Saturday, July 24, 2010

ယာကူဇာ ချစ်သူ အခန်း-၁၀ မာဖီယာ


အခန်း-၁၀ မာဖီယာ

ကျွန်တော်ကို ဆေရုံပို့ပေးရန် ကားဖြင့် ခေါ်လာကြသည်။ ယာကူဇာ အရူးမလေးကတော့ ရှေ့ခန်းမှာ ထိုင်နေသည်။ ဒင်းတို့ အဖွဲ့ လက်သန်ပြောင် မပြောင်တော့ မသိ၊ ကျွန်တော်မှာတော့ တကိုယ်လုံး ကိုက်ခဲ နာကျင်နေသည်။ ဒီအတိုင်း ဆိုရင် ကျွန်တော် ဆေးရုံမှာ တစ်လလောက် နေရမယ် ထင်တယ်ဗျ။ ခုတောင် ပါးစပ်က ကောင်းကောင်းတောင် မဟနိုင်သေးပေ။ ရှေ့ခန်းက ယာကူဇာ အရူးမလေးကတော့ ကျွန်တော် တချက် မိုက်ကြည့် လှမ်းကြည့်သည်။ ကျွန်တော်လည်း မိန်းခလေး တွေ့ရင် နှောက်တတ်တဲ့ အကျင့် ရှိတာမို့ ကျွန်တော် ခြေမဖြင့် သူမလက်မောင်းကို လှန်းတို့လိုက်ပြီး။

ကျွန်တော် ။ ။ ဟေ့ ယာကူဇာ အရူးမလေး မင်းနာမည် ဘယ်လိုခေါ်လဲ…

ယာကူဇာ အရူးမလေး ဒေါသထွက်သွားပြီး သူမအိပ်ဆောင် ဓားကို ထုတ်၍ ကျွန်တော် လည်ပင်းကို ဓားဖြင့်တေ့ထားလိုက်သည်။ ကျွန်တော်ဖြင့် အရမ်းလန့်သွားပြီး နှလုံးခုန်သံတောင် ပျောက်သွားသည်။

ကျွန်တော် ။ ။ ဟာ မလုပ်လိုက်နဲ့လေ၊ ကျွန်ုပ်က နောက်တာပါ…
ယူမီကို ။ ။ ရှင် အသက်မပျောက်သွားချင်ရင်၊ စကားပြော ဆင်ခြင်…

ယာကူဇာ အရူးမလေး ဓားကို ပြန်သိမ်းလိုက်မှ ကျွန်တော် အသက်ရှူနိုင်တော့သည်။ သူဆီက ရတဲ့ငွေနဲ့ ကျွန်တော်ခံရတာနဲ့ ကာတောင် မကာမိပါဘူး။ မနေ့က သူငယ်ချင်း တွေနဲ့ သူမပိုက်ဆံတွေနဲ့ စားပွဲသောက်ပွဲကြီး ကျင်းပပြီး လောင်းကစားရုံသွားလိုက်တာ ပိုက်ဆံတွေလည်း အားလုံးပြောင်သွားပြီ။ ပြန်ပေးဖို့လည်း ပိုက်ဆံ တစ်ပြားမှ မရှိတာမို့ ကျွန်တော် သည်းခံရုံကလွဲ ဘာရှိမှာလဲဗျ။ ဒါကြောင့် ကျွန်တော်ကပဲ စပြီ မိတ်ဆက်လိုက်သည်။

ကျွန်တော် ။ ။ ကျွန်ုပ်နာမည်က နာဂါတို၊ ခင်များရော..
ယူမီကို ။ ။ ကျွန်မနာမည် ယူမီကို…
ကျွန်တော် ။ ။ ခင်များ နာမည်က တော်တော်ရယ်ရတာပဲ၊ ဟားဟား…
ယူမီကို ။ ။ ရှင် မရယ်နိုင်အောင် လျှာကို ဖျက်ပစ်လိုက်ရမလား…
ကျွန်တော် ။ ။ အသက်ကဖြင့် ငယ်ငယ်လေး ရှိသေး၊ အပြောကတော့ တယ်လည်း ကြမ်းပါ့လား။ ဒီပုံနဲ့ဆို ခင်များကို ယူမယ့် ယောကျာ်း ရှိမှာ မဟုတ်ဘူး...
ယူမီကို ။ ။ ကျွန်မ ယောကျာ်းရမရ စိတ်ပူမနေနဲ့၊ ရှင်ကိုယ်ရှင်သာ ပူစမ်းပါ။ လူက ပိန်ညောင်ညောင်နဲ့ လေတိုက်တာနဲ့ လှဲသွားမယ် ပုံစမ်းကများ...

