Tuesday, July 27, 2010

ယာကူဇာ ချစ်သူ အခန်း- ၁၁ မာဖီးယား


အခန်း- ၁၁ မာဖီးယာ

ကျွန်တော်ကို ဆေးရုံရှေ့မှ ထားခဲ့တာမို့ တက္ကစီနဲ့ပြန်လာခဲ့ရသည်။ အိမ်ထဲတောင် ခြေမချရသေးပေ၊ ဟမ်းဖုန်းမြည်၍ ဖွင့်ကြည့်လိုက်သည်။ ယာကူဇာ ချစ်သူ စာတန်းလေးပေါ်လာသဖြင့် ကျွန်တော် ကောက်ကိုင်လိုက်သည်။

ကျွန်တော် ။ ။ ပြော ယာကူဇာအရူးမလေး...
ယူမီကို ။ ။ ရှင်နောက်တစ်ခါ ကျွန်မကို အဲဒီ နာမည် ခေါ်ရဲခေါ်ကြည့်စမ်း...
ကျယ်လောင်သော အသံထွက်လာသဖြင့် ကျွန်တော် နား နဲ့ ဖုန်းကို ခွာထားရသည်။

ကျွန်တော် ။ ။ ဟောင်ပွာဟောင်ပွာ လာလုပ်မနေနဲ့၊ ခွေးကလေးလို့ ပြောင်းခေါ်လိုက်မယ်...
ယူမီကို ။ ။ ရှင်ရှင်၊ အာအာအာ...
ဒီတစ်ခါတော့ ကျွန်တော် ဖုန်းလွှတ်ကျသွားသည်။ မနည်း ပြန်ကောက်ကိုင် လိုက်ရသည်။

ကျွန်တော် ။ ။ ကျွန်ုပ် ပြောမယ်၊ မနက်ဖြန် ကျွန်ုပ် အဆောင် လာခဲ့...
ယူမီကို ။ ။ ရှင်အဆောင်ကို မလာနိုင်ပါဘူး...
ကျွန်တော် ။ ။ ဒါဆိုလည်း ခင်များအိမ်ကို ကျွန်ုပ်လာခဲ့မယ်...
ယူမီကို ။ ။ ရှင်စကားကို တည်တည်ကြည်ကြည် ပြောစမ်းပါ...
ကျွန်တော် ။ ။ ဒီမှာ ကျွန်ုပ်အဆောင်လာခဲ့ ပြောနေတာ ခင်များမှ လက်မခံပဲ...
ယူမီကို ။ ။ ပြီးရော ရှင်အဆောင်ကို ကျွန်မ မနက်ဖြန်လာခဲ့မယ်...

ယာကူဇာ အရူးမလေးနဲ့ ဖုန်းပြောလို့ ချိန်းပြီးရော ကျွန်တော် စိတ်ထဲ ငါတော့ ပွပြီး ကောင်မလေး တစ်ယောက်ထဲ ငါအဆောင်ကို လာမယ် ဆိုရင် ဒန်ဒန်ဒန် တွေးပျော်နေမိသည်။ ညနေပိုင်းရောက်တော့ တွေးပျော်နေတဲ့ စိတ်လေးတောင် ဘယ်ရောက်သွားမှန်း မသိပါဘူး၊ တကိုယ်လုံး နာကျင်လွန်းလို့၊ ဖျားချင်သလိုတောင် ဖြစ်လာသည်။
မနက်မိုးလင်းတော့ ယာကူဇာ အရူးမလေး လာမည်ပြောထား၍ ကျွန်တော် အိပ်ယာထဲမှာ နေမကောင်းချင် ယောင်ဆောင်၍ လှဲနေသည်။ ခဏကြာတော့ တံခါးခေါက်သံ ကြား၍၊

ကျွန်တော် ။ ။ တံခါး ဖွင့်ထားတယ် ဖွင့်ဝင်လာခဲ့...
ထို့နောက် တံခါးဖွင့်သံ ကြားသည်။ ကျွန်တော် မျက်လုံးမှိတ်၍ စောင်ကို ခေါင်းခြုံထားသည်။

ယူမီကို ။ ။ ရှင်ဆွေးနွေးမယ်ဆိုလို့ ကျွန်မလာတာ။ ခုထိ အိပ်ယာပေါ်က မထသေးဘူးလား။ ထထ...

ကျွန်တော်ကို လက်ဖြင့် လာတွန်းနှိုးသဖြင့် ဒီတစ်ခါတော့ အကွက်ပဲ တွေးမိသည်။ ကျွန်တော်ကို လာထိသော လက်ကို ရှုတ်တရက် လှမ်းဆွဲလိုက်ပြီး မျက်လုံး ဖွင့်ကြည့်လိုက်သည်။

ကျွန်တော် ။ ။ အမယ်လေးဗျ...
ကျွန်တော် လှမ်းဆွဲလိုက်သော လက်မှာ ယာကူဇာအရူးမလေး လက်မဟုတ်ပဲ၊ သူမ ဘော်ဒီကဒ်ရဲ့ လက် ဖြစ်နေသောကြောင့် ဖြစ်သည်။ ကြောက်လန့်ပြီး လက်ကို ပြန်လွတ်လိုက်သည်။

ကျွန်တော် ။ ။ သူတို့က ဘာလို့ ပါလာတာလဲ...
ယူမီကို ။ ။ ရှင်အကြံသိနေတယ်လေ။ ဒီမှာ ခုချက်ချင်းထရင် ထ၊ မထရင် ကျွန်မ အဆိုးမဆိုးနဲ့...

