အခန်း-၂ (ယူကီ)
စာဖိုမှူးကလပ်
♥♥♥♥ ယူကီ... ယူကီ... ယူယူယူယူကီ... မီနို.. မီနို... မီနိုနိုနို... မိုမို... မိုမို.. မိုမိုမိုမိုမို... အိချီ.. အိချီ.. အိချီကို... စာဖိုမှူးကလပ်မှ ကြိုဆိုပါသည်... ♥♥♥♥
ကျွန်မ တစ်ယောက်ထဲ ဗိုက်ကို နှိပ်ကာ အားရပါးရ ရယ်နေစဉ် မီနိုကတော့ ဘေးမှ မျက်တောက်ကြီး နီရဲပြီ ကျွန်မကို အသေကို သတ်ချင်နေတော့သည်။ ရယ်ရလွန်းလို့ ဗိုက်ကြောတွေတောင် နာလာသည်နှင့်၊
ကျွန်မ ။ ။ ဟီးဟီးဟီး၊ ငါရယ်ရလို့ မောလာပြီ...
မီနို ။ ။ ယူကီ၊ နင်တော်တော် စိတ်ပုပ်တယ်။ နင်လုပ်လို့ ခုနက ကျောင်းသူ ခင်မျာ တောင်နဲ့မြှောက် မှားသွားရှာပြီ...
ကျွန်မ ။ ။ စိတ်ပုပ်တော့ ဘာဖြစ်လဲ။ အဲဒီကျောင်းသူကိုက တုံးလွန်းတာ။ တောင်နဲ့မြှောက်အရပ်တောင် မခွဲတတ်ပဲ ဘယ်လို အထက်တန်းကျောင်းသူ ဖြစ်နေတယ်ဆိုတာ စဉ်းစားလို့ကိုမရဘူး။ ဟားဟားဟား...
ထပ်ရယ်ပြန်၍ မီနို မကျေနပ်စွာ ကြည့်နေသည်။ ခုလောက်ဆို ကျွန်မလမ်းညွှန်ပေးလိုက်တဲ့ ကျောင်းသူ လမ်းပျောက်နေရောပေါ့ဟု တွေးကာ ကြိတ်ရယ်နေမိသည်။ မီနိုကို စချင်တဲ့ စိတ်ဖြစ်လာသည်နှင့်၊
ကျွန်မ ။ ။ မီနို...
မီနို ။ ။ ဘာလဲ...
ကျွန်မ ။ ။ နင်ကို ညကျ လက်မဲကြီး လာဆွဲလိမ့်မယ်...
လက်ကြီး နှစ်ဖက်ကို မြှောက်ရင်း မီနိုနားသို့ ကပ်သွားရာ မီနိုကြောက်လန့်ပြီ ကြမ်းပြင်ပေါ်တွင် စောင့်ဂျောက်ထိုင်ရင်း အသာကုန် အော်ဟစ်တော့သည်။ မီနိုနဲ့ ကျွန်မ အလယ်တန်းက စခင်သော်လည်း ငယ်သူငယ်ချင်းများပမာ တစ်ဦးပေါ် တစ်ဦး မညှာတမ်း ပြောနေကျပင်။ မီနိုရဲ့ အားနည်းချက်မှာ သရဲကို ကြောက်ပြီ ယောကျာ်းလေးဆို အရမ်းရှက်တတ်ခြင်း ဖြစ်သည်။ ဒါကြောင့်ပင် သူမချောရဲ့သားနဲ့ ချစ်သူမရှိခြင်း ဖြစ်သည်။ ကြောက်ပါတယ်ဆိုမှ ပိုခြောက်ချင်လာ၍၊
ကျွန်မ ။ ။ ဟဲဟဲ။ လက်မဲကြီးမှာ ခေါင်းကြီးလည်း မပါဘူး။ ဟားဟားဟား...
မီနို ။ ။ တော်ပါတော့...
