တက်ကူးမျိုးနွယ်စု ခေါင်းဆောင်
ဥရောပအလယ်ပိုင်းရှိ တက်ကူးမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သော ကျွန်ုပ်မှာ အလွန်တာဝန်ကြီးလှသည်။ ဒုတိယကမ္ဘာစစ်စတင်သည်နှင့် ကျွန်ုပ်တို့ မျိုးနွယ်စုမှာ အဖပျောက်၊ အမိပျောက်၊ သားဆုံး၊ သမီးဆုံးဖြင့် ဒုက္ခမျိုးစုံဖြင့် ကြုံတွေ့ရတော့သည်။ စစ်အတွင်း ကျွန်ုပ်အမျိုးသမီးမှာ ကိုယ်ဝန်ရင့်မာကြီး ဖြစ်နေသည်မို့ ထွက်ပြေးရန်မှာ အခက်တွေ့နေတော့သည်။ ကျွန်ုပ်တို့ရွာကိုလည်း ဂျမနီစစ်တပ်ကြီးမှာ မကြာခင် ၀င်ရောက်လာတော့မည်။ တက်ကူးမျိုးနွယ်စု ခေါင်းဆောင်အနေဖြင့် ကျွန်ုပ်မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရတော့မည် ဖြစ်သည်။
ကျွန်ုပ် ။ ။ ဒီဂျာမန်တွေ မ၀င်လာခင် ကျွန်ုပ်တို့ မျိုးနွယ်စုတစ်ခုလုံး တခြားနိုင်ငံ နယ်စပ်ကို ပြောင်းရွှေ့မှ ဖြစ်လိမ့်မယ်။ မဟုတ်ရင် ကျွန်ုပ်တို့ အားလုံး အသတ်ခံရမှာ ကြိမ်းသေတယ်။ သင်တို့ရဲ့ သဘောထားတွေကို ပြောကြပါအုန်း...
မျိုးနွယ်အရာရှိများ။ ။ ခေါင်းဆောင်ကြီးရဲ့ သဘောအတိုင်း ကျွန်ုပ်တို့ သဘောတူပါတယ်...
ကျွန်ုပ် ။ ။ ဒါဆို ညချင်းပဲ ကျွန်ုပ်တို့ ခရီးထွက်ခွာဖို့ ပြင်ဆင်ကြရမယ်...
ကုတင်ပေါ်တွင် လှဲလျောင်းနေသော ကျွန်ုပ်၏ ဇနီးဘေးတွင် ၀င်ထိုင်လိုက်ကာ နွေးထွေးနေသော သူမလက်လေးများကို ညင်သာစွာ ကိုင်လိုက်ပြီ၊
ကျွန်ုပ် ။ ။ ရှင်မ၊ ကျွန်ုပ်တို့ ဒီညပဲ ဒီနေရာကို စွန့်ခွာရတော့မယ်။ ရှင်မ အတွက် ထမ်းစဉ် အားလုံး စီစဉ်ပြီပြီ...
ရှင်မ ။ ။ အကိုလည်း ကျွန်မအတွက်နဲ့ ၀န်ပိုနေပါပြီ။ ဟိ၊ ဟိ၊ ဟိ...
