Sunday, September 18, 2011
စာဖိုမှူး ချစ်သူ ( အခန်း-၁ မိုမို)
စာဖိုမှူး ချစ်သူ
အခန်း-၁ (မိုမို)
(ကျောင်းပထဆုံးနေ့)
♥♥♥♥ မိုမို... မိုမို.. မိုမိုမိုမိုမို... ယူကီ... ယူကီ... ယူယူယူယူကီ... မီနို.. မီနို... မီနိုနိုနို... အိချီ.. အိချီ.. အိချီကို... စာဖိုမှူးကလပ်မှ ကြိုဆိုပါသည်... ♥♥♥♥
အသံ ။           ။ ကလင်၊ ကလင်၊ ကလင်....
          နှိုးစက်မှ ဆူညံစွာ စားပွဲပေါ်တွင် လှုပ်ခါးယမ်းနေတော့သည်။ မိုမိုနားထဲတွင် နှိုးစက်သံ ကြားတချက်၊ မကြားတချက်၊ နှိုးတ၀က်၊ မနှိုးတ၀က် ဖြစ်နေသည်။ နောက်ဆုံး နှိုးစက်သံကို မခံနိုင်တော့ပဲ ဆောင်ကြားထဲမှ လက်ကို အားယူကာ နှိုးစက်ရှိရာသို့ တလှမ်းချင်း လက်ချောင်းလေးများ ရွှေ့သွားတော့သည်။ စမ်းရင်း စမ်းရင်း နှိုးစက်ကို ထိမိသည်နှင့် အမိအရပင် နှိုးစက်ခလုတ်ကို ပိတ်လိုက်ပြီ၊
မိုမို ။             ။ ခလော၊ ခလော...
          ပြန်အိပ်မောကျသွားပြန်တော့သည်။ အိပ်မောကျနေချိန်တွင် အခန်းတံခါးကို အားဖြင့် ဆောင့်ဖွင့်လျှက် မိုမိုရဲ့ မောင်လေး ဒိုဒို အခန်းထဲသို့ ၀င်လာပြီ ခါးထောက်ရင်း၊
ဒိုဒို ။              ။ မကြီး ထစမ်း။ ထစမ်း...
          အတင်းကို လှုပ်နှိုးတော့သည်။ မိုမိုလည်း အိပ်ချင်စိတ် ဘယ်လိုမှ မပြေနိုင်သေးသည်နှင့် အိပ်နေရင်းနှင့်ပင်၊
မိုမို ။             ။ ၅မိနစ် ၅မိနစ်...
ဒိုဒို ။              ။ မရဘူး၊ ထ ထ...
မိုမို ။             ။ ၄မိနစ်၊ ၄မိနစ်...
ဒိုဒို ။              ။ ဒယ်ဒီရေ၊ မကြီး မထသေးဘူးဗျ...
မိုမို ။             ။ ၃မိနစ်၊ ၃မိနစ်...
          ပြန်ပြောလိုက်ချိန်တွင် ဒိုဒိုသူမှာ အသင့်ပါလာသော ရေပုံးဖြင့် မိုမိုပေါ်သို့ လောင်းချလိုက်ရာ ကုတင်တစ်ခုလုံး အပြင် အိပ်ယာတွေပါ ရွှဲစိုကုန်၍ ဒိုဒို ရယ်လျှက်၊
ဒိုဒို ။              ။ ဟားဟား၊ ခုတော့ မကြီး ဘယ်တတ်နိုင်သေးလဲ။ ထတော့...
မိုမို ။             ။ ၂မိနစ်၊ ၂မိနစ်...
ဒိုဒို ။              ။ ကိန်...
          ထိုနေရာတွင် မေ့လှဲမတတ်ကို ဖြစ်သွားတော့သည်။ တအောက်နေမှ အိပ်ယာမှ အတင်းကုန်းရုန်းထလာရင်း အခန်းကို ပတ်ပတ်လည်ကို တချက်ကြည့်လိုက်ပြီ ပြုံးလျှက်၊
မိုမို ။             ။ ဟီးဟီး ဒီနေ့ ငါရဲ့ ကျောင်းပထမဆုံး တက်ရက်ပဲ...
          ကိုယ်မှာကို သဘောကျရယ်နေရင်း ပွရှုပ်နေသော ဆံပင်ကို ကုတ်လိုက်သည်။ ပြီမှ နာရီကို ကြည့်လိုက်ရင်း အာမေိတ်အသံဖြင့်၊
မိုမို ။             ။ အာ ၈နာရီ ထိုးတော့မယ်...
