Monday, July 19, 2010

ယာကူဇာ ချစ်သူ အခန်း-၈ ယူမီကို

အခန်း-၈ ယူမီကို

    မာဖီယာ အကြောင်းကို တွေးမိရုံနှင့် အရမ်းဒေါသထွက်ရလို့ ကုတင်ပေါ်က ပြုတ်ကျလာလိုက် ပြန်တက်အိပ်လိုက်ဖြင့် တစ်ညလုံး ကောင်းကောင်း မအိပ်ရပဲ အချိန်တွေ ကုန်ဆုံးသွားသည်။ မနက်မိုးလင်းသည်နှင့် ယူမီ၊ မာဖီယာနှင့် ထိပ်တိုက်တွေ့ရန် အရင်ဆုံး အချက် ၃ချက်ပြင်ဆင်သည်။ နံပါတ်၁အချက် အလှပြင်ဆိုင် သို့သွားပြီး မိတ်ကပ်၊ ဆံပင်၊ လက်သည်း၊ ခြေသည်း အားလုံးအလှဆုံးပြင်သည်။ နံပါတ်၂အချက် ဈေးအကြီးဆုံး၊ နံမည်ကြီး ဂျပန်ဒီဇိုင်နာ ဆူကီမိုရဲ့ နောက်ဆုံးပေါ် ဒီဇိုင်း leather ဂျာကင်၊ ဘောင်းဘီ အရှည်အနက်ရောင်နဲ့ ယူမီ တက္ကသိုလ်ကျောင်းသူ စတိုင် ၀တ်ဆင်လိုက်သည်။ နံပါတ်၃အချက် မာဖီယာ ယူမီကို မှတ်မိသွားမှာစိုး၍ နေကာမျက်မှန် အနက်အကြီးကြီး တစ်ခုကို ၀တ်ပြီး တကိုယ်လုံးပေါ် မှန်မှာ ကိုယ်မှာကို ကြည့်လိုက်သည်။ ယူမီ ဒီလိုဝတ်လိုက်တော့လည်း Transformer ရုပ်ရှင်ထဲက မင်းသမီး ကျနေတာပဲ။ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပြီးပြီးမို့ မာဖီယာ တက္ကသိုလ်သို့ ကားဖြင့် ထွက်လာခဲ့သည်။
    မာဖီယာ တက်တဲ့ တက္ကသိုလ်က တိုကျို မြို့ရဲ့ အကြီးဆုံး တိုကျိုတက္ကသိုလ် ဖြစ်သည်။ တက္ကသိုလ်ကျောင်းရှေ့ရောက်တာနဲ့ ယောင်လည်ယောင်လည် လုပ်နေသော အိမိကို ထင်ခနဲတွေ့လိုက်သည်။ အိမိအနားသို့ သွားသည့်တိုင်အောင် ယူမီ ကိုအိမိမှတ်မိပုံမရပဲ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အနောက်သို့ ဖယ်ပေးသည်။ ဒါနဲ့ အိမိက ကြောက်တတ်သဖြင့် စရန် အကြံရလိုက်သည်။

ယူမီ ။        ။ ဟေ့ချာတိတ်မ၊ မင်းကြည့်ရတာ အထက်တန်းကျောင်းသူ ထင်တယ်…
    အိမိက ကြောက်ကြောက်ရွံ့ရွံနဲ့ ချက်ချင်းပြန်မဖြေပဲ နောက်တလှမ်း ထပ်ဆုတ်သွားပြီးမှ…
အိမိ ။        ။ မဟုတ်ပါဘူး…
    အိမိ ခေါင်းကို ခါးယမ်းတော့သည်။


ယူမီ ။    ။ ဘာမဟုတ်ရမှာလဲ၊ ပုံစံကိုက ကလေးသာသာပုံနဲ့ လာလိမ်နေသေးတယ်။ ဒါဆို မင်း ကျောင်းသားကဒ် ဘယ်မှာလဲပြလေ၊ ပြလို့ ပြောနေတယ် မကြားဘူးလား…
အိမိ ။        ။ ဟိုဟို အိမ်မှာ မေ့ကျန်ခဲ့လို့…

