အခန်း-၄ ယူမီကို
ဒေါ်လေးက ယူမီကို တွေ့သည်နှင့် ယာကူဇာဂိုဏ်းဝင်မယ့် အကြောင်းကို စဆူတော့သည်။ ဒေါ်လေးကို နောက်ဘယ်တော့မှ ယာကူဇာဂိုဏ်း လှုံဆော်စာတွေ မဝေတော့ပါဘူး ကတိ လွယ်လွယ်ပေးလိုက်၍ အဆူလွှတ်သွားသည်။
ဒေါ်လေး ။ ။ ယူမီ ကတိတည်နော်၊ နောက်တစ်ခါ ယာကူဇာဂိုဏ်းနဲ့ ပတ်သက် အကြောင်းကြားရင်၊ ဒေါ်လေး အဆိုးမဆိုနဲ့နော်...
ယူမီ ။ ။ ဒေါ်လေးကလည်း ယူမီက ကတိတည်ပါတယ်၊ စိတ်သာချပါ။ ဒါနဲ့ ဒေါ်လေးရော ဟိုကျောင်းအုပ်နဲ့ ဘာလိုလို ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်...
ဒေါ်လေးက အားရပါးရ ရယ်လျှက်။
ဒေါ်လေး ။ ။ ဒေါ်လေးက ဘာကိစ္စ ယူမီ ကျောင်းအုပ်ကို ကြိုက်မှာတုန်း။ ကျောင်းအုပ်အနေနဲ့ လေးစားဆက်ဆံ တာလောက်ပဲ ရှိတာပါ...
ယူမီစိတ်ထဲ တော်သေးတာပေါ့ တွေးနေမိသည်။ ဒေါ်လေး ကျောင်းအုပ်ကို မကြိုက်သည်မှာ သေချာ သွားပြီးမို့ ပျော်ရွင်စွာဖြင့် အိမ်ခန်းထဲ ၀င်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဟို၃ယောက်တော့ ကျောင်းအုပ်ကို ရည်းစားစာ ပေးဖို့တာ ပြင်ပေးတော့ တွေးပျော်နေမိသည်။ ဒါပေမယ့် ယာကူဇာဂိုဏ်း မ၀င်တော့ပါဘူး ဆိုတဲ့ ကတိကိုရော ဘယ်လိုလုပ် ရင်ကောင်းမှလဲ။ ကတိဆိုတာ ယူမီကတည်မှ ဖြစ်တာ၊ ဘာစာချုပ် စာတမ်းမှလည်း မရှိတာမို့ ကတိမတည်လည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဒေါ်လေးမသိအောင် ယာကူဇာဂိုဏ်းဝင်မယ့် ကိစ္စကို သိပ်တခိုး စီစဉ်မှဖြစ်လိမ့်မည်ဟု တွေးမိသည်။ နောက်နေ့မနက်မိုးလင်းတော့ ဒေါ်လေးက ရူတင်သွားပြီးမို့ တစ်ယောက်ထဲ ကျန်ခဲ့သည်။ ကျောင်းပိတ်ရက်မို့ အိမိတို့ကို ဒေါ်လေးအိမ်လာခဲ့ဖို့ ချိန်းလိုက်သည်။ ဆာရှီမီ နဲ့ ဆူရှီတို့ အရင်ရောက်လာကြသည်။ အိမိကတော့ ထုံးစံအတိုင်း အမြဲနောက်ကျနေကျမို့ အပြစ်မပြောလိုပါဘူး။ ခဏကြာတော့ ဆံပင် ဖရိုဖရဲဖြင့် အိမိ ရောက်လာသည်။
ဆာရှီမီ ။ ။ အိမိ နင်ဖရိုဖရဲနဲ့ ဘယ်လိုဖြစ်လာရတာတုန်း...
အိမိ ။ ။ မနေ့က ငါတို့ ကျောင်းအုပ်ခေါ်ဆူခံရတာကို ငါ့အမေသိသွားလို့၊ ဒီနေ့ ကျိန်လုံး တစ်လုံးနဲ့ လိုက်ရိုက်လို့ မနည်းအိမ်ပတ်ပြေးပြီး လာရတာ...