နားကို ပိတ်ကာ ငိုမဲ့ငိုမဲ့ ဖြစ်လာမှ ကျွန်မ စနောက်နေသည်ကို ရပ်ပြီ ထိုင်ရယ်နေတော့သည်။ ထို့နောက် ကျောင်းအုပ်ရုံးခန်းသို့ ကလပ် ဖောင်တင်ရန် ထွက်လာခဲ့သည်။ ကျောင်းစာရင်းတွေနဲ့ အလုပ်ရှုပ်နေသော ကျောင်းအုပ်က ကျွန်မတို့ကို မြင်တော့၊
ကျောင်းအုပ် ။ ။ ကျောင်းသူတွေ ကလပ်ဝင်မယ့် ဖောင်တင်မယ်ဆို၊ ဟိုရှေ့ စားပွဲပေါ်တင်ခဲ့...
လှမ်းပြောလိုက်ရာ မီနို နှင့် ကျွန်မ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အံ့အားသင့်သွားတော့သည်။ ဟင်၊ ဘယ်လို ကျောင်းအုပ် ကျွန်မတို့ ဖောင်လာတင်မည်ကို သိနေပါလိမ့်ဟု တွေးနေမိသည်။ နူးညံ့ပြီ အနုပညာ ၀ါသနာပါသော မီနိုက ပန်းချီကလပ်အတွက် ဖောင်တင်မှာ ဖြစ်သလို ယောကျာ်းလေးလို သတ္တိအပြည့်အ၀ရှိသော ကျွန်မက ဘော်လီဘောကလပ်အတွက် ဖောင်တင်မှာ ဖြစ်သည်။ ဖောင်တင်မယ် လုပ်ဆဲဆဲတွင် ခုနက ကျွန်မလမ်းလွှဲပေးခဲ့သော ကျောင်းသူ ကျောင်းအုပ် ရုံးခန်းသို့ ၀င်လာသည်နှင့် ကျွန်မ မျက်နှာကို မီနိုဘက်သို့လွှဲ နေလိုက်သည်။
မီနို ။ ။ ခုမှ မသိချင်ယောင်ဆောင် မနေနဲ့။ နင်လမ်းလွှဲပြောခဲ့တာ ပြန်သွားတောင်းပန်လိုက်...
ကျွန်မ ။ ။ တိုးတိုးနေစမ်းပါ။ ငါတို့ကို တွေ့သွားပါအုန်းမယ်...
ပြောနေသည့်ကြားမှ ကျွန်မတို့ကို တွေ့သွားပြီ ရယ်ပြသွားသေးသည်။ ပြီမှ ထိုကျောင်းသူက ကျောင်းအုပ်ကို ခါးညွှန့်၍ ဂါရ၀ပြုရင်း၊
ကျောင်းသူ ။ ။ ကျွန်မ မိုမို ကို စာဖိုမှူးကလပ် ထောင်ခွင့်ပေးပါ။ ကျောင်းအုပ်...
တက်ကြွစွာ ခိုင်ခိုင်မာမာ တောင်းဆိုလိုက်သည်။ စာဖိုမှူးကလပ်ဟု ကြားလိုက်သည်နှင့် မိုမိုဟု ခေါ်သော ကျောင်းသူကို ကျွန်မ အသာလွှတ်ကြီးကို အထင်ကြီးမိသွားသည်။ စာဖိုမှူးကလပ် ထောင်ချင်ပုံထောက်တော့ သူမှာ ကလပ်ဝင်တော်တော်များပြီ သူကိုယ်တိုင်ကတည်း တကယ်ထူးချွန်တဲ့ ဟင်းချက်ပညာရှင်ပဲ ဖြစ်ရမည်ဟု တွေးနေမိသည်။ ကျောင်းအုပ်က သူလုပ်လက်စ အလုပ်ကို ရပ်လျှက် ထိုကျောင်းသူကို စေ့စေ့ကြည့်ရင်း၊
ကျောင်းအုပ် ။ ။ အေး၊ စာဖိုမှူးကလပ် အသစ်ထောင်ရအောင် ကလပ်ဝင် ကျောင်းသား၊ ကျောင်းသူ ဘယ်နှယောက်တောင် ရှိလို့လဲ...
