အခန်း-၉ အိမိ
ကျွန်မ သူငယ်ချင်း ယူမီကို နဲ့ မာဖီယာ တူတူထွက်သွားသည်ကို စိတ်မချသဖြင့် ဆာရှီမီ နဲ့ ဆူရှီကို ခေါ်ပြီး နောက်ကလိုက်လာခဲ့သည်။ ဒါပေမယ့် ကျွန်မလည်း သူတို့ ဘယ်နေရာသို့ ထွက်သွားသည်ကို သေချာမသိ၍ ရှာမတွေ့ဖြစ်နေသည်။
ဆာရှီမီ ။ ။ အိမိ ယူမီကိုတို့ ဘယ်ဘက်ထွက်သွားတာလည်း ရှာလည်း မတွေ့ပါလား...
ကျွန်မ ။ ။ ငါလည်း ငါကို မာဖီယာ မှတ်မိသွားမှာစိုးလို့၊ သေချာ လိုက်မကြည့်မိလိုက်ဘူး...
ဆာရှီမီ ။ ။ အိမိ နင်ကတော့လေ၊ ယူမီကိုကို သေချာစောင့်ရှောက်ထားပါ ပြောရက်နဲ့...
ဆူရှီ ။ ။ နင်က အိမိကိုသာပြောနေတာ၊ နင်ကရော ယောကျာ်းလေးတွေနဲ့ ပရောနေတာနဲ့ မာဖီယာနဲ့ထွက်သွားတာကို အိမိပြောမှသိတာမဟုတ်လား...
ကျွန်မတို့ ငြင်းခုံနေစဉ် ကားရပ်နားတဲ့နေရာက လူအုပ်ကြီး ထွက်လာသည်ကို တွေ့လိုက်သည်။
ကျွန်မ ။ ။ နေအုန်း ကားတွေရပ်ထားတဲ့ နေရာမှာ ထင်တယ်၊ ဟိုမှာလူတွေ အများကြီး ထွက်လာတယ်...
ဆူရှီ ။ ။ ယူမီကို များအန္တာရယ်တစ်ခုခုကြုံနေလား မသိဘူး...
ဆာရှီမီ ။ ။ ဟုတ်တယ်၊ ငါတို့ မြန်မြန်လိုက်သွားကြရအောင်...
ဆူရှီပြောလိုက်တဲ့ စကားကြောင့် ကျွန်မ ယူမီကိုနောက်ကို သေချာ မလိုက်ခဲ့မိသည်ကို နောင်တရမိသည်။ ယူမီကို တစ်ခုခုဖြစ်သွားရင် ကျွန်မကိုယ် ကျွန်မအပြစ်တင်လို့ ဆုံးမှာ မဟုတ်ဘူး တွေးရင်း အမြန်ဆုံး ခြေလှမ်းတွေနဲ့ လူအုပ်ကို တိုးပြီး ကားရပ်တဲ့ နေရာကို အပြေးသွားသည်။ ကားရပ်တဲ့ နေရာလည်း ရောက်ရော၊ ယူမီကို ကိုတွေ့သည်။
ဆာရှီမီ ။ ။ ဟိုမှာ ယူမီကို…
ကျွန်မ ။ ။ ယူမီကို ငိုနေပါ့လား…
ဆူရှီ ။ ။ မာဖီယာ ဒီကောင့် ကို ငါအမှုန့်ခြေပစ်မယ်…
ယူမီကို ငိုနေသည်ကို ကျွန်မတွေ့လိုက်သည်နှင့် တခါမှ မထွက်ဖူးတဲ့ ကျွန်မဒေါသတွေ ပေါက်ကွဲထွက်လာသည်။ ထို့ကြောင့် ယူမီကိုရှေ့တွင် ရပ်နေသော မာဖီယာရှိရာသို့ ပြေးသွားပြီး မာဖီယာ ဆံပင်ကို ဆော့ဆွဲပြီး မျက်နှာကို လက်သည်းသိုင်းဖြင့် ကုတ်ခြစ်လိုက်သည်။ ဆူရှီကလည်း သူကိုယ်လုံးကြီးနဲ့ မာဖီယာ ကိုဝိုင်းတိုက်သည်။ ဆာရှီမီကတော့ ဘေးမှ တုတ်တစ်ချောင်းယူပြီး မာဖီယာကို နောက်က ရိုက်သည်။ မာဖီယာက အားအားအသံတောင် သေချာမထွက်နိုင်တော့ပေ။ ယူမီကို အော်သံကြားလိုက်သည်။
