ကျွန်မအစက ကျောင်းအုပ်ကို ရည်စားစာ မပေးချင်ပေမယ့် ခုတော့ ပေးရုံ တောင်မကဘူး ဆရာကြီး အချစ်ကို ရအောင် ယူအုန်းမှာ။ ဒီ ၆နိုင်ငံကို သွားလည်ခွင့် ရရင် တရုတ်၊ မြန်မာ ကောင်လေး ချောချောလေးတွေ နဲ့လျှောက်လည်ရတော့မှာ တွေးပြီး အတွေးကမ္ဘာ အချိန်တော်တော်ကြာအောင် မျှောသွားသည်။ ဆူ၇ှီက သူအားကြီးနဲ့ ကျောအား ဗန်းခနဲ မည်အောင် ရိုက်လိုက်တာ၊ နားလွန်းလို့ ကျွန်မ စိတ်နဲ့ ကိုယ်နဲ့ ပြန်ကပ်သွားတော့သည်။ ကျွန်မ အကြံအစည်တွေးကို ဆာရှီမီ နဲ့ ဆူရှီတို့ ရိပ်မိသွားတော့ မဖြစ်ပေ။ ဆူရှီကိုတော့ ဖက်တီးပုပ်ဆိုတော့ ပြိုင်ဘက် စာရင်းထဲက ဖယ်ထားလို့ ရပေမယ့်၊ ဆာရှီမီကိုတော့ လျှော့တွက်၍ မရပေ။ ဒါပေမယ့် ကျွန်မက သူတို့ထက် အများကြီး ပိုလှတာမို့ ဆရာကြီး အချစ်ကို ရနိုင်တယ်ဟု တွေးရယ်နေသည်။
ယူမီကို ။ ။ အိမိ နင်ဘာဖြစ်နေတာလဲ၊ ခုနက စားသောက်ဆိုင်မှာ ငါတို့ထထွက်သွားတာကို မသိပဲ တစ်ယောက်ထဲ အပြုံးပန်းတွေ ပွင့်ပြီး ကျန်ခဲ့တယ်။ ခုလည်း ဘာတွေ စဉ်းစားပြီး ရယ်နေရပြန်ပြီးလည်း...
အိမိ ။ ။ ဘြော် ဘာမှမဟုတ်ပါဘူး ယူမီ၇ဲ့၊ အရင်တုန်းက အကြောင်းတွေ တွေးရယ်မိလို့ပါ...
ဆူရှီ ။ ။ အေး ဒီတစ်ခါ အတွေးစုံနေတို့ကတော့ လက်နဲ့ မချတော့ဘူး၊ တုတ်နဲ့ပါချမှ ဖြစ်မယ် ထင်တယ်...
ဆူရှီဆိုတဲ့ တစ်ယောက် တစ်ချက်ချက်ရိုက်လိုက်ရင် အသက်တောင် သေသွားနိုင်တယ်။ သူအားကြီးတိုင်း သူများကို လိုက်အနိုင်ကျင့်တယ် တွေးမိသည်။
ဆာရှီမီ ။ ။ ဆူရှီရယ် အိမိကို အရမ်းမလုပ်ပါနဲ့၊ အိမိက စထဲက ယိုင်နေတာ နင်အားကြီးနဲ့ လုပ်လိုက်မှဖြင့် သနားစရာလေးပါဟယ်...
