အခန်း-၇ အိမိ
မနက်မိုးလင်းသည် ယူမီကို ချိန်းထားသော နေရာကို မနက် ၉နာရီလောက်ရောက်သွားသည်။ ယူမီကိုနဲ့ ကျွန်မတို့ မာဖီယာဆိုတဲ့လူကို ဖမ်းဖို့ ကိစ္စကို တိုင်ပင်ကြသည်။ ယူမီကို အစီအစဉ်က ဒီလိုပါ..
ယူမီကို ။ ။ မိန်းမဆိုးဂိုဏ်းဝင် အားလုံးကို ဒီနေ့ ငါပြောမယ့် အကြောင်းအရာတွေက အရမ်းအရေးကြီးတာမို့ သေသေချာချာ နားထောင်စေချင်ပါတယ်။ မာဖီယာ ဆိုတဲ့လူ ငါသူအတွက် ထားခဲ့ပေးတဲ့ ပိုက်ဆံ ချလံကို လာယူမှာသေချာတယ်။ ပြီးတော့ ငါတို့က မာဖီယာ ဓာတ်ပုံကို မြင်ဖူးထားတာတော့ တပန်းသာတယ် ဆိုပေမယ့် ဓာတ်ပုံက အစစ်၊ အတုမပြောနိုင်သေးဘူး။ ဒါကြောင့် ဘယ်သူပဲ ဖြစ်ဖြစ်၊ အဘွားကြီးပဲ ဖြစ်နေပါစေ ပိုက်ဆံ ချလံကို လာယူတယ်သူကို မိအောင် ဖမ်းဖို့က အဓိကပဲ။ ဒါပေမယ့် မာဖီယာကိုတော့ လျှော့တွက်ထားလို့ မရဘူးနော်။ ဒါကြောင့် ဆူရှီက ဘာကာဆိုင်ရဲ့ နောက်ဖေးပေါက်မှာ စောင့်နေပြီး မာဖီယာ နောက်ပေါက်က ထွက်ပြေးမယ် ဆိုရင် အမိဖမ်းရမယ်။ ဆာရှီမီိကတော့ ကောင်တာကို သွားပြီး စာရွက်စာတမ်းတွေယူရမယ့် အလုပ်ပဲ။ ကောင်တာကိုသွားပြီး ကောင်တာက ကောင်လေးကို လှိုဝှက်စကားနဲ့ ''I Love You'' လို့ပြောလိုက်ရင် စာရွက်စာတမ်းတွေ ထုတ်ပေးလိမ့်မယ်။ အိမိအတွက်တော့ အဝေးကြည့်မှန်ပြောင်း လိုလိမ့်မယ်။ အိမိက ဘာကာဆိုင် ရှေ့နားက လမ်းဆုံမှာ စောင့်ပြီး မာဖီယာရဲ့ အရိပ်အခြေကို မှန်ပြောင်းနဲ့ မျက်ခြေမပျက်အောင် စောင့်ကြည့်ပေးနေပါ၊ တစ်ခုခုထူးခြားမူရှိတာနဲ့ ငါတို့ကို အကြောင်းကြားပေးပါ။ ငါကိုတော့ မာဖီယာက သိနေတယ် ဆိုတော့ ခုံနံပါတ်-၅မှာ ပိုက်ဆံသွားထည့်မယ်။ ဒီမှာ ကော့တလက်ဖုန်းတစ်ခုဆီ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ရင် ဒီဖုန်းကိုပဲ သုံးရုံပဲ။ ခုပြောတဲ့အထဲမှာ မိန်းမဆိုးအဖွဲ့ဝင်တို့ နားမလည်တာ ဘာရှိကြသေးလည်း...
ကျွန်မစိတ်ထဲ ယူမီကိုစကားပြောက နားထောင်ရတာ စစ်မြေပြင်မှာ စစ်တိုက်ထွက်ဖို့ ခေါင်းဆောင်ရဲ့ အမိန့်ပေးနေတာကို နာခံရသလိုပဲ ခံစားမိတယ်။ ကျွန်မက ယူမီကို အတွက်ဆို အရိုးကျေကျေ၊ အရေခန်းခန်း တိုက်ပွဲ ၀င်ဖို့ အဆင်သင့်ပါပဲ။
ဆာရှီမီ။ ။ အားလုံးတော့ နားလည်ပါတယ်၊ ဒါပေမယ့် မာဖီယာတောင်းတဲ့ ပိုက်ဆံကိုရော တကယ်ပေးမှာလား...