ဆူရှီ ။ ။ ငါကြားဖူးတာ တစ်ဦးတည်းသော သမီးဆိုပြီး အလိုလိုက်ခံရတာပဲ ကြားဖူးတယ်၊ နင်ကျမှ တချိန်လုံး အရိုက်ခံရတယ်လို့...
အိမိ ။ ။ ဒါကတော့ ဟို၊ ငါကို ချစ်လို့ ရိုက်တာနေမှာပေါ့၊ ဟုတ်တယ်နော် ယူမီကို...
ယူမီ ။ ။ အေးဟုတ်ပါပြီ၊ ခုမိန်းမဆိုးလေးများ အဖွဲ့ဝင်တွေကို အရမ်းအရေးကြီးတဲ့ လှိုဝှက်သတင်းပြောစရာရှိတယ်...
ထိုစကားကို ကြားသည်နှင့် ဆာရှီမီ၊ အိမိ၊ ဆူရှီတို့ သိချင်စိတ် အရမ်းဖြစ်သွားပြီး ယူမီနားသို့ တိုးလာကြသည်။ ယူမီက ချက်ချင်း မပြောသဖြင့် ဆူရှီက သီးမခံနိုင်ပဲ...
ဆူရှီ ။ ။ ဘာအရေးကြီးတဲ့ သတင်းလည်း၊ သိချင်လှပြီး မြန်မြန်ပြောပါဟယ်...
ယူမီကို ။ ။ ဒီကိစ္စက အသက်နဲရင်းပြီး နှုတ်လုံမှဖြစ်လိမ့်မယ်။ နင်တို့ကို ငါယုံလို့ရပါတယ်နော်...
ဆူရှီ ။ ။ လုံးဝနှုတ်လုံစေရပါမယ်၊ ပြောမှသာပြောပါ...
ဆာရှီမီ ။ ။ ငါကိုလည်း ယုံတယ်မလား...
အိမိ ။ ။ ယူမီကို မဟုတ်မှလွှဲရော ယာကူဇာ ဂိုဏ်းဝင်မယ့် ကိစ္စမဟုတ်လား...
ယူမီကို ။ ။ အိမိ ဒီတစ်ခါတော့ နင်တယ်တော်ပါ့လား၊ နင်မဆိုးဘူး တိုးတက်လာတယ်ပြောရမယ်...
ဆူရှီ ။ ။ ဒါဆို ယာကူဇာဂိုဏ်းဝင်ဖို့ နည်းလမ်းတွေ့ပြီးပေါ့…
ယူမီကို ။ ။ ဒါပေါ့ ဇာတ်လမ်းဒီလို နားနားတိုးခဲ့ ငါပြောပြမယ်...
အိမိ၊ ဆာရှီမီ၊ ဆူရှီတို့ကို မာဖီယာနဲ့ အွန်းလိုင်းမှာ ဘယ်လိုတွေ့ခဲ့ပုံတွေ၊ မာဖီယာရဲ့ ပြောပုံဆိုးပုံတွေ၊ ပြောခဲ့တာတွေကို ပြန်ပြောပြလိုက်သည်။ ပြီးတော့ မာဖီယာ ဓာတ်ပုံ ကွန်ပြုတာထဲမှာ သိမ်းထားတာမို့ သူတို့ကို ပြတော့...
အိမိ ။ ။ ယူမီကို ကြည့်လည်းလုပ်ပါအုန်း၊ ဒီမာဖီယာ ဆိုတဲ့လူက ကြောက်စရာကြီး။ နင်ငါတို့ကို သူ့ဓာတ်ပုံပြသာ သိသွားပြီး၊ ငါတို့ကိုပါ လာသတ်နေရင် ဘယ်လိုလုပ်မလဲ...
ဆာရှီမီ ။ ။ အိမိ နင်ကတော့ အားရှိကြောက်မယ် ဆိုတာချည်းပဲ။ ရုပ်ကတော့ ကြမ်းပေမယ့်၊ ဗလကတော့ တကယ်ရှယ်ပဲ၊ ငါဒီလို ယောကျာ်းပီသတဲ့သူ မတွေ့ဖူးသေးဘူး...
