Monday, August 9, 2010

ယာကူဇာချစ်သူ အခန်း-၁၅(ယူမီကို)


အခန်း-၁၅ (ယူမီကို)

အိမ်ပြန်ရောက်သည်နှင့် ဒယ်ဒီ နှင့် မာမီ ဧည့်ခန်းထဲတွင် အသင့် ထိုင်စောင့်နေကြသည်။ ယူမီ မသိချင်ယောင်ဆောင်၍ အပေါ်ထပ်သို့ တက်ရန် ကြိုးစားသော်လည်း၊

ဒယ်ဒီ ။ ။ ယူမီကို ဒါဘယ်လည်း၊ ဒီကို လာခဲ့စမ်း...

ဒယ်ဒီ လေသံမာနေသဖြင့် အခြေအနေ သိပ်မကောင်းဘူးဟု ယူမီ ရိပ်မိသည်နှင့် မျက်နှာပိုးသတ်ပြီ ဧည့်ခန်းထဲ ၀င်ထိုင်လိုက်သည်။ မာမီက လက်သည်းနီ ဆိုးနေသည်ကို၊ ဒယ်ဒီက ဘေးက ထိုင်လျှက် အမြန်ခြောက်အောင် မှုတ်ပေးနေသည်။ ဒယ်ဒီက မာမီ လက်ကိုကိုင်လျှက်၊

ဒယ်ဒီ ။ ။ ငါ့ မိန်းမလက်ချောင်း လေးတွေလောက် ကဗျာဆန်တာမရှိဘူး...

ကိုယ်မိန်းမ ကိုယ်မြှောက်ပြောနေပြန်ပြီဟု ယူမီ တွေးလိုက်သည်။ မာမီက ယူမီနဲ့ ဆန့်ကျင်ဘက် မိန်းမဆန်သည်။ စကားကိုလည်း ကနွဲ့ကလျပြောတတ်သည်။

မာမီ ။ ။ ကိုကြီး ညောင်းညာရင် နှိပ်ပေးမယ့် လက်လေးပေါ့...
ဒယ်ဒီ ။ ။ ဒါကြောင့် ညညဆိုရင်...

မာမီ ။ ။ လျှောက်ပြောနေနဲ့ ရှက်စရာကြီး...

ယူမီ ဒယ်ဒီနဲ့ မာမီ တစ်ယောက်တစ်ယောက် ကျီးစားနေသည်ကို ဆက်မသည်းခံ နိုင်တော့ပဲ။ ယူမီ စားပွဲခုံကို လက်ဝါးဖြင့် ရိုက်လိုက်ပြီ၊

ယူမီ ။ ။ သမီး တစ်ယောက်လုံး ရှိတာကို၊ ဆင်ခြင်ပြီ နေကြပါအုန်း...

ဒယ်ဒီနဲ့ မာမီ နည်းနည်း ပုံစံပြန်ပြောင်းသွားပြီ ခပ်ခွာခွာ ထိုင်လိုက်ကြသည်။ ဒယ်ဒီက မျက်နှာကို ချက်ချင်း ပြန်တင်းမာလိုက်၍ ယူမီရှေ့သို့ စာအုပ်တစ်အုပ် ပစ်ပေးလိုက်သည်။

ယူမီကို ။ ။ ဒယ်ဒီ ဒီစာအုပ်က ဘာအတွက်လဲ...
ဒယ်ဒီ ။ ။ ဘာအတွက် ဖြစ်ရမှာလဲ။ ဒါ ဘဏ်စာရင်း စာအုပ်။ ဘဏ်ထဲက ယမ်း သိန်း၂၀က ဘယ်ရောက်သွားလဲ ငါကို မှန်မှန်ပြောစမ်း...
ယမ်းသိန်း ၂၀ ကြားလိုက်သည်နှင့် အရမ်းကို လန့်သွားသည်။ မာဖီယာ ဒင်းလိမ်တောင်းသွားတဲ့ ပိုက်ဆံပဲ။ ဒယ်ဒီ ဘယ်လို လိမ်ရင်ကောင်းမလဲ စဉ်းစားမရ ဖြစ်နေသည်။