ကျောင်းသူ ။ ။ ဟို၊ ဟို၊ မိုမိုရယ်၊ မိုမိုရယ်၊ တစ်ယောက်ပဲ ရှိပါတယ်...
ဟုဖြေလိုက်ရာ မီနိုနဲ့ ကျွန်မ ထိုနေရာတွင် မေ့လှဲချင်စိတ်တောင် ပေါက်သွားတော့သည်။ ကျောင်းအုပ်လည်း အတော်စိတ်ဆိုးသွားပြီ လောင်စပီကာပင် မလိုအောင် ကျယ်လောင်စူးရှသော အသံဖြင့်၊
ကျောင်းအုပ် ။ ။ ဟမ်၊ ကလပ်ထောင်တာ ကလေးကစားတယ် အောင်းမေ့နေလား။ ကလပ်တစ်ခု ထောင်ဖို့ အနည်းဆုံး ကျောင်းသား၊ ကျောင်းသူ ၄ယောက်ရှိရမယ်။ ထောင်ချင် လူစုပြီ၊ ... ပြန်လာခဲ့...
အော်ထုတ်လိုက်ရာ မိုမိုမှာ ငိုမဲ့ငိုမဲ့ ဖြစ်သွားတော့သည်။ ခဏနေတော့ စိတ်ပျက်စွာ ခေါင်းငိုက်စိုက်ပြီ ကျောင်းအုပ်ရုံးခန်းထဲမှ ထွက်သွားသည်။ သူမထွက်သွားပြီ ခဏအကြာတွင်၊
အသံ ။ ။ အား၊ အု၊ အိ၊ အဲ...
လှေခါးပေါ်မှ လိပ်ကျသံလိုလို ဘာလိုလို အသံစုံ ထွက်လာ၍ ကျွန်မနဲ့ မီနို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ခေါင်းခါပြလိုက်သည်။ ကလပ်ဖောင်ကို တင်မည် လုပ်ပြီမှ အကြံတစ်ခုပေါ်လာတော့သည်။ အင်း၊ ကျွန်မသာ ဘော်လီဘောကလပ်မ၀င်ပဲ စာဖိုမှူးကလပ်သာဝင်ရင် နေ့တိုင်း ဟင်းကောင်းတွေ စားရမည်ကို တွေးမြင်ယောင်လာမိသည်။ ဘဲကင်ကြီးတွေ၊ ကြက်ကင်ကြီးတွေကို ပေါင်ကို ဆွဲလိုက်၊ အရိုးတခြား အသားတခြား ၀ါးစားပစ်လိုက်မယ်ဟု တွေးရင်း ပါးစပ်မှ သရေများပင် စီးကျလာတော့သည်။ တော်ပြီ ငါစာဖိုမှူးကလပ်ပဲ ၀င်တော့မယ်ဟု ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ချလိုက်ကာ၊
စာရွက် ။ ။ ဗြိ၊ ဗြိ၊ ဗြိ...
ကလပ်ဝင်ရန်ဖောင်ကို တစ်စချင်းစီဖြစ်အောင် ဆွဲဖြဲနေသည်။ ဘေးမှ မီနို ကျွန်မရဲ့ လုပ်ရပ်ကို ပြူးကြည့်နေရင်း၊
မီနို ။ ။ ယူကီ၊ နင် ဒါ.. ဒါ ဘာလုပ်လိုက်တာလဲ...
ကျွန်မ ။ ။ ဟဲဟဲ။ ငါစိတ်ပြောင်းသွားပြီ စာဖိုမှူးကလပ်ပဲ ၀င်တော့မယ်...