ဆူရှီ ။ ။ ဆာရှီမီ နင်က အိမိကိုသာ ပြောနေတာ၊ နင်ကကျတော့ ယောကျာ်းမြင်ရင် ငန်းငန်းတက်နေတာပဲ။ ငါကတော့ ကြောက်လည်း မကြောက်ဘူး၊ ငန်းစရာလည်း မလိုဘူး...
ယူမီကို ။ ။ တော်ပါတော့ဟယ်၊ နင်တို့က တကယ်ကို ကြောင်နဲ့ ကြွက်လိုပဲ။ ငါပြောချင်တာက ဒီမာဖီယာ ဆိုတဲ့လူက ယာကူဇာ ဂိုဏ်းဝင်ဟုတ်မဟုတ် ဆိုတာကိုပဲ၊ နင်တို့ ဒီလူကို ဘယ်လိုမြင်လဲ။ ငါကတော့ မာဖီယာက ယာကူဇာဂိုဏ်းနဲ့ ပတ်သက်ပြီး တော်တော်သိပုံရတော့ ယာကူဇာဂိုဏ်းဝင် ဖြစ်ဖို့တော့ များတယ်...
အိမိ ။ ။ ငါကတော့ မြင်ရုံနဲ့ကို ယာကူဇာ ဂိုဏ်းဝင်အစစ် ဆိုတာ သေချာနေပြီးပဲ...
ဆူရှီ ။ ။ ခန့်မှန်းရတော့ ခက်သား၊ ဒါပေမယ့် ဒီလူရဲ့ ပြောပုံဆိုပုံအရဆို ယာကူဇာဂိုဏ်းဝင်လို့ပဲ ထင်တယ်...
ဆာရှီမီ ။ ။ ဒီလိုလုပ်ပါလား၊ ယူမီ နင်သူရဲ့ လိပ်စာတောင်းလိုက်၊ ငါသွားစုံစမ်းပေးရမလား...
ယူမီကို ။ ။ သူက ဓာတ်ပုံတောင် တခြားလူပြရင် ငါကို သတ်မယ် ခြိမ်းခြောက်ထားတာ၊ လိပ်စာတောင်းကာမှ ငါကို အစိမ်းလိုက် မျိုချပစ်နေပါအုန်းမယ်။ တစ်ခုတော့ရှိတယ်၊ မာဖီယာက ငါကို တက်တူးထိုးပြီးမှ သူကို ပြန်ဆက်သွယ်ဖို့ မှာထားတာဆိုတော့ ငါတက်တူးအရင်ထိုးမှ ဖြစ်မယ်...
ဆာရှီမီ ။ ။ တက်တိုး တကယ်ထိုးမှာလား၊ ငါလည်း ထိုးချင်တာနဲ့ အတော်ပဲ...
ဆူ၇ှီ ။ ။ ယူမီက ယာကူဇာဂိုဏ်းဝင်ဖို့ တက်တူးထိုးမှာ၊ နင်ကရော ဘာအတွက်ထိုးမှာလဲ...
ဆာရှီမီ ။ ။ တက်တူးထိုးတာပဲ ဘာအတွက် ဆိုတာ ရှိသေးလို့လား၊ အိမိ နင်ရောထိုးမှာလား...
အိမိ ။ ။ ငါကလား၊ မထိုးရဲပါဘူး။ တော်ကြာ ပြန်ဖျက်ချင်လို့ ဖျက်လို့ရတာမှ မဟုတ်တာ။ ယူမီကို နင်က တကယ်ထိုးမှာလား၊ အရမ်းနာမှာနော်...
ယူမီကို ။ ။ တက်တူးထိုးလို့ နာတာလောက်များ ကြောက်နေရင် ငါသူရဲဘောကြောင်ရာ ကျမှာပေါ့။ ဒီနေ့ပဲ မြို့ထဲသွားပြီ တက်တူးထိုးကြရအောင်။ တက်တူးမထိုးခင် နင်တို့ စားချင်တဲ့ စားသောက်ဆိုင် ရွေးပြီး နေ့လည်စာ အရင်စားကြမယ်လေ၊ ဘယ်လိုသဘောရလဲ...