ကျွန်တော်မှာ အောင့်သက်သက်နဲ့ ထထိုင်လိုက်သည်။ သူမ ဘော်ဒီကဒ် ရှိနေရင် ကျွန်တော် မဆွေးနွေးနိုင်ဘူး ပြော၍ ပထုတ်လိုက်သည်။ သူမနဲ့ ကျွန်တော် နှစ်ယောက်ထဲ ကျန်မှ၊

ကျွန်တော် ။ ။ ခင်များ ယာကူဇာဂိုဏ်းဝင်တွေရဲ့ လှိုဝှက်စကားရော သိလား...
ယူမီကို ။ ။ မသိဘူး...
ယာကူဇာ အရူးမလေးကို ပြန်ပညာပြဖို့ အခွင့်အရေး ကျွန်တော်ရပြီ။

ကျွန်တော် ။ ။ ကျွန်ုပ်ပြောတာ အဲဒါပဲ၊ ဒါလေးတောင် မသိပဲ ဘယ်သွားလို့ ဖြစ်ပါ့မလဲ။ မသိရင် ဒီမှာ သေချာ မှတ်ထားချည်း၊ လှိုဝှက်စကား အရူး နှစ်လုံးထဲ ပြောရုံပဲ...
ယူမီကို ။ ။ အရူးလို့ သွားပြောရင် ကျွန်မကို သတ်မှာပေါ့။ ကျွန်မကို ငတုံးများ အောင်းမေ့နေလား...
ကျွန်တော် ။ ။ ခင်များကလည်း ယာကူဇာဂိုဏ်းဝင် အချင်းချင်း ဟေ့ကောင် အရူး၊ ဘာညာပဲ အမြဲ နှုတ်ဆက်တာ။ ဒါက သူတို့ ဓလေ့လို ဖြစ်နေတာ၊ ကျွန်ုပ် မဟုတ်ပဲ လိမ်ပြောပါ့မလား...
ယူမီကို ။ ။ သေချာလို့လား...
ကျွန်တော် ။ ။ သေချာပါတယ်၊ ကျွန်ုပ်က လိမ်ပြောမယ့် ရုပ်ပေါက်နေလို့လား...

ကျွန်တော် စိတ်ထဲမှာတော့ ဒီကောင်မလေး ကျွန်တော် ပြောခိုင်းတိုင်းတာ ယာကူဇာဂိုဏ်းဝင် သွားပြောလို့ကတော့ သူကို ၀ိုင်းအမှုန့်ခြေမှာ မသိရှာဘူး တွေးရယ် နေမိသည်။ နောက်တော့ ခန်းမထဲ ၀င်ရင် ဘယ်လို ၀င်ရမယ်၊ ဘယ်သူနဲ့ ဘယ်လို နှုတ်ဆက်ရမယ် အားလုံးကို သူမကို အသေးစိတ် ရှင်းပြသည်။ ယာကူဇာ အရူးမလေးက စာရွက် တစ်ရွက်နဲ့ သေချာ လိုက်မှတ်နေသည်။

ယူမီကို ။ ။ အ၀တ်အစား ဒီဇိုင်းကိုရော ကျွန်မ ဘယ်လို ၀တ်သွားရင် ကောင်းမလဲ...
ကျွန်တော် ။ ။ ခင်များ ခေတ်ဆန်ဆန် ဆတ်ကပ်တိုတို၊ အကျီ ပြတ်ပြတ်သာ ၀တ်သွား...
ယာကူဇာ အရူးမလေးက ကျွန်တော်ကို မသင်္ကာတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး၊

ယူမီကို ။ ။ ရှင် ကျွန်မကို ချောက်တွန်းနေတာတော့ မဟုတ်ပါဘူးနော်...
ကျွန်တော် ။ ။ မယုံရင်လည်း ခင်များ သဘောပဲ...
ယူမီကို ။ ။ ဒါဆို ကျွန်မသွားရင် ရှင်ရော လိုက်ခဲ့မှာလား...
ကျွန်တော် ။ ။ လက်မှတ်က တစ်စောင်ပဲ ရှိတာ၊ ဘယ်လိုက်လို့ ဖြစ်ပါ့မလဲ။ ကျွန်တော် မနက်ဖြန် ခန်းမ ရှေ့ထိတော့ ခင်များကို လိုက်ပို့ပေးမယ်။ ကျန်တာတော့ ခင်များ အပိုင်းပဲ...
ယူမီကို ။ ။ ဒီလောက်သိရရင်တော့ လုံလောက်ပါပြီ...

