Wednesday, April 27, 2011

Vampire နဲ့ Dhampir ဘာကွာလဲ (အခန်း-၆) ဆရာမလေးကို လုပ်ကြံခြင်း



အခန်း-၆

ဆရာမလေးကို လုပ်ကြံခြင်း

ဆရာမလေး ကျွန်ုပ်လည်ပင်းကို သူမအဆွယ်များဖြင့် ကိုက်လိုက်သည်ဟု မထင်ပါနဲ့။ ဒါဟာ ကျွန်ုပ် သွေးစုတ်ဖုတ်ကောင် သတ်နည်းကျမ်းစာအုပ်ကို ဖတ်ပြီ စိတ်ကူးယဉ်ကြည့်ရုံ သက်သက်ပင် ဖြစ်သည်။ တကယ်မှာ ဆရာမလေး ကျွန်ုပ်အိမ်ရှေ့ရောက်လာပြီ၊

ဆရာမလေး ။ ။ မိုးဇက်၊ ဆရာမ အထဲဝင်ခဲ့လို့ ရမလား...
ကျွန်ုပ် ။ ။ ဟုတ်၊ ရပါတယ်...
အိမ်ရှေ့ခန်းတွင် ပြန့်ကျဲနေသော အမှိုက်များ၊ ပွရှုပ်နေသော ကျွန်ုပ်အကျီင်္၊ အတွင်းခံများကို  အမြန် လိုက်ကောက်သိမ်းပြီ ပုံးတစ်ခုထဲသို့ ထိုးထည့်လိုက်သည်။ ဆရာမလေးက ကျွန်ုပ်အိမ်အပြင်အဆင်ကို ကြည့်၍ တချက်ရယ်လိုက်ပြီ၊

ဆရာမလေး ။ ။ မင်းတစ်ယောက်တည်း နေတာလား...
ကျွန်ုပ် ။ အင်း...
ဆရာမလေး ။ ။ ဘြော် ဒါနဲ့ မင်းကျောင်းလွယ်အိတ် အတန်းထဲမှ ကျန်ခဲ့လို့ ဆရာမလာပေးတာ...
ကျွန်ုပ် ။ ။ ဟုတ်၊ ဟုတ်သားပဲ...
ဆရာမလေးနဲ့ ကျွန်ုပ်တစ်ဦးနှင့် တစ်ဦး သိပ်ရင်းမနှီးသဖြင့် စကားပြောသည်မှာ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတော့သည်။ ဆရာမလေး လက်ထဲမှ ကျွန်ုပ်ကျောင်းလွယ်အိတ်ကို လှမ်းယူလိုက်ရင်း ဒီနေ့မှ ဆရာမလေးကို သေချာချာ မြင်ဖူးတော့သည်။ အနီးကပ်ကြည့်မှ သူမ မျက်ဝန်းလေးတွေ သိပ်လှသည်ကို သတိပြုလိုက်မိသည်။ ကျွန်ုပ် မရည်ရွယ်ပဲ စိုက်ကြည့်မိသလို ဖြစ်သွား၍ သူမက ရှက်ကိုးရှက်ကန်းဖြင့်၊

ဆရာမလေး ။ ။ ပြန်လိုက်အုန်းမယ်နော်...
ကျွန်ုပ် ။ ။ နေပါအုန်း...
ဆရာမလေး ။ ။ ဟင်...
ကျွန်ုပ် ။ ။ မဟုတ်ဘူးလေ။ ရောက်မှတော့ အအေးလေးတော့ သောက်သွားပေါ့။ ခဏ...
ဟုပြောရင်း ဖျော်ရည်ဖျော်ပေးရန် နောက်ဖေးမီးဖိုချောင် ထဲသို့ ၀င်လာပြီ ရေခဲသေတ္တာထဲတွင် ရှိသမျှ အားလုံးကို မွှေနှောက်တော့သည်။

ကျွုန်ုပ် ။ ။ ဒီဟာကလည်း ကုန်နေပြီ၊ ဒီဟာကတော့ Expire Date ကျော်နေတယ်။ Expire Date ကျော်တာပဲ တိုက်လိုက်မယ်။ သူက သွေးစုတ်ဖုတ်ကောင်ဆိုတော့ အန္တာရာယ် မရှိလောက်ပါဘူး...


