Friday, April 22, 2011

Vampire နဲ့ Dhampir ဘာကွာလဲ (အခန်း-၄)




အခန်း-၄ 
သွေးစုတ်ဖုတ်ကောင် သတ်နည်းကျမ်း


ပေါင်ချိန်နှင့် ကျွန်ုပ်နဲ့ ရင်းနှီးမှုဟာ ဘယ်လောက်ထိ ကြာခဲ့သလဲမေးရင်၊ ကျွန်ုပ်အသက်နှင့် အမျှဟု ပြောရမည်။ မွေးနေ့၊ မွေ့ရက်ချင်းတူသလို ညီအစ်ကိုလို ခင်သော သူငယ်ချင်းများပင် ဖြစ်သည်။ ဆရာမလေးက သွေးစုတ်ဖုတ်ကောင်ဟု ကြားပြီ ကတည်းက သူမ၏ အိပ်မက်ဆိုးတွေပင် မက်နေမိသည်။ သူမကို ရှင်းပစ်ရန် ကျွန်ုပ်မှာ အဖော်လိုသည်။ ယနေ့ ပေါင်ချိန် ဆေးရုံမှ ဆင်းမည်ဖြစ်၍ ကျွန်ုပ် အနည်းငယ် ၀မ်းသာနေမိသည်။ ကျောင်းပေါက်ဝတွင် တရုန်းရုန်းဖြင့် ဆူညံ့သံများကို ကြားလိုက်ရ၍ အနားသို့ ထွက်လာသည်။

ပေါင်ချိန် ။ ။ ''မိုးဇက် ဆန့်ကျင်ရေးအသင်း'' ၀င်ချင်သူများအား ဖိတ်ခေါ်ပါတယ်...



ဟု ရှေ့ဆုံးမှ လက်သီးလက်မောင်းတန်းကာ လော်စပီကာဖြင့် အော်နေသော ပတ်တီးများဖြင့် ပေါင်ချိန်ကို မြင်လိုက်၍ ကျွန်ုပ် မျက်မှောင်ကုတ် လိုက်မိသည်။ ပေါင်ချိန် ကားအက်ဆီထင့် ဖြစ်သွားပြီကတည်းက ကျွန်ုပ်ကို အလွန်ကို နားကျည်းမုန်းတီးသွားခြင်း ဖြစ်သည်။ တစ်ကျောင်းလုံးရှိ ကျောင်းသား အားလုံးနီးပါး အပြေးအလွှားဖြင့် ပေါင်ချိန်ဖွဲ့ထားသော "မိုးဇက် ဆန့်ကျင်ရေး အသင်း" ဆီသို့ သွားကြတော့သည်။ ကျွန်ုပ်လည်း ပေါင်ချိန်နားသို့ တလှမ်းခြင်း တိုးသွားသည်။ ပေါင်ချိန် ကျွန်ုပ်ကို မြင်လိုက်သည်နှင့်၊

ပေါင်ချိန် ။ ။ မိုးဇက်၊ ငါတို့ အားလုံး မင်းကိုမုန်းတယ်။ ဒီမောင်ဆိုးပေကျောင်းက မင်းကို အလိုမရှိဘူးကွ။ အားလုံး ထောက်ခံကြရဲ့လား...
အားလုံး ။ ။ ထောက်ခံတယ်၊ ထောက်ခံတယ်ဟေ့...
ကျွန်ုပ် တောက်တချက် ခေါက်ကာ ပေါင်ချိန်နားသို့ ပိုပိုတိုးသွားပြီ၊

ကျွန်ုပ် ။ ။ ဟုတ်ပါပြီ။ တခြားသူတွေ ကျွန်ုပ်ကို မုန်းချင် မုန်းလို့ရတယ်။ မကျေနပ်လို့ ကျွန်ုပ်ကို ပြောချင်သလို ပြော၊ ဆဲချင်သလိုလဲ ဆဲနိုင်တယ်။ ဒါပေမယ့် ပေါင်ချိန် မင်းက ဘယ်သူလဲဆိုတာ မင်းမေ့နေပြီလား။ မင်းက ငါအခင်ဆုံး သူငယ်ချင်းလေကွာ...
လေသံခပ်ပျော့ပျော့ဖြင့် ပေါင်ချိန်ကို တချက်လောက် ပြောလိုက်သည်နှင့်၊

ပေါင်ချိန် ။ ။ ငါမှားပါတယ်ကွာ။ သူငယ်ချင်း မိုးဇက်ကြီး...