ယူမီတို့ ခမ်းလှန်းလှန်းတွင် တက္ကသိုလ် လုံခြုံရေးတစ်ယောက် ရပ်နေသည်ကို ယူမီက လက်ညှိးထိုးပြပြီး အိမိကို ခြိမ်းခြောက်လိုက်သည်။

ယူမီ ။    ။ အူကြောင်ကြောင်တော့ လုပ်မယ် အကြံနဲ့ ဘာကိစ္စနဲ့ ငါတို့ တက္ကသိုလ်ကို လာတာလည်း မှန်မှန်ပြော။ အမှန်တိုင်းမပြောလို့ကတော့ ဟိုမှာရပ်နေတဲ့ လုံခြုံရေးကို ခေါ်လိုက်ရမလား…
   
အိမိကြည့်ရတာ သနားဖို့တောင် ကောင်းတယ်၊ မျက်ရည်စမ်းလမ်းနဲ့ တုန်နေပြီး စကားတွေလည်း ထစ်လို့…
အိမိ ။    ။ ကျွန်မ တောင်း တောင်းပန်ပါတယ်၊ အမှန်တိုင်းပြောပါ့မယ်။ ဒီကလေ သူငယ်ချင်းတစ်ယောက် ကိုလာရှာတာပါ။ သူက သမိုင်းမေဂျာ၊ နံမည်က မာဖီယာ။ မဟုတ်ပါဘူး နံမည် ဘယ်သူပါ့လိမ့်။ ကျွန်မနံမည် မသိပေမယ့် လူတွေ့ရင်တော့ ကောင်းကောင်း သိသိပါတယ်…
    ယူမီလည်း အိမိကို သနားတာမို့ ဆက်ဟန်မဆောင်တော့ပဲ အားရပါးရ ရယ်လိုက်တော့သည်။ အိမိက ယူမီရယ်နေသဖြင့် မျက်နှာငယ်လေးနဲ့ မော်ကြည့်နေသည်။

ယူမီ ။        ။ အိမိ ငါပါဟဲ့။ ယူမီကိုလေ မမှတ်မိဘူး…
    ယူမီဒီလောက် ပြောတာတောင် အိမိက သေချာ မှတ်မိပုံ မပေါ်သေပေ။ ယူမီကို သေချာ အနီးကပ် အရှေ့ကကြည့်လိုက်၊ အနောက်ကကြည့်လိုက်၊ ဘေးကကြည့်လိုက် လုပ်ပြီးမှ မှတ်မိသွားဟန်ဖြင့်…

အိမိ ။    ။ ဟုတ်သားပဲ၊ ဒါငါသူငယ်ချင်း ယူမီကိုပဲ။ ပျော်လိုက်တာ၊ ယူမီကို နင်ကတော့ နောက်လိုက်မှ ဖြင့် အရမ်းပဲ။ ငါက တကယ်အောင်းမေ့ပြီး သေး၊ သေးတွေတောင် ထွက်ကျကုန်ပြီး …
    ပြောကာ အိမိတစ်ယောက် အမြန်ဆုံးခြေလှမ်းတွေနဲ့ အိမ်သာ ရှိရာသို့ ထွက်ပြေးတော့သည်။ ယူမီလည်း အိမိကို ကြည့်ပြီး ရယ်ရလို့ ဗိုက်ကြောတွေတောင် နာတယ်။ ခဏကြာမှ အိမိပြန်လာပြီး…

အိမိ ။    ။ ပြီးသွားပြီးဟ… ဟဲဟဲ နင်အရမ်းကို လှနေတာ၊ တကယ် တက္ကသိုလ်ကျောင်းသူကျ နေတာပဲ။ ငါတကယ်ကို မမှတ်မိတာဟဲ့…
ယူမီ ။    ။ သိပါတယ်၊ ဒါနဲ့ ဆာရှီမီ နဲ့ ဆူရှီရော…
အိမိ ။    ။ သူတို့ ၂ယောက်က မာဖီယာ ကျောင်းခန်းနဲ့ ပတ်ဝန်းကျင်ကို သွားလေ့လာနေတယ်။ ငါကို နင်အလာကို စောင့်ပြီး ခေါ်ခဲ့ဖို့ မှာခဲ့သေးတယ်…