သေမင်း ။ ။ ခင်မျာကို ကျွန်ုပ်ခိုင်းထားတာ မေ့သွားပြီလား...
သေမင်း အသံကြားလိုက်၍ ကျွန်ုပ် အိုးမလုံအုံပွင့်ကာ လန့်သွားတော့သည်။ နောက်သို့ လှည့်လိုက်ရာ သေမင်းက အဲဗစ် ပရက်စလေ ကုတ်အကျီင်္နှင့် စတိုင်ပန်ဖြင့် တောက်ပြောင်နေတော့သည်။

ကျွန်ုပ် ။ ။ ခင်မျာ စကားကို တိုးတိုးပြောလို့ မရဘူးလား။ ဆရာမလေး ကြားသွားပါအုန်းမယ်...
သေမင်းက ခြေထောက်ကို ချိတ်ထိုင်လိုက်ပြီ စီးကရက်ကို ဖွာရင်း
အသံကို မကျယ်ကျယ်အောင် အော်၍၊

သေမင်း ။ ။ ခင်များပဲ သူကို သတ်မယ်လို့ ကတိပေးထားကိုး...
ကျွန်ုပ် ။ ။ ဟုတ်ပါပြီ။ ကျွန်ုပ်ကတိအတိုင်း လုပ်ပေးမယ်။ ခင်မျာပြန်တော့...
သေမင်း ။ ။ ကျွန်ုပ် ခင်များကို အမြဲစောင့်ကြည့်နေတယ်နော်...
ဟုသတိပေးရင်း ပျောက်ကွယ်သွားတော့သည်။ ဖျော်လက်စ ဖျော်ရည်ကို သက်ပြင်းချရင်း ကျွန်ုပ်မော့ချလိုက်ပြီမှ၊

ကျွန်ုပ် ။ ။ ဟာ၊ Expire ကြီး...
ဘေစင်ထဲသို့ ပြန်ထွေးထုတ်တော့သည်။ စားပွဲပေါ်မှာ သေမင်း ထားခဲ့သော သွေးစုတ်ဖုတ်ကောင် သတ်ရန် ဓားမြှောင်၊ တံစို့၊ ပေါက်စိန်၊ ပေါက်တူး၊ ဂေါ်ပြားတွေကို ကြည့်ပြီ တံတွေး မျိုချလိုက်မိသည်။ သွေးစုတ်ဖုတ်ကောင် သတ်နည်းကျမ်းအရ တံစို့ဖြင့်သတ်ရမည်ဟု ရေးထားသဖြင့် တံစို့တစ်ချောင်းကို ကျွန်ုပ်အကျီင်္လက်ရှည် ကြားထဲတွင် ဖွက်လိုက်ပြီ ဆရာမလေး မရိပ်မိခင် အိမ်ရှေ့ခန်းသို့ ပြန်ထွက်လာခဲ့သည်။

ကျွန်ုပ် ။ ။ အအေးသောက်ပါအုန်း...
ဆရာမလေး ။ ။ ရပါတယ်...
ဆရာမလေး အအေးခွက်ကို လှမ်းယူစဉ် အကျီင်္ကြားထဲမှ တံစို့ကို ဆွဲထုတ်လိုက်ကာ စိတ်ထဲမှ ကျွန်ုပ်ကို ခွင့်လွှတ်ပါဟု ပြောရင်း သူမနောက်ကျောကို ထိုးချလိုက်သည်။