မီနို ။ ။ ဟမ်၊ နင်ဘာသာ စိတ်ပြောင်းသွားတာ ဘာလို့ ငါကလပ်ဝင်မယ့်ဖောင်ပါ ဆွဲဖြဲရတာလဲ...
ကျွန်မ မီနိုနားသို့ ကပ်လိုက်ပြီမှ၊
ကျွန်မ ။ ။ နင် ခုနက ကျောင်းအုပ်ပြောလိုက်တာ မကြားလိုက်ဘူးလား။ ကလပ်အသစ်ထောင်ဖို့ ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး ၄ယောက်လိုတယ်ဆိုတာလေ...
မီနို ။ ။ အဲဒါနဲ့ ဘာဆိုင်လဲ...
ကျွန်မ ။ ။ ဆိုင်တာပေါ့။ ခုနက ကျောင်းသူ မိုမိုရယ်၊ နင်ရယ်၊ ငါရယ်ဆို ၃ယောက်ရှိသွားပြီပေါ့။ ဟားဟားဟား...
မီနို ။ ။ စာဖိုမှူးကလပ်ထဲ ၀င်ချင် နင်ဘာသာ ၀င်ပေါ့။ ငါမ၀င်နိုင်ဘူး...
ကျွန်မ ။ ။ မရဘူး ၀င်ရမယ်။ လာလိုက်ခဲ့ မိုမိုကို လွှတ်သွားအုန်းမယ်...
ဟုပြောကာ မီနိုလက်ကို အတင်းဆွဲကာ မိုမိုနောက်သို့ အတင်းပြေးလိုက်တော့သည်။ ပထမထပ် လှေခါးနားရောက်မှ ထိုကျောင်းသူကို လိုက်မှီသွားတော့သည်။ မြင်မြင်ချင်းပင် ၀မ်းသာအားရဖြင့် ကျယ်လောင်စွာ၊
ကျွန်မ ။ ။ မိုမို၊ ခုချက်ချင်း ရပ်လိုက်စမ်း...
အော်လိုက်ရာ မိုမိုလန့်သွားပြီ ကျွန်မတို့ကို လှည့်ကြည့်လျှက် အူကြောင်ကြောင်ဖြင့် ၀ုန်းတိုင်းကျဲကာ ထွက်ပြေးသွားသည်။ ကျွန်မလည်း မီနိုဘက်သို့ လှည့်ကြည့်ပြီ၊
ကျွန်မ ။ ။ ဘာလို့ သူက ငါတို့ကို မြင်တာနဲ့ ထွက်ပြေးတာလဲ...
မီနို ။ ။ နင်ရုပ်က လူယုတ်မာရုပ် ပေါက်နေလို့ နေမှာပေါ့...
ကျွန်မ ။ ။ ဘာ နင်သာ.x.x.x.x.x...
မီနို ။ ။ နင်ကရော ဘာထူးလို့လဲ.x.x.x.x...
