Monday, July 12, 2010

ယာကူဇာ ချစ်သူ အခန်း-၆ ယူမီကို

အခန်း-၆ ယူမီကို


ယူမီ ထိုးခဲ့တဲ့ တက်တူးက ကြီးလွန်းလို့ ကျောတစ်ခုလုံး နာလိုက်တာ မပြောနဲ့။ တက်တူးထိုးတာ နာတိုင်း မာဖီယာကို ပြေးထိုးချင်သည်။ တက်တူးထိုးပြီး အိမ်ပြန်တဲ့လမ်းမှာ ကားပေါ်မှာ ဟိုဘက်လိမ့်လိုက်၊ ဒီဘက် လိမ့်လိုက်ဖြင့်၊

ယူမီ ။ ။ နာလိုက်တာ မာဖီယာရဲ့၊ နာလိုက်တာ မာဖီယာရဲ့...

ယူမီ အော်ဟစ်ပြီး ပါလာသည်။ ကားရှေ့ခန်းက ယူမီဘောဒီကဒ် ၂ယောက် ယူမီ ကိုနောက်ကြည့်မှန်က ကြည့်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ ယူမီ အိမ်ထဲ ကားဝင်သည်နှင့် ၀ုန်းတိုင်းကြဲပြီး ကားပေါ်က အတင်းပြေးဆင်းလာသည်။ အိမ်သားတွေ အားလုံးကလည်း ယူမီ စိတ်ဆိုးနေမှန်းသိ၍ ခပ်ခပ်ဝေးဝေးကပဲ အကဲခတ် နေကြသည်။ ရေခဲသေတ္တာထဲမှ ရေခဲအိတ်ကို ယူ၍ ယူမီအိမ်ခန်းရှိရာ တတိယအထပ်သို့ တက်သွားသည်။ အမြန်ပြေးတက်သွားတာမို့ အခန်းရှေ့ရောက်တော့ မောပြီး မထနိုင်တော့ပေ။
ယူမီ အိမ်ခန်းထဲရောက်သည်နှင့် ယူမီရဲ့ လူအရွယ်ရှိသော ၀က်ဝံရုပ်ကြီးကို မာဖီယာ အမှတ်ထားပြီး အားရပါးရ ပိတ်ထိုးလိုက်သည်။

ယူမီ ။ ။ သေစမ်းဟဲ့ မာဖီယာ၊ မင်းငါကို ကြောက်သွားပြီ မဟုတ်လား။ မင်းငါကို ဘာကြည့်တာလဲ၊ မင်းကြောင့် ငါမှာ နာကျင်နေရပြီ။ မင်းကတော့ ကျိတ်ပျော်နေတယ်ပေါ့လေ။ အေး ငါတက်တူးထိုးပြီးလို့၊ ယာကူဇာဂိုဏ်း မ၀င်ရရင်တော့ မင်းသေဖို့သာ ပြင်ပေတော့...

ယူမီ ၀က်ဝံရုပ်ကြီးကို နောက်ပြန်ကန်လိုက်၊ လက်သီးနဲ့ မျက်နာကြီးကို သည်းကြီးမည်းကြီး ထိုးသည်။ တကယ် မာဖီယာ အစစ်ကိုသာ အဲဒီလို လုပ်ရရင်တော့ ယူမီ စိတ်ကျေနပ်မှာ သေချာတယ် တွေးမိသည်။ ယူမီထိုးထားတဲ့ တက်တူးက နာလေ၊ မာဖီယာ ပေါ်မကျေနပ်တဲ့ ဒေါသတွေ ဖြစ်နေသည်။ နောက်ဆုံး ယူမီ အိမ်ဆောင် ဓားကို သွားယူပြီး ၀က်ဝံကြီးကို မာဖီယာ အမှတ်ဖြင့်၊