ဆာရှီမီလည်း ဘာထူးလည်း ကျွန်မဆိုရင် ဘယ်လို နှိပ်ကွတ်ရင်ကောင်းမလဲ ပဲစဉ်းစားနေတယ်လေ။
ကျွန်မတို့ မိန်းမဆိုးလေးများ အဖွဲ့ တက်တူးထိုးရန် တိုကျို မြို့လည် ယမ်မာဟာ စားသောက်ဆိုင်ဘေးက တက်တူးထိုးဆိုင်သို့ လမ်းလျှောက်လာကြသည်။ တက်တူးထိုးဆိုင် အနားရောက်တော့ တက်တူးဆိုင်မှ တက်တူးထိုးပြီး ချာတိတ် အုပ်စု ထွက်လာသည်။ တချို့ချာတိတ်တွေက မျက်နှာကလွဲလို့ တကိုယ်လုံးအပြည့်ကို တက်တူးထိုးထားသည် ကြည့်ရတာနဲ့ကို ကြပ်တီးထလာပြီး တက်တူးဆိုင်ထဲဝင်ရမှာကို နည်းနည်းတွန့်သွားသည်။ ကျွန်မ တက်တူးထိုးတဲ့ ဆိုင်ထဲ ၀င်သည်နှင့် ဒူးတွေ တုန်တုန်ရိရိ ဖြစ်လာသည်။ တက်တူးဆိုင် ကောင်တာ စာရေးမကလည်း လမ်းသရဲစတိုင် နှာခေါင်း နှင့် ချက်မှာ ဆွဲသီးနဲ့ လည်ပင်းမှာ နှင်းဆီပုံတက်တူး နဲ့ လက်တွေမှာရော တက်တူးတွေထိုးထားသေးသည်။ ဆိုင်အတွင်း ထိုင်နေတဲ့ တချို့သူတွေက လည်း တက်တူးအပြည့်နဲ့ လူဆိုးဂိုဏ်း ထဲရောက်သွားသည့်အလား ကျွန်မတွေးကြောက်ပြီး ချွေးသီးချွေးပေါက်တွေ ကျလာသည်။
ကောင်တာ စာရေးမ ။ ။ ဟိတ် ချာတိတ်မလေးတွေ၊ မင်းတို့ ၄ယောက်စလုံး တက်တူးထိုးမှာ ကြမှာလား...
ကျွန်မစိတ်ထင် စာရေးမက တခြားသူတွေကို မေးနေတယ် အောင်မေ့နေမိသည်။ ပြီးမှ ငါတို့ကို မေးနေတာပဲဟု သတိရလိုက်၍ အလန့်တကြားဖြင့်...
ကျွန်မ ။ ။ ကျွန်မ မထိုးဘူး၊ မထိုးဘူးနော်၊ သူတို့ပဲ ထိုးမှာ...
ထအော်လိုက်မိဘူး။
ယူမီကို ။ ။ အိမိရယ် ဖြေးဖြေးပြောလည်း ရပါတယ်၊ နင်လုပ်တာနဲ့ ငါတို့ အားလုံး လန့်သွားတာပဲ...
ဆာရှီမီ ။ ။ အိမိခုမှ ကြောက်နေပြီးလား။ မိန်းမဆိုးလေးများ အဖွဲ့ဝင်ဆိုရင် ထိုးရဲရမှာပေါ့။ သတ္တိမရှိတဲ့ သူတွေကတော့ ဘယ်ထိုးရဲပါ့မလဲ...
ဆူရှီ ။ ။ ဆာရှီမီ နင်ဘယ်သူကို ရွဲ့ပြောနေတာလဲ...
ဆာရှီမီ ။ ။ ငါနံမည်လည်း တပ်မပြောပဲ နင်က နင်ကို ပြောတာ ဘယ်လိုသိလဲ...
ဆူရှီ ။ ။ ဆာရှီမီ နင်အရမ်းလွန်လာပြီးနော်၊ ယူမီ ငါလည်း တက်တူးထိုးမယ်ဟာ...
ခုဆူရှီကလည်း တက်တူးထိုးမယ်ဆိုတော့ ဆာရှီမီက ကျွန်မကို အတင်း တက်တူးထိုးခိုင်းတော့မှာပဲ တွေးကြောက်ပြီး တကိုယ်လုံး တစက်စက်တုန်လာသည်။
ဆာရှီမီ ။ ။ အိမိ နင်ရောတက်တူးထိုးမယ် မဟုတ်လား...
ဆာရှီမီ မေးလိုက်သဖြင့် ကျွန်မခေါင်းကို မိုးကြိုးပစ်ခံလိုက် ရသလိုဖြစ်သွားသည်။
ယူမီကို ။ ။ အိမိကိုတော့ ချမ်းသာပေးလိုက်ပါ ဆာရှီမီရယ်၊ ငါတို့ ၃ယောက်ပဲ တက်တူးထိုးကြတာပေါ့...
ယူမီကို ကျွန်မကိုဝင်ကယ်ပေးလို့ပဲ ကျေးဇူးကြီးလိုက်တာ ယူမီကိုရယ်ဟု တွေးပြီး ခုမှပဲ သက်ပြင်းချနိုင်တော့သည်။
အိမိ ။ ။ ဟုတ်ပါတယ်ဟာ ငါကို ချမ်းသာပေးကြပါနော်၊ နင်တို့ပဲ တက်တူးလှလှလေးတွေ ထိုးကြနော်...