ဆူရှီ ။ ။ ယူမီကို နင်ဒီနေ့ပြောတဲ့ အထဲမှာ ဒီအကြံအကောင်းဆုံးပဲ၊ ဟီးဟီး...
ဆာရှီမီ၊ ဆူရှီ၊ အိမိတို့က အရမ်းကို ပျော်သွားကြသည်။ ဒါပေမယ့် သူတို့ ၃ယောက် ပျော်နိုင်တုန်း ပျော်ထားပါ ယူမီစိတ်ထဲ တွေးမိသည်။ ဒါနဲ့ နေ့လည်စာစားရန် ကားဖြင့် ယူမီတို့ အပြင်ထွက်လာကြသည်။ ဆူရှီိတို့ကတော့ ယူမီလိုက်ကျွေးတာမို့ အကောင်းဆုံး နဲ့ ဈေးအကြီးဆုံး ယီယီစံ စားသောက်ဆိုင်ကို ရွေးစားကြသည်။ ယီယီစံ စားသောက်ဆိုင်မှာ ယူမီ အကြိုက်ဆုံး ဟင်းဖြစ်တဲ့ ဖူကူငါးဟင်းရှိတာကြောင့် သွားစားလေ့ရှိသည်။ ဖူကူငါးဟင်း တစ်ပွဲကို ယမ်း ၂သောင်းလောက်ပေးရသည်။ ဖူကူငါးက အဆိပ်အလွန်ပြင်းတဲ့ ငါးဖြစ်တာမို့ ဖူကူငါး အတွက် သီးသန့် စပါရှယ် စားဖိုမှုးများမှ ဖူကူငါး အဆိပ်ဖယ်ပြီး ချက်နိုင်သည်။ ဒါကြောင့် ဂျပန်စကားပုံတောင် ရှိသေးတယ် ‘ဖူကူငါးတော့စားချင်ပါတယ်၊ သေတော့ မသေပါရစေနဲ့’။
အိမိ ။ ။ ယူမီကို လိုက်ကျွေးလို့တာ ဒီလို ကြီးကျယ်ခမ်းနားတဲ့ဆိုင်မှာ စားရတာ...
ဒီဆိုင်အပြင်အဆင်က ခမ်းနားပြီး အခန်းလေးတွေထဲမှာ ဂျပန်စတိုင် စားပွဲပုပုလေးတွေနဲ့ အောက်မှာ ထိုင်ပြီး စားရတဲ့ ပုံစံမျိုးပင်။
ဆူရှီ ။ ။ ဟုတ်တယ် ယူမီကို၊ ဒါနဲ့ ငါ ဖူကူငါးဟင်း မှာလို့ ရမလားဟင်...
ဆူရှီကတော့ အကောင်းဆုံး၊ ဈေးအကြီးဆုံး ဟင်းပဲ မှာနေကျလေ။
ဆာရှီမီ ။ ။ ဆူရှီနင်ကတော့ အစားပုပ်တာလည်း လွန်းပါရော၊ ဈေးအကြီးဆုံး ဟင်းမှ ရွေးမှာတယ်လို့...
ဆူရှီ ။ ။ ကျွေးတဲ့ သူကတော့ ဘာမှ မပြောဘူး နင်က ဘာလို့ ၀င်ပြောရတာလည်း...
ယူမီ ။ ။ တော်ပါတော့၊ ဆူရှီ ဖူကူငါးဟင်း စားချင်ရင် စားပါ၊ ငါလည်း ဖူကူငါးဟင်းပဲ စားမှာ၊ အိမိနဲ့ ဆာရှီမီ ရော ဘာမှာကြအုန်းမလဲ...
အိမိ ။ ။ ငါဘာမှာရင်ကောင်းမလဲ ကြည့်နေတုန်းပဲ...
အိမိကတော့ ဒီဟင်းမှာရင် ကောင်းမလား၊ ဟိုဟင်းမှာရင်ကောင်းမှလား ဝေခွဲမရဖြစ်နေသည်။
ဆာရှီမီ ။ ။ ရှယ်ပဲဟာ၊ တကယ်ကို ရှယ်ပဲ...