ဝမ်းနည်းစွာဖြင့် ငိုကျွေးတော့သည်။ သူမမှာ ကျွန်ုပ်အတွက် ဇနီးကောင်းဖြစ်သလို၊ မျိုးနွယ်စုတစ်ခုလုံးအတွက် ရေလိုရင် ရေ၊ ဂျုံလိုရင် ဂျုံ၊ ဆေးလိုရင် ဆေးတို့ကို အမြဲလိုလို ဖြည့်စွက်ပေးခဲ့သူလည်း ဖြစ်သည်။ ထို့ကြောင့် ခုသူမ မပေါ့မပါးဖြစ်နေသည့်အတွက် သူမကို ထမ်းခေါ်သွားရန် သူသူငါငါ အလုအယှက်ဝိုင်း ကူညီပေးကြသည်။ ထို့သို့ပင် ကျွန်ုပ်တို့ မျိုးနွယ်စုတစ်ခုလုံး တောခရီးဖြင့် ညတွင်းချင်းပင် ထွက်ပြေးကြတော့သည်။ တောခရီးသွားစဉ် ၁လအကြာတွင် ကျွန်ုပ်ဇနီးမှာ မွေးဖွားရန် အချိန်တန်လာတော့သည်။ တောထဲတွင် ဆေးဝါးအပြည့်အစုံမရှိသဖြင့် မွေးဖွားမမှီမှာပင် အသက်ဆုံးရှုံးသွားတော့သည်။
သူမကို အလွန်ချစ်ခင်သော ကျွန်ုပ်မှာ လုံးဝ မဖြည့်သိပ်နိုင်အောင် ၀မ်းနည်းကြေကွဲစွာ ခံစားရတော့သည်။ ကျွန်ုပ်တို့ မျိုးနွယ်စု၏ ဓလေ့အရ လူသေကို ၅ရက်တိတိ မီးမသဂြိုလ်ခင် အမွှေးနံ့သာများဖြင့် အလှဆင်ထားရသည်။ ၅ရက်မြှောက်နေ့တွင် မီးသဂြိုလ်ရန် ပြင်ဆင်ထားစဉ်၊ သူမ၀မ်းဗိုက် ထက်ခြမ်းကွဲထွက်သွားကာ အူဝဲအော်သံနှင့်အတူ ကလေးငယ်တစ်ဦး ထွက်လာသည်ကို ထူးဆန်းစွာ တွေ့လိုက်ရသည်။
ပေါင်ချိန် ။ ။ ဟေ့ကောင် မင်းဇာတ်လမ်းကြီးက မဖြစ်နိုင်တာ။ ဘယ်လိုလုပ် ကလေးက ဗိုက်ထဲမှာ ၅ရက်လောက် အသက်ရှင်နိုင်မှာလည်းကွ...
မိုးဇက် ။ ။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ မင်းအမေတောင် မင်းကို ၁၀လကြာမှ မွေးသေးတာပဲ...
ကျောင်းတံခါးမဖွင့်သေး၍ ကျွန်ုပ်နှင့် ပေါင်ချိန် ကျောင်းတံခါးမရှေ့တွင် ရပ်စောင့်ရင်း မနေ့က ကျွန်ုပ်ရခဲ့သည့် သွေးစုတ်ဖုတ်ကောင် သတ်နည်းကျမ်းထဲမှ ဇာတ်လမ်းကို ဖတ်ပြနေခြင်းဖြစ်သည်။
ပေါင်ချိန် ။ ။ မင်းက အပိုသိပ်ပြောလွန်းတယ်...
မိုးဇက် ။ ။ ဟေ့ကောင်၊ ပေါင်ချိန် ပါးစပ်ပိတ်ပြီ နားထောင်စမ်း...
ကျွန်ုပ်မိန်းမဆုံးပါးသွားသော်လည်း သားလေးအသက်ရှင်လျှက် ရှိသေးသဖြင့် ကျွန်ုပ်ဝမ်းနည်းမှုမှာ အများကြီး ခံသာသွားတော့သည်။ ပထမ ၄လလောက်တွင် ပါလာသော အခြောက်အချမ်း စားနပ်ရိပ်က္ခာများ၊ တောထဲမှ အသီးအနှံများဖြင့် ဖူလုံနေကြသေးသည်။ နောက်ပိုင်း တောလည်း ပျက်သုန်းလာသဖြင့် တဖြည်းဖြည်း စားစရာများ ရှာပါးလာတော့သည်။ ၀မ်းပျက်ဝမ်းလျှောရောဂါကြောင့် မျိုးနွယ်တစ်ခုလုံးနှင့် ကျွန်ုပ်သားလေးကိုပါ ဆုံးရှုံးရမည့် အခြေအနေသို့ ဆိုက်ရောက်လာတော့သည်။ မျိုးနွယ်ခေါင်းဆောင် တစ်ဦးအနေနှင့် မျိုးနွယ်စုကို ကယ်တင်ရန် တောစောင့်နတ်ကို ပူဇော်နေစဉ်၊ ကောင်းကင်မှာ ကြယ်တစ်ပွင့် ကြွေသွားသည်ကို တွေ့လိုက်ရသည်။ ကျွန်ုပ်တို့ မျိုးနွယ်စုအယူအရ ကြယ်ကြွေလျှင် ကောင်းသော နိမိတ်ဆောင်ခြင်းကို ခေါ်သည်။ နောက်နေ့ လူနာများအတွက် ဆေးကျိုရန် ဆေးအဖုအမြစ်များကို တောထဲတွင် ထွက်ရှာနေစဉ် အသံတစ်ခုကို ရှုတ်တရပ်ကြားလိုက်ရသည်။
အသံ ။ ။ ခင်မျာ မျိုးနွယ်စုကို မကယ်ချင်ဘူးလား...