ယာကူဇာ အရူးမလေးက ကျွန်တော် ပြောတာတွေကို ယုံသွားပုံရပြီး ပျော်ရွင်စွာ အိမ်သို့ ပြန်သွားလေသည်။ မနက်ဖြန်တောင် မြန်မြန်ရောက်ချင်လာသည်။ မနက်ဖြန် တွေ့ဆုံပွဲမှာ သူမ ဒုက္ခလှလှတွေ့အုန်းမယ်ကို ကျွန်တော် သိ၍ ထို့နေ့က တစ်ညလုံး ပျော်လွန်းလို့ အိပ်မပျော်ပေ။
နောက်နေ့မနက် တွေ့ဆုံပွဲ ကျင်းပရာ ဟိုတယ်သို့ ကားဖြင့် ကျွန်တော် ရောက်လာသည်။ ယာကူဇာအရူးမလေးကို ရှာကြည့်သေးသည်။ သို့သော် သူမကို မတွေ့သည်နှင့် ဖုန်းလှမ်းဆက်လိုက်သည်။

ကျွန်တော် ။ ။ ခုထိ မလာသေးဘူးလား၊ ဒီမှာ ပွဲစတော့မယ်...
ယူမီကို ။ ။ ကျွန်မ ရောက်နေပြီလေ၊ ရှင်ရှေ့မှာ ရပ်နေတာ ရှင် မတွေ့ဘူးလား...

ကျွန်တော် ရှေ့တည့်တည့်ကို ကြည့်လိုက်မှ ယာကူဇာအရူးမ ကိုမြင်တော့သည်။ ယာကူဇာအရူးမလေးက leather ဆတ်ကပ်တိုတို၊ leather အကျီင်္အပြတ်နဲ့ နေကာမျက်မှန်နဲ့ အရမ်းကို မိုက်လွန်းနေသည်။ ကျွန်တော်စိတ်ထဲ ဟာရှာပါး လို့တော် ရေရွတ်လိုက်မိသည်။ သူမက တိုင်နဲ့ ကွယ်ပြီး ကပ်နေ၍ ကျွန်တော် သူနားသို့ လျှောက်သွားသည်။

ကျွန်တော် ။ ။ ဟေ့ အထဲကို မ၀င်ပဲ ဘာလို့ အထဲမှာ ပုန်းနေတာလဲ...
ယူမီကို ။ ။ ရှင်ပြောတဲ့အတိုင်း ကျွန်မ၀တ်ခဲ့တာ၊ ခုတော့ တခြားသူတွေ အားလုံးက လူကြီး လူကောင်းလို ၀တ်လာတာ၊ ကျွန်မဒီပုံနဲ့ အထဲမ၀င်ရဲလို့...

ကျွန်တော် တစ်ချက် မချိပြုံးလိုက်ပြီ။ ငါဆင်တဲ့ အကွက်ထဲသို့ ၀င်လာပြီး ဆိုတဲ့ အပြုံးမျိုးပါ။

ကျွန်တော် ။ ။ ခင်များကို သူများထပ် ထူးခြားအောင် ပြင်ပေးလိုက်တာ၊ ဒါမှ ခင်များကို သတိထားမိမှာပေါ့၊ မြန်မြန်ဝင်စရာရှိဝင်။ ဒီအခွင့်အရေးက တစ်သက်မှ တစ်ခါပဲ ရတာ...

ယာကူဇာအရူးမလေးကို ကျွန်တော် အတင်းဝင်ခိုင်းသည်။ ယာကူဇာအရူးမလေးက ကျွန်တော်ကို မျက်နှာငယ်လေးဖြင့် ကွက်ကြည့်ကွက်ကြည့်ပြီး အထဲသို့ ၀င်သွားသည်။ သူမ အထဲသို့ ၀င်သွားတော့ ကျွန်တော် တာဝန်ကျေပြီး တွေးမိ၍ ပြန်လှည့်ထွက်လာခဲ့သည်။

ဆက်ရန်...

6 comments:

  1. Building up to the climax... :) Next chapter is the climax! The end! The explosion!!! :D

    ReplyDelete
  2. ကောင်း၏.... မျှော်

    ReplyDelete
  3. ယာကူဇာတွေရဲ့ လျှို့ဝှက်စကားကို သဘောကျသွားတယ်
    ဟီဟိ
    အတုယူဦးမှ...
    ဆက်ရန်ကို ဆက်ပြီးမျှော်နေတယ်နော်...း)

    ReplyDelete
  4. အခန်းဆက်လေး လာဖတ်ပါတယ်..
    နောက်တစ်ခန်းဆက်မှ ပြန်လာပါဦးမယ်။။

    ReplyDelete
  5. ယာကူဇာအရူးမလေး ဘာဖြစ်မှာပါလိမ့်။ သနားစရာ။

    ReplyDelete
  6. ကိုကိုမောင် ယာကူဇာအရူးမလေးကို ကြိတ်ခိုက်နေတာ မလား.. ဟီးဟီး နောက်တာပါ.. :)

    ReplyDelete