ယူမီကို ။ ။ နင်တို့ပဲ ၀ိုင်းမချနေနဲ့အုန်း၊ ငါလည်းချအုန်းမယ်…
ဆူရှီ ။ ။ ယူမီကို နင်ကိုငိုအောင် လုပ်တာ ငါတို့ အသေသတ်မှ ကျေနပ်မယ်…
ကျွန်မ ။ ။ ဟုတ်တယ်…
ဆာရှီမီကလည်း ထောက်ခံတဲ့သဘောနဲ့ တုတ်နဲ့ လွှဲရိုက်ပါလေရော…
ဆာရှီမီ ။ ။ ငါသူငယ်ချင်းကို ငိုအောင်လုပ်တဲ့ကောင်သေစမ်းဟ…
ယူမီကို ။ ။ နင်တို့နဲ့တော့ ခက်ပြီး ငါကငိုချင်ယောင်ဆောင်နေတာ…
ယူမီကို စကားကြားသည်နှင့် ကျွန်မတို့ ၃ယောက် ရပ်သွားပြီး ယူမီကိုဘက် လှည့်ကြည့်လိုက်သည်။ ယူမီကိုက မာဖီယာနဲ့ သူနဲ့ တူတူလမ်းလျှောက်လာသည်မှ စပြီး အကြောင်းစုံ အားလုံးရှင်းပြသည်။ ဆူရှီက ယူမီကိုကို နမ်းဖို့ ကြိုးစားတယ် ကြားသည်နှင့် မာဖီယာကို နားပန်တစ်ချက်ပြေးရိုက် သေးသည်။ ကျွန်မ ခုမှ သေချာကြည့်မိတော့ မာဖီယာ ခဗျာ တော်တော်တောင် သနားစရာကောင်းနေသည်။ မာဖီယာ မျက်နှာတစ်ခုလုံးလည်း လက်သည်းကုတ်ရာတွေနဲ့ စုတ်ပြတ်သပ်လို့၊ အင်္ကျီကြယ်သီးတွေလည်း ပြုတ်လို့်၊ ပါးစပ်ကလည်း သွေးတွေကျလို့၊ လမ်းပေါ်မှာ တုန်လှုံလှဲနေသည်။ ကျွန်မက သနားတတ်သူမို့ ကြည့်ရင်းနဲ့ စိတ်မကောင်းတောင် ဖြစ်မိသည်။ ကျွန်မလည်း ဘယ်သိပါ့မလဲ၊ ယူမီကို ငိုနေလို့ ၀င်ချလိုက်မိတာပါ။
ယူမီကို ။ ။ မာဖီယာလည်း ခုလောက်ဆို တော်တော်နောင်ကြဉ် သွားလောက်ပါပြီး…
ဆာရှီမီ ။ ။ ပိုက်ဆံရော…
ယူမီကို ။ ။ ငါပိုက်ဆံ ပြန်ယူပြီးရင် ပြန်ကြတာပေါ့…
ယူမီကိုက သူ့ဘော်ဒီကဒ် ၂ဦးကို မာဖီယာ ဘောင်းဘီအိတ်ကပ်ထဲ ငွေချလံကို ရှာခိုင်းသည်။ သို့သော် ဘာငွေချလံမှ ရှာမတွေ့ပဲ၊ စာရွက်တွေရယ်၊ ယူမီကို ဓာတ်ပုံတော့ ထွက်လာသည်။ ကြည့်ရတာ မာဖီယာက ယူမီကိုဓာတ်ပုံကို သူ့သူငယ်ချင်းတွေကို သူ့ရည်စားပုံဟု လိုက်ကြွားနေပုံရသည်။ ယူမီကိုက မာဖီယာ အကျီကော်လံကို ဆွဲတင်ပြီး…
ယူမီကို ။ ။ ငါငွေချလံဘယ်မှာလဲ…
မာဖီယာက ကြားရုံတမယ် အသံဖြင့်…
မာဖီယာ ။ ။ သုံးလို့ကုန်သွားပြီး…
ယူမီကို ဒေါသထွက်လာပြီး မာဖီယာကို ထပ်ရိုက်မယ်လုပ်သဖြင့် ကျွန်မတို့ မနည်းဝိုင်းဆွဲရသည်။
