၃ဘူး ဘာလုပ်ရမှာလဲ...

စည်သူ
နင်က အစာပုပ်ဆိုတော့ မ၀မှာစိုးလို့လေ...

ကျွန်မ
စည်သူ၊ နင်နော်...

စည်သူ
အလကား စတာပါ၊ အစာပုပ်ရယ်...

ပြောပြီ ကျွန်မ ခေါင်းကို လက်ဖြင့် အသာပုပ်ပြီ ပြန်ထွက်သွားသည်။ ကျွန်မကို သူညီမများ အောင်းမေ့နေလားမသိ၊ ခေါင်းကို လက်ဖြင့် ပုပ်သွားသေးသည်။ ကစ်ကစ်က ကျွန်မတို့ နှစ်ယောက်ကို ကြည့်ရင်း၊

ကစ်ကစ်
မမ နဲ့ ကိုစည်သူက ကြိုက်နေတာလားဟင်..

ကျွန်မ
ဟဲ့ ဖတ်လွှဲပါစေရော၊ ပယ်ပါစေ။ သူကို မမက ကြိုက်စရာလား။ ဒါနဲ့ နေပါအုန်း၊ ဘာလို့ မေးတာလဲ...

ကစ်ကစ် (နှုတ်ခမ်းဆူလိုက်ရင်း)
မမ မကြိုက်ရင်၊ သမီး ကိုစည်သူကို ကြိုက်မလားလို့...
ဒေါင်ခနဲမြည်အောင် ကစ်ကစ်ခေါင်းကို ခေါက်ချလိုက်သည်။

ကစ်ကစ်
နာလိုက်တာ မမကလည်း...

ကျွန်မ
ကလေးက ကလေးလိုနေ။ တကယ်ပဲ၊ ငါ မေမေနဲ့ တိုင်ပြောမှာနော်...

ကစ်ကစ်ကို ဆူလိုက်ရသည်။ ခုခေတ်ကလေးတွေများ မလွယ်ပါဘူး။ ကျွန်မတို့ ဆိုရင် ခုချိန်ထိ ရည်စား ထားရကောင်းမှန်းကို မသိသေးတာ။

ထမင်းစားပြီလို့ အားလုံး ထိုင်ရင်း တူတူ နားနေကြသည်။ ကစ်ကစ်က သူမ သူငယ်ချင်း ကေဇင်တို့ကားနဲ့ တွေ့တာမို့ စကားသွားပြောနေသည်။ ဒါကြောင့် ကားပေါ်မှာ စည်သူနဲ့ ကျွန်မ နှစ်ယောက်တည်းရှိသည်။

စည်သူ၊ ကျွန်မ
ဟို...
ပြိုင်တူ ဖြစ်သွား၍ စကားကိုရပ်ပြီ ရယ်လိုက်သည်။

ကျွန်မ
နင်၊ ကျောင်းပြီတော့ ဘာဆက်လုပ်မယ် စိတ်ကူးထားလဲ...

စည်သူ
ငါ အစ်ကိုက စင်ကာပူ လာဖို့ ခေါ်နေတယ်။ အဲဒါ စင်ကာပူ ခဏသွားမလားလို့၊ အလုပ်ရရင်တော့ စင်ကာပူမှာ ဆက်နေဖြစ်မှာပေါ့။ နင်ရော...

ကျွန်မ
ငါကတော့ ရေနံကုမ္ပဏီတစ်ခုမှာ စာရင်းစစ် အလုပ်လျှောက်ထားတာ။ ဧပြီလကုန်ဆို စဆင်းရတော့မှာ...

စည်သူ
တကယ်လား၊ ကွန်ကကျူလေးရှင်း...

ကျွန်မ
ကျေးဇူးပဲ...

ရယ်ပြပြီ သူနဲ့ ကျွန်မ ပြောစရာ စကားမရှိတော့တာမို့ ခဏငြိမ်သက်သွားသည်။ ကျွန်မ စည်သူကို တချက်မော့ကြည့်လိုက်၊ သူကလည်း ကျွန်မကို ပြန်စိုက်ကြည့်နေသည်။ သူနဲ့ ကျွန်မ အကြည့်ခြင်း ဆုံသွား၍ နှစ်ယောက်လုံး ရှက်ပြုံးပြုံးပြီ မျက်နှာလွှဲလိုက်သည်။ ထိုချိန်၊

ကစ်ကစ်
ကိုစည်သူ...

စည်သူ
ပြော၊ ကစ်ကစ်...

ကစ်ကစ်
ခဏလာအုန်း။ ကိုစည်သူကို ကစ်ကစ် သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လို့။ မမ ခဏနော်...

ပြောပြီ ကစ်ကစ် စည်သူ လက်မောင်းကို အတင်းဆွဲပြီ ခေါ်သွားသည်။ စည်သူကလည်း ကျွန်မကို ရယ်ပြလျှက် ကစ်ကစ်နဲ့ လိုက်ပါသွားသည်။ စည်သူ၊ ကစ်ကစ်နဲ့ အတူ သူမ သူငယ်ချင်းတွေနဲ့ ရယ်မောပြီ စကားပြောနေတာကို ကြည့်ကာ ကျွန်မ မျက်နှာ အနည်းငယ် ပျက်သွားသည်။ ကစ်ကစ်ကို ကျွန်မကသာ ကလေးလိုမြင်ပေမယ့်သူက ကျွန်မတို့နဲ့ ယှဉ်ရင် ၅နှစ်လောက်သာ ငယ်သည်။
-------------------------------------------------------------------------------------------------------------

အခန်း(၄) စည်သူ

နေ့ခင်းပိုင်းနားပြီ သင်္ကြန်ကားဖြင့် ရေပက်ခံ ဆက်ထွက်လာကြသည်။ ဒီတစ်ခါတော့ အင်းယားလမ်းမှာ ရေပက်ခံဖို့ ၀င်တန်းစီသည်။ ဒီနေ့ ကျွန်တော် ဟန်မဆောင်နိုင်အောင် အရမ်းပျော်နေမိသည်။ တွယ်တာနဲ့ ဒီလို တူတူရှိနေရသည်မှာ ကျွန်တော်အတွက်တော့ အတိုင်းထက် အလွန်ပါ။ တွယ်တာကို ကြည့်လိုက်တော့ သူမ နေပူ၍ မျက်နှာသုတ်ပုဝါဖြင့် မျက်နှာအုပ်ထား၍ သူမ မျက်နှာကို မမြင်ရပေ။ ဒါကြောင့် သူမ မျက်နှာသုတ်ပုဝါကို ဖယ်ပြီ သူကို ကြည့်တော့ သူက ကျွန်တော်ကို ပြန်မော့ကြည့်သည်။ သူမ မျက်နှာ နေလောင်ထား၍ သူမ နှာခေါင်း မျက်နှာနေရာတချို့ နီရဲနေတာကို ကြည့်ပြီ ကျွန်တော် ရယ်လိုက်မိသည်။

တွယ်တာ
ဘာလို့ ရယ်တာလဲ...

ကျွန်တော် (ရယ်လျှက်)
ဘာမှ မဟုတ်ပါဘူး...

တွယ်တာ
စည်သူ၊ နင် ပြောနော်...

ကျွန်တော်
တကယ် ဘာမှ မဟုတ်ပါဘူးဆို...

တွယ်တာ
ကောင်စုတ်၊ ငါကို ရယ်အုန်း...

တွယ်တာက ကျွန်တော် လက်မောင်းကို ထုရိုက်လိုက်သည်။

မျိုးကြီး
ဟာ ပွဲတွေကြမ်းကုန်ပြီကွ။ ဆင်ဆာတွေ ဖြတ်တယ်နော်...

စလိုက်၍ တွယ်တာ ရှက်သွားပြီ မျက်နှာသုတ်ပုဝါနဲ့ သူမ မျက်နှာကို ပြန်အုပ်လိုက်သည်။ အုန်းသီးက မျက်နှာ အမူအယာဖြင့် တွယ်တာကို ဖက်ထားဖို့ ပြောသည်။ ဒါပေမယ့် ကျွန်တော် ခေါင်းပြန်ခါပြလိုက်၍ အုန်းသီး နဲ့ မျိုးကြီး ကျွန်တော် အသုံးမကျဘူးဆိုတဲ့ အမူအယာ လုပ်ပြသည်။ နေကလည်း အရမ်းပူ မဏှပ်နားရောက်ဖို့ နောက် ၂နာရီ၊ ၃နာရီလောက် ကြာအောင် စောင့်ရအုန်းမှာ ဖြစ်သည်။ ဒါကြောင့်၊

ကျွန်တော်
တွယ်တာ...

တွယ်တာ
ဟင်...

ကျွန်တော်
ငါတို့ မဏှပ်ရောက်ဖို့ ၂နာရီ၊ ၃နာရီလောက် ကြာအုန်းမှာ။ မဏှပ်ရှေ့ နေရိပ်တဲ့ဆိုင်တစ်ခုခုမှာ သွားနေနေမလား...

တွယ်တာ
အေး ကောင်းသားပဲ၊ ငါလည်း နေပူလို့ သေတော့မယ်။ ဒါပေမယ့် ကစ်ကစ်ကို ထားခဲ့လို့ ဖြစ်ပါ့မလား...

