အခန်း - ၁၂ ယူမီကို
ယူမီလည်း မာဖီယာ အတင်းဝင်ခိုင်းသဖြင့် ကြောက်ကြောက်နဲ့ပဲ ဟိုတယ် ထဲသို့ ၀င်လာခဲ့သည်။ ယာကူဇာဂိုဏ်းဝင် တွေ့ဆုံပွဲ ခန်းမရှေ့ရောက်တော့ မ၀င်ပဲ၊ ပြန်ရင် ကောင်းမလား စဉ်းစားရခက်နေသည်။ ဒါပေမယ့် မာဖီယာ ပြောသလိုပဲ တစ်သက်မှ တစ်ခါ ရတဲ့ အခွင့် အရေးကိုလည်း လက်လွှတ်မခံချင်ပေ။ ထို့ကြောင့် တွေ့ဆုံပွဲ တက်ရောက်ရန် စိတ်ဆုံးဖြတ်လိုက်ပြီ လက်မှတ်စစ်နေသော သူရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းသွားသည်။ လက်မှတ်စစ်တဲ့ လူက ကြောက်စရာကြီး၊ အကောင်ထွားထွား၊ ဆံပင်အရှည်ကို စီးထားပြီး ၀တ်ထားတာတော့ လူကြီး လူကောင်းပုံပေ။ ထိုလူက ယူမီ လက်မှတ်ပြတော့ ခြေဆုံး၊ ခေါင်းဆုံး ကြည့်နေ၍ ယူမီလည်း မကြောက်ဟန်ဆောင်၍ မျက်နှာကို ခပ်တည်တည် လုပ်ထားလိုက်သည်။
လက်မှတ်စစ် ။ ။ မင်းနာမည် ဘယ်လိုခေါ်လဲ...
ယူမီကို ။ ။ ယူမီကို၊ ဘာဖြစ်လို့ ကျွန်မနာမည် မေးတာလဲ...
လက်မှတ်စစ် ။ ။ ဒီအတိုင်း မေးကြည့်တာပါ...
ယူမီကို ။ ။ ဒါဆို ၀င်လို့ရပြီလား...
လက်မှတ်စစ်က ခေါင်းညိတ်ပြ၍ ကျွန်မအတွက်တော့ ပထမ စာမေးပွဲအောင်ပြီမို့ ပျော်ရွှင်စွာ ခန်းမထဲဝင်လာသည်။ ခန်းမထဲရောက်တော့ အမျိုးသား အားလုံးနီးပါးက အနက်ရောင် suitကို ၀တ်ထားကြသည်။ အမျိုးသမီးများက ဂျာဝန်အရှည်ကို တောက်ပစွာ ၀တ်ထားကြသည်။ ယူမီတစ်ယောက်ထဲ သူတို့ကြားတွင် အရမ်းကို ထင်ရှားနေသည်။ ယူမီလည်း ၀င်ဝနားက ထိုင်ခုံ တစ်ခုတွင် ယောင်လည်လည်ဖြင့် ၀င်ထိုင်လိုက်သည်။ ခဏကြာတော့ ခန်းမထဲသို့ ဘေးမှ ဘော်ဒီကဒ် ၁၀ယောက်လောက် ၀န်းရံပြီး ယာကူဇာ ဂိုဏ်းချုပ်တွေ အသီးသီး ၀င်ရောက်လာကြသည်။ သူတို့ရဲ့ ဇနီးတွေလည်း ပါလာကြသည်။ ယာကူဇာဂိုဏ်းချုပ် ဇနီးတွေကလည်း အားလုံးချောပေ့၊ လှပေ့ဆိုတာ တွေချည်းပေ။ ယူမီ သူတို့နဲ့ ယှဉ်လိုက်တော့ ကိုယ်မှာကိုတောင် သိမ်ငယ်သွားမိသည်။
