အခန်း-၈ ချစ်သူသစ် ရခြင်း
မုန့်စားဆင်းချိန် စားဖိုဆောင်ရှေ့တွင် ကျောင်းသားများ အလုအယှက်မုန့်များကို ၀ယ်ယူနေကြစဉ်၊
ကျောင်းသား ။ ။ ဟမ္ဘာဂါ...
ဈေးသည် မိန်းခလေး။ ။ ကုန်ပီ...
တခြားကျောင်းသား ။ ။ ပီဇာ...
ဈေးသည် မိန်းခလေး ။ ။ ကုန်ပီ...
နောက်ကျောင်းသား ။ ။ ကြက်ကြော်...
ဈေးသည် မိန်းခလေး ။ ။ ကုန်ပီ...
ရောင်းတဲ့မုန့်နဲ့ ကျောင်းသားများအရေအတွက်နှင့် မလောက်မငဖြစ်ကာ အမြဲလိုလို မုန့်များ ပျက်လပ်သွားတတ်သည်။ ကျောင်းသားတွေ စိတ်မရှည်တော့ပဲ၊
နောက်ကျောင်းသား ။ ။ ဒါဆို ဘာကျန်သေးလဲ...
ဈေးသည် မိန်းခလေး ။ ။ ထမင်းလိပ် တပွဲပဲ ကျန်ပါတော့တယ်ရှင်...
ပြန်ဖြေလိုက်ပြီ တပွဲတည်းသာ ကျန်သော ထမင်းလိပ် ကို သူတို့ ရှေ့သို့ ချပေးလိုက်သည်နှင့်၊ ကျောင်းသားအားလုံး သူသူ၊ ငါငါ အံ့ကြိတ်ကာ ထမင်းလိပ် ရရေးအတွက် တဦးနှင့်တဦး ဆော်တီးကြတော့သည်။ ထိုအဖြစ်အပျက်ကို စားဖိုဆောင်နှင့် မလှမ်းမကမ်းကနေ ကျွန်ုပ် ရပ်ကြည့်နေတော့သည်။
ပေါကြီး ။ ။ ဟေ့ကောင်တွေ ဖယ်ကြစမ်း။ ကျန်တဲ့ ထမင်းလိပ်ကို ငါကို ပေးစမ်း...
ကျောင်းသားများ ။ ။ ပေါကြီး၊ မင်းက ဘာကောင်မို့ ပေးရမှာလဲ...
ပေါကြီး ။ ။ ဒီကောင်တွေကို ချစမ်း...
ပေါကြီးက သူနောက်လိုက်များကို အမိန့်ပေးလိုက်သည်။ သူ့နောက်လိုက်များက တခြားကျောင်းသားများကို မတရားအနိုင်ကျင့်နေသည်ကို ကျွန်ုပ် ဆိတ်ဆိတ်ကြည့်နေစဉ်၊ ပေါကြီး ပြုံးပြုံးစိစိနဲ့ ထမင်းလိပ်ကို အလစ်သုတ်ရန် ကြံနေသည်ကို တွေ့လိုက်သည်နှင့်၊
ကျွန်ုပ် ။ ။ မင်းရပ်တန်းက ရပ်လိုက်...
ပေါကြီး ။ ။ မိုးဇက်၊ ဘာလဲ မင်းကပါ ထမင်းလိပ်လုတဲ့အထဲ ပါချင်လို့လား။ ရအောင် လုနိုင်ရင် ငါလက်ထဲက လာလု...
စကားကို အဆုံးမခံပဲ ပေါကြီး မျက်နှာကို ခြေထောက်ဖြင့် ဝှေ့ကန်လိုက်တော့သည်။ လေပေါ်တွင် လွှင့်စင်သွားသော ထမင်းလိပ်ကို ကျောင်းသားများ သူသူငါငါ အလုအယှက် အမိလိုက်ဖမ်းသော်လည်း မည်သူမျှ မမိပဲ ကြမ်းပြင်ပေါ်သို့၊
အသံ ။ ။ ခွမ်း...