    ယူမီထက်တောင် ဆာရှီမီ နဲ့ ဆူရှီက ပိုတောင် ဇွဲကြီးနေကြပါ့လား တွေးမိသည်။ နောက် မာဖီယာ တက်တဲ့ သမိုင်းမေဂျာဘက်သို့ လမ်းလျှောက်လာသည်။ တလမ်းလုံး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေက ယူမီ ကိုအသစ်အဆန်းဖြစ်ပြီး ၀ိုင်းငေးကြည့်နေကြသည်။ အိမိကတော့ ခုမှ တက္ကသိုလ်ကို ရောက်ဖူးတာမို့ တောက မြို့တက်လာတဲ့ တောသူပုံစံမျိုးဖြင့် တအံ့တဘြကြီး လိုက်ငေးကြည့်ရင်း ယူမီဘေးမှ ပါလာသည်။

အိမိ ။    ။ တက္ကသိုလ်က အကိုကြီးတွေ အရမ်းချောတာပဲ၊ တက္ကသိုလ်ကျောင်းသူ တွေကလည်း လန်းထွက်လို့။ ငါဒီနေ့ကစပြီး စာကြိုးစားတော့မယ်ဟာ၊ တက္ကသိုလ်တက်ရရင် အရမ်းပျော်ဖို့ ကောင်းမှာပဲနော် ယူမီကို…
ယူမီ ။    ။ ကြိုးစားသင့်တာ ကြာပါပြီဟာ။ ပြောရင်း ဟိုမှာ ဆာရှီမီ…

    ဆာရှီမီကတော့ ထုံးစံအတိုင်း ယောကျာ်းလေး ၅ယောက်လောက် ၀ိုင်းရံပြီး ဟီးဟီးဟားဟား လုပ်နေလေရဲ့။ ထိုအချိန်တွင် ယောကျာ်လေးတစ်ယောက် ယူမီပခုံးကို ရုတ်တရက်ဝင်တိုက်သွားသည်။ ယူမီနာသွားသဖြင့် ဒေါသထွက်ပြီး တောက်ခေါက်၍ တစ်ချက်လှန်းကြည့်လိုက်သည်။ ထိုသူက ယူမီကိုလည်း မြင်ရော မျက်လုံး ၂လုံးက ပြူးထွက်လာပြီး နှာခေါင်းကြီးကလည်း နီပြီးပွတက်လာသဖြင့် ယူမီလန့်ပြီး နောက်တစ်ချက်ဆုတ်လိုက်သည်။ သေချာကြည့်လိုက်မှ မာဖီယာဖြစ်နေ၍ ယူမီအရမ်းပျော်သွား သဖြင့် မချိပြုံးလေး တစ်ချက်ပြုံးလိုက်သည်။
မာဖီယာ တစ်ယောက်ထဲတော့ မဟုတ်ပေ၊ သူဘေးမှာ တခြား သူငယ်ချင်း ၃ယောက်လောက် ပါသေးသည်။ မာဖီယာကတော့ ယူမီ ကိုနည်းနည်းလေးမှ မှတ်မိပုံ မရှိတဲ့အပြင် ငန်းတာမှ ပါးစပ်က သကျေတွေတောင် ကျမတက်ပင်။ မာဖီယာက ကျောင်းသားကဒ်ထဲကပုံထက် ပိုတောင် အူအူကြောင်ကြောင် တွေးမိသေးသည်။ အရပ်ကတော့ ယူမီထက်တော့ ပိုမြင့်မယ်။ ပိန်ပိန်ရှည်ရှည် ဖြူစုတ်စုတ်နဲ့၊ ၀တ်ထားတော့လည်း အကျီင်္ပန်းရောင်၊ ဘောင်ဘီတို။ ဆံပင်ကိုလည်း အရောင်ဆိုးပြီ ထောင်ထားသေးတယ် ကိုးလိုကန့်လန့်ကြီးပါ့လား။ ဒီကောင် အလိမ်ကိုများ ယူမီ ဘယ်လိုခံလိုက် ရသလဲ စဉ်းစား၍မရပေ။ အိမိကတော့ မာဖီယာမှန်းလည်း သိရော၊ သူမ မျက်နှာကြီးကို လက်ဝါး၂ဖက်ဖြင့် အုပ်ပြီး မသိချင်ယောင်ဆောင်၍ ဟိုဘက်လှည့် ထွက်သွားသည်။