ကျွန်တော်
ရပါတယ်၊ အုန်းသီးနဲ့မျိုးကြီးလည်း ရှိမှာပဲ...

ကစ်ကစ်က ကားရှေ့ခန်းမှာ အိပ်ပျော်နေ၍ ကျွန်တော်အတွက် အခွင့်ကောင်း ဖြစ်သွားသည်။ မဟုတ်ရင် အဲဒီ ငရှုပ်မလေးကလည်း မလွယ်ပင်ဟု တွေးရယ်လိုက်သည်။ တွယ်တာနဲ့ ကျွန်တော် အင်းယားလမ်း လူအုပ်ကြားထဲကနေ အတင်းတိုးထွက်လာသည်။
------------------------------------------------------------------------------------------------------------------

အခန်း(၅) တွယ်တာ

ကျွန်မနဲ့ စည်သူ အင်းယားလမ်း မဏှပ်ရှေ့ အကြော်ဆိုင်တစ်ခုတွင် တူတူထိုင်လိုက်သည်။ ခုနက လူအုပ်များကြားမှာ စည်သူ ကျွန်မပခုံးကို တင်းအောင် ဆုပ်ကိုင်ထားသည်ကို ကျွန်မဘာလို့မှန်းမသိ ရင်ခုန်နေမိသည်။ စည်သူက သူသောက်ဖို့ ဘီယာ တစ်လုံး မှာလိုက်သည်။ ကျွန်မကတော့ အအေးပဲ သောက်သည်။

ကျွန်မ၊ စည်သူ
ဟို...

စကားပြောပြန်တော့လည်း တိုက်ဆိုင်သွားပြန်၍ တူတူရယ်လိုက်သည်။

ကျွန်မ
နင်အရင်ပြောပါ...

စည်သူ
ငါတို့ ဒီအတိုင်း ၂နာရီလောက် ထိုင်နေရင် ပျင်းစရာကြီးဟာ။ နင်နဲ့ငါ ဂိမ်းလေး တစ်ခုလောက် ဆော့ရအောင်...

ကျွန်မ
အင်း၊ မဆိုးပါဘူး။ ဘာဂိမ်းလဲ...

စည်သူ
ဒီမဏှပ်ပေါ်က ကောင်လေးတွေ ထဲမှာ နင်အကြိုက်ဆုံး နဲ့ မကြိုက်ဆုံး ကောင်လေးကို ပြောရမယ်။ ပြီတော့ ကြိုက်ရင် ဘာလို့ ကြိုက်တာလဲ၊ မကြိုက်ရင်လဲ ဘာလို့ မကြိုက်တာလဲ ဆိုတာပါ ပြောရမယ်...
သူစကားကြောင့် ကျွန်မရှက်သွားသည်။ ကျွန်မ ကြိုက်သည့်တိုင်အောင် သူရှေ့မှာ မပြောပြချင်ပါ။

ကျွန်မ
အဲဒါတော့ မပြောချင်ပါဘူး။ ဒါဆို နင်အရင်ပြော နင်အကြိုက်ဆုံးနဲ့ မကြိုက်ဆုံး...

စည်သူ
ရတယ်လေ။ ငါပြီရင် နင်အလှည့်နော်...
ပြောပြီ စည်သူ မဏှပ်ပေါ်က ကောင်မလေးတွေကို သေသေချာချာ လိုက်ကြည့်နေသည်။ ကျွန်မကလည်း သူနဲ့အတူ လိုက်ရှာပေးလိုက်သေးသည်။

ကျွန်မ
စည်သူ၊ ပန်းရောင်အကျီင်္နဲ့ ကောင်မလေးရော...

စည်သူ
ဟင့်အင်း၊ ပိန်လွန်းတယ်...

ကျွန်မ
ဒါဆို ဟိုဘက်ထောင့်စွန်းက နေကာမျက်မှန် တပ်ထားတဲ့ အကျီင်္အပြာနဲ့ ကောင်မလေးရော...

စည်သူ
အင်း၊ အဲတစ်ယောက်တော့ မဆိုးပါဘူး...

ဟုလည်း ပြောလိုက်ရော ကျွန်မစိတ်ထဲ မနာလို အနည်းငယ် ဖြစ်မိသည်။ ဒါပေမယ့် ဆက်လက် ဟန်ဆောင်၍၊
ကျွန်မ
ဒါဆို၊ နင် မကြိုက်ဆုံး ကောင်မလေးကရော...

စည်သူ
အင်း၊ မကြိုက်တာတွေကတော့ အများကြီးပဲ။ ခု နင်အလှည့်။ နင်ရော ဘယ်ကောင်လေးကို အကြိုက်ဆုံးလဲ...

ကျွန်မ အလှည့်မို့၊ ဒီတစ်ခါတော့ မဏှပ်ပေါ်က ကောင်လေးအားလုံးကို သေချာ ကြည့်နေသည်။ ဝေးကလည်း ဝေး၊ ရေတွေကြားမှာမို့ စဉ်းစားရခက်နေသည်။

စည်သူ
ဟို အမဲရောင်ဝမ်းဆက်နဲ့ တစ်ယောက်ရော...

ကျွန်မ (မျက်မှောင်ကုတ်လိုက်ပြီ)
အဲဒီတစ်ယောက်က အရပ်ပုတယ်...

စည်သူ
ဒါဆိုရင် ရှေ့က အကျီင်္အ၀ါနဲ့ နေကာမျက်မှန်တပ်ထားတဲ့ တစ်ယောက်ရော...

ကျွန်မ
သူကလည်း အသားနည်းနည်းညိုတယ်...
ကျွန်မက နဂိုထဲက ချေးများသူဖြစ်သည်။ ဒါကြောင့်ပင် ခုထိတိုင်း ရည်စား မရှိသေးတာ ဖြစ်သည်။ ထိုချိန် စည်သူ၊
စည်သူ
ဟာ၊ ငါ နင်ကြိုက်မယ့် တစ်ယောက်တွေ့ပြီ...

ကျွန်မ
တကယ်လား...

စည်သူ
အေး၊ ဂျာကင်အနီနဲ့ ဘောင်ဘီအမဲ၊ အသားလည်း ဖြူတယ်၊ အရပ်လည်းရှည်တယ်...

သူပြောတဲ့ ဂျာကင်အနီ၊ ဘောင်ဘီအမဲ၊ အသားဖြူဖြူ၊ အရပ်ရှည်ရှည် တစ်ယောက်ကို တမဏှပ်လုံး လိုက်ရှာသော်လည်း ဘယ်လိုမှ ရှာမတွေ့ပါ။
ကျွန်မ
နင်ပြောတဲ့တစ်ယောက်က ဘယ်မှာလဲ၊ ရှာလည်း မတွေ့ဘူး...

စည်သူ
ဒီမှာလေ...

ဆိုပြီ သူ ကျွန်မလက်ကို ကိုင်ပြီ သူကိုယ်ကို ထိုးပြလိုက်သည်။ ဟုတ်သားပဲ၊ စည်သူ ဂျာကင်အနီ၊ ဘောင်ဘီအမဲ ၀တ်လာသည်ကို ကျွန်မမေ့နေသည်။ ကျွန်မလည်း အစကတော့ သူနဲ့ အတူ လိုက်ရယ်လိုက်သေးသည်။ ပြီမှ အနည်းငယ် ရှက်သွား၍ သူကိုင်ထားသော လက်ကို အသာလေး ပြန်ဖယ်လိုက်သည်။ ပြီတော့ သူရော၊ ကျွန်မပါ ဘာဆက်ပြောရမှန်း မသိဖြစ်သွားသည်။

စည်သူ
 ဘာပဲဖြစ်ဖြစ်၊ နင်အပျင်းပြေ သွားပြီ မဟုတ်လား...

ကျွန်မ
ပျော်ဖို့ ကောင်းပါတယ်...

စည်သူ
ဒါနဲ့ ဟို ငါ...

သူစကားကို ဆက်မပြောပဲ၊ ကျွန်မကို တချက်စိုက်ကြည့်လိုက်သည်။ ကျွန်မလည်း သူတစ်ခုခု ပြောဖို့ ကြံနေသည်ကို အနည်းငယ် ရိပ်မိသည်။ ဘာပြောမယ်မသိပေမယ့်၊ အနည်းငယ် ရင်ခုန်မိတာတော့ အမှန်ပါ။ ဒါပေမယ့် ခုချိန်မှာ နားထောင်ဖို့ ကျွန်မ အဆင်သင့် မဖြစ်သေးသည်မို့၊
ကျွန်မ
 ဟို၊ ကစ်ကစ် တစ်ယောက်တည်း ကားထဲမှာ ကျန်ခဲ့တာ။ ငါတို့ ပြန်ကြရင် ကောင်းမယ်...

စည်သူ
ဘြော်၊ အေး နင်သဘောပါပဲ...