ကျွန်ုပ်ထိုအသံကို ကြား၍ နောက်သို့ ကြည့်လိုက်ရာ ကျွန်ုပ်ရှေ့တွင် ရပ်နေသော အင်မတန် ရုပ်ဆိုး အကျည်းတန်သော လူကြီးတစ်ယောက်ကို တွေ့၍၊
ကျွန်ုပ် ။ ။ အသင်က ဘယ်သူပါလဲ...
လူကြီး ။ ။ ကျွန်ုပ်က ငရဲပြည်က ငရဲသားပါ။ ခင်မျာ မျိုးနွယ်စု တစ်ခုလုံးကို မသေအောင် ကျွန်ုပ်ကူညီပေးနိုင်တယ်...
ကျွုန်ုပ် ။ ။ ကူညီပေးမယ်ဆိုရင် ကျေးဇူးကြီးမားလှပါတယ်ဗျာ...
ငရဲသား ။ ။ ဒါပေမယ့် ချွင်းချက်အနေနဲ့ ခင်မျာစာချုပ်မှာ သွေးနဲ့ လက်မှတ်ထိုးရမယ် ရလိမ့်မယ်...
ကျွန်ုပ် ။ ။ ဗျာ...
ကျွန်ုပ် တမျိုးနွယ်လုံးအတွက်ဆိုလျှင် အသက်တောင် စတေးခံနိုင်သည်မို့ သွေးနဲ့ လက်မှတ်ထိုးရသည်မှာ ကျွန်ုပ်အတွက် ဘာမှ အပန်းမကြီးပင်။ ထို့ကြောင့် သွေးဖြင့် ငရဲသားနှင့် စာချုပ်ချုပ်ဆိုလိုက်သည်။ စာချုပ်ချုပ်ပြီပြီချင်းပင် ကျွန်ုပ်သားလေး နှင့် မျိုးနွယ်စုများ အားလုံးတို့သည် ချက်ချင်းဆိုသလို သေလုမျှောမျှော ဖြစ်နေရာမှ ပြန်လည်း နာလန်ထူလာကြတော့သည်။ ဖြစ်နေသော ရောဂါများ ပျောက်ကင်းရုံမက သေးပဲ၊ နောက်ထပ် တခြားရောဂါများပင် လုံးဝ ထပ်မဖြစ်တော့ပေ။ နောက်ပိုင်းတွင် ကျွန်ုပ်တို့အားလုံး သေနတ်ပြီ၊ ဓားပြီ၊ ယောကျာ်ပြီ၊ မိန်းမပြီများ ဖြစ်နေသည်ကို တွေ့ရှိရသည်။
ပေါင်ချိန် ။ ။ နေပါအုန်း။ သေနတ်ပြီ၊ ဓားပြီဆိုတာပဲ ကြားဖူးပါတယ်။ ယောကျာ်ပြီ၊ မိန်းမပြီလို့ တခါမှ မကြားဖူးဘူး။ မင်းတဟုတ်တက မပြောနဲ့...
ကျွန်ုပ် ။ ။ ဒီမှာ ပေါင်ချိန်၊ မင်းကို ငါအားလုံး လိုက်မရှင်းပြနိုင်ဘူး။ ဆက်နားထောင်မှာလား နားမထောင်ဘူးလား။ ဒါပဲ ပြော...
ပေါင်ချိန်က မချိမချဉ်မျက်နှာဖြင့် ခေါင်းညိတ်ပြသည်။ ကျွန်ုပ်လည်း စာအုပ်ကို ပြန်လှန်ကာ ဇာတ်လမ်းကို ဆက်တော့သည်။
တမျိုးနွယ်လုံးက ကျွန်ုပ်ကို ကယ်တင်ရှင်ကြီး တစ်ယောက်လို ကျေးဇူးတင်လို့ မဆုံးနိုင်တော့ပေ။
မျိုးနွယ်စုများ ။ ။ ခေါင်းဆောင်ကြီးရဲ့ ကျေးဇူးကို ကျွန်ုပ်တို့ တသက်ကျေအောင် ဆပ်နိုင်မှာမဟုတ်ပါဘူးဗျာ...
