(အခန်း-ရ) ယမမင်းကို ဆင့်ခေါ်ခြင်း
ကျောင်းသားများ အုံ့လိုက်ကျင်းလိုက် ကျွန်ုပ်ဆီသို့ တန်းတန်းကြီး ပြေးလာစဉ်၊ မြေငလျင် လှုပ်လိုက်သလိုပင် တစ်ကျောင်းလုံး တုပ်တုပ်ခါယမ်း သွားတော့သည်။ ကျွန်ုပ်တို့ အားလုံးပင် မြေပြင်နှင့် ၅ပေအကွာလောက်ထိ အားဟုအော်ရင်း မြှောက်တက်သွားပြီမှ အောက်သို့ ပြန်ပြုတ်ကျလာကြသည်။
ကျောင်းသားများ ။ ။ အားယိုယို...
အော်ဟစ်ကာ မအီမသာ ဖြစ်ကုန်ကြသည်။ ပေါင်ချိန်ကလည်း ကျောင်းထဲဝင်လာပြီ ကျွန်ုပ်နောက်မှာ လာပုန်းနေသည်။ ထိုချိန်တွင် ကြောက်မက်ဖွယ်ရာ အသံဘြကြီးတစ်ခု ထွက်ပေါ်လာပြီ၊
အမျိုးသား ။ ။ မင်းတို့အားလုံး ဘာဖြစ်နေကြတာလဲကွ...
ဟုအော်လိုက်သူမှာ အရပ် ရပေလောက်ရှိပြီ ဗလကြီးဖြင့် အင်ယာမလူထွားကြီး ဖြစ်နေတော့သည်။ သူကို မြင်ပြီ ကျောင်းသားအားလုံး ထိတ်လန့်ကာ ကြက်သီးဖျန်းဖျန်း ထလာကြသည်။
ကျောင်းသားများ ။ ။ အား၊ ဘယ်သူကြီးလဲဟ...
ပေါင်ချိန် ။ ။ မိုးဇက် ငါကြောက်တယ်...
ကျွန်ုပ် ။ ။ မင်းက အရေးထဲ...
ထိုချိန်တွင် ဆရာမလေးက ထိုလူထွားကြီးဘေးသို့ ချက်ချင်း ရောက်သွားပြီ၊
ဆရာမလေး ။ ။ သူက မြို့နယ်ပညာရေးမှူးဖြစ်ပြီ ဒီကျောင်းမျာ လစ်လပ်နေသော ကျောင်းအုပ်ရာထူးအတွက် ယာယီတာဝန်ယူမယ့် အမ်စတုန်းပဲ ဖြစ်ပါတယ်...
ဟု ပြောလိုက်ရာ အမ်စတုန်းက သူအပေါ်ကုတ်အကျီင်္ကို ဆွဲချွတ်လိုက်ပြီ သူ၏ဗလများကို ညှစ်ထုတ်၍ ကျောင်းသားများကို ကိုယ်ကာယပြတော့သည်။
ကျောင်းသားအားလုံး ။ ။ ကျောင်းအုပ်သစ်တဲ့ကွ....
ရွစိရွစိ ဖြစ်ကုန်ကာ တဆစ်ဆစ်တုန်အောင် ကြောက်လန့် နေကြသည်။
ဆရာမလေး ။ ။ ပြီတော့ အမ်စတုန်းဟာ ကျောင်းအုပ်ဖြစ်တဲ့အပြင် ဆရာမလေးရဲ့ အဖေလည်း ဖြစ်ပါတယ်....
ကျွန်တော်၊ ပေါင်ချိန် ။ ။ ဂစ်၊ ဂစ်၊ ဂစ်...
အော်ကာ ထိုနေရာတွင်ပင် မေ့လှဲသွားတော့သည်။ ထိုချိန်တွင် ပေါကြီးတစ်ယောက် ကျောင်းသားများ ကြားမှ အတင်းတိုးထွက်လာပြီ၊
ပေါကြီး ။ ။ ကျောင်းအုပ်ကြီးကို ကျွန်တော် ပေါကြီးမှ ကြိုဆိုပါတယ်ဗျာ။ ဟေ့ကောင်တွေ ဘာလုပ်နေကြတာလဲ။ ကျောင်းအုပ်ကို လက်ဆောင်ဆက်သလိုက်လေ...