မျက်ရည်ရွှဲနှစ်ဖြင့် ကျွန်ုပ်ကို ပြေးဖက်တော့သည်။ တခြားကျောင်းသားများက ဒေါသထွက်၍၊

တခြားကျောင်းသား ။ ။ အလကား ပေါင်ချိန်၊ ငကြောက်။ မင်းတသက်လုံး မိုးဇက် လောင်ရိပ်အောက်က လွှတ်မှာ မဟုတ်ဘူး...
ပေါင်ချိန် ။ ။ ဟေ့ကောင်တွေ ငကြောက်ဖြစ်တော့ ဘာဖြစ်လဲ။ ငါ သူငယ်ချင်း မိုးဇက်ကိုတော့ သစ္စာမဖောက်နိုင်ဘူးကွ...
နောက်ကျောင်းသား ။ ။ နောက်တစ်ခါဆို မိုးဇက်ရော၊ မင်းရော မယုံတော့ဘူး...

ပေါင်ချိန်ကို ဆဲဆိုအော်ဟစ်ကာ ပြန်ထွက်သွားကြတော့သည်။ ပေါင်ချိန်ကို သေမင်းနဲ့တွေ့ပုံ၊ ဆရာမလေး သွေးစုတ်ဖုတ်ကောင် ဖြစ်ပုံအားလုံး ရှင်းလည်းပြပြီရော၊

ပေါင်ချိန် ။ ။ ဂစ်... ဂစ်... ဂစ်...
ဟုအော်ကာ မူးမေ့သွားတော့သည်။ ပေါင်ချိန် ပြန်သတိရလာမှ ကျွန်ုပ်တို့ စာကြည်တိုက်တွေ သွားပြီ သွေးစုတ်ဖုတ်ကောင် သတ်နည်းစာအုပ်ကို ရှာဖွေစခန်းစတော့သည်။

ပေါင်ချိန် ။ ။ မိုးဇက်၊ ငါရှာတွေ့ပြီနဲ့ တူတယ်...
ကျွန်ုပ် ။ ။ ပြစမ်း...
ပေါင်ချိန် လက်ထဲမှာ စာအုပ်ကို ဆွဲယူကြည့်လိုက်ရာ ဟိုဒင်းဟိုဟာ စာအုပ် ဖြစ်နေသည်။ ကျွန်ုပ် ဒေါသထွက်သော အမူအရာဖြင့် ပေါင်ချိန်ကို စိုက်ကြည့်လိုက်တော့ ပေါင်ချိန် နောက်သို့ တလှမ်းချင်းဆုတ်သွားပြီ၊

ပေါင်ချိန် ။ ။ မိုးဇက်၊ မင်းကလဲကွာ။ ငါက မင်းပျော်အောင် စတာလေကွာ...
ကျွန်ုပ် ။ ။ ဘြော် စတာဟုတ်လား...
အသံ ။ ။ ဒေါင်...
သူလာပေးသော စာအုပ်ဖြင့် ပေါင်ချိန်ခေါင်းကို ရိုက်ချလိုက်တော့သည်။ အလကား ငရှုတ်ကောင်၊ ဘာမှ သုံးစားလို့ မရဘူးဟု ပျစ်တောက်ပြောရင်း ဆက်ရှာဖွေတော့သည်။ တစ်နေ့ကုန်ရှာတာတောင် သွေးစုတ်ဖုတ်ကောင်၊ မပြောနဲ့ အိမ်မြှောင်သတ်နည်း စာအုပ်တောင် မတွေ့မိပေ။

သေမင်း ။ ။ ဟယ်လို...
သေမင်းက အရင်ပုံနှင့်မတူပဲ ခုခေတ်လူငယ်တွေလို အင်္ကျီအပွ၊ ဘောင်းဘီအပွကြီး ၀တ်ထား၍၊
ကျွန်ုပ် ။ ။ ခင်မျာ ဘယ်လို...
သေမင်း ။ ။ ကျွန်ုပ် အကျီင်္မနေ့က ဟိုတယ်မှာ မေ့ကျန်ခဲ့လို့။ ဒါနဲ့ ခင်မျာ ကျွန်ုပ် ခိုင်းတာ လုပ်ပြီပြီလား...
ကျွန်ုပ် ။ ။ ကျွန်ုပ် အလုပ်ကို ကျွန်ုပ်သိပါတယ်။ တပတ်အတွင်း လုပ်ပေးရင် ပြီရောပေါ့...
ပေါင်ချိန် ကျွန်ုပ်အား တတောင်နဲ့ လာတွတ်ပြီ အနားကပ်ကာ၊

