Sunday, August 1, 2010

ယာကူဇာ ချစ်သူ အခန်း-၁၃ အိမိ


အခန်း-၁၃ (အိမိ)

ယူမီကို တစ်ယောက် ခုတစ်လော ဘာတွေ အလုပ်ရှုတ်နေမှန်းမသိပေ။ မတွေ့တာတောင် နှစ်ရက်လောက် ရှိသွားပြီ။ မာဖီယာ ကလည်း တော်တော်လည်တဲ့ လူဆိုတော့ ယူမီကို အတွက်တော့ စိတ်ပူမိသားနော်။ ဒီနေ့တော့ ယူမီကို ကျောင်းတက်မည်ဟု ဖုန်းဆက်ထား၍ ဆူရှီနဲ့တူတူ ကျောင်းဝမှာ အစောကြီးသွား စောင့်နေသည်။ ယူမီကားရောက်လာသည်နှင့် ကျွန်မလည်း အနားသို့ ၀မ်းသာအားရ ပြေးသွားသည်။

ကျွန်မ ။ ။ ငါမှာလေ နင်ကို မတွေ့ရလို့ လွမ်းနေတာ...
ဆူရှီ ။ ။ အပိုတွေ တော်တော်ပြောတယ်...
ယူမီကို ။ ။ ဟုတ်ပါပြီ၊ ဒါနဲ့ ဆာရှီမီရော...

ဆူရှီနဲ့ ကျွန်မ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရယ်နေသည်။ ဆာရှီမီ ကျောင်းလာမယ် ကျွန်မတို့ မထင်သောကြောင့် ဖြစ်သည်။

ကျွန်မ ။ ။ ဆာရှီမီ ဒီနေ့ ကျောင်းတက်ရဲမယ် မထင်ဘူးဟ...
ယူမီကို ။ ။ ဘာဖြစ်လို့လဲ...
ဆူရှီ ။ ။ ဒီလို ယူမီကိုရဲ့။ ကျောင်းအုပ် ဆရာကြီးကို ရည်စားစာ ပေးခိုင်းတာကို အားလုံး တူတူသွားပေးရင် သေအောင် ဗင်းခံရမှာ သေချာတယ်။ အဲဒါကြောင့် တစ်ယောက်ချင်းစီ ခွဲပေးဖို့ ဆာရှီမီက အကြံရတယ်။ ပြီးတော့ ဆာရှီမီက ငါတို့ ၃ယောက်ထဲမှာ သတ္တိအကောင်းဆုံး ဆိုတော့ သူက အရင်ဆုံး ကျောင်းအုပ်ကို ရည်စားစာ ပေးမယ်တဲ့။ သူကိုယ်သူ ကျောင်းအုပ်က သူကိုပြန်ကြိုက်မယ် ထင်နေတယ် ဖြစ်မှာပေါ့။ ငါတို့က သူထက် စောသွားပြီ ကျောင်းအုပ်ကို ရည်စားစာ ပေးမှာ စိုးလို့တောင် အိမိ နဲ့ ငါရဲ့ ရည်စားစာတွေတောင် ဆာရှီမီက သိမ်းသွားသေးတယ်လေ။ သူပေးပြီမှ ငါတို့ ပေးရမယ်တဲ့လေ...
ယူမီကို ။ ။ ဒါဆို ဆာရှီမီက ကျောင်းအုပ်ကို ပေးပြီပြီလား...
ကျွန်မ ။ ။ မနေ့က ကျောင်းအုပ် ရုံခန်းမှာ သွားထားတယ်လေ၊ အဲဒါကြောင့် ဒီနေ့ ဆာရှီမီ ကျောင်းလာရဲမှာ မဟုတ်ဘူး ပြောတာပေါ့...