          ဟု အလန့်တကြားအော်ကာ ကုတင်ပေါ်မှ အတင်းကုန်းရုန်းထတော့သည်။ ဘီဒိုထဲမှ ကျောင်းဝတ်စုံကို အမြန်လှဲကာ အခန်းထဲမှ ပြေးအထွက် ခြေစွတ်နဲ့ကြမ်းချော်ပြီ လှဲတော့မယ့်ဆဲဆဲတွင်၊
ဒိုဒို ။              ။ မကြီး....
ကိုယ်ကို ပြန်ထိန်းလိုက်ပြီ။ ဒိုဒို အသင့်ပြင်ပေးထားသော စားပွဲပေါ်မှ အသားညှပ်ပါမုန့်ကို အမြန်ဆွဲယူကာ ပါးစပ်မှစားရင်း လွှတ်သွားသည့် ဘတ်စ်ကားနောက်သို့ မိုင်ကုန် ပြေးလိုက်တော့သည်။ ကံကောင်းစွာ ဘစ်ကားဆရာ ရပ်ပေး၍ ၈နာရီကားကို အမှီတက်နိုင်လိုက်သည်။ ကျောင်းဦးဆုံးနေ့ဖြစ်တာမို့ မိုမိုမှာ တစ်ယောက်ထဲ စိတ်ထဲမှာ ပြုံးရယ်ရင်း ပျော်နေမိသည်။
မိုမို ။             ။ ဟီးဟီးဟီး...
          တစ်ယောက်ထဲ ရယ်နေသည်နှင့် ခရီးသည်များက အံ့အားသင့်စွာ ၀ိုင်းကြည့်ကြသေးသည်။ ကျောင်းရှေ့ကားရပ်လိုက်တော့လည်း ကျောင်းထဲရောက်ချင်ဇောဖြင့် ကားပေါ်မှ ပြေးအဆင်း၊
အသံ ။           ။ ရွှီဘိုင်း...
          ပစ်လှဲသွားရာ ဘတ်စ်ကားဆရာ အလန့်တကြား ပြေးလာပြီ၊
ဘတ်စ်ဆရာ။ ။ ကလေးမ၊ နာသွားသေးလား...
မိုမို ။             ။ မနာပါဘူး။ ဟီးဟီး...
ဘတ်စ်ဆရာ။  ။ မနာဘူးသာ ပြောတာ မင်းခြေထောက်မှာ သွေးတွေ...
          သွေးတွေ စီးကျနေသော မိုမို ဒူးကို ဘတ်စ်ကားဆရာ လက်ညှိုးထိုးပြလိုက်မှ၊
မိုမို ။             ။ ဟင် သွေး၊ သွေး၊ ဂစ်ဂစ်ဂစ်...
          မေ့လှဲမတတ်ဖြစ်သွားတော့သည်။ ဘတ်စ်ပေါ်တွင် ပါလာသည့် ခရီးသည်များက ၀ိုင်းဖေးဖေးမမ ဆေးထည့်ပတ်တီး စီးပေးလိုက်၍ ခြေထောက် အတော်ကိုပင် သက်သာရာ ရသွားတော့သည်။
မိုမို ။             ။ အားလုံးကို ကျေးဇူးပါ...
          ဟုခါးကို ကုန်းလျှက် နှုတ်ဆက်လိုက်ပြီ ကျောင်းသို့ သွားချင်တဲ့စိတ် ဇောကြီးစွာဖြင့် အသွားတွင်၊
ဘတ်စ်ဆရာ ။ ။ ဟေ့ ကလေးမ၊ လွယ်အိတ် မေ့ကျန်ခဲ့ပြန်ပြီ...
မိုမို ။              ။ ဟဲဟဲ၊ ဟုတ်သားပဲ...
          ဘတ်စ်ကားဆရာ လှမ်းပေးသော လွယ်အိတ်ကို ယူကာ ကျောင်းသို့ ထော့နဲ့ထော့နဲ့ဖြင့် ပြေးထွက်လာခဲ့သည်။ ဘတ်စ်ကားဆရာကတော့ ခေါင်းခါလျှက် ကျန်ရစ်ခဲ့သည်။ ကျောင်းအပေါက်ဝတည့်တည့် ရှေ့ရောက်တော့ သွားနေတဲ့ ခြေလှမ်းတွေကို ဘရိတ်အုပ်လိုက်ရင်း ညာဘက်လက်ကို လေပေါ်သို့ မြှောက်လိုက်ကာ၊
မိုမို ။             ။ ငါကွ၊ အတန်းကြီးဆုံး ဖြစ်ပြီ။ ရေ...