ဆာရှီမီကတော့ ဟင်းမှာဖို့ကို စိတ်မ၀င်စားပဲ ဘေးဝိုင်းက ကောင်လေးတွေရှေ့မှာ ပဲမျိုးစုံလုပ်ပြနေလေရဲ့။ ဒါနဲ့ ယူမီလည်း ဆက်မမေးတော့ပေ။ ဂျပန်ကီမိုနို ၀တ်စုံဝတ်ထားသော စားပွဲထိုးအမျိုးသမီး ရောက်လာသည်။ ယူမီ နဲ့ ဆူရှီကတော့ ဖူကူငါးဟင်း တစ်ပွဲစီမှာလိုက်သည်။ ဖူကူငါးဟင်းက ဈေးလည်းအရမ်းကြီးတာမို့ လားမသိဘူး၊ စားလို့တော့ ဘယ်လိုကောင်းမှန်းကို မသိပင်။ ယူမီက အမြဲ တကာခံပြီး ကျွေးမွေးနေကြပါ။
သူတို့ ၃ယောက် စားပြီးတော့မှ ကျောင်းအုပ် နဲ့ ဒေါ်လေး အကြောင်း ပြောရအုန်းမယ်။ စားနေတုန်းပြောလိုက်ရင် စားပိုးနှစ်သွားရင် မလွယ်ဘူး စိတ်ထဲတွေးပြီး ၀မ်းသာနေမိသည်။ ဆူရှီကတော့ တဖြဲနဖြဲစားနေလိုက်တာ၊ ဗိုက်တောင် ကွဲမတတ်ပဲ။ အိမိနဲ့ ဆာရှီမီကတော့ အစားနည်းနည်း ဂျီးများတယ်။ ယူမီကတော့ အစားသိပ် မရွေးပါဘူး၊ ကောင်းတာဆို များများစားတယ်၊ မကောင်းရင် လုံးဝကို မစားဘူး။ အားလုံးလည်းစားလို့ ပြီးသွားရော ပိုက်ဆံရှင်းရန် စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။
ယူမီ ။ ။ ပိုက်ဆံရှင်းမယ်...
စားပွဲထိုး ။ ။ ယမ်း ၁သိန်းနဲ့ ၅သောင်းကျပါတယ်...
ဆာရှီမီ ။ ။ ဆူရှီ ဒါကြောင့် ငါနင်ကိုပြောတာ အကုန်လည်း မစားနိုင်ပဲ ဇွတ်မှာတယ်...
ဆူရှီ ။ ။ ငါမစားနိုင်လည်း ပါဆယ်ထုတ်သွားမှာပေါ့...
အိမိ ။ ။ ဒီရှေ့က ဟင်းလေး ငါအမေအတွက် ယူသွားမယ်နော်...
ယူမီ ။ ။ အိမိ နင်အမေအတွက် ဆိုရင် ငါအသစ်၂ပွဲ ထပ်မှာပေးလိုက်မယ်...
အိမိ ။ ။ ယူမီ ဒါကြောင့် ငါလေ နင်ကို အရမ်းခင်နေရတာ သိလား...
ပြောကာ ယူမီကို အိမိတစ်ယောက် လာချွဲသည်။ အိမိက ဆာရှီမီ၊ ဆူရှီတို့ထက် ပိုမပြည့်စုံပေ။ အိမိ အမေတစ်ခု၊ သမီးတစ်ခုမို့ တခြားသူတွေထက် အိမိကို ပိုသနားမိသည်။
ယူမီ ။ ။ ခုနင်တို့ စားချင်တာ စားပြီးပြီးမို့ ငါနင်တို့ကို ပြောစရာ စကားရှိတယ်...
ဆာရှီမီ ။ ။ ဘာစကားမို့လဲ...
ယူမီ ။ ။ မနေ့က ကျောင်းအုပ်ကို ဒေါ်လေး ပြန်ကြိုက်မကြိုက် လောင်းထားတာလေ...