သူ၏ တပည့်များက အသင့်ပါလာသော လက်ဆောင်များကို အပြေးအလွှား သယ်လာ ကြတော့သည်။ ကျောင်းအုပ်က မျက်ခုံးကို တဖက်ပင့်၍ သူတို့ကို ခါးထောက်၍ သေချာ စိုက်ကြည့်နေသည်။ ပေါကြီးက ကျွန်ုပ်အား လက်ညှိုးထိုးလိုက်ပြီ၊
ပေါကြီး ။ ။ ကျောင်းအုပ်ကြီး ဒီကောင်၊ မိုးဇက်ကို အရေးယူပေးပါခင်မျာ။ ဒီကောင် အပြစ်တွေ ဘယ်လောက်ကြီးမား သလဲဆိုရင် အရင်ကျောင်းအုပ် သေရတာ ဒီကောင်ကြောင့်ပါ၊ ဟိ၊ ဟိ၊ ဟိ ကျောင်းအုပ်ရဲ့။ ဒါတွေ မကသေးပဲ ပေါင်ချိန်ကို ကားရှေ့တွန်းတာရော၊ ကျွန်တော်ကိုလည်း မတရား အနိုင်ကျင့်ပါတယ်။ ဒီအပြင် ကျောင်းသားအားလုံးကိုလည်း အမြဲဗိုလ်ကျစော်ကားပါတယ် ကျောင်းအုပ်။ ဒီအတွက် တရားမျှတအောင် ဆောင်ရွက်ပေးပါ...
ဟန်ဆောင်ငိုကြွေးကာ တိုင်တန်းရင်း ကျောင်းအုပ်လက်ထဲသို့ လက်ဆောင်များကို အတင်း ထိုးထည့်တော့သည်။ ပေါကြီး နောက်လိုက်များက ထောက်ခံသည့်အနေဖြင့်၊
နောက်လိုက်များ ။ ။ မိုးဇက်ကို အရေးယူပေးပါ၊ မိုးဇက်ကို အရေးယူပေးပါ...
ပြိုင်တူ အော်ဟစ်ကာ တောင်းဆိုကြသေးသည်။ ကျွန်ုပ်ကို ဒီလောက်ထိ သူတို့တွေ မုန်းတီးနေတာကို တွေ့ပြီ စိတ်ထဲ မသက်မသာ ဖြစ်နေမိသည်။ မျက်မှောင်တစ်ချက်ကုတ် လိုက်ကာ ပေါကြီးတော့ ထပ်နာချင်နေပြီနဲ့ တူတယ်ဟု ကျွန်ုပ် ကြိမ်းဆဲလိုက်မိသည်။ အမ်စတုန်းက ကျွန်ုပ်ဘက်သို့ လှည့်လာပြီ ကျောင်းအလံတိုင်ကြီးကို သူအားကြီးဖြင့် ဆွဲမလိုက်ရာ အောက်မှ အင်ကတေအတုံးကြီးပင် ပါလာတော့သည်။ ထို ကျောင်းအလံတိုင်ကို ထက်ခြမ်းချိုးလိုက်သည်နှင့် ကျွန်ုပ် တံတွေးတချက်မျိုချ လိုက်မိတော့သည်။
ကျွန်ုပ် ။ ။ ဂလု...
ဒီအမ်စတုန်းနဲ့တော့ ချရမှာ သိပ်မလွယ်ဘူးဟု တွေးကာ ချွေးစီးချွေးပေါက်များပင် ကျလာတော့သည်။
အမ်စတုန်း ။ ။ မိုးဇက် ဆိုတာ မင်းလား...
ကျွန်ုပ်အားမေးလိုက်ရာ မျက်လုံးများပင် အနည်းငယ် ပြာနှမ်းသွားတော့သည်။ ပေါကြီးက ဘေးမှ ပြုံးစိစိဖြင့် တော်တော် ကျေနပ်နေပုံရသည်။ လက်ဖြင့် ကျလာသော ချွေးများကို သုတ်လိုက်ပြီ၊ ကျွန်ုပ် အနည်းငယ် အားပြန်တင်းကာ၊
ကျွန်ုပ် ။ ။ ဟုတ်တယ်။ မိုးဇက်ဆိုတာ ကျွန်ုပ်ပဲ...
အမ်စတုန်း ။ ။ မင်းလို သတ္တိရှိတဲ့ကျောင်းသားမျိုးကို ငါကြိုက်တယ်...
