Sunday, August 8, 2010

မှောင်ရိပ် အပိုင်း-၂ (ဇာတ်သိမ်းပိုင်း)




ကျွန်မ မြန်မာနိုင်ငံ လေဆိပ်တွင် လာကြိုသော ကျွန်မ အမေနှင့် ပန်းအိတို့ကို တွေ့သည်။ ပန်းအိသည် ကျွန်မ အလည်ပြန်လာသည်ကို အရမ်းကို ပျော်နေပုံပေ။ ပန်းအိက မတွေ့သည့် တစ်နှစ်အတွင်း မျက်နှာလေးက ကြည်လင်ပြီ ပိုလို့တောင် လှလာသေးသည်။ ကျွန်မလည်း ကျောင်းက တဖက်နဲ့ မြန်မာနိုင်ငံကို ပြန်မလာဖြစ်တာ ၁နှစ်ကျော်လောက် ရှိသွားပြီ ဖြစ်သည်။

ပန်းအိ ။ ။ နှင်းအိ ငါနင်ကို အရမ်းလွမ်းနေတာ…
မေမေ ။ ။ ဟုတ်တယ် သမီးရဲ့။ ပန်းအိက အားရှိ သမီးနှင်းအိ အကြောင်းပဲ တဖွဖွပြောနေရှာတာ…
ကျွန်မိ ။ ။ ဒါကြောင့် ပန်းအိအတွက် လက်ဆောင်တွေ အများကြီး ၀ယ်ခဲ့တာပေါ့…
ပန်းအိ ။ ။ ဟီးဟီး…

လေဆိပ်မှ ကျွန်မတို့ နေအိမ်သို့ ကားဖြင့် လိုက်ပါလာသည်။ တစ်လမ်းလုံး ပန်းအိနှင့် မတွေ့တာ ကြာပြီမို့ ပြောလိုက်တဲ့ စကားတွေ။ အင်္ဂလန်မှ ရန်ကုန်သို့ ၁၄နာရီလောက် လေယဉ်ပျံစီးလာခဲ့လို့ ခရီးပန်းတာတွေတောင် ဘယ်ပျောက်သွားမှန်း မသိပေ။ ကိုယ်အမိမြေကို ခြေနင်းလိုက်သည်နှင့် ရင်ထဲမှာ အရမ်းကို လုံခြုံနွေးထွေးသွားသည်။

အိမ်ပြန်ရောက်သည်နှင့် ကျွန်မ မိသားစုအတွက် ပါလာသော လက်ဆောင် ပစ္စည်းတွေ ထုတ်သည်။ ပန်းအိအတွက်တော့ လက်ဆောင်ပစ္စည်း အများဆုံးပါလာသည်။ ကျွန်မပါလာသော အကျီင်္တွေကို ပန်းအိ တစ်ခုပြီ တစ်ခုဝတ်ကြည့်နေပြီ ပျော်နေရှာသည်။ ခဏကြာတော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း ဇေယျ အကြောင်းသို့ ရောက်လာသည်။

ကျွန်မ ။ ။ ဒါနဲ့ ဇေယျ တစ်ယောက်ရော ဆယ်တန်းစာမေးပွဲ အောင်သွားပြီဆို…
ပန်းအိ ။ ။ အေးဟုတ်တယ်။ ဒါပေမယ့် သူ့စာမေးပွဲအောင်တာ ငါကို ဒုက္ခပေးဖို့ပဲ ဖြစ်မှာပါ…
ကျွန်မ ။ ။ ဘာဖြစ်လို့လဲ…
ပန်းအိ ။ ။ ဘာဖြစ်ရမှာလဲ၊ ဆယ်တန်းစာမေးပွဲ ပြီကတည်းက ငါတက်တဲ့ တက္ကသိုလ်မှာ သူ့သူငယ်ချင်း တစ်စုနဲ့ နေ့တိုင်းနီးပါး လောက်လာတယ်လေ။ လာတိုင်းလည်း အငြိမ်မနေပါဘူး၊ ငါကို လိုက်တဲ့ ကောင်လေးတွေကို ရန်လိုက်လုပ်။ ဟိုလူနဲ့ ရန်ဖြစ်နဲ့ ဒီလူနဲ့ ရန်ဖြစ်နဲ့။ ဒါနဲ့တောင် မလုံလောက်သေးဘူး၊ ငါ့မိန်းခလေး သူငယ်ချင်းတွေကိုပါ ငါကိုလိုက်မြှောက် ပေးနေပါတယ် စွပ်စွဲပြီ ရန်လုပ်သေးတာ။ သူရန်ကိုကြောက်လို့ ငါကို ဘယ်သူကမှ အပေါင်းအသင်း မလုပ်ကြတော့ဘူးလေ…
ကျွန်မ ။ ။ ငါမရှိတော့နောက်ပိုင်းမှ ဒီကောင် ပြန်ဂြိုလ်ထောင်လာတာပေါ့လေ…
ပန်းအိ ။ ။ ဟုတ်တယ် ငါလည်း နှင်းအိသာ ရှိရင် အရမ်းကောင်းမှာပဲ တွေးနေတာ။ ဒါနဲ့ နှင်းအိ ရန်ကုန်မှာ ဘယ်လောက် နေမှာလဲ၊ ကြာကြာနေနော်…
ကျွန်မ ။ ။ ငါ ကျောင်းပိတ်ထားတော့ ၂လလောက် နေဖြစ်မယ်။ နောက်နှစ်တွေဆို အလုပ်ထဲ ၀င်သွားရင် ပြန်လာလည်လို့ မလွယ်တော့ဘူးလေ…
ပန်းအိ ။ ။ ဒါဆို ပျော်စရာကြီး။ မဟုတ်ရင် ငါတစ်ယောက်ထဲ အထီးကျန်နေတာ…
ကျွန်မတို့ စကားလက်ဆုံကြနေစဉ် အိမ်ရှေ့ခန်းမှ မေမေခေါ်သံကို ကြားလိုက်သည်။

မေမေ ။ ။ ပန်းအိ ဒီမှာ ဇေယျ ရောက်နေတယ်…
ကျွန်မ ။ ။ ဇေယျတော့ အသက်ရှည်တော့မှာပဲ…
ပန်းအိ ။ ။ ငါကို ဒုက္ခပေးဖို့ လာတာပဲ နေမှာ၊ ထွက်မတွေ့ချင်ပါဘူး…
ကျွန်မ ။ ။ လာပါ ငါရှိနေတာပဲ…

ပန်းအိ နှင့် ကျွန်မ အိမ်ရှေ့ခန်းသို့ ထွက်လာသည်။ ဇေယျက အရင်ထက် အရပ်နည်းနည်းပိုမြင့်လာသည် လွှဲရင် ဘာမှ မပြောင်းလဲပေ။ သို့ပေမယ့် လက်မှာလည်း စီးကရက်က ကိုင်ထားသေးသည်။

ဇေယျ ။ ။ ဟာရှားပါး နှင်းအိ နင်က ပိုတောင် လှလာသေးတယ်…
ကျွန်မ ။ ။ ငါမှာငါ သိတယ်။ မြှောက်ပြောနေစရာ မလိုပါဘူး…
ဇေယျ ။ ။ ဒါပေမယ့် ပန်းအိကိုတော့ လုံးဝမမှီနိုင် သေးပါဘူးဟာ…
ဇေယျက အရင် အချိုးတိုင်းပေ၊ ပိုတောင် ဆိုးလာသည်ဟု ကျွန်မတွေးမိသည်။

ကျွန်မ ။ ။ ဇေယျနော် နင်စတွေ့တာနဲ့ ရန်စကား စပြောတော့တာပဲ။ နင် စာမေးပွဲ အောင်သွားပြီဆို…
ဇေယျ ။ ။ ဟုတ်တယ်ဟ..
ပန်းအိ ။ ။ ဇေယျ နင်ဘာလာလုပ်တာလဲ…
ဇေယျ ။ ။ ပန်းအိကို အပြင်သွားပြီ တစ်ခုခု သွားစားရအောင် လာခေါ်တာပေါ့…
ပန်းအိ ။ ။ နှင်းအိ ဒီနေ့မှ ရောက်တာ၊ ငါဘယ်မှ မသွားနိုင်ပါဘူး…
ဇေယျ ။ ။ မရဘူးဟာ၊ ပန်းအိ နင်လိုက်ခဲ့ရင် လိုက်ခဲ့။ မလိုက်ခဲ့လို့ကတော့ နင် ဂျီတီအိုင် ကကောင်ကို ငါဆွဲထိုးမှာ…
ပန်းအိ ။ ။ ဇေယျ နင်ငါကို ခြောက်တိုင်း ငါမကြောက်ဘူး၊ မကျေနပ်လို့ ရန်ပဲဖြစ်ဖြစ် ကြိုက်တာလုပ် ငါနဲ့ မဆိုင်ဘူး။ အနေသာကြီး…
ဇေယျ ။ ။ ဒါဆိုလည်း ပြီရောလေ။ ပြီမှ ငါ့အဆိုးမဆိုနဲ့...

ဇေယျတစ်ယောက် စိတ်တိုတိုဖြင့် ကားကို စက်သံကျယ်ကြီး နှိုးပြီ အမြန်မောင်းထွက် သွားလေသည်။

ကျွန်မ ။ ။ ဂျီတီအိုင်က ကောင်လေး ဆိုတာ ဘယ်သူလဲ…
ပန်းအိ ။ ။ ပန်းအိကို သဘောကျနေတဲ့ ဂျီတီအိုင်တက်နေတဲ့ ကောင်လေး တစ်ယောက်ပါ။ အဲဒီဂျီတီအိုင်က တစ်ယောက်က ဇေယျ အငယ်စားပဲ၊ သူကလည်း အုပ်စုတောင့်တယ်လေ။ ပန်းအိကြောင့် သူတို့ နှစ်ယောက် အမြဲ ရန်ဖြစ်နေကြ…
ကျွန်မ ။ ။ သူနဲ့ ပန်းအိက ဘယ်လို သိတာလဲ…
ပန်းအိ ။ ။ ပန်းအိ အင်္ဂလိပ်စာ သင်တန်းတက်တုန်းက ခင်တာပါ။ အဲဒီတစ်ယောက်လည်း ဇွတ်ပဲ၊ မကြိုက်ပါဘူး ပြောလည်း မရ။ ဇေယျက သူကို မနာလို ဖြစ်နေတာလေ…
ကျွန်မ ။ ။ ဇေယျက အရင်ထက် အများကြီး ပိုဆိုးလာသလိုပဲနော်…
ပန်းအိ ။ ။ ဟုတ်ပ နှင်းအိရေ။ ဒါတောင် နောက်ဒီထက် ပိုဆိုးတာတွေ တွေ့ပါလိမ့်မယ်…

ကျွန်မ ပန်းအိလည်း ဘယ်တော့မှ ဇေယျရန်မှ လွှတ်မည်ကိုပင် တွေးပူမိသည်။ ပန်းအိကို အင်္ဂလန် ကျွန်မနဲ့ တူတူလိုက်ပြီ ကျောင်းတက်ဖို့ ပြောသေးသည်။ ဒါပေမယ့် ပန်းအိက သူတက္ကသိုလ် မပြီးသေးတာမို့ လိုက်လို့ မဖြစ်တဲ့ အကြောင်းပြောသည်။ နေ့ခင်းပိုင်း ခရီးပန်းလာတာမို့ ကျွန်မ တစ်ရေးအိပ်ပျော် သွားသေးသည်။ နှိုးလာတော့ အိမ်ရှေ့မှာ အော်သံတွေကြားသည်နှင့် အလန့်တကြား အိမ်ခန်းထဲမှ ထွက်လာသည်။ အိမ်ရှေ့ခန်းတွင် ပန်းအိက ဇေယျကို ပွေ့ထားပြီ၊ ခေါင်းမှ သွေးတွေစီးကျနေသော ဇေယျကိုတွေ့၍ ကျွန်မ အရမ်းထိတ်လန့်သွားသည်။

ကျွန်မ ။ ။ ဇေယျ ဘာဖြစ်လာတာလဲ…
ပန်းအိ ။ ။ ရန်ဖြစ်လာတာလေ…

ဇေယျသည် သတိရတချက်၊ မရတစ်ချက် ဖြစ်နေသည်။ ဒီနေရာထိ ဘယ်လို ကားမောင်းလာသည်ကို ကျွန်မ စဉ်းစား၍ မရပေ။

ပန်းအိ ။ ။ လုပ်ကြပါအုန်း၊ ဇေယျ သတိမေ့သွားပြီ…
ကျွန်မ ။ ။ ဇေယျ၊ ဇေယျ ငါခေါ်နေတာကြားလား။ မေမေ ဆေးရုံအမြန်တင်မှ ဖြစ်မယ်…
မေမေ ။ ။ အေးအေး ခုမေမေ ကားထုတ်ထားလိုက်မယ်၊ သူကို ခေါ်လာခဲ့ကြ…

ပန်းအိနဲ့ ကျွန်မ ဇေယျကို ၀ိုင်းမပြီး ကားပေါ် မနည်းတင်လိုက်ရသည်။ ဆေးရုံသွားရာ လမ်းတွင်လည်း ကျွန်မတို့ အရမ်းစိတ်ပူနေမိသည်။ ဆေးရုံရောက်သည်နှင့် လူနာတင် တွန်းလှဲဖြင့် ဇေယျကို လာခေါ်သွားကြသည်။ ကျွန်မတို့လည်း အနောက်ကပြေးလိုက် သွားကြသည်။ Emergency ခွဲစိတ်ခန်းထဲ ၀င်သွားတော့ ကျွန်မတို့ အပြင်မှာ ကျန်ရစ်ခဲ့သည်။ ပန်းအိလည်း မျက်ရည်များ စီးကျလာပြီ၊

ပန်းအိ ။ ။ ဒါငါကြောင့် ဖြစ်ရတာ၊ ငါကြောင့်…
ကျွန်မ ။ ။ ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ ပန်းအိရယ်၊ အရမ်းလည်း စိတ်ပူမနေပါနဲ့။ ဇေယျ ပြန်နေကောင်းလာမှာပါ…