          ဟုအော်ကာ ခြေထောက်နာနေသည်ကို မေ့သွားပြီ လေပေါ်သို့ အားရှိပါးရှိ ခုန်လိုက်ရာ ခုနကသက်သာသွားတဲ့ ခြေထောက် ပိုနာသွားပြန်သည်။ ငိုမဲ့ငိုမဲ့ဖြင့် ကျောင်းထဲ ၀င်အလာ မိုမိုဆီသို့ ဦးတည်ပြီ ပြေးလာသော ကျောင်းသား၊ ကျောင်းသူ အုပ်စုကြောင့် နောက်သို့လန့်ကာ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
ကျောင်းသား ။           ။ ကျွန်ုပ်တို့ တိုက်ကွမ်တိုကလပ်က ကြိုဆိုပါတယ်။ တိုက်ကွမ်တိုကလပ်ဟာ ကျန်းမာရေးအတွက် အကောင်းဆုံးပါဗျ...
ကျောင်းသူ ။             ။ ဘယ်ကသာ၊ ကျွန်မတို့ မိန်းခလေး ဘော်လီဘောအဖွဲ့ကမှ ကျန်းမာရေးနဲ့ ပိုညီညွတ်တာ ရှင့်။ ဘော်လီဘောအဖွဲ့သာ ၀င်ပါ...
ကျောင်းသား ။           ။ ဒါဆို တိုက်ကွမ်တိုကလပ်နဲ့ ဘော်လီဘောအဖွဲ့ ပြိုင်မလားကွ...
ကျောင်းသူ ။             ။ စိန်လိုက်လေ...
          သူတို့အပြန်အလှန် ငြင်းခုန်နေသည်ကို ကျွန်မ ဟိုဘက်ကြည့်လိုက်၊ ဒီဘက်ကြည့်လိုက် ဘယ်ကလပ်ဝင်ရမည်ကို ဝေခွဲရခက်နေတော့သည်။
တခြားကျောင်းသူ ။     ။ လူဆိုတာလေ၊ ကျန်းမာရေးနဲ့ ညီညွတ်ရုံနဲ့ မပြည့်စုံပါဘူး။ ဥာဏ်ရည်ပါ ပြည့်မီဖို့ စာအုပ်စာပေလူမိတ်ဆွေ ကလပ်ကို ဖိတ်ခေါ်ပါတယ်...
နောက် ကျောင်းသား။  ။ ကျန်းမာရေးရော၊ ဥာဏ်ရည်ထက် အရေးကြီးတဲ့ သဘာဝတရားကိုသိဖို့ ပန်းချီကလပ်ကို ၀င်ပါ...
X.X.X.X.X ။              ။ X.X.X.X.X.X.X.X.X.X.X.X...
X.X.X.X.X ။              ။ X.X.X.X.X.X.X.X.X.X.X.X.X.X.X.X.X...
X.X.X.X.X ။              ။ X.X.X.X.X.X.X.X.X...
          သူကလပ်ကောင်းကြောင်း၊ ငါကလပ်ကောင်းကြောင်း အလုအယှက်ပြောနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကြားထဲ မိုမိုညှပ်နေသည်။ တဖြည်းဖြည်းနဲ့ ခေါင်းကို မိုးကြိုးပစ်ခံလိုက်ရသလို ခေါင်းမှ အငွေ့တဆူဆူ ထွက်လာတော့သည်။ သူတို့ အတင်းထိုးပေးလိုက်သော ကလပ်ကြေငြာစာရွက်တွေကို တပွေ့တပိုက်ကြီး သယ်လာရင်း ဟိုဘက်ယိုင်ထိုးလိုက်၊ ဒီဘက်ယိုင်ထိုးနဲ့ဖြင့် နားထဲမှလည်း အငွေ့များထွက်ကာ လမ်းလျှောက်လာစဉ်၊
ခရင်း ။                    ။ မိုမို...