စည်သူ ပိုက်ဆံရှင်းပြီ သူနဲ့ ကျွန်မ ကားရှိရာသို့ တူတူ ပြန်လာသည်။ ဒီတစ်ခါ ပြန်လာတော့ သူနဲ့ ကျွန်မ အသွားတုန်းကထက် ပိုရင်းနှီးသွားသည်ဟု ခံစားရသည်။ လူအုပ်ကြားမှာ တခြား ကောင်လေးတွေနဲ့ ထိမိမှာစိုး၍ စည်သူက ကျွန်မပခုံးနှစ်ဖက်ကို သူလက်ဖြင့် ဆုပ်ကိုင်ပြီ ကာထားပေးသည်။ တဖြည်းဖြည်းနဲ့ ကျွန်မတို့ ကားနားသို့ ပြန်ရောက်လာသည်။ ကားနားလည်း ရောက်ရော ရှုတ်တရပ် ကစ်ကစ် စည်သူနား ပြေးလားပြီ စည်သူကို ပြေးဖက်လိုက်သည်။ ကျွန်မလည်း အမှတ်မထင်မို့ အံ့အားသင့်သွားသည်။
ကစ်ကစ်
ကိုစည်သူ၊ ကစ်ကစ်ကို ဖက်ထားပေးနော်၊ ကစ်ကစ်ချမ်းလို့ပါ...

စည်သူ (အံ့အားသင့်စွာဖြင့်)
ကစ်ကစ်...

နောက်မှ ကစ်ကစ် ကျွန်မမရှိတုန်း ဘီယာတွေ သောက်ထားမှန်း ကျွန်မ သိသွားတော့သည်။ အုန်းသီးရော၊ မျိုးကြီးကို စိတ်ဆိုးလိုက်တာ မပြောပါနဲ့။ 

ကျွန်မ
ရှင်တို့ကလည်း သူဘီယာ သောက်တာကို ဘယ်သူမှ မတားဘူးလား..

အုန်းသီး
ကျွန်တော်တို့ တားပါတယ်။ သူဘာသာ သွားဝယ်ပြီ သောက်တာ။ မယုံရင် မျိုးကြီးကို မေးကြည့်...

မျိုးကြီး
ဟုတ်ပါတယ်...

ကျွန်မ
တော်စမ်းပါ။ ရှင်တို့ နှစ်ယောက်လုံး တကြိတ်တည်း တကြံထဲတွေ ချည်းပဲ...

စည်သူ
မင်းတို့ကလည်းကွာ၊ မင်းတို့ကို စိတ်ချလို့ ထားခဲ့တာကို။ တောက်...

စည်သူလည်း ဒေါသတော်တော် ထွက်နေသည်။ ကစ်ကစ်က အဲဒီလို သောက်တတ်တဲ့ မိန်းခလေးမျိုးမဟုတ်ပါ။ ခုဟာက လူမှန်း၊ သူမှန်းမသိအောင် မူးရူးနေတာ။ ကစ်ကစ်ကို ကျွန်မ ကားပေါ်သို့ စည်သူနဲ့ ကျွန်မ အတင်းတွဲခေါ်ရသည်။ ကျွန်မလေ၊ ကစ်ကစ်ကို ကြည့်ပြီ တစက်လေးမှကို စိတ်မချမ်းသာနိုင်ပါ။ 

စည်သူ ခေါ်တဲ့နောက်ကို လိုက်မိသွားတဲ့အတွက်လည်း အရမ်းနောင်တ ရမိသည်။ ခဏနေတော့ ကစ်ကစ် မူးပြီ ကျွန်မပေါင်ပေါ်မှာတင် အိပ်ပျော်သွားသည်။ မျိုးကြီး နဲ့ အုန်းသီး နှစ်ယောက်က ကျွန်မကို မျက်နှာကိုပင် မကြည့်ရဲပေ။ စည်သူကတော့ တအား စိတ်ပူနေပုံရသည်။ ဒါပေမယ့် ခုချိန်မှာ ကစ်ကစ် တစ်ခုဖြစ်မှာကိုပဲ စိုးရိမ်နေမိသည်။ ခဏနေတော့ ကားတွေ စရွှေ့လိုက်၍ မဏှပ်ရှေ့မှ ထွက်ခွာခွင့်ရလာသည်။ တခြား ဘယ်မဏှပ်မှလည်း မ၀င်တော့ စည်သူကို အိမ်သို့ တန်းမောင်းခိုင်းဖို့ ပြောသည်။
တိုက်ခန်းရှေ့ ကားရပ်လိုက်တော့၊ ကျွန်မနဲ့ စည်သူ ကစ်ကစ်ကို မနည်းတွဲခေါ်ပြီ ၄ထပ်ရှိတဲ့ ကျွန်မတို့ တိုက်ခန်းသို့ တွဲခေါ်ရသည်။ တိုက်ခန်းပေါ် ရောက်တော့၊ အမေက စိတ်အရမ်းပူသွားသည်။ သူမ အိပ်ခန်းထဲသို့ အမေနဲ့ ကျွန်မ ဆက်တွဲခေါ်သွားသည်။ နောက် အမူးပြေအောင် သံပရာရည် တခွက်ဖျော်ပေးမို့ အမေကပြောတာမို့၊ ကျွန်မ အိပ်ခန်းထဲမှ ပြန်ထွက်လာသည်။ စည်သူ မပြန်သေးပဲ၊ ဧည့်ခန်းတွင် ရှိနေသည်။ ဒါကြောင့် ကျွန်မ သူနားသို့ လျှောက်လာသည်။ 

စည်သူ
တွယ်တာ၊ ငါ အရမ်းတောင်းပန်ပါတယ်...

ကျွန်မ
နင် သူငယ်ချင်း နှစ်ယောက်က ကြာကူလီတွေ၊ ငါညီမကို ဘီယာတိုက်ပြီ ဘာမကောင်းကြံမလဲဆိုတာ ငါတွေးလိုက်တာနဲ့ကို သူတို့ကို သတ်ချင်တယ်...

စည်သူ
ဒီကောင်တွေ၊ နောက်နောက်ပြောင်ပြောင် ရှိတတ်တာလွဲရင်၊ ဒီလို ယုတ်မာတဲ့ စိတ်တော့ လုံးဝမရှိဘူး ဆိုတာတော့ ငါပြောတာကို ယုံပါဟာ...

ကျွန်မ (ဒေါသသံဖြင့်)
ဘယ်လို နင်ကို ယုံရမယ်။ နင်လည်း ဘာထူးလဲ။ နင်လည်း သူတို့နဲ့ တဖွဲ့တည်း မဟုတ်လား။ အစက ကစ်ကစ်ကို နင်တို့က သင်္ကြန်လည်ဖို့ ခေါ်တယ်။ ပြီတော့ ငါကို ပထုတ်သွားပြီ၊ သူကို မူးအောင် တိုက်တယ်။ ပြီရင် နင်တို့ သူကို မကောင်းကြံမှာ...

စည်သူ
တော်စမ်းဟာ။ ငါမှာ အဲဒီလို စိတ်ထားမျိုး လုံးဝမရှိဘူး။ ကစ်ကစ်ကို ငါညီမအရင်းလို သဘောထားတာ။ နင် ယုံတာ မယုံတာ ငါစောက်ဂရုမစိုက်ဘူး...

ကျွန်မ (စိတ်ဆိုးပြီ)
အေး၊ နင်ခု ငါအိမ်က ထွက်သွား။ ခုချက်ချင်း ထွက်သွား..

အော်လိုက်၍ စည်သူ ချက်ချင်း လှည့်ထွက်သွားသည်။ ကျွန်မ စိတ်ဆိုးလွန်းလို့ မျက်ရည်များပင် စီးကျလာသည်။ ဒင်းကို ယုံမိတာကို ကျွန်မ အမှားပေ။
---------------------------------------------------------------------------------------------------------------------

အခန်း(၆) စည်သူ

ကျွန်တော် အိမ်နံရံကို စိတ်ဆိုးပြီ လက်သီးဖြင့် ထိုးလိုက်သည်။ ကျွန်တော် တကယ် ကစ်ကစ်ကို ညီမလေး တစ်ယောက်လို စိတ်ထားကလွှဲရင် ဘယ်လို စိတ်ထားမျိုးနဲ့မှ မပြစ်မှားဘူးပါ။ တွယ်တာ ဆီက ဒီလို စကားမျိုးကြားရ၍ ပိုပြီ ကြေကွဲရသည်။ ဒီတစ်သက်တော့ တွယ်တာနဲ့ ကျွန်တော် နီးစပ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။ အုန်းသီး နဲ့ မျိုးကြီးကလည်း သူတို့ တကယ် ကစ်ကစ်ကို ဘီယာတစ်ဘူးတောင် မတိုက်ရကြောင်း ပြောသည်။ ခုမှတော့ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ ဘာမှ မထူးတော့ပေ။ ဒါပေမယ့် ခုဟာက ကျွန်တော် သိက္ခာသာမက၊ ကျွန်တော် မိဘသိက္ခာနဲ့လည်း သက်ဆိုင်နေ၍၊ ကျွန်တော် အပြစ်မရှိကြောင်း တွယ်တာကို ရှင်းပြမှ ဖြစ်မည်မို့ အံ့ဆွဲထဲမှ စာရွက် တစ်ရွက်ကို ထုတ်လိုက်သည်။ စာစရေးလိုက်သည်။
စာ
တွယ်တာ ဒီစာကို ဆုံးအောင် ဖတ်ပေးပါ။ ငါမှာ အပြစ်မရှိဘူးလို့ ပြောနေလည်း နင် မယုံဘူးဆိုတာ ငါသိတယ်။ ဒါပေမယ့် ငါ သိက္ခာမက၊ ငါမိဘ သိက္ခာနဲ့လည်း သက်ဆိုင်နေ၍ ငါ နင်ကို ပြောမှ ဖြစ်မှာမို့ ဒီစာကို ရေးလိုက်တာ။ ငါ ကစ်ကစ်ကို သင်္ကြန်ကားနဲ့လည်ဖို့ ခေါ်တာ အမှန်က...