ဆရာမလေး ။ ။ အယ်၊ မှောက်ကျကုန်ပြီ...
အအေးခွက်မှောက်ကျ သွားသဖြင့် ကုန်းလိုက်စဉ် ၀ွီခနဲသူမဘေးမှ ကပ်ဖြတ်သွားကာ ထိုးချက်လွှဲသွားတော့သည်။ ကျွန်ုပ်လည်း ဇွဲမလျှော့ပဲ နောက်တကြိမ် ထပ်ထိုးပြန်သည်။ ဒီတစ်ခါတော့ လုံးဝမလွှဲစေရဘူးဟု အတွေးဖြင့်၊

ဆရာမလေး ။ ။ ဘြော် ဖုန်းလာနေတယ်...
ထိုင်ရာမှ ကောက်ထွက်သွားသဖြင့် ကျွန်ုပ် အချိန်လွန်ပြီ ဆိုဖါပေါ်သို့ ပြုတ်ကျသွားတော့သည်။

ကျွန်ုပ် ။ ။ တောက် ကွာ၊ ကက်သီးလေး လွှဲရတယ်လို့...
ဆရာမလေး ဖုန်းပြောပြီ ပြန်ဝင်လာချိန်တွင် တံစို့ကို ပြန်ဝှက်ထားလိုက်ပြီ နောက်တစ်ခါ အခွင့်အရေးရမည့် အချိန်ကို စောင့်နေတော့သည်။

ကျွန်ုပ် ။ ။ ကျွန်ုပ် အအေးတစ်ခွက်ထပ်ဖျော် ပေးမယ်လေ...
ဆရာမလေး ။ ။ မဟုတ်တာ။ ရ၊ ရပါတယ်...
အသံ ။ ။ ကျွီ...

တံခါးဖွင့်သံနှင့် အတူ ကျွန်ုပ်အိမ်ထဲသို့ ပေါင်ချိန် ၀င်လာတော့သည်။
ပေါင်ချိန် ။ ။ မိုးဇက်၊ မင်းဆီ ငါလာလည်...
စကားမဆုံးသေးခင် အိမ်ရှေ့ခန်းတွင် ထိုင်နေသော ဆရာမလေးကို တွေ့သွားပြီ၊

ပေါင်ချိန် ။ ။ ဆော်ရီးနော်။ ငါ အိမ်မှားသွားလို့...
ပြောကာ ပြန်ထွက်ပြေးရန် ကြံသဖြင့် သူအကျီင်္ကို စောင့်ဆွဲထားပြီ၊

ကျွန်ုပ် ။ ။ ဟေ့ကောင်၊ ပေါင်ချိန် မင်းပြေးမလွှတ်ပါဘူးကွ...
ပေါင်ချိန် ။ ။ သူရောက်နေတာ ငါကို ဘာလို့ ကြိုမပြောလဲ...
ကျွန်ုပ် ။ ။ မင်းကို ဘဲတီးပြီမှ ငါအိမ်ထဲ ၀င်ခဲ့ပါလို့ ငါဘယ်နှခါ ပြောရမလဲ...
ပေါင်ချိန်နှင့်ကျွန်ုပ် ဆရာမလေးရှေ့မှာ ထိုင်ရင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တံတောင်ဖြင့်တွတ်နေကြသည်။ ပေါင်ချိန်က ဆရာမလေး မကြားအောင် တိုးတိုးပြော၍၊

ပေါင်ချိန် ။ ။ ဆရာမလေး ငါတို့ကို ကြည့်နေတယ်။ သွေးဆာလို့လား မသိဘူးကွ...
ကျွန်ုပ် ။ ။ မင်း ပါးစပ်ပိတ်ထားစမ်း...
ပေါင်ချိန် ။ ။ ငါပြန်တော့မယ်...
ကျွန်ုပ် ။ ။ တိတ်တိတ်နေစမ်းပါ...
တိတ်ဆိတ်ငြိမ်သက်နေကြသဖြင့် ဆရာမလေးက ကျွန်ုပ်တို့ကို ငေးကြည့်ရင်း၊