ပေါင်ချိန် ။ ။ မိုးဇက်၊ မင်းနဲ့ စကားပြောနေတာ ဘယ်သူလဲကွ...
ကျွန်ုပ် ။ ။ သေမင်းဆိုတာ သူပဲ...
ပေါင်ချိန် ။ ။ ဂစ်... ဂစ်... ဂစ်...
ထပ်မန် မူးလှဲကျသွားတော့သည်။ သေမင်းက သူတပည့် အမဲကောင်နှင့် အဖြူကောင်ကို အခေါ်လွှတ်လိုက်ပြီ၊

သေမင်း ။ ။ ခင်မျာအတွက် လိုရမယ်ရ အကူအညီလိုရင် သုံးနိုင်အောင် ကျွန်ုပ်အတိုင်ပင်ခံ နှစ်ယောက်ကို ထားခဲ့ပေးမယ်။ ကျွန်ုပ်ကတော့...
သေမင်း လက်ညှိုးညွှန်ပြသော နေရာသို့ ကြည့်လိုက်ရာ တကမ္ဘာလုံးက အချောလှပေ့တွေ တန်းစီပြီ လာကြိုနေသဖြင့် မိန်းမတွေများ သေမင်းမှန်းမသိ၊ လူမှန်းမသိဟု ကြိမ်းဆဲလိုက်မိသည်။ သေမင်းလည်း ထွက်သွားရော အမဲကောင်က၊

အမဲကောင် ။ ။ ခင်မျာအပင်ပန်းခံပြီ သွေးစုတ်ဖုတ်ကောင် သတ်နည်း ရှာနေမယ့်အစား ကျွန်တော်တို့နဲ့ မိန်းခလေးတွေ ပေါတဲ့ နေရာသွားရင် မကောင်းဘူးလား...
ကျွန်ုပ်ကို စော်ကားသည့် စကားမျိုး လာပြော၍ မကျေနပ်သည့် အိုင်တင်ဖြင့် စိုက်ကြည့်လိုက်သည်။

အဖြူကောင် ။ ။ အမဲကောင်။ ဘာတွေ လျှောက်သင် ပေးနေတာလဲ၊ မိုးဇက်က အဲဒီနေရာတွေ သွားစရာလား...
နူးညံ့သော အသံတိုးတိုး ညှင်ညှင်သာသာဖြင့် ပြောလိုက်ရာ ကျွန်ုပ်နှင့် အမဲကောင် ပြိုင်တူအော်လိုက်သည်မှာ၊

ပြိုင်တူ ။ ။ ဘာလို့ မသွားရမှာလဲကွ ငါလည်း ယောကျာ်းပဲ...
ဟုပြောပြီ အဖြူကောင်ကို နှစ်ယောက်ပေါင်း၍ ၀ိုင်းဆော်ကြတော့သည်။ တအောက်နေတော့ ပေါင်ချိန် ပြန်သတိရလာပြီ၊

ပေါင်ချိန် ။ ။ မိုးဇက်၊ ဟိုသေမင်း ဘယ်ရောက်သွားပြီလဲ...
ကျွန်ုပ် ။ ။ ပြန်သွားပြီ။ သူတပည့် နှစ်ယောက်ပဲ ကျန်ခဲ့တယ်...
ပေါင်ချိန် ။ ။ သူတပည့်တွေ။ ဂစ်၊ ဂစ်...
အော်ကာ ထပ်မူးလှဲဖို့ ပြင်နေသဖြင့် ပါးကို ဖျန်ခနဲမြည်အောင် ရိုက်ပစ်လိုက်သည်။ ညနေစောင်းအထိ သွေးစုတ်ဖုတ်ကောင် သတ်နည်းကျမ်း စာအုပ်ကို ရှာမတွေ့ပေ။ နောက်ဆုံး စာကြည့်တိုက်တစ်ခု အတွင်းသို့ ၀င်လာကြသည်။ ဆိုင်ရှင်က ကြိုဆိုသည့်အနေဖြင့်၊

ဆိုင်ရှင် ။ ။ ၀င်လာကြပါဗျာ။ ဒီစာကြည့်တိုက်မှာ ခြင်၊ ယင်၊ သွေးစုတ်ဖုတ်ကောင် သတ်နည်း စာအုပ် အစုံရှိပါတယ်...
အော်ပြောလိုက်ရာ ကျွန်ုပ်အတွက် ဒီအသံ ရင်းနှီးနေပါ့လားဟု တွေးရင်း ဆိုင်ရှင်ကို လှမ်းကြည့်လိုက်မိသည်။