တခြား ။ ။ ကျွန်မတို့ အသက်သခင်ရှင်ကြီးပါရှင်...
ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီးတွင် ကျွန်ုပ်တို့သွားချင်သော တခြားနိုင်ငံနယ်စပ်သို့ ရောက်ရှိလာ ကြတော့သည်။ စစ်လည်း ပြီရော ကျွန်ုပ်တို့ နယ်စပ်မြို့လေး တစ်မြို့တွင် အခြေချကာ နေထိုင်ကြသည်။ ကျွန်ုပ်တို့မှာ စစ်အတွင်း ခံစားခဲ့ရသော ၀မ်းနည်းကြေကွဲမှုများပင် မေ့လျှော့သွားကာ အလွန် ပျော်ရွှင်စွာ နေထိုင်ကြတော့သည်။ သို့သော် ၅နှစ်ခန့် ကြာသော် တမျိုးနွယ်စုလုံး အရင်ကနှင့်မတူပဲ ထူးဆန်းစွာ လူသွေးများကို သောက်သုံးချင်သော ချင်ခြင်းများ ဖြစ်လာကြသည်။ ကျွန်ုပ်မှ လွှဲ၍ ကျန်အားလုံးမှာ သွေးစုတ်ဖုတ်ကောင်များ ဖြစ်သွားကြသည်ကို သိသိချင်းပင် ကိုယ်တိုင် အဆုံးစီရင်သူက စီရင်၊ မိသားစုလိုက် မီးရှို့ သေကြောင်းကြံသူက ကြံသော်လည်း မည်သူမှ မသေကြချေ။ နောက်ဆုံးတွင် သွေးတောင်းတမှုကို မလွန်ဆန်နိုင်ပဲ မြို့ထဲရှိ သေခါနီးလူများ၏ သွေးများကို ဖောက်ယူသုံးစွဲကြတော့သည်။
မြို့ထဲမှ လူများမှာ ကျွန်ုပ်တို့ကို မကောင်းဆိုးဝါးများဟု အပြစ်တင်ဆဲဆိုကာ မြို့ထဲမှ ၀ိုင်းမောင်းထုတ်ကြတော့သည်။ ကျွန်ုပ်တို့ မျိုးနွယ်စုတစ်ခုလုံးက ကျွန်ုပ်ကြောင့် သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်သွားကြသည့်အတွက် အလွန် မုန်းတီးကာ အပြစ်တင် ကြတော့သည်။ ကျွန်ုပ်၏ သားလေးပင် ကျွန်ုပ်ကိုစွန့်ခွာကာ မျိုးနွယ်စုနှင့်အတူ တောထဲသို့ ပြန်လည် ထွက်ခွာသွားကြတော့သည်။ ထိုချိန်တွင် ကျွန်ုပ်နှင့် စာချုပ်ဆိုခဲ့သော ငရဲသား ရောက်ရှိလာပြီ၊
ငရဲသား ။ ။ ကတိအတိုင်း ခင်မျာ အသက်ကို လာနှုတ်တာ...
ကျွန်ုပ် ။ ။ ခင်မျာက လူလိမ်ပဲ။ ကျွန်ုပ်နဲ့ ခင်မျာ စာချုပ်တုန်းက ဒီအကြောင်း ခင်မျာ မပြောခဲ့ပဲနဲ့။ ပြီတော့ ခင်မျာကြောင့် ကျွန်ုပ်တို့ တမျိုးနွယ်လုံး သွေးစုတ်ဖုတ်ကောင်တွေ ဖြစ်ကုန်ကြပြီ။ ကျွန်ုပ်သားလေးကလည်း ကျွန်ုပ်ကို ပစ်ခွာသွားပြီ။ ဟိ၊ ဟိ၊ ဟိ...
ငိုကြွေးရင်း ဆဲဆိုတော့သည်။ ငရဲသားက ကျွန်ုပ်ကို ဟားတိုက်ရယ်ရင်း၊
ငရဲသား ။ ။ ဒီမှာ စာချုပ်၊ ခင်မျာကိုယ်တိုင် သွေးနဲ့ လက်မှတ်ထိုးထားတာ။ ခင်မျာတို့ တမျိုးနွယ်လုံးကို ရာသက်ပန် အသက်ရှင်အောင် ကျွန်ုပ်လုပ်ပေးမယ်လို့ ကတိပေးထားတာ။ ကျန်တာတော့ ကျွန်ုပ်နဲ့ မဆိုင်ဘူးလေ။ ခုခင်မျာ စာချုပ်အတိုင်း ကျွန်ုပ်နဲ့ လိုက်ခဲ့ပေတော့...