ယူမီ ။ ။ ရော့ တစ်ချက်၊ နောက်တစ်ချက်...
ရင်ဘတ်ကို တစ်ချက်ထိုးလိုက်၊ ဗိုက်ကို ထိုးလိုက်နဲ့ ၀က်ဝံကြီး ရစရာ မရှိတော့အောင် ဖြစ်သွားမှ စိတ်နည်းနည်း သက်သာရာ ရသွားတော့သည်။ စိတ်သက်သာသွားပေမယ့် တက်တူး အနာကတော့ မသက်သာပဲ၊ ပိုပြီး စူးအောက်ပြီ နာလာသေးသည်။ ယူမီ ထိုးခဲ့တဲ့ တက်တူးက ဘယ်လို ပုံမှန်းကို သေသေချာချာ မကြည့်ရသေးပေ။ ခုမှပဲ မှန်ထဲမှာ ကြည့်လိုက်မှပဲ ပိစိကွေး နဂါးလေးပဲ၊ ချစ်ဖို့ကောင်းလိုက် တွေးပျော်နေမိသည်။ တက်တူးထိုးစဉ်တုန်းက ယူမီမှာလေ နာလွန်းလို့ အော်နေရတာ၊ အိမိတို့ မရိပ်မိသွားလို့ တော်ပါသေးရဲ့။ ယူမီ ကွန်ပြူတာမှာ တင်တောင် တင်တောင် ချက်တင်မှ ခေါ်သံကြား၍ ကြည့်လိုက်တော့ ဟို မာဖီယာ အွန်လိုင်း ရောက်နေပြီကိုး။

မာဖီယာ ။ ။ ဟိုင်း…
ယူမီ ။ ။ ရှင် ကျွန်မဘာလုပ်နေလဲ ခန့်မှန်းကြည့်စမ်း…
မာဖီယာ ။ ။ ငါက ဗေဒင်ဆရာမှ မဟုတ်တာ ခန့်မှန်းရအောင်...
ယူမီ ။ ။ ကျွန်မလေ ရှင်အမှတ်နဲ့ ၀က်ဝံရုပ်ကို ဓားနဲ့ အဆက်မပြတ် ထိုးသတ်နေတာ၊ ခုတော့ သေသွားရှာပါပြီ...
မာဖီယာ ဆိုတဲ့လူ ယူမီ စကားကြောင့် တော်တော် လန့်သွားမှာ သေချာတယ်။

မာဖီယာ ။ ။ မင်းက စိတ်ကူးနဲ့ ရူးနေတဲ့ လူစားမျိုးပဲ။ အပြင်မှာ ငါနဲ့တွေ့လို့ကတော့ အမြီးမပေါက်သေးတဲ့ မျောက်မလေးလို ရှုတ်မဲ့ရှုတ်မဲ့ ဖြစ်နေမှာ မြင်ယောင်သေးတယ်...
ယူမီ ။ ။ ရှင်က ကျွန်မကို မျောက်တဲ့ နှိုင်းတယ်ပေါ့လေ၊ ရှင်ကျတော့ ခြေင်္သေ့ယောင်ဆောင် ထားတဲ့ မြေခွေးကြီးကများ...
မာဖီယာ ။ ။ မင်း ငါကိုများ စကားမာမာ ပြောလို့ အကျိုးရှိမှာ ဟုတ်လို့လား။ ဒီမှာ ငါလို ယာကူဇာဂိုဏ်းဝင် တစ်ယောက်ကို မထီမဲ့မြင် လုပ်တာ မင်းတစ်ယောက်ပဲ ရှိသေးတယ်။ ငါမင်းကို မသတ်ခင် ခုချက်ချင်း မင်းလေသံကို ပြင်လိုက်စမ်း...