ယူမီကိုလည်း သဘောကျလျှက် ရယ်တော့သည်။

ယူမီကို ။ ။ နင်တို့ နှစ်ယောက်က ဆာရှီမီကိုတော့ ငါးစာလုပ်ပြီး ငါးအဆင့်သင့် စားဖို့ ကျန်နေတာပေါ့လေ...
ကျွန်မ ။ ။ ငါတို့ နှစ်ယောက်ကို ရည်စားစာ မပေးပဲ တခြားကိစ္စတစ်ခု ခိုင်းလို့ မရဘူးလား...
ဆူရှီ ။ ။ ဟုတ်တယ်ဟ၊ လုပ်ပါနော် ယူမီကိုရယ်...
ယူမီကို ။ ။ ဆာရှီမီကို ကျောင်းအုပ် ဘယ်လိုတုံ့ပြန်မလဲ မသိသေးပဲ၊ ခဏစောင့် ကြည့်ပါအုန်း...
ဆူရှီ ။ ။ ဟိုမှာ ဆာရှီမီ ပါ့လား။ ဆာရှီမီက ကျောင်းတက်ရဲတယ်တော့...
ကျွန်မစိတ်ထဲ ဆာရှီမီက သူကိုယ်သူ အရမ်းချောတယ် ထင်နေတော့ ဆရာကြီးသူကို မရိုက်လောက်ဘူး စိတ်ထင်နေလို့ ဖြစ်မှာပေါ့ တွေးမိသည်။

ဆာရှီမီ ။ ။ ဟယ်ယူမီကို နင်ဒီနေ့မှ ကျောင်းမလာရင်၊ ငါနင်အိမ်ကို လိုက်လာဖို့လုပ်နေတာ...
ယူမီကို ။ ။ ဟုတ်တယ် ငါခုတစ်လော မအားလို့ဟ။ ဒါနဲ့ နင် ကျောင်းအုပ်ကို ရည်စားစာ ပေးပြီပြီဆို...

ဆာရှီမီက တချက် ပြုံးလိုက်ပြီ။
ဆာရှီမီ ။ ။ အေးဟုတ်တယ်၊ မနေ့က ကျောင်းဆင်းခါနီးမှ ကျောင်းအုပ်မရှိတုန်း ရုံးခန်းထဲ ၀င်ပြီ သွားထားရတာ။ ပြီးတော့ ရည်စားစာက တစ်စောင်ထဲတောင် မဟုတ်ဘူး နှစ်စောင်တောင်...
ယူမီကိုရေးပေးတာက တစ်စောင်ထဲပါလို့ ကျွန်မ စိတ်ထဲ စဉ်းစားနေမိသည်။

ယူမီကို ။ ။ ငါရေးပေးတာ တစ်စောင်ထဲပါ...
ဆာရှီမီ ။ ။ ဟုတ်တယ်လေ၊ နင်ရေးပေးတဲ့ ရည်စားစာက တိုနေတာမို့ နောက်တစ်စောင် ငါကိုယ်တိုင် ထပ်ရေးလိုက်တာ။ ငါတော့ ၆နိုင်ငံလျှောက်လည် ရတော့မယ် ထင်တယ်။ ဆူရှီနဲ့ အိမိကို သနားလိုက်တာနော်...

ကျွန်မတို့ကို လာသနားနေသေးတယ်။ မကြာခင် ဆာရှီမီကို ဆရာကြီး ရုံးခန်းက ခေါ်ဗင်းခံရမှာတော့ မသိရှာဘူး။

ဆူရှီ ။ ။ ငါတို့က ၆နိုင်ငံမသွားရလည်း ပြသာနာမရှိပါဘူး။ နင်သာ အရိုက်ခံရမှာ မသိရှာပဲ၊ တွေးပျော်မနေနဲ့...
ကျွန်မလည်း အစကတော့ ၆နိုင်ငံ လျှောက်လည် ချင်ပေမယ့် မရိုက်ခံရဖို့ အရေးကြီးတာမို့ အစီအစဉ်ကို လက်လျှော့ လိုက်ရသည်။

ကျွန်မ ။ ။ ဟုတ်တယ်...
ဆာရှီမီ ။ ။ နင်တို့ နှစ်ယောက်လည်း ရယ်နိုင်တုန်း ရယ်ထားကြပေါ့။ နင်တို့ အလှည့် ဘယ်ချိန် လာမလဲ စောင့်ကြည့်ကြတာပေါ့...
ယူမီကို ။ ။ တော်ကြပါတော့၊ လာကျောင်းထဲ ၀င်ရအောင်...