ကျွန်ုပ်၏ ၀ိညာဉ်ကို အပြီအပိုင် နှုတ်ယူသွားတော့သည်။ ဇာတ်လမ်း ပြောလို့ ပြီ၍ ပေါင်ချိန်ကို ကြည့်လိုက်ရာ ပေါင်ချိန် ကိုယ်လက်များ တဆစ်ဆစ်တုန်ကာ အောက်မှသေများပင် စီးကျနေသည်ကို တွေ့ရတော့သည်။
ကျွန်ုပ် ။ ။ ဒီကောင် ဘာမှ မဟုတ်တာကို ကြောက်နေသေးတယ်။ တော်ပြီ မင်းငါနောက် မလိုက်နဲ့။ ငါဘာသာ ဆရာမလေးကို သွားသတ်မယ်...
ကျောင်းတံခါးဖွင့်၍ တစ်ယောက်ထဲ ကျောင်းထဲသို့ ၀င်လာခဲ့သည်။
---------------------------------------------------
အခန်း-၅
ဆရာမလေးနဲ့ ကျွန်ုပ်
အခန်း-၅
ဆရာမလေးနဲ့ ကျွန်ုပ်
ကျွုန်ပ်စုံစမ်းချက်အရ ဆရာမလေးက ကျောင်းကို အမြဲစောစောလာသည်ဟု သိရှိရ၍ ကျွန်ုပ်ဆရာ၊ ဆရာမရုံးခန်းနားတွင် သွားရပ်စောင့်နေတော့သည်။ တမနက်ကုန်သွားသည့်တိုင်အောင် သူမမလာသေးပင်။ စောင့်ရင်း စိတ်မရှည်ဖြစ်နေချိန်တွင်၊ ပေါင်ချိန် ကျွန်ုပ်နားသို့ အပြေးရောက်လာပြီ၊
ပေါင်ချိန် ။ ။ မိုးဇက်၊ ငါတို့ကျောင်းခန်းထဲမှာ ဘယ်သူရောက်နေလဲသိလား...
ကျွန်ုပ် ။ ။ ဘယ်သူလဲ...
ပေါင်ချိန် ။ ။ ဟို ဆရာမလေး စာသင်နေတယ်...
ကျွန်ုပ် ။ ။ ဘာ...
ဒါကြောင့်ပင် ရုံးခန်းထဲမှာ သူမကို ရှာမတွေ့ခြင်းပင် ဖြစ်သည်။ ပေါင်ချိန်နဲ့တူတူ ကျောင်းခန်းရှိရာသို့ ရောက်လာပြီ စာသင်နေသော ဆရာမလေးကို ကျောင်းခန်းအပြင်မှာ ရပ်၍ စိုက်ကြည့်လိုက်သည်။
ဆရာမလေး ။ ။ မင်းတို့ ဘာလုပ်နေကြတာလဲ၊ ၀င်ခဲ့လေ...
ကျွန်ုပ် ။ ။ ဟုတ်...
ဆရာမလေးနဲ့ အနီးကပ်ဆုံး ရှေ့ဆုံးတန်းတွေ ထိုင်နေသော ကျောင်းသားကို ကုတ်ကဆွဲမှက ပြတင်းပေါက်ကနေ တွန်းချလိုက်ပြီ ပေါင်ချိန်နဲ့ကျွန်ုပ် ၀င်ထိုင်လိုက်ကြသည်။ ဆရာမလေး စာသင်သည်ကို ကျွန်ုပ် အာရုံမရှိပဲ သူမသွေးစုတ်ဖုတ်ကောင် ဆိုတော့ ဘယ်နေရာထူးခြားနေသည်ကိုပင် စဉ်းစားရင်း အတွေးလွန်သွားစဉ် ပေါင်ချိန်က တံတောင်ဖြင့် တွတ်၍၊
ပေါင်ချိန် ။ ။ မိုးဇက် မင်းကို ဆရာမလေး ခေါ်နေတယ်...
ကျွန်ုပ် ။ ။ ဟင်...
ဆရာမလေး ။ ။ မိုးဇက်၊ ခုနကဆရာမ သင်ခဲ့တဲ့ ပုစ္ဆာ ရှေ့ထွက်ပြီ တွက်ပြပါအုန်း...