ကျွန်တော် ခေတ္တရပ်ကာ သက်ပြင်းတချက် ချလိုက်သည်။ ပြီတော့ စာဆက်ရေးသည်။
စာ
ငါ နင်နဲ့ နီးစပ်ချင်လို့၊ နင်ကို ငါသဘောကျလို့။ နင်ပြောသလို ကစ်ကစ်ကို မကောင်းကြံစည်ချင်တဲ့ စိတ်ထား ငါမှာ လုံးဝမရှိဘူး။ သူက ငါညီမလေး တစ်ယောက်ထက် လုံးဝကို မပိုဘူးဆိုတာ ငါကျိန်ပြောရဲတယ်။ ပြီတော့ နင်ကိုလည်း ကားပေါ်က တမင် ပထုတ်သွားတာ မဟုတ်ဘူး။ ငါ နင်အတွက် ခံစားချက်တွေကို ရင်ဖွင့်ချင်လို့ ခေါ်သွားတာ။ နင်ကတော့ ငါခံစားချက်တွေကို ဘယ်တုန်းကမှ သတိတောင် ထားခဲ့မိမှာ မဟုတ်ပါဘူး။ ခုတော့ ဒါတွေက အားလုံးလည်း ပြီးဆုံးသွားပါပြီ။ ဒါပေမယ့် ငါမှာ အပြစ်မရှိဘူးဆိုတာတော့ နင် ယုံကြည့်ပေးပါ။ စည်သူ...
ရေးလည်းပြီရော ကျွန်တော် စာကို ခေါက်လိုက်သည်။ ကျွန်တော်ရဲ့ အသဲကွဲ မျက်ရည်များ စီးကျလာသည်။ ဒီတသက်တော့ တွယ်တာနဲ့ ကျွန်တော် ဘယ်တော့မှ နီးစပ်တော့မှာ မဟုတ်ပါ။
-----------------------------------------------------------------------------------------------------------------

 အခန်း(ရ) တွယ်တာ
 
အဲနေ့ညက ကျွန်မ စိတ်ပူတာနဲ့ တညလုံးပင် အိပ်မပျော်နိုင်ပါ။ စည်သူကိုရော၊ သူ့သူငယ်ချင်းတွေပါ အရမ်းနားကြည်းနေမိသည်။ 

နောက်နေ့ ကစ်ကစ်ဘေးမှာ စောင့်ရင်း အိပ်မောကျသွားသည်။ ကျွန်မ မနက်နှိုးလာတော့၊ ကစ်ကစ် အိပ်ပျော်နေသည်။ ကစ်ကစ် ဆံပင်လေးကို သပ်လိုက်ရင်း အပြစ်ကင်းစင်ပြီ ဘာမှ နားမလည်တဲ့ ကျွန်မ ညီမလေး ဘာမှမဖြစ်တာကိုပဲ ၀မ်းသာနေမိသည်။ ဒါပေမယ့် စည်သူကို တွေးလိုက်မိတိုင်း ဒေါသထွက်မိသည်။ ဒါနဲ့ ကျွန်မ မနက်ပိုင်း အခန်းပြင်သို့ ထွက်လာသည်။ မေမေက ဧည့်ခန်းမှာ ထိုင်နေသည်။ 

မေမေ
သမီး နှိုးလာပြီလား...

ကျွန်မ
ဟုတ်ကဲ့ မေမေ၊ ကစ်ကစ်က အိပ်တုန်းပဲ...

မေမေ
အေး၊ သမီး မေမေနား လာအုန်း...

ကျွန်မလည်း မေမေဘေးတွင် ၀င်ထိုင်လိုက်သည်။ မေမေ ကျွန်မကို စာတစောင်ပေးရင်း၊

မေမေ
မနက်အစောကြီး စည်သူ သမီးအတွက်ဆိုပြီ လာပေးသွားတာ...

ကျွန်မလေ သူနံမည်ကိုပင် မကြားချင်လောက်အောင် နားကြည်းနေမိသည်။

ကျွန်မ
သမီး မဖတ်ချင်ဘူး မေမေ...

မေမေ
သမီး လူဆိုတာ အမှားနဲ့ကင်းတဲ့လူ မရှိပါဘူး။ ခုလည်း သူမနေ့က ကစ်ကစ်ကို တစ်ယောက်တည်း ထားခဲ့မိလို့ အနူးအညွတ်တောင်းပန် သွားပါတယ်။ ဒါပေမယ့် သမီးပြောသလိုတော့ သူမှာ ယုတ်မာတဲ့ စိတ်ထားရှိတယ် ဆိုတာတော့ မေမေ မယုံဘူး။ သမီးလည်း စည်သူနဲ့ အခုမှ သိတဲ့သူတွေမှ မဟုတ်တာကွယ်။ သေသေချာချာ စဉ်းစားဆင်ခြေကြည့်ပေါ့ သမီးရယ်...

ပြောပြီ မေမေက ထွက်သွားသည်။ စာယူလာပြီ ကျွန်မ အိပ်ခန်းထဲရောက်တော့၊ တော်တော်ဥာဏ်များတဲ့လူ၊ ခု မေမေကိုပါ အယုံသွင်းသွားပြန်ပြီ။ ဒင်းကို ကျွန်မ ဘယ်တော့မှ မခွင့်လွှတ်ဘူးဟု တွေးလိုက်သည်။ သူစာကိုလည်း ကျွန်မ ဖတ်စရာလည်း မလိုတာမို့ စာဖတ်စားပွဲပေါ် ပစ်တင်ထားလိုက်သည်။ နေ့ခင်းလောက် ရောက်တော့ ကစ်ကစ်လည်း တော်တော် သက်သာလာပြီ ဖြစ်သည်။ ကစ်ကစ် အိပ်ခန်းထဲ ကျွန်မ ၀င်လာတော့၊

ကစ်ကစ်
မမ...

ကျွန်မ
ညီမလေး၊ သက်သာရဲ့လား...

ကစ်ကစ်
ဟုတ်... မမ၊ ကစ်ကစ်ကို အရမ်းစိတ်ဆိုးနေလားဟင်...

ကျွန်မ
ညီမလေးကို ဘာလို့ စိတ်ဆိုးရမှာလဲ၊ ဟို စည်သူနဲ့ လူယုတ်မာ နှစ်ကောင်ကိုပဲ သတ်ချင်တာ...

ကစ်ကစ်
ကိုစည်သူတို့နဲ့ ဘာမှမဆိုင်ပါဘူး...

ပြောလိုက်၍ ကျွန်မ ကစ်ကစ်ကို တချက်ကြည့်လိုက်သည်။ ကစ်ကစ်က ခေါင်းငြိမ့်ပြလျှက်၊

ကစ်ကစ်
မမ နဲ့ ကိုစည်သူ ထွက်သွားတော့။ ညီမလေး သူငယ်ချင်း ကေဇင်တို့လည်း ရောက်လာတယ်။ အဲဒါ ညီမလေးကို သူတို့က စနောက်ပြီ အအေးနဲ့အရက်ရောပြီ ၀ိုင်းတိုက်လိုက်ကြတာ။ ဟို ကိုစည်သူတို့မှာ ဘာအပြစ်မှ မရှိပါဘူး။ ညီမလေး အသုံးမကျတာပါ မမ...

ပြောလိုက်၍ ကျွန်မ စည်သူကို စွပ်စွဲပြောမိတာ မှားသွားပြီ ဆိုတာ သိလိုက်ရသည်။ ကစ်ကစ်လည်း ၀မ်းနည်းနေရှာ၍ ကျွန်မ သူမကို ဖက်ပြီ၊

မမ
ညီမလေး၊ ဘ၀ဆိုတာ သင်ခန်းစာ တစ်ခုပဲ။ နောက်ဆို ဘယ်သူငယ်ချင်းပဲဖြစ်ဖြစ် မယုံနဲ့၊ ကြားလား...