မာဖီယာ ဆိုတဲ့လူ စကားက တယ်လည်း ရင့်လှချည်းလား။ ယာကူဇာဂိုဏ်းသား တစ်ယောက်ဆိုတော့ ဒီလောက်တော့ ကြမ်းမှာပေါ့လေ ယူမီပြန်ဖြေ တွေးလိုက်ပါသည်။ မာဖီယာကို ရန်သွားလုပ်လို့ ယူမီမှာ ဘာမှ အကျိုးမရှိတာမို့ ယူမီကပဲ တောင်းပန် လိုက်ပါသည်။

ယာကူဇာချစ်သူ ။ ။ လေသံမာသွားရင် ဆောရီးပဲ။ ကျွန်မ တက်တူးထိုးပြီးပြီး ဆိုတော့ ရှင်ဘက်က ကတိအတိုင်းသာ ယာကူဇာဂိုဏ်းဝင်ဖို့ ကူညီပေးပေးတော့....
မာဖီယာ ။ ။ ခင်များကို ဘယ်သူက တက်တူးထိုးပြီးရုံနဲ့ ယာကူဇာဂိုဏ်းဝင်လို့ ရပြီ ပြောလို့လည်း။ ယာကူဇာဂိုဏ်းဝင်တာ ဒီလောက်များ လွယ်နေရင်၊ တက်တူးထိုးထားတဲ့ လူတိုင်း ယာကူဇာဂိုဏ်းဝင် တွေဖြစ်နေမှာပေါ့ဗျ။ နည်းနည်းပါးပါး ဦးနှောက်လည်း သုံးပါအုန်း…

သူ့တက်တူးထိုးခိုင်းလို့ ထိုးလည်း ပြီးရော၊ ယူမီကို ဦးနှောက်မရှိတဲ့လူလို့ ပြောပြန်ရော။ ယူမီ အရမ်းကို ဒေါသထွက်သွားသည်။ ယူမီကို ၇ဲ့ အစွမ်းကို မသိသေးဘူးနဲ့တူတယ်။ ယူမီ အစွမ်းကို ပြရချည်းသေးရဲ့။

ယာကူဇာချစ်သူ ။ ။ ရှင် ပိုက်ဆံဘယ်လောက်လိုချင်သလဲ ပြော…

ဒါယူမီ့ အစွမ်းပဲလေ။ လူတိုင်း ငွေမက်ကြတဲ့သူတွေ ချည်းပဲ။ ပိုက်ဆံပေးတာကို မလိုချင်တဲ့ သူတောင်းစာ ဘယ်မှာ ကြားဖူးလို့လည်း။

မာဖီယာ ။ ။ မင်းမဆိုးဘူး တော်သားပဲ။ ကဲ၊ ၄သောင်း...

ဒီလူက ယာကူဇာဂိုဏ်းသား အစစ်မှ ဟုတ်ရဲ့လား၊ ယမ်း ၄သောင်းပဲ တောင်းတယ်။ ဈေးလည်း တယ်ပေါပါ့လား ယူမီ စိတ်ထဲ စဉ်းစားနေသည်။

ယာကူဇာချစ်သူ ။ ။ ရှင်လိုချင်တဲ့ ယမ်း၎သောင်း ခုချက်ချင်း ရစေမှာပေါ့...
မာဖီယာ ။ ။ ဘာ ယမ်း ၄သောင်း ဟုတ်လား။ ခင်များ ကျွန်ုပ်ကို သူတောင်းစားများ အောင်းမေ့နေလား…
ယာကူဇာချစ်သူ ။ ။ ဒါဆို ရှင်က ဘယ်လောက် လိုချင်တာလဲ…
မာဖီယာ ။ ။ ဒေါ်လာ ၄သောင်း…

ဒေါ်လာ ၄သောင်း ဆိုသည့် ငွေသည် ယူမီအတွက် အရမ်းကို များလွန်းသည်။ အိမ်က ဒယ်ဒီသာသိရင် ယူမီ ဘဏ်ထဲက ပိုက်ဆံတွေ လျှောက်သုံးလိုက်လို့ သတ်ခံရဖွယ်တောင် ရှိသေးသည်။ ဒီလူက တော်တော်လည်း လောဘသမားပဲ၊ ယာကူဇာဂိုဏ်းဝင်ဖို့ အချက်အလက်လေး ပေးရတာကို သူကိုယ်သူများ ဘောလုံးသမား ရိုနယ်ဒိုများ ထင်နေလားမသိဘူး။