နောက် ၁၅မိနစ်ကြာရင် တွေ့ဆုံပွဲ စတင်တော့မည်ဟု ကြေငြာလိုက်သည်။ မာဖီယာရဲ့ ညွှန်ကြားချက်အတိုင်း ယူမီလည်း အရမ်းဝမ်းသာသွားပြီး လက်ခုတ် အားရပါးရ တီးလိုက်သည်။ ဒါပေမယ့် လက်ဆုတ်တီး လိုက်သူမှာ ယူမီ တစ်ယောက်ထဲဖြစ်နေ၍ အားလုံးက မသင်္ကာတဲ့ အကြည့်နဲ့ ၀ိုင်းကြည့်ကြသဖြင့် ယူမီ နည်းနည်း ကြောက်သွားသည်။ ထိုအချိန် ယာကူဇာဂိုဏ်း လုံခြုံရေးတွေ ယူမီကို သတိထားမိပုံရ၍ ယူမီနားသို့ လမ်းလျှောက်လာကြသည်။ ယူမီ လက်တွေ၊ ခြေထောက်တွေ အရမ်းကို အေးလာသည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိတော့ပေ။ လုံခြုံရေးတွေက ဗလကြီးတွေနဲ့ရယ်၊ ယူမီ ကို တချက် ကိုင်ပေါက် လိုက်ရုံသာရှိသည်။ ထိုလုံခြုံရေးထားမှ ကတုံးဆံပင်ပေါက်နဲ့ ခပ်၀၀ လူကြီးတစ်ယောက် ယူမီရှေ့တွေ ရပ်ပြီး ယူမီကို မသင်္ကာသော အကြည့်ဖြင့် ကြည့်လျှက်၊
လုံခြုံရေး ။ ။ ဟေ့ကလေးမ မင်းဖိတ်စာ ပြစမ်း...
ယူမီမှာ ကြောက်လွန်းလို့ ငိုတောင် ငိုချင်လာသည်။ ဖိတ်စာကို လက်ကိုင်အိတ်ထဲမှာ ရှာသော်လည်း ကြောက်အားကြီး၍ ချက်ချင်း ရှာမရပေ။
လုံခြုံရေး ။ ။ မင်း ဖိတ်စာ ပြလို့ ငါပြောနေတယ်လေ...
ထိုလူက ယူမီ လက်မောင်းကို အားနဲ့ အတင်း ဆုပ်ကိုင်လိုက်ပြီး ခုပဲ ရိုက်သတ်တော့မယ် ပုံမျိုးနှင့်ပေ။ ယူမီလည်း ဖိတ်စာရှာတွေ့၍ ပေးလိုက်သည်။
ယူမီ ။ ။ ရှင် ကျွန်မ လက်ကို မကိုင်ပါနဲ့...
ယူမီလည်း ခေသူမဟုတ်၍ ထိုလူလက်ကို ပုတ်ချလိုက်သည်။ လုံခြုံရေးက ဖိတ်စာ စာရွက်ကို ဖင်ပြန်ခေါင်းပြန် စစ်ကြည့်ပြီး၊
လုံခြုံရေး ။ ။ မင်းဒီဖိတ်စာ ဘယ်က ရလာတာလဲ၊ မှန်မှန်ပြောစမ်း...
ယူမီ ။ ။ ကျွန်မကို ဖိတ်လို့ လာတာပေါ့...
လုံခြုံရေး ။ ။ ဒါဆိုရင် လှို့ဝှက်စကားဝှက်က ဘာလဲပြောလေ...
ယူမီ ။ ။ ဟေ့ အရူး၊ အရူး၊ အရူး...