ကျွန်မ ။ ။ ယူမီကိုရယ် တော်ကြာ အသက်ထွက်သွားမှ၊ ငါတို့ အမှုပတ်နေပါအုန်းမယ်…
ယူမီကို ။ ။ မရဘူး၊ ငါသေအောင် သတ်ပစ်မှာ…
ဘောဒီကဒ် ။ ။ မမလေး ဒါဘာလည်း မသိဘူး…
ယူမီကို ဘောဒီကဒ် ပေးသော ခေါက်ထားသော ဖိတ်စာစာရွက်ကို ယူမီကို ဇာတ်ခနဲဆွဲယူလိုက်ပြီး စည်းကိုခွာပြီး ဖွင့်ကြည့်လိုက်သည်။ ယူမီကို မျက်စိမျက်နှာ အရမ်းပျက်သွားသဖြင့်…
ဆူရှီ ။ ။ ယူမီကို ဘာစာလဲ…
ကျွန်မ ။ ။ ဘာစာ ဟုတ်လို့လဲဟင်…
ဆာရှီမီ ။ ။ ငွေချလံလား…
ယူမီကိုက စိတ်ပျက်သွားတဲ့ မျက်နှာနဲ့ ကျွန်မကို ကတ်ထူးစာရွက် လှန်းပေးလိုက်သည်။ ဆူရှီနဲ့ ဆာရှီမီကလည်း အလုအယှက်ဝိုင်း ကြည့်ကြသည်။ ဖတ်ကြည့်လိုက်တော့ ယာကူဇာဂိုဏ်းကြီးတွေ တွေ့ဆုံပွဲ ဖိတ်ကြားစာ ဖြစ်နေ၍ ကျွန်မအရမ်းကို ထိတ်လန့်သွားသည်။
ကျွန်မ ။ ။ ယူမီကို ဒါယာကူဇာဂိုဏ်းတွေ တွေ့ဆုံပွဲ ဖိတ်စာ မဟုတ်လား…
ယူမီကိုက ဘာမှ ပြန်မပြောပဲ ခေါင်းညိတ်ပြသည်။
ဆူရှီ ။ ။ ဒါဆို မာဖီယာက ယာကူဇာဂိုဏ်းဝင် အစစ်ပေါ့…
ဆာရှီမီ ။ ။ အဲဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ၊ ဒုက္ခပါပဲ…
အကယ်၍ မာဖီယာသာ ယာကူဇာဂိုဏ်းဝင် အစစ်ဖြစ်ခဲ့ရင် ကျွန်မတို့ သူကို နှိပ်စက်ခဲ့လို့ ပြန်ကလဲ့စား ချေမှာသေချာတယ် တွေးရင်း ကြောက်လာသည်။ မာဖီယာက ကျွန်မတို့ စကားပြောသံတွေကို ကြားသွားရော ယူမီကို ဘောဒီကဒ် ၂ဦးကို ပိတ်တွန်းလိုက်ပြီး ကားကို မှီထိုင်လျှက် အားရပါးရရယ်တော့သည်။
မာဖီယာ ။ ။ ဟားဟားဟား၊ မင်းတို့ကို ငါသတိပေးခဲ့သားပဲ၊ ခုချက်ချင်း ငါကို ဒူးထောက်တောင်းပန်ရင်တော့ ငါခွင့်လွှတ်ဖို့ စဉ်းစားအုန်းမယ်…
မာဖီယာ စကားကြောင့် ကျွန်မတို့ဘာဆက်လုပ်ရမှန်း မသိဖြစ်သွားသည်။ ကျွန်မအနေနဲ့ကတော့ ဒူးထောက်တောင်းပန်မှ ကျေအေးမယ် ဆိုလည်း တောင်းပန်မှာပါ။ ယူမီကိုက အကြံကောင်း တစ်ခုရပြီး ကျွန်မတို့ အားလုံးစုဝေးလိုက်ပြီး တိုးတိုးလေး ပြောပြသည်။ မာဖီယာက အောင်နိုင်သူမျက်နှာဘေးနှင့်…
မာဖီယာ ။ ။ ဟေးဟေး ချာတိတ်မတွေ ဘာတွေတိုင်ပင်တွေ ကြတာတုန်း၊ ဒူးထောက်တောင်းပန်စရာရှိ မြန်မြန်တောင်းပန်လေ။ ငါပြောတာ မကြားကြဘူးလား၊ နားကန်းသွားပြီးလား။ မေးရိုးကျိုးသွားပြီးလား မသိဘူး၊ နာလိုက်တာ…