ဆရာမလေး ။ ။ အဲဟို၊ ဆရာမလဲ ပြန်တော့မယ်နော်...
ပေါင်ချိန် ။ ။ ဟုတ်ကဲ့ပါ ဆရာမလေး...
ပေါင်ချိန် ခြေထောက်ကို အားဖြင့် တက်နင်းလိုက်ပြီ၊

ကျွန်ုပ် ။ ။ မပြန်ပါနဲ့အုန်းလားဗျ။ ညနေစာ စားချိန်ရောက်ပြီဆိုတော့ ညနေစာ စားပြီမှ ပြန်ပေါ့...
သူမပြန်သွားလျှင် ကျွန်ုပ် လုပ်ကြံမည့် အစီအစဉ် မထမြှောက်ပဲ ဖြစ်သွားမည်ကို စိုး၍ ထိုသို့ ပြောခြင်းဖြစ်သည်။ ပေါင်ချိန်က ဘေးကနေ ပွစိပွစိဖြင့် ကြောက်သွေးပိုနေတော့သည်။

ဆရာမလေး ။ ။ အို၊ဟို ကောင်းသားပဲ...
ပေါင်ချိန် စကားတောင် သေသေချာချာ မပြောနိုင်တော့ပဲ ငိုမဲ့ငိုမဲ့မျက်နှာဖြင့် ကျွန်ုပ်နားကပ်၍၊

ပေါင်ချိန် ။ ။ ညနေစာဆိုတာ ငါတို့နှစ်ယောက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲကွ...
ကျွန်ုပ် ။ ဒါဆိုလည်း အစားခံလိုက်ပေါ့ကွာ...
ပေါင်ချိန် ။ ။ မိုးဇက်...
ကျွုန်ုပ် ပေါင်ချိန်ကို ဂရုမစိုက်တော့ပဲ၊ မီးဖိုချောင်ထဲသို့ ထွက်လာခဲ့ပြီ သေမင်းပေးခဲ့သော ဓားမြှောင်ကို ကျွုန်ုပ်ခါးကြားထဲသို့ ထည့်လိုက်ချိန်တွင်၊

ဆရာမလေး ။ ။ ဆရာမ ဘာကူပေးရမလဲ။ ဆန်ဆေးပေးမယ်လေ...
ကျွန်ုပ် ။ ။ ရပါတယ်။ မလိုပါဘူး...
ဆန်အိုး လှန်ကြည့်တော့လည်း ဆန်က ကုန်နေပြီ။ ဟင်းချက်ဖို့ အသား၊ ငါးကလည်း မပြည့်စုံဖြစ်နေ၍ ဆရာမလေးကို ထမင်းစားဖိတ်ပြီ မျက်နှာပူမိသည်။ ကျွန်ုပ်က တစ်ယောက်ထဲ သမားမို့ အရင်တုန်းက ရှိတာနဲ့ စားနေကျပင်။ မျက်နှာခပ်ပူပူဖြင့် ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ကာ ဒယ်ထဲကို ဆီမထည့်ပဲ၊ ရေလောင်ထည့်သလို ထည့်။ ဓားလှီးတာကအစ အပေါက်လမ်း မတည့်ဖြစ်နေ၍၊