ထိုအချိန်တွင် ဒေါ်သိ ๎ဂီတစ်ယောက် အပြေးအလွှားရောက်လာသည်။ ဇေယျက ဒေါ်သီဂီင်္နဲ့ တူ၍ ချောသည်ဟု ပြောရမည်။ ဒေါ်သိ ๎ဂီ ငယ်ငယ်တုန်းက ဘယ်လောက်ထိ ချောသည်ကို ပြောစရာမလို၊ ခုထိတောင် ချောပြီ မာနအရမ်းကြီးတဲ့ပုံပင်။ သားတစ်ယောက်လုံး ဆေးရုံရောက်နေတာတောင် မျက်နှာမှာ မိတ်ကပ် အဖွေးသားနဲ့ပင်။

ဒေါ်သိ ๎ဂီ ။ ။ အမယ်လေး ငါသားလေးတော့ ဒုက္ခရောက်ပြီနဲ့ တူပါတယ်…
မေမေ ။ ။ ဒေါ်သိ ๎ဂီ အရမ်းလည်း စိတ်မပူပါနဲ့၊ ဇေယျ ဘာမှ မဖြစ်လောက်ပါဘူး…
ဒေါ်သိ ๎ဂီ ။ ။ ခုအရေးပေါ်ခန်းထဲ ရောက်နေတာတောင် ဘာမှ မဖြစ်ဘူး ဟုတ်လား…

ပန်းအိဘက်သို့ လှည့်ကြည့်၍၊
ဒေါ်သိ ๎ဂီ ။ ။ ပန်းအိ ညည်းက တော်တော် ဂြိုလ်မွှေတာပဲ။ ငါ့သားတာ တစ်ခုခု ဖြစ်သွားလို့ကတော့ ညည်းကို အလွှတ်မပေးဘူး…
ပန်းအိ ။ ။ ပန်းအိ တောင်းပန်ပါတယ်။ ဒီလောက်ထိ ဖြစ်သွားမယ်မှန်း မသိလို့ပါ…
ဒေါ်သိ ๎ဂီ ။ ။ ညည်း ငါ့သားကို ဘာဆေးတွေ တိုက်ထားလို့၊ ငါ့သားက ညည်းမှ ညည်းဖြစ်နေရတာတုန်း။ ညည်းက ရုပ်လေးဗန်းပြပြီ ငါသားကို သေအောင်သတ်နေတဲ့ ကောင်မ…

ကျွန်မလည်း တော်ရုံတန်ရုံဆို ငြိမ်ခံနေတတ် သော်လည်း ဒေါ်သိ ๎ဂီပြောတဲ့ စကားတွေက တဖြည်းဖြည်းနဲ့ အရမ်းကို လွန်လာသည်။

ကျွန်မ ။ ။ ဒေါ်သီဂီင်္ စကားပြောတယ်ဆိုတာ ရှေ့ကြည့်၊ နောက်ကြည့်ပြောရတယ်။ စကားကို ပြောချင်တိုင်း၊ လက်လွှတ်စပယ်ပြောလို့ ရတယ် ထင်မနေနဲ့။ ကျွန်မ အစ်မကို ထိလို့ကတော့ ဒီအတိုင်း ငြိမ်ခံနေမှာ မဟုတ်ဖူး…
ဒေါ်သိ ๎ဂီ ။ ။ နှင်းအိ ညည်းက ဗြိလပ်က ပြန်လာပြီ ထောင်ကြွား၊ ထောင်ကြွားလာလုပ် မနေနဲ့။ ငါတို့က ညည်းမမွေးခင်ကတည်းက နိုင်ငံတကာ ပတ်လာခဲ့တာ…
မေမေ ။ ။ တော်ကြပါတော့ရှင်၊ လူနာကိုလည်း ငဲ့ကြပါအုန်း…
ဒေါ်သိ ๎ဂီ နှင့် ကျွန်မ ငြင်းခုံနေကြစဉ် အရေးပေါ်ခန်းမှ ဆရာဝန် ထွက်လာသည်နှင့် ဒေါ်သိ ๎ဂီ ကျွန်မတို့ကို ဂရုမစိုက်တော့ပဲ ဆရာဝန် အနားသို့ ပြေးသွားသည်။

ဒေါ်သိ ๎ဂီ ။ ။ ဆရာ၊ ကျွန်မသားလေး အခြေအနေ ဘယ်လိုနေလဲဟင်…
ဆရာဝန် ။ ။ စိုးရိမ်စရာ မရှိတော့ပါဘူး။ ခုအရေးပေါ်ခန်းကနေ ရိုးရိုးလူနာဆောင်ကို ပြောင်းလိုက်ပါပြီ။ ခေါင်းကွဲသွားလို့ ခုနှစ်ချက်လောက် ချုပ်လိုက်ရတယ်ဗျ။ ပြီးတော့ ညာဘက်လက် အရိုးလည်း နည်းနည်းအက်သွားတာမို့ တစ်ပတ်လောက်တော့ အနားယူလိုက်ရင် သက်သာသွားမှာပါ…
ဒေါ်သိ ๎ဂီ ။ ။ ကျွန်မသားလေးကို ကျွန်မ၀င်ကြည့်လို့ ရမလား…
ဆရာဝန် ။ ။ ဟုတ်ကဲ့ ၀င်ကြည့်လို့ရပါတယ်…

ဒေါ်သိ ๎ဂီက ပန်းအိကို မကျေနပ်တဲ့ အကြည့်နဲ့ တစ်ချက်ကြည့်ပြီး လူနာခန်းထဲသို့ ၀င်သွားသည်။ ကျွန်မတို့လည်း အပြင်၌ရပ်လျှက် ကျန်ရစ်ခဲ့ကြသည်။ ခဏကြာတော့ သူနာပြု တစ်ဦး ထွက်လာပြီ၊

သူနာပြု ။ ။ လူနာသွေးလိုလို့ ဘယ်သူ သွေးလှူနိုင်မလဲ…
ပန်းအိ ။ ။ ကျွန်မက အိုသွေးပါ၊ ကျွန်မလှူပါ့မယ်…
ကျွန်မ ။ ။ ပန်းအိ ငါလည်း လှူမယ်လေ…
သူနာပြု ။ ။ တစ်ယောက်ဆိုရင် ရပါပြီ…

သူနာပြုက ပန်းအိကို သွေးလျှူရန် ခေါ်သွားသဖြင့် ကျွန်မလည်း နောက်မှ လိုက်သွားသည်။ သွေးလျှူခန်းမှ ကျွန်မတို့ ပြန်ထွက်လာပြီ မေမေဆီသို့ လှမ်းလျှောက်လာကြသည်။

မေမေ ။ ။ ပန်းအိလည်း သွေးလျှူလိုက်တော့ ပင်ပန်းသွားမှာပေါ့။ ဇေယျလည်း သက်သာသွားပြီ ဆိုတော့ အမေတို့ ပြန်ကြတော့မလား…
ပန်းအိ ။ ။ သမီးကြောင့် ဖြစ်ရတာဆိုတော့။ ဇေယျကို ၀င်တွေ့ပြီမှ ပြန်ရင် ကောင်းမယ် မေမေ…
ကျွန်မ ။ ။ ဒါပေမယ့် ဒေါ်သိ ๎ဂီက ငါတို့ကို အတွေ့ခံပါ့မလား…
ပန်းအိ ။ ။ အတွေ့မခံရင်လည်း ပြန်ကြတာပေါ့…
မေမေ ။ ။ ဒါဆိုလည်း ခဏစောင့်လိုက်အုန်းလေ…


ခဏကြာတော့ ဒေါ်သိ ๎ဂီ လူနာခန်းမှ ပြန်ထွက်လာသည်။ မျက်နှာကလည်း သိပ်မကောင်းသဖြင့် ကျွန်မတို့ စိုးရိပ်နေသည်။ ဒေါ်သိ ๎ဂီက ပန်းအိ နားသို့ရောက်တော့၊

ဒေါ်သိ ๎ဂီ ။ ။ ပန်းအိ ညည်း အထဲမ၀င်ပဲ ဘာလုပ်နေတာလဲ၊ ဇေယျ ညည်းကို မေးနေတယ်…
ပန်းအိလည်း ၀မ်းသာ အားရဖြင့်၊
ပန်းအိ ။ ။ ဟုတ်ကဲ့…

ကျွန်မနဲ့ ပန်းအိ လူနာခန်းထဲသို့ ၀င်သွားကြသည်။ အမေနဲ့ ဒေါ်သိ ๎ဂီတော့ အပြင်မှာ ရပ်လျှက် ကျန်ခဲ့ကြသည်။ ဇေယျ ခေါင်းမှာ ပတ်တီးနဲ့ လက်မှာလည်း ပတ်တီးတွေနဲ့ တောင် ပန်းအိမြင်လိုက်တော့ ပြုံးသွားသေးသည်။

ပန်းအိ ။ ။ ဇေယျ နင်ငါကို စိတ်ပူအောင် တော်တော်လုပ်တယ်…
ကျွန်မ ။ ။ အေးလေ ငါတို့မှာ အရမ်းကို လန့်သွားတာပဲ…
ဇေယျ ။ ။ ပန်းအိ နင်ငါအတွက် သွေးလျှူပေးတယ်ဆို…
ပန်းအိ ။ ။ ငါကြောင့် ဖြစ်တာဆိုတော့ ငါဒီလောက်တော့ ပြန်လုပ်ပေးရမှာပေါ့။ ဒါနဲ့ နင်ရန်ဖြစ်တိုင်း အမြဲနိုင်နေကျ၊ ဒီတစ်ခါ ဘယ်လို ဖြစ်လာတာလဲ…
ဇေယျ ။ ။ ငါတစ်ယောက်ထဲ သွားလို့ပေါ့ကွာ။ ဒီကောင်တွေက တမင်တုတ်တွေ ၀ှက်ပြီ စောင့်နေတာ၊ ငါလုံးဝအခဲမကျေဘူး…
ပန်းအိ ။ ။ တော်ပါတော့ ဇေယျရယ်။ နင်ကို ခေါင်းကွဲအောင် လုပ်သွားတဲ့ ဂျီတီအိုင်က တစ်ယောက်ကို ငါနောက် ဘယ်တော့မှ အဖတ်တောင် မလုပ်တော့ဘူးဟာ။ ဒါဆို နင်ကျေနပ်တော့…
ဇေယျ ။ ။ နင်စကားကြားရတော့လည်း ငါခေါင်းကွဲရတာတောင် တန်သွားပြီ…
ပန်းအိ ။ ။ နှင်းအိလည်း ပင်ပန်းနေပြီ ငါတို့ ပြန်တော့မယ်၊ မနက်ဖြန်မှ လာခဲ့မယ်…
ဇေယျ ။ ။ ငါကြိုက်တဲ့ ကြုက်သားပြုတ်ကြော်လေး လုပ်ခဲ့ပေးအုန်း…
ပန်းအိ ။ ။ အေးပါ…
ကျွန်မ ။ ။ လူနာကလည်း အကဲပိုပြနေတယ်၊ သွားတော့မယ်။ ကျန်းမာရေး ဂရုစိုက်အုန်း…

ကျွန်မတို့လည်း အိမ်သို့ ပြန်လာခဲ့ကြသည်။ ညနေပိုင်းရောက်တော့ အဖေပြန်လာတာနဲ့ မိသားစု စုံစုံလင်လင် ရွှေကောင်းမှာ ဟော့ပေါ့ သွားစားကြသေးသည်။ ဒီလို မိသားစုနဲ့ နေတဲ့ အရသာမျိုး မရတာ ၁နှစ်လောက် ရှိသွားပြီ ဖြစ်သည်။ အင်္ဂလန်မှာက ကျွန်မတစ်ယောက်ထဲ အထီးကျန်စွာနဲ့ တစ်နေ့တစ်နေ့ ကျောင်းတက်ရ၊ အချိန်ပိုင်းလုပ်ရနဲ့ အရမ်းကို ပင်ပန်းခဲ့သည်။ ကျောင်းပိတ်တုန်း ရန်ကုန်မှာ ၂လလောက် နှံ့လိုက်အုန်းမည်ဟု တွေးမိသည်။
တစ်ပတ်လောက်တော့ ဇေယျ ဆေးရုံမဆင်းသေး၍ ဆေးရုံကို ထမင်းချိုင့်သွားပို့ ရတာနဲ့ ကျွန်မတို့ အလုပ်ရှုပ်နေသည်။ ဇေယျလည်း နေကောင်းသွားတာမို့ ဆေးရုံက ဆင်းသွားပြီ ဖြစ်၍ ပန်းအိ၊ ကျွန်မ ဈေးဝယ်ထွက်ကြသည်။

ကျွန်မ ။ ။ အင်္ဂလန်က အင်္ကျီတွေက လှပေမယ့် ဈေးကြီးတယ်။ ရန်ကုန်ကပဲ များများဝယ်သွားမယ်…
ပန်းအိ ။ ။ ဟုတ်တယ်နော်။ ဒါနဲ့ နှင်းအိ အကြာကြီးနေမှာ ဆိုတော့ ငါတို့ ခရီးသွားကြရင် မကောင်ဘူးလား…
ကျွန်မ ။ ။ အေးကောင်းသားပဲ၊ ဘယ်သွားရင် ကောင်းမလဲ…
ပန်းအိ ။ ။ ချောင်းသာ ဆိုရင်ရော…

ကျွန်မ မျက်စိမျက်နှာ ပျက်သွားသည်။ ချောင်းသာသို့ မသွားချင်သည်မှာ တခြားမဟုတ်ပေ။ ကျွန်မရဲ့ ကျက်သွားတဲ့ အနာဟောင်းကို ပြန်ဆွပေးသလို ဖြစ်မှာဆို၍ ဖြစ်သည်။ ပန်းအိလည်း ရိပ်မိသွားဟန်ဖြင့် တခြား စကားပြောင်းပြောသည်။ ကိုရဲမင်းထက် ခုလောက်ဆို ဆေးကျောင်းပြီလို့ အိမ်ထောင်တောင် ကျသွားလောက်ပြီဟု ကျွန်မ တွေးမိသည်။ ကျွန်မလည်း အားလုံးကို မေ့ပစ်လိုက်ပြီ ပန်းအိနဲ့တူတူ လျှောက်သွားသည်။ ဒီနေ့တော့ အိမ်ခန်းထဲမှာ ကျွန်မ ရေချိုးနေတုန်း၊ ပန်းအိ ရေချိုးခန်း တံခါးကို အတင်းလာထုသဖြင့် ထွက်လာသည်။