ကျွန်မိ တက်တူးမထိုးသဖြင့် ဆာရှီမီ ကတော့ သိပ်ကျေနပ်ပုံ မပေါ်ပေ။ ကောင်တာက စာရေးမက ယူမီတို့ကို တက်တူး Design ပုံတွေ စာအုပ်လာပေးသည်။ ဆာရှီမီနဲ့ ဆူရှီကလည်း ဒီပုံထိုးရင် ကောင်းမလား ဟိုပုံထိုးရင် ကောင်းမလား အလုပ်ရှုပ်နေကြသည်။ ယူမီကိုကတော့ တက်တူးထိုးဖို့ စိတ်အားထက်သန်စွာဖြင့် တက်တူးပုံစံကို သေသေချာချာ ရွေးနေသည်။
ယူမီကို ။ ။ ဆာရှီမီ နဲ့ ဆူရှီ ဒီမှာကြည့်စမ်း ဘယ်လောက်ကဗျာဆန်လိုက်လဲ ကျောအပြည့် နဂါးပုံကို ရောင်စုံစုတ်နဲ့ အသေချာကို ထိုးထားတာ။ ငါဒါမျိုးသာ ထိုးလိုက်လို့ကတော့ မာဖီယာ ထိုင်ငိုသွားစေရမယ်...
ဆူရှီ ။ ။ ဟုတ်ပ၊ မာဖီယာ နင်ကို ပြန်တောင် ထိုင်ရှီခိုးသွားနိုင်တယ်ဟ။ တကယ်ကို မိုက်တယ် ထိုးတာ ထိုးဟ...
ကျွန်မ ယူမီကို ပြသော တက်တူးပုံကို ၀င်စပ်စုကြည့်လိုက်သည်။ လည်ပင်းကနေ တင်နားထိ ရှည်တဲ့ နဂါးရုပ်ကို ဖောင်းကြွစတိုင်နဲ့ ရောင်စုံစုတ်နဲ့ စုတ်ထိုးထားတာပါ။ ကျွန်မကတော့ ကြည့်လိုက်တာနဲ့ ကြောက်လို့ ထိုးဖို့တော့ နေသာသာပါပဲ။
ဆာရှီမီ ။ ။ ငါက ခါးမှာပဲ တက်တူးထိုးတော့မယ်။ ဒီပုံလေးတွေဆို မဆိုးဘူး...
ဆူရှီ ။ ။ အေးဟုတ်တယ် ခါးမှာ ထိုးတဲ့ တက်တူးပုံလေးတွေ တော်တော်လှတယ်...
အိမိ ။ ။ နင်တို့ တက်တူးလှလှလေးတွေ ထိုးကြတုန်း၊ ငါအပြင်ထွက်ပြီး မုန့်သွားစားလိုက်အုန်းမယ်...
ကျွန်မအဖို့ တက်တူးဆိုင်တွင် ဆက်ထိုင်နေရင်း ဆာရှီမီက စိတ်ပြောင်းပြီး စုတ်ထိုးဖို့ အတင်းခေါ်နေမှဖြင့် တွေးမိသည်နဲ့ လစ်ထွက်လာသည်။ တက်တူးဆိုင်နဲ့ မလှမ်းမကမ်း နားမှာ ရေခဲမုန့်ရောင်းနေသည်ကို တွေ့သည်နှင့် ကျွန်မ အရမ်းပျော်သွားသည်။ ရေခဲ့မုန့်ဆို ကျွန်မ အရမ်းကြိုက်သဖြင့် ရေခဲမုန့်၃ခု ၀ယ်စားပြီး ပန်းခြံရှေ့ထိုင်ခုံ မှီထိုင်ပြီး ဟိုကြည့်ဒီကြည့် ကျွန်မလျှောက်ကြည့်နေသည်။ ရေခဲမုန့်စားနေစဉ် ယူမီကိုပြောတဲ့ မာဖီယာ ဆိုသူနဲ့ တူသော ပသိုင်းမွှေးရှည်၊ ဆံပင်နောက်စီးထားပြီး တကိုယ်လုံး တက်တူးအပြည့်ထိုးသော ပုံစံက အလွန်မှ ကြောက်စရာကောင်းသည့် သူတစ်ယောက် ဒေါကြီးမောကြီးနဲ့ တက်တူးဆိုင်တွင်းသို့ ၀င်သွားသည်ကို ကျွန်မမြင်လိုက်နှင့် လန့်ပြီး စားနေသော ရေခဲ့မုန့်တွေ လွှတ်ကျသွားသည်။ ပြီတော့ မာဖီယာ ဆိုတဲ့လူရဲ့ လက်မှာမှာလည်း ယာကူဇာဂိုဏ်းဝင်တဲ့ကိုင်တဲ့ ဓားရှည်ကို ကိုင်ထားသေးသည်။ ကျွန်မ စိတ်ထဲ မာဖီယာ ငါတို့ကို သူအကြောင်းသိသွားလို့ လာသတ်တာပဲ ဖြစ်မယ် တွေးမိတာနဲ့ တွေ့ရာ ကားတစ်စီးနောက်မှာ ၀င်ပုန်းနေလိုက်သည်။
ကားနောက်မှ တက်တူးဆိုင်တွင်းသို့ ပြတင်းပေါက်မှ ကျွန်မလှမ်းခိုးကြည့်လိုက်သည်။ တက်တူးဆိုင်ထဲမှာ ၀ုန်းဒိုင်းကြဲနေပြီး ကျွန်မ တောင်းပန်ပါတယ်၊ ရှင်ပုံကို ဘယ်သူမှ မပြတော့ပါဘူး၊ ယူမီကိုရဲ့ ငိုသံဖြင့် စကားပြောသံတွေကို ကြားနေရသည်။ ခဏကြာတော့ မာဖီယာက ငါမင်းတို့ကို သေမင်းတမန်ဆီပို့ပေးမယ် ပြောပြီး အားအားအား ဆိုတဲ့ အသံတွေနဲ့ ပြတင်းပေါက်တစ်ခုလုံး သွေးတွေဖြင့် နီရဲသွားသည်။ ကျွန်မလည်း အရမ်းကို သွေးလန့်သွားပြီး ကားနားသို့ တဖြည်းဖြည်း ပြန်ဆုတ်သွားသည်။ ခဏကြာတော့ မာဖီယာ ဆိုင်တွင်းမှ ပြန်ထွက်လာပြီး မာဖီယာရဲ့ ဓားတွေလည်း သွေးတွေစီကျနဲ့ မြင်သည်နှင့် ကျွန်မပိုထိတ်လန့် သွားပြီးအားအားအား ဟုကျယ်လောင်စွာ အော်လိုက်မိသည်။ ဆာရှီမီက သတင်းစာအလိပ်ဖြင့် ကျွန်မခေါင်းကို လာရိုက်လိုက်မှ ကျွန်မအိပ်မက်မှ ရှုတ်တရက် လန့်နှိုးသွားသည်။ ကျွန်မတစ်ကိုယ်လုံးတွေလည်း ချွေးတွေ အပြည့်နဲ့ပင်။
ကျွန်မ ။ ။ ဟို မာဖီယာ၊ ဟို မာဖီယာ နင်တို့ကို သတ်သွားတယ်...
ဆာရှီမီ ။ ။ ဒုက္ခပါပဲ အိမိရယ်၊ ဘယ်က မာဖီယာမှ မရှိဘူး။ နင်အိပ်ပျော်နေလို့ ငါလာနှိုးတာလေ...
ကျွန်မ ။ ။ အမယ်လေး တော်ပါသေးရဲ့၊ ဒါဆို ငါအိပ်မက် မက်နေတာပေါ့လေ...
ဆာရှီမီ ။ ။ နင်ကတော့လေ၊ အိပ်ပျော်ရုံမကဘူး အိပ်မက်ပါ မက်နေသေးတယ်...
ကျွန်မခုမှပဲ အသက်ရှုချောင်သွားတော့သည်။ အိပ်မက်ထဲကလိုသာ အပြင်မှာ မာဖီယာပေါ်လာရင် တွေးရုံနဲ့ ကြောက်လာသည်မို့ အတွေးကို ရပ်ပစ်လိုက်သည်။
ကျွန်မ ။ ။ ဟီးဟီး၊ နင်တို့က တက်တူးထိုးတာ အရမ်းကြာတာကို၊ ဒါနဲ့ နင် တက်တူးထိုးပြီးပြီးလား၊ အရမ်းနာလား...