ဆာရှီမီ ။ ။ မာဖီယာက တော်တော် ထိခိုက်ထားတဲ့ပုံပဲ ငါတို့ဆေးရုံပို့ရင် ကောင်းမလား…
ကျွန်မ ။ ။ ဆေးရုံပို့လိုက်တာ ကောင်းမယ်…
ဆူရှီ ။ ။ နေပြန်ကောင်းသွားရင် ငါတို့ကို ကလဲ့စား လာချေနေရင် ဘယ်လိုလုပ်မှာလဲ…
ကျွန်မ ။ ။ ဒါဆို ရှင်းပစ်လိုက်ရမှာလား…
ယူမီကို ။ ။ အေးဟုတ်တယ် ရှင်းပစ်လိုက်တာပဲ ကောင်းတယ်…
ဆူရှီ ။ ။ မရှင်းပဲနဲ့ လျှာဖြတ်လိုက်ရင်ရော…
ယူမီကို ။ ။ လျှာဖြတ်လည်း စာရေးလို့ရတာပဲဟာ…
ဆာရှီမီ ။ ။ ဒါဆိုလည်း လက်ပါဖြတ်လိုက်…
ယူမီကို ။ ။ ရှုပ်ပါတယ်ဟာ၊ လက်တွေ၊ ခြေထောက်တွေ အားလုံးကို ဖြတ်ပြီး တနေရာစီခွဲမြှပ်လိုက်တာ ပိုကောင်းသေးတယ်…
ကျွန်မတို့စကားကြောင့် မာဖီယာ ကိုယ်တံတွေး ကိုယ်ပြန်မျိုချပြီး တော်တော်ထိတ်လန့်သွားပုံ ရသည်။
မာဖီယာ ။ ။ မနောက်ကြနဲ့လေ၊ ခင်များတို့ ယာကူဇာဂိုဏ်းဝင်ဖို့ ကျွန်ုပ်ကူညီပေးလို့ရတယ် ဆိုတာ မမေနဲ့လေ…
ယူမီကို အကြံကတော့ အရမ်းပိုင်တယ်၊ မာဖီယာကို ပြန်ချိန်းခြောက်ပြီး ယာကူဇာဂိုဏ်းဝင်ဖို့ ကူညီခိုင်းတာလေ။ ယူမီကိုက မချိပြုံးလေးပြုံးပြီး မာဖီယာ နားသို့ ကပ်သွားသည်။
ယူမီကို ။ ။ ကျွန်မ လိုချင်တစ်ခုရှိတယ်၊ အဲဒါကို ကူညီပေးရင် ရှင်ကျွန်မဆီက လိမ်ယူသွားတဲ့ ပိုက်ဆံတွေကို ကျွန်မပြန်မတောင်းဘူး။ ပြီးတော့ ရှင်ကိုလည်း အသက်ချမ်းသာခွင့်ပေးမယ် ဘယ်လိုလည်း …
မာဖီယာ ။ ။ ကျွန်ုပ်က ဘာကူညီပေးရမှာလဲ…
ယူမီကို ။ ။ ယာကူဇာဂိုဏ်းကြီးတွေ တွေ့ဆုံပွဲကို ကျွန်မကို ခေါ်သွားရပေးရမယ်…
မာဖီယာ ။ ။ ဒါလေးများဗျာ မခက်ပါဘူး၊ ကျွန်ုပ်ဦးလေးက ယာကူဇာဂိုဏ်းဝင်ပဲ…
ယူမီကို ။ ။ ဒါဆို ရှင်က ယာကူဇာဂိုဏ်းဝင် မဟုတ်ဘူးပေါ့…
မာဖီယာ ။ ။ အင်း အဲဒီလိုပြောရမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ခင်များလိုချင်တာ ရရင် ပြီးရောမလား…
ယူမီကို ။ ။ ဟုတ်ပါတယ်လေ…
ယူမီကိုက ကျွန်မတို့ဘက်လှည့်ပြီး…
ယူမီကို ။ ။ ငါတို့ ပြန်ကြရအောင်…
မာဖီယာကို ထားခဲ့ပြီး ကျွန်မတို့ လှည့်ထွက်လာကြသည်။ ကားပေါ်တက်ခါနီးမှ မာဖီယာ အော်သံကြားလိုက်ရသည်။ မာဖီယာ ဒီလောက် ၀ိုင်းရိုက်ထားတာတောင် လေသံက ခုထိမာဆဲပင်။