ဆရာမလေး ။ ။ ဒီလိုလုပ်ပါ့လား။ မင်းဧည့်ခန်းမှာ သွားထိုင်နေလေ။ ဒါချက်တာ ဆရာမပဲ လုပ်လိုက်မယ်လေ...
ကျွန်ုပ် ။ ။ အင်း၊ သဘောပဲ...
ခေါင်းကုတ်ရင်း ဧည့်ခန်းထဲသို့ ပြန်ထွက်လာတော့သည်။ ဆရာမလေး တစ်ယောက်ထဲ ညနေစာအတွက် ပြင်ဆင်တော့သည်။ ထမင်းဝိုင်းတွင် ငါးကင်၊ ဟင်းချို၊ အသုပ်၊ အကြော် ဟင်းပေါင်းစုံအောင် ချက်ပြုတ်ထားသော ဆရာမလေးကို ကျွန်ုပ်အံ့အားသင့် သွားတော့သည်။ အချိန် ၁၀မိနစ်အတွင်းကိုပင် ဒီလောက် ဟင်းမြှောက်များစွာကို တထိုင်တည်း ချက်ပြုတ်နိုင်၍ ဖြစ်သည်။ သို့သော် ပေါင်ချိန်ရော၊ ကျွန်ုပ်ပါ ဟင်းပွဲတွေကို နှိုက်ရမည်ကို လက်တွန့်နေမိသည်။

ဆရာမလေး ။ ။ စားကြလေ...
ကျွန်ုပ် ။ ။ ဟုတ်...
ပေါင်ချိန် ။ ။ ကျွန်တော်က ဗိုက်သိပ်မကောင်းလို့ စား...
စကားကို အဆုံးမခံပဲ ပေါင်ချိန်ခြေထောက်ကို တက်နင်းပစ်လိုက်၍၊

ပေါင်ချိန် ။ ။ ဟဲဟဲ၊ စားမယ်...
ဟင်းအပြင်အဆင်ကောင်းရုံ မကပဲ အရသာပါ အလွန်ကောင်းမွန်သည်ကို တွေ့ရ၍ ခေါက်ဆွဲပြုတ်နဲ့ အမြဲနှစ်ပါးသွားနေရသော ကျွန်ုပ်အတွက် နတ်ဗိမာန်လို ဖြစ်နေတော့သည်။ ထမင်းတလုတ်စားရင်း၊ စကားပြောလိုက်ဖြင့် ဆရာမလေးနဲ့ ကျွန်ုပ်တို့ ၃ယောက် ရင်းနှီးစပြုလာတော့သည်။ ဆရာမလေးသာ သွေးစုတ်ဖုတ်ကောင် မဟုတ်ခဲ့လျှင် သူမဟာ တကယ်ကို ကျွန်ုပ်၏ မိတ်ဆွေကောင်းဖြစ်နိုင်သည်။ သို့သော် ခုတော့ သွေးစုတ်ဖုတ်ကောင် ဖြစ်နေ၍ ပေါင်ချိန်အတွက်၊ တကျောင်းလုံးအတွက် ကောင်းဖို့ပဲဟု စဉ်းစားရင်း အခွင့်အရေး ရတုန်း ကျွန်ုပ်ခါးကြားမှာ ညှပ်ထားသော ဓားမြှောင်ကို အလျင်အမြန်ဆွဲထုတ်ပြီ၊

ကျွန်ုပ် ။ ။ ယား၊ စွိ...
ဆရာမလေး နှလုံးတည့်တည့်ကို ထိုးချလိုက်တော့သည်။

ပေါင်ချိန် ။ ။ ဟာ၊ မိုးဇက် မင်း ဆရာမလေးကို တကယ်သတ်လိုက်ပြီ...
ဆရာမလေး ကြမ်းပြင်ပေါ်သို့ လှဲကျသွားတော့သည်။ ဓားဖြင့်ထိုးပြီမှ ကျွန်ုပ်အရမ်းကို နောင်တရတော့သည်။ ငါတော့မှားပြီ ဆိုသည့်အတွေးကြောင့် ကျွန်ုပ်ဘာဆက်လုပ် ရမှန်း မသိတော့ပေ။

ပေါင်ချိန် ။ ။ တကယ်သေသွားပြီ ထင်တယ်ကွ။ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ပြောလေကွာ ငါကြောက်လှပြီ...
ကျွန်ုပ် အသံတုန်တုန်ယင်ယင်ဖြင့် ဆရာမလေးနားသို့ ကပ်သွားပြီ၊