ထမင်းလိပ် နှင့် ထမင်းလိပ်ထည့်ထားသော ပန်းကန်နဲ့အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ ကျောင်းသားအားလုံး ပါးစပ် ဟောင်းလောင်းဖြင့်၊
ကျောင်းသားအားလုံး ။ ။ ဟာ၊ သွားပါပြီ...
ကျောင်းသား ။ ။ မိုးဇက်၊ မင်းလုပ်လို့ ငါတို့ ငတ်ပြီ။ မင်းကို မကျေဘူးကွ...
နောက် ကျောင်းသား ။ ။ ဟုတ်တယ်။ မင်းနောက်တခါ ဘာမှ ၀င်ပါစရာမလိုဘူး။ ငါတို့ကိစ္စ ငါတို့ဘာသာ ရှင်းနိုင်တယ်...
အားလုံးကို မိုက်ကြည့်ကြည့်ကာ ကျွန်ုပ် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ထမင်းလိပ်များပေါ် တက်နင်းပြီ ပြန်ထွက်လာခဲ့သည်။ ဒင်းတို့ အနိုင်ကျင့်ခံနေရ၍ ကျွန်ုပ်က ၀င်ကူညီပေးသော်လည်း ကျေးဇူးမတင်သည့်အပြင် ကျွန်ုပ်အား အပြစ်တင်ကာ ဆဲဆိုကြသေးသည်။ မုန့်စားဆင်းချိန်တွင် ကျွန်ုပ်အား ကျောင်းအုပ်သစ်ကို လာတွေ့ရန် ပြောထားသဖြင့် ရုံးခန်းသို့ ထွက်လာခဲ့သည်။ ကျောင်းအုပ် ရုံးခန်းထဲ ၀င်လိုက်သည်နှင့် ကျွန်ုပ်မှာ အလွန်ပင် အံ့အားသင့်သွားတော့သည်။ ကျွန်ုပ်ဝင်မိတာ ကျောင်းအုပ်ရုံးခန်းနဲ့ အားကစားခန်းများ မှားဝင်မိသလားဟု အခန်းပြင်က ဆိုင်ပုဒ်ကို ပြန်ဖတ်ကြည့်ရသေးသည်။
ဆိုင်ပုဒ် ။ ။ ကျောင်းအုပ်ကြီး အမ်စတုန်းရုံးခန်း...
အဘယ်ကြောင့်ဆိုသော် ရုံးခန်းတွင် အလေးမသည့် အတုံးများ၊ အပြေးလေ့ကျင့်ခန်းအတွက် စက်များ၊ ကိုယ်ကာယပြထားသော ပုံများဖြင့် ပြည့်လျှံနေသောကြောင့်ပင်။ ထိုပြင် ကျောင်းသားများက အမ်စတုန်းနှင့် ပုံတူ ၁၀ပေခန့်မြင့်သော ကျောက်တုံးကြီးကို ထုလုပ်ရင်း ချွေးပြန်နေကြသည်။ အမ်စတုန်းက ကျွန်ုပ်ကို တွေ့လိုက်သည်နှင့်၊
အမ်စတုန်း ။ ။ ဟာ၊ မိုးဇက်...
ကျွန်ုပ်အား အကြောင်းမရှိပဲ အတင်းဆွဲယမ်းကာ ပြေးဖက်ထားတော့သည်။ သူအားကြီးဖြင့် ဖက်ခံရသည့်အတွက် ကျွန်ုပ်မှာ အသက်တောင် မရှုနိုင်တော့ပဲ၊ လျှာတောင် အပြာလိုက် ထွက်လာတော့သည်။
ကျွန်ုပ် ။ ။ အစ်၊ အစ်၊ ကျွန်ုပ်ကို ခင်မျာ အသေသတ်နေတာလားဗျ...
အော်လိုက်မှ အမ်စတုန်းက ပြန်လွှတ်ပေးလိုက်ပြီ၊
အမ်စတုန်း ။ ။ မင်းအကြောင်းတွေ ကြားပြီ ကတည်းက မင်းကို ငါသိပ်ခိုက်သွားပြီ...