ယူမီကို ။ ။ အဲဒါက ဟိုဟိုလေ...
ဒယ်ဒီ ။ ။ ဝှေ့လည် ကြောင်ပတ်တော့ လုပ်မယ် မကြံနဲ့။ သေသွားမယ်...
ယူမီကို ။ ။ ဒယ်ဒီကလည်း ဒီသမီးလေး တစ်ယောက်ရှိတဲ့ဟာကို။ ယူမီ သေသွားမှ ရင်ကျိုး မနေကြနဲ့...
ဒယ်ဒီ ။ ။ အပိုတွေ ပြောမနေနဲ့၊ ယမ်းသိန်း၂၀ကို ဘာသုံးစရာ ရှိလို့လဲ...
မာမီ ။ ။ ယူမီက ရည်စားရှိတော့ ပိုက်ဆံ ပိုကုန်တာ နေမှာပေါ့ အကိုကြီးရယ်...

မာမီပြောတာမှန်တယ်။ ယူမီ ရည်စားကို ကျောင်းလခသွင်းပေး လိုက်ရလို့ ပြောလိုက်ရင် နည်းနည်း သက်သာအုန်းမယ်။

ဒယ်ဒီ ။ ။ နေပါအုန်း ရည်စားနဲ့ နေ့တိုင်း ဟိုတယ် တက်စားနေရင်တောင် ဒီလောက် ကုန်စရာ အကြောင်းကို မရှိဘူး...
ယူမီကို ။ ။ မဟုတ်ပါဘူး ဒယ်ဒီရဲ့။ ယူမီ ကောင်လေးက ဆင်းရဲတော့၊ ကျောင်းလခ ပေးဖို့ ပိုက်ဆံ ရှိရှာတာ မဟုတ်ဘူး။ ဒါကြောင့် သူကျောင်းလခ သွင်းပေးလိုက်လို့ပါ...
ဒယ်ဒီ ။ ။ အဲဒီ ကောင်လေး ဆိုတာလည်း အိမ်ခေါ်ခဲ့ပါ ပြောတာလည်း တစ်ခါမကတော့ဘူး။ အေး ငါ့သမီး ပိုက်ဆံတွေကို ဒီလောက်တောင် သုံးပစ်တဲ့ ငနဲကို မနက်ဖြန် ငါရုံးမသွားခင် လာခဲ့ဖို့ ပြောလိုက်။ မဟုတ်လို့ကတော့ သိတယ်နော်...

မနက်ဖြန် မာဖီယာကို လာခိုင်းလို့ အဆင်ပြေပါ့မလား မသိ။ တော်ကြာ မာဖီယာ ပေါက်တတ်ကရ လုပ်နေမှဖြင့် ပိုဆိုးကုန်မယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ် ကိစ္စကို ဖြေရှင်းဖို့က အရေးတယ် တွေးမိသည်နှင့်၊

ယူမီ ။ ။ မနက်ဖြန် မနက်သူကို လာခိုင်းရင် ပြီရော မဟုတ်လား...
မာမီ ။ ။ ဒါဆို မာမီလဲ ယူမီ ကောင်လေးကို တွေ့ရတော့မှာပေါ့...
ဒယ်ဒီ ။ ။ မိန်းမ မင်းက ငါတစ်ယောက်လုံး ရှိတာကို၊ တခြားယောကျာ်းလေး တစ်ယောက်နဲ့ တွေ့ရမှာ ပျော်နေတယ်ပေါ့လေ။ ဒါဖောက်ပြန်တာပဲကွ...
မာမီ ။ ။ အစ်ကိုကြီးကိုပဲ အချစ်ဆုံးဆိုတာ ခုထိ မယုံသေးဘူးလား။ ယုံအောင် ဘာလုပ်ပေးရမလဲပြော...
ဒယ်ဒီ ။ ။ ဒါဆို .x.x.x.x.x……