ယူမီကို ။ ။ မာဖီယာသာ ယာကူဇာအစစ်ဆိုရင် ဒီထက်မကတောင် ပေးနိုင်သေးတယ်။ ဒါကြောင့် ပိုက်ဆံထည့်ပေးပြီးတာနဲ့ ကောင်တာမှာ နင်က စာရွက်စာတမ်းသွားယူရမှာလေ။ စာရွက်စာတမ်းက အတုဖြစ်နေရင် မာဖီယာကို ဖမ်းပြီး နှုတ်နှုတ်ဆင်းပစ်ရမယ်။ အိမိနဲ့ ဆူရှီရော ဘာနားမလည်တာရှိလည်း...
ကျွန်မ ။ ။ အားလုံးနားလည်ပါတယ်...
ဆူရှီ ။ ။ ငါအားလုံး နားလည်ပေမယ့် ဆာရှီမီ နဲ့ နေရာ လည်းပေးလို့ မရဘူးလား...
ယူမီကို ။ ။ ဘာဖြစ်လို့လဲ...
ဆူရှီ ။ ။ ကောင်တာက ကောင်းလေးကို လှိုဝှက်စကားနဲ့ ''I Love You''လို့ပြောရမှာဆိုတော့ ရင်ခုန်စရာကြီး...
ဆာရှီမီ ။ ။ ယူမီကိုက ငါကို ချောလို့ အဲဒီနေရာကို ရွေးခိုင်းတာ၊ နင်လို ၀တုတ်က သွားပြောလို့ ဟိုက ဆွဲထိုးလိုက်မှဖြင့်။ ကိုယ်အလုပ်ပဲ ကိုယ်ပိုင်အောင် လုပ်ဆန်းပါ...
ယူမီကို ။ ။ ခုအားလုံး နားလည်ပြီးဆိုရင် ငါတို့ ဆိုင်ရှေ့သွား အရိပ်အခြေသွားကြည့် ကြရတာပေါ့...
ကျွန်မတို့ မိန်းမဆိုးလေးအဖွဲ့ အားလုံးညီညွတ်စွာ လက်ဝါးချင်း ဗန်းခနဲမည်အောင် ရိုက်လိုက်ကြသည်။ ၁၁နာရီထိုးပြီးဆိုတာနဲ့ ဘာကာဆိုင်ရှေ့ကနေ ကျွန်မတို့ အရိပ်အခြေကြည့်နေသည်။ ဆိုင်ထဲဝင်တဲ့လူထဲက မသင်္ကာစရာတွေ့တဲ့ အဝေးက လှန်းအကဲခတ်နေသည်။ ၁၂နာရီထောင် ထိုးတာနဲ့ ယူမီကို နှင့် ဆာရှီမီက ဘာကာဆိုင်ထဲသို့ ၀င်သွားကြသည်။ ဆူရှီက ဘာကာဆိုင် အနောက်ဘက်မှ သွားစောင့်နေသည်။ ကျွန်မ အဝေးကြည့် မှန်ပြောင်းနဲ့ ဆိုင်တွင်းက လူတွေကို သေသေချာချာကြည့်နေသည်။ နေ့လည် ၁၂နာရီ အချိန်ဆိုတော့ ဆိုင်တွင်း လူတွေပြည့်ကျက်နေသည်။ ဒါပေမယ့် တစ်ခုထူးခြားတာက စားပွဲနံပတ်၅တွင် ဘယ်သူ ထိုင်သည်ကို မတွေ့ရပေ။ ဒါကြောင့် ကျွန်မ အဝေးကြည့်မှန်ပြောင်းဖြင့် စားပွဲကို အနီးကပ်ကြည့်လိုက်တော့၊ စားပွဲပေါ်တွင် Reserve ဆိုင်ဘုဒ်တင်ထားသည်ကို တွေ့ရသည်။ ယူမီကိုထို စားပွဲနံမှတ်-၅တွင် ၀င်ထိုင်လိုက်ပြီး တီရူးထည့်တဲ့ဘူးထဲသို့ ငွေချလံထည့်လိုက်သည်ကို ကျွန်မအဝေးက မှန်ပြောင်းဖြင့် မြင်နေရသည်။ ခဏကြာတော့ ယူမီကိုက ဘာကာဆိုင်တွင်းမှ ပြန်ထွက်လာသည်။ ဆာရှီမီက ကောင်တာနားသွားသည်နှင့် ကောင်တာက ကောင်လေးကို စကားပြောနေသည်ကို တွေ့သည်။ ကျွန်မကတော့ ချလံကို ဘယ်သူလာသိမ်းမလဲကို သေချာစောင့်ကြည့်နေသည်။ ထိုအချိန်တွင် Walkie Talkie မှယူမီကီု အသံကြားလိုက်သည်။
ယူမီကိုီ ။ ။ ဆာရှီမီ ငါခေါ်နေတာ ကြားလား...