ကျွန်မတို့ မိန်းမဆိုးလေး အဖွဲ့ ကျောင်းထဲသို့ ၀င်လာကြသည်။ တခြားကျောင်းသူတွေက ကျွန်မတို့ မိန်းမဆိုးလေး အဖွဲ့ကို တော်တော်ကြောက် ကြပုံရသည်။ အားလုံး ရှောင်ဖယ် ထွက်သွားကြသည်။ ကျောင်းခန်းထဲရောက်တော့၊

ကျွန်မ ။ ။ ကျောင်းတက်ခေါင်းလောင်း ထိုးဖို့ အများကြီးလိုပါသေးတယ်။ ယူမီကို ယာကူဇာဂိုဏ်းတွေ့ဆုံပွဲ အတွေ့အကြုံလေ ငါတို့ကို ပြောပြအုန်းလေ...
ဆာရှီမီ ။ ။ ငါလည်း အဲဒီကိစ္စကို သိချင်နေတာ...
ယူမီကို ။ ။ ငါတွေ့ဆုံပွဲမှာ ဘယ်သူနဲ့ တစ်ဝိုင်းထဲ စားခဲ့ရတယ် ထင်လဲ...
ဆူရှီ ။ ။ မာဖီယာနဲ့လား...
ဆာရှီမီ ။ ။ မာဖီယာနဲ့ တစ်ဝိုင်းစားတာကို ဘယ်သူက ရေးကြီးခွင်ကျယ် လုပ်ပြီး ပြောပါ့မလဲ။ ယူမီကို ဘယ်သူနဲ့လဲ မြန်မြန် ပြောပြစမ်းပါ...

ယူမီကို အရမ်းပျော်နေတဲ့ပုံပေ။ သူမလုပ်ချင်တာကို ရအောင် လုပ်ခဲ့တဲ့ ဆိုတဲ့ ဂုဏ်ယူတဲ့ အပြုံးမျိုးပေ။

ယူမီကို ။ ။ နဂါးနီ ဂိုဏ်းချုပ်နဲ့ တစ်ဝိုင်းထဲမှာ တူတူထိုင်ပြီ စားခဲ့ရတာ...

ကျွန်မတို့ အားလုံး ဟယ် ကျယ်လောက်စွာ ပြိုင်တူထွက်သွားကြသည်။

ကျွန်မ ။ ။ တကယ်၊ ဒါဆို ယူမီကို ယာကူဇာဂိုဏ်းဝင်ဖို့ သေချာသွားပြီပေါ့...
ယူမီကို ။ ။ ဒါပေါ့ ငါကို ယာကူဇာဂိုဏ်းဝင်ဖို့ သူက လာကမ်းလှမ်းသေးတာ...
ဆူရှီ ။ ။ နင်လက်ခံလိုက်လား...
ယူမီကို ။ ။ ငါချက်ချင်း လက်ခံလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ၊ စဉ်းစားလိုက်အုန်းမယ် ပြောလိုက်တာပေါ့...
ဆာရှီမီ ။ ။ ယူမီကိုကလည်း ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို စဉ်းစားနေသေးတယ်...
ဆူရှီ ။ ။ ဟုတ်သားပဲ။ ချက်ချင်း ခေါင်းညိတ်လိုက်ရင် ပြီတာကို...
ကျွန်မ ။ ။ ယူမီကိုက တစ်ခြားလူမှ မဟုတ်တာ။ မင်းသမီး ဆူမီကိုရဲ့ တူမလေ။ စဉ်းစားရအုန်းမှာပေါ့။ ဒါတွေကို နင်မိဘတွေ သိသွားပြီလား...
ယူမီကို ။ ။ ဘယ်သိလို့ ဖြစ်ပါ့မလဲ၊ ငါလှိုဝှက်လုပ်နေတာတွေ နင်တို့ နှုတ်လှုံမှ ဖြစ်မယ်နော်...