ကျွန်ုပ် ။ ။ ဂလု...
အမ်စတုန်း ။ ။ ရှည်ရှည်ဝေးဝေး ပြောမနေဘူးကွာ။ မင်းနဲ့ ငါသမီးကို သဘောတူတယ်...
ပုံတူထုနေသော ကျောင်းသားများ ထိုစကားကို ကြားပြီ လန့်ကာ အောက်သို့ ပြုတ်ကျလာကြသည်။ ကျွန်ုပ်လည်း အလားတူ ထိတ်လန့်သွားကာ၊
ကျွန်ုပ် ။ ။ ကျွန်ုပ်နဲ့ ဆရာမလေးနဲ့ မဖြစ်နိုင်ပါဘူး...
အမ်စတုန်း ။ ။ ငါသမီးဆိုတာနဲ့ မင်းကို ဆရာမလေးနဲ့ သဘောတူတယ် ဘယ်သူပြောလို့လဲ...
ကျွန်ုပ် ။ ။ အမ်၊ ဒါဆို ဘယ်သူတုန်း...
အမ်စတုန်း ။ ။ ဒီမှာ ငါသမီး နောက်တယောက်၊ ဆရာမလေး အစ်မ...
အမ်စတုန်းက သူ့နောက်တွင် ပုန်းနေသော မိန်းခလေးကို ဂုတ်ကဆွဲမကာ ကျွန်ုပ်ရှေ့သို့ ပို့ပေးလိုက်တော့သည်။ ထိုမိန်းခလေးနဲ့ ကျွန်ုပ်တို့ တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်ရင်း၊
ကျွန်ုပ်၊ မိန်းခလေး ။ ။ အားအားအား...
ပြိုင်တူ အော်ဟစ်တော့သည်။ သူမ အော်သည့် အကြောင်းအရင်းကို ကျွန်ုပ် မသိသော်လည်း၊ ကျွန်ုပ် အော်သည့် အကြောင်းအရင်းမှာ ရနှစ်အရွယ် ကောင်မလေး ဖြစ်နေသောကြောင့်ပင်။
ကျွန်ုပ် ။ ။ ဆရာမလေး အစ်မလည်း ပြောသေးတယ် ဘာလို့ ဒီလောက် ငယ်နေရတာလဲဗျ...
အမ်စတုန်း ။ ။ ငါတို့ မျိုးရိုးက ၁၆နှစ်ထိပဲ ကြီးပြီ။ ပြီရင် ပြန်ပြန်ငယ်သွားတယ်ကွ...
ကျွန်ုပ် ။ ။ ဂစ်၊ ဂစ်၊ ဂစ်...
မူးမေ့မတတ်ကို ဖြစ်သွားတော့သည်။ အမ်စတုန်းက သူ့သမီး အကြီးမကို ကုတ်ကနေ ဆွဲမလိုက်ပြီ၊
အမ်စတုန်း ။ ။ လီလီ၊ သမီးကို ကျောင်းဝန်းတပတ် သူလိုက်ပြလိုက်လိမ့်မယ်...
ကျွန်ုပ် ။ ။ ဘာကိစ္စ ကျွန်ုပ်က လိုက်ပြရမှာလဲ။ မပြပေးနိုင်ဘူး...
အမ်စတုန်း ။ ။ ဘာပြောတယ်။ လိုက်မပြပေးနိုင်ဘူး ဟုတ်လား...
ဒေါသထွက်သည့် မျက်နှာကြီးဖြင့် အမ်စတုန်း သူ့ဘေးမှ သံတုတ်တစ်ခုကို ဆွဲမပြီ လက်နှစ်ဖက်ဖြင့်၊
အသံ ။ ။ ဖျောင်း...
ထပ်ခြမ်းချိုးပြလိုက်သည်နှင့် ကျွန်ုပ် တံတွေးကို ဂလုဟု မျိုချလိုက်ပြီ၊
ကျွန်ုပ် ။ ။ ဟဲဟဲ၊ လိုက်ပြပေးရမှာပေါ့ ကျောင်းအုပ်ကြီးရဲ့...