ဒီယာကူဇာ အရူးမလေးက အပေါက်ကလည်း ဆိုးလိုက်တာ မပြောနဲ့။ သူကိုယ်သူများ ယာကူဇာဂိုဏ်းဝင်ကြီး ကျနေတာပဲ။ ယာကူဇာဂိုဏ်းဝင် အစစ်တွေနဲ့ တွေ့လို့ ကတော့ ဒင်း သေဖို့သာ ပြင်ပေတော့ဟု ကျွန်တော် ကြိတ်ရယ် နေမိသည်။ ဆေးရုံသို့ ရောက်သည်နှင့်၊ လူနာတွန်းလှည်း တစ်ခုယူလာပြီး ကျွန်တော်ရှေ့တွင် စောင့်ချလိုက်သည်။

ကျွန်တော် ။ ။ ကျွန်ုပ်က လူနာ၊ ဖြည်းဖြည်းသာသာ လုပ်ပါဗျ…
ယူမီကို ။ ။ တက်စရာ ရှိမြန်မြန်တက်စမ်းပါ…

ခဏကြာမှ ဆေးရုံမှ ၀န်ထမ်းများ ရောက်လာပြီး ကျွန်တော်ကို လူနာ တွန်းလှည်းပေါ်တင်ပြီး လာခေါ်သွားကြသည်။ ယာကူဇာ အရူးမလေးနဲ့ သူမဘောဒီကဒ် ၂ဦးက နောက်က လိုက်လာကြသည်။ ဆရာဝန်က ကျွန်တော်ကိုလည်း စစ်ဆေးပြီးရော အရမ်းထိတ်လန့်သွားသည်။

ဆရာဝန် ။ ။ ခင်များကို ဒီလောက် ဒဏ်ရာတွေ ရအောင် ဘယ်သူလုပ်လိုက်တာလဲ၊ မဖြစ်ဘူး အမှုဖွင့်မှ ဖြစ်မယ်…
ဆရာဝန်ဆီက စကားကြားသည်နှင့် ကျွန်တော် အရမ်းဝမ်းသာ အားရဖြင့်။

ကျွန်တော် ။ ။ ဖမ်းမယ်ဆို ဒီကောင်မလေးကို ဖမ်း…

ကျွန်တော် စကားပင် မဆုံးသေးပင် ယာကူဇာ အရူးမလေးက ကျွန်တော် ခြေထောက်အနာကို လက်ဖြင့် တမင် ဖိချလိုက်သည်။

ကျွန်တော် ။ ။ အားအားအား…

ယာကူဇာ အရူးမလေးက ဆရာဝန်ကို အဝေးသို့ ပထုတ်ပြီး ခေါ်သွားသည်။ ဆရာဝန်ကို တိုးတိုးတစ်ခုခု ပြောနေပုံရသည်။ ကျွန်တော်အပေါ် ဘာများ မကောင်းကြံနေမလဲ တွေးနေမိသည်။ ခဏနေတော့ ဆရာဝန် ပြန်ရောက်လာပြီး ကျွန်တော်အား မသင်္ကာတဲ့ မျက်လုံးများဖြင့် ကြည့်သည်။

ဆရာဝန် ။ ။ ဘယ်လောက်ပဲ အပြစ်ကျူးလွန်၊ ဒီလောက်တော့ မလုပ်လိုက်သင့်ဘူး။ ခုမျက်နှာ တစ်ခုလုံးလည်း လက်သည်းကုတ်ရာတွေနဲ့…
ယူမီကို ။ ။ ဆရာ သူကို မြန်မြန်သာ ကုပေးပါ၊ ကျွန်မမှာ အချိန်မရှိဘူး…
ဆရာဝန် ။ ။ ဒါနဲ့ ခင်များတို့ နှစ်ယောက်က သမီးရည်စားတွေလား…