ဆာရှီမီ ။ ။ ကြားတယ်၊ ကြားတယ်...
ယူမီကို ။ ။ နင်စာရွက်စာတမ်းယူပြီး ထွက်မလာပဲ ဘာလုပ်နေတာလဲ...
ဆာရှီမီ ။ ။ ကောင်တာက ချာတိတ်ချောချောလေးက ငါသူကို ရည်စားစကားပြောတယ် ထင်ပြီး ငါဖုန်းနံပါတ် အတင်းတောင်းနေလို့ ပေးနေရတာ...
ယူမီကို ။ ။ ဘာဒါဆို မာဖီယာလိမ်သွားတာပေါ့၊ ဘာစာရွက်စာတမ်းမှ မပေးခဲ့ဘူးပေါ့...
ဆာရှီမီ ။ ။ ဟုတ်တယ်၊ အဲဒီလို ထင်တယ်...
ယူမီကိုီ ။ ။ အိမိ ငါခေါ်နေတာ ကြားလား...
ကျွန်မ ။ ။ ကြားတယ်၊ ကြားတယ်...
ယူမီကို ။ ။ အိမိ ငါပြောမယ်၊ ငွေချလံ လာယူသွားပြီးလား မြန်မြန်ကြည့်လိုက်...
ကျွန်မလည်း မှန်ပြောင်းဖြင့်ငွေချလံကို ထည့်ထားတဲ့ Tissue ဘူးကို လှန်းကြည့်လိုက်စဉ် Tissue ဘူးရှိနေသေးသည်။ Walkie Talkie မှပြန်ဖြေလိုက်သည်။
ကျွန်မ ။ ။ ယူမီကို ငွေချလံကို လာမယူသေးဘူး...
ထိုသို့ ပြောနေစဉ်တွင် ကျွန်မ ကြည့်နေသော မြင်ကွင်းကို ဆိုင်တွင်းက လူတွေနဲ့ ရှုတ်တရက်ကွယ်သွားသည်။ ဒါနဲ့ ကျွန်မ ထိုင်နေရာမှ မတ်တပ်ရပ်ပြီး ကြည့်လိုက်စဉ် Tissue ဘူး မရှိတော့သည်ကို တွေ့လိုက်၍ လန့်သွားသည်။ Walkie Talkie မှမြန်မြန် ယူမီကိုကို အကြောင်းကြားလိုက်သည်။
ကျွန်မ ။ ။ ယူမီကို ငွေချလံထည့်ထားတဲ့ Tissue ဘူးမရှိတော့ဘူး၊ မြန်မြန်ဆိုင်ထဲဝင်...
ယူမီကို ။ ။ ဘယ်သူယူသွားတာလဲ...
ကျွန်မ ။ ။ ငါလည်း လူကွယ်သွားလို့ မတွေ့လိုက်ရဘူး...
ယူမီကို ။ ။ ဒုက္ခပါပဲ၊ ငါဆိုင်ထဲ ပြန်ဝင်တော့မယ်...
ကျွန်မ ထပ်ပြီး မှန်ပြောင်းနဲ့ ကြည့်လိုက်စဉ် နောက်ဖေးသို့ ၀င်သွားသော ဆိုင်စားပွဲထိုးတစ်ယောက် Tissue ဘူးကို ကိုင်ပြီး ၀င်သွားသည်ကို လှန်းမြင်လိုက်သည်။ ဒါကြောင့် Walkie Talkie မှ...
ကျွန်မ ။ ။ အားလုံး စားပွဲထိုး ငွေချလံ ယူသွားတာတွေ့လိုက်တယ်၊ နောက်ဖေးဘက်က ထွက်ဖို့ ကြံနေတယ်...