လီလီ ။ ။ ခစ်၊ ခစ်၊ ခစ်...
ရယ်ကာ အမ်စတုန်း ရင်ခွင်ထဲမှ ခုန်ထွက်ကာ ကျွန်ုပ်ပေါ်သို့ ခုန်တက် လိုက်တော့လေသည်။ ကျွန်ုပ်လည်း အမ်စတုန်း ကျောင်းအုပ်ကို ကြောက်၍ သဘောကောင်းချင် ယောင်ဆောင်ပြီ သူမကို ခေါ်လာတော့သည်။ ကျောင်းလမ်းကို မမှတ်မိအောင် ကွေ့ပတ်ပြီ ခေါ်လာပြီ လမ်းတ၀က်မှာ ထားခဲ့ကာ ထောင့်ချိုးတစ်နေရာတွင် ချုံပုတ်ထဲသို့ ၀င်ပုန်းနေလိုက်သည်။
လီလီ ။ ။ မိုးဇက်၊ မိုးဇက်။ လီလီကို ထားခဲ့နဲ့။ မိုးဇက်...
ငိုမဲ့ငိုမဲ့ဖြင့် အော်ကာ ကျော်ထွက်သွားမှ ချုံပုတ်က ပြန်အထွက်တွင် လူတစ်ယောက် ကျွန်ုပ် ပခုံးကို နောက်မှကိုင်လိုက်ရာ လက်ကို ချိုးလိမ်လိုက်ပြီ၊
ကျွန်ုပ် ။ ။ လီလီ၊ ခင်မျာ ကျွန်ုပ်နောက် ထပ်လိုက်ရဲ...
ပေါင်ချိန် ။ ။ အမယ်လေး၊ နာလိုက်တာ။ ငါပါကွ...
ကျွန်ုပ် ။ ။ ဘယ်လိုဖြစ်ပြီ မင်းဖြစ်နေရပြန်တာလဲ...
ပေါင်ချိန် ။ ။ မသိဘူးလေ၊ မင်းထွက်သွားတာ တွေ့လို့ လိုက်လာတာပေါ့။ ဘာလို့ ငါချည်း အမြဲခံနေရတာလဲ။ ဟိ၊ ဟိ၊ ဟိ...
ကျောင်းဆင်းချိန်ရောက်တော့ လီလီ ကျောင်းပေါက်ဝတွင် ကျွန်ုပ်ကို ရပ်စောင့်နေသဖြင့် ပေါင်ချိန်ကို လက်တို့ကာ တစ်ခြားတံခါးပေါက်မှ လစ်ထွက်လာစဉ်၊
အမ်စတုန်း ။ ။ မိုးဇက်...
ခေါ်သံ ကြားလိုက်သည်နှင့် ကျွန်ုပ် တံတွေးကို မျိုချလိုက်မိသည်။
ကျွန်ုပ် ။ ။ ဂလု...
လှည့်ကြည့်ရာ အမ်စတုန်းက ဘေ့စ်ဘောဝတ်စုံဖြင့် ဘေ့စ်ဘောဘော်လုံး များကို လေပေါ်မြှောက်ပြီ တုတ်ဖြင့် လွှဲရိုက်ရန် ချိန်ထားသဖြင့်၊
ကျွန်ုပ်၊ ပေါင်ချိန် ။ ။ အားအား...
အသံ ။ ။ ဒေါင်...
လီလီ ။ ။ ခစ်၊ ခစ်၊ ခစ်...
နောက်မှ ကျွန်ုပ်ကို ထိမှန်သော ပစ္စည်းမှာ ဘေ့စ်ဘောဘော်လုံးမဟုတ်ပဲ ကားသော့ ဖြစ်နေတော့သည်။ ကျောင်းအုပ်သစ် အမ်စတုန်းက ကားသော့ဖြင့် ပစ်ပေါက်ပြီ သူ့ဘေ့ဘောဘော်လုံးနဲ့ တုတ်ယူကာ ထွက်ပြေးသွား လေတော့သည်။ ပေါင်ချိန်က ကားသော့ကို ကောက်လိုက်ရင်း၊
ပေါင်ချိန် ။ ။ မိုးဇက် ဒီကားသော့က ဘာလုပ်ရမှာလဲ...