ပြန်ပြောလိုက်ရာ ကျောင်းသားအားလုံး ဟင်၊ ဟာခနဲ ဖြစ်သွားကြသည်။ ပေါကြီးက သူပြောသည့်အတိုင်း ကျွန်ုပ်ကို အရေးမယူသဖြင့် မကျေနပ်သော လေသံဖြင့်၊
ပေါကြီး ။ ။ ကျောင်းအုပ်၊ ဒီမိုးဇက်က ကျောင်းလူမိုက်ပါ။ ဘာလို့ သူကို အရေးမယူ ရတာလဲ...
အမ်စတုန်းက ကျွန်ုပ်ကို မချပဲ၊ သူ့ဘေးမှ ပေါကြီးကို ကုတ်ကဆွဲမ၍ အဝေးသို့ ပစ်ပေါက်လိုက်လေတော့သည်။
အမ်စတုန်း ။ ။ ယောကျာ်းလေးဖြစ်ပြီ အတိုင်းအတော်ထူတဲ့ကောင်ကို ငါအမုန်းဆုံးပဲ။ ဘယ်သူ တိုင်ချင်သေးလဲကွ...
ဟုအော်လိုက်ရာ ပေါကြီးနောက်လိုက်အားလုံး လစ်ခနဲနေအောင် ထွက်ပြေး သွားကြတော့သည်။ ခဏနေတော့ ဆရာမလေးနဲ့အတူ ကျောင်းအုပ်ရုံးခန်းထဲသို့ ပြုံးရွှင်စွာ ၀င်သွားကြသည်။ ကျွန်ုပ်နဲ့ပေါင်ချိန်လည်း အလျင်အမြန် သေမင်းကို လိုက်ရှာတော့သည်။ ကျောင်းသန့်ရှင်းရေး လုပ်သည့်အခန်းတွင် သေမင်းတစ်ယောက် သန့်ရှင်းရေးသမားဝတ်စုံဖြင့် အလွန်ကြီးမားသော စက်ကြီး တစ်ခုရှေ့တွင် ထိုင်ကာ အလုပ်ရှုတ်နေတော့သည်။ ထိုစက်ကြီးတွင် မော်နီတာ အမြှောက်အမြားပင် တပ်ဆင်ထားသေးသည်။ သူ့ဘေးတွင် အမဲကောင်ကလည်း မျက်လုံး မျက်စံပြူးဖြင့် သရေတဖျန်းဖျန်းကျကာ မော်နီတာများကို အလုအယက်ကြည့်နေတော့သည်။ အဖြူကောင်ကတော့ မျက်နှာညှိုးငယ်စွာ နောက်ကျောပေး ထိုင်ကာ သက်ပြင်းတွေ ချနေတော့သည်။
ကျွန်ုပ် ။ ။ သေမင်း၊ ခင်မျာကျမ်းစာအုပ်ထဲမှာ ရေးထားတော့ နှလုံးကို ဓားနဲ့ထိုးရင် သွေးစုတ်ဖုတ်ကောင်က သေတယ်ဆို။ ခုကျွန်ုပ်သတ်တာ သေလည်း မသေပါ့လားဗျ...
သေမင်းက ကျွန်ုပ်ပြောသည်ကို နည်းနည်းလေးမျှပင် အရေးမလုပ်ပဲ မော်နီတာများကိုသာ သဲကြီးမဲကြီး ကြည့်နေပြီ၊
သေမင်း ။ ။ ဘယ်သိပါ့မလဲ...
ကျွန်ုပ် ဒေါသမီးလျံတွေ ဖြန်းထွက်လာကာ စိတ်ဆိုး၍၊
ကျွန်ုပ် ။ ။ ခင်မျာက သေမင်းပဲ။ အားလုံးကို သိရမှာပေါ့။ ကျွန်ုပ်ပြောနေတာကို ခင်မျာ အရေးမစိုက်ဘူးဆိုတဲ့ သဘောလား။ ခင်မျာ စက်စုတ်ကြီးက ဘာအရေးကြီးလို့လဲ...
သေမင်း ။ ။ ငါ ထွင်ထားတဲ့စက်ကြီးက နောက်ဆို ကမ္ဘာသမိုင်းဝင်မှာကွ။ ဒီစက်က ဘယ်လောက်ကောင်း သလဲဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ မိန်းခလေး အိပ်သာတွေ အားလုံးကို ကြည့်လို့ရတယ်၊ ၀ူးဟားဟားဟား...