မာဖီယာ ။    ။ ဆောရီးနော်၊ အရမ်းလှသွားသေးလားမသိဘူး…
ယူမီ ။        ။ ရှင် ဘာပြောလိုက်တယ်…
မာဖီယာ ။    ။ မှားလို့ဗျ အရမ်းနာသွားလားလို့ မေးတာပါ…
    ဘြော် အွန်လိုင်းထဲက မာဖီယာ လေသံနဲ့မှ တခြားစီပါလား။ အရမ်းကို ကြင်နာတတ်လိုက်တာနော်၊ ငါကို မလိမ့်တပတ်လုပ်သွားတဲ့ အကောင် ပြန်တွေ့ပြီးပေါ့။

ယူမီ ။        ။ ရပါတယ် ဘာမှမဖြစ်ပါဘူး…
မာဖီယာ ။    ။ ဒါနဲ့ ဒီက ဟိုလေ ကျောင်းသူအသစ်နဲ့တူတယ်။ ကျွန်တော်တို့ကို အကူအညီလိုရင် အချိန်မရွေး အကူတောင်းလို့ ရပါတယ်။ အရမ်းကို အကူအညီပေးတတ်ပါတယ်…
    အကူညီလား တောင်းအုန်းမှာ။ တောင်းလို့ မပေးလို့ကတော့ အသက်နဲ့ ဖက်နဲ့ ထုပ်ပေးတော့။ မာဖီယာက ဘေးက သူ့သူငယ်ချင်းတွေကို မျက်ခုံးပင့်ပြပြီး ဒီစောမိုက်တယ်ကွ ပုံစံမျိုးနဲ့ပင် စပ်ဖီးဖီး လုပ်နေလေရဲ့။ ယူမီ ဒီတစ်ခါတော့ မာဖီယာကို အရေခွံစုတ်ပြီး အရိုးတခြား၊ အသားတခြားဖြစ်အောင် လုပ်မည်ကို သိပုံမရပေ။ ယူမီက ချွဲတဲ့ လေသံနှင့်…

ယူမီ ။        ။ အကိုက အရမ်းခင်တတ်တာပဲနော်…
မာဖီယာ။    ။ ကျွန်တော်က မိန်းမချော၊ မိန်းမလှလေးတွေဆို ပိုတောင် ခင်တတ်ပါတယ်၊ ဟဲဟဲ…
မာဖီယာက လက်စတတ်တော့ နာဖူးကြီး ကိုး။

ယူမီ ။    ။ အကိုက အကူညီတောင်းဆိုလို့၊ အားနာနာနဲ့ပဲ တောင်းမယ်နော်။ နာတာရှီ ကားပျက်နေလို့၊ အဲဒါတစ်ချက်လောက် လိုက်ကြည့်ပေးလို့ ရမလားဟင်…
မာဖီယာ။    ။ နံမည်လေးက နာတာရှီတဲ့လား။ လှလိုက်တာဗျာ၊ နံမည်ရောလူရော။ ဒါလေးများ လိုက်ကြည့်ပေးရမှာပေါ့။ ကျွန်တော်က ကားနဲ့ပတ်သက်ရင် အရမ်းကျွမ်းကျင်တာ…
    မာဖီယာက သူ့သူငယ်ချင်းတွေဘက် လှည့်ကြည့်ပြီး။

မာဖီယာ ။    ။ မင်းတို့ အတန်းသွားတက်နှင့် ငါနောက်မှ လိုက်ခဲ့မယ်…

    ဘြော် မာဖီယာ ငရဲတွင်းထဲ ခုန်ချချင်တော့ သူ့သူငယ်ချင်းတွေတောင် ပထုတ်လိုက်သေးတယ်။ မာဖီယာ သူငယ်ချင်းတွေက ပြုံးစိစိနဲ့ မာဖီယာ ပခုံးကို ပုတ်ပြီး ထွက်သွားကြသည်။ မာဖီယာက သူ့အကြံတယ်ပိုင်ပြီး ဆိုတဲ့ အောင်မြင်သူတွေ ပြုံးတဲ့ အပြုံးမျိုးပြုံးပြီး ယူမီနဲ့ ၂ယောက်ထဲ ကျန်ခဲ့တော့သည်။ ထို့နောက် ကားရပ်နားနေရာသို့ မာဖီယာ နဲ့ ယူမီ တူတူ ဘေးချင်းကပ် လမ်းလျှောက်လာကြသည်။ မာဖီယာက ယူမီအနားသို့ ချဉ်းကပ်ရန် အမျိုးစုံကြံသည်။ မာဖီယာက မိန်းခလေးတွေနဲ့ ပတ်သက်လို့ အထားနုပ်ပြီးသားပုံပေ။ ဒါကြောင့်လည်း သူလှည့်ကွက်ထဲ ယူမီဝင်သွားမိတာကိုး တွေးမိသည်။