ဒယ်ဒီနဲ့ မာမီ ပြောနေသည်ကို ကြားရုံဖြင့် နားထဲမှ အခိုးအငွေ့တွေပါ ထွက်လာသည်။ ဒါကြောင့် နာကို ဂွမ်းဆို့၊ မျက်မှန်အမဲကြီးတက်ပြီ အိမ်အပေါ်ထက်သို့ အမြန်ပြေးတက် လာခဲ့သည်။ အိမ်ခန်းထဲ ရောက်သည်နှင့် မာဖီယာဆီ ဖုန်းအမြန်ဆက်သည်။ သို့သော် မာဖီယာနဲ့ မတွေ့ပဲ၊ သူရဲ့ ဖုန်းmessage နဲ့ပက်ပင်းတိုးနေသည်။

မာဖီယာ ။ ။ ကျွန်တော် နာဂါတို ပါ။ ရုပ်အရမ်းချောလို့ မိန်းခလေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့သူပါ။ ခုတော့ ရှုတင်တွေနဲ့ မအားပါသဖြင့် message ချန်ခဲ့ပါ။ ဟီးဟီး ဟားဟား…

တော်တော်လည်း ပေါပဲ ပေါနိုင်တဲ့ မာဖီယာ ပါ့လား ယူမီတွေးနေမိသည်။ မာဖီယာကို ဆက်သွယ်လို့ မရရင် မနက်ဖြန် ဒယ်ဒီ ကြိမ်မောင်းခံရမည်။ ဒါကြောင့် မာဖီယာ ဖုန်းမကိုင် မချင်း ဖုန်းကို အဆက်မပြတ် ဆက်နေသည်။ ညနေ ၁၁နာရီခွဲလာတော့ ဖုန်းထိုင် ဆက်ရင်း အိမ်ငိုက်လာချိန်တွင် ကံကောင်းစွာ မာဖီယာဆီမှ ဖုန်းဝင်လာသည်။

မာဖီယာ ။ ။ ယာကူဇာ အရူးမလေး မင်း တော်တော် အားယားနေလား...
ယူမီကို ။ ။ ရှင် ဘာစကားပြောတာလည်း၊ ပါးရိုက်ခံချင်လို့လား...
မာဖီယာ ။ ။ ဟုတ်တယ်လေ။ ငါဆီကို ဖုန်း miss call အခါ ၁၀၀၀ လောက် ၀င်အောင် ဘာလို ဆက်နေတာလဲ။ ငါအခု ဂိမ်းဆော့နေတာ မအားဘူး…

မာဖီယာ ခုထိ ဂိမ်းcentre ကမပြန်သေးပုံရသည်။ ယူမီ အရပ်မနား ဆက်နေတာ အခါ ၁၀၀၀လောက် ဖြစ်သွားမှန်း မသိပေ။ ယူမီက အကူအညီလိုတော့လည်း သည်းခံပြီး ဖုန်းဆက်ပြောနေလိုက်သည်။

ယူမီကို ။ ။ အရေးကြီးလို့ မနက်ဖြန် မနက် ရှင်အားလား…
မာဖီယာ ။ ။ မနက်ဖြန် မနက် အင်း၊ ဘာကိစ္စလည်း…
ယူမီကို ။ ။ ရှင် ကျွန်မ ချစ်သူအဖြစ် ကျွန်မ မိဘတွေ ရှေ့မှာ ဟန်ဆောင် ပေးရမယ့် ကိစ္စလေ…
မာဖီယာ ။ ။ ဘြော် ဒါလား၊ အားပါတယ်။ မနက်ဖြန် မနက် လာခဲ့မယ်။ ဒါပဲ…

ဖုန်းထဲမှ တီတီတီမည်ပြီး ဖုန်းချသွားသည်။ ယူမီ အိမ်လိပ်စာလည်း မသိပဲ သူ ဘယ်လို လာမည်ကို ယူမီ စဉ်းစား မရဖြစ်နေချိန်တွင် မာဖီယာဆီမှ ဖုန်းပြန်ဝင်လာသည်။