လုံခြုံရေးသည် ယူမီကို ဘာလို့ အရမ်းဒေါသထွက်သွားမှန်း မသိအောင် သူမှာ ပါလာသော ဓားမြှောင်ကို ခွဲထုတ်လိုက်သည်။ ယူမီ မျက်ရည်များ အလိုလို ၀ဲကျလာသည်။ မာဖီယာ ယူမီ ကိုချွန်ပေးလိုက်မှန်း ခုမှသိတော့သည်။ ဒီမာဖီယာကို ငါသတ်မယ် စိတ်ထဲ အကြိမ်များစွာ ရေရွတ်လိုက်သည်။ လုံခြုံရေး ယူမီနားတိုးလာသဖြင့် ယူမီလည်း ကြောက်ပြီး နောက်သို့ တစ်လှမ်းချင်း ဆုတ်ရင်း ဆုတ်ရင်း၊ တံခါးပေါက်နားသို့ ရောက်သွားသော အခါ ယူမီ မျက်ရည်တွေ အရမ်းကို စီးကျနေသည်။
လုံခြုံရေး ။ ။ ငါကို အရူးလို့ စော်ကားတဲ့ ကောင်မ။ မင်း အသက်ကို ငါချမ်းသာ ပေးမယ်တော့ မထင်နဲ့...
သူ့ဓားကို ယူမီကို ထိုးသတ်တော့မယ် ပုံဖြင့် အပေါ်သို့ ချိန်ရွယ်လိုက်၍ ယူမီလည်း ကြောက်ပြီး မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်လိုက်ချိန်တွေ ကံကောင်းစွာဖြင့် မီးပျက်သွားသည်။ မီးမှောင်ကျသွားသဖြင့် လူတွေ ရှုန်ရင်း စံခတ် ဖြစ်နေချိန်တွင် ယူမီ ကိုလူတစ်ယောက် အားဖြင့် အတင်း ဆောင့်ဆွဲသွားသည်။
ယူမီ ။ ။ ငါကို လွှတ်စမ်း…
ထိုလူကို ယူမီပြန်တိုက်ခိုက်စဉ် ထိုလူက ယူမီခေါင်းကို တစ်ချက်ရိုက်လိုက်သဖြင့် ယူမီမေ့မျှောသွားသည်။ ယူမီသတိပြန်ရလာတော့ ခေါင်းတစ်ခုလုံး အရမ်းကို မူးနောက်နေသည်။ သတိရလာချိန်တွင် ဟိုတယ် အခန်းတစ်ခုထဲသို့ ရောက်နေသည်။ အခန်းထဲတွင်လည်း တခြားလူတစ်ယောက်မှ မရှိပေ။ ယူမီလည်း ငါတော့ ဘ၀ပျက်ပါပြီ အော်ကြီး ဟစ်ကျယ် ငိုကြွေးတော့သည်။
ယူမီ ။ ။ မာမီရေ ယူမီတော့ ဘ၀ပျက်ပါပြီ၊ ကယ်ကြပါအုန်း...
ထိုအချိန်တွင် အခန်းတွင်းသို့ မာဖီယာ ၀င်လာသဖြင့် ယူမီ မျက်စိတောင် ယူမီမယုံအောင် ဖြစ်သွားသည်။ နောက် မာဖီယာကို ပြေးပြီး ပါးရိုက်လိုက်သည်။
ယူမီ ။ ။ ရှင် ကျွန်မကို စော်ကားတယ်...
မာဖီယာ ။ ။ ခင်များဗျာ၊ ခင်များ အသက်ကို ကယ်ခဲ့တဲ့ အသက်သခင် ကျေးဇူးရှင်ကို ပါးရိုက်ပြီး ကျေးဇူးပြန်ဆပ်လိုက်တယ်ပေါ့...
မာဖီယာက သူက ယူမီ အသက်ကို ကယ်ခဲ့တယ် ဆိုနေပါ့လား။ ယူမီကို ခန်းမထဲက လာခေါ်ထုတ်သွားတာ သူများလား တွေးမိသည်။
ယူမီ ။ ။ ရှင် ကျွန်မကို ခန်းမထဲက လာခေါ်ထုတ်သွားတာလား...
မာဖီယာ ။ ။ အေးဟုတ်တယ်...
ယူမီ ။ ။ ဒါဆို ဘာလို့ ကျွန်မ ခေါင်းကို ရိုက်တာလဲ...