မာဖီယာ ။    ။ နာတာရှီက အရမ်းလှ၊ အရမ်းကို မိုက်တာပဲနော်…

    ပြောကာ ယူမီရင်ဘတ်ကိုပဲ ကြည့်နေ၍ ယူမီ အနေရခက်နေသည်။ ယူမီရဲ့ အကျီင်္ကို အပေါ်သို့ အနည်းငယ် ဆွဲတင်လိုက်ရသည်။ ယူမီမှာ မနည်း ဟန်ဆောင်ပြီး…

ယူမီ ။    ။ အကိုက အရမ်းမြှောက်ပြောတတ်တာပဲ၊ နာတာရှီတောင် မနေတတ်တော့ဘူး…
မာဖီယာ ။    ။ ကိုက လိမ်မပြောတတ်ဘူး နာတာရှီရယ်…

    မြန်လိုက်တာ ကျွန်တော်က ကိုပြောင်းသွားတာ၊ ယူမီကို လိုက်တဲ့ ချာတိတ်တွေထဲမှာ မာဖီယာလောက် မျက်နှာပြောင်တိုက်တဲ့ သူတခါမှကို မတွေ့ဖူးပေ။ ယူမီ ဆက်သည်းမခံနိုင်တော့ သဖြင့် မာဖီယာ နင်ကများ မလိမ်တတ်ဘူး ဟုတ်လား။ ဟားဟားဟား လို့ အားရပါးရရယ်ပြီး မာဖီယာမျက်နှာကို တစ်ချက်၊ အောက်ကပင့်ပြီး မေးရိုးကို တချက်၊ နောက်လှဲကျသွားတော့ ခြေထောက်နဲ့ ဝှေ့ပြီး ကန်ပစ်လိုက်ချင်သည်။ ဒါပေမယ့် ယူမီ စိတ်ထဲ မနည်းကို မျိုသိပ်ထားရသည်။

မာဖီယာ ။    ။ ဒါနဲ့ နာတာရှီက အရမ်းချောတော့ ချစ်သူတော့ ရှိမှာပဲနော်...
    ဇာတ်လမ်းစတင်နေပြီး၊ နောက် ၂မိနစ်လောက်နေရင် ဘ၀ပျက်မှာတော့ မသိရှာဘူုး။ လမ်းလျှောက်ရင်းနဲ့ ယူမီကားနားသို့ ရောက်လာသည်။ ယူမီ ဘောဒီကဒ် ၂ဦးက ယူမီလာသဖြင့် ကားတံခါးဖွင့်ပေးရန် အသင့်စောင့်နေကြသည်။

ယူမီ ။        ။ ဘာတွေမေးနေမှန်းလည်း မသိဘူး၊ ရှက်စရာကြီး...
မာဖီယာ ။    ။ ရှက်မနေပါနဲ့ နာတာရှီရယ်၊ ကိုက မင်းကို မြင်မြင်ချင်းချစ်မိတာပါ။ မင်းလည်း         ကိုကိုယ် ချစ်တယ် မဟုတ်လား...