ဆူရှီ က၀မ်းသာသော အကြည့်ဖြင့် ယူမီ ကိုလှန်းကြည့်ပြီးမှ...
ဆူရှီ ။ ။ ဟုတ်တယ်၊ အဲဒါ ငါတို့နိုင်လို့ ယူမီ လိုက်ကျွေးတာမလား၊ ဒါမှန်းသိရင် ဒီထက်ဈေးကြီးတဲ့ဆိုင်မှာ သွားစားပါတယ်...
အိမိ ။ ။ တော်ပါသေးရဲ့၊ နိုင်သွားလို့ မဟုတ်ရင် ကျောင်းအုပ်ကို ရည်စားစာပေးရမှာ...
ယူမီ ။ ။ ၀မ်းသာ မစောနဲ့ကျနဲ့အုန်းလေ၊ ဒီမှာ စာချုပ် ဖတ်ကြည့်...
ဒေါ်လေးဆီက ကတိတောင်းရုံမကသေးဘူး ယူမီဘက်က သေချာအောင် ဒေါ်လေးကို ကျောင်းအုပ်ကို ပြန်မကြိုက်ပါဘူး ဆိုတဲ့ စာချုပ်တောင် ချုပ်ခဲ့သေးတယ်။ စာချုပ်ကိုလည်း ဖတ်ပြီးရော အိမိမျက်နှာက ဇီးကွက်လောက်ပဲရှိတော့တယ်။ ဆာရှီမီ နဲ့ ဆူရှီက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး...
ဆူရှီ ။ ။ ယူမီရယ် ငါတို့ ကျောင်းအုပ်ကို ရည်စားစာ မပေးခိုင်းပဲ၊ တခြား ဟာလုပ်ပေးလို့ မရဘူး၊ ဥပမာ နင်မစားချင်တဲ့ မုန့်တွေ စားခိုင်းတာတို့...
ဆာရှီမီ ။ ။ ဆူရှီကတော့ အစားအကြောင်း မပါရင် မပြီးဘူး။ ငါကတော့ အရမ်းချောတော့ ကျောင်းအုပ်ကို စာသွားပေးလို့ ဖြစ်မယ် မထင်ဘူး။ ကျောင်းအုပ်က ငါကို ကျောင်းအုပ်က တကယ်ကြိုက်နေမှဖြင့် ဒုက္ခဟ...
အိမိ ။ ။ ငါကို ကျောင်းအုပ်ကို စာမပေးခိုင်းပဲ အိဂျီလို လည်ပင်းမှာ ဆိုင်ပုဒ်ချိတ်ခိုင်းတာမှ ပိုကောင်းအုန်းမယ်...
ယူမီ ။ ။ မရဘူးလေ၊ ဒါကြောင့် စထဲက ငါက စာချုပ်စာတမ်းနဲ့လုပ်ထားတာ။ မနက်ဖြန်ကျောင်းတက်တာနဲ့ ဒီမှာ ရည်စားစာ ၃စောင်၊ ငါလိုရင်း တိုချင်းပဲရေးထားတယ်။ ကွန်ပြုတာနဲ့ စာစီထားတာပြီး အရောင်လေးတွေတောင် ခွဲထားသေးတယ်။ အထဲက စာတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ အဲဒါကို ကိုယ်နည်း ကိုယ်ဟန်နဲ့ ပေးဖြစ်အောင် ပေးကြပေတော့...
ပန်းရောင်စာ ။ ။ ချစ်ရပါသော ဆရာကြီး၊ အိမိက ကဗျာမဖွဲ့ စာမဖွဲ့တတ်တာမို့ ရိုးရိုးလေးပဲ ရေးလိုက်ပါမယ် သိပ်သိပ်ကို ချစ်ပါတယ်...
အဖြူရောင်စာ။ ။ ဆာရှီမီလေ ဆရာကြီးကို မြင်မြင်ချင်း ချစ်မိခဲ့တာပါ။ ဆရာကြီးကို ချစ်တဲ့အချစ်က အရမ်းဖြူစင်ပါတယ်။ ဘာအရောင်မှ မဆိုးထားတာမို့၊ ပြန်ချစ်မယ်ဆို ပြန်ချစ်ပေးပါနော်...