ဆာရှီမီ ။ ။ အရမ်းလည်း မနာပါဘူးဆိုပေမယ့် နည်းနည်းတော့ နာတာပေါ့။
ဆာရှီမီက သူမ နောက်ကျော ခါးဘက်လှည့်ပြပြီး သူမထိုးထားသော ၆လက်မလောက် အလျားလိုက် လိပ်ပြာနှင့် နှင်းဆီပန်းအခတ်လေးများ ရောထိုးထားတာ ထိုးထားသောတက်တူးကို ပြသည်။ အကျီင်္ခပ်တိုလေးနဲ့ ဘောင်ဘီ ချပ်ပြုတ် ၀တ်မယ်ဆိုရင် တက်တူးကိုမြင်ရအောင် ထိုးထားပုံရသည်။ ကြည့်လိုက်တော့လည်း တက်တူး ပုံစံက ဆာရှီမီနဲ့ လိုက်ဖက်တာမို့ စိတ်ထဲ မိုက်လှချည်းလားဟုတောင် တွေးမိလိုက်သေးသည်။
ကျွန်မ ။ ။ နင်ထိုးထားတဲ့ တက်တူး တယ်မိုက်ပါ့လား...
ဆာရှီမီ ။ ။ မိုက်ဆို ဆာရှီမီလေ တစ်ခြားသူမှ မဟုတ်တာ...
ကျွန်မ ။ ။ ဆူရှီနဲ့ ယူမီကိုရော မပြီးသေးဘူးလား...
ဆာရှီမီ ။ ။ အေး မပြီးသေးဘူးထင်တယ်၊ ဆူရှီက ဒီရှေ့ခန်းမှာ တက်တူးထိုးတာ ငါတို့သွားကြည့်ရအောင်...
ဆူရှီ တက်တူးထိုးသော အခန်းထဲသို့ ဆာရှီမီ နဲ့ ကျွန်မ ၀င်သွားသည်။ တက်တူးထိုးတဲ့ အခန်းထဲရောက်တော့ တက်တူးထိုးရန် စက်ကြီးလည်း မြင်ရော၊ ကျွန်မီစိတ်ထဲ ဘယ်ကဘယ်လို ကြောက်စိတ်ဝင်လာမှန်း မသိပါဘူး။ ပြန်ထွက်ပြေးချင် စိတ်တောင် ပေါက်လာတယ်။ ဒါပေမယ့် ထိုင်ခုံပေါ်မှာ ထိုင်ပြီး ငိုနေတဲ့ ဆူရှိကိုတွေ့သဖြင့် ကျွန်မ အံ့အားသင့်သွားသည်။
ဆာရှီမီ ။ ။ ဆူရှီ ဘာဖြစ်လို့ ငိုနေတာလဲ...
ဆူရှီ ။ ။ တက်တူးထိုးတာ နာလို့ ငိုတာပေါ့ဟ။ ဒီလောက်နာမှန်းသိရင် စထဲက မထိုးပါဘူး...
ဆူရှီကို တက်တူးထိုးပေးသော သူက ဆူရှီကို မကျေနပ်တဲ့ မျက်လုံးနဲ့ လှမ်းကြည့်လိုက်ပြီး ကျွန်မတို့ဘက်လှည့်၍...
တက်တူးထိုးသူ။ ။ ဟုတ်တယ် ဒီချာတိတ်မက အလကားဟာမလေးပါ။ ဘာလဲ တက်တူးထိုးတာ တန်းလန်းကြီးပဲ ရှိသေးတယ်၊ နာလို့ ဆက်မထိုးပါဘူး ပြောပြီး ရပ်လိုက်တယ်လေဗျာ။ ကျွန်ုပ်ပြောတာ အစထဲက နာမှာ ကြောက်ရင် မထိုးနဲ့ပေါ့ဗျာ၊ ခုဟာက ကျွန်ုပ်တို့ တက်တူးထိုးတဲ့ ဆိုင်ပါ နံမည် ပျက်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဆိုင်က တက်တူးထိုးခဲ့တယ်လို့ ဘယ်သူကိုမှ မပြောပါနဲ့...
ပြောပြီး တက်တူးထိုးပေးတဲ့ သူက စိတ်ဆိုးဆိုးနဲ့ အခန်းတံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်ပြီး အခန်းထဲမှ ထွက်သွားလေသည်။
ကျွန်မ ။ ။ ဆူရှီ နင်ကလည်း ဟုတ်သားပဲ၊ အနာမခံနိုင်ရင် မထိုးတာမှ ကောင်းအုန်းမယ်...