ကျွန်ုပ် ။ ။ ခင်မျာ၊ သေမင်း မဟုတ်ဘူးလား...
သေမင်း ။ ။ သိပ်ဟုတ်တာပေါ့...
ကျွန်ုပ် ။ ။ ဒီမှာ ဘာလာလုပ်ပြန်ပြီလဲ...
သေမင်း ။ ။ ဒါ ကျွန်ုပ်ပိုင်တာလေ...
မျက်လုံးထဲမှ မီးတောက်တွေ ထွက်လာပြီ သေမင်းလည်း ပြောသေးတယ် စာကြည့်တိုက် ပိုင်တာနဲ့ စုံနေတာပဲဟု ဆဲဆိုလိုက်သည်။ ကျွန်ုပ်မြင်သာနိုင်မည့် နေရာနားတွင် တမင်ပေါ်တင်ကြီးကို သွေးစုတ်ဖုတ်ကောင် သတ်နည်းကျမ်း စာအုပ်ကို လာထားပေးထား၍ တွေ့သွားတော့သည်။

ကျွန်ုပ် ။ ။ ခင်မျာမှာ ဒီစာအုပ်ရှိရင် စကတည်းက မပေးပဲ။ ကျွန်ုပ်ကို ရှာခိုင်းနေသေးတယ်...
သေမင်း ။ ။ ဒါက ဒီလိုရှိတယ်။ ကျွန်ုပ်က သေမင်းဆိုတော့ ဒီအတိုင်း ပေးလိုက်ရင် စည်းမျည်းနဲ့ မကိုက်ညီဘူးဗျ...
ကျွန်ပ် ခေါင်းကို အများကြီး ခါယမ်းလိုက်တော့သည်။ ပေါင်ချိန်ကို သတိရ၍ လိုက်ရှာတော့ ဘယ်ချိန်ကတည်း လစ်သွားမှန်း မသိပေ။ ထိုသွေးစုတ်ဖုတ်ကောင် သတ်နည်းကျမ်းစာအုပ်ကို ကျွန်ုပ် အိမ်သို့ ယူလာခဲ့သည်။ အိမ်ရောက်မှ ကျွန်ုပ် တရွက်ခြင်း လှန်ဖတ်တော့သည်။

ပထမစာရွက် ။ ။ သွေးစုတ်ဖုတ်ကောင်ဆိုသည် လူသတ္တ၀ါတွေလို သေမျိုးမဟုတ်ပေ။ အကြောင်းမှာ သွေးစုတ်ဖုတ်ကောင် ခေါင်းဆောင်ကြီးဖြစ်သူသည် သူအသက်ကို စတေးခံကာ သူရဲ့ မျိုးဆက်များကို ဒုတိယကမ္ဘာစစ်အတွင်း မသေစေရန် ငရဲပြည်မှ ငရဲသားတစ်ဦးနှင့် စာချုပ်ချုပ်ဆိုပြီ သူ၏ ၀ိညာဉ်ကို ရောင်းစားခဲ့သည်။ သို့သော် ကောင်းတာရှိရင် မကောင်းတာ ဒွန်တွဲနေသလိုပင်။ သူ၏ နောက်သားမျိုးဆက်များ မသေသော်လည်း သွေးစုတ်ဖုတ်ကောင် မကောင်းဆိုးဝါးများ ဖြစ်သွားကြသည်။ ဒီမကောင်းဆိုးဝါး သွေးစုတ်ဖုတ်ကောင်များကို နှိပ်နင်းရန် နည်းလမ်းကောင်းလေးများ ရှိသည်။
၁။ သွေးစုတ်ဖုတ်ကောင် တစ်ကောင်၏ နှလုံးတည့်တည့်ကို ဓားဖြင့် ထိုး၍ ၎င်း၊
၂။ ငွေဖြင့်လုပ်ထားသော ကျည်ဖြင့် ပစ်သတ်၍ ၎င်း၊
၃။ မနက်ခင်း နေရောင်ထဲသို့ နာရီဝက်ထပ်ပိုနေစေခြင်းဖြင့် ၎င်း၊

ဖတ်ပြီ စာအုပ်ကို ပိတ်ချလိုက်သည်။ ဒီအချက် ၃ချက်ထဲမှ ဘယ်အချက်ဖြင့် ဆရာမလေးကို သတ်ရင် ကောင်းမည်ကို စဉ်းစားရင်း ဟာအကြံရပြီ ကျွန်ုပ် တတိယနည်းနဲ့ မနက်ဖြန် သတ်မယ်ဟု ဆုံးဖြတ်လိုက်သည်။

------------------------------------------------------
ဆက်ရန်

No comments:

Post a Comment