ကျွန်ုပ်မှာ အောက်သက်သက်ဖြင့် ကျောက်သင်ပုန်းရှေ့သို့ ထွက်လာခဲ့သည်။ သူမ ဘာသင်ခဲ့သည်ကို ကျွန်ုပ်လုံးဝမသိပေ။ ဒါကြောင့် ကျွန်ုပ်ခေါင်းထဲတွင် ထွက်လာသော အရာတစ်ခုကို ချရေးလိုက်တော့သည်။
ကျောက်သင်ပုန်း ။ ။ သွေးစုတ်ဖုတ်ကောင်ဟူသည် လူတို့၏ သွေးကို သောက်သုံးတတ်သည်...
ရေးပြီပြီချင်း ဆရာမလေး မျက်နှာကို လှမ်းကြည့်လိုက်သည်။ သူမက လုံးဝ အပြုံးမပျက်သွားပဲ ကျွန်ုပ်နားသို့ ကပ်၍၊
ဆရာမလေး ။ ။ မင်းမှားနေပြီ၊ ဆရာမက သချာင်္တွက်ခိုင်းတာလေ...
ကျွန်ုပ် ။ ။ ကျွန်ုပ်မှ မတွက်ချင်တာ။ သချာင်္ထက် ကျွန်ုပ်က သွေးစုတ်ဖုတ်ကောင်ကိုပဲ ပိုစိတ်ဝင်စားတယ်ဗျ...
ဆရာမလေး ။ ။ မင်းနဲ့ ခက်သားပဲ။ ကျောင်းသားက သချာင်္မတွက်ချင်လို့ ရမလား...
ကျွန်ုပ် ။ ။ သွေးစုတ်ဖုတ်ကောင်က ဘယ်လိုလဲ ဆရာမလေးရော မသိချင်ဘူးလား...
ဆရာမလေးကို ရိတိတိ လုပ်နေသဖြင့် အတန်းထဲမှ ကျောင်းသားများ အားလုံးကို လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။ ပေါင်ချိန်က မသိမသာလစ်ထွက်ရန် ကြံနေတော့သည်။ ကျွန်ုပ်အတန်းဖော် ကျောင်းသားများက သူတို့မှာ ပါလာသော ထမင်းချိုင့်များ၊ ကွန်ပါဘူး၊ ဘော်လီများဖြင့် ကျွန်ုပ်ကို ၀ိုင်းပေါက်ကြပြီ၊
ကျောင်းသား ။ ။ မိုးဇက်၊ မင်း သချာင်္ မတွက်ချင်ရင် ပြန်ဆင်း....
နောက်ကျောင်းသား ။ ။ ဟုတ်တယ်။ ဆရာမလေးကိုတော့ မခန့်လေးစား မလုပ်နဲ့ကွ...
တခြားကျောင်းသား ။ ။ ဆရာမလေးကို ထိလို့ကတော့ ငါတို့ မင်းကို ဒီအတိုင်းကြည့်မနေနိုင်ဘူး...
ကျောင်းသား အားလုံးများ သူမဘက်မှ ရပ်တည်ကာ ကျွန်ုပ်ကို ချရန် ထိုင်ရာမှ ထလာကြသည်။ ထိုချိန်တွင် ဆရာမလေးက မသိမသာ သူမနိုင်ပြီဆိုသည့် မဲ့ပြုံးဖြင့် ကျွန်ုပ်ကို စိုက်ကြည့်လိုက်သဖြင့် ကျွန်ုပ်အံ့တချက်ကြိတ်လိုက်ပြီ၊
ကျွန်ုပ် ။ ။ နောက်မှ တွေ့ကြသေးတာပေါ့...
ဟုပြောကာ အတန်းထဲမှ ထွက်လာခဲ့သည်။ အခန်းပြင်ရောက်တော့ အခန်းပြင်ထောင့်နားမှာ ကုန်းဂွဂွဖြင့် ပုန်းနေသော ပေါင်ချိန်အပေါ် ဒေါသတွေ လွှဲချကာ၊
ကျွန်ုပ် ။ ။ အလကားကောင်၊ အင်းဟာ...