စစချင်း ဒီကားသော့ ဘာလို့ ပေးသွားသည်ကို နားမလည်ပဲ၊ ကြည့်နေမိသေးသည်။ နောက်မှ သတိရသွားပြီ ကားသော့ကို ပေါင်ချိန်နဲ့ ကျွန်ုပ် အပြန်အလှန် ပေါ့ပင် ပုတ်ကြတော့သည်။ ထိုချိန် ဆရာမလေး ကျွန်ုပ်တို့ နားသို့ ရောက်လာပြီ၊
ဆရာမလေး ။ ။ ဟို၊ ဟို၊ မိုးဇက်နဲ့ပေါင်ချိန် ဘယ်သူက ဆရာမတို့ကို အိမ်ပြန်ပို့ပေးမှာလဲဟင်...
ပေါင်ချိန်နဲ့ ကျွန်ုပ် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လက်ညှိုးထိုးရင်း၊
ကျွန်ပ် ၊ ပေါင်ချိန် ။ ။ သူ...
နောက်ဆုံးတော့ ကျွန်ုပ်တို့ ကားဖြင့် လိုက်ပို့ပေးရတော့သည်။ တလမ်းလုံး ကားမောင်းနေသော ကျွန်ုပ်ကို နောက်မှန်က လီလီက မျက်နှာမျိုးစုံဖြင့် ပြောင်ပြကာ၊
လီလီ ။ ။ ခစ်၊ ခစ်၊ ခစ်...
ကားမောင်းရင်း ကျွန်ုပ် ဒေါခွီနေမိသည်။
ဆရာမလေး ။ ။ မမကလည်း သူများကားမောင်းတာ အနှောင့်ယှက်ဖြစ်ပါတယ်...
လီလီ ။ ။ ခစ်၊ ခစ်၊ ခစ်။ သူက ချောတာကိုး။ ခစ်ခစ်ခစ်...
ကျွန်ုပ် ခေါင်းမှ အငွေ့များ တဆူဆူ ထွက်လာတော့သည်။ လမ်းတ၀က်ရောက်တော့၊
ဆရာမလေး ။ ။ ဟို၊ ဆရာမကိုလေ တက္ကသိုလ်ရှေ့မှာ ချခဲ့ပေး။ မမကိုပဲ အိမ်ပြန်ပို့ ပေးလိုက်နော်...
ကျွန်ုပ် ။ ။ ဟုတ်၊ စိတ်ချပါ...
ဟုပြောကာ ကားကို လမ်းဘေးတွင် ချရပ်လိုက်တော့သည်။ ဆရာမလေး ကားပေါ်မှ ဆင်းသွားသည်နှင့် ကျွန်ုပ် နောက်ခန်းမှာ ထိုင်နေသော လီလီကို ချက်ချင်းလှည့်ကြည့်လိုက်ပြီ၊
ကျွန်ုပ် ။ ။ ခုချက်ချင်း၊ ကားပေါ်က ဆင်းစမ်း...
လီလီ ။ ။ ခစ်၊ ခစ်၊ ခစ်...
ကျွန်ုပ် ။ ။ ရယ်မနေနဲ့။ ခင်မျာကို ကျွန်ုပ် အတည်ပြောနေတာ။ ဆင်းစမ်း...
လီလီ ကျွန်ုပ်အား ကြည့်ရင်း ကြည့်ရင်းနဲ့ ငိုမဲ့၊ ငိုမဲ့ ဖြစ်လာကာ၊
လီလီ ။ ။ ဟိ၊ ဟိ၊ ဟိ...