မာဖီယာ ။ ။ မရိုက်လို့မှမရတာ၊ မင်းကို သနားလို့ လာကယ်ပေးရသေးတယ်။ အသတ်မသေတာကိုပဲ ကျေးဇူးတင်ရမှာ။ ခုမှတ်ပြီး မလား၊ ယာကူဇာဂိုဏ်းဝင် တာကို ကလေး ကစားစရာ မှတ်နေတာလေ...
ယူမီလည်း ခန်းမထဲက အကြောင်းတွေးမိရင်း ကြောက်လွန်းလို့ မျက်ရည်များ စီးကျလာပြီး ကလေး တစ်ယောက်လို အော်ဟစ်ငိုချလိုက်သည်။
ယူမီ ။ ။ အဲဒါရှင်ကြောင့်၊ ရှင်ကြောင့်...
မာဖီယာ ရင်ဘတ်ကို ထုတ်ရိုက်လိုက်သည်။
မာဖီယာ ။ ။ ဒီတစ်ခါတော့ ကျွန်တော် မှားသွားတယ်ဗျာ၊ ကျွန်တော် တောင်းပန်ပါတယ်။ ဒီလောက်ထိ ဖြစ်သွားမယ်မှန်းမသိလို့၊ ခင်များကို စနောက်လိုက်မိတာပါ။ တောင်းပန်ပါတယ်...
မာဖီယာလို လူမျိုးက မတောင်းပန် စဖူး တောင်းပန်သဖြင့် ယူမီ အံ့အားသင့်သွားသည်။ ဒီမာဖီယာမှာလည်း စိတ်ကောင်းလေးတော့ ရှိသေးသားပဲဟု တွေးမိသည်။ ဒါပေမယ့် ယူမီ မေ့နေစဉ်တွင် ဒီမာဖီယာ ယူမီကို ဘာများ မကောင်းကြံထားသေးလဲ မသင်္ကာစိတ်ဖြင့်၊
ယူမီ ။ ။ ရှင် ကျွန်မမေ့နေတုန်း အခွင့်ကောင်း ယူပြီး မကောင်းကြံထား သေးလား...
မာဖီယာက မျက်လုံးပြူးသွားပြီး အသံတုန်တုန်ဖြင့်၊
မာဖီယာ ။ ။ အာ ဘာလို့ မကောင်းကြံရမှာတုန်း...
မာဖီယာ ပြန်ဖြေတဲ့ လေသံကို ယူမီသိပ်သဘော မကျပေ။ ဒီလူ သိပ်မရိုးသားပေ။ ယူမီလည်း ဒေါသထွက်ပြီး မာဖီယာကို ထပ် ထုရိုက်တော့၊
မာဖီယာ ။ ။ အာ နာလိုက်တာ။ ခင်များပါးလေးကို ကိုင်ကြည့်ရုံပဲ ကြည့်တာ၊ ကျွန်ပ် ဘာမှ မလုပ်ဘူးဗျ...
ယူမီ ။ ။ ရှင် လူမဟုတ်ဘူး...
ယူမီက နောက်က လိုက်ရိုက် မာဖီယာက ကုတင်ပေါ်တက်ပြေးလိုက်၊ အခန်းထဲ ပတ်ပေးနေသဖြင့် ၀ိုင်းကြီးပတ်ပတ် တူဝေေ၀ ကစားနေတာကြနေတာပဲ။ သူကို လိုက်ရိုက်ရတာ ယူမီတောင် တော်တော် မောလာသည်။
ယူမီ ။ ။ ဒီတစ်ခါတော့ ရှင်ကို ခွင့်လွှတ်ပေးလိုက်မယ်၊ နောက်တစ်ခါဆိုရင် ရှင်အသေပဲ...
မာဖီယာ ။ ။ ခင်များရော ယာကူဇာဂိုဏ်းဝင် ဖြစ်ချင်စိတ်ရှိသေးလား...