ဟုပြောလိုက်သဖြင့် ကျွန်ုပ်နောက်တွင် ပုန်း၍ ပါလာသော ပေါင်ချိန်တောင် ခုန်ထွက်လာကာ၊
ပေါင်ချိန် ။ ။ ကျွန်တော် လည်း ကြည့်ချင်တယ်...
အသံ ။ ။ ဒေါင်...
ပေါင်ချိန်ခေါင်းကို ခေါက်ချလိုက်ပြီ ဒေါကြီးမောကြီးဖြင့်၊
ကျွန်ုပ် ။ ။ သေမင်း၊ ခင်မျာ တော်တော်ကို လွန်းတယ်။ တော်ပြီ ခင်မျာနဲ့ ကျွန်ုပ် အလုပ်တွဲမလုပ်တော့ဘူး။ ကျွန်ုပ်ကို သတ်ချင်ရင် လာသတ်လိုက်တော့...
စိတ်ဆိုးကာ ထွက်လာမှ ပေါင်ချိန် နောက်မှ အော်ဟစ်ကာ လိုက်လာတော့သည်။ လမ်းတ၀က်တွင် သေမင်းပြန်ပေါ်လာပြီ ဒီတစ်ခါတော့ အမဲရောင် ကုတ်အင်္ကျီအရှည်ကြီးနဲ့ပင်၊
သေမင်း ။ ။ နေပါအုန်းဗျ...
ကျွန်ုပ်ရှေ့တွင် ပိတ်ရပ်လိုက်တော့သည်။
သေမင်း ။ ။ ခင်မျာ ပြောတာကို ကျွန်ုပ်လည်း စဉ်းစားမိတယ်။ ဆရာမလေး ဓားနဲ့ထိုးတာတောင် မသေရတဲ့ အကြောင်းအရင်းကို ကျွန်ုပ်လည်း သေချာ မသိတော့။ ယမမင်းဆိုရင်တော့ သိကောင်းပါရဲ့။ ယမမင်းကို ကျွန်ုပ် ဆင့်ခေါ်လိုက်မယ်...
ပေါင်ချိန် ။ ။ ဟင်... ယမမင်း၊ ဂစ်... ဂစ်... ဂစ်...
မေ့လှဲကျသွားတော့သည်။ ကျောင်းခန်းလွှတ်တစ်ခုထဲတွင် ကျွန်ုပ်တို့ နေရာယူလိုက်ကြသည်။ ယမမင်းကို အခေါ်လွှတ်ရန် ဧရာမ ဖယောင်းတိုင်ကြီး နှစ်တိုင်ကို ထွန်း၍ သေမင်းက ရှေးဟောင်းစာအုပ်ကြီးကို ဖတ်ကာ၊
သေမင်း ။ ။ အုံ့ဖွ၊ အုံ့ဖွ၊ ယမမင်းပေါ်စေ...
အော်သော်လည်း ဘယ်သူမှ မပေါ်လာပေ။ သေမင်းက နောက်တဖန်၊
သေမင်း ။ ။ အုံ့ဖွ၊ အုံ့အုံ့အုံ့ဖွ၊ ယမမင်းပေါ်စေ...
ထပ်အော်ပြန်ရာ ယမမင်းမပြောနဲ့ ခြင်တစ်ကာင်တောင် မပေါ်လာသည်နှင့် ကျွန်ုပ်စိတ်မရှည်တော့ပဲ၊
ကျွန်ုပ် ။ ။ ခင်မျာ၊ ယမမင်းနဲ့ ငရဲသားကို မှားပြီ ဖိတ်ခေါ်နေတာများလား... သေမင်း ။ ။ ကျွန်ုပ် လှိုဝှက်ကုဒ်မေ့သွားလို့ပါဗျ။ ခဏ...
သူကုတ်အကျီင်္ထဲမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ကာ ကျွန်ုပ်မမြင်ရအောင် လက်ဖြင့်ကွယ်၍ ကြည့်ပြီ ပြန်ပိတ်လိုက်သည်။ ဒီတစ်ခါတော့၊
သေမင်း ။ ။ မအုံ့တအုံ့ မဖွတဖွ၊ ယမမင်း မပေါ်တပေါ် ပေါ်စေ...