ပေါင်ချိန်ဘင်ကို ပိတ်ကန်လိုက်တော့သည်။
ပေါင်ချိန် ။ ။ အား၊ နာလိုက်တာ။ ငါနဲ့ ဘာဆိုင်လို့လဲ။ ငါလည်း ဘာမှမလုပ်ပဲနဲ့ ငါကိုချည်း အနိုင်ကျင့်တယ်။ ဟိ၊ ဟိ၊ ဟိ...
ငိုမဲ့၊ ငိုမဲ့နဲ့ ထွက်သွားတော့သည်။ ဒီကောင် ပေါင်ချိန်က တမျိုးဟု စိတ်ထဲမှ ကြိမ်းဆဲလိုက်မိသည်။ ဆရာမလေးနဲ့ ကျွန်ုပ်အခြေအနေမှာ သာမန်အဆင့်ကနေ တင်းမာသည့် အနေအထားသို့ ရောက်ရှိသွားတော့သည်။ မြင်မြင်သမျှ အရာအားလုံးသည် ကျွန်ုပ်အတွက် ဒေါသထွက်စရာများပင် ဖြစ်နေတော့သည်။ ကျွန်ုပ်ရှေ့က ဖြတ်လျှောက်သမျှ ကျောင်းသားအားလုံး ရန်လိုက်လုပ်တော့သည်။
ကျောင်းသား ။ ။ မိုးဇက်၊ ဒီကောင် ရူးများ ရူးသွားပြီလား မသိဘူးကွ...
တခြားကျောင်းသား ။ ။ ဟုတ်မယ်ကွ။ ဒီကောင်ကို အရူးဆေးရုံပို့လိုက်တာ ကောင်းမယ်...
လှောင်ပြောင်မူများ ကျွန်ုပ်အပေါ်သို့ ပြုကျင့်လာကြတော့သည်။ အမှန်တိုင်းဆိုလျှင် သူတို့ကို ကျွန်ုပ်က ကာကွယ်ပေးနေခြင်းပင် ဖြစ်သည်။ ဆရာမလေးက သွေးစုတ်ဖုတ်ကောင်သာ မှန်လျှင် တကျောင်းလုံးရှိ ကျောင်းသားများမှာ အလွန်ပင် အသက်အန္တာရာယ်ရှိလှသည်။ ဒါကို မသိပဲ ကျွန်ုပ်ကိုစော်ကားလာသဖြင့်၊ ကျွန်ုပ်လည်း လူပင် သည်းခံနိုင်မှ သည်းခံမည် ဖြစ်သည်။ စိတ်ပေါက်ပေါက်ဖြင့် ကျောင်းမဆင်း သေးမှီ ကျောင်းခြံစည်းရိုးကို ခုန်ကျော်က ထွက်လာခဲ့သည်။ ကျောင်းပြင်တွင် ကြီးပေါတို့ အုပ်စုနှင့် ပက်ပင်းတိုးတော့သည်။ ကျွန်ုပ်လည်း ပြသာနာထပ်မဖြစ်လိုသဖြင့် ရှောင်ထွက်သွားသည်ကို၊
ကြီးပေါ ။ ။ ဟေ့ကောင် မိုးဇက်၊ ငကြောက်ကြီး...
သူ့နောက်လိုက်များ ။ ။ ဟားဟား။ မိုးဇက် ငကြောက်၊ မိုးဇက် ငကြောက်...
ကျွန်ုပ်အား မခံချင်အောင် တမင် မီးမှောင်းထိုး နေတော့သည်။ ကျွန်ုပ် မျက်တောက်များ နီရဲတက်လာပြီ သူ့အင်္ကျီကို စောင့်ဆွဲလိုက်ကာ၊
ကျွန်ုပ် ။ ။ ဟေ့ကောင် ကြီးပေါ၊ မင်းနာချင်နေပြီနဲ့တူတယ်။ ငါ ဒေါသကို လာမဆွနဲ့...
ကြီးပေါ ။ ။ ဘာလဲ မင်းက ငါနဲ့တပွဲလောက် နွှဲချင်လို့လား။ ဒီတစ်ခါ ငါမင်းကို ရှုံးရင် ငါကြီးပေါဆိုတဲ့ နံမည်ကို...
ကျွန်ုပ် ။ ။ ငပေါလို့ ပြောင်းလိုက်...