ယူမီကို ။ ။ ဆူရှီ ကြားလား၊ ကြားလား...
ဆူရှီ ။ ။ ကြားတယ်၊ ကြားတယ်...
ယူမီကို ။ ။ နင်နောက်ဖေးက ဆိုင်စားပွဲထိုးတစ်ယောက် ထွက်လာလျှင် ဖမ်းထားလိုက်။ အိမိ နဲ့ ဆာရှီမီ ခုချက်ချင်း ဆိုင်နောက်ဘက်ကို လာခဲ့ကြ...
ကျွန်မလည်း မှန်ပြောင်းချထားခဲ့ပြီး ဘာကာဆိုင် နောက်ဖေးပေါက်သို့ အမြန် ပြေးလိုက်သွားသည်။ ဘာကာဆိုင် နောက်ဖေးပေါက်ရောက်တော့ ဆူရှီက စားပွဲထိုးတစ်ယောက်ကို နောက်က ချုပ်ထားသည်ကိုတွေ့သည်။ ယူမီကို၊ ဆာရှီမီတို့ရောက်နေကြပြီး စားပွဲထိုးက တစ်ယောက် တချက်စီ ၀ိုင်းကြွေးနေကြသည်။ သို့သော် ထိုစားပွဲထိုး အိပ်ကပ်တွေထဲ ရှာကြည့်တော့ ဘာ ချလံမှမတွေ့ပေ။
စားပွဲထိုး ။ ။ ခင်များတို့ အင်အားနည်းတဲ့ ယောကျာ်လေးမို့ အနိုင်မကျင့်ကျနဲ့ဗျ...
ယူမီကို ။ ။ သေချာရှာကြ၊ ရှင် ငွေချလံပြန်ပေးရင် ပြန်ပေး၊ မပေးရင် သေဖို့သာပြင်...
စားပွဲထိုး ။ ။ ကျွန်တော် ခင်များတို့ ပြောနေတာကို ဘာမှကိုယ် နားမလည်ဘူး...
ဆူရှီ ။ ။ ဒီကောင် နားပန်နောက်တ်ချက်လောက် ရိုက်လိုက်မှ ထွက်လာမယ် ထင်တယ်...
ထိုသို့ စစ်မေးနေစဉ် နောက် စားပွဲထိုးတစ်ယောက် ဆိုင်နောက်ဖေးပေါက်မှ ထွက်လာပြီး ယူမီကို ကိုလည်း မြင်ရော လန့်ပြီး ဆိုင်ရှေ့သို့ ပြန်ထွက်ပြေးသွားသည်။ ကျွန်မတို့ အားလုံး ထွက်ပြေးတဲ့ စားပွဲထိုးနောက်ကို လိုက်ကြသည်။ ယူမီကို ကိုမြင်တာနဲ့ တန်းပြေးတယ် ဆိုတော့၊ ထိုစားပွဲထိုးက မာဖီယာဆိုတဲ့လူဆိုတာ သေချာတယ်။ မာဖီယာက ဆိုင်အပြင်ဘက်သို့ ပြေးပြီး လမ်းကူးကာ လမ်းကြားထဲသို့ ထွက်ပြေးသွားသည်။ သူနောက်လိုက်ရလို့ ကျွန်မမှာ မောလို့ သေတော့မယ်၊ တော်တော်ကို အပြေးသန်တဲ့လူပဲဟု ပြေးရင်း တွေးမိနေသည်။ ယူမီကိုကတော့ မောတဲ့ပုံ နည်းနည်းလေးမျှမပေါ်ပေ...
ယူမီကို ။ ။ အိမိ နင်ငါနဲ့ လိုက်ခဲ့၊ ငါတို့ ဟိုဖြတ်လမ်းဘက်က လိုက်မယ်၊ ဆာရှီမီ နဲ့ ဆူရှီက ဒီလမ်းအတိုင်း ဆက်လိုက်သွား၊ မျက်ခြေပြတ်လို့ မဖြစ်ဘူးနော်...