အော်လိုက်ရာ အခန်းတစ်ခုလုံး အငွေ့များမြူးတွေအလား အုံ့စိုင်းသွားတော့သည်။
ပေါင်ချိန် ။ ။ မိုးဇက်၊ တကယ်ပေါ်လာပြီထင်တယ်ကွ။ ကြောက်တယ်...
အငွေ့များကြားမှ ယမမမင်းဟု ထင်ရသူ ကိုလည်း တွေ့လိုက်ရော၊
ကျွန်ုပ် ။ ။ ဟာ၊ ၀တုတ်ကြီး၊ ၀တုတ်ကြီးဟ...
အက်စ်လက်သီးချင်းကိုပင် ယောင်းမှားကာ အော်ဆိုမိတော့လေသည်။ ယမမင်းက နှာချောင်းချွန်ချွန်၊ ဗိုက်ကြီး အင်ယာမသဖွယ် ကြီးမာပြီ အကောင်ကြီးလွန်းလို့ သူတစ်ယောက်ထဲဖြင့် တခန်းလုံးကို ပြည့်လျှံသွားတော့သည်။
သေမင်း ။ ။ ကျွန်ုပ် သေမင်း၊ ယမမင်းကို ဂါရ၀ပြုပါတယ်...
ယမမင်း ။ ။ သေမင်း၊ မင်း ငါကို ဆင့်ခေါ်တာနဲ့ အတော်ပဲကွ။ ငါမင်းကို တွေ့ချင်နေတာ။ မင်းကို နောက်ထပ် ခွင့်ရက်ရှည် ပေးဖို့ ငါထပ်စဉ်းစားထားတယ်...
သေမင်း မိုးကြိုးပစ်ခံရသလို ဆံပင်အားလုံး ထောင်ထွက်သွားကာ ပျာပျာသလဲလဲဖြင့်၊
သေမင်း ။ ။ ကျွန်ုပ်အတွက် ခွင့်ရက်ရှည် မလိုဘူးလို့ ဘာနှခါ ပြောရမလဲ။ ကျွန်ုပ်အတွက် လိုတာ မိန်း...
ယမမင်း ။ ။ မသိဘူး။ ငါပေးနိုင်တာကို ငါပေးတာပဲ...
သေမင်း ခေါင်းငိုက်စိုက်ကျကာ အတော်ကိုပင် စိတ်ပျက်သွားပုံရသည်။
ယမမင်း ။ ။ ဒါနဲ့ မင်းငါကို ဆင့်ခေါ်တာ ဘာအကြောင်းထူးလို့လဲ...
သေမင်း ။ ။ ကျွန်ုပ် ယမမင်းကို အရေးကြီး မေးစရာ တစ်ခုရှိလို့ပါ။ သွေးစုတ်ဖုတ်ကောင် တစ်ကောင်၏ နှလုံးကို ဓားဖြင့် ထိုးသတ်တာတောင် မသေရတဲ့ အကြောင်းအရင်းကို သိချင်လို့ပါ....
ယမမင်း သေချာ စဉ်းစားနေပုံဖြင့်် မေးစေ့ကို လက်ဖြင့် ပွတ်သက်ရင်း၊
ယမမင်း ။ ။ အင်း၊ ငါလည်း ဘယ်သိပါ့မလဲ...
ဟုပြန်ဖြေလိုက်ရာ ကျွန်ုပ်နှင့် သေမင်း ထိုနေရာတွင်ပင် မေ့လှဲကျ သွားတော့လေသည်။
သေမင်း ။ ။ ဒါဆို အရင်တုန်းက အမြဲပြောတော့ အရာအားလုံးကို မင်းတို့အားလုံးထက် ပိုသိလို့ ယမမင်း ဖြစ်နေတာဆို။ ခုတော့ ဘယ်လို ဖြစ်တာလဲဗျ...
ယမမင်း ။ ။ ငါသိတယ် ဆိုတာ ဖြစ်ပြီသားကိစ္စတွေကို ပြောတာ။ တခါမှ မဖြစ်ဘူးတဲ့ ကိစ္စကို ဘယ်လိုသိနိုင်မှာလဲ။
ယမမင်း ။ ။ ဒါနဲ့ ဒီလူငယ်က ဘယ်သူလဲ...