ကျွန်မပြောလိုက်မှ ဆူရှီကတော့ ပို၍ ငိုလာပြီး...
ဆူရှီ ။ ။ ငါတော့ တက်တူးက တ၀က်တပျက်ကြီးနဲ့မို့ တသက်လုံး သူများအပြောခံရတော့မှာပဲ...
ဆူရှီတစ်ယောက် ရှိုက်ကြီး တငင်ငိုပါတော့သည်။ ဆာရှီမီ နဲ့ ကျွန်မက ဆူရှီကို ၀ိုင်းနှစ်သိမ့်ကြသည်။ ဆူရှီက သူထိုးတဲ့ တက်တူးကို ပြတော့ ငြိမ်းချမ်းရေး သင်္ကေတ ဌက်ပုံလေးက ခေါင်းပဲပြီးသေးပြီး ကိုယ်လုံးမပြီးသေးတော့ ခေါင်းပြတ်ဌက်နဲ့ တူနေလို့ ဆာရှီမီ နဲ့ ကျွန်မရယ်ချင်လို့ မနည်းအောင့်ထားရသည်။
ကျွန်မ ။ ။ ဒါနဲ့ ယူမီကိုရော တက်တူးထိုးတာ မပြီးသေးဘူး...
ဆာရှီမီ ။ ။ ယူမီကိုကတော့ ကျောအပြည့်ကို နဂါးပုံ ရောင်စုံခြယ်ပြီး ထိုးမှာဆိုတော့ ကြာမှာပေါ့။ ပြောရင်းနဲ့တောင် ထွက်လာပြီး...
ဆာရှီမီ ။ ။ ယူမီကို နင်ကလည်း ကြာလိုက်တာ၊ နင်ထိုးထားတဲ့ တက်တူးကိုမြင်ချင်လို့ ငါတို့စောင့်နေတာ၊ ဆူရှီကတော့ နာလို့ ဆိုပြီး ဆက်မထိုးပဲ တ၀က်တပျက်နဲ့ ပြန်ထွက်လာတယ်လေ...
ဆူရှီ ။ ။ ငါတော့ ဒီတသက် ပြောစမှတ်တော့ ဖြစ်တော့မှာပဲ...
ယူမီကို ။ ။ ဆူရှီကလည်း ထိုးမှတော့ လှလှလေး မထိုးပဲ ပြန်ထွက်လာသေးတယ်။ ငါထိုးထားတာ ပြမယ်...
ကျွန်မတို့ အားလုံးက ယူမီကို ထိုးထားသော တက်တူးကို စိတ်ဝင်စားနေကြသည်။ ယူမီကိုက သူမထိုးလာသော တက်တူးကို ပြသည်နှင့် ကျွန်မတို့ အားလုံး တက်တူးကို ကြည့်ပြီး အရမ်းကို အံ့အားသင့်သွားသည်။
ဆာရှီမီ ။ ။ ယူမီကို ဒါ နင်ထိုးထားတဲ့ တက်တူးလား...
ယူမီကို ။ ။ ဟုတ်တယ်လေ ဘာဖြစ်လို့လဲ...
ယူမီကို ကျောတွင် ထိုးထားသော တက်တူးသည် ၁လက်မ အရွယ်လောက်ပဲ ရှိတာမို့ မှန်ဘီလူးနဲ့ ကြည့်မှ မြင်နိုင်မည့် နဂါးပုံ တက်တူး ဖြစ်သောကြောင့် ဖြစ်သည်။
ဆာရှီမီ ။ ။ ယူမီကို နင်ငါတို့ကို ပြတုန်းကတော့ ကျောအပြည့် နဂါးပုံေ၇ာင်စုံတက်တူးလေ၊ ခုဟာက...
ယူမီကို ။ ။ ဘြော် ဟုတ်တယ်လေ။ နင်တို့ကို ပြတဲ့ တက်တူးကိုပဲ သေးသေးလေး ထိုးခိုင်းထားတာ၊ ထိုးပေးတဲ့သူကတောင် အရမ်းကို လက်ဝင်လို့ပြောနေသေးတယ်။ လှတယ် မဟုတ်လား...
ကျွန်မ ။ ။ လှတာပေါ့၊ ယူမီကို တက်တူးလေးက ရောင်စုံ နဂါးပေါက်စလေး။ ဒါနဲ့ ယူမီ တက်တူးထိုးတာ မနာဘူးလား...