မာဖီယာ ။ ။ ကျွန်ုပ်ကို ဒီအတိုင်း မထားခဲ့ကြနဲ့လေ၊ ဆေးခန်းပို့ပေးအုန်းလေ။ မဟုတ်ရင်တော့ ကျွန်ုပ်ကူညီမပေးနိုင်ဘူး…
ယူမီကိုက သွားနေတဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။
ယူမီကို ။ ။ အိမိ နင်တို့ ကျောင်းသွားတက်ရအုန်းမယ် မဟုတ်လား၊ ဒီနေ့တော့ ငါကျောင်းတက်နိုင်မယ် မထင်ဘူးဟ။ ငါအတွက် ခွင့်စာတင်ခဲ့ပေးလိုက်ပါ…
ဆာရှီမီ ။ ။ နင်က မာဖီယာနဲ့ ကျန်ခဲ့မလို့လား…
ယူမီကို ။ ။ ဟုတ်တယ်၊ သူကို ဆေးခန်းသွားပို့ပေးလိုက်အုန်းမယ်…
ယူမီကိုက မာဖီယာကို ဆေးခန်းပို့ပေး မယ်ပြောသည်မှာ ကျွန်မအတွက် အထူးအဆန်းဖြစ်နေသည်။ ယူမီကိုသည် ရက်စက်တဲ့နေရာမှာ အရမ်းပြတ်သားပြီး ဘယ်တော့မှလည်း နောင်တ မရတတ်ပေ။ ဒါပေမယ့် ယာကူဇာဂိုဏ်းဝင်ချင်လို့ ဖြစ်မှာပါဟု ကျွန်မစိတ်ထဲ တွေးမိသည်။
ကျွန်မ ။ ။ နင်တစ်ယောက်ဖြစ်ပါ့မလား ယူမီကို…
ဆူရှီ ။ ။ ငါကျန်ခဲ့ပေးရမလား…
ယူမီကို ။ ။ ရပါတယ်၊ ငါဘောဒီကဒ် ၂ယောက်ရှိပါသေးတယ်။ နင်တို့ ကျောင်းအုပ်ဆရာကြီးကို ရည်စားစာပေးမယ့်ကိစ္စ မေ့ချင်ယောင်ဆောင် မနေကြနဲ့အုန်း…
ကျွန်မ ကျောင်းအုပ်ကို စာပေးမယ့် ကိစ္စကို ယူမီကို မေ့နေပြီး အောင်းမေ့နေတာ။ ယူမီကိုက သူများကို ဒုက္ခပေးရမယ့်ကိစ္စဆိုရင် ဘယ်တော့မှ မမေ့တတ်ပေ။ ဆာရှီမီ၊ ဆူရှီနဲ့ ကျွန်မတို့ ၃ယောက် တက္ကစီဌားပြီး ကျောင်းသို့ ထွက်လာခဲ့သည်။ တလမ်းလုံးလည်း ယူမီကို၊ မာဖီယာ လူလည်နဲ့ ၂ယောက်ကျန်ခဲ့သည်ကို စိတ်မချဖြစ်နေမိသည်။
ဆက်ရန်...
ဖတ်သွားပြီနော်
ReplyDeleteနောက်အဆက်တင်မှ ပြန်လာမယ်..
love this part too...getting better...exciting..can't wait for another part hee ;)
ReplyDeleteစာလာဖတ်ပါတယ်... ဆက်ရန်ကို စောင့်ဖတ်ပါဦးမယ်
ReplyDeleteမနက်ဖြန် မာဖီယာ ခန်းစတင်ပြီ.. မျှော်... :)
ReplyDeleteဟင်းးးးးးးးးးးးးးးးး
ReplyDeleteနင်တော့ တကယ် ၀ဋ်လိုက်တော့မှာနော် သယ်ရင်း
ခုထိ ဆက်တုန်းရှိသေးတယ် ကျုပ်တို့ လိုက်လာရတာ ကုလားအုတ်အဖိုးဖြစ်ပြီနော်..:P