ရန်ဖြစ်နေသည်နှင့် မိုမို အရိပ်အယောင်တောင် မတွေ့တော့ပေ။ ဒါကြောင့် စိတ်ဓာတ်ကျစွာ ကျောင်းခန်းထဲသို့ မီနိုနဲ့ တူတူ ပြန်လာခဲ့သည်။ မုန့်စားဆင်းချိန်ရောက်တော့ မိုမိုဆိုသည့် ကျောင်းသူကို လိုက်ရှာရန် ကျွန်မတစ်ယောက်ထဲ ထွက်လာခဲ့သည်။ မုန့်ဈေးတန်းမှာလည်း သူမကို မတွေ့သည်နှင့် တစ်ခန်းဝင် တစ်ခန်းထွက်ကာ မနားတမ်း အသေအလဲ လိုက်ရှာတော့သည်။ ကျွန်မ မိုမိုလိုက်ရှာရင်း ကင်မရာကလပ်ထဲသို့ မီနိုဟိုကြည့်၊ ဒီကြည့်ဖြင့် တိတ်တိတ်လေး အခန်းထဲကို ချောင်းနေသည်ကို အမှတ်မထင်တွေ့၍ ကျွန်မတချက်ပြုံးလိုက်သည်။
ပြီမှ မီနိုကို အနောက်ကနေ၍ သွားနှောက်ရန် ခြေလှမ်းကို သူခိုးခြေလှမ်းပမာ ဖွဖွလေး တလှမ်းခြင်း လှမ်းသွားသည်။ သူမနားသို့ ရောက်မှ ပခုံးကို ပုပ်ပြီ လန့်ရန် ပြင်လိုက်ပြီမှ မီနို ဘာကို သဲကြီးမဲကြီး ကြည့်နေပါလိမ့်ဟု ကျွန်မလည်း မသိမသာ လိုက်ကြည့်လိုက်မိသည်။ ကင်မရာကလပ် ဖြစ်တာမို့ ကျောင်းသူထက် ကျောင်းသားတွေက ပိုများသည်။ ထိုကျောင်းသားတွေကြားထဲမှာ ထင်နေအောင် အသားဖြူဖြူ၊ အရပ်မြင့်မြင့် ဆွဲဆောင်မှုအပြည့်ဖြင့် ရယ်နေသော ကျောင်းကင်း အိချီကိုကိုလည်း မြင်ရော ပါးစပ်မှ လွှတ်ခနဲ၊
ကျွန်မ ။ ။ အိချီကို...
အော်လိုက်ရာ မီနို ကျွန်မကို မြင်သွားတော့ ခိုးစားနေတာ မိသွားတဲ့ ပမာ ပါးနှစ်ဖက် နီရဲသွားပြီ အလွန် ထိတ်လန့်သွားတော့သည်။ မယုံသင်္ကာသော အကြည့်ဖြင့် မီနိုကို စိုက်ကြည့်ကာ၊
ကျွန်မ ။ ။ နင် မဟုတ်မှ လွှဲရော။ အိချီကိုကို လာငန်းနေတာလား...
မီနို ။ ။ အာ၊ မဟုတ်ပါဘူး။ နေပါအုန်း အိချီကိုက ဘယ်သူလဲ...
ကျွန်မ ။ ။ ကိန်...
ဒီလောက် ကျောင်းရဲ့ ခေါင်းဆောင်၊ ကင်း အိချီကိုကို မသိဘူးဟု တွေးကာ မီနိုကို ထုရိုက်လိုက်ချင်တော့သည်။ သို့ပေမယ့် မီနို ဘယ်သူကို ချောင်းနေသည်ကို မသိလိုက်ရသည်မို့ ကျွန်မ စိတ်ထဲမှာ ကလိကလိ ဖြစ်နေမိသည်။ သူမကို အတင်းမေးသော်လည်း မဖြေပဲ ဝေ့လည် ကြောင်ပတ် လုပ်နေသေးသည်။ မီနို နဲ့ အလွန်ရင်းနှီးတဲ့ ကျွန်မပင် ဒီအကြောင်း မပြောပုံရရင် မီနိုမှာ လူမသိမခံနိုင်သည့် အကြောင်း ရှိမည်ဟု တွေးနေမိသည်။ ထိုလူက ဘယ်သူလဲ၊ သူ့ချစ်သူလားဟု မေးခွန်းပေါင်းမြှောက်မြားစွာ တွေးရင်း လမ်းလျှောက်လာစဉ် ကျောင်းသူတစ်ဦးနှင့် မတော်တဆ တိုက်မိပြီ၊
ကျွန်မ ။ ။ အား...
ချော်လှဲကာ ကြမ်းပြင်ပေါ်သို့ ပစ်လှဲကျသွားတော့သည်။
ကျောင်းသူ ။ ။ ဟို၊ ဘယ်နား နာသွားသေးလဲဟင်။ တောင်းပန်ပါတယ်...