ခရင်း ။                    ။ မိုမို၊ နင်ပုံဘယ်လိုဖြစ်လာတာလဲ။ ခေါင်းတစ်ခုလုံးလည်း ပွရှုပ်လို့...
မိုမို ။                       ။ ဟဲဟဲ၊ ငါပုံအဲဒီလောက် ဆိုးလို့လား...
          ဟုပြောရင်း ခရင်းပေါ်သို့ လှဲကျသွားတော့သည်။ ခရင်းက မိုမိုရဲ့ အချစ်ဆုံး ငယ်သူချင်း ဖြစ်သည်။ သို့သော် မိုမိုကျောင်းမှာ အဆင့်နောက်ဆုံးရနေချိန်တွင် ခရင်းက အမြဲပထမပင်။ ခရင်းက ပိုက်ဆံရှိပြီ ချောမောလှပတဲ့သူမို့ သူမကိုယ် အားကျတဲ့ ကျောင်းသူတွေ အတော်များသည်။ အမြဲကို တက်တက်ကြွကြွ ရှိတဲ့အပြင် ကူညီတတ်သည့် ခရင်းကို မိုမိုမခင်ပဲ မနေနိုင်ပင်။
မုန့်စားဆင်းချိန်တွင် ထမင်းဘူးထဲမှ ဆယ်မွန်ငါး၊ မုန်လာဥနီ၊ ထောပတ်သီးတို့နဲ့ လိပ်ထားသော ဂျပန်ဆူရှီလိပ်တွေကို မိုမိုပါးစပ်ထဲသို့ တစ်ခုချင်း ပစ်သွင်းရင်း ကျောင်းအောက်တွင် ကြက်တောင်ရိုက်နေသည့် ကျောင်းသူတွေကို ငေးမောနေစဉ်၊
ခရင်း ။                    ။ မိုမို...
မိုမို ။                       ။ ဟင်...
          ပြတင်းပေါက်မှ ငေးငိုင်ရင်း ခရင်းကို ပြန်ထူးလိုက်သည်။ ခရင်းက မိုမို မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ၀င်ထိုင်လိုက်သည်။ အထက်တန်းကျောင်းသူ ဖြစ်ပြီ ဆိုကတည်းက မိမိကြိုက်နှစ်သက်သည့် ဘယ်ကလပ်ကိုမဆို ကျောင်းသား၊ ကျောင်းသူတိုင်း ၀င်ရောက်နိုင်သည်။ မိုမိုငယ်စဉ်ကတည်းက စားရတာနဲ့၊ အိပ်ရတာပဲ ၀ါသနာပါသည်နှင့် ကလပ်ဖောင်ကို ခုထိကို မဖြည့်ရသေးပေ။ ဘယ်ကလပ်ကို ရွေးရမည်ကို မျက်မှောင်ကုတ်ကာ စဉ်းစားရခက်နေစဉ်တွင်၊
ခရင်း ။          ။ မိုမို၊ နင်ဘာတွေ ဒီလောက်စဉ်းစားနေတာလဲ...
မိုမို ။             ။ ဟို၊ ဟို၊ ငါဘာကလပ် ၀င်ရမှန်း မသိတော့ဘူး...
ခရင်း ။          ။ ဟင်၊ ခုထိ နင်မရွေးရသေးဘူး။ ငါတောင် ကင်မရာကလပ်ဝင်ဖို့ ဖောင်တင်မလို့...
          စိတ်ညစ်စွာ ခေါင်းတစ်ခုလုံး ပွရှုပ်သွားအောင် လက်ဖြင့် ကုတ်လိုက်ရင်း သနားစဖွယ် မျက်နှာလေးဖြင့် ခရင်းကို အသနားခံရင်း၊
မိုမို ။             ။ ခရင်း၊ ငါအစား စဉ်းစားပေးပါနော်...
ခရင်း ။          ။ အမ်၊ ငါက နင်အစားစဉ်းစားပေးရမယ်။ ဒါနဲ့... အားကစားကလပ်ရော...
          ကျွန်မ ခေါင်းခါပြ၍ ခရင်းထပ်စဉ်းစားပြန်သည်။
ခရင်း ။          ။ ဟို ပန်းချီတို့၊ တေးဂီတ၊ ကင်မရာ အနုပညာကလပ်တို့ ဆိုရင်ရော...
မိုမို ။             ။ ဟင့်အင်း...