ယာကူဇာအရူးမလေးနဲ့ ကျွန်တော် တစ်ယောက် မျက်နှာ၊ တစ်ယောက် မျက်နှာ ကြည့်လိုက်ကြပြီး။

ယူမီကို၊ ကျွန်တော် ။ ။ ဟာ မဟုတ်ပါဘူး…
ကျွန်တော် ။ ။ ဒီလို ရုပ်ဆိုးတဲ့ မိန်းခလေးက ကျွန်တော် ချစ်သူဖြစ်ပါ့မလား ဆရာရဲ့…
ယူမီကို ကျွန်တော် နားသို့ ကပ်လိုက်ပြီး တိုးတိုးပြောသည်။
ယူမီကို ။ ။ ရှင်ထပ်မနာချင်ရင်၊ ပါးစပ်ပိတ်ထားတော့…
ကျွန်တော် ။ ။ မင်း ငါချစ်သူလို့ အပြောခံရတာကိုး ဂုဏ်ယူနေတာမလား...
ယူမီကို ။ ။ နောက်ဆုံး အကြိမ်သတိပေးလိုက်မယ်၊ ပါးစပ်ပိတ်ထား...

ကျွန်တော်လည်း ငြိမ်ငြိမ်လေး နေလိုက်ရသည်။ ဆရာဝန်က သေသေချာချာ စမ်းသပ်သည်။

ကျွန်တော် ။ ။ ဆရာ ကျွန်တော် သိပ်မနေရတော့ဘူး ထင်တယ်ဗျာ...
ကျွန်တော် ဆရာဝန်ကို မျက်လုံးတစ်ချက် မှိတ်ပြလိုက်ပြီ၊ ကျွန်တော်ဘက်က ထောက်ခံခိုင်းသည်။ ဆရာဝန်က မရိပ်မိပဲ၊
ဆရာ ။ ။ ခင်များမျက်လုံး တစ်ဖက်နာနေလို့လား။ အဲဒီလောက်လည်း စိတ်မပူပါနဲ့။ ခင်များ ဆေးရုံတက်စရာတောင် လိုမှာ မဟုတ်ပါဘူး...

ယာကူဇာအရူးမကတော့ ကျွန်တော်ကို လှောင်ရယ်နေသည်။ ဆရာဝန်က ဆေးထည့်ပေးပြီး ဆေးရုံက ပြန်ဆင်းလို့ရပြီလို့ ပြောသည်။ ကျွန်တော်နဲ့ ယာကူဇာအရူးမလေး ဆေးရုံမှ ပြန်ထွက်လာခဲ့ကြသည်။

ကျွန်တော် ။ ။ ဒါနဲ့ နေပါအုန်း၊ ဆရာဝန်ကို ကျွန်ုပ်အကြောင်း ခင်များ ဘာတွေ သွားပြောနေတာလည်း။ ဆ၇ာဝန်က ကျွန်ုပ်ကို အပြစ်ကျူးလွန်ထားတယ် ပြောနေတာလဲ...
ယူမီကို ။ ။ သိချင်မနေပါနဲ့...
ယူမီကို ။ ။ ရှင်ကို ကျွန်မဆေးရုံပို့ပေးပြီး ဆိုတော့ ကျွန်မ တာဝန်တော့ကျေပြီး။ ရှင်သာ ရှင်ကတိအတိုင်း ယာကူဇာဂိုဏ်းတွေ့ဆုံ ပွဲကို ကျွန်မကို ခေါ်သွားပေးရမယ်…
ကျွန်တော် ။ ။ ယာကူဇာဂိုဏ်းတွေ့ဆုံပွဲကို ခင်များက ပေါ့သေးသေး အောင်းမေ့နေတယ်။ အခန့်မသင့်ရင် ခင်များ အသက်တောင် အာမမခံနိုင်ဘူး ဖြစ်သွားမယ်။ ခင်များ တွေ့ဆုံပွဲ အတွက် ကျွန်ုပ်နဲ့ ပြင်ဆင်မှုလေးတွေ လုပ်သွားမှ ဖြစ်မှာပေါ့…
ယူမီကို ။ ။ ဒါတွေ မလိုပါဘူး…
ကျွန်တော် ။ ။ ဒါဆိုလည်း ခင်များ တစ်ယောက်ပဲသွား၊ ကျွန်ုပ်တော့ အလောင်းလိုက် မကောက်နိုင်ဘူးဗျ…
ယူမီကို ။ ။ ရှင် စကားပြောတာ မိုက်ရိုင်းလှချည်းလား…
ကျွန်တော် ။ ။ ဟုတ်တယ်လေ၊ ကျွန်ုပ်က အမှန်တိုင်းပြောတာပဲ…
ယူမီကို ။ ။ ဒါဆို မနက်ဖြန် ရှင်အားလား။ ဆွေးနွေးကြတာပေါ့…