မာဖီယာ မေးလိုက်တဲ့ မေးခွန်းကို ယူမီ ချက်ချင်းတော့ ပြန်မဖြေနိုင်ပေ။ ယာကူဇာဂိုဏ်းဝင်တာ ယူမီထင်သလိုတော့ လုံးဝကို မလွယ်ပေ။ ဒါပေမယ့် ယူမီ ဆက်ကြိုးစား ကြည့်ချင်သေးသည်။
ယူမီ ။ ။ ရှိသေးတာပေါ့၊ ဒီလောက်နဲ့ ဘာလို့ ဇွဲလျှော့ရမှာလဲ...
မာဖီယာ ။ ။ ဒီလောက် အသက်မသေရုံဖြစ် ခဲ့တာတောင် မမှတ်သေးဘူး...
ယူမီ ။ ။ ဒီမှာ ရှင်ကျွန်မကို ယာကူဇာဂိုဏ်းဝင် ဖြစ်အောင် လုပ်ပေးနိုင်မလား...
မာဖီယာ ။ ။ ကျွန်ုပ်အတွက် ဘာအကျိုးအမြတ်ရှိမှာ မို့လည်း...
ယူမီ ။ ။ ယမ်းပေးမယ်လေ...
မာဖီယာ ။ ။ ဒါဆို ကူညီပေးရမှာပေါ့၊ ဟဲဟဲဟဲ...
ယူမီနဲ့ မာဖီယာ ဈေးဆစ်တာ အဆင်ပြေသွားပြီမို့ ယူမီအိမ်သို့ ပြန်ရန် ဟိုတယ်မှ ထွက်လာခဲ့သည်။ ဟိုတယ် အပေါက်ဝမှာ ယာကူဇာဂိုဏ်းဝင် တွေ့ဆုံပွဲက ထွက်လာသူတွေ တွေ့သဖြင့် ယူမီနဲ့ မာဖီယာမှာ ဟိုတယ် နောက်ပေါက်မှ ခိုးထွက်လာခဲ့ရသည်။
မာဖီယာ ။ ။ ကျွန်ုပ်တို့မှာ ၀ရမ်းပြေးတွေ ကျနေတာပဲ၊ မောလိုက်တာ...
ယူမီ ။ ။ ဟုတ်ပ...
ယူမီ မာဖီယာကို ရယ်လျှက် တစ်ချက်ကြည့်လိုက်သည်။ ယူမီခေါင်းထဲ အကြံတစ်ခုဝင်လာသည်။ မာဖီယာ ဆိုရင် ယူမီချစ်သူ အနေနဲ့လိမ်ပြီး ဒယ်ဒီ၊ မာမီကို ပြလို့ ရကောင်းသည်ဟု တွေးမိသည်။ မာဖီယာက အရပ်ရှည်ရှည်၊ ရုပ်က ခပ်တည်တည်နဲ့ မချောပေမယ့် မဆိုးပါဘူး တွေးလိုက်သည်။
ယူမီ ။ ။ ရှင် ကျွန်မ ချစ်သူ လုပ်မလား...
မာဖီယာမျက်လုံးက အရောင်တွေ တဖိတ်ဖိတ် တောက်လာသည်။ ယူမီကို ခြေဆုံး ခေါင်းဆုံး ကြည့်ပြီး၊
မာဖီယာ ။ ။ ခင်များက သိပ်မဆိုးပါဘူး။ ကျွန်ုပ်ကို စဉ်းစားဖို့တော့ အချိန် တစ်ရက်ပေး...
ယူမီ ။ ။ ကြီးကျယ်နေလိုက်တာ၊ ရှင်ကို ကျွန်မက ချစ်သူ ဟန်ဆောင်လုပ်ခိုင်းတာ၊ တကယ်ထင်မနေနဲ့...
မာဖီယာ ။ ။ နောက်ကျမှ အတည်ဖြစ်သွားရင် ကျွန်ုပ်တာဝန် မယူဘူးနော်...
ဒီလူတော့ ယူမီအပေါ် မကောင်းကြံဖို့ပဲ စဉ်းစားနေပုံရတယ်၊
ယူမီ ။ ။ ရှင်တော့လေ၊ ဘယ်လို အခွင့်အရေး ယူဖို့ပဲ စဉ်းစားနေတဲ့လူ...