ပန်းအိ ။ ။ နှင်းအိ အရေးကြီးတယ်….
ကျွန်မ ။ ။ ဘာတွေ အရေးကြီး ပြန်ရတာတုန်း။ ဇေယျ ရန်ထပ်ဖြစ်ပြန်ပြီလား…
ပန်းအိ ။ ။ အာ မဟုတ်ပါဘူး။ သီရိလေ…

ကျွန်မ သီရိ နာမည်ကြားလိုက်သည်နှင့် ကိုရဲမင်းထက် မျက်နှာကိုပဲ အရင်ဆုံး ပြေးမြင်မိသည်။

ကျွန်မ ။ ။ သီရိ ဘာဖြစ်လို့လဲ…
ပန်းအိ ။ ။ သီရိ ခုနက ဖုန်းဆက်လို့။ နှင်းအိ ရန်ကုန်ရောက်နေတာ ဘယ်လိုသိ သွားလည်း မသိဘူး။ ဖုန်းဆက်ပြီ မေးနေတယ်…
ကျွန်မ ။ ။ ပန်းအိ ဘယ်လို ပြန်ပြောလိုက်လဲ…
ပန်းအိ ။ ။ ငါလည်း နှင်းအိ မပြောစေချင်မှန်း သိတာနဲ့ ပြန်မရောက်သေးပါဘူး လိမ်ပြောလိုက်တယ်…
ကျွန်မ ။ ။ အေးကောင်းပါတယ်။ ငါလည်း သူတို့နဲ့ မတွေ့ချင်တော့ဘူး…
ပန်းအိ ။ ။ ဒါပေမယ့် ဟိုလေ ကိုရဲမင်း…
ကျွန်မ ။ ။ ငါကို အဲဒီနာမည် ထပ်မပြောဖို့ ကတိပေးထားတယ်နော်။ ခုလည်း ငါအတည်အကျ ဖြစ်နေပြီမှ ထပ်စိတ်မဆင်းရဲ ချင်တော့ဘူး…
ပန်းအိ ။ ။ အေးပါ စိတ်ချ ငါလုံးဝမပြောတော့ပါဘူး…

ထို့ကြောင့် ကျွန်မ ရန်ကုန်သို့ လုံးဝ မပြန်လာချင်ပေ။ ပါးစပ်က မဖွင့်ပြောပြပေမယ့် ရင်ထဲမှာ ခုထိ နာကျင်နေဆဲ ဆိုတာတော့ ကျွန်မကိုယ် ကျွန်မသိသည်။ အချစ်ဦးကို ချစ်မိတော့ အနှစ်၁ဝ၀ ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲလေ၊ တစ်နှစ်လောက်နဲ့ မမေ့နိုင်တာတော့ ဘာစမ်းမှာလည်းလို့ ကျွန်မတွေးလိုက်သည်။ နေ့လည်ပိုင်း ပန်းအိတို့ ဒဂုံတက္ကသိုလ်မှာ ကျောင်းသားဆုံညီပွဲတော် ရှိသည်နှင့် ပန်းအိက ကျွန်မသူနဲ့ တူတူလိုက်ခဲ့ ခေါ်သည်နှင့် ကျွန်မလည်း လိုက်သွားသည်။ ဒဂုံတက္ကသိုလ်သို့ တခါမှ မရောက်ဖူးသေးပေ။ ကျောင်းသားစုံညီပွဲတော် ဆိုတော့ မုန့်တွေလည်း အစုံရောင်းသည့်အပြင် အဆို၊အကတွေလည်း ပါသေးသည်။ သို့သော် ပန်းအိ ပြောတဲ့အတိုင်း ပန်းအိမှာ သူငယ်ချင်း တစ်ယောက်မှကို မရှိပေ။ ပန်းအိသွားနှုတ်ဆက်တိုင်း မိန်းခလေးသူငယ်ချင်းတွေက ရှောင်ဖယ် ထွက်သွားကြသည်။ စိတ်မကောင်းဖြစ်နေသော ပန်းအိကို ကျွန်မ အားပေးသည်။

ကျွန်မ ။ ။ ဘာမှ အားမငယ်နဲ့၊ ငါတစ်ယောက်လုံးရှိနေတာပဲ။ တခြား ဘာလိုသေးလို့လဲ…
ပန်းအိ ။ ။ ငါမှာ နှင်းအိရှိနေလို့၊ ဒီလောက်ထိ ခံနိုင်ရည် ရှိနေတာပေါ့။ ငါတို့ ပြန်ကြတော့မလား…
ကျွန်မ ။ ။ အေးပြန်ကြမယ်လေ…

ဇေယျကြောင့် ပန်းအိ တစ်ယောက်ထဲ အထီးကျန်နေသည်ကို တွေးမိတော့လည်း ဇေယျကို မကျေနပ်ဖြစ်မိသည်။ ကျွန်မတို့ အိမ်သို့ ညနေ၆နာရီလောက် ပြန်ရောက်လာခဲ့သည်။ အိမ်ရှေ့ခန်းတွင် ထိုင်စောင့်နေသော အဖေနဲ့ အမေကို တွေ့သည်။ အဖေကတော့ မျက်နှာပြုံးရွှင်လို့၊ အမေကတော့ မျက်နှာ သိပ်မကောင်းလှပေ။

ဖေဖေ ။ ။ သမီးတို့ ဒီမှာ လာထိုင်အုန်း၊ ဖေဖေ တိုင်ပင်စရာ ရှိတယ်…
ကျွန်မ ။ ။ ဘာများလည်း ဖေဖေရဲ့…
ဖေဖေ ။ ။ ဖေဖေခုပြောမှာက ပန်းအိ နောင်ရေးနဲ့ ဆိုင်တယ်။ ဒါကြောင့် သမီးတို့ သဘောထားကို ဖေဖေသိချင်တယ်…
ပန်းအိ ။ ။ ဖေဖေကလည်း ဘာအကြောင်းဟုတ်လို့လဲ…
မေမေ ။ ။ ဖေကြီးကလည်း ပြောစရာရှိ မြန်မြန်ပြောတာ မဟုတ်ဘူး၊ အစပျိုးနေတာနဲ့ မပြီးတော့ဘူး…
ဖေဖေ ။ ။ အေးပါ မေကြီးရဲ့။ ဒီလို ဒီနေ့ ဒေါ်သိ ๎ဂီနဲ့ အဖေနဲ့ တွေ့တယ်။ သူက သမီးပန်းအိနဲ့ ဇေယျတို့ နောင်ရေးအတွက် ဆွေးနွေးချင်လို့၊ မနက်ဖြန် အဖေတို့ကို သူ့အိမ်မှာ ထမင်းစား ဖိတ်ထားတယ်…

ကျွန်မက ဒေါ်သိ ๎ဂီ မောက်မာတာမို့ မုန်းတီးသူ ဖြစ်သည့်အလျောက်၊

ကျွန်မ ။ ။ ဒါသက်သက် စော်ကားတာပဲ။ မိန်းခလေးရှင်က ယောကျာ်းရှင်အိမ်ကို သွားရမယ်ဆိုတာ အဓိပ္ပါယ်မှ မရှိတာ။ လာမှလာရင် သူတို့က လာရမှာပေါ့…
ပန်းအိ ။ ။ သမီးလည်း နှင်းအိ ပြောတာကို ထောက်ခံတယ်…
ဖေဖေ ။ ။ ဖေဖေက ကိုယ်အလုပ်ရှင်ကို ဒီလို သွားပြောလို့ ဘယ်ဖြစ်ပါ့မလဲ။ ခုခေတ်မှာက အောက်ကျတယ်၊ ဘာတွေ မရှိတော့ပါဘူး…

ဖေဖေကတော့ သူ့အလုပ်ရှင်၊ သူ့ကျေးဇူးရှင် လုပ်နေတာနဲ့ သူတို့က ကျွန်မတို့ ခေါင်းပေါ် တက်ထိုင်ရုံမကဘူး၊ ချီးပါ ပါချတော့မယ်ဟု တွေးမိသည်။

မေမေ ။ ။ ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ ဖေကြီးရဲ့။ ခုထဲက သမီးပန်းအိကို ဒေါ်သိ ๎ဂီက ဒီလောက်နှိမ်နေတာ၊ သူရဲ့ သမီးချွေးမသာ ဖြစ်ကြည့်ပါ့လား။ ဘယ်လောက်တောင် နှိမ်ထားလိုက်မလဲလို့။ ဒါကြောင့် ခုထဲက သူတို့ကို ကိုယ်က ဦးချိုးနိုင်မှ တော်ရုံကျမှာပေါ့…
ဖေဖေ ။ ။ မင်းတို့ သားအမိတွေနဲ့တော့ ခက်သားပဲကွာ…

ဖေဖေ စိတ်ဆိုးပြီ ဧည့်ခန်းထဲမှ ထထွက်သွားတော့သည်။

မေမေ ။ ။ မေမေကတော့ ဒေါ်သီဂီင်္နဲ့ ဇေယျကို သဘောမကျပေမယ့်။ သမီးပန်းအိ သဘောက အဓိကပါပဲ…
ပန်းအိ သဘောထားကို ကျွန်မလည်း သိချင်၍ ပန်းအိကို ကြည့်လိုက်သည်။
ပန်းအိ ။ ။ မေမေတို့လည်း သိတာပဲ။ ဇေယျနဲ့ ပန်းအိနဲ့က ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို။ သူကို ပန်းအိ သူငယ်ချင်း တစ်ယောက်အနေနဲ့တော့ ခင်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ဖက် တစ်ယောက် အနေနဲ့တော့ ပိုလို့တောင် မဖြစ်နိုင်ဘူး…

ပန်းအိ သဘောထားကို ကြားလိုက်ရတော့ ကျွန်မ သက်ပြင်းချနိုင်သည်။ တော်ပါသေးရဲ့ ပန်းအိများ ဇေယျကို ကြိုက်နေမလား စိုးရိပ်နေရတာ။

ကျွန်မ ။ ။ နှင်းအိလည်း ဇေယျနဲ့ ပန်းအိကို လုံးဝ သဘောမတူဘူး။ ဇေယျ ဒဏ်ကို ခံရ၊ ဒေါ်သီဂီင်္ ဒဏ်လည်းခံရနဲ့၊ ပန်းအိ အသက်ရှုဖို့တောင် အချိန်ရှိမှာ မဟုတ်ဘူး…
မေမေ ။ ။ စိတ်ချပါ၊ မေမေကလည်း သမီးတို့ သဘောမတူတဲ့ ကိစ္စကို အတင်းမလုပ်ပါဘူး။ ဒါပေမယ့် ဒေါ်သိ ๎ဂီ အမေတို့ အိမ်ကို လာမလာတော့ စောင့်ကြည့်ချင်သေးတယ်…

မေမေ စကားသည် မေမေ ဒေါ်သိ ๎ဂီကို ဘယ်လောက်ထိ စိတ်ထဲမှာ မုန်းတီးနေသည်ကို သက်သေပြနေသည်။ အိမ်ခန်းထဲရောက်တော့

ပန်းအိ ။ ။ တော်ပါသေးရဲ့ နှင်းအိရယ်။ နင်ရှိနေလို့သာပေါ့၊ မဟုတ်ရင် ငါတော့ ဒုက္ခပါပဲ…
ကျွန်မ ။ ။ ဒေါ်သိ ๎ဂီ ငါတို့အိမ်ကို လာခဲ့ဖို့ ပြောရင် ဖြစ်သွားမယ့် မျက်နှာကိုပဲ ငါမြင်ယောင်နေမိတယ်…
ပန်းအိ ။ ။ အေးဟုတ်ပ။ တော်တော်မုန်းဖို့ ကောင်းတဲ့ အဒေါ်ကြီး။ ငါတော့ သူရဲ့ ချွေးမလုပ်ရမှာ တွေးမိရုံနဲ့ မြစ်ထဲပဲ ခုန်ချလိုက်ချင်တယ်…
ကျွန်မ ။ ။ ဟားဟားဟား…

နောက် ၄ရက်လောက်ကြာတော့ ဇေယျ အိမ်သို့ ရောက်လာသည်။ ဇေယျ အကောင်းပတိ အတိုင်း နေပြန်ကောင်းပြီ ဖြစ်သည်။

ဇေယျ ။ ။ ပန်းအိ ငါနင်နဲ့ အရေးတကြီး ပြောစရာ ရှိလို့ ခဏ အပြင်လိုက်ခဲ့စမ်းပါ…
ပန်းအိ ။ ။ ငါက နှင်းအိ မပါရင် မလိုက်နိုင်ဘူး…
ကျွန်မ ။ ။ ဟုတ်တယ်၊ ပန်းအိကို နင်နဲ့ နှစ်ယောက်ထဲ စိတ်မချပါဘူး…
ဇေယျ ။ ။ တကယ် အရမ်းအရေးကြီးလို့ပါဟာ၊ နင်တို့ကလည်း…
ပန်းအိ ။ ။ အရေးကြီးတယ်ဆိုရင် နှင်းအိရှေ့မှာ ပြောလည်းရတာပဲ…
ဇေယျ ။ ။ ဒါဆိုလည်း ပြီရော၊ နှင်းအိပါ ခေါ်ခဲ့…

ပန်းအိက ကျွန်မကို ရယ်ပြသည်။ ကျွန်မတို့ နှစ်ယောက် ဇေယျကားဖြင့် လိုက်သွားကြသည်။ ဆီဒိုးနား ဟိုတယ်ထဲက အီတလီဆိုင်မှာ ထိုင်လိုက်ကြသည်။

ပန်းအိ ။ ။ ဘာပြောမလို့လဲ ပြော…

ဇေယျက ကျွန်မပါလာသဖြင့် သိပ်ပြောချင်ပုံ မရပေ။

ဇေယျ ။ ။ ငါ့အမေက နင်တို့အိမ်လိုက်ပြီ မိန်းမတောင်းရမ်းရမယ် ဆိုရင် မတောင်းပေးနိုင်ဘူး ပြောလိုက်လို့…
ပန်းအိ ။ ။ ထင်သားပဲ၊ ဒီလိုပဲ ပြောမယ်ဆိုတာ…
ကျွန်မ ။ ။ ဒါကိုများ အရေးကြီး ခွင်ကျယ် လုပ်နေသေးတယ်…
ဇေယျ စိတ်တိုသွားပြီ၊
ဇေယျ ။ ။ ဒါအရေးကြီးတာပေါ့။ ပန်းအိကို ငါမှ လက်လွှတ်မခံနိုင်တဲ့ ကိစ္စကို…
ပန်းအိ ။ ။ နင်အမေကိုတောင် နင်ပြောလို့ မရတာ၊ ငါကို လက်လွှတ်ခံဖို့ ဘာကိုကြောက်နေတာလဲ…
ဇေယျ ။ ။ ပန်းအိ ငါနင်ကို ခိုးပြေးမယ်ဟာ…