ကျွန်မတို့ လုံးဝကို နှုတ်လုံစေရပါမယ် ကတိပေးလိုက်သည်။ ယူမီကို သူ့လုပ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်နိုင်တာမို့ သူမကို လေးစားမိသည်။ ဆူရှီနဲ့ ဆာရှီမီကလည်း ယာကူဇာဂိုဏ်းဝင် ချင်လို့ ယူမီကိုကို အပူကပ်နေလေရဲ့လေ။ ကျွန်မကတော့ ကြောက်ကလည်း ကြောက်တတ်၊ ယူမီကိုလိုလည်း မတော်ဆိုတော့ ယာကူဇာဂိုဏ်းဝင်ဖို့ စိတ်နဲ့တောင် မကူးဝံ့ပါဘူးလေ။ ခဏကြာတော့ ကျောင်းခေါင်းလောင်းထိုးသည်။ ဆူရှီက ဆာရှီမီ အိမ်သာထွက်သွားတုန်း ကျွန်မနဲ့ ယူမီကို နားကပ်၍၊

ဆူရှီ ။ ။ ယူမီကို နဲ့ အိမိ သေချာ နားစွင့်ထား။ မကြာခင် ဆာရှီမီ ကို ကျောင်းလော်စပီကာကနဲ့ ကျောင်းအုပ် ခေါ်ခံရတော့မှာ...
ကျွန်မ ။ ။ အေးဟုတ်တယ်ဟ၊ ဟီးဟီး...

ကျွန်မတို့ ပြောလို့ စကားပင် မဆုံးသေးပေ၊ ကျောင်းလောင်စပီကာမှ အသံထွက်လာသည်။

လောင်ပီကာ ။ ။ ၁၂တန်း စီအတန်းမှ ဆူရှီ ကျောင်းအုပ်ဆရာကြီး ရုံးခန်းသို့ လာခဲ့ပါ...

ယူမီကိုနဲ့ ကျွန်မ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီ အံ့ဘြသွားကြသည်။ ဆာရှီမီကို ကျောင်းအုပ်က ခေါ်ရမယ့်ဟာကို ဆူရှီကို ခေါ်နေပါ့လား။ ကျွန်မကို မခေါ်လို့ တော်ပါသေးရဲ့ တွေးမိသည်။

ယူမီကို ။ ။ ဆူရှီ ကျောင်းအုပ်ရုံးခန်းက နင်ကို ခေါ်နေတာ...
ဆူရှီ ။ ။ ငါတို့ နားကြားမှားတာ နေမှာပါ၊ ဆာရှီမီကို ခေါ်တာနေမှာပေါ့...

ကျောင်းလောင်စပီကာမှ အသံထပ်ထွက်လာသည်။

ဆူရှီ ။ ။ ထပ်ခေါ်ပြန်ပြီး ဒီတစ်ခါ သေချာနားထောင်...
လော်စပီကာ ။ ။ ၁၂တန်း စီအတန်းမှ ဆူရှီနဲ့ အိမိတို့ ကျောင်းအုပ်ဆရာကြီး ရုံးခန်းသို့ ခုချက်ချင်းလာခဲ့ပါ...
ကျွန်မ ။ ။ အင်း ဘာလို့ ငါနာမည်ပါ ပါလာရတာလည်း...
ဆူရှီ ။ ။ ဆာရှီမီ ကိုတော့ မခေါ်ပါ့လား၊ တစ်ခုခု လွှဲနေပြီ ထင်တယ်ဟ။ ယူမီကို ငါတို့ ဘယ်လိုလုပ်ရမလဲ...
ကျွန်မ ။ ။ ငါတို့ကို ကယ်ပါအုန်း ယူမီကိုရယ်...
ယူမီကို ။ ။ ဘာကြောင့် ခေါ်မှန်းမသိသေးပဲ။ စိတ်ပူမနေပါနဲ့၊ မြန်မြန်သွားလိုက်အုန်း။ မဟုတ်ရင် ထပ်ခေါ်ခံနေရအုန်းမယ်...