အတင်း တောင်းပန်သော်လည်း ဒီလောက် လူတစ်ယောက် ကိုတောင် မမြင်ရ ကောင်းလားဟဟု တွေးကာ ထိုကျောင်းသူအား ရန်တွေ့ရန် မော့အကြည့်၊
ကျွန်မ ။ ။ မိုမို...
မိုမိုက ကျွန်မကို မြင်တော့ သရဲတွေ့သည့်အလား ပြန်ထွက်ပြေးရန် ထပ်ပြင်စဉ် ဒီတစ်ခါတော့ သူမ စကတ်အစကို အမိအရဆွဲထားပြီ၊
ကျွန်မ ။ ။ ငါ နင်ဖွဲ့တဲ့ စာဖိုမှူးအဖွဲ့ထဲ ပါချင်တယ်။ ငါကို လက်ခံပေးပါ ကမ္ဘာကျော် စာဖိုမှူးကြီး...
ပြောလိုက်မှ မိုမို အံ့ဘြစွာဖြင့် ကျွန်မကို လှည့်ကြည့်ပြီ ၀မ်းသာအားရ ပြေးဖက်ကာ၊
မိုမို ။ ။ ၀မ်းသာလိုက်တာ။ ဟဲဟဲ စောစောက ပြောရောပေါ့ ဟဲဟဲ...
စောစောက ပြောရအောင် သူပဲ ထွက်ပြေးနေပြီတော့ဟု ကျွန်မ တွေးနေမိသည်။ ခဏနေတော့ မီနိုကိုပါ အခန်းထဲမှ သွားဆွဲထုတ်လာပြီ စာဖိုမှူးကလပ်အဖွဲ့ဝင် တွေ့ဆုံပွဲ လုပ်တော့သည်။
ကျွန်မ ။ ။ မိုမို ဒါက မီနို။ မီနိုက ဒါက မိုမို။ မိုမို ဒါက မီနို။ မီနို ဒါက...
မီနို ။ ။ ယူကီ၊ နင် မိတ်ဆက်ပေးတာ ဘယ်နှခါရှိပြီလဲ...
ကျွန်မ ။ ။ ဟဲဟဲ ပိုမှတ်မိအောင်ပါ။ ဒါနဲ့ မီနိုလည်း စာဖိုမှူးကလပ်ထဲ ၀င်မှာ...
မိုမို ။ ။ တကယ်...
မီနိုက ခေါင်းကို ခါးယမ်းရင်း သူမ မ၀င်ချင်တဲ့ အကြောင်းပြောရန် ပါးစပ်အဟ သူမပါးစပ်ကို လက်ဖြင့် အတင်းပိတ်ထားတော့သည်။
မိုမို ။ ။ ဒါဆို ကလပ်အဖွဲ့ဝင် ၃ယောက်တောင် ရှိသွားပြီပေါ့။ ပျော်လိုက်တာ...
ကျွန်မ အသံကို တိုးမြှင့််ကာ စာဖိုမှူးကလပ်အတွက် စကားချွေတော့သည်။
ကျွန်မ ။ ။ ခုစာဖိုမှူးကလပ် ၀င်တွေကို ငါပြောချင်တာက...
မီနို ။ ။ ပြောမနေနဲ့။ ၄ယောက်ပြည့်မှ ကလပ်က ထောင်လို့ ရမှာ။ ခုဟာက ၃ယောက်ထဲ
အလုပ်မဖြစ်ပါဘူး...
ကျွန်မ ။ ။ ဒါများ၊ နောက်ကလပ်ဝင် တစ်ယောက်ရှာဖို့ အချိန် ရှိပါသေးတယ်...