ခရင်း ။          ။ x.x.x.x.x.x.x.x.x.x.x...
မိုမို ။              ။ ဟင့်အင်း...
ခရင်း ။          ။ x.x.x.x.x.x.x...
မိုမို ။              ။ ဟင့်အင်း...
          ဟင့်အင်း၊ ဟင့်အင်း လုပ်ရင်း ခရင်းရွှတ်ပြတာ ကျောင်းက ကလပ်သာ ကုန်သွားသည်။ မိုမို ၀ါသနာပါတာ တစ်ခုမှ မရှိသည်နှင့် ခရင်း သက်ပြင်းချလိုက်ပြီ၊
ခရင်း ။          ။ မိုမို၊ နင်ဝါသနာပါတာ ဒီကမ္ဘာမှာ ရှိသေးလို့လား...
မိုမို ။             ။ ဟဲဟဲ ငါက စားတာတော့ ၀ါသနာပါပါတယ်...
          ဟုပြောလိုက်ပြီမှ အကြံကုန် ဂဌာန်းစာချက် ဆိုသလို စဉ်းစားစရာ ကလပ်မရှိတော့မှ စာဖိုမှူးကလပ်ကို မျက်လုံးထဲ မြင်ယောင်လာတော့သည်။ စာဖိုမှူးကလပ်သာဆိုလျှင် မိုမို စားချင်တဲ့ ဟင်းပွဲကြီးတွေ၊ မုန့်တွေကို အမုန်းတန်း စားရတော့မှာပဲဟု တွေးမိပြီ၊
မိုမို ။             ။ ငါဝါသနာပါတာ သိသွားပြီ...
          ခရင်းလည်း အရမ်းသိချင်စိတ်ဖြင့် ကျွန်မနားသို့ တိုးလာကာ၊
ခရင်း ။          ။ ဘာများလဲ...
မိုမို ။             ။ ဟို၊ စာဖိုမှူးကလပ်...
ခရင်း ။          ။ ဟမ်၊ ကျောင်းမှာ စာဖိုမှူးကလပ်မှ မရှိတာ...
မိုမို ။             ။ ဟင်...
          ခရင်းစကားကြောင့် အလွန်စိတ်ပျက်စွာ မှိုင်တွေသွားတော့သည်။ ခရင်းက အားပေးသည့်အနေနဲ့ တခြားကလပ်ကြေငြာတွေကို ပြသော်လည်း စာဖိုမှူးကလပ်ကိုသာ မျက်လုံးထဲမှာ မြင်ယောင်နေမိသည်။ ၃ပတ်မြှောက်ကျောင်းဖွင့်ရက်တွင် ခရင်း ၀မ်းသာအားရ ကျောင်းခန်းထဲသို့ ပြေးဝင်လာပြီ၊
ခရင်း ။          ။ မိုမို။ နင်၊ နင်...
မိုမို ။              ။ ငါ ငါ ငါ ငါ...
          ခရင်းပြောမည့်စကားကို မသိသော်ဌါးလည်း လန့်ပြီ ထိုင်နေရာမှ တဖြည်းဖြည်း ထိုင်ခုံအောက်သို့ လျှိုဆင်းသွားချိန်တွင်၊
ခရင်း ။          ။ နင် စာဖိုမှူးကလပ် ထောင်လို့ရပြီ...
မိုမို ။              ။ ခရင်း တကယ်ပြောတာ...
ခရင်း ။          ။ တကယ်ပေါ့။ ခုပဲ အတန်းပိုင်ဆရာမ ပြောလိုက်တာ။ ကိုယ်ထောင်ချင်တဲ့ ကလပ်ကို ကျောင်းအုပ်ရုံးခန်းမှာ ဖောင်တင်လို့ရတယ်တဲ့...
မိုမို ။              ။ ဒါဆို ငါဟင်းပွဲတွေ စားရတော့မှာပေါ့နော်...
ခရင်း ။          ။ မဟုတ်ဘူး။ နင်ဝင်မှာက စာဖိုမှူးကလပ်ဆိုတော့ ချက်ရမှာလေ။ ဒါနဲ့ မိုမို၊ နင်ကဟင်းရော ချက်တတ်လို့လား...