ဇေယျ စကားကြောင့် ပန်းအိရော၊ ကျွန်မရော အရမ်းလန့်သွားကြသည်။

ပန်းအိ ။ ။ ဘာပြောတယ်။ ဒီမှာ ဇေယျ နင်ငါကို ဘယ်လို မိန်းခလေးမျိုး ထင်နေလို့လဲ။ နင်အမေက ငါတို့အိမ်မှာ မတောင်းရမ်းပေးနိုင်တာနဲ့၊ နင်ခိုးပြေးတဲ့ နောက်ကို လိုက်မယ့် မိန်းမစားထဲက ထင်နေလို့လား…
ကျွန်မ ။ ။ ဟုတ်တယ်။ ဇေယျ နင်စကားပြောတာ လွန်းလာပြီ။ ပန်းအိလာ၊ ငါတို့ ပြန်ကြမယ်…
ဇေယျ ။ ။ ငါစကားမှားသွားလို့ပါ၊ နေပါအုန်းဟာ…

ပန်းအိနဲ့ ကျွန်မ ဇေယျကို လှည့်မကြည့်တော့ပဲ စိတ်ဆိုး၍ တက္ကစီဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ နောက်ပိုင်း ဇေယျ ဖုန်းဆက်ရင် မခေါ်ပေးရန် အိမ်သားတွေ အားလုံးကို မှာထားသည်။ ဇေယျအိမ်သို့လာလျှင်လည်း ပန်းအိ မရှိ ပြော၍ ပြန်ခိုင်းသည်။ တစ်နေ့တော့ ပန်းအိ ကျောင်းသွားတုန်း ဇေယျ အမေ ဒေါ်သီဂီင်္ဆီမှ ကျွန်မ အမေဆီသို့ ဖုန်းဝင်လာသည်။ ကျွန်မလည်း ဘာများလဲ သိချင်၍ ခိုးနားထောင်နေသည်။

မေမေ ။ ။ ပြောပါ ဒေါ်သီဂီင်္။ ကျွန်မတို့ အားလောက်ပါတယ်။ ဘာကိစ္စရှိလို့လဲ မသိဘူး။ အော် ဟုတ်လား။ ဒါဆိုလည်း လာခဲ့လေ။ ကောင်းပါပြီ…

မေမေ ဖုန်းချလိုက်သည်နှင့် ကျွန်မလည်း မေမေနားသို့ သွားသည်။

ကျွန်မ ။ ။ မေမေ ဒေါ်သီင်္ဂီ ဘာပြောသွားလဲ…
မေမေ ။ ။ သူ့သားက အစာမစားပဲ သပိတ်မှောက်နေလို့၊ မနက်ဖြန် သားရေး၊ သမီးရေး ဆွေးနွေးမလို့ အိမ်လာခဲ့ချင်လို့တဲ့လေ…

ကျွန်မ စိတ်ထဲ နောက်ဆုံးတော့လည်း လာရတာပဲပေါ့ ဒေါ်သီဂီင်္ရယ် တွေးရယ်လိုက်သည်။ မနက်ဖြန်အတွက် ကျွန်မ ကြိတ်ပျော်နေမိသည်။ နောက်နေ့ ဒေါ်သီဂီင်္လာမှာမို့ အဖေလည်း ရုံးမသွားပဲ စောင့်နေသည်။

ဖေဖေ ။ ။ ပန်းအိနဲ့ နှင်းအိ ဒီမှာ လာထိုင်အုန်း၊ ဖေဖေ မှာစရာ ရှိသေးတယ်…

ကျွန်မ နှစ်ယောက် ဖေဖေ ရှေ့မှာ ထိုင်လိုက်ကြသည်။

ဖေဖေ ။ ။ ဒေါ်သီင်္ဂီလာရင် ကိုယ်က အိမ်ရှင်ဆိုတော့ ရိုင်းရိုင်းပျပျ မဆက်ဆံရဘူးနော်။ ပြီးတော့ ဇေယျက သမီးပန်းအိသာ လမ်းမှန်ကို ရောက်အောင် ထိန်းကျောင်းပေး နိုင်ရင် တကယ်ကို တန်ဖိုးရှိတဲ့ လူငယ်လေး တစ်ယောက်ပါ…
ပန်းအိ ။ ။ ဒါဆို ဖေဖေက ဇေယျနဲ့ သမီးကို သဘောတူတယ်ပေါ့…
ဖေဖေ ။ ။ ဖေဖေကတော့ ဇေယျက သမီးကို လက်ထပ်ပြီရင် ပျော်ရွှင်အောင် ထားမယ်လို့ ဖေဖေတော့ ယုံတယ်…
ကျွန်မ ။ ။ မဖြစ်နိုင်တာ ဖေဖေကလည်း။ ခုကတည်းက ပန်းအိကို စိတ်ဆင်းရဲအောင် မျိုးစုံ လုပ်နေတာ၊ ဘယ်လို စိတ်ချမ်းသာအောင် ထားမယ်ဆိုတာ သမီးတော့ လုံးဝ မယုံဘူး…
ဖေဖေ ။ ။ နှင်းအိ လူဆိုတာ ကောင်းတာ ရှိသလို၊ မကောင်းတာလည်း ရှိတာပဲ။ ကိုယ်က ကောင်းတဲ့ဘက်က ကြည့်နိုင်အောင် ကြိုးစားစမ်းပါ…

ကျွန်မ ဖေဖေပြောတာကို သဘောမကျပေမယ့် မငြင်းချင်တာမို့ တိတ်တိတ်လေး နေလိုက်သည်။ လာမယ်ပြောထားသည့် အချိန်ထက် ၁နာရီလောက် နောက်ကျပြီမှ ဒေါ်သီဂီင်္ ရောက်လာသည်။ ကျွန်မတို့ မမျှော်လင့်ထားတာက ဒေါ်သီဂီင်္အမျိုးသား ဦးမျိုးဝင်းနဲ့ ဇေယျလည်း ပါလာမည်ကိုပင်။ ဦးမျိုးဝင်းက ဒေါ်သီဂီင်္နဲ့ ဆန့်ကျင်ဖက် စိတ်သဘောထား ပြည့်ဝသည့် လူမျိုးဖြစ်သည်။ သူ့တစ်ဖက်သားကို စာနာထောက်ထားတတ်သည်။ ဇေယျက ဒီနေ့မှ တိုက်ပုံနဲ့ ပုဆိုးနဲ့ မျက်နှာကလည်း ပြုံးပန်းဝေလို့ပင်။

ဖေဖေ ။ ။ ဦးမျိုးဝင်းလည်း ပါလာတာကိုး၊ ဒီဘက်ကို ကြွပါခင်မျာ…

မေမေလည်း ကောင်းမွန်စွာ ခရီးဦး ကြိုဆိုသည်။ ကျွန်မ နဲ့ ပန်းအိကတော့ အအေးတွေ ဖျော်လာပြီ ချပေးသည်။ ဒေါ်သီဂီင်္က အိမ်ထဲ ၀င်ကတည်းက အိမ်အနေထားကိုပဲ လိုက်ကြည့်နေသည်။ ဒေါ်သီင်္ဂီတို့ အိမ်နဲ့ ယှဉ်လိုက်ရင်တော့ ကျွန်မတို့ အိမ်က အရမ်းကွာခြားလွန်းနေသည်။ ကျွန်မတို့အိမ်က ရှေးဟောင်းမကျပေမယ့် အုတ်နဲ့ တစ်ထပ်တိုက် အိမ်ဖြစ်သည်။ မိသားစု လေးယောက်အတွက်တော့ အလွန်နေဖို့ ကောင်းတဲ့ အိမ်ကလေး ဖြစ်သည်။

ဦးမျိုးဝင်း ။ ။ ကျွန်တော်တို့ လာရင်းကတော့ သိတဲ့အတိုင်း ကျွန်တော့်သား ဇေယျနဲ့ ပန်းအိတို့ကို နေရာချပေးဖို့ ကိစ္စပါပဲ။ ကျွန်တော်တို့ ဘက်ကတော့ ပန်းအိ ငယ်စဉ်ကတည်းက လိမ္မာရေးကြား ရှိတာတွေ သိနေတော့ ကျွန်တော်သား ဇေယျနဲ့ အိမ်ထောင်ချပေးချင်ပါတယ်။ ဦးကျော်နိုင်တို့ ဘက်က ဘယ်လို သဘောထားရှိတယ် ဆိုတာလည်း သိချင်ပါတယ်…

ဖေဖေ ဘာပြန်ပြောမည်ကို စိတ်လှုပ်ရှားစွာနဲ့ ကျွန်မ ဖေဖေကို လှမ်းကြည့်လိုက်သည်။

ဖေဖေ ။ ။ ကျွန်တော်ကတော့ ဘာမှကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမယ့် ကလေးတွေရဲ့ သဘောထားကလည်း လိုသေးတယ် မဟုတ်လား…

ကျွန်မစိတ်ထဲ ဖေဖေ ချက်ချင်း သဘောတူလိုက်မည်ကို စိုးရိမ်နေခဲ့သည်။ ခုတော့ တော်ပါသေးရဲ့ဟု တွေးလိုက်သည်။

ဦးမျိုးဝင်း ။ ။ ဒါလည်း မှန်ပါတယ်…
ဒေါ်သီဂီင်္ ။ ။ အို လူကြီးတွေ သဘောတူနေမှတော့၊ ကလေးတွေကို မေးနေစရာ မလိုပါဘူး။ သဘောတူတယ်လို့ပဲ ဆုံးဖြတ်လိုက်ကြတာပေါ့…

ကျွန်မနဲ့ ပန်းအိ မျက်နှာ အရမ်းပျက်သွားကြသည်။ ကျွန်မက ၀င်ပြောမယ် အလုပ်တွင် အမေက ဟန့်တားလိုက်သဖြင့် ကျွန်မရပ်လိုက်သည်။

မေမေ ။ ။ ကျွန်မတို့ လူကြီးတွေနဲ့ပဲ ပြီတဲ့ကိစ္စမှ မဟုတ်တာရှင်။ သူတို့လေးတွေရဲ့ တဘ၀လုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တာမို့။ ကျွန်မကတော့ သားတို့၊ သမီးတို့ သဘောထားကို ပိုပြီး အလေးနက်ထားတယ်…
ဦးမျိုးဝင်း ။ ။ အရမ်းမှန်တာပေါ့ဗျာ။ ကလေးတွေ သဘောထားကို လျစ်လျှူလို့ ဘယ်ရပါ့မလဲ။ ဒါဆို သားရဲ့ သဘောထားကို အရင်ပြောပါအုန်း…
ဇေယျ ။ ။ ကျွန်တော် အရင်က ဆိုးခဲ့ မိုက်ခဲ့တာတွေအတွက် အရင် အနူးအညွတ် တောင်းပန် ချင်ပါတယ်။ ကျွန်တော် ပန်းအိကို တကယ် မြတ်မြတ်နိုးနိုးကို ချစ်တာပါ။ ဒါကြောင့် ကျွန်တော် ပန်းအိကို တသက်လုံး စိတ်ချမ်းသာစွာဖြင့် စောင့်ရှောက်သွားမယ်လို့ ကတိပေးချင်ပါတယ်…

ဇေယျကတော့ စကားကို ကျအောင် ပြောတတ်တယ်။ သူအကျင့်အတိုင်းပဲ အနာပေးလိုက်၊ ဆေးပေးလိုက် လုပ်နေသည်ပင်။ မေမေက ပန်းအိ ဘက်သို့ လှည့်ကြည့်ပြီ၊

မေမေ ။ ။ သမီး ပန်းအိ သဘောကရော…
ပန်းအိများ ခေါင်းညိတ်လိုက်မလားလို့ ရင်တထိတ်ထိတ်နဲ့ ကျွန်မကြည့်နေမိသည်။

ပန်းအိ ။ ။ ပန်းအိလေ…

ပန်းအိ ဇေယျကို တချက်လှန်းကြည့်လိုက်သည်။ ဇေယျက အသနားခံသော မျက်နှာဖြင့် ပန်းအိကို ပြန်စိုက်ကြည့်နေသည်။ ခုချိန်မှာ ပန်းအိ အဖြေဟာ နောက်ဘယ်တော့မှ ပြန်ပြင်လို့ မရမယ့် အဖြေမျိုး ဖြစ်နေသည်။ ပန်းအိ အနေနဲ့ အရမ်းကို ပြန်ဖြေရခက်နေမည် ဆိုတာကို ကျွန်မနားလည်သည်။

ပန်းအိ ။ ။ ပန်းအိကို စဉ်းစားဖို့ အချိန်နည်းနည်းတော့ ပေးစေချင်ပါတယ်…

ဒေါ်သီင်္ဂီ သူရဲ့ စရိုက်မှန်ကို မဖုံးကွယ်နိုင်တော့ပဲ။ စိတ်ဆိုးသော လေသံဖြင့်၊

ဒေါ်သီဂီင်္ ။ ။ အမယ်လေး ငါ့သားက ဘာဖြစ်နေလို့ ပန်းအိ ညည်းက စဉ်းစားရအုန်းမှာလဲ။ ဒီမှာ ငါ့သားကို လိုချင်တဲ့ မိန်းခလေးတွေ ၀ိုင်းဝိုင်းလည်နေတာ။ ညည်းနဲ့ ငါ့သားကို သဘောတူလှတာ မဟုတ်ဘူး။ ငါ့သားက ညည်းမှ ညည်းဖြစ်နေလို့သာ ငါတို့က လာတောင်းရမ်းပေးရတာ…
ဦးမျိုးဝင်း ။ ။ သီဂီင်္ မင်း စကားကို ဘယ်လို ပြောလိုက်တာလဲ။ ခုငါတို့က သားအတွက် မိန်းမ လာတောင်းရမ်းပေးနေတာကွ…
ဒေါ်သီဂီင်္ ။ ။ ဟုတ်တယ်လေ။ ကျွန်မသားက တန်ဖိုး ဒီလောက်ရှိတာ။ ဒီလောက် အောက်ကျခံတာတောင် လွန်းလှပါပြီ။ နောက်ဆုံးပဲ ပြောလိုက်မယ် မောင်ကျော်နိုင် မင်းတို့ကို မင်္ဂလာပွဲကို ခုချက်ချင်း သဘောတူရင် ပန်းအိကို စိန်တဆင်စာ၊ တိုက်တစ်လုံးနဲ့ တင်တောင်းမယ်။ နောက်မှ စဉ်းစားမယ်၊ အပိုတွေ လုပ်နေရင်တော့ ဘာနဲ့မှ မတင်တောင်းနိုင်တော့ဘူး…