အော်ကြီးဟစ်ကျယ်ဖြင့် ငိုကြွေးတော့သည်။ ဆရာမလေး ကြားသွားမည် စိုး၍ ကျွန်ုပ်နှင့် ပေါင်ချိန် သူမပါးစပ်ကို အတင်းဝိုင်းပိတ်ကြတော့သည်။ ထိုချိန်တွင် လူတစ်ယောက် ကားမှန်တံခါးကို လာခေါက်သဖြင့် အလန့်တကြား ကြည့်လိုက်ရာ အလွန်မှ ပုံထူသော မျက်မှန်အကြီးကြီးကို ၀တ်ဆင်ထားသော အသက် ၅၀ခန့် တက္ကသိုလ် ဆရာ အိုင်တင်ဖြင့် လူကြီးတစ်ယောက်ကို ရပ်နေသည်။ ကျွန်ုပ် ကားမှန်ကို ချလိုက်ပြီ၊
ကျွန်ုပ် ။ ။ ဘာကိစ္စ ကျွန်ုပ်ကားမှန်ကို လာခေါက်နေတာလဲ အဘိုးကြီးရဲ့...
လူကြီး ။ ။ ဟို ကျွန်ုပ်က ဟိုဟာ...
ကျွန်ုပ် ။ ။ ထစ်ထစ်ငေါ့ငေါ့၊ လုပ်မနေနဲ့ ပြောစရာ မရှိရင်သွား...
လူကြီး ။ ။ ဟိုလေ ဒီက လီလီနဲ့ စကားပြောချင်လို့ပါ...
ခပ်ပိန်းပိန်း လူကြီးက လီလီကို သိနေသဖြင့် ကျွန်ုပ် အနည်းငယ် ထူးဆန်းသွားသေးသည်။ နောက်ခန်းကနေ လီလီ ပြေးဆင်းသွားကာ ထိုလူကြီး နှင့် ရင်းရင်းနှီးနှီး စကားပြောနေတော့သည်။
လူကြီး ။ ။ လီလီ၊ ကိုယ်ကို ဘာလို့ ရှောင်နေတာလဲဟင်...
လီလီ ။ ။ တို့မှာ တို့အကြောင်းနဲ့တို့ပါ...
ထိုလူကြီးမှ လီလီလို့ ရင်းရင်းနှီးနီး ခေါ်လိုက်သဖြင့် ကျွန်ုပ် အနည်းငယ် အံ့အားသင့်သွားတော့သည်။ သူတို့ စကားပြောနေတုန်း ကျွန်ုပ်အတွက် ကွင်ပဲဟု တွေးရယ်ကာ ကားမောင်း ထွက်ပြေးတော့သည်။
ပေါင်ချိန် ။ ။ မိုးဇက်၊ ဟို ဟိုဟို...
ကျွန်ုပ် ။ ။ ဘာလဲကွ...
ပေါင်ချိန် ။ ။ ဟို နောက်ကြည့်မှန်မှာ...
ဟုပေါင်ချိန်အော်ဟစ်သဖြင့် နောက်ကြည့်မှန်ကို ကြည့်လိုက်ရာ လီလီ ကျွန်ုပ်တို့ ကားနောက်ခန်းတွင် ပါလာသေးသဖြင့်၊
လီလီ ။ ။ ခစ်၊ ခစ်၊ ခစ်...
ကျွန်ုပ်၊ ပေါင်ချိန် ။ ။ အားအားအား...
ပြိုင်တူ အော်ဟစ်တော့သည်။ လီလီက နောက်ခန်းမှ ရယ်ကာ ကျွန်ုပ်တို့ကို ဟားတိုက် နေတော့သည်။ သူကိုလည်း ဘယ်လိုမှ မောင်းချ၍ မရတဲ့အဆုံး ကားကို လမ်းလယ်တွင် ရပ်ထားလိုက်ပြီ ဆိုင်တစ်ခုထဲတွင် ၀င်ထိုင်လိုက်ကြသည်။
ကျွန်ုပ် ။ ။ နေပါအုန်း။ ခုနက လူကြီးက ခင်မျာနဲ့ တော်တော်ရင်းနှီးပုံပဲ။ သူက ဘယ်သူလဲ...
လီလီ ။ ။ လီလီရဲ့ အချစ်ဟောင်းကြီးပါ။ ဒါတွေက ပြီခဲ့ပါပြီ...