ကစ်ကစ်
ဟုတ်ကဲ့ မမ...
နောက် ကျွန်မ အိပ်ခန်းထဲသို့ ၀င်လာပြီ စည်သူ ပေးခဲ့တဲ့ စာကို လှန်ဖတ်လိုက်သည်။

စာ
တွယ်တာ ဒီစာကို ဆုံးအောင် ဖတ်ပေးပါ။ ငါမှာ အပြစ်မရှိဘူးလို့ ပြောနေလည်း နင် မယုံဘူးဆိုတာ ငါသိတယ်။ ဒါပေမယ့် ငါ သိက္ခာမက၊ ငါမိဘ သိက္ခာနဲ့လည်း သက်ဆိုင်နေ၍ ငါ နင်ကို ပြောမှ ဖြစ်မှာမို့ ဒီစာကို ရေးလိုက်တာ။ ငါ ကစ်ကစ်ကို သင်္ကြန်ကားနဲ့လည်ဖို့ ခေါ်တာ အမှန်က ငါ နင်နဲ့ နီးစပ်ချင်လို့၊ နင်ကို ငါသဘောကျလို့။ နင်ပြောသလို ကစ်ကစ်ကို မကောင်းကြံစည်ချင်တဲ့ စိတ်ထား ငါမှာ လုံးဝမရှိဘူး။ သူက ငါညီမလေး တစ်ယောက်ထက် လုံးဝကို မပိုဘူးဆိုတာ ငါကျိန်ပြောရဲတယ်။ ပြီတော့ နင်ကိုလည်း ကားပေါ်က တမင် ပထုတ်သွားတာ မဟုတ်ဘူး။ ငါ နင်အတွက် ခံစားချက်တွေကို ရင်ဖွင့်ချင်လို့ ခေါ်သွားတာ။ နင်ကတော့ ငါခံစားချက်တွေကို ဘယ်တုန်းကမှ သတိတောင် ထားခဲ့မိမှာ မဟုတ်ပါဘူး။ ခုတော့ ဒါတွေက အားလုံးလည်း ပြီးဆုံးသွားပါပြီ။ ဒါပေမယ့် ငါမှာ အပြစ်မရှိဘူးဆိုတာတော့ နင် ယုံကြည့်ပေးပါ။ စည်သူ...

စာလည်း ဖတ်ပြီသွားရော ကျွန်မ စည်သူကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ။ သူကို မပြောသင့်တဲ့ စကားတွေ အများကြီး ကျွန်မ ပြောမိခဲ့ပြီ။ စည်သူ ကျွန်မပေါ်ထားတဲ့ ခံစားချက်တွေကို ကျွန်မ ဘယ်တုန်းကမှ အရေးမလုပ်ခဲ့မိပေ။ သူအပေါ်ကို အမြဲလိုလို မကောင်းပဲ မြင်ခဲ့မိသည်။ ခုတော့ အရာအားလုံးဟာ ပြီဆုံးသွားပါပြီဟု တွေးရင်း ကျွန်မ မျက်ရည်များ အလိုလို စီးကျလာသည်။
သင်္ကြန်ကို ဘယ်လို ပြီဆုံးသွားသည်ပင် ကျွန်မ မသိလိုက်ပါ။ စည်သူနဲ့ မျက်နှာ မဆိုင်ဝံ့၍ သင်္ကြန်အကျက်၊ အတက် ၂ရက်လုံးကို ဘယ်မှ မသွားဖြစ်ပါ။ မေမေကတော့ ကိုယ်အမှားမို့၊ ပြန်တောင်းပန်လိုက်ဖို့ ပြောပါတယ်။ ဒါပေမယ့် ခုလောက်ဆို စည်သူ ကျွန်မကို မုန်းတီးသွားလောက်ပါပြီ။

နောက်နေ့ နှစ်ဆန်း၁ရက်နေ့မို့ ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့ဖို့ မေမေက အိမ်မှာ ချက်ပြုနေ၍၊ ကျွန်မ တစ်ယောက်တည်း ဈေးဝယ်ရန် မနက်စောစော စီးစီး တာမွေဈေးသို့ ထွက်လာသည်။ ဈေးမှာ ဈေးဝယ်နေတုန်း စည်သူ အမေ အန်တီဝေနဲ့ ဆုံသည်။

အန်တီဝေ
သမီး တွယ်တာ တစ်ယောက်လား။ မေမေ မပါဘူးလား...

ကျွန်မ
ဟုတ် မပါဘူး အန်တီဝေ...

အန်တီဝေ
မေမေကို  အန်တီက သတိရတယ်လို့ ပြောပေးပါ။ အန်တီလည်း မအားတာနဲ့ သမီးမေမေဆီတောင် မရောက်ဖြစ်ဘူး...

ကျွန်မ
ဟုတ်ကဲ့ တွယ်တာ ပြောလိုက်ပါ့မယ်...

အန်တီဝေ
ဒါနဲ့ သမီး သူငယ်ချင်း စည်သူတောင် စင်ကာပူသွားတော့မယ်...

ပြောလိုက်၍ ကျွန်မ အံ့အားသင့်စွာ အန်တီဝေကို လှမ်းကြည့်လိုက်သည်။

ကျွန်မ
စည်သူ သွားတော့မယ်...

အန်တီ
ဟုတ်တယ်။ သူအစ်ကိုက အရင်ကတည်းက ခေါ်နေတာကြာပြီ အရင်ကတော့ သူပဲ မသွားချင်လို့ ဟိုပြောဒီပြောနဲ့။ ခုသွားမယ်ဆိုတော့လည်း ချက်ချင်းပဲ...

ကျွန်မ (စိတ်မကောင်း သံဖြင့်)
ဟုတ်ကဲ့ အန်တီ...

အန်တီ
အေးအေး၊ သမီးလည်း ဈေးဝယ်စရာ ၀ယ်ပါ။ အန်တီလည်း သွားလိုက်အုန်းမယ်နော်...

ကျွန်မ ဘာမှပင် ပြန်မပြောနိုင်တော့ပဲ၊ ခေါင်ငြိမ့်ပြလိုက်သည်။ ကျွန်မရင်ထဲမှာ တကယ် စို့နစ်နစ်နဲ့ နေလို့ တကယ် မကောင်းပါ။ စည်သူ ကျွန်မကို တကယ်မုန်းသွားပြီဆိုတာ သေချာသွားပြီ။ ကျွန်မ တစ်ယောက်တည်း ငိုင်တိုင်တိုင်နဲ့ အိမ်သို့ ပြန်လာသည်။ အိမ်ပြန်ရောက်တော့ အိမ်နောက်ဖေးသို့ ၀င်လာသည်။ မေမေက ဟင်းချက်နေရင်း ကျွန်မကို လှမ်းကြည့်သည်။

မေမေ
သမီး၊ မေမေမှာလိုက်တဲ့ ရှောက်ရွက်ပါလာလား...
မကြား၍၊
မေမေ
သမီး...
ထပ်ခေါ်လိုက်မှ စိတ်နဲ့လူနဲ့ ပြန်ကပ်သွားသည်။
ကျွန်မ
ရှင်...

မေမေ
သမီး၊ နေမကောင်းဘူးလား...
ကျွန်မ ဈေးခြင်းတောင်းကို ချလိုက်ပြီ ဟန်မဆောင်နိုင်အောင် မျက်ရည်များ စီးကျလာသည်။

ကျွန်မ
မေမေ၊ စည်သူ စင်ကာပူ သွားတော့မယ်တဲ့...

ကျွန်မလေ မေမေကို ဖက်ပြီ ငိုချလိုက်မိသည်။ မေမေလည်း ကျွန်မကို ပြန်ဖက်လိုက်ပြီ၊

မေမေ
သမီးရယ်...

ကျွန်မ စည်သူကို ချစ်နေမိပြီ ဖြစ်သည်။ ဒါကို သူသိအောင် မပြောနိုင်တော့သလို၊ သူနဲ့ဝေးရမှာကို ကျွန်မ မခံစားနိုင်တော့ပါ။ ဒါပေမယ့် ခုတော့ အချိန်နှောင်းသွားခဲ့ပါပြီ။
------------------------------------------------------------------------------------------------------------

၃လခန့်ကြာသော်
အခန်း(၈) တွယ်တာ
ဒီနေ့တော့ ဆယ်တန်းအောင် စာရင်းထွက်၍ ကစ်ကစ် ၃ဘာသာ ဂုဏ်ထူးပါတာမို့ တအိမ်လုံး အရမ်းဝမ်းသာ နေကြသည်။

ကစ်ကစ်
မမ၊ ညီမလေး ဂုဏ်ထူးပါရင် ညီမလေး လိုချင်တာ ပေးမယ်ဆို မေ့နေပြီလား...

ကျွန်မ
အမယ်လေး မမေ့ပါဘူး။ ဘယ်ဝယ်ပေးရမလဲ ပြော...

ကစ်ကစ်(ရယ်လျှက်)
ဂါဝန်ရယ်၊ အောစကာ ဖိနပ်ရယ်၊ မမ ၀ယ်ပေးမယ် မဟုတ်လား...