ကျွန်ုပ် ။ ။ ဆရာမလေး၊ ဆရာမလေး...
ဆရာမလေး နှာခေါင်းနားသို့ မ၀ံ့မရဲစမ်းကြည့်လိုက်တော့ အသက်မရှုတော့ပေ။ ကျွန်ုပ်အရမ်းကို ပြာယာခတ်သွားတော့သည်။ ဘာဆက်လုပ်ရမှန်း မသိသည်နှင့် ထိုးထားသော ဓားကို ပြန်ဆွဲထုတ်လိုက်ချိန်တွင် ဆရာမလေး ပြန်နှိုးထလာသလို လက်ချောင်းလေးများ ပြန်လှုပ်လာတော့သည်။

ကျွန်ုပ် ။ ။ ဆရာမလေး ပြန်သတိရလာပြီကွ...
ပေါင်ချိန် ။ ။ ဘာ သတိရလာပြီ၊ ဂစ်... ဂစ်... ဂစ်...
ပေါင်ချိန် နည်းနည်း သွေးရူးသွေးတန်း ဖြစ်သွား၍ သူပါးကို နာအောင် ရိုက်ချလိုက်မှ နည်းနည်း ပုံမှန် ပြန်ဖြစ်သွားတော့သည်။

ကျွန်ုပ် ။ ။ ဆရာမလေး၊ ဆရာမလေး ကျွန်ုပ်မှားသွားပါတယ်ဗျာ...
ဆရာမလေး သတိရတချက်၊ မရတချက် ဖြစ်နေ၍ ကျွန်ုပ်တစ်ယောက်ထဲ သူမကိုယ် ပွေ့ချီပြီ ကျွန်ုပ်အိပ်ယာပေါ်သို့ တင်လိုက်တော့သည်။

ပေါင်ချိန် ။ ။ မိုးဇက်၊ ဆရာမလေးလည်း မသေဘူးဆိုရင် ငါကို ပြန်ခွင့်ပေးပါကွာ။ ငါတောင်းပန်ပါတယ်...
ကျွန်ုပ်ခေါင်းညိတ်ပြလိုက်သည်နှင့် တပြိုင်နက်တည်း ပေါင်ချိန်ရဲ့ အရိပ်အယောင်မပြောနဲ့ ကိုယ်သင်းရနံ့တောင် မရတော့အောင် လစ်ခနဲ ထွက်ပြေးသွားတော့သည်။ ဆရာမလေးသာ တကယ်သေသွားခဲ့လျှင် ကျွန်ုပ်ကိုယ်ကို ကျွန်ုပ်ခွင့်လွှတ်နိုင်မည် မထင်သလို၊ တကျောင်းလုံးမှ ကျောင်းသား အားလုံးကလည်း ကျွန်ုပ်ကို ဒီထက်ပိုကာ နားကျည်းမုန်းတီးကြမည် သေချာသည်။ တစ်ညလုံး ကျွန်ုပ် မအိပ်ပဲ၊ ဆရာမလေး ဘေးတွင် ထိုင်စောင့်နေရင်း၊

ဆရာမလေး ။ ။ မိုးဇက်၊ မိုးဇက်...
ကျွန်ုပ် ။ ။ ဟင်၊ ဆရာမလေး သတိရလာပြီ။ ကျွန်ုပ်တကယ်ကို တောင်းပန်ပါတယ်...
ဆရာမလေး ။ ။ ဆရာမ ထမင်းစားရင်း၊ ဒီကို ဘယ်လိုရောက်နေတာလဲ...
ကျွန်ုပ် ။ ။ ဗျာ။ ဒါက...
ဆရာမလေး ထိုအဖြစ်အပျက်ကို လုံးဝမမှတ်သည်ကို ပို၍ ထူးဆန်းနေတော့သည်။