မာဖီယာ ။ ။ ကျွန်ုပ်က ချောတော့ ခင်များ ချစ်သူ ဟန်ဆောင်ပေးတာ ထားပါအုန်း၊ ခင်များကို လိုက်နေတဲ့ လူတွေ့ရှေ့မှာလား၊ သူငယ်ချင်းတွေ ရှေ့မှာ အထင်ကြီးအောင်လား...
ယူမီ ။ ။ အရမ်းလည်း မလန့်သွားနဲ့အုန်း။ ကျွန်မ မိဘတွေရှေ့မှာ ဟန်ဆောင်ပေးရမှာ...
မာဖီယာကို မလန့်ဖို့ သတိပေးထားသော်လည်း တော်တော်လန့်သွားပုံရသည်။
မာဖီယာ ။ ။ ခင်များ မိဘတွေနဲ့ တွေ့ရမှာ။ အဲဒါတော့ ဘယ်နည်းနဲ့မှ မဖြစ်ဘူး တော်ကြာမှ ကျွန်ုပ်ကို သူ့သမီးနဲ့ အတင်းပေးစားနေမှ ကျွန်ုပ်မယူနိုင်ဘူးနော်...
ယူမီ ။ ။ ရှင်ကို ဘယ်သူက ယူခိုင်းနေလို့လဲ၊ ဟန်ဆောင်ရုံ ဟန်ဆောင် ခိုင်းတာကိုး။ တော်ပြီ မလုပ်ပေးချင်လည်း ရှင်သဘောပဲ၊ အိမ်ပြန်တော့မယ်...
ယူမီလည်း စိတ်ဆိုးဆိုးနဲ့ လှည့်ထွက်လာပြီး တက္ကစီတစ်စီးကို တားလိုက်သည်။ မာဖီယာက နောက်က ပြေးလိုက်လာပြီ၊
မာဖီယာ ။ ။ ကူညီပေးပါ့မယ်၊ ဒါပေမယ့် ဟန်ဆောင်ခလေးတော့...
ယူမီရှေ့တွင် လက်လာဖြန့်သဖြင့် မာဖီယာလက်ကို ပြန်ရိုက်ချလိုက်သည်။
ယူမီ ။ ။ ရှင်ဟာလေး ငွေတော်တော်မက်တဲ့ လူပဲ...
မာဖီယာ ။ ။ ခင်များကလည်း နောက်တာပါဗျာ။ ဘယ်နေ့ ခင်များ အိမ်လာရမှာလဲ၊ ကြိုတော့ပြောနော် ကျွန်ုပ်က ရက်ချိန်းများတယ်...
ယူမီ ။ ။ ရှင်ကို ကျွန်မ နောက်မှ ဖုန်းဆက်လိုက်မယ်...
ပြောပြီ ယူမီ တက္ကစီပေါ်တက်ပြီ အိမ်သို့ ပြန်လာခဲ့သည်။ အိမ်ပြန်လမ်းတွင် ပြောင်ချော်ချော်နဲ့ လုပ်နေသော မာဖီယာ မျက်နှာကို မြင်ယောင်နေမိသည်။
ဆက်ရန်...
မာဖီယာက ကြောက်စရာမကောင်းဘူး
ReplyDeleteချစ်စရာလေးနော်...း)
ဖတ်ပြီးသွားပြီနော်...
အသစ်တင်တော့မှ ပြန်လာမယ်
မာဖီယာနှင့်ယူမီနှင့် အဆင်ပြေသွားမဲ့ပုံပေါ်တယ်နော်။
ReplyDeleteဖြစ်တတ်ပါတယ်။
ဟီးဟီး... စာရေးသူကလည်း မာဖီယာကို သဘောကျလို့ ယူမီကို ပြိုင်လုရမယ်နဲ့ တူတယ်... :)
ReplyDelete