ပြောကာ ကျွန်မ နဲ့ ယူမီကို ကဖြတ်လမ်းကနေ မာဖီယာနောက်သို့ ပြေးလိုက်သွားကြသည်။ ယူမီကိုက အရမ်းအပြေးသန်သဖြင့် ကျွန်မ ယူမီကို နောက်က ပြေးလိုက်သွားသော်လည်း တော်တော်ဝေးသွားသည်။ ယူမီကိုက လမ်း တစ်ခုထဲသို့ ပြေးဝင်သွားသည်ကို ကျွန်မလှန်းတွေ့လိုက်သည်။ ကျွန်မအရမ်းကို အမောဆို့နေပြီး ဆက်မလိုက်နိုင်တော့ပေ။ ဒါပေမယ့် ယူမီကို တစ်ယောက်ထဲ လမ်းကြားထဲ ၀င်သွားသဖြင့် စိတ်မချ၍ အနောက်က မောတဲ့ကြားထဲ ပြေးလိုက်သွားသည်။ လမ်းကြားထဲ ရောက်တော့ မာဖီယာ အရမ်းအပြေးသန်ပုံရသည် လမ်းမကြီးပေါ်ပြေးသွားပြီး ယူမီကိုကတော့ လမ်းပေါ်ထိုင်နေလျှက်ကျန်ခဲ့သည်ကို တွေ့၍ ယူမီကိုနားသို့ ကျွန်မပြေးသွားသည်။
ကျွန်မ ။ ။ မာဖီယာ လွှတ်သွားပြီးလား...
ယူမီကိုက ကျွန်မကို ဘာမှပြန်မဖြေပဲ အားရပါးရ ရယ်နေသဖြင့် ကျွန်မ စိတ်ထဲ အရမ်းထူးဆန်းနေသည်။ ခဏကြာတော့ ဆူရှီနဲ့ ဆာရှီမီ တို့ ကျွန်မတို့နားရောက်လာသည်။ သူတို့ ၂ယောက်လည်း တော်တော်မောနေပုံရသည်။
ဆူရှီ ။ ။ ငါတို့တော့ အရမ်းမောနေပြီး ၊ ဒါနဲ့ မာဖီယာကို မမိလိုက်ဘူးလား...
ကျွန်မ ။ ။ မမိဘူး၊ လွှတ်သွားပြီး။ ဒီလူတော်တော် အပြေးမြန်တဲ့လူပဲ...
ဆာရှီမီကတော့ ဘာမှ မပြောနိုင်ပဲ တိုင်ဖက်ပြီး မှီရပ်နေသည်။ ယူမီကိုကတော့ ဘာကို ရယ်နေမှန်းမသိ ရယ်နေတာလား၊ ငိုနေတာလားကို မသိတော့ပေ။ ခဏကြာမှ
ယူမီကို ။ ။ ငါ မာဖီယာကို သတ်မယ်၊ မာဖီယာကို သတ်မယ်...
ထအော်ပြီး သောင်းကျန်းပါရော။ ကျွန်မတို့ အားလုံး ယူမီကိုကို မနည်းဆွဲထားပြီး အနီအနားက အအေးဆိုင်တွင်းသို့ ခေါ်ခဲ့ရသည်။ အအေးသောက်ပြီးမှပဲ ကျွန်မတို့ အားလုံး နည်းနည်း အမောပြေသွားကြသည်။
ဆာရှီမီ ။ ။ ယူမီကို နင်ပိုက်ဆံတွေ လိမ်ခံလိုက်ရပြီးပေါ့...
ယူမီကိုက ရယ်လျှက်...
ယူမီကို ။ ။ ငါလက်ထဲမှာ ဘာကိုင်ထားလည်း နင်တို့ ကြည့်လိုက်ပါအုန်း...
ကျွန်မ ယူမီကို လက်ထဲက ပစ္စည်းကို လှန်းကြည့်လိုက်တော့ ပိုက်ဆံအိတ် တစ်အိတ်ဖြစ်သည်။
ကျွန်မ ။ ။ ဒါမာဖီယာရဲ့ ပိုက်ဆံ အိတ်ကျကျန်ခဲ့တာလား...
ယူမီကို ။ ။ ဟုတ်တယ်၊ အဲဒါကြောင့် ငါသူကို ဆက်မလိုက်ပဲ ကျန်ခဲ့တာပေါ့...
ဆူရှီ ။ ။ ပိုက်ဆံအိတ်ကို ငါတို့ ဖွင့်ကြည့်ရအောင်...
ဆာရှီမီ ။ ။ ဟုတ်တယ် မြန်မြန်ဖွင့်ပါ...