          သူမမေးသည့် မေးခွန်းကို ပြန်ဖြေဖို့ စိတ်မ၀င်စားနိုင်ပဲ ကိုယ်အတွေးထဲမှာ ဟင်းပွဲပေါင်းစုံနှင့် စိတ်ကူးကမ္ဘာထဲ မျှောနေတဲ့ ကျွန်မကိုကြည့်ပြီ ခရင်း သက်ပြင်းချလျှက်၊
ခရင်း ။          ။ နင်ထောင်မယ့် စာဖိုမှူးကလပ်အတွက်တော့ ရင်လေးလိုက်တာ...
          ထို့နောက် စာဖိုမှူးကလပ်ထောင်ဖို့ ဖောင်တင်ရန်အတွက် ကျောင်းအုပ်ရုံးခန်းသို့ အသွား၊
မိုမို ။             ။ ဟဲဟဲဟဲ။ ငါရှယ်ဟင်းပွဲတွေ စားရတော့မယ်။ ဟဲဟဲဟဲ...
          တစ်ယောက်ထဲ သဘောကျရယ်နေမိသည်။ ကျောင်းအုပ်ရုံးခန်းသို့ သွားနေရင်းမှ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ၊
မိုမို ။             ။ အင်၊ ကျောင်းအုပ် ရုံးခန်းက တတိယထပ် ဆိုတာတော့ဟုတ်ပါပြီ။ ခရင်းပြောသလို ပြီရင် တောင်ဘက် ချိုးရမယ်ဆိုရင်...
လမ်းခွနှစ်ဖက်ကို သေသေချာ ကြည့်လိုက်ပြီ ခေါင်းကုတ်လျှက်၊
မိုမို ။             ။ ဟင်၊ ငါမှ တောင်နဲ့မြှောက် မခွဲတတ်တာ...
          ဟုငိုမဲ့ငိုမဲ့မျက်နှာဖြင့် စိတ်ပျက်စွာ ကြမ်းပြင်ပေါ်တွင် ဆောင့်ချောက်ထိုင် လိုက်တော့သည်။ ထိုချိန် ကျောင်းသူနှစ်ဦး ရီရီမောမော စကားပြောရင်း မိုမိုနားမှ ဖြတ်သွားသည်နှင့်၊
မိုမို ။             ။ ဟို ဟို...
မိုမို ။             ။ ဟို၊ ဟို၊ တောင်နဲ့မြှောက်မခွဲတတ်လို့။ လမ်းညွှန်ပေးလို့ ရမလားဟင်...
          ဟု လက်ချောင်းနှစ်ဖက်ကို တေ့၍ မရဲတရဲ မေးလိုက်သည်။
ကျောင်းသူ ။    ။ ဒါများ။ တောင်ဆိုတာ ဒီဘက်၊ မြှောက်က ဟိုဘက်...
မိုမို ။             ။ ကျေးဇူးတင်ပါတယ်...
-------------------------------------------------------------
3 comments:
  1. K-0n ဇာတ်လမ်းအဖွင့်နဲ့တူတယ်နော် :)
    မိုမိုက Yui
    ဒိုဒိုက Ui
    ခရင်းက Nodoka
    ဆံပင်ရှည်ရှည်က Mio
    ဆံပင်တိုတိုက Ritsu
    Mugi ပဲကျန်တော့တယ် :)
    Vampire ဇာတ်လမ်းကရော ဆက်မရေးတော့ဝူးလား???
    ReplyDelete
  2. ဟုတ်ကဲ့ K-on ဇာတ်ကို အခြေခံထားတာ။ ဒါပေမယ့် K-on နဲ့ ဇာတ်လမ်းခြင်း မတူဘူး။ နောက်ပိုင်း ကွဲသွားတယ်။ ဒီဇာတ်ထဲမှာ Mugi မပါဘူး။ သူအစား နောက်ဇာတ်ကောင် အသစ်တစ်ယောက်ထည့်ထားတယ်။ Vampire ကဆက်ရေးမယ်၊ ဇာတ်သိပ်မကြိုက်လို့ ပြင်ထားလို့။ နောက်မှ ပြန်အသစ်က ပြန်တင်ပေးပါ့မယ်.. အားပေးလို့ ကျေးဇူးပါတယ်..
    ReplyDelete
  3. How Ceramic vs Titanium Mean the Universe - TikTok
    Translated titanium body jewelry from the original text and translated from everquest: titanium edition Chinese. It is a very simple one to create and titanium dog teeth implants adapt in the babylisspro nano titanium spring curling iron way you micro titanium trim like.
    ReplyDelete