    မာဖီယာက အရမ်း ခြေသွက်လက်သွက်ရှိတဲ့ ယောကျာ်းမျိုး ဆိုတော့ ဘာညာမပြောပဲ ယူမီ ပခုံးကို သူဘက်သို့ ဆွဲရမ်းပြီး ယူမီကို အတင်း ဖက်နမ်းဖို့ ကြိုးစားတော့သည်။ ယူမီရုတ်တရပ် ဆိုတော့ ဒီလူ လှည့်ကွက်ထဲ ၀င်ဖို့ စက္ကန့်အလိုမှာ ယူမီ လက်လျင်ပေးလို့ မာဖီယာကို အနောက်သို့ ပိတ်တွန်းလိုက်နိုင်သည်။ ယူမီ ချုပ်တည်းထားတဲ့ ဒေါသတွေ အဆ၁၀၀၀မက ပေါက်ကွဲထွက်လာပြီး မာဖီယာ လက်ကို အားအပြည့်နဲ့ ချိုးလိမ်လိုက်တော့ မာဖီယာက ရုတ်တရပ်ကြီး အားအသံတစ်ခုသာ ကြားလိုက်ရသည်။ ယူမီ ဘောဒီကဒ် ၂ဦးကလည်း ဘုမသိဘမသိပဲ ပြေးရောက်လာပြီး မာဖီယာကို တစ်ဖက်တစ်ချက်စီ ဆွဲထိုးပြီး ဖမ်းချုပ်ထားလိုက်သည်။ မာဖီယာက သူကို ဘာလို့ ဒီလို ဆက်ဆံမှန်းမသိ၍ အူကြောင်ကြောင် ဖြစ်သွားပြီးမှ မာဖီယာက လေသံမာမာဖြင့်...

မာဖီယာ ။    ။ နာတာရှီ မင်းဒါဘာလုပ်တာလဲ၊ ငါကို ဘာကောင်များအောင်းမေ့နေလဲ။ မင်းတစ်မိနစ်လောက် အသက်ဆက်ချင်တယ်ဆိုရင်၊ ခုချက်ချင်းငါကို လွှတ်ပေးစမ်း ...

    မာဖီယာက လေက အွန်လိုင်းထဲက အတိုင်းပဲ ဇာတိမှန်ထွက်လာပြီးလေ။ ယူမီ ပိုက်ဆံတွေ လိမ်ယူယုံမကသေးဘူး၊ ယူမီ ကိုဖက်နမ်းဖို့လည်း ကြိုးစားသေးတဲ့ အကောင် သေရောဟ အတွေးနဲ့ စုထားသမျှ ရန်ငြိုးတွေနဲ့ အတွင်းအားအပြည့် သုံးပြီး မာဖီယာမျက်နှာကို ဘယ်လက်သီး သုံးချက်၊ ညာလက်သီး သုံးချက် ခွက်ခွက် မြည်အောင် အားရပါးရ ကြွေးလိုက်သည်။ မာဖီယာ ပါးစပ်မှ သွေးများတောင် စီးကျလာသည်။ မာဖီယာ နာမနာတော့ မသိဘူး၊ ယူမီလက်တောင် တော်တော် နာသွားတယ်။ မာဖီယာက သူကို မတရား အနိုင်ကျင့်တယ်ဆိုတဲ့ အကြည့်နဲ့ ယူမီကို ကြည့်ပြီး..

မာဖီယာ ။    ။ မင်းကို နမ်းတောင် မနမ်းရသေးဘူး၊ မင်းက ဒီလိုဆက်ဆံရလားကွ။ မင်းပဲ ငါကို အရင်လာပြီး မြူဆွယ်တာလေ။ နှစ်ယောက်ထဲ လွတ်လပ်အောင် ဒီကို ခေါ်လာခဲ့တာလည်း မင်းပဲ...

    မာဖီယာ စကား မဆုံးသေးခင် ယူမီ ဘောဒီကဒ်က ယူမီကို ရိုင်းရိုင်ပျပျ ပြောဆိုသဖြင့် ခေါင်းကို လက်ပြန် အားရပါးရ တစ်ချက်စီ ဖုန်းခနဲပိတ်ရိုက်လိုက်သည်။ မာဖီယာတော့ တော်တော် အီစလန်ဝေသွားပုံရသည်။ ယူမီရဲ့ ရုပ်အမှန်ကို ပြရန်အတွက် ယူမီနေကာမျက်မှန် ချွတ်လိုက်ပြီး စည်းထားတဲ့ ခေါင်းစည်းဖြုတ်ပြီး ဆံပင်ကို ဖြန့်ကျဲလိုက်သည်။ မာဖီယာက သေချာကြည့်ရင်းမှ ယူမီက ယာကူဇာချစ်သူ မှန်းသိသွားရော၊ သူကို အသေသတ်တော့မည် ကိုသိ၍ သရဲသစေတွေ့သည့် အလား မျက်နှာ တစ်ခုလုံး ဖြူစင်းသွားသည်။ မာဖီယာ ကြောက်အားကြီးပြီး အတင်းရုန်းကန်ပြီး အကူညီတောင်း တော့သည်။

မာဖီယာ ။    ။ အားအားအား၊ ကယ်ကြပါအုန်းခင်ဗျ၊ ကယ်ကြပါအုန်း၊ ကျွန်တော်ကို ဒီကောင်မလေး ပြန်ပြေးဆွဲလို့ဗျ...