ကျွန်ုပ်အားမေးလိုက်ရာ လန့်ကာနောက်သို့ တလှမ်းဆုတ်လိုက်မိသည်။ ပေါင်ချိန်က အမြန် ကျွန်ုပ်နောက်တွင် ၀င်ပုန်းလိုက်တော့သည်။
သေမင်း ။ ။ ဒီလူငယ်က ကျွန်ုပ်ခွင့်ရက်ပြည့်ရင် တပါးတည်း ငရဲပြည်ကို ခေါ်လာမယ့် ငရဲသားဖြစ်မယ့်သူပါ...
ကျွန်ုပ် သေမင်းကို ကြိမ်းဆဲနေမိသည်။ အမှန်လည်း ဆရာမလေးကို မသတ်နိုင်ရင် ကျွန်ုပ်အတွက် အသက်ရှင်မယ့်ဖို့ ၃ရက်သာ လိုတော့သည်ဟု တွေးမိ၍ စိတ်အားငယ် သွားတော့သည်။ ပေါင်ချိန်က ကျွန်ုပ်ပခုံးကို ပုပ်၍၊
ပေါင်ချိန် ။ ။ စိတ်ဓာတ်မကျပါနဲ့ကွာ။ မင်းဈာနပကို သူများတွေထက် မနှိမ့်ရအောင် လုပ်ပေးမှာပါ...
ကျွန်ုပ် ။ ။ ငါမသေမချင်း သေမယ့်အကြောင်း ပြောရဲပြောကြည့်စမ်း။ ဒေါင်...
ပေါင်ချိန်ကို ခေါင်းကို ခေါက်ချလိုက်တော့သည်။ ပေါင်ချိန်က ငိုမဲ့ငိုမဲ့ဖြင့် ဘေးမှနေ ပျစ်တောက် ပျစ်တောက် ပြောနေသည်။
ယမမင်း ။ ။ သေမင်း၊ မင်းခွင့်ရက်ထပ်ယူဖို့ စဉ်းစားထားလိုက်။ ငါသွားအုန်းမယ်၊ အုံ့ဖွ...
ယမမင်း အငွေ့များ ဖုံးလွှမ်းသွားကာ ကွယ်ပျောက်သွားတော့သည်။ သေမင်း ခေါင်းမှ အငွေ့တွေ တထောင်းထောင်းထွက်ကာ ကျန်ရစ်ခဲ့လေတော့သည်။ ထို့နောက် ယမမင်းနဲ့ လမ်းခွဲပြီ ပေါင်ချိန်နဲ့တူတူ ကျောင်းခန်းထဲသို့ ပြန်ထွက်လာစဉ်၊
ကျောင်းသား ။ ။ မိုးဇက်၊ မင်းကို လိုက်ရှာနေတာ တကျောင်းလုံး နှံ့နေတာပဲ...
ကျွန်ုပ် ။ ။ ဘာကိစ္စလဲ...
ကျောင်းသား ။ ။ ကျောင်းအုပ်သစ်က မင်းကို သူ့ရုံးခန်းလာခဲ့ဖို့ ပြောခိုင်းလို့...
ကျွန်ုပ် နဲ့ ပေါင်ချိန် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း၊ တံတွေးကိုပင် လိမ့်ကာ ဂလု၊ ဂလုဟု မျိုချလိုက်မိတော့သည်။
---------------------------------------------------------
ဆက်ရန်............
Love the way Yarmar is summoned :)
ReplyDeleteဖတ်သွားပါသည်။
ReplyDeleteThanks Kaung! :)
ReplyDeleteသေမင်း တီထွင်တဲ့ စက်က ကောင်းလှချည်လား ။
ReplyDeleteဆက်ရေးပါဦး ...
ဟီးဟီး သေမင်းက တော်တော်ထွင်တတ်တယ်နော်... :)
ReplyDeleteသေမင်းနဲ့တွေ့ရင် လာမခေါ်နဲ့ဦးလို့ ပြောပေးဦးနော်
ReplyDeleteသူ့နောက်လိုက်ချင်သေးဘူးး)
တော်တော်နောက်တဲ့ သေမင်း
သေမင်းက ချောတယ်ဆိုတော့ တွေ့လိုက်ချင်သေး. ဟိဟိ :P
ReplyDeleteဟီးဟီး.... ဂျူးလိယက်တော့ မချောလိုပင် တွေ့ချင်သေးဘူး... :P
ReplyDeleteWaiting for next chapter :)
ReplyDeleteမနက်ဖြန် အခန်းသစ်တင်ပေးပါ့မယ်... :D
ReplyDelete