မာဖီယာ ။ ။ မင်း အိမ်လိပ်စာ ပေးအုန်းလေ…
ယူမီ ။ ။ ဟားဟား ရှင်ဖုန်းပြန်ဆက် မယ်ဆိုတာ ကျွန်မသိနေတယ်လေ။ မှတ်ထား ကျွန်မ အိမ်လိပ်စာ - ဘူတာကနေ မိနစ် ၃၀ စီး၊ ဆူရှီဆိုင်ရှေ့မှာ ဘတ်စ်ကားစီး.x.x.x.x.x. ပြီးရင် ဘယ်ကွေ့၊ ညာကွေ့၊ ညာကွေ့ပြီးရင် ဘယ်ပြန်ကွေ့၊ တည့်တည့်သွား.x.x.x.x.x.…
မာဖီယာ ။ ။ အာ မင်းပြောနေတာ တစ်ခုမှ နားမလည်ဘူး၊ အထင်ကရ ရှိတဲ့ တစ်ခုခုကို ပြောမှပေါ့…
ယူမီ ။ ။ ဒါဆို ကျွန်မ အိမ်တံခါးမှာ ခွေးကိုက်တတ်သည် ဆိုင်ပုဒ်ရှိတယ်…
မာဖီယာ ။ ။ အေး ဒီလိုရှင်းရှင်းလင်းလင်း ပြောမှပေါ့ ငါသိသွားပြီ၊ ဒါပဲ…
ယူမီ ။ ။ ခဏနေအုန်း၊ ကျွန်မ မှာစရာရှိ…

ယူမီ စကားမဆုံးသေးခင် ဖုန်းချသွားသည်။ မာဖီယာဆီ ဖုန်းပြန်ဆက်တော့လည်း ဖုန်းပိတ်ထားသည်။ မနက်ဖြန် ယူမီအိမ်လာရင် ဘယ်လို အ၀တ်အစား ၀တ်လာရမည်၊ ဒယ်ဒီနဲ့ ဘယ်လို စကားပြောရမည် သေချာ မှာဖို့တောင် မမှာလိုက်ရပေ။ ယူမီလည်း ည ၁၂ နာရီကျော်နေပြီမို့ ခေါင်းအုံးပေါ် ခေါင်းချရုံနှင့် အိပ်ပျော်သွားတော့သည်။
မနက်မိုးလင်းသည်နှင့် ယူမီ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးလိုက်သေးသည်။ ပြီလျှင် အိမ်ဝတ်အကျီင်္ဝတ်၍ အောက်ထပ်သို့ မနက်စာစားရန် ဆင်းလာခဲ့သည်။ ဧည့်ခန်းထဲတွင် ဒယ်ဒီ ဧည့်သည်တွေ ရောက်နေဟန်ရှိသည်။

ဒယ်ဒီ ။ ။ မင်းကိုတော့ အန်ကယ် သဘောကျသွားပြီ။ ယောကျာ်းလေးဆိုတာ ဒီလိုမျိုး ဖြစ်နေရမယ်။ ဒါနဲ့ မင်းနံမည်က…
အမျိုးသား ။ ။ နာဂါတိုပါ ခင်ဗျာ…
မာမီ ။ ။ စကားပြောတာလည်း အရမ်းကို ယဉ်ကျေးတာပဲကွယ်…

ယူမီစိတ်ထဲ နာဂါတိုဆိုတဲ့နံမည် အရမ်းရင်းနှီးနေပါ့လား၊ ဘယ်နေရာမှာ ကြားဖူးပါလိမ့်၊ တွေးရင်း မနက်စာ ပါစတာနဲ့ ဟမ်ကို စားနေသည်။ နောက်မှစားနေရင်း ဇွန်းတောင် လွှတ်ကျသွားသည်။ နာဂါတို ဆိုတာ မာဖီယာပဲ။ ဒီမနက်သူ့ကိုလာဖို့ ချိန်းထားသည်ကို ယူမီ လုံးဝကို မေ့နေသည်။ ဒယ်ဒီနဲ့ စကားဝိုင်းကျနေသည်မှာ မာဖီယာ ဖြစ်ရမည်။ ယူမီ လန့်လန့်ဖြင့် ဧည့်ခန်းထဲသို့ သွားချောင်းကြည့်သည်။ ထိုအမျိုးသားကို အနောက်ကကြည့်တော့လည်း ၀တ်ထားတဲ့ အကျီင်္ပုံစံသားသားနားနာ၊ ဆံပင်ပုံစံ သပ်သပ်ရပ်ရပ်နှင့် ကြည့်ရတာ မာဖီယာ ဟုတ်ပုံမပေါ်ပေ။ ယူမီ နားကြားမှားတာ ဖြစ်မှာပါ တွေးပြီ ပြန်အလှည့်တွင်၊