အော်သံကြား၍ ကျောင်းသား၊ ကျောင်းသူများ တဖြည်းဖြည်းနဲ့ ၀ိုင်းအုန်းလာကြသည်။ မာဖီယာ အရှက်ကွဲပြီး တက္ကသိုလ်ကျောင်းမှာ ဘယ်တော့မှ ခေါင်းမဖော်နိုင်အောင် ယူမီအကြံတစ်ခုရလိုက်သည်။ ယူမီ ငိုချင်ယောင်ဆောင်ပြီး မာဖီယာ အကျီင်္ကို ယူမီလက်ဖြင့် ဆွဲကိုင်ပြီး...

ယူမီ ။    ။ အမယ်လေး ကြားလို့ကောင်းကျသေးရဲ့လားရှင့်... ရှင်မှာ သားကြီး၊ မယားကြီး ရှိရဲ့နဲ့ ကျွန်မကို ကျောရုံကြံတာပေါ့လေ။ ခုရှင်ကြောင့်ရတဲ့ ကိုယ်ဝန်ကို ရှင် ဟုတ်လို့ ကျွန်မကို ဖျက်ခိုင်းတယ်ပေါ့...
    ပြောကာ မာဖီယာ ရင်ဘတ်ကို အတင်းထုနုပ်ပြီး ငိုချင်ယောင်ဆောင်နေသည်။ မာဖီယာကလည်း သူမဟုတ်တဲ့ ရှင်းပြချင်ပုံရသည်။

မာဖီယာ ။    ။ မဟုတ်ဘူး၊ မဟုတ်ဘူး...

ယူမီက မာဖီယာ ဘာမှပြန်မပြောနိုင်အောင် ရှင်လူရုတ်မာကြီး ပြောကာ အကျီင်္ကို ရင်ဘတ်ကို နာအောင် ထုနုပ်တော့သည်။ မာဖီယာလည်း ယူမီ ရိုက်ချက်တွင် ပြင်းလွန်းလို့ မျှော့မျှော့ပဲ ကျန်တော့သည်။ ဘေးက ကြည့်နေတဲ့ ကျောင်းသားတွေကလည်း မာဖီယာ ရွံ့တဲ့ အကြည့်နဲ့ ၀ိုင်းကြည့်ပြီး အတင်းပြောနေကြသည်။

ဘေးကလူများ ။    ။ ဟဲ့ နင်အဲဒီလူကိုသိလား...
နောက်လူ ။    ။ သိတာပေါ့၊ သမိုင်းမေဂျာကလေ။ ငါက ထင်တောင် မထင်မိဘူး၊ မယားကရှိသေးတယ်...
ဘေးကလူများ ။    ။ ဟုတ်ပ သူကိုယ်သူ လူပျိုပုံဖမ်းနေကတည်း ငါထင်သားပဲ...
နောက်လူ ။    ။ တော်တော် ကြောက်ဖို့ကောင်းတဲ့လူပဲနော်။ ကလေးတောင် ဖျက်ချခိုင်းတယ်တဲ့...
ဘေးကလူများ ။    ။ ဟုတ်ပါ၊ ကောင်မလေးက သနားစရာလေးနော်...
နောက်လူ ။        ။ နောက်ဒီလူနဲ့ တွေ့ရင် ဝေးဝေးရှောင်မှပဲ...
ဘေးကလူများ ။    ။ ကျောင်းက ကျောင်းသူတွေကို ဒီလူကို ရှောင်ဖို့ သတိပေးထားရအုန်းမယ်၊ လာသွားကြမယ်...

 - - - - - - - - - - - - - - - - - - - -

2 comments:

  1. ha ha part...i really like that part...really can't wait to read more...pls upload more...

    ReplyDelete
  2. အိုကေ မနက်ဖြန် တင်မယ်.. :)

    ReplyDelete