ဟုပြောလိုက်ချိန်တွင် ကျောင်းလော်စပီကာမှ ကျောင်းအုပ် အသံထွက်လာပြီ၊
ကျောင်းအုပ် ။ ။ ခုကျောင်းသား၊ ကျောင်းသူတွေကို အသိပေးစရာရှိတယ်။ ကလပ်ဖောင်တွေ တဘက်ခါ နောက်ဆုံးပဲ။ မဟုတ်ရင် ငါရုံးခန်းကို မင်းတို့တွေ ဘော်လီဘောကစားကွင်း အောင်းမေ့လို့ ကလပ်ကို ဟိုဘက်ပြောင်းလိုက်၊ ဒီဘက်ပြောင်းလိုက် လုပ်နေတာ ငါသည်းမခံနိုင်တော့ဘူး။ ဖိန်းတွဲခါဆို ဖောင်ပိတ်ပြီ ဒါပဲ...
ကျောင်းသား အားလုံးကို ဆဲဆိုကာ လော်စပီကာ ပြန်လည်း ပိတ်သွားရော ကျွန်မတို့ အားလုံး စိတ်ဓာတ်ကျသွားတော့သည်။
နောက်ကလပ်ဝင်တစ်ယောက် ရရေးအတွက် စဉ်းစားရင်း ရှုတ်တရပ် ထအော်လျှက်၊
ကျွန်မ ။ ။ ဟာ၊ အကြံရပြီ၊ လိုနေတဲ့ ကလပ်ဝင်တစ်ယောက်ကို ဖောင်အတုလုပ်ရအောင်...
မိုမို ။ ။ ဖြစ်ပါ့မလား...
ကျွန်မ ။ ။ ဟားဟား။ သိပ်ဖြစ်တာပေါ့၊ ဘယ်သူသိတာမှတ်လို့...
ပြောလိုက်ပြီမှ မုန့်ဈေးတန်းတွင် ထိုင်နေသော တခြားကလပ် အဖွဲ့ဝင်တွေ အားလုံးက ကျွန်မတို့ကို ခုပင် ဆွဲဖြဲတော့အကြည့်ဖြင့် စိုက်ကြည့်ရင်း လျှပ်စစ်စီးကြောင်းများပင် ဖြာထွက်လာတော့သည်။ ကျွန်မလည်း တံတွေးကို မျိုချရင်း မသိမသာ တခြား ၀ိုင်းသို့ ပြောင်းထိုင်လိုက်ရသည်။ မီနိုက ကျွန်မကို အပြစ်တင်ချင်တဲ့ အကြည့်ဖြင့် ကြည့်ပြီ၊
မီနို ။ ။ ယူကီ၊ နင်ကို ငါမပြောဘူးလား။ စာဖိုမှူးကလပ်ကို ဘယ်သူမှ မ၀င်ချင်ပါဘူးဆို...
ကျွန်မ ။ ။ ဘာလို့ မ၀င်ချင်ရတာလဲ။ ဒီလောက်ကောင်းတဲ့ ကလပ်ဘယ်မှာ ရှိလို့လဲ...
မီနို ။ ။ အဲဒီလို နင်တစ်ယောက်ပဲ ထင်တာလေ...
ကျွန်မ ။ ။ နင်လည်း ထင်တာပဲ...
မီနို ။ ။ ဘယ်မှာ ငါထင်သေးလို့လဲ။ နင်အတင်းဝင်ခိုင်းလို့ ၀င်ရတာ...
ကျွန်မနှင့် မီနိုတို့ အပြန်အလှန် ငြင်းခုန်နေသည်ကို မိုမိုတစ်ယောက် မုန့်စားရင်း ဟိုကြည့်ဒီကြည့် ကြည်နေ၍ တော်ကြာသူမ စိတ်ပျက်ပြီသွားမှာ စိုး၍၊
ကျွန်မ ။ ။ တော်တော့ မိုမို စိတ်ပျက်သွားအုန်းမယ်...