ဟုပြောရင်း ကြီးပေါ မျက်နှာ တည့်တည့်ကို ပြင်းထန်သော လက်သီးချိန်၍ အဆက်မပြတ်ကို ထိုးတော့သည်။ ကြီးပေါ မြေပြင်ပေါ်သို့ လှဲကျသွားသည့်တိုင်အောင် အထိုးမပြတ်သေးပေ။ သူ့နောက်လိုက်များက ၀င်ကူဖို့ နေသာသာ ကြောက်လန့်ကာ တဦးတလေမှ အနားမကပ်ရဲကြပေ။ ဖူးယောင်းနေသော မျက်နှာကြီးဖြင့် ကြီးပေါ ပါးစပ်မှတောင် သွေးများပင် စီးကျလာတော့သည်။
ကြီးပေါ ။ ။ အား၊ ကြောက်ပါပြီဗျ၊ တော်ပါတော့။ ငပေါလို့ ပြောင်းပါ့မယ်ဗျ...
အော်မှသာ ဆုတ်ကိုင်ထားသော ကြီးပေါ အကျီင်္ကိုလွှတ်ပေးလိုက်ပြီ၊
ကျွန်ုပ် ။ ။ မင်းနောက်တခါဆို အသေပဲ...
ဟု ဆဲဆို၍ ထွက်လာခဲ့သည်။ ငပေါ နောက်လိုက် အားလုံးကလည်း ကျွန်ုပ်နဲ့ယှဉ်မထိုးရဲသဖြင့် လမ်းဖယ်ပေးကြသည်။ အိမ်သို့ ပြန်ရောက်ရောက်ချင်းပင် သွေးပေနေသော ကျွန်ုပ်လက်ကို စဉ်အောင်ဆေးပြီ သန့်စင်လိုက်သည်။ ကာတွန်းစာအုပ်ဖတ်ရင်း အိမ်ရှေ့ခန်းဆိုဖါပေါ်တွင် အိပ်ပျော်သွားစဉ်၊
တံခါး ။ ။ တင်တောင်၊ တင်တောင်၊ တင်တောင်...
ဘဲလ်တီးသံကြောင့် ရှုတ်တရပ် လန့်နှိုးလာတော့သည်။ နာရီကြည့်တော့ ညနေတောင် စောင်းသွားပြီ ဖြစ်သည်။ ဆိုဖါပေါ်မှ ကောက်ခနဲထရပ်လိုက်ပြီ တခါးမရှိရာသို့ ထွက်လာခဲ့ကာ တံခါးကို ဖွင့်လိုက်သည်။
ကျွန်ုပ် ။ ။ ဟင်၊ ဆရာမလေး...
တံခါးဝတွင် ရပ်နေသူမှာ ဆရာမလေး ဖြစ်နေ၍ ကျွန်ုပ် အလွန် အံ့အားသင့်သွားစဉ်၊ ဆရာမလေး ပါးစပ်မှ ချွန်ထက်သော အဆွယ်များ ထွက်လာပြီ၊
ဆရာမလေး ။ ။ ငါဘယ်သူလဲ မင်းသိသွားမှတော့။ မင်းကို အရှင်မထားနိုင်ဘူး...
ကျွန်ုပ် ။ ။ သိတာ ကျွန်ုပ်တစ်ယောက်တည်း မဟုတ်ဘူး။ ပေါင်ချိန်လည်း သိတယ်။ သတ်ချင်ရင် သူကို အရင်သတ်...
ဆရာမလေး ။ ။ ဒါဆို မင်းကို အရင်ရှင်းပြီမှ ပေါင်ချိန်ကို နောက်မှ ရှင်းမယ်...
ပြောလိုက်ရာ ကျွန်ုပ် ထိပ်လန့်၍ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားတော့သည်။ လျင်မြန်စွာ ကျွန်ုပ်နားသို့ ရောက်လာပြီ ကျွန်ုပ် ကုတ်ကို ကွတ်ခနဲမြည်အောင် ချိုး၍ ကျွန်ုပ်လည်ပင်းကို သူမ၏အဆွယ်များဖြင့် ကိုက်ချလိုက် လေတော့သည်။
------------------------------------------------------
ဆက်ရန်
ဆက်ရန်
Mozet become a vampire too? Can't wait to read more!
ReplyDeleteis it a dream of Mozet? very curious to read more n more!
ReplyDeleteကောင်းတယ်။ ဆက်ရေးပါအုန်း။
ReplyDeleteAyan kaung per tel! Can't wait to read more!
ReplyDeleteဆက်ကြိုးစားပါ။ အားပေးနေပါတယ်၊ ခင်ဗျာ။
ReplyDelete