ဒေါ်သီဂီင်္သည် ပြောပုံက ပန်းအိကို လာတောင်းရမ်းသည်နှင့် မတူပဲ၊ တန်ဖိုး လာဖြတ်နေနှင့် တူနေ၍ ကျွန်မ အရမ်းကို စိတ်ဆိုးသွားသည်။ ပန်းအိလည်း တော်တော် စိတ်ဆိုးသွားပုံ ရသည်။ မေမေလည်း ဆက်သည်းမခံနိုင်တော့ပဲ၊

မေမေ ။ ။ ဒေါ်သီဂီင်္ ဈေးဖြတ်ရအောင် ကျွန်မသမီး ပန်းအိက ဟင်းရွက်ကန်စွန်း မဟုတ်ဘူးရှင့်…
ဦးမျိုးဝင်း ။ ။ ကျွန်တော် အလယ်ကနေပဲ တောင်းပန်ပါတယ်။ သီဂီင်္ မင်းပြောခဲ့တာတွေ အတွက် ပြန်တောင်းပန်လိုက်…
ဒေါ်သီဂီင်္ ။ ။ အို မတောင်းပန်နိုင်ပါဘူး။ ကျွန်မပြောတာ မှားတာပါလို့လား…
ဇေယျ ။ ။ မေမေရယ် ပြန်တောင်းပန် လိုက်ပါဗျာ…
ဒေါ်သီဂီင်္ ။ ။ ဇေယျ နင်က မယူရသေးဘူး၊ ဖျာလိုလိတ် ခေါင်းပေါ်တင် ချင်နေတယ် ပေါ့လေ။ မကျေနပ်ရင် ငါ့သားကို မယူနဲ့ပေါ့…

ပန်းအိ မကျေနပ်တဲ့ အကြည့်ဖြင့် ဒေါ်သီဂီင်္ကို ကြည့်လိုက်ပြီ၊
ပန်းအိ ။ ။ ဦးမျိုးဝင်းကိုတော့ ပန်းအိ အရမ်း အားနာပါတယ်။ ပန်းအိ ဇေယျကို လုံးဝ လက်မထပ်နိုင်တော့ပါဘူး…
ဇေယျ ။ ။ ပန်းအိ…

ပန်းအိ အခန်းထဲသို့ ပြေးဝင်သွားတော့သည်။ ကျွန်မလည်း ပန်းအိနောက်မှ ပြေးလိုက်သွားသည်။ ဖေဖေကတော့ ထုံးစံအတိုင်း တောင်းပန်ပြီ ကျန်ရစ်ခဲ့သည်။

ဖေဖေ ။ ။ ကျွန်တော် အနူးညွတ်တောင်းပန်ပါတယ်။ သမီးလေးက ငယ်သေးလို့ စိတ်ဆိုးပြီ ပြောလိုက်တာပါ…

ဒေါ်သီဂီင်္က ဧည့်ခန်းထဲမှ ကျွန်မတို့ကြားအောင် တမင်အော်ပြောသည်၊
ဒေါ်သီဂီင်္ ။ ။ ဒါမျိုးကို ငါကလည်း ကြားချင်နေတာနဲ့ အတော်ပဲ။ မတန်တရာ မှန်းဖို့ ကြိုးစားတဲ့ ဟာတွေ…
ဇေယျ ။ ။ တော်ကြပါတော့ဗျာ။ တော်ကြပါတော့။ ခုတော့ အားလုံးသွားပြီ၊ အားလုံးသွားပြီဗျ။ ကျွန်တော် အမေကို မုန်းတယ်…

ဇေယျ စိတ်ဆိုးပြီး အိမ်ထဲမှ အတင်းပြေးထွက် သွားလေသည်။
ဒေါ်သီင်္ဂီ ။ ။ သားဇေယျ၊ အမေ့ကို စောင့်ပါအုန်း…
ပြောကာ ပြေးလိုက်သွားသည်။

ဦးမျိုးဝင်း ။ ။ ဒီလို ဖြစ်သွားတဲ့အတွက် ကျွန်တော် အရမ်းရှက်တယ်ဗျာ။ ခင်များတို့ကိုတောင် မျက်နှာ ထပ်မပြရဲတော့ပါဘူး။ ကျွန်တော်ကပဲ အားလုံးအတွက် တောင်းပန်ပါတယ်။ သွားလိုက်ပါအုန်းမယ်…
မေမေ ။ ။ ဟုတ်ကဲ့ပါ…

ဦးမျိုးဝင်းလည်း ဒေါ်သီဂီင်္နောက်သို့ လိုက်သွားသည်။ ထို့နေ့က ကျွန်မတို့အိမ်မှာ လာတောင်းရမ်းတဲ့ မင်္ဂလာကနေ မင်္ဂလာမရှိတဲ့ အမင်္ဂလာအဖြစ်သို့ ရောက်ရှိသွားလေသည်။ ပန်းအိလည်း စိတ်တိုလွန်းလို့ ငိုနေရှာသည်။

ပန်းအိ ။ ။ နှင်းအိ ငါလေ အမှန်တိုင်းပြောရရင် ဇေယျကို သနားတာနဲ့ ခေါင်းညိတ်မိဖို့ နည်းနည်းပဲ လိုတော့တာ။ ငါကံကောင်းသွားတယ်နော်…
ကျွန်မ ။ ။ ဟုတ်တယ်နော်။ ငါလည်း ပန်းအိ နေရာမှာဆိုရင် ဆုံးဖြတ်ရ အရမ်းခက်မှာ သေချာတယ်။ ပန်းအိက စိတ်ရင်းကောင်းတော့ ကံကဖယ်ပေးလိုက်တာ နေမှာပါ…

ကျွန်မ ပန်းအိနဲ့ ဇေယျ မင်္ဂလာကိစ္စပျက်သွားသည်မှာ ပန်းအိ ကံကောင်းဖို့ ဖြစ်လာသည်ဟုပင် ကျွန်မတွေးမိသည်။ ဇေယျကို ပန်းအိ လက်ထပ်မိလို့ကတော့ ဒူးနဲ့မျက်ရည် သုတ်နေရမည့် ဘ၀ကို ရောက်သွားလိမ့်မည်။ ကျွန်မလည်း အင်္ဂလန်ကို ပြန်ရမယ့် ရက်က တဖြည်းဖြည်းနဲ့ နီးကပ်လာသည်။ ကျွန်မ အင်္ဂလန်သို့ မပြန်ခင် ပြသာနာ အားလုံး ဖြေရှင်းနိုင်ရင် ကောင်းမည်ဟု စဉ်းစားမိသည်။ တစ်ပတ်လောက်ထိ ဇေယျ အရိပ်အယောင်တောင် မတွေ့တော့ပေ။

ကျွန်မ ။ ။ ဇေယျ လက်လျှော့သွားပြီတဲ့ တူတယ်…
ပန်းအိ ။ ။ ဟုတ်တယ်နော်။ ငါလည်း ခုမှပဲ အေးအေးဆေးဆေး နေရတော့မှာ။ မဟုတ်ရင် သူကြောင့် စိတ်ဆင်းရဲခဲ့တဲ့ နေ့ရက်တွေ တွေးမိတိုင်း ဇေယျကို အရမ်းမုန်းတာပဲ…
ကျွန်မ ။ ။ ဟုတ်ပ။ ပန်းအိ အတွက် ပူရတာ အပူကြီးလည်း ခုမှပဲ ကျသွားတော့တယ်၊ ဟီးဟီး…

ကျွန်မတို့ စကားမဆုံးသေးခင် ဇေယျ ကားဖြင့် ကျွန်မတို့ အိမ်သို့ ရောက်ချလာသည်။ ကျွန်မ အိမ်အ၀မှ စီးကြို၍၊

ကျွန်မ ။ ။ ဇေယျ နင်ဘာလာလုပ်တာလဲ။ နင်နဲ့ ပန်းအိနဲ့ တွေ့စရာ အကြောင်းမှ မရှိတော့တာ…
ဇေယျ ။ ။ ငါ ပန်းအိနဲ့ နောက်ဆုံး အနေနဲ့ တွေ့ပါစေ…
ထိုအချိန်တွင် ပန်းအိ အိမ်ထဲမှ ထွက်လာပြီ၊

ပန်းအိ ။ ။ နင်ပြန်ပါတော့ ဇေယျရယ်။ နင်ကို ငယ်သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ကို ထောက်ပြီ နင်ဒုက္ခပေးသမျှ ငါခံလာခဲ့တာတွေ အရမ်းများခဲ့ပါပြီ။ ငါကို အေးအေးဆေးဆေး နေခွင့်လေးတော့ ပေးပါဟာ…
ဇေယျ ။ ။ မဟုတ်ပါဘူး ပန်းအိရယ်။ ငါနင်ကို နောက်ဆုံး အကြိမ်ပဲ တွေ့ချင်လို့ပါ။ နောက် ငါ နင်ဆီကို လုံးဝ မလာတော့ဘူးလို့လည်း ငါ့အမေကို ကတိပေးခဲ့ ပြီပါပြီး။ နင် နောက်ဆုံးအနေနဲ့ ငါနဲ့ ခဏလောက် လိုက်ခဲ့ပါနော်…

ကျွန်မသည် ဇေယျကို ယုံကြည်သူ မဟုတ်သည့်အလျောက်၊

ကျွန်မ ။ ။ ဇေယျ ငါနင်ကို လုံးဝကို မယုံဘူး။ ပန်းအိကို နင်တစ်ခုခု မကောင်းကြံဖို့ စဉ်းစား နေတယ် မဟုတ်လား…
ဇေယျ ။ ။ အာ ငါမှာ အဲဒီလို အကြံ လုံးဝ မရှိပါဘူး။ တကယ်ကို နောက်ဆုံး အနေနဲ့ တွေ့ချင်ရုံ သက်သက်ပါ…
ပန်းအိ ။ ။ ဒါဆိုလည်း နှင်းအိပါမှ ငါလည်း လိုက်မယ်…

ဇေယျက ကျွန်မလိုက်မည်ကို မကြိုက်သည့်ပုံဖြင့် မျက်နှာပျက်နေသည်။

ဇေယျ ။ ။ အေး မယုံရင် နှင်းအိ နင်လည်း လိုက်ခဲ့…
ပန်းအိ ။ ။ ခဏနေအုန်း ငါအကျီင်္သွားလှဲ လိုက်အုန်းမယ်…
ဇေယျ ။ ။ လှဲမနေပါနဲ့၊ ဘယ်မှမသွားဘူး။ နီးနီးနားနားပဲ သွားမှာ…
ပန်းအိ ။ ။ ပြီရောလေ…

ကျွန်မနဲ့ ပန်းအိ အိမ်တံခါးကို သော့ခတ်ပြီ ဇေယျကားနဲ့ တူတူ လိုက်သွားကြသည်။ သွားရာ တစ်လမ်းလုံး ဇေယျ စကားတစ်ခွန်းမှ မပြောပေ။ ကျွန်မစိတ်ထဲ ဒင်းဘာတွေမှာ ကြိတ်ကြံနေသည်ကို စဉ်းစားရခက်နေသည်။ ဇေယျ မောင်းသည့်လမ်းတွေက ရန်ကုန်တွင်း ဖြစ်သော်လည်း ကျွန်မတစ်ခါမှ မရောက်ဖူးသော နေရာများ ဖြစ်၍၊

ကျွန်မ ။ ။ ပန်းအိ ဇေယျ ငါတို့ကို ဘယ်ခေါ်သွားဖို့လဲ မသိ…
ပန်းအိ ။ ။ ဇေယျ နင်ဘယ်ကို မောင်းနေတာလဲ…
ဇေယျ ။ ။ စိတ်ပြေလက်ပျောက် ကာလာအိုကေ သွားဆိုမလို့…

ကာလာအိုကေ ဆိုင်ရှေ့ရောက်တော့ ဇေယျကားကို စက်ရပ်လိုက်သည်။ ဇေယျ လျှောက်ပတ်မောင်းနေလို့ပင်၊ ဒီကာလာအိုကေ ဆိုင်ကို ကျွန်မသူငယ်ချင်းတွေနဲ့ တစ်ခါ ရောက်ဖူးသည်။ ဇေယျသွားသည့်နောက်သို့ ကျွန်မတို့လည်း လိုက်သွားကြသည်။ ဇေယျ လာနေကျ ကာလာအိုကေဆိုင် ဖြစ်ရမည်။ ၀န်ထမ်းတွေက သူကိုတွေ့သည်နှင့် တရင်းတနှီးပင်။ ကာလာအိုကေဆိုင်ခန်းထဲ ရောက်တော့၊

ဇေယျ ။ ။ နင်တို့ ဘာမှာကြမလဲ…
ပန်းအိ ။ ။ ကိုလာပဲ သောက်မယ်…
နှင်းအိ ။ ။ ငါကိုလည်း ကိုလာပဲ မှာပေး…
ဇေယျ ။ ။ အေး ငါသွားမှာလိုက်မယ်…

ပြောကာ အပြင်သို့ ထွက်သွားသည်။ ဇေယျ အပြင်ထွက်သွားတုန်း ကျွန်မလည်း ပန်းအိကို သတိပေးရသေးသည်။

ကျွန်မ ။ ။ ပန်းအိ နည်းနည်း သတိထားအုန်း၊ ဇေယျကို ငါတော့ လုံးဝ မယုံဘူး…
ပန်းအိ ။ ။ အေးဟုတ်တယ်။ ငါလည်း နောက်ဆုံးဆိုလို့သာ လိုက်လာခဲ့တာ။ စိတ်ထဲ နည်းနည်း လေးနေသလိုပဲ…
ကျွန်မ ။ ။ အဲဒါကြောင့် ပြောတာပေါ့…