ဒယ်ဒီ ။ ။ ယူမီ၊ သမီးကောင်လေး ရောက်နေတယ် လာခဲ့အုန်း…
အင်း မာဖီယာ တကယ်ရောက်နေတာကိုးဟု ကြက်တီးထသွားသည်။ ယူမီ ဧည့်ခန်းထဲသို့် ၀င်လာသည်။ မာဖီယာက ယူမီ ကိုတွေ့သည်နှင့်၊

မာဖီယာ ။ ။ ယူမီ နိုးပြီလား။ ကိုယ်ကဖြင့် ရောက်နေတာ ကြာပြီ…

မာဖီယာ စကားပြော အရမ်းညင်သာ နေသဖြင့် မာဖီယာမှ ဟုတ်ရဲ့လားဟု မျက်လုံး သေချာပွတ်သတ်ကြည့်ရသည်။ အနီးကပ်ကြည့်လိုက်တော့လည်း မာဖီယာမှ မာဖီယာပင်။ ဒါပေမယ့် ဆံပင်ကိုလည်း သေသေသပ်သပ် ဖီးလိမ်ထားသေးသည်။ အကျီင်္ကလည်း ရှပ်အကျီင်္လက်ရှည်၊ စတိုင်ပန် အရှည်နဲ့ စမတ်ကျကျ ၀တ်ထားတော့လည်း မာဖီယာက မဆိုးပါဘူးဟု ယူမီတွေးလိုက်မိသည်။

ဒယ်ဒီ ။ ။ ဟုတ်တယ် ယူမီကိုက အိမ်ယာ နေ၀င်မှ ထနေကျ။ မင်းကပဲ သေသေချာချာ ဆုံးမပေးပါအုန်း…
မာဖီယာ ။ ။ ဟုတ်ကဲ့ပါ ဒယ်ဒီ…
ဒယ်ဒီက သဘောကျစွာ ရယ်လျှက်၊

ဒယ်ဒီ ။ ။ အေးနောက်လည်း အမျိုးဖြစ်မှာဆိုတော့ ရပါတယ်ကွာ။ ဒါနဲ့ မင်းနံမည်က ဘယ်သူ…
မာမီ ။ ။ အစ်ကိုကြီးကလည်း သူ့နံမည်ကို မေးနေတာ ၁၀ခါလောက် ရှိနေပြီ။ နာဂါတိုလေ…
မာဖီယာ ။ ။ မဟုတ်တာ ရပါတယ် မာမီ။ ကျွန်တော်နံမည်က ခေါ်ရတာ နည်းနည်းခက်လို့ပါ…

မာဖီယာ အချိုးအရမ်းပြောင်းနေသဖြင့် အံ့ဘြစွာ ကျွန်မ ရပ်ကြည့်နေမိသည်။

ဒယ်ဒီ ။ ။ ယူမီကို ထိုင်လေ ဘာလုပ်နေတာလဲ…
ယူမီကို ။ ။ ဟုတ်ကဲ့…
ယူမီလည်း မာဖီယာဘေးက ထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။

မာဖီယာ ။ ။ ယူမီ မနက်စာရော စားပြီပြီလား…
ယူမီကို ။ ။ မစားရသေးဘူး…
မာဖီယာ ။ ။ ဒယ်ဒီရယ်၊ သားစိတ်ပူတာလည်း အဲဒါပဲ။ မနက်စာကို မှန်မှန်မစားရင် သူ့ကျန်မာရေး ထိခိုက်မှာ စိုးလို့ပါ…

မာဖီယာက သူရုပ်ကြီးနဲ့များ သားတဲ့။ ဟွန်း၊ ချွဲပစ်နေလိုက်တာ အမြင်တောင် တော်တော်ကတ်ဖို့ ကောင်းတဲ့ မာဖီယာ။