ယာကူဇာချစ်သူ ။ ။ ရှင်တောင်းတဲ့ ငွေက အရမ်းများလွန်းတယ် ကျွန်မ မပေးနိုင်ဘူး။ ပြီးတော့ ယမ်းပဲ ပေးနိုင်မယ်…
မာဖီယာ ။ ။ ဒေါ်လာ ၄သောင်းကို ယမ်းဖွဲ့ရင် ယမ်း သိန်း၄၀။ လိုချင်တာရှိရင် ပေးဆပ်ရတာတော့ ရှိရမှာပေါ့ဗျ။ ခင်များက များများလိုချင်ပြီ၊ နည်းနည်းလေး ပေးလို့တော့ ဘယ်ရပါ့မလဲ…

မာဖီယာ လောဘသမားကြီးကို သတ်ချင်စိတ်တောင် ဖြစ်လာသည်။ ရုပ်ကလည်း ကြမ်းပြီဆိုးသလောက်၊ စိတ်ကလည်း တော်တော် ပုပ်တဲ့လူပဲ တွေးမိသည်။

ယာကူဇာချစ်သူ ။ ။ ကျွန်မ အများဆုံး ပေးနိုင်ရင် ယမ်း ၅သိန်းပဲ...
မာဖီယာ ။ ။ ဟားဟားဟား ယမ်း၅သိန်း၊ မရဘူးဗျ။ ခင်များကို သနားလို့ နည်းနည်းလျှော့ ပေးလိုက်မယ်။ ယမ်း သိန်း ၃၀ဗျာ...

ယမ်းသိန်း၃၀ ဆိုတာလည်း နည်းတာမှ မဟုတ်တာ။ ယူမီကလည်း အိမ်က ဒယ်ဒီနဲ့ မာမီ မသိအောင် ခိုးပေးရမှာ။ ယမ်း ၁၀သိန်းလောက် ဆိုရင်တော့ ယူမီတတ်နိုင်ဆုံး လုပ်ပေးလို့ ရတယ်။

ယာကူဇာချစ်သူ ။ ။ ယမ်း ၁၀သိန်း နောက်ဆုံးဈေးပဲ၊ အဲဒီငွေမှ လက်မခံရင်။ ကျွန်မလည်း ထပ်မတိုးပေးနိုင်တော့ဘူး...
မာဖီယာ ။ ။ ခင်များလိုလူက ယာကူဇာဂိုဏ်းသား အတုတွေနဲ့ တွေ့မှ တန်မယ့် လူစားမျိုး။ ကျွန်ုပ်ကလည်း ခင်များကို ကူညီပေးရတာ၊ ကျွန်ုပ်အတွက်လည်း အန္တာရာယ်များတာပဲ။ ရှုတ်တယ်ဗျာ ကျွန်ုပ် ယမ်း သိန်း၂၀ မပေးရင်၊ ကျွန်ုပ်လည်း မကူညီပေးနိုင်တော့ဘူး...

ယူမီအတွက် ယမ်းသိန်း၂၀ ဆိုရင်တော့ မဆိုးဘူး၊ မဖြစ်ဖြစ်အောင် ကြိုးစားလုပ်ပေးရင်တော့ ရတယ်။