ကျွန်ုပ်၊ ပေါင်ချိန် ။ ။ ဘာ ဒီအဘိုးကြီးက ခင်မျာ ချစ်သူ။ ဂစ်... ဂစ်... ဂစ်...
ထိုနေရာတွင်ပင် မူးမေ့မတတ် ဖြစ်သွားတော့သည်။ နောက်မှ လီလီရှင်းပြမှ အကြောင်းစုံကို သိတော့သည်။ လီလီက မပီကလာ၊ ပီကလာ အသံဖြင့်၊
လီလီ ။ ။ လီလီနဲ့ သူနဲ့က ငယ်ငယ်ကတည်းက သိပ်ချစ်ကြတဲ့ ချစ်သူတွေပေါ့။ တစ်နေ့မှာ ဒါကို ဖေဖေ သိသွားပြီ သွေးစုတ်ဖုတ်ကောင်နဲ့ လူနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပြီ လမ်းခွဲခိုင်းခဲ့ကြတယ်လေ...
ကျွန်ုပ် ။ ။ ခင်များကိုယ် ခင်မျာ သွေးစုတ်ဖုတ်ကောင်လို့ ပြောလိုက်တာများလား...
မေးခွန်းမေးလိုက်ရာ လီလီ မျက်လုံး မျက်စံပြူးဖြင့်၊
လီလီ ။ ။ ဟင်၊ ပြောမိလို့လား...
ကျွန်ုပ်နှင့် ပေါင်ချိန် ခေါင်းညိတ်ပြလိုက်သည်။ လီလီ မျက်လွှာလေးကို အောက်သို့ ချရင်း အားငယ်သော အသံလေးဖြင့်၊
လီလီ ။ ။ မပြောဘူးလို့ပဲ သဘောထားလိုက်ပါ...
ကျွန်ုပ်၊ ပေါင်ချိန် ။ ။ မရဘူး။ ပြောပြီစကား ပြန်ပြင်ရိုးထုံးစံ မရှိ...
လီလီ ။ ။ လီလီတို့တွေ ချစ်ရဲ့နဲ့ လမ်းခွဲခဲ့ကြပေမယ့် တစ်ယောက်ကို တစ်ယောက် ဘယ်လိုမှ မမေ့နိုင်ခဲ့ကြဘူးလေ။ နှစ်ယောက်စလုံးက သေကြောင်းကြံမယ်လို့ လီလီချစ်သူ ကောင်လေးက အကြံရလာတယ်။ သို့သော် ဒီအကြံကို လီလီက လုံးဝ လက်မခံခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီလီက သွေးစုတ်ဖုတ်ကောင် ဖြစ်တာမို့ မသေနိုင်လို့လဲ။ ဒီလိုနဲ့ လီလီချစ်သူ ကောင်လေးက တက္ကသိုလ်ကျောင်းဆရာ လူလတ်ပိုင်း ရောက်လာသော်လည်း လီလီကတော့ ကလေးက ကလေးပင်။ နောက်ပိုင်း ခုတွေ့တဲ့ တက္ကသိုလ်ပါမောက္ခ လူကြီး အရွယ်ရောက်လာပြန်လည်း လီလီက ကလေးက ကလေးပင် ဖြစ်နေတော့သည်။ လီလီနဲ့ သူနဲ့ ဘယ်တော့မှ နီးစပ်ခွင့်ရတော့မှာ မထင်ပါဘူး။ ဟိ၊ ဟိ၊ ဟိ...
ပေါင်ချိန် ။ ။ ခင်မျာ ဇာတ်လမ်းကြီးက Twist Light ရုပ်ရှင်ဇာတ်ကားကြီး အတိုင်းပဲ အရမ်းထိတယ်ဗျာ။ ဟိ၊ ဟိ၊ ဟိ...
အသံ ။ ။ ဒေါင်...
ပေါင်ချိန်ခေါင်းကို ခေါက်ချလိုက်ပြီ၊
ကျွန်ုပ် ။ ။ မင်းက ဘာလို့ အချောင် ၀င်ငိုနေတာလဲ...