ဒယ်ဒီ ။ ။ ယူမီကို ဒီလိုဘေးက လိုက်စိတ်ပူပေးဖို့ လိုအပ်နေတာ။ အန်ကယ် တို့ကလည်း စီးပွားရေး လုပ်ငန်းတွေနဲ့ အားချိန်ကို မရှိတော့၊ ယူမီကို ကိုအသေးစိတ် မစောင့်ရှောက်နိုင်တော့ မင်းကိုပဲ အားကိုးရတော့မှာပဲ…
မာမီ ။ ။ ဟုတ်ပါတယ်။ သားက ယူမီ့ကို အနီးကပ် စောင့်ရှောက်ပေးဖို့ ပြောချင်ပါတယ်…
မာဖီယာ ။ ။ စိတ်ချပါ ဒယ်ဒီနဲ့ မာမီ။ သား ယူမီ့ ကိုသေချာ စောင့်ရှောက်ပေးပါ့မယ်…

မာဖီယာ ယူမီဘက်သို့လှည့်ကြည့်ပြီ မချိပြုံးလေးနဲ့ ရယ်ပြသည်။

ဒယ်ဒီ ။ ။ ဒီနေ့ ကျောင်းပိတ်ရက်ဆိုတော့ အပြင်လျှောက်လည်ဖို့ ကားယူသွား နေ့လည်စာ စားပြီမှ ပြန်လာခဲ့ကြပေါ့ကွာ။ ရော့ ယူမီကို မုန့်ဖိုးယူသွားအုန်း…

ဒယ်ဒီက ယူမီကို မုန့်ဖိုး ပိုက်ဆံ လှမ်းပေးသည်။ မာဖီယာက ပျာပျာသလဲလဲဖြင့်၊

မာဖီယာ ။ ။ မဟုတ်တာ ဒယ်ဒီရယ်။ သားမှာ ပိုက်ဆံ နည်းနည်းတော့ ပါပါတယ်…
ဒယ်ဒီ ။ ။ မင်းတို့ လူငယ်တွေက ဘယ်က ပိုက်ဆံရှိမှာတုန်း။ ဒါတွေ နားလည်ပြီသားပါ…
မာဖီယာ ။ ။ ဒါဆိုရင် ကျေးဇူးတင်ပါတယ် ဒယ်ဒီ…

ယူမီ နှင့် မာဖီယာ အပြင်သွားရန် ထထွက်လာကြသည်။ မာဖီယာက ကားပေါ်မတက်ခင်ထိ အချိုးက အရမ်းကို နူးညံ့သိမ့်မွေ့တုန်းပေ။ ယူမီကားပေါ်တက်ဖို့ ကားတံခါး ဖွင့်ပေးသေးသည်။ မာဖီယာက ကားမောင်းပြီ ဒယ်ဒီနဲ့ မာမီကို နှုတ်ဆက်၍ ထွက်လာခဲ့သည်။ ကားနဲ့ အိမ်အပြင်သို့ ထွက်ရုံပင် ရှိသေးသည်။

မာဖီယာ ။ ။ ခုနက မင်းဒယ်ဒီ ပေးလိုက်တဲ့ ပိုက်ဆံ ဘယ်မှာလဲ။ ငါ့ကို ပေး…
ယူမီကို ။ ။ အောင်မာ ဘာလို့ ပေးရမှာတုန်း။ ကျွန်မကို ပေးလိုက်တာ၊ ရှင်ကို ပေးတာ မဟုတ်ဘူး။ ခုနက ဒယ်ဒီရှေ့မှာတုန်းက ရပါတယ် ဘာညာ ရှင်ဟန်ဆောင် နေနိုင်လိုက်တာ၊ ခုကျတော့ ပိုက်ဆံကို ငန်းငန်းတက် ဖြစ်နေတယ်…
မာဖီယာ ။ ။ ဒီလို ဟန်ဆောင်တယ်ဆိုတာ လူတိုင်း လုပ်နိုင်တာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံ ပေးရင်ပေး၊ မပေးရင် မင်းဒယ်ဒီကို ဖုန်းဆက်လိုက် ရမလား…