ကျွန်တော်တွင် ဘာအလုပ်မှ မရှိသော်လည်း အချိန်ကို ဒီယာကူဇာအရူးမလေး အတွက်တော့ မဖြုန်းပစ်နိုင်ဘူးဗျ။

ကျွန်တော် ။ ။ ကျွန်ုပ်က အားနေတဲ့ပုံပေါက်နေလို့လား ဟွန်း…
ယူမီကို ။ ။ ဒါဆို ရှင်မအားဘူးလား…
ကျွန်တော် ။ ။ တစ်နာရီကို ဆွေးနွေးခ ဘယ်လောက်ပေးမှာလဲ ဆိုတာပေါ်မူတည်ပြီး ကျွုန်ုပ်အား မအား စဉ်းစားရမှာဗျ…
ယာကူဇာအရူးမလေး ကျွန်တော် အကျီင်္ကို ဆောင့်ဆွဲလိုက်ပြီး။
ယူမီကို ။ ။ ကျွန်မ ပိုက်ဆံတွေ လျှော်ပေးလိုက်တာတောင် အားမရသေးဘဲ၊ ထပ်လိုချင်ရင်တော့ ရှင်အသက်ကို ဖက်နဲ့ထုတ်ဖို့ပြင်ပေးတော့…

ယာကူဇာအရူးမလေးရဲ့ ဘောဒီကဒ် ၂ဦးကလည်း ရှေ့သို့ တိုးလာကြသည်။ ယာကူဇာ အရူးမလေး တစ်ယောက်လောက်တော့ ကျွန်တော် တစ်ချက်စားပဲ ရှိပါတယ်။ ဒါပေမယ့် သူမဘေးက ဘောဒီကဒ်တွေကတော့ ဗလတောင့်တောင့်နဲ့ သိပ်မလွယ်ဘူးဗျ။ ယာကူဇာ အရူးမလေးက ကျွန်တော် အိတ်ကပ်ထဲမှ ဟမ်းဖုန်းကို ယူပြီး ဖုန်းနံပါတ် မှတ်၍ သူမဆံပင်များကို လေပေါ်မှာ ခါးယမ်းလိုက်ပြီး သူမကားဆီသို့ ထွက်သွားသည်။ ဒီလိုလေး ဆံပင်လေးကို ဝှေ့ယမ်းသွားတော့လည်း ကျွန်တော် အကြိုက် မိန်းခလေး ပုံမျိုးပင်။ ယာကူဇာအရူးမလေးက ဓာတ်ပုံထဲကထက် အပြင်မှာ ပိုတောင် လှသေးသည်။ ကျွန်တော်လည်း သူမကို ခဏတာ ငေးကြည့်မိလိုက်သည်။ ပြီးမှ ကိုယ်မှာကိုတောင် ပြန်ရယ်နေမိသည်။

ဆက်ရန်...

3 comments:

  1. လာဖတ်ပြီးသွားပြီနော်..း)
    ဖတ်ကောင်းတယ်..

    ReplyDelete
  2. Mafia's POV is way better than Yimi's and Eimi's :D Maybe I like guys POV better than girls' cuz I am a guy :)

    ReplyDelete
  3. ဖတ်စ် သွားတယ် ဂျူးဂျူး
    ကောင်းစ်တယ် ဂျူးဂျူး
    အားပေးစ် နေတယ် ဂျူးဂျူး
    ဆက်မျှော်စ်နေတယ် ဂျူးဂျူး..:P:P

    ReplyDelete