ကျွန်မ
ဒါလေးများ။ မမ ညီမလေးက ဒီလောက်တော်တာ ဒီထက်တောင် ၀ယ်ပေးရအုန်းမှာ...
ကစ်ကစ်ကလည်း အရမ်းပျော်နေရှာသည်။

မေမေ
ဘာပဲဖြစ်ဖြစ်၊ မေမေကလည်း သမီးတို့ နှစ်ယောက်လုံးအတွက် အရမ်းဝမ်းသာတယ်။ တွယ်တာ၊ သမီးကြီးဆိုလည်း ခုဆိုရင် အလုပ်နဲ့အကိုင်၊ သမီးငယ် ဆိုလည်း တက္ကသိုလ် တက်ရတော့မယ်...
ကျွန်မတို့ နှစ်ယောက်လုံး မေမေကို ၀ိုင်းဖက်လိုက်ကြသည်။ ကျွန်မတို့ အားလုံး ပျော်နေတုန်း၊

ကစ်ကစ်
ဘြော်၊ မမကို ပြောရအုန်းမယ်။ ဟို၊ ကိုစည်သူလေ မနက်ဖြန် စင်ကာပူက ပြန်လာမယ်တဲ့...
ပြောလိုက်၍ ကျွန်မ မျက်နှာတချက် ပျက်သွားသည်။

ကျွန်မ
ဟုတ်လား။ ကောင်းတာပေါ့...

ကစ်ကစ်
ဟင်၊ မမ မသိဘူးလား။ ကစ်ကစ်က မမသိတယ် ထင်နေတာ။ ဘာပဲဖြစ်ဖြစ်၊ ကိုစည်သူပြန်လာရင် ကစ်ကစ် ၃ဘာသာ ဂုဏ်ထူးထွက်လို့ မုန့်လိုက်ကျွေးခိုင်းရမယ်။ ဟီးဟီး...

သူကတော့ ကလေးအတွေးနဲ့ သူဘာသာ ပျော်မြူးနေပေမယ့်၊ ကျွန်မကတော့ မပျော်ရွှင်နိုင်ပါ။ မေမေကလည်း ကျွန်မ ၀မ်းနည်းသွားမှန်း သိတာမို့၊

မေမေ
သမီး ကစ်ကစ်၊ အမေကို ထမင်းပွဲပြင်ဖို့ လာကူပေးပါအုန်း...

ပြောပြီ ခေါ်ထုတ်သွားသည်။ ကျွန်မ စည်သူနဲ့ မတွေ့ရတဲ့ အတော်အတွင်း ပေါင်ချိန်ပင် အတော်ကျ ကျသွားသည်။ ဘယ်မှလည်း သွားချင်စိတ်၊ စားချင်စိတ် မရှိပါ။ ဒါကို အချစ်လို့ ပြောမယ်ဆိုရင်လည်း ကျွန်မ ၀န်ခံပါသည်။ ကျွန်မ သူကို အရမ်းချစ်မိနေပြီဆိုတာ ဝေးသွားမှ သိလိုက်ရသည်။ သူကတော့ ကျွန်မကို မေ့သွားလောက်ပါပြီ။
-------------------------------------------------------------------------------------------------------------
အခန်း(၉) စည်သူ

ကျွန်တော် စင်ကာပူက ပြန်ရောက်ရောက်ခြင်း မျိုးကြီးနဲ့ အုန်းသီးလည်း အိမ်ရောက်လာပြီ ပွဲတော်ကျနေသည်။
မျိုးကြီး
စည်သူ၊ မင်းက စင်ကာပူပြန်လာပြီ ရုပ်တောင် နည်းနည်း သားနားလာသလိုပဲ...

ကျွန်တော်
အောင်မာ။ မင်းတို့ရော ဘာတွေ လုပ်နေလဲ...

မျိုးကြီး
ငါကတော့ ၁၀၉၊ ၁၁၀ပဲ။ အုန်းသီးက မိန်းမယူတော့မှာ...

ကျွန်တော်
ဘယ်လို၊ တကယ်...
အုန်းသီးက စပ်ဖြီးဖြီးနဲ့၊
အုန်းသီး
လိုပါသေးတယ်ကွာ။ ခုမှ စီစဉ်တုန်းရှိသေးတာ...
ကျွန်တော် အုန်းသီး ပခုံးကို ဖက်လိုက်ပြီ၊

ကျွန်တော်
မင်းက တယ်စွံပါ့လား..

အုန်းသီး
ဟဲဟဲ...

မျိုးကြီး
ဘယ်ကသာ သူအမေရှာပေးတာပါကွာ။ ဒီကောင်လား အဲဒီလောက် အစွမ်းအစရှိမှာ...

အုန်းသီး
မင်းဘိုးအေ။ ငါဘာသာ ရှာတာကွ၊ ငါအမေက မိတ်ဆက်ပေးရုံ ပေးတာ..

ကျွန်တော်
မင်းကလည်း တူတူပဲဟာကို...

ပြောလိုက်၍ ကျွန်တော်တို့ အားလုံး ၀ိုင်းရယ်လိုက်သည်။ ပြီတော့ အုန်းသီးက ကျွန်တော်ကို တချက်ကြည့်ပြီ၊

အုန်းသီး
ဒါနဲ့၊ စည်သူ၊ မင်းနဲ့ တွယ်တာနဲ့ရော အဆက်သွယ်ရှိသေးလား...

မေးလိုက်၍ ကျွန်တော် မျက်နှာ အနည်းငယ် ပျက်သွားသည်။

ကျွန်တော်
ဟင့်အင်း...

အုန်းသီး
အေး၊ ငါတို့ကြောင့် မင်းတို့နှစ်ယောက်...

ကျွန်တော်
မင်းတို့နဲ့ ဘာမှ မဆိုင်ပါဘူးကွာ။ ထားလိုက်စမ်းပါ...

မျိုးကြီး
ဘာလဲ၊ မင်းက စင်ကာပူမှာ စောအသစ်တွေ့နေပြီလား...

ကျွန်တော်(ရယ်လျှက်)
ဒီလိုပါပဲ...

ပြောလိုက်ပေမယ့် အမှန်တော့ ကျွန်တော် တွယ်တာကို ခုချိန်ထိပင် မေ့မရနိုင်ပါ။ ဒါပေမယ့် သူနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ကြိုးစားပြီ ကျွန်တော် မေ့ဖို့ ကြိုးစားနေတာ ဖြစ်သည်။ ညနေပိုင်း ရောက်တော့ ကျွန်တော် အမေက ခေါ်သံကြား၍ ကျွန်တော် အခန်းပြင် ထွက်လာသည်။

မေမေ
သား၊ ဒီမှာ ဘယ်သူ ရောက်နေလဲ ကြည့်စမ်းပါအုန်း...

ကြည့်လိုက်တော့ ဧည့်ခန်းမှာ ထိုင်နေသော ကစ်ကစ်ကို တွေ့သည်။ ကစ်ကစ် ဆယ်တန်းအောင်ပြီ 
၃ဘာသာ ထွက်တဲ့အကြောင်း မေမေ ပြောပြလို့ သိပြီပြီ ဖြစ်သည်။ ဒါပေမယ့် သူကိုတွေ့တော့ တွယ်တာကို အလိုလို သတိရလာသည်။ ဒါပေမယ့် ကျွန်တော် ဘာမှမဖြစ်သလို ဟန်ဆောင်ပြီ၊

ကျွန်တော်
ကစ်ကစ်၊ ဘာကျွေးမှာလဲ။ ၃ဘာသာတောင် ပါတယ်ဆို...

ကစ်ကစ်
ကိုစည်သူက ကစ်ကစ်ကို ကျွေးရမှာလေ။ မဟုတ်ဘူးလား...

ကျွန်တော်
ဟုတ်ပါပြီ...

မေမေ
အေး၊ သား ကစ်ကစ်နဲ့ စကားပြောနှင့်အုန်း၊ မေမေ ညနေစာ သွားပြင်လိုက်အုန်းမယ်...
ပြောပြီ ထွက်သွားသည်။ ကစ်ကစ်က ကျွန်တော်ကို တခုခု ပြောချင်ပုံရသည်။

ကစ်ကစ်
ကိုစည်သူကို ကစ်ကစ် တောင်းပန်ချင်လို့ပါ...

ကျွန်တော်
ဘာလို့ တောင်းပန်ရမှာလဲ...

ကစ်ကစ်
ဟိုလေ၊ သင်္ကြန်တုန်း ကစ်ကစ်ကြောင့် မမက ကိုစည်သူကို အထင်လွှဲသွားတယ်လေ...

ကျွန်တော်
ကိစ္စမရှိပါဘူး။ ပြီခဲ့တာလည်း ပြီပါပြီ...

ကစ်ကစ်
ဒါဆိုရင် ကစ်ကစ်ကို မုန့်လိုက်ကျွေးရမယ်။ ကျွေးမယ် မဟုတ်လား...

ကျွန်တော်
သဘောပါဗျာ၊ သဘောပါ...