ဇေယျ ကာလာအိုကေခန်းထဲသို့ ပြန်ဝင်လာသည်နှင့် ပြောနေသည့် စကားကို ရပ်လိုက်သည်။ ဇေယျက ကာလာအိုကေ အသဲကွဲ သီချင်းတွေပဲ၊ တစ်ပုဒ်ပြီ တစ်ပုဒ် ဟစ်ကြွေးတော့သည်။ စာပွဲထိုးဝင်လာပြီ ကိုလာ ၂ခွက်နဲ့ ဘီယာတွေ ၃ပုလင်းတောင် လာချပေးသည်။

ပန်းအိ ။ ။ ဇေယျ ဘီယာတွေ နင်မှာထားတာလား…
ဇေယျ ။ ။ အေးပေါ့…

ပန်းအိနဲ့ ကျွန်မ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီ ပခုံးပင့်ပြလိုက်သည်။ ဇေယျ ဘီယာတွေကို တစ်ခွက်ပြီ တစ်ခွက် အဆက်မပြတ် မော့နေတော့သည်။

ကျွန်မ ။ ။ ပန်းအိ ဇေယျကို နည်းနည်းပြောလိုက်အုန်း၊ အရမ်းမူးနေပြီ…
ပန်းအိ ။ ။ ဇေယျ နင်အရမ်းမူးနေပြီ တော်တော့လေဟာ…
ဇေယျ ။ ။ ဘာလို့ တော်ရမှာလဲ။ ငါအသဲကွဲလို့ သောက်တာ ဘာဖြစ်လဲ။ ပန်းအိ နင်ရော သောက်အုန်းမလား…
ပန်းအိ ။ ။ ဟင်း မသောက်ဘူး၊ ငါ ကိုလာပဲ သောက်မယ်…

ကျွန်မနဲ့ ပန်းအိကို ဘီယာ အတင်းလိုက်တိုက်နေမှာ စိုးသည်နှင့် ကိုလာကို အမြန်မော့သောက်လိုက်သည်။ ခဏကြာတော့ ကျွန်မခေါင်းတွေ မူးဝေလာသည်။ ကျွန်မ အရာအားလုံးကို ကြည်ကြည်လင်လင် မမြင်ရတော့ပေ။ ကျွန်မ ဘာဖြစ်သွားမှန်း မသိပဲ အိမ်ပျော်သွားတော့သည်။
ကျွန်မ ပြန်သတိရလာချိန်တွင် ကာလာအိုကေ ဆိုတဲ့ အခန်းထဲတွင် ကျွန်မ ရှိနေသေးသည်။ ဒါပေမယ့် ကျွန်မ တစ်ယောက်ထဲ ရှိနေပြီ ပန်းအိနဲ့ ဇေယျတို့ မရှိတော့ပေ။ ကျွန်မ သဘောပေါက်လိုက်သည်မှာ ဇေယျ ကျွန်မတို့ နှစ်ယောက် သောက်မည့် ကိုလာခွက်ထဲသို့ အိပ်ဆေးခပ်လိုက်ခြင်းပင် ဖြစ်သည်။ နာရီလှမ်းကြည့်လိုက်တော့ ည ရနာရီထိုးနေပြီ ဖြစ်သည်။ ကျွန်မ ၃နာရီလောက် ကြာအောင် အိပ်ပျော်သွားခြင်း ဖြစ်သည်။
ပန်းအိတော့ ဒုက္ခရောက်ပါပြီ၊ ဇေယျ ဖမ်းခေါ်သွားပြီ ဘယ်လိုလုပ်ရမလဲ ကျွန်မ အတွေးထဲမှာ ရှုတ်ရှပ်ခတ်နေသည်။ အဲဒီနေ့က ကျွန်မ ဘ၀မှာ တကယ်ကို မိုးမှောင်ကျတဲ့ နေ့ဆိုးကြီးလို့ ပြောရမည်။ ဇေယျ ဒီလောက် အောက်တန်းကျတဲ့ နည်းကို သုံးမည်ဟု ကျွန်မ လုံးဝ မထင်ထားမိသည်က ကျွန်မရဲ့ အမှားကြီး ဖြစ်သည်။ ခုချိန်မှာ အမေဆီကို ဖုန်းဆက်ပြီ အကျိုးအကြောင်း ပြောပြသည်က ပိုမှန်လိမ့်မည် တွေးမိ၍ အမေဆီ ဆက်သွယ်လိုက်သည်။ အမေလည်း အရမ်းကို စိတ်ပူပြီ ကျွန်မရှိရာ နေရာသို့ လိုက်လာသည်။

မေမေ ။ ။ သမီး နှင်းအိ ဘယ်လို ဖြစ်ကြတာလဲ…
ကျွန်မ ။ ။ ဇေယျ အဆင့်တန်းမရှိတဲ့ အကောင်။ ပန်းအိကို နောက်ဆုံး အနေနဲ့ တွေ့ချင်လို့ ပြောပြီ ညာခေါ်ခံခဲ့ရတာ။ ဒီလည်း ရောက်ရော သမီးတို့ နှစ်ယောက် စလုံးကို အိပ်ဆေးခတ်ပြီး ခုပန်းအိ ကိုဖမ်းခေါ်သွားပြီ မေမေ…
မေမေ ။ ။ အမယ်လေး ငါသမီးလေးတော့ ဒုက္ခရောက်ပါပြီ။ ခုဘယ်လိုလုပ် ကြမလဲ…
ကျွန်မ ။ ။ ဇေယျတို့ အိမ်ကို အရင်လိုက်သွားကြည့်တာ ကောင်းမယ် မေမေ…
မေမေ ။ ။ အေးဟုတ်တယ်…

မေမေ နဲ့ ကျွန်မ ကားဖြင့် ဇေယျ အိမ်သို့ လိုက်သွားကြသည်။ ဇေယျ အိမ်နားသို့ ရောက်တော့ ညနေ ၈နာရီထိုးနေပြီ ဖြစ်သည်။ ဇေယျအိမ်က အရမ်းကို ကြီးကျယ်ခန်းနားသည့်အပြင် အိမ်အ၀တွင် အိမ်စောင့်တွေက ရှိသေးသည်။ ဒါပေမယ့် အိမ်စောင့်က ကျွန်မကို သိနေ၍ တံခါးကို ချက်ချင်း ဖွင့်ပေးသည်။ အိမ်တံခါးဝ ရောက်သေးသည် ဒေါ်သီင်္ဂီနှင့် မျက်နှာချင်းဆိုင် စတွေ့တော့သည်။

မေမေ ။ ။ ဒေါ်သီဂီင်္ ဇေယျ ဘယ်မှာလဲ…
ဒေါ်သိဂီင်္ ။ ။ သူ့သူငယ်ချင်းတွေနဲ့ တနေရာမှာ ရှိမှာပေါ့။ နေပါအုန်း ဘာကိစ္စ ကျွန်မ သားကို လာရှာတာလဲ…
မေမေ ။ ။ ရှင်သားက ကျွန်မ သမီးကို အိပ်ဆေးတိုက်ပြီ ဖမ်းခေါ်သွားပြီ။ ရှင် ၀ှက်ထားမယ်တော့ မကြံနဲ့နော် …
ဒေါ်သိဂီင်္ ။ ။ အို ဘာမှ ၀ှက်ထားစရာ မလိုဘူး။ ပြီးတော့ ရှင်သမီးက ကျွန်မသားကို ခိုးပြေးသွားတာ ဖြစ်နေပါအုန်းမယ်နော်… …
ကျွန်မ ။ ။ မေမေ ဒီမှာ ဆက်နေလည်း ဘာမှထူးမယ် မထင်ဘူး။ သမီးတို့ ရဲစခန်းသွားပြီ အမှုဖွင့်ရအောင်…
မေမေ ။ ။ အေး…
ဒေါ်သိဂီင်္ ။ ။ နေကြပါအုန်း။ ရှင်တို့ကို ဘယ်သူကို အမှုဖွင့်မှာလဲ...
ကျွန်မ ။ ။ ဘယ်သူကို ဖွင့်ရမှာလဲ။ ဇေယျကိုပေါ့။ ပန်းအိကို လိမ်ညာ ခိုးပြေးမှုနဲ့ တရားဥပဒေအရ အရေးယူမှာ…
ဒေါ်သိဂီင်္ ။ ။ ညည်း အစ်မက ငါ့သားကို ဆွဲဆောင်ပြီ ခိုးပြေးသွားတယ်ဆိုပြီ ငါက အမှုဖွင့်ရမှာဟဲ့…

ကျွန်မတို့ ရန်ဖြစ်နေကြစဉ် ဒေါ်သိင်္ဂီအိမ်အလုပ်သမား တစ်ယောက် အိမ်ထဲမှ ပြေးထွက်လာသည်။

အလုပ်သမား ။ ။ မေမေကြီး ဖုန်းလာနေပါတယ်…
ဒေါ်သိဂီင်္ ။ ။ ငါမအားသေးဘူး၊ ပြန်ဆက်မယ် ပြောလိုက်…
အလုပ်သမား ။ ။ အရမ်းအရေးကြီးလို့တဲ့…

ဒေါ်သိဂီင်္ ဖုန်းကို စိတ်မရှည်တဲ့ပုံဖြင့် လှန်းယူလိုက်သည်။ ကျွန်မတို့လည်း ရဲစခန်းသွားပြီ အမှုသွားဖွင့်ရန် အိမ်ထဲမှ ပြန်ထွက်မယ် အလုပ်တွင်၊

ဒေါ်သိဂီင်္ ။ ။ ဟုတ်ကဲ့ ပြောပါ။ ရှင်ဘာပြောတယ်၊ ကျွန်မသား ကားအက်စီဒက် ဖြစ်လို့...

ဒေါ်သိဂီင်္ ဖုန်းပြောနေရာက ဖုန်းပြုတ်ကျကွဲသွားသည်။ မေမေလည်း ဒေါ်သိင်္ဂီနားသို့ ပြေး၍၊

မေမေ ။ ။ ဒေါ်သိဂီင်္ ကျွန်မသမီးလေးရော ဘာဖြစ်သွားသေးလဲ။ ကျွန်မကို ပြောပါအုန်း…

ဒေါ်သီင်္ဂီ တော်တော်ကြာ စကားပြန်မပြောနိုင်ပေ။ ပြောတော့လည်း အသံတွေ အရမ်းကို တုန်နေသည်။

ဒေါ်သိဂီင်္ ။ ။ ကားအက်စီဒက် ဖြစ်လို့ ကလေးတွေကို ခုရန်ကုန်ဆေးရုံကြီးကို ခေါ်လာကြပြီတဲ့…

ဒေါ်သိဂီင်္ ရှိုက်ကြီးတငင် ငိုချတော့သည်။ မေမေလည်း စိတ်လှုပ်ရှားလွန်းလို့ မေ့မျှော့မတတ် ဖြစ်သွားသည်။ ကျွန်မလည်း ပန်းအိကို စိတ်ပူလွန်းလို့ ခေါင်းတစ်ခုလုံး ပူထူသွားသည်။ ပန်းအိများ ဆိုးဆိုးရွားရွား ဖြစ်သွားသလား၊ ဘာမှမဖြစ်ပါစေနဲ့ စိတ်ထဲက ဆုတောင်းဖို့သာ ရှိတော့သည်။ ခုချိန်မှာ ဆေးရုံကို လိုက်သွားသည်က အကောင်းဆုံးဖြစ်သည်။

ကျွန်မ ။ ။ မေမေ သတိထားပါအုန်း။ သမီးတို့ ပန်းအိရှိတဲ့ ဆီကို လိုက်သွားကြမယ်လေ…
ဒေါ်သိင်္ဂီ ။ ။ ဟုတ်တယ် ကျွန်မသားလေး ဆီကို လိုက်သွားရမယ်…
မေမေ ။ ။ အေး သွားရအောင်…

ကျွန်မက ကားမောင်းပြီ မေမေနဲ့ ဒေါ်သိင်္ဂီက အနောက်မှာထိုင်လျှက် ပါလာကြသည်။ တလမ်းလုံး ဒေါ်သိင်္ဂီ အော်ကြီး ဟစ်ကျယ် ငိုကြွေးနေတော့သည်။

ဒေါ်သိဂီင်္ ။ ။ သားရယ် မေမေ အမှားပါ။ မေမေ မထားသင့်တဲ့ မာနတွေ ထားမိလို့ ဒီလို ဖြစ်ရတာပါ သားရယ်၊ ဟိဟိဟိ…
မေမေ ။ ။ သမီးလေး ပန်းအိ ဘာမှ မဖြစ်ပါစေနဲ့…

ကျွန်မကတော့ စိတ်ပူလွန်းလို့ ကားကို ဘယ်လောက် အရှိန်နဲ့ မောင်းမိနေမှန်းတောင် ကိုယ်မှာကို မသိတော့ပေ။ လာရာလမ်းတွေလည်း ဇေယျကြောင့် ပန်းအိ ဒီလိုဖြစ်ရတာ တွေးမိတိုင်း ဇေယျကို အရမ်းကို နားကြည်းမိသည်။ ရန်ကုန်ဆေးရုံကြီး ရှေ့ရောက်သည်နှင့် ကားကို တွေ့သည့် နေရာတွင် ထိုးရပ်လိုက်ပြီ၊ ကျွန်မတို့ အားလုံး ဆေးရုံပေါ်သို့ အမြန်ပြေးတတ်ရသည်။ သူနာပြုဆရာမက ဇေယျ နဲ့ ပန်းအိတို့ ခုအရေးပေါ်အခန်းမှာ ပြော၍ အရေးပေါ်ခန်းရှိရာသို့ လိုက်သွားကြသည်။ ကျွန်မ မျက်ရည်များလည်း စီးကျလာပြီ ပန်းအိ ဘာမှ မဖြစ်ပါစေနဲ့၊ ပန်းအိ ဘာမှ မဖြစ်ပါစေနဲ့ စိတ်ထဲ အကြိမ် တစ်ထောင်မက ရေရွတ်ရင်း လျင်မြန်သော ခြေလှမ်းများဖြင့် အရေးပေါ်ခန်းရှေ့သို့ ရောက်လာသည်။ အရေးပေါ်ခန်းရှေ့တွင် ကျွန်မတို့ထက် စောရောက်နေသော ဖေဖေနဲ့ ဦးမျိုးဝင်းကို တွေ့သည်။