ယူမီကို ပိုက်ဆံအိတ်ဖွင့်တော့ အထဲမှာ ကျောင်းသားကဒ် နဲ့ ယမ်း ၁သောင်းကို တွေ့သည်။ ကျောင်းသားကဒ်ထဲတွင် ထိုလူပုံ နဲ့ နံမည်၊ တက္ကသိုလ်၊ မေဂျာ၊ လိပ်စာ အားလုံးရေးထားသည်ကို တွေ့၍ ကျွန်မတို့ အားလုံးအရမ်းကို ပျော်သွားသည်။ မာဖီယာ လိမ်ပို့လိုက်တဲ့ ဓာတ်ပုံနဲ့ ခုအစစ် ဓာတ်ပုံနဲ့က လုံးဝကို တခြားစီပင်။ မာဖီယာ အစစ်က ပိန်ပိန်၊ အသားဖြူဖြူ၊ ခပ်တုံးတုံး အူကြောင်ကြောင်ပုံစံပင်။
ဆူရှီ ။ ။ မာဖီယာက သူ့ပို့တဲ့ ပုံနဲ့ တခြားစီပဲ ပိန်သေးသေး ဖြူဖြူ စုတ်စုတ်လေးပါလား...
ယူမီကို ။ ။ ဒီမာဖီယာက လူလိမ်ပဲ၊ ငါအကြောင်း သိစေရမယ်...
ကျွန်မ ။ ။ ဟွန်း မသိပါဘူး သူ့လိမ်ပြီးပို့လိုက်တဲ့ ဓာတ်ပုံကို ကြည့်ပြီး ငါမှာ ကြောက်နေလိုက်တာ ဒါမှန်းသိရင်၊ ငါတောင် သူကို နိုင်သေးတယ်...
ဆာရှီမီ ။ ။ ပြီးတော့လည်း ယူထားတဲ့ မေဂျာကလည်း သမိုင်းတဲ့၊ တော်တော်ပျင်းဖို့ကောင်းတဲ့လူပဲ။ ခုမှ ဒုတိယနှစ်ဆိုတော့ ငါတို့နဲ့ ၂နှစ်လောက်ပဲ ကွာမယ်။ အူကြောင်ကြောင် ပုံစံနဲ့ ကောင်က ငါတို့ကိုများ လိမ်သွားတယ်လို့ကွာ...
ယူမီကို ။ ။ ငါက ပိုက်ဆံဆုံးသွားလို့ ဒေါသမထွက်ပါဘူး။ ယာကူဇာဂိုဏ်း အရမ်းဝင်ချင်နေတဲ့ ငါ့ပျော့ကွက်ကို ဒင်းက နင်းပြီး အသုံးချတာခံလိုက်ရတာကို မကျေနပ်တာ။ မှတ်လောက်အောင်ကို ဒင်းကို ပညာပြပြမယ်...
ကျွန်မတို့ အားလုံး မာဖီယာကို သတ်ချင်စိတ်တွေ တဖွာဖွာဖြစ်နေကြသည်။ မနက်ဖြန် ကျောင်းတက်ရမှာဆိုတော့ ကျောင်းမသွားခင် မနက်ပိုင်း မာဖီယာရှိတဲ့ တက္ကသိုလ်သို့ သွားပြီး သူကို ကိစ္စတုံးရန် တိုင်ပင်ကြသည်။ မာဖီယာက ယူမီကို ကိုများ ရန်စရဲတာမို့ ဒီလူ ကံဆိုးမှုတွေ ဆက်တိုက်ဝင်လာပြီးဟု တွေးနေမိသည်။
ဆက်ရန်...
ဇာတ်တွေက ကောင်းကုန်ပြီ။ This is the mid-climax :D
ReplyDeletegoing up and fighting part now.....i wanna read some other part like romance .......too....looking forward to new part ;)
ReplyDeleteမာဖီယားကိုသတ်မဲ့ လူစွမ်းကောင်းမမများကို လေးစားပါတယ်..း)
ReplyDeleteမြန်မြန်သတ်ပါနော်.. ဆက်ရန်ကိုမျှော်နေပါတယ်..
မြန်မြန် ကလဲ့စားချေမှာ စိတ်ချ... :)
ReplyDeleteLOL :D
ReplyDeleteလေးစားသွားပြီ... ဆက်ဖတ်ထားအုံးမှ...။ ယာကူဇာချစ်သူ ဇာတ်လမ်းမဖတ်ဖူးရင် ခေတ်နောက်ကျမယ်ဟေ့..။
ReplyDelete