ကျွန်မနဲ့ ဆူရှီလည်း ကျောင်းအုပ် ရုံးခန်းရှိရာသို့ ခပ်လန့်လန့်ဖြင့် ထွက်လာကြသည်။ ကျောင်းအုပ် ကျွန်မတို့ နှစ်ယောက်ကို ဘာလို့ခေါ်သည်ကို ခုထိ နားမလည်နိုင်အောင် ဖြစ်နေသည်။ ဆာရှီမီကိုတော့ မခေါ်ပဲ၊ ဘာလို့ ငါတို့ကို ခေါ်သည်ကို ထပ်ခါထပ်ခါ ပြန်မေးနေမိသည်။ ကျောင်းအုပ် ရုံးခန်းရှေ့ရောက်တော့ ကျွန်မကလည်း အရင်မ၀င်ရဲ၊ ဆူရှီကလည်း မ၀င်ရဲဖြစ်နေကြသည်။

ကျောင်းအုပ် ။ ။ ဘာလို့ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေကြတာလည်း၊ ၀င်ခဲ့...
ကျွန်မ၊ ဆူရှီ ။ ။ ဟုတ်ကဲ့...

ရှေ့သို့ ရောက်ဖို့ တစ်လှမ်းတိုးဖို့ ခြေထောက်တွေ လေးနေသည်ကို မသိဖြစ်နေသည်။ ကျောင်းအုပ်ရှေ့ရောက်တော့ ခေါင်းကို အတင်းငုတ်ထားပြီ လက်ကို ပြိုင်တူပိုက်ထားကြသည်။ ကျောင်းအုပ်က သူအံ့ဆွဲထားက စာနှစ်စောင်ကို ထုတ်လိုက်ပြီ ကျွန်မတို့ ၇ှိရာသို့ ပစ်ပေးလိုက်သည်။ ဆူရှီနဲ့ ကျွန်မလည်း စာနှစ်စောင်ကို တစ်စောင်စီ ကောက်လှန်ကြည့်လိုက်သည်။ ကျွန်မ ပန်းရောင်စာနဲ့ အစိမ်းရောင် ရည်စားစာ တွေကို တွေ့တော့ အရမ်းကို အံ့အားသင့်သွားသည်။

ဆူရှီ ။ ။ ဒါငါတို့ ရည်စားစာတွေပဲ...
ကျွန်မ ။ ။ ဒ်ီစာတွေ ဘာလို့ ဒီကို ရောက်နေတာလဲ...

ကျောင်းအုပ်ကို စားပွဲကို အားနဲ့ ထုလိုက်သဖြင့် ကျွန်မ ရင်တွေတောင် တုန်သွားသည်။

ကျောင်းအုပ် ။ ။ ဒီစာတွေက သူမှာသူ ခြေထောက်ပေါက်ပြီ ရောက်လာတယ် ပြောချင်တာလား။ ဒါမင်းတို့ စာတွေ မဟုတ်လား...
ကျွန်မ ။ ။ ဟုတ်တော့ ဟုတ်ပါတယ် ဆရာကြီး၊ ဒါပေမယ့်...
ကျောင်းအုပ် ။ ။ ဘာမှ ဒါပေမယ့်တွေ ဘာတွေ လာပြောမနေနဲ့။ နင်တို့ နှစ်ယောက်စလုံး ရာရာစစ ငါကိုများ ရည်စားစာ ပေးရဲတယ်လို့၊ သေဖို့သာ ပြင်ထား...