ကျွန်မ ။ ။ ဖေဖေ ပန်းအိ အခြေအနေ ဘယ်လိုလဲဟင်…
ဖေဖေ ။ ။ ပန်းအိ အရေးပေါ် ခွဲစိတ်မှုလုပ်နေတယ် သမီး။ စိတ်ထားကောင်းတဲ့ ငါ့သမီး ပန်းအိ ဘာမှ မဖြစ်ပါစေနဲ့လို့ အဖေတို့ ဆုတောင်းရုံက လွဲလို့ ဘာမှ မရှိတော့ပါဘူး သမီးရယ်…

ဖေဖေ တခါမှ မကျဖူးသော မျက်ရည်များ စီးကျလာပြီ ကျွန်မနဲ့ မေမေကို ဖက်ပြီ ငိုတော့သည်။ ကျွန်မတို့နဲ့ မလှမ်းမကမ်းတွင် ရဲအရာရှိတစ်ဦးသည် သူနာပြု ဆရာမကို ကားအက်စီဒက် ဖြစ်တဲ့ အမှုနှင့် ပတ်သက်၍ မေးမြန်းနေပုံရသည်။ ဒေါ်သိင်္ဂီ အနားသို့သွားပြီ၊

ဒေါ်သိဂီင်္ ။ ။ ဆရာကြီး ကျွန်မ တစ်ခုလောက် မေးချင်လို့ပါ…
ရဲအရာရှိ ။ ။ ဟုတ်ကဲ့ မေးပါ…
ဒေါ်သိင်္ဂီ ။ ။ ကျွန်မသားကားကို ဘယ်သူက ၀င်တိုက်သွားတာလည်း သိချင်လို့ပါ…
ရဲအရာရှိ ။ ။ အန်တီ သား ကားကို ဘယ်သူမှ ၀င်မတိုက်ပါဘူး။ ခုအရေးပေါ်ခန်းထဲ ရောက်နေတယ် ကောင်လေးက အရက်အရမ်းမူးပြီ နေပြည်တော် အဝေးပြေး လမ်းမပေါ်မှာ သစ်ပင်ကို အရှိန်လွန်းပြီ ၀င်တိုက်မိတာပါ…
ဒေါ်သိဂီင်္ ။ ။ ရှင်…
ရဲအရာရှိ ။ ။ ပြီးတော့ သူဘေးမှာ ပါတဲ့ ကောင်မလေးက ကားထဲက မနည်းပြန် ဆွဲထုတ်ရတယ်။ သူမရဲ့ ခပတ်ကျိုးက သော့နဲ့ အသေခတ်ထားတာ ဖြစ်နေလို့။ ဒါဟာ သွေးရိုးတန်းရိုး မဟုတ်ပဲ၊ ပြန်ပေးဆွဲ လာတယ်လို့ ကျွန်တော်တို့ ထင်လို့ စုံစမ်းနေတာပါ…

ကျွန်မတို့ အားလုံး မျက်လုံးပြူးသွားကြသည်။ ဒီအကြောင်းကို သိတဲ့ ကျွန်မရယ်၊ မေမေရယ်၊ ဒေါ်သိင်္ဂီ တို့ကတော့ မထူးဆန်းပေမယ့် ဦးမျိုးဝင်းနဲ့ ဖေဖေကတော့ အရမ်း အံ့ဘြနေကြသည်။ ရဲအရာရှိက သွားခွင့်ပြုပါ ပြောပြီ ထွက်သွားသည်။ ဒေါ်သိဂီင်္ ကျွန်မကို လှမ်းကြည့်ပြီး နောင်တရတဲ့ အကြည့်မျိုးပင်။ ဒေါ်သိဂီင်္က ပိုဆိုးတာက သူကြောင့် သူ့သား ဒီလိုဖြစ်ရတယ်ဆိုပြီ ရင်ကျိုးမတတ် ဖြစ်နေရှာသည်။ ၁၀နာရီထိုးလို့ အချက်ပေးသံ တိုင်ကပ်နာရီမှာ တောင်…တောင်…တောင် ၃ချက်မြည်သံကို ကြားလိုက်ရသည်။ ခုချိန်ထိ ခွဲစိတ်ခန်းတွင်းမှ မည်သူမျှ မထွက်လာကြပေ။ ၁၅လောက်ကြာတော့ ခွဲစိတ်ခန်းမှ ဆရာဝန် နှစ်ယောက် ထွက်လာသဖြင့် ကျွန်မတို့ အားလုံး အနားသို့ ပြေးသွားကြသည်။

ဒေါ်သိဂီင်္၊ မေမေ ။ ။ ဆရာ ကျွန်မသား၊ သမီးကို ကယ်ပါအုန်း…
ဆရာဝန် ။ ။ ကောင်လေးရဲ့ မိဘတွေက ဘယ်သူများလဲ မသိဘူး…
ဒေါ်သိင်္ဂီ ။ ။ ကျွန်မတို့ သားပါ ဆရာ…
ဆရာဝန် ။ ။ အစ်မကြီး စိတ်အေးအေးထားပါ၊ ကျွန်တော်တို့လည်း အတတ်နို်င်ဆုံး ကြိုးစားပါတယ်။ ဒါပေမယ့် ကားအက်စီဒက် ဖြစ်တဲ့ နေရာကတည်းက အစ်မကြီးသားက အသက်မရှိတော့ပါဘူး…
ဦးမျိုးဝင်း ။ ။ ခင်မျာ…

ဒေါ်သိင်္ဂီသည် ထိုနေရာမှာပင် မူးလဲကျသွားတော့သည်။ ကျွန်မလည်း ဒေါ်သိင်္ဂီကို အမြန်ပွေ့ဖက်လိုက်ရသည်။

မေမေ ။ ။ ဆရာ ဒါဆို ကျွန်မ သမီးလေးရော…
ဆရာဝန် ။ ။ အစ်မကြီးသမီးကတော့ အသက်ဘေးမှ လွှတ်ခဲ့ပါပြီ။ ကျန်တဲ့ အရေးကြီးတဲ့ ခွဲစိတ်မှုတွေကို ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်နေပါတယ်…

ပန်းအိ အသက်ကယ်နိုင်ပြီ ဖြစ်လို့ ကျွန်မ အရမ်းကို ၀မ်းသာမိသည်။ ဒေါ်သိင်္ဂီကို လူနာအခန်းထဲသို့ သွားပို့ပေးပြီ ကျွန်မ အရေးပေါ်ခန်းရှေ့သို့ ပြန်လာခဲ့သည်။ ဖေဖေနဲ့ မေမေလည်း ဇေယျကို တူသား တစ်ယောက်လို ချစ်ခင်သည်မို့ ကိုယ်သား တစ်ယောက် ဆုံးရှုံးသွားသလို ၀မ်းနည်းနေကြသည်။ ကျွန်မ ဇေယျနဲ့ ခင်ကာစ ငယ်ဘ၀ကို ပြန်မြင်ယောင်မိသေးသည်။

ဇေယျ ။ ။ ငါတို့ ကြီးလာရင် တက္ကသိုလ် တူတူတက်ရမယ် မထင်ဘူးဟ…
ကျွန်မ ။ ။ ဘာဖြစ်လို့လဲ…
ဇေယျ ။ ။ နင်တို့ နှစ်ယောက်က စာညံ့တော့ ငါနဲ့ ဘယ်လို လိုင်းတူပါ့မလဲ…
ပန်းအိ ။ ။ အောင်းမယ် ကောင်စုတ် ဇေယျ။ နင်ပဲ ဆရာဝန်ဖြစ်အောင် ကြိုးစားပါအုန်း…
ဇေယျ ။ ။ ပန်းအိ နင်က ကြိုးစားမနေနဲ့။ ငါကြီးလာရင် ဆရာဝန်လုပ်မှာ ဆိုတော့။ ပန်းအိ နင်က ဆရာဝန်ကတော် လုပ်ရုံပေါ့။ နှင်းအိသာ ယူမယ့်သူ မရှိမှာ စိုးရတာ…
ကျွန်မ ။ ။ ကြည့်စမ်း ဇေယျ နင်တော့ နာတော့မယ်ထင်တယ်…
ဇေယျ ။ ။ ဟားဟားဟား…

ဇေယျရယ် ငါလေ နင်ကို မသေစေချင်ပါဘူး၊ ပန်းအိကို နင်ဒုက္ခပေးလို့သာ မုန်းမိတာပါ။ နင် ကောင်းရာသုဂတိ လားနိုင်ပါစေ ရေရွတ်ရင်း ကျွန်မ ရင်ကွဲမတတ် ဇေယျအတွက် အရမ်းကို စိတ်မကောင်း ဖြစ်မိသည်။ ကျွန်မ အရာအားလုံးကို အသစ်က ပြန်စလို့ ရမယ်ဆိုလျှင် ပြန်စချင်သေးသည်။ ဇေယျသာ အပေါင်းအသင်း မမှားခဲ့ဘူးဆိုတာ ဒီလိုနေ့ရက်မျိုး ဆိုတာလည်း ရှိလာတော့မှာ မဟုတ်ပေ။
Emergency အခန်းထဲမှ ခွဲစိတ်ဆရာဝန် တစ်ယောက် ထွက်လာသည်။ ကျွန်မတို့ အားလုံး အနားသို့ အပြေးသွားကြသည်။

ဖေဖေ ။ ။ ဆရာ ကျွန်တော် သမီး အခြေအနေ ဘယ်လိုနေလဲဟင်…
ဆရာ ။ ။ အသက်အန္တာရာယ်တော့ လုံးဝ မရှိတော့ပါဘူး။ ကျန်တဲ့ အရေးကြီးတဲ့ ခွဲစိတ်မှုတွေကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ပြီပါပြီ။ စိုးရိပ်စရာ ဘာမှ မရှိတော့ပါဘူး…
ဖေဖေ ။ ။ ကျေးဇူးတင်ပါတယ် ဆရာ…
ဆရာ ။ ။ ချက်ချင်းတော့ သတိရအုန်းမှာ မဟုတ်ဘူးဗျ။ ကံကောင်းတာက ကားစီဒက် ဖြစ်တာချင်း တူတူ သူမက အရမ်းကြီး ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ဘူးဗျ။ ဟို ကောင်လေး ကတော့ အခြေအနေ တော်တော် ဆိုးတာဗျ။ နံရိုး တစ်ချောင်းတော့ ကျိုးသွားတာမို့ ဆေးရုံမှာ ၁လလောက် နားလိုက်ရင် သက်သာ သွားမှာပါ။ ဒါပေမယ့်…
မေမေ ။ ။ ဘာဖြစ်လို့လဲ ဆရာ…
ဆရာ ။ ။ လူနာ မိန်းခလေးက အိမ်ထောင် ရှိလား မသိဘူး…
ဆရာဝန် ဘာလို့ ဒီလို မေးသည်ကို ကျွန်မ စဉ်းစား မရဖြစ်နေသည်။
မေမေ ။ ။ မရှိပါဘူး ဆရာ…
ဆရာ ။ ။ ဒါဆိုရင်တော့ သူ့ အိမ်ထောင်ပြုမယ်ဆိုရင် အခက်အခဲတော့ ရှိနိုင်တယ်ဗျ။ ဗိုက်ထဲမှ သွေးတွေ အရမ်းထွက်နေတာမို့ အသက်ကယ်ဖို့အတွက် ကျွန်တော်တို့ ခွဲစိတ်မှု အမြန်လုပ်လိုက်ရတယ်ဗျ။ ဒါကြောင့် လူနာ မိန်းခလေးက ဒီတသက် အိမ်ထောင်ပြုမယ်ဆိုလျှင် ကလေးလုံးဝ မရနိုင်တော့ပါဘူး…
မေမေ ။ ။ ရှင်…

ပန်းအိ ကလေး မရနိုင်တော့ဘူး ဟုတ်လား ကျွန်မ နားကို ကျွန်မ မယုံနိုင်တော့ပေ။ ပန်းအိအတွက် နစ်နာလွန်းကြီးသည်။ ပန်းအိသည် သူများအပေါ် အမြဲတမ်း ဦးစားပေးပြီ အနွမ်းတာ ခံတတ်သူ ဖြစ်သည်။ ဒီလို ဖြူစင်တဲ့ မိန်းခလေးပျိုလေး တစ်ယောက်ကို ဘာလို့ ဒီလို ဒဏ်ခတ်ခံရတယ် ဆိုတာ ကျွန်မလုံးဝ မစဉ်းစားတတ်ပေ။

ကျွန်မ ။ ။ ဆရာ ကျွန်မ အစ်မကို ၀င်ကြည့်လို့ ရမလားဟင်…
ဆရာ ။ ။ ၀င်ကြည့်လို့ရပါတယ်။ ခုထိတော့ အရေးပေါ်ခန်းထဲမှာပဲ ရှိပါသေးတယ်…
ကျွန်မ ။ ။ မေမေ၊ သမီးတို့ ၀င်ကြည့်ရအောင်…

ကျွန်မတို့အားလုံး အရေးပေါ်ခန်းထဲဝင် ၀တ်စုံတွေ ၀တ်၍ ပန်းအိနားသို့ သွားသည်။ လူနာ ကုတင်ပေါ်မှာ မေ့မျှောနေသော ပန်းအိကို ကြည့်ပြီ ဘာပဲဖြစ်ဖြစ် အသက်ရှင်နေပေးလို့ ကျေးဇူးပါ ပန်းအိရယ် ကျွန်မ ရေရွတ်လိုက်မိသည်။

ဖေဖေ ။ ။ သမီးပန်းအိ ခဏကြာရင် သတိရလာမယ်လို့ ဆရာဝန်က ပြောသွားတယ်။ ဖေဖေလည်း ဦးမျိုးဝင်းနဲ့ ဒေါ်သိင်္ဂီကို သွားအားပေးလိုက်အုန်းမယ်…
ကျွန်မ ။ ။ ဟုတ်ကဲ့ ဖေဖေ…
ဖေဖေ ။ ။ မေကြီးရော လိုက်ခဲ့အုန်းမလား..
မေမေ ။ ။ လိုက်ခဲ့မယ်လေ…