ပြောလိုက်ပေမယ့် ကျွန်တော် ရင်ထဲမှ အနာဟောင်းကို ပြန်စွလိုက်သလိုပင်။ တွယ်တာ ပြောခဲ့သလို၊ ကျွန်တော်က လူယုတ်မာ၊ ကစ်ကစ် အပေါ်မှာ မကောင်း ကြံဖို့ ကြိုးစားတဲ့သူ သူရဲ့ စကားတွေကို ခုထိ ပြန်ကြားယောင်နေဆဲပင်။ ထိုစကားတွေက ကျွန်တော်ကို သူရဲ့ အဝေးထွက်သွားဖို့ တွန်းအား ဖြစ်စေခဲ့သည်။ ကျွန်တော် ဘာသာ တဖက်သက် ချစ်ခဲ့ပေမယ့်၊ ကျွန်တော် အချစ်ဟာ အသွားပဲ ရှိပြီ၊ ပြန်လမ်းမရှိတဲ့ မြှားတစ်စင်းလို လမ်းပျောက်ခဲ့ရသည်။ ကစ်ကစ် ပြန်သွားရော၊ ကျွန်တော် တစ်ယောက်တည်း မှိုင်တွေပြီ ကျန်ရစ်ခဲ့သည်။
---------------------------------------------------------------------------------------------------------------

အခန်း(၁၀) တွယ်တာ
 
ဒီနေ့ ရုံးပိတ်ရက်မို့ ကတိအတိုင်း ကစ်ကစ်ကို ဂါဝန်နဲ့ ဖိနပ် ၀ယ်ပေးဖို့ အတွက် တော်ဝင်စင်တာသို့ ထွက်လာသည်။ ကစ်ကစ် သူလိုချင်တာတွေ အားလုံး ရပြီမို့ ပျော်ရွှင်နေသည်။ စည်သူ ပြန်ရောက်တာ ၁ပတ်ကြာပြီဆိုပေမယ့် သူလည်း ကျွန်မကို အဆက်အသွယ် မလုပ်သလို၊ ကျွန်မလည်း အဆက်အသွယ် မလုပ်ဖြစ်ပါ။
ကစ်ကစ်
မမ...

ကျွန်မ
ဘာလဲ၊ ညီမလေး...

ကစ်ကစ်
ဟိုလေ၊ ညီမလေး ဗိုက်ဆာလို့ ပီဇာပါ လိုက်ကျွေးပါနော်...

မမ
ဒီကောင်မလေးကတော့ ခုနကပဲ မုန့်တွေ စားထားတယ်လေ...

ကစ်ကစ်
တခါတလေပဲ၊ မမရယ် လိုက်ကျွေးပါနော်...

မမ
သဘော၊ သဘော...

ဆိုပြီ တော်ဝင်စင်တာ အောက်ဆုံးထပ်က ပီဇာcorner ဆိုင်သို့ တူတူ ထွက်လာသည်။ ပီဇာ ဆိုင်ထဲ ၀င်လိုက်ရော၊ မမျှော်လင့်ပဲ စည်သူကို မြင်လိုက်၍ အရမ်းအံ့အားသင့် သွားသည်။ စည်သူက ကျွန်မကို မြင်တော့ သူလည်း မျက်နှာ တချက်ပျက်သွားသည်။ သူလည်း ကျွန်မနဲ့ တွေ့ဖို့ မျှော်လင့်ထားပုံ မရပေ။ ကျွန်မလေ ဒါ ကစ်ကစ် လက်ချက်ပဲဆိုတာ ရိပ်မိသည်နှင့် စိတ်ကလည်း ဆိုး၊ ရှက်ကလည်း ရှက်။

ကစ်ကစ်
မမရော၊ ကိုစည်သူရော အံ့ဘြသွားတယ် မဟုတ်လား...

ကျွန်မ
မမ၊ ပြန်တော့မယ်...

ကစ်ကစ်
မမကလည်း လာပါ...

အတင်းဆွဲခေါ်သွား၍ စည်သူနဲ့ မျက်နှာချင်းဆိုင်တွေ ၀င်ထိုင်လိုက်သည်။ စည်သူရော၊ ကျွန်မရော ဘယ်က စကားစပြောရမှန်း မသိပေ။ ခုမှ ကျွန်မ သူကို တောင်းပန်လည်း သူလက်ခံမယ် မထင်ပါ။ ဒါကြောင့် ကျွန်မလည်း ငြိမ်သက်နေမိသည်။

ကစ်ကစ်
မမတို့ နှစ်ယောက်က ဘာလို့ စကားမပြောတာလဲ။ သူစိမ်းတွေ ကျနေတာပဲ။ ရန်ဖြစ်ထားကြတာလား...

မေးလိုက်၍ နှစ်ယောက်လုံး ပြိုင်တူ၊
ကျွန်မ၊ စည်သူ
မဟုတ်ပါဘူး...

ပြောလိုက်မိ၍ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်သည်။ ပြီတော့ ချက်ချင်း မျက်နှာ ပြန်လွှဲလိုက်သည်။ စည်သူကိုမြင်တော့ ကျွန်မ ရင်တွေ အရမ်းခုန်နေသည်။ အသားတွေလည်း အလိုလို အေးစက်လာသည်။ သူနဲ့ တွေ့ရလို့ အရမ်းဝမ်းသာပေမယ့်၊ သူနဲ့ မတွေ့ရတာကြာတာမို့ အရမ်းဝမ်းနည်း နေမိသည်။ ခဏနေတော့ ပီဇာ လာချပေးသည်။ စည်သူက ကစ်ကစ်နဲ့သာ စကားပြောသည်။ ကျွန်မကိုပင် တချက်လေးတောင် မကြည့်တော့ပါ။ ကျွန်မ ရင်တွေရော၊ အသဲတွေပါ ကွဲအက်မတတ် ခံစားရသည်။ ကျွန်မ မျက်ရည်များ စ၀ဲလာသည်။

ကစ်ကစ်
ကိုစည်သူ ဒီမှာ ကြာအုန်းမှာလား...

စည်သူ
သိပ်တော့ မကြာဘူး ကစ်ကစ်။ တပတ်လောက်ပဲ ကြာမယ် ထင်တယ်...

ကစ်ကစ်
ဟွန်း၊ ကိုစည်သူ မရှိတော့ မမနဲ့ ကစ်ကစ်တော့ ပျင်းပြီ ကျန်ခဲ့တော့မှာပဲ။ မဟုတ်ဘူးလား မမ...

မမ
ဟင်... အင်း...
ပြောပြီ မသိမသာ ကျလာတဲ့ မျက်ရည်ကို လက်ဖြင့် အသာအယာ သုတ်လိုက်သည်။ ထိုချိန် စည်သူက ကျွန်မကို တီရူးလှမ်းပေး၍ သူကို မော့ကြည့်လိုက်သည်။

စည်သူ
ယူလေ...

ကျွန်မ
 ကျေးဇူးပဲ...
ကျွန်မ ဘာလို့မှန်းမသိပါ။ ဆက်ဟန်မဆောင် နိုင်တော့တာမို့၊

ကျွန်မ
ကစ်ကစ်၊ မမ အပြင်က စောင့်နေမယ်...
ပြောပြီ ချက်ချင်းဆိုသလို ဆိုင်တွင်းမှ ပြေးထွက်လာသည်။ ကျွန်မလေ တော်ဝင်စင်ကာ အပြင်ဘက်မှ ကျလာတဲ့ မျက်ရည်တွေ အားယူကာ သုတ်နေသည်။ ခဏနေတော့ ကစ်ကစ်လည်း ကျွန်မနောက်သို့ လိုက်လာသည်။

ကစ်ကစ်
မမ ငိုနေတယ်...

ကျွန်မ
ညီမလေး ပြန်ကြမယ်...

ကစ်ကစ်
ဟုတ်ကဲ့...
အဲဒီနေ့က အိမ်ပြန်ရောက်သည့် တိုင်အောင် ကျွန်မ မျက်ရည်များ ရပ်မရပါ။ သေချာသွားပါပြီ၊ စည်သူ ကျွန်မကို အရမ်းမုန်းသွားပြီ ဆိုတာ။ သူ ကျွန်မ မျက်နှာကို မကြည့်ချင်လောက်အောင်၊ နားကြည်းသွားပြီ ဖြစ်သည်။ ကျွန်မလေ တအား ခံစားရသည်။ ဒါကြောင့် ၁၅၀၀ အချစ်က ပူလောင်တယ်လို့ ရှေးလူကြီးတွေ ပြောတာ။ ချစ်လွန်းလို့ ပိုခံစားရသည်။ တရှိုက်ရှိုက်နဲ့ ငိုနေတုန်း၊ ကစ်ကစ် ကျွန်မအိပ်ခန်းထဲသို့ ၀င်လာသည်။

ကစ်ကစ်
မမ၊ ကစ်ကစ် ၀င်လာမယ်နော်...

ကျွန်မ မျက်ရည်များကို အမြန်သုတ်လိုက်သည်။ ကစ်ကစ် ကျွန်မ ဘေးတွင် ထိုင်လိုက်ပြီ၊ 

ကစ်ကစ်
ကစ်ကစ် တောင်းပန်ပါတယ် မမ...

ကျွန်မ
မလိုပါဘူး...

ကစ်ကစ်
ကိုစည်သူကြောင့် မမ ခံစားနေရတာကို ကစ်ကစ် တကယ် မသိတာပါ...

ကျွန်မ
ခုတော့ သူ မမကို မုန်းသွားပြီလေ...

ကစ်ကစ်
မမအစား ကိုစည်သူကို ကစ်ကစ် သွားရှင်းပြပေးရမလား...

ကျွန်မ
ထားလိုက်ပါတော့ ညီမလေးရယ်။ အချစ်ဆိုတာ အတင်းလုပ်ယူလို့ရတဲ့ အရာမှ မဟုတ်တာ။ ညီမလေးလည်း တစ်နေ့တော့ ဒါတွေ နားလည် လာမှာပါ...