မိုမို ။ ။ ဟာ မဟုတ်တာ။ ဆက်ရန်ဖြစ်ပါ။ ကိစ္စမရှိပါဘူး။ ဟဲဟဲ...
ကျွန်မ၊ မီနို ။ ။ ကိန်...
တဖြည်းဖြည်းနဲ့ ကလပ်ဝင်သစ်ရဖို့ ကျွန်မ စဉ်းစားလို့လည်း မရ၊ ဗိုက်ကလည်း ဆာလာချိန်တွင်၊
မိုမို ။ ။ အကင်အနံ့လေး မွှေးလိုက်တာ...
အစဖော်ပေးသည်နှင့် ကျွန်မလည်း တက်ကြွစွာ၊
ကျွန်မ ။ ။ ငါလည်း အကင် သိပ်ကြိုက်တာ။ မနေ့ကတောင် ရှိဂုဆာမဆိုင်မှာ အမဲသားကင်သွားစား သေးတယ်...
မိုမို ။ ။ ဟယ်၊ မိုမိုလည်း အဲဒီဆိုင်က ငါးရှဉ့်ကင် အရမ်းကြိုက်တာ။ ငါးရှဉ့်ကို ပျားရည်လေးနဲ့ နှမ်းလေးဖြူးထားတာ ဘယ်လိုအရသာရှိမှန်းကို မသိဘူး...
ကျွန်မ ။ ။ ဒါဆို မိုမို၊ မီနို မခေါ်ပဲ။ နင်နဲ့ငါပဲ ကျောင်းပြန်သွားစားရအောင်...
ကျွန်မတို့နှစ်ယောက်ကို မီနို ကြည့်ရင်း ကြည့်ရင်း ဆက်သည်းမခံနိုင်တော့ပဲ စားပွဲကို ထုရိုက်လိုက်ပြီ၊
မီနို ။ ။ နင်တို့ အစားအသောက်တွေ အကြောင်း ပြောတာ ရပ်တော့...
ဟုအော်ဟစ်တော့သည်။ ပြီမှ မီနို သူမရဲ့ ဆံပင်ကို ခေါင်းစီးဖြင့် ချည်လိုက်ပြီ၊
မီနို ။ ။ ငါပြောမယ်၊ နားထောင်။ ပထဆုံး ကျားနဲ့မမှာ ဘယ်သူက စာဖိုမှူးကလပ်ကို ပိုစိတ်ဝင်စားနိုင်မလဲ...
မိုမို ။ ။ မိန်းခလေးတွေပေါ့...
ကျွန်မ ။ ။ အခြောက်တွေလည်း စိတ်ဝင်စားပါတယ်...
မီနို ။ ။ ယူကီ၊ နင် စကားကောင်းပြောစမ်း...
မီနိုက တကယ်ကို စိတ်ပါလက်ပါ ရှင်းပြနေ၍ ကျွန်မ နောက်ချင်တဲ့ စိတ်ကို အတင်းထိန်းချုပ် ထားလိုက်ရသည်။
မီနို ။ ။ ဒါကြောင့် ငါတို့ပစ်မှတ်ထားရမှာ ကျောင်းသူတွေကို။ ဒါကြောင့် မနက်ဖြန်ကစပြီ စည်းရုံးရေး အစီအစဉ် လုပ်ငန်းစလိုက်ရအောင်...
ဟုပြောရင်း ပြိုင်တူ လက်ကို လေပေါ်မြှောက်ပြီ ဗျန်ခနဲမြည်အောင် ရိုက်ချလိုက်သည်။
----------------------------------------------------------------------------
ခစ်ခစ် ရီရတယ် :D
ReplyDeleteနောက်အပိုင်းတွေစောင့်နေမယ်နော်
-ဂငယ် ^^
wolverine hillie abo toilet kortman frankly Gerta ribart gobi
ReplyDeletekeep up the nice work on the site. I love it. Could use some more frequent updates, but im quite sure that you got better things to do , hehe. =)
Sarah Berger