ယာကူဇာချစ်သူ ။ ။ ဟုတ်ပြီ ရှင်ကို ကျွန်မ ယမ်းသိန်း ၂၀ ပေးမယ်။ ရှင်ဆီက ဘာတွေ ပြန်ရမှာလဲ...
မာဖီယာ ။ ။ ဒီလိုမှတော့ ကလေးမရဲ့။ ကျွန်ုပ်က ခင်များကို ယာကူဇာဂိုဏ်းဝင် နိုင်သော ဂိုဏ်းတွေရဲ့ လှိုဝှက်နေရာတွေ၊ ဆက်သွယ်လို့ရမယ့် ယာကူဇာဂိုဏ်းသားတွေရဲ့ လိပ်စာတွေ၊ တခြား လိုအပ်မယ့် အချက် အလက်အားလုံး ပေးနိုင်တယ်။ ဒါကြောင့် ခင်များ ပိုက်ဆံ မနှမြောနေပါနဲ့၊ တန်ပါတယ်ဗျ...
ယာကူဇာချစ်သူ ။ ။ ရှင်နဲ့ ကျွန်မ ဘယ်နေရာမှာ အပေးအယူလုပ်မှာလဲ...
မာဖီယာ ။ ။ ခင်များ ကျွန်ုပ်နဲ့ ရုပ်ချင်း တော်တော်ဆင်တဲ့ ခပ်ချောချော တရုတ်မင်းသားကို သိလား...

ယူမီခေါင်းတောင် နည်းနည်းမူးချင်လာသည်။ ဒီမာဖီယာ ရုပ်ဆိုးအကျဉ်းတန်နဲ့ တူတဲ့ ခပ်ချောချော တရုတ်မင်းသား ရှိပါ့မလား စဉ်းစားလို့ မရပေ။

ယာကူဇာချစ်သူ ။ ။ ရှင်နဲ့ တူတဲ့ တရုတ်မင်းသားက ရှိပါ့မလား။ လူကြမ်းနဲ့ မှားပြောနေတာ ဖြစ်ပါလိမ့်မယ်...
မာဖီယာ ။ ။ ခင်များကလည်း ဘယ်က လူကြမ်း ဖြစ်ရမှာတုန်း။ ခင်များတို့ မိန်းမတွေပဲ ကြိုက်လှချည်းရဲ့ ဖြစ်နေတဲ့ သိုင်းတွေချတာ အရမ်းတော်တာလေ။ ဒီလောက်ပြောနေတာတောင် မသိရင်လည်း တော်တော် ဒုံးဝေတာပဲ ပြောလိုက်ချင်တော့တယ်…

မာဖီယာ ယူမီကို ပဟေ ဌိလာဖွဲ့တိုင်း ကစားနေတာတော့ မဟုတ်ပါဘူးနော်။ လူကိုလည်း ဦးနှောက်မရှိဘူးပြောလိုက်၊ ဒုံးဝေတယ် ပြောလိုက်နဲ့ ရစရာတောင် မရှိတော့ဘူး။ ယာကူဇာဂိုဏ်းဝင်ချင်လွန်းလို့ ယူမီမှာ ဒီလူကို မနည်း သည်းခံနေရတာ။

ယာကူဇာချစ်သူ ။ ။ ရှင်ပြောသလို ဒုံးဝေတယ်ပဲ ထားပါတော့။ ရှင်ပြောတဲ့ လူကို ကျွန်မမသိဘူး ဟုတ်ပြီလား…
မာဖီယာ ။ ။ မင်းသား ဂျက်ကီးချန်းလေ၊ ဘာလဲ မသိဘူးလား…
ယူမီ သေတောင် သေလိုက်ချင်တယ်နော်။ သူကိုယ်သူများ ဂျက်ကီးချန်းနဲ့ တူသလေးနဲ့ဟွန်း။

ယာကူဇာချစ်သူ ။ ။ ဘာဂျက်ကီးချန်း..
မာဖီယာ ။ ။ ဟုတ်တယ်လေ၊ ကျွန်ုပ်နဲ့ တူတယ် မဟုတ်လား။ ကျွန်ုပ်ပြောချင်တာက တိုကျိုလမ်းဆုံနားက ဂျက်ကီးချန်းဖွင့်ထားတဲ့ Burger King ဆိုင်ကို ခင်များသိတယ်မလား...
မင်းသား ဂျက်ကီးချန်းဖွင့်ထားတဲ့ Burger King ဆိုင်မှာ သူငယ်ချင်းတွေနဲ့ သွားစားနေကျပင်။