ကျွန်မတစ်ယောက်ထဲ ပန်းအိ ကုတင်ဘေးမှာ ထိုင်လျှက် ကျန်ရစ်ခဲ့သည်။ ညမိုးချုပ်နေပြီမို့ ပန်းအိဘေးမှာ ကျွန်မထိုင်စောင့်ရင်း ငိုက်လာသည်။ ကျွန်မလက်ကို ပန်းအိ လှမ်းကိုင်လိုက်မှ ကျွန်မ မျက်လုံးပြန်ပြူးသွားသည်။

ကျွန်မ ။ ။ ပန်းအိ သတိရလာပြီလား…
ပန်းအိ စကားကို တိုးတိုးလေးပဲ ပြော၍ ကျွန်မ သေချာ မကြားရသည်နှင့် အနားကပ် နားထောင်ရသည်။

ပန်းအိ ။ ။ ငါခု ဘယ်ရောက်နေတာလဲ…
ကျွန်မ ။ ။ ပန်းအိ ကားအက်စီဒက် ဖြစ်လို့ ဆေးရုံရောက်နေတာလေ…
ပန်းအိ ။ ။ ဟုတ်သားပဲ…

ပန်းအိ စကားသိပ်မပြောနိုင်ပဲ ပြန်အိမ်ပျော်သွားသည်။ ဖေဖေ နဲ့ မေမေ အခန်းထဲ ပြန်ဝင်လာတော့ ပန်းအိ သတိပြန်ရလာတဲ့ အကြောင်း ပြောပြသည်။ မေမေနဲ့ ကျွန်မက ပန်းအိကို လူနာစောင့်ပေးသည်။ ဖေဖေကတော့ လိုအပ်တဲ့ ပစ္စည်းတွေယူရန် အိမ်သို့ ပြန်သွားသည်။ နောက်နေ့မနက်မိုးလင်းတော့ ပန်းအိ ကောင်းကောင်း သတိပြန်ရနေပြီ ဖြစ်သည်။

ကျွန်မ ။ ။ ပန်းအိ သက်သာရဲ့လား…
ပန်းအိ ။ ။ ခါးနဲ့ ဗိုက်နားက နာနေတုန်းပဲ…
ကျွန်မ ။ ။ ဆရာဝန်က ဘာမှ စိုးရိပ်စရာ မရှိတော့ဘူးလို့ ပြောတယ်…
ပန်းအိ မျက်လွှာလေးကို ချလျှက်…

ပန်းအိ ။ ။ ငါသတိရလာတော့ ဇေယျ လိမ်ခေါ်လာမှန်းသိတာ။ ဇေယျကို ငါအရမ်းမုန်းတာပဲ။ သူ့အရက်တွေ အရမ်းမူးပြီ…
ကျွန်မ ။ ။ ငါသိပြီပါပြီ ပန်းအိရဲ့။ စကားသိပ်မပြောနဲ့၊ အနားယူလိုက်အုန်း…

ပန်းအိ ဇေယျကို မေးမှာကို ကျွန်မ ကြောက်သည်နှင့် တခြား စကားလွှဲပြောင်းပြောသည်။

ကျွန်မ ။ ။ ငါပန်းအိ ကြိုက်တဲ့ ပူတင်းလုပ်လာပေးတယ်၊ အားရှိအောင် စားလိုက်အုန်း…
ပန်းအိ ။ ။ ဇေယျရော ဘာဖြစ်သွားသေးလည်း…
ကျွန်မ ။ ။ ဇေယျလား၊ ဟိုလေ…
ပန်းအိ ။ ။ ဘာဖြစ်လို့လဲ…

ကျွန်မ ပန်းအိကို အမှန်တိုင်း ဖွင့်ပြောရင် ကောင်းမလား၊ မကောင်းဘူးလား ကျွန်မ မသိတော့ပေ။ ဒါပေမယ့် ပန်းအိလည်း နောက်ကျရင် သိမယ့် ကိစ္စဖြစ်တာမို့ ကျွန်မ မလိမ်ချင်ပေ။
ကျွန်မ ။ ။ ပန်းအိ စိတ်အေးအေးထားနော်။ ဇေယျလေ ဆုံးသွားပြီ…
ပန်းအိကို စိတ်အေးအေးထားဖို့ ကျွန်မ သတိပေးထားသော်လည်း ပန်းအိ ကြားကြားခြင်း အရမ်းကို ထိတ်လန့်သွားသည်။

ပန်းအိ ။ ။ ဇေယျ ဆုံးပြီ။ မဖြစ်နို်င်တာ၊ သူ ငါကို ဒုက္ခမျိုးစုံ ပေးပြီ ဒီလို သေသွားလို့ မဖြစ်ဘူး…

ပန်းအိ ၀မ်းနည်းစွာ ငိုကြွေးတော့သည်။

ပန်းအိ ။ ။ ဇေယျ နင်မတရားဘူး။ နင် ဒီလို ငါကို မတောင်းပန်ပဲ လောကကြီးကို ကျောခိုင်း သွားရသလား။ ဟိဟိဟိ…
ကျွန်မ ။ ။ ပန်းအိရယ် လူတစ်ခု ကံတစ်ခုပဲ။ ဖြစ်ချိန်လို့ ဖြစ်သွားတာကို ဘယ်တတ်နိုင်ပါ့မလဲ။ စိတ်ထိန်းပါအုန်း။ ငါလည်း ပန်းအိလိုပဲ ဇေယျ ဆုံးသွားတော့ အရမ်းစိတ်မကောင်း ဖြစ်ပါတယ်…
ပန်းအိ ။ ။ ငါတားပါသေးတယ် နှင်းအိရယ်။ ငါသတိရလာတော့လေ ခပတ်ကြိုးက အသေဖြစ်နေတာနဲ့ ငါဖြုတ်လို့ မရဘူး။ ပြီးတော့ သူကလည်း အရမ်းမူးနေတာနဲ့ ကားကို ဆက်မမောင်းပဲ၊ ရပ်လိုက်ဖို့ ပြောပါသေးတယ်။ ဒါပေမယ့် သူငါစကားကို နားမထောင်ခဲ့ဘူးလေ…
ကျွန်မ ။ ။ ငါနားလည်ပါတယ်…

ကျွန်မတို့ နှစ်ယောက် စကားပြောနေစဉ် မနေ့က တွေ့သည့် ရဲအရာရှိ နှင့် တခြား ရဲ ၃ယောက်လောက် ပန်းအိ လူနာခန်းထဲသို့ ၀င်လာကြသည်။ မေမေကလည်း ဆေးသွားဝယ်နေသည်မို့ ကျွန်မနှင့် ပန်းအိ နှစ်ယောက်ထဲသာ ရှိသည်။

ရဲအရာရှိ ။ ။ လူနာ သတိရလာပြီ ပြောလို့ ကျွန်တော်တို့ လာခဲ့တာပါ…
ကျွန်မ ။ ။ ဟုတ်ကဲ့၊ ဘာကိစ္စ များလဲ မသိဘူး…
ရဲအရာရှိ ။ ။ လူနာ မိန်းခလေးကို မေးစရာလေ ရှိလို့ပါ…

ရဲအရာရှိ မေးမည့် မေးခွန်းကို ကျွန်မသိနေ၍ မမေးစေပင်။
ကျွန်မ ။ ။ ပန်းအိ နေသိပ်မကောင်းသေးလို့ နောက်နေ့မှ မေးလို့ ရမလား…
ပန်းအိ ။ ။ နှင်းအိ ဘာမေးကြ မလို့လဲ…
ရဲအရာရှိ ။ ။ ဒီက မိန်းခလေး နာမည်က ပန်းအိ(ဦးကျော်နိုင်ရဲ့ သမီး) မှန်ပါတယ်နော်…
ပန်းအိ ။ ။ ဟုတ်ပါတယ်…
ရဲအရာရှိ ။ ။ ပန်းအိဟာ သေဆုံးသူ မောင်ဇေယျနဲ့ ဘယ်လို ပတ်သက်လဲ မသိဘူး…
ပန်းအိ ။ ။ ကျွန်မ သူငယ်ချင်းပါ…
ရဲအရာရှိ ။ ။ ပန်းအိကို ကားအက်စီဒက် အခင်းဖြစ်တဲ့ နေရာမှာ မျက်မြင်သက်သေတွေ ထွက်ဆိုချက်ကို ပြောပါမယ်။ ပန်းအိ ပတ်ထားတဲ့ ခပတ်ကြိုးက အသေဖြစ်နေတဲ့ အပြင်၊ သော့ပါ ခတ်ထားတာမို့ ကြိုးကို မနည်းဖြတ်ပြီ ဆွဲထုတ်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ယူဆချက်အရ ပန်းအိဟာ ခိုးရာလိုက်ပြေးတာ မဖြစ်နိုင်ပဲ၊ ပြန်ပြေးဆွဲခံရတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါပေမယ့် တရားခံက သေဆုံးသွားပြီ ဆိုတော့ ဒီကိစ္စကို ဘယ်လို အမှုဖွင့်…

ရဲအရာရှိ စကား မဆုံးသေးခင် ပန်းအိက ဖြတ်ပြောလိုက်သည်။

ပန်းအိ ။ ။ ဇေယျက ကျွန်မကို ပြန်ပေးဆွဲတာ မဟုတ်ပါဘူး။ ကျွန်မ ဆန္ဒအလျောက် ခိုးရာ လိုက်ပြေးတာပါ။ ဒါကြောင့် အမှုပြန်ပိတ်လိုက်ပါ…
ပန်းအိ စကားကြောင့် ပန်းအိကို ကျွန်မ တစ်ချက် လှန်းကြည့်လိုက်သည်။

ရဲအရာရှိ ။ ။ ဒီလိုဆိုရင် ကျွန်တော်တို့ အမှုကို ပြန်ပိတ်လိုက်ပါမယ်။ ကျွန်တော်တို့လည်း တာဝန်အရ မေးမြန်းရတာပါ၊ စိတ်မရှိပါနဲ့…
ပန်းအိ ။ ။ ဟုတ်ကဲ့ပါ…
ရဲအရာရှိ ။ ။ ကျွန်တော်တို့ကို သွားခွင့်ပြုပါအုန်း…

ရဲအရာရှိတွေ အခန်းထဲမှ ထွက်သွားကြသည်။ ပန်းအိ ကျွန်မကို မော့ကြည့်လျှက် ၀မ်းနည်းသော အသံဖြင့်၊

ပန်းအိ ။ ။ ငါဇေယျကို နံမည်ဆိုးနဲ့ မသေစေချင်ဘူးဟာ။ အားလုံးက ဇေယျကို လက်ညှိုးထိုးမယ့် အဖြစ်မျိုးကိုလည်း ငါမလိုချင်ဘူး…

ပန်းအိသည် စိတ်ထားကောင်းမွန်သည့် မိန်းခလေး ဖြစ်တာမို့ သူဘ၀ကို အမည်းစက် အစွန်းခံပြီ သေဆုံးသွားတဲ့ ဇေယျအတွက် စတေးခံလိုက်ခြင်း ဖြစ်သည်။ ပန်းအိကိုယ်တိုင် ခိုးပြေးပါတယ် ထွက်ဆိုလိုက်ခြင်းကြောင့် အပြင်က မိတ်ဆွေ၊ သူငယ်ချင်းတွေ လူအများရဲ့ သူ့လောသူ့လော ထင်မြင်ယူဆချက်တွေက အတည်ဖြစ်သွားကြသည်။ လူအများရဲ့ ရှုတ်ချခြင်း၊ ကဲ့ရဲ့ခြင်းတွေနဲ့ အချိန်တော်တော်ကြာ တံတွေးခွက်ထဲမှာ မျှောပြီး နေခဲ့ရရှာသည်။ ပန်းအိ အပြစ်ကင်းစင်ပြီ ဖြူစင်တယ် ဆိုသည့် အမှန်တရားကိုတော့ နံမည်ဆိုး အမည်းစက် တစ်ခုက ဖုံးလွှမ်းသည့်နေ့မှ ပန်းအိ ဘ၀ဟာ မှောင်ရိပ်ထဲသို့ ကျရောက်ခဲ့လေတော့သည်။

ပြီပါပြီး…

9 comments:

  1. a hint ahint cry like ya tar tae top mal...work mar read nay tar ...2 times taugh cry like ya tal...ta nar bar tal a hint ahint...

    ReplyDelete
  2. ဟားဟား.. ကိုဇေယျကို သနားလို့ ငိုနေတာမလား။ ငါမှာလည်း ရေးတဲ့သူတောင် ရေးရင်နဲ့ ငိုလိုက်ရတာ ရှုံးပွဲချပဲ.. ဟီးဟီး...

    ReplyDelete
  3. kg tae har :) ko tine lae first time heart broken nay tot.. mite tae.

    ReplyDelete
  4. ခုလို အားပေးလို့ ကျေးဇူးပါ.. :)

    ReplyDelete
  5. အီးဟီးဟီး .. သနားလိုက်တာ .. ဇေယျကိုလဲ သနားတရ် .. ပန်းအိကိုလဲ သနားတရ် .. ဟွင့် .. ဒီလိုစာတွေငါဘရ်လိုဖြစ်ပြီး ဖတ်မိပါလိမ့်နော် .. အဲ့ဒါပဲ Google မှာလက်ကမြင်းချင်ဦး .. ဟွင့် .. အခုတော့ မျက်ရည်နဲ့မျက်ခွက် ... အရမ်းအားပေးတရ် မဂျူးလိယက်ရေ ... များများရေးပါ။ လာဖတ်ပြီး ခံစားငိုဦးမှာ ..။

    ReplyDelete
  6. အသံမဲ့ လူငယ် အားလာပေးသွားလို့ အရမ်းကျေးဖူးတင်ပါတယ်.... :) ခု ယာကူဇာချစ်သူ ၀တ္တုရှည် အခန်းဆက်တွေ ရေးနေလို့ ပြီရင် မှောင်ရိပ်လို ၀တ္တုတွေထပ်ရေးပါအုန်းမယ်.. နောက်လည်း လာအားပေးပါနော်... :P

    ReplyDelete
  7. အရမ်းကောင်းပါတယ် ဟုတ်တယ် လောကမှာ ဖြူစင်တဲ့သူအများစုတိုင်းပဲ ဒီလိုတွေဖြစ်နေကြတယ်နဲ့တူတယ်နော် အရမ်းခံစားရတယ် ဒီဝတ္တူလေးဖတ်ပြီး

    ReplyDelete