မာဖီယာလို ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းနိုင်တဲ့သူကို ယူမီ တစ်ခါမှ မတွေ့ဖူးသေးပေ။ ခုနက ယဉ်ကျေးသိမ့်မွေ့နေသည့် မာဖီယာ အတုကနေ ခုကြမ်းတမ်းတဲ့ မာဖီယာ အစစ်သို့ ပြန်ပြောင်းသွားသည်။ ဒယ်ဒီကို ဖုန်းဆက်နေမည် စိုးသည်နှင့် ဒယ်ဒီ မုန့်ဖိုးပေးလိုက်သည် ပိုက်ဆံထဲမှ တ၀က်ခွဲပေးလိုက်သည်။

ယူမီကို ။ ။ ရော့ ရှင်ကို တ၀က်ပေးမယ်။ မျှမျှတတပေါ့…
မာဖီယာက ပိုက်ဆံ တ၀က်ရလို့ ပြုံးရွှင်သည့် မျက်နှာကြီးဖြင့်၊

မာဖီယာ ။ ။ အေး မျှမျှတတပေါ့ မဟုတ်လား…
ယူမီကို ။ ။ ရှင်ခုနက ကျွန်မ မိဘတွေ ရှေ့မှာ ဟန်ဆောင်ပေးတာ ကျေးဇူးပါပဲ…
မာဖီယာ ။ ။ ငါက ဘယ်သူမှတ်လို့၊ နာဂါတိုလေကွ။ ဒါလောက်တော့ အပျော့ပေါ့။ နောက်တစ်ခါ အကူအညီလိုရင် ခေါ်အုန်းနော်၊ ဟီးဟီး…

ယူမီကိုလည်း သူငယ်ချင်းတွေနဲ့ ချိန်းထားသည် ဖြစ်သည်မို့၊

ယူမီကို ။ ။ ရှင် ဘယ်နေရာမှာ ဆင်းမှာလဲ…
မာဖီယာ ။ ။ မင်းက ဘယ်သွားမှာ မို့လဲ…
ယူမီကို ။ ။ ကျွန်မ သူငယ်ချင်းတွေနဲ့ မြို့ထဲမှာလျှောက်လည်ဖို့ ချိန်းထားတယ်…
မာဖီယာ ။ ။ ဒီလိုလား။ ဒါဆို ငါလည်း လိုက်မှာပေါ့…
ယူမီကို ။ ။ ရှင်က ဘာကိစ္စလိုက်မှာလဲ…
မာဖီယာ ။ ။ မင်းလောင်းကြေး ရှုံးထားတဲ့ ကိစ္စ မေ့နေပြီလား။ ဒီနေ့ မင်း ငါခိုင်းတာ တစ်ခုလုပ်ပေးရအုန်းမယ်လေ…

မာဖီယာ ယူမီကို ဘာများခိုင်းမလို့လဲ မသိပေ။ မာဖီယာ အကျင့်ကောင်းသူ မဟုတ်၍ မကောင်းသည့် အကြံအစည်ရှိမည်ကို ယူမီသိသည်။

ယူမီ ။ ။ ရှင် မဟုတ်တာတွေတော့ မခိုင်းနဲ့နော်။ ဘာခိုင်းမှာလဲ ခုပြော…
မားဖီးယားက နား နားကိုတိုးတိုးလေးကပ်ပြီး၊
မာဖီယာ ။ ။ ငါခိုင်းမှာ မင်းသူငယ်ချင်းတွေ ရှေ့မှာ.x.x.x.x.x.x.x.x.x…..
ယူမီ ။ ။ ရှင် ဒါသက်သက် ယုတ်မာတာ…

ယူမီလည်း မာဖီယာကို ပုတ်ရိုက်သည်။

မာဖီယာ ။ ။ ဟေ့ လိုက်ရိုက်မနေနဲ့ ငါကားမောင်းနေတယ်လေ။ ဒါတောင် မင်းကို သနားလို့ ညှာပြီ ခိုင်းတာ…

မာဖီယာ လူယုတ်မာ၊ သူ့နဲ့ ပတ်သက်ပြီဆို ယူမီပဲ ဘာလို့ အမြဲခံနေရသည်ကို တွေးရင်း ဒေါသထွက်မိသည်။ မာဖီယာက သီချင်းလေးဖွင့်ပြီ ပျော်မြူးစွာ အိမိတို့နှင့် ချိန်းထားရာသို့ မောင်းနှင်သွားတော့သည်။

No comments:

Post a Comment