ယာကူဇာချစ်သူ ။ ။ အေး သိတယ်လေ…
မာဖီယာ ။ ။ မနက်ဖြန် နေ့လည် ၁၂နာရီလောက် Burger Kingဆိုင်မှာ ခင်များ ကျွန်ုပ်ပေးရမယ့် ငွေချလံကို စားပွဲ နံပါတ်၅ တီရူးဘူးထဲမှာ ထည်ခဲ့ပေးရမယ်...
ယာကူဇာချစ်သူ ။ ။ ကျွန်မ ယာကူဇာအချက်တွေ ကကော ဘယ်လို ရမှာလဲ...
မာဖီယာ ။ ။ အချက်အလက်စာရွက်တွေကို ကျွန်ုပ်ကောင်တာမှာ ခင်များအတွက် ထားခဲ့ပေးမယ်။ ကောင်တာမှာ ခင်များ လှိုဝှက် စကားဝှက်တော့ ပြောဖို့ လိုလိမ့်မယ်...
ယာကူဇာချစ်သူ ။ ။ ကျွန်မက ဘာသွားပြောရမှာလဲ...
မာဖီယာ ။ ။ လှိုဝှက်စကားက ‘I love you’…
ယာကူဇာချစ်သူ ။ ။ ဘာ ရှင် ကျွန်မကို စောင်းပြီး ရည်စားစကား ပြောနေတာမလား...
မာဖီယာ ။ ။ ခင်များလို ရုပ်ဆိုးမကိုများ ချစ်တယ်လို့ ပြောရမယ်လို့။ ခုဟာက လှိုဝှက်စကားကို ပြောတာ။ ခင်များ ''I love you'' ကောင်တာက လူကိုပြောလိုက်ရင် စာရွက်စာတမ်းတွေ ထုတ်ပေးလိမ့်မယ်။ ပိုက်ဆံ ထည့်ခဲ့ပြီးမှ ထုတ်ပေးဖို့ ကျွန်ုပ်ပြောထားပြီးသား၊ ကျွန်ုပ်ကို မလိမ့်တပတ်လုပ်မယ် မကြံနဲ့ ခင်များကို တစစီဖြစ်သွားအောင် လုပ်ပစ်လိုက်လို့ရတယ်...

ဒီလူ ယူမီကိုများ ရုပ်ဆိုးမဆိုပြီး ပြောသွားသေးတယ်။ ယူမီစိတ်ထဲမှာ ဒီလူကို အပြင်မှာ မနက်ဖြန်မနက်တွေ့လို့ကတော့ သူကပဲ ယူမီကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်မလား၊ ယူမီကပဲ တစစီဖြစ်အောင် လုပ်နိုင်မလားကြည့်ချင်သေးသည်။ ဘာပဲဖြစ်ဖြစ် မာဖီယာ ဆိုတဲ့ လူကို မိအောင် ဖမ်းနိုင်တော့မှာမို့ တွေ့ရချည်းသေးရဲ့ တွေးပျော်မိသည်။ မာဖီယာက ခပ်ညံ့ညံ့လူတော့ မဟုတ်တာတော့ သေချာတယ်၊ ခုနေ့လည် ၁၂နာရီ လူရှုပ်တဲ့ အချိန်ကို ရွေးချိန်းတာပဲကြည့်လေ။ မာဖီယာ နဲ့ မနက်ချိန်းပြီးတာနဲ့ အိမိ၊ ဆာရှီမီ၊ ဆူရှီ အားလုံးကို ဖုန်းဆက်ပြီး မနက်ဖြန် မနက်တွေ့ကြဖို့ ချိန်းလိုက်သည်။ နောက်နေ့ မာဖီယာနဲ့ တွေ့ရမည်ကို ယူမီ စိတ်လှုပ်ရှားမိ နေတာတော့ အမှန်ပင်။

2 comments:

  1. what about headmaster part of letter? i wanna read taht one....will read next part now....good part too

    ReplyDelete
  2. အဲဒီအခန်းက အခန်း-၁၃မှလာမှာ.. မျှော်

    ReplyDelete