ယူမီကို ။ ။ မနာပါဘူး၊ ငါက နာတယ်ဆိုတာ ဘာမှန်းကို မသိတာ...
ကျွန်မ ။ ။ အေးလေ ယူမီကိုက တကယ်ကို သတ္တိကောင်းလိုက်တာ...
အမှန် ကျွန်မလေ ယူမီကို ထိုးထားတဲ့ တက်တူးကို မနည်း အနီးကပ်ကြည့်ရတယ်။ ဆူရှီ နဲ့ ဆာရှီမီက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းကုတ်နေကြသည်။ အမှန်က ယူမီကိုက တက်တူးထိုးဆိုလို့ သူတို့ ၂ယောက်က အရူးထပြီး လိုက်ထိုးကြတာ။ ခုတော့ ယူမီကို ထိုးထားတဲ့ တက်တူးက မှန်ဘီလူးနဲ့ ကြည့်မှ မြင်ရမယ့် တက်တူးကိုသာ ထိုးခဲ့တာမို့ပင်။ ယူမီကိုက ဆာရှီမီနဲ့ ဆူရှီတို့ ထိုးထားတဲ့ တက်တူးတွေကို ကြည့်ပြီး...
ယူမီကို ။ ။ ဆာရှီမီ ထိုးထားတဲ့ တက်တူးက တကယ်အပျံစားပဲ။ ဆူရှီ နင်ထိုးထားတဲ့ တက်ထူးကလည်း မဆိုးပါဘူး။ တ၀က်တပျက်မဟုတ်ပဲ အပြည့်ဆို ပိုလှတာပေါ့။ ခုတော့ ညနေစောင်းပြီးမို့ ငါတို့ ပြန်ကြတော့မလား...
ဒီနေ့အဖို့ တက်တူးလည်း ထိုးပြီးပြီးမို့ အားလုံး ပြန်လာခဲ့ကြသည်။ ယူမီကိုက ကျွန်မတို့ ၃ယောက်ကို လမ်းမှာချပေးခဲ့သည်။ ဆာရှီမီ နဲ့ ဆူရှီက ယူမီကို တက်တူးထိုးတဲ့ အကြောင်း အတင်းပြောချင်ပုံရသည်။
ဆာရှီမီ ။ ။ ငါတို့ ယူမီကို ကိုယုံပြီး တက်တူးထိုးခဲ့မိတာ မှားပြီးထင်တယ်။ ယူမီကိုကတော့ မမြင်ရရုံတမယ် တက်တူးထိုးပြီး ငါကတော့ ခါးအပြည့် အကြီးကြီးထိုးခဲ့မိတာ။ အိမ်က တက်တူးထိုးခဲ့မှန်းသိရင် သတ်တော့မှာပဲ...
ဆူရှီ ။ ။ ဟုတ်ပ။ အဲဒါဆာရှီမီ နင်ကြောင့်လည်း ပါတယ်။ ယူမီကိုက သူမှာသူ တက်တူးထိုးမယ် ပြောတာကို နင်ရှည်ပြီး ၀င်ထိုးလို့ ငါပါ ထိုးလိုက်ရတာ။ ပြီးတော့ အဆုံးလည်း မပြီးဘူး တ၀က်တပျက်ကြီးနဲ့။ ခုပြန်ဖျက်လို့လည်း မရတော့ဘူး၊ ဘယ်လိုလုပ်မှာလည်း။
ဆာရှီမီ ။ ။ ငါကိုပဲ အပြစ်လာတင်မနေပါနဲ့။ နင်မှာနင်ကြောက်ပြီး တ၀က်တပျက်ပဲ တက်တူးထိုးခဲ့တာ ငါနဲ့မှ မဆိုင်တာ...
ဆာရှီမီနဲ့ ဆူရှီ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်ရင်း ကျွန်မနဲ့ လမ်းခွဲသွားကြသည်။ ကျွန်မလည်း အိမ်ပြန်နောက်ကျနေတာမို့ အမေ အဆူမခံရအောင် အမေအတွက် ပါလာတော့ ပါဆယ်၂ထုပ်ယူပြီး အိမ်ထဲသို့ ၀င်သွားသည်။
ဆက်၇န်ကိုမျှော်နေမယ်နော်..
ReplyDeleteစိတ်ဝင်စားစွာဖတ်သွားပါတယ်..
yes it is really intereting more and more...will read other part now.....tan tan tan
ReplyDelete