လီလီနဲ့ ကျွန်ုပ်တို့ ဒီလိုနဲ့ မိတ်ဆွေတွေ ဖြစ်သွားကြသည်။ ခဏနေတော့ လီလီက သွေးစုတ်ဖုတ်ကောင် ဆိုသည်ကို ကျွန်ုပ်သတိရသွားပြီ အကြံ တစ်ခု ပေါ်လာပြန်သည်။ သေမင်းက ကျွန်ုပ်အား သွေးစုတ်ဖုတ်ကောင်ကို သတ်ပေးနိုင်လျှင် အသက်ရှင်ခွင့် ပေးမည်ဟု ကတိပေးထားခဲ့သည်။ သူစကားထဲတွင် ဆရာမလေးကို သတ်မှလို့ မပြောထားသဖြင့်၊ ဘယ် သွေးစုတ်ဖုတ်ကောင်ကို မဆို ကျွန်ုပ်သတ်နိုင်သည်ဟု အကြံရလာ၍၊
ကျွန်ုပ် ။ ။ ခင်မျာ မနက်ဖြန် မနက်အားလား...
လီလီ ။ ။ ခစ်၊ ခစ်၊ ခစ်။ ဒါ date လုပ်နေတာလားဟင်...
ကျွန်ုပ် ။ ။ ဆိုပါတော့...
လီလီ ။ ။ ဒါဆို လီလီနဲ့ မိုးဇက်က ချစ်သူတွေ ဖြစ်သွားပြီပေါ့။ ခစ်၊ ခစ်၊ခစ်၊ အားပွါး...
ကျွန်ုပ်အား အမြန်ဖက်နမ်းပြီ ထွက်ပြေးသွား လေတော့သည်။ ရုတ်တရက် အနမ်းခံလိုက်ရသဖြင့် ကြောင်တောင်တောင် ဖြစ်သွားပြီမှ သူမနမ်းသွားသော ပါးကို ဆပ်ပြာ၊ အက်စစ်ရည်တို့ဖြင့် တိုက်ဆေးတော့သည်။ ပေါင်ချိန် ကျွန်ုပ်ကို သေသေချာချာ စိုက်ကြည့်ရင်း၊
ပေါင်ချိန် ။ ။ မိုးဇက်၊ မင်း ခေါင်းများ ထိထားသေးလား...
ကျွန်ုပ် ။ ။ ဘာဖြစ်လို့လဲ...
ပေါင်ချိန် ။ ။ မင်း လီလီနဲ့ ချစ်သူလုပ်မလို့ ဆိုတာ မလွန်းလွန်း အားကြီး ဘူးလားကွာ။ ဆရာမလေးကမှ တော်အုန်းမယ်...
ကျွန်ုပ် ။ ။ မင်း၊ ဘာမှ မသိရင် ပါးစပ်ပိတ်ထား။ ငါလုပ်နေတာ ငါသိတယ်ကွ...
ကျွန်ုပ် ဒီလိုနဲ့ ချစ်သူသစ်ရပြီ မနက်ဖြန် မရောက်ခင် လိုအပ်မယ့် အစီအစဉ်များ ဆွဲရန် သေမင်းရှိရာသို့ ထွက်ခွာလာခဲ့သည်။
---------------------------------------------------------
ဆက်ရန်
ဆက်ရန်
Cool!
ReplyDeleteဖတ်သွားပါသည် :)
ReplyDeleteCan't wait to read more. Plz continue.
ReplyDeleteVampire ချစ်သူ အရမ်းကြိုက်တယ်။
ReplyDeleteThanks to all!! :D
ReplyDeletetwist light ဆိုတာ twilight ဇာတ်ကားကိုပြောချင်တာထင်တယ်။ အရမ်းကောင်းပါတယ်။ ဆက်ပြီးစောင့်မျှော်နေပါတယ်။ Thank you အမ၀တ်ရည်
ReplyDeletemin ga lar par,i borned 1983 in myeik,now lived in tokyo,myeik myo set a nay net di loud taw ded for many gon you par tal naw.my name is zinthu,
ReplyDeleteThanks.... :D
ReplyDelete