ပြောလိုက်၍ ကစ်ကစ် ကျွန်မ ပခုံးပေါ်သို့ လာမှီသည်။ သူမ ဆံပင်ကို သပ်ပေးလိုက်ရင်း ကျွန်မ သက်ပြင်း ချလိုက်သည်။
--------------------------------------------------------------------------------------------------------------
အခန်း(၁၁) စည်သူ

ဒီနေ့ ကျွန်တော် တွယ်တာနဲ့ မမျှော်လင့်ပဲ ပြန်ဆုံလိုက်ရသည်။ တွေ့လိုက်မှ သူကို မေ့နိုင်ပြီလို့ ထင်ထားတာ၊ အထင်နဲ့ တခြားစီ ဖြစ်နေသည်။ သူနဲ့တွေ့တော့ ကျွန်တော် အတတ်နိုင်ဆုံး မျက်နှာချင်းဆိုင် မဆိုင်ဖြစ်အောင် ကြိုးစားသည်။ ဒါပေမယ့် သူမျက်ရည်တွေလည်း မြင်ရော ကျွန်တော် ရင်တွေ အကုန်ကွဲအက်ကုန်ပါပြီဗျာ။ သူကို ကျွန်တော် ချစ်နေတုန်းပဲ ဆိုတာ သူသိရင် သိပ်ကောင်းမှာပဲ။ 

တွယ်တာ နင် မျက်နှာလေး အရမ်း ချောင်ကျသွားတယ်၊ နေမကောင်းဘူးလား လို့ အခါခါ မေးချင်ခဲ့မိသည်။ ဒါပေမယ့် ကျွန်တော်မှာ အဲဒီ အခွင့်အရေး ရှိပါအုန်းမလားဟု တွေးကာ အားငယ်သွားမိသည်။
နောက်နေ့ အမေက ဘေးတိုက်က ဆွမ်းကျွေးဖိတ်ထား၍ ကျွန်တော်ကိုပါ လိုက်ခဲ့ဖို့ခေါ်သည်။ တွယ်တာတို့ရဲ့ အပေါ်ထပ် အခန်းဖြစ်သည်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သူနဲ့ တွေ့လို့ တွေ့ငြားဖြင့် ကျွန်တော် အမေနဲ့ ဆွမ်းကျွေးလိုက်လာသည်။ ဒါပေမယ့် ဆွမ်းကျွေးမှာ တွယ်တာကို မတွေ့ပါ။ တွယ်တာ အမေအန်တီဆွေမာနဲ့ ကစ်ကစ်နဲ့သာ ဆုံသည်။

အန်တီဆွေမာ
သား မတွေ့တာတောင် ကြာပြီ...

ကျွန်တော်
ဟုတ်ကဲ့ အန်တီ။ အန်တီလည်း နေကောင်းတယ် မဟုတ်လား..

အန်တီဆွေမာ
အေး အန်တီက ကောင်းပါတယ်။ မင်းသူငယ်ချင်းက သာ...
ဟု ပြောပြီ အန်တီ ဆွေမာ စကားကို ရပ်လိုက်သည်။ ပြီတော့ ကျွန်တော် အမေနဲ့ စကားဆက်ပြောနေသည်။ ကျွန်တော် သိချင်တဲ့စိတ်တွေ မျိုသိပ်မရတော့၍၊

ကျွန်တော်
ကစ်ကစ်၊ တွယ်တာ မပါဘူးလား...

ကစ်ကစ်
မမ၊ နေသိပ်မကောင်းဘူး ကိုစည်သူ...
ပြောပြီ အန်တီဆွေမာရော၊ ကစ်ကစ်နဲ့ ဆက်စကားမပြော ဖြစ်တော့ပါ။

ဆွမ်းကျွေးနဲ့ ပြန်တော့ တွယ်တာ အခန်းရှေ့ရောက်တော့ ကျွန်တော် ခြေလှမ်းများ အလိုလို ရပ်တန့်သွားသည်။
ကျွန်တော်
မေမေ အရင်ပြန်နှင့်လိုက်။ ကျွန်တော် လိုက်ခဲ့မယ်...

မေမေ
ဘြော် အေးအေး...

မေမေက ဆင်းသွားသည်။ ကျွန်တော် အခန်းဘဲလ်ကို အားယူကာ နှိပ်လိုက်သည်။ ခဏကြာတော့ တွယ်တာ တံခါး လာဖွင့်သည်။ ကျွန်တော်ကိုမြင့်တော့ သူမ အံ့အားသင့်သွားသည်။ သူမ မျက်နှာရော၊ နှုတ်ခမ်းတွေရော ဖြူဖပ် ဖြူရောင်ဖြစ်နေသည်။ မျက်လုံးတွေလည်း မျို့နစ်နေသည်။

တွယ်တာ
စည်သူ၊ မေမေနဲ့ကစ်ကစ် မရှိဘူး၊ ဆွမ်းကျွေးသွားတယ်...

ကျွန်တော်
ငါလည်း ခုဆွမ်းကျွေးကပြန်လာတာ။ ငါဝင်ခဲ့လို့ ရမလား...

တွယ်တာ
ရပါတယ်...

ပြောပြီ တွယ်တာ တံခါး ဖွင့်ပေးသည်။ ကျွန်တော်နဲ့ တွယ်တာ ဧည့်ခန်းမှာ တူတူ ၀င်ထိုင်လိုက်သည်။ တွယ်တာ ကျွန်တော် မျက်နှာကို မကြည့်ပဲ၊ ခေါင်းငုတ်ထားသည်။

ကျွန်တော်
နင် နေမကောင်းဘူးဆို...

တွယ်တာ
အင်း၊ သက်သာသွားပါပြီ...

ခုချိန်မှာ သူကို ထွေးဖက်ပြီ ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ သူမ နှုတ်ခမ်းလေးကို အနမ်းလေးပေးလိုက် ချင်သည်။ သူရော၊ ကျွန်တော်ရော ဘယ်က စပြောရမှန်း မသိဖြစ်နေသည်။ ပြောပြန်တော့လဲ...

ကျွန်တော်၊ တွယ်တာ (ပြိုင်တူ)
ငါ...

ကျွန်တော်
နင် အရင်ပြောပါ...

တွယ်တာ
ငါ၊ နင်ကို ဟိုတစ်ခါ ကိစ္စကို တောင်းပန်ချင်နေတာ ကြာပြီ။ ငါ မပြောသင့်တာတွေ ပြောလိုက်မိတယ်။ ငါ တောင်းပန်ပါတယ်...

ကျွန်တော်
နင်ပြောတော့ ငါက အကြံပက်စက်တဲ့ လူယုတ်မာကြီးဆို...
ပြောလိုက်၍ တွယ်တာ အနည်းငယ် ပြုံးသွားပြီ၊

တွယ်တာ (တိုးတိုးလေး)
စည်သူ၊ နင် ငါကို မုန်းသွားပြီလားဟင်...

သူမ အမေးကြောင့် ကျွန်တော်ရင်ထဲမှာ ပလောင်ဆူအောင် လှုပ်ခါသွားသည်။ မေးပဲ မေးရက်တယ် တွယ်တာရယ်၊ နင်ကို မုန်းဖို့နေသာသာ ဘယ်လောက်တောင် ချစ်တယ် ဆိုတာ နင်သိရင် ကောင်းမှာပဲ။ ကျွန်တော် သူကို ချစ်နေတာတွေကို ဘယ်လိုမှ မျိုသပ်၍ မရတော့ပေ။ ဒါကြောင့် ကျွန်တော် သူမရဲ့ နူးညံ့တဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ တွယ်တာ ကျွန်တော်ကို အံ့အားသင့်စွာဖြင့် မောကြည့်လိုက်သည်။ 

ကျွန်တော်
ငါနင်ကို အရင်ကတည်းကလည်း ချစ်တယ်။ ခုလည်း ချစ်တယ်။ နောက်လည်း ချစ်သွားမယ်။ နင်ရော ငါကို ချစ်တယ် မဟုတ်လား...
မေးလိုက်တော့ တွယ်တာ ရှက်သွားပြီ ဘာမှ ပြန်မဖြေပဲ ခေါင်းငြိမ့်ပြသည်။ ကျွန်တော်သည် ၀မ်းသာအားရဖြင့် သူမကို ဆွဲဖက်လိုက်ပြီ၊
ကျွန်တော်
ငါတို့ အိပ်ခန်းထဲ သွားကြတော့မလား...

တွယ်တာ
စည်သူ၊ နင်နော်...

ကျွန်တော်
ချစ်လို့ စတာပါ...
သူမပြုံးသွားသည်။ 
ကျွန်တော်
ငါ နင်ကို ဘယ်တော့မှ မခွဲတော့ဘူးနော်...
သူမ ခေါင်းငြိမ့်ပြသည်။ ကျွန်တော်နဲ့ တွယ်တာလို ချစ်တဲ့သူတိုင်း ချစ်တိုင်းငြားကြပါစေဗျာ။
---------------------------------------------------------------------------------------------------------------------
...END...












No comments:

Post a Comment