ကျွုန်ပ် ။ ။ ဟိုလေ၊ ဟို ဆရာမလေး ရှုတ်တရပ် သတိမေ့သွားလို့...
ဆရာမလေး ။ ။ ဟင်၊ ဟုတ်လား...
ကျွန်ုပ် သက်ပြင်းချလိုက်ပြီ တော်ပါသေးရဲ့ ဆရာမလေး မမှိတ်၍ပင်၊ မဟုတ်ရင် ဆရာမလေးကို ဘယ်လို မျက်နှာပြရမှန်း သိတော့မည် မဟုတ်ပေ။ ဆရာမလေး ကြည့်ရတာလည်း တစ်စုံတရာ အနာတရမှ ရပုံမထောက်ရင် မှန်နေပါပြီ သွေးစုတ်ဖုတ်ကောင်ဆိုတာ လုံးဝကို သေချာသွားတော့သည်။

ဆရာမလေး ။ ။ ကျေးဇူးပဲနော်။ ပြန်တော့မယ် ကျောင်းနောက်ကျလိမ့်မယ်...
ကျွန်ုပ် ။ ။ ဆရာမဖြစ်ပြီ ကျောင်းနောက်ကျမှာလည်း ကြောက်တာပဲလား...
ဆရာမလေး ။ ။ ဒါက ဟို၊ ဟိုလေ...
ဆရာမလေး စကားပြောပုံက ကလေးတစ်ယောက် ပြောနေသလိုပင် ချစ်စရာကောင်းသည်။

ကျွန်ုပ် ။ ။ ဟုတ်ပါပြီ၊ ကျွန်ုပ်လည်း ကျောင်းသွားမှာပဲ တူတူသွားကြတာပေါ့...
ကျွန်ုပ်နှင့် ဆရာမလေး ကျောင်းဝန်းထဲသို့ တူတူဝင်လိုက်သည်နှင့် တကျောင်းလုံး ဗောက်အိုးဖောက်လိုက်သလို ဆူညံ့ပွက်လော ရိုက်သွားတော့သည်။

ကျောင်းသား ။ ။ မိုးဇက်နဲ့ ဆရာမလေး တူတူလာတယ်...
နောက်ကျောင်းသား ။ ။ မဖြစ်နိုင်တာ...
ကျောင်းသား ။ ။ ဟုတ်ပါတယ်ဆိုမှ...
တခြားကျောင်းသား ။ ။ မိုးဇက်၊ မနေ့က စာသင်ချိန်မှာ ဆရာမလေးကို သွေးစုတ်ဖုတ်ကောင် ဘာညာဆိုပြီ အထားပေးနေတာ ဖြစ်ရမယ်...
ကျောင်းသား ။ ။ ဒီကောင်၊ မိုးဇက် ဆရာမလေးကို လက်ဖျားနဲ့ ထိလို့ကတော့ အသေသတ်မယ်...
ကြိမ်းနေချိန်တွင် ကံဆိုးစွာ ဆရာမလေးက လမ်းလျှောက်ရင်း ခလုတ်တိုက်လှဲသွားသဖြင့် ကျွန်ုပ် အလျင်အမြန် ဆရာမလေး ပခုံးကို ဆွဲကိုင်လိုက်မိရာ၊

ကျောင်းသားအားလုံး။ ။ ယား၊ ယား၊ ယား၊ မိုးဇက် မင်းကို အရှင်မထားဘူးကွ...
ကျွန်ုပ်ဆီသို့ ကျောင်းသား အုပ်လိုက်ကြီး ပြေးလာသဖြင့် ရှုတ်တရပ် ပြူးကြည့်မိနေတော့သည်။

ဆက်ရန်........
--------------------------------------------

7 comments:

  1. ပန်းခရမ်းရေ အားပေးလို့ ဂျူးလိယက်ကလည်း အထူးကျေးဇူးပါ။ ဒီနေ့ နောက်အခန်းသစ်တင်နိုင်အောင် ကြိုးစားပါ့မယ်... :D

    ReplyDelete
  2. Thank for a great story. Plz continue.

    ReplyDelete