အစိမ်းရောင်စာ ။ ။ အစိမ်းရောင်မို့ စိမ်းကားတယ်လို့ မထင်လိုက်ပါနဲ့ ဆရာကြီးရယ်။ အသဲကတော့ အနီရောင်လေးပါ။ ၀တဲ့သူမို့ မချစ်ပဲ မနေလိုက်ပါနဲ့၊ အရမ်းချစ်တဲ့ ဆူရှီ...
အိမိတို့ ၃ယောက် သူတို့ကို ပေးထားတဲ့ ရည်စားစာတွေကို ဖတ်ပြီး မျက်စိမျက်နှာ အရမ်းပျက်နေကြသည်။ ကျောင်းအုပ်က အရှက်ကွဲမှာ တစ်ကျောင်းလုံးသိအောင် လုပ်မယ့်အပြင် အရိုက်ကလည်း ခံရမှာမို့ ယူမီ သူတို့အတွက် စိတ်တော့မကောင်းပါဘူးလေ။
ယူမီ ။ ။ အရမ်းလည်း စိတ်မကောင်း ဖြစ်မနေကြနဲ့အုန်း၊ နင်တို့ ၃ယောက်ထဲက ကျောင်းအုပ်က ပြန်ကြိုက်တဲ့သူကို တရုတ်၊ ဟောင်ကောင်၊ စင်္ကာပူ၊ မလေးရှား၊ မြန်မာ၊ ထိုင်း ၆ နိုင်ငံတွေကို သွားလည်ဖို့ အားလုံးကို ငါစီစဉ်ပေးထားသေးတယ်...
ဆူရှီ၊ ဆာရှီမီ၊ အိမိတို့အားလုံး မျက်လုံး အရောင်တောက်သွားကြသည်။
ဆူရှီ ။ ။ တကယ်ပြောတာလား၊ ဒါဆို စွန့်စားရချည်းသေးရဲ့။ ဒါပေမယ့် သူတို့ကို ရေးပေးထားတဲ့ ရည်စားစာကတော့ ပိုကောင်းတယ်၊ ငါရည်စားစာက သိပ်ကဗျာ မဆန်ဘူး...
ဆာရှီမီ ။ ။ ရိုက်ခံရမှာချင်း တူတူကိုများ ကဗျာဆန်တယ်၊ မဆန်ဘူး လုပ်နေသေးတယ်။ နင်လို ဖက်တီးပုပ်ကိုများ ကျောင်းအုပ်က ပြန်ကြိုက်မယ် ဝေးသေး။ ငါလို ချောတယ်ဆို တော်သေးတယ်၊ ငါတော့ အာရှတစ်ဝှိမ်း သွားလည်ရသေးချည်ရဲ့...
ဆူရှီ ။ ။ နင်က နာတော့မယ် ထင်တယ်...
ယူမီကို ။ ။ ကျောင်းအုပ် ဆီက အချစ်ကို ဘယ်နည်းနဲ့ပဲ ကြိုးစားကြိုးစား ရအောင်လုပ်ဖို့က အရေးကြီးတယ်...
ယူမီက တစ်ချက်ခုတ် ၂ချက်ပြတ်နည်းကို သုံးလိုက်တာလေ။ ဒေါ်လေးက ကျောင်းအုပ်ကို ပြန်ကြိုက်မှာ စိုးတာမို့ ဒီနည်းကို သုံးလိုက်တာပါ။ အိမိ မျက်နှာက အရောင်တွေလင်းလက်ပြီး ဘာကိုတွေးပျော်နေမှန်း မသိပေ။ ယူမီစိတ်ထဲမှာတော့ သူတို့ တစ်ယောက်မှကို ပြန်မကြိုက်ပဲ ဗင်းခံရဖို့တော့များသည်ကို တွေးရယ်နေမိသည်။ နေ့လည်စာလည်း စားပြီး သွားပြီးမို့ တက်တူးထိုးရန် ထွက်လာခဲ့ကြသည်။
haha i wanna know how headmaster will response that one....really nice part again...willl continue read other part now
ReplyDelete