အမှန်တိုင်းဆိုရင် ဆာရှီမီပေးတဲ့ ရည်စားစာ အဖြူရောင်ရောက်ရမယ့် အစား ကျွန်မတို့ စာတွေ ရောက်နေသည်ကို စဉ်းစားမရဖြစ်နေသည်။ ဆာရှီမီကရော ဘာလို့ မခေါ်ခံရတာလည်း စဉ်းစားနေစဉ် ဆာရှီမီ တစ်ယောက် ကုတ်ချောင်းကုတ်ချောင်းဖြင့် ဆရာကြီး ရုံးခန်းသို့ ၀င်လာသည်။

ကျောင်းအုပ် ။ ။ ဆာရှီမီ နင်လည်း တူတူပဲ၊ မြန်မြန်ဝင်ခဲ့။ ကုတ်ချောင်းကုတ်ချောင်း လုပ်မနေနဲ့...
ဆာရှီမီ ။ ။ ဆရာကြီး ကျွန်မကို ဘာလို့ ခေါ်တာလဲ၊ ရည်စားစာ ပေးတာ သူတို့ နှစ်ယောက်ပါ။ ကျွန်မ မပါပါဘူး...

ဆူရှီနဲ့ ကျွန်မ မကျေနပ်တဲ့ အကြည့်တွေနဲ့ ဆာရှီမီကို ၀ိုင်းကြည့်လိုက်ကြသည်။ ဆာရှီမီက တော်တော်လည်တဲ့ သူပဲ။ ဆူရှီနဲ့ ကျွန်မကတော့ သူလို မလည်ပဲ ထုံးလို့ သူအကွက်ထဲ ၀င်သွားရတာ။ သူအရင်ဆုံး ရည်စားစာပေးမယ် ဆိုပြီး ကျွန်မတို့ နှစ်ယောက် စာတွေ သိမ်းသွားကတည်းက ရိပ်မိဖို့ ကောင်းတယ်။ ပြီးတော့ သူအတွက် ရည်စားစာ ကျောင်းအုပ်ရုံးခန်းမှာ သွားထားတာ မဟုတ်ပဲ၊ ကျွန်မတို့ နှစ်ယောက်ကို ချောက်ချပြီး ကျွန်မတို့ ရည်စားစာတွေ သွားထားခဲ့တာကိုး။ ဒါကြောင့် မနက်တုန်းက မျက်နှာမှာ ပြုံးပန်းဝေနေတာ။

ကျောင်းအုပ် ။ ။ ဒါဆို ဆာရှီမီ နင်မှာ အပြစ်မရှိဘူးပေါ့၊ ဟုတ်လား...
ဆာရှီမီ ။ ။ ဟုတ်ပါတယ် ဆရာကြီး...
ကျောင်းအုပ် ။ ။ နင်ငါရုံးခန်းထဲ ခိုးဝင်ပြီ ရည်စားစာ နှစ်စောင် လာထားသွားတာ၊ ငါမသိဘူးများ အောင်းမေ့နေလား။ ဆာရှီမီ နင်လည်း ကြံရာပါပဲ။ မလိုချင်ဘူး နင်တို့ ၃ယောက်လုံး ခုချက်ချင်း တန်းစီးစမ်း...

ဆာရှီမီက ကျောင်းအုပ် စကားကြောင့် လန့်သွားပုံရသည်။ ကျွန်မကတော့ ကျွန်မအရိုက်ခံရမှာထက် ဆာရှီမီပါ အရိုက်ခံရသည်ကို ပိုနှစ်ချိုက်သည်။ စိတ်ထဲမှာတော့ ယူမီကိုရယ် ငါတို့ကို ကယ်ပါအုန်း အကူအညီ တောင်းနေမိသည်။ ကျောင်းအုပ်ကို နောက်ကျောပေးပြီး ကျွန်မတို့ ၃ယောက် လက်ပိုက်တန်းစီခိုင်းထားသည်။ ကျောင်းအုပ်က သူရဲ့ ကြီးမားလှတဲ့ ကြိမ်လုံးကို မရိုက်သေးပဲ၊ တစ်ယမ်းယမ်း လုပ်နေသည်ကို ကြက်တီးထနေမိသည်။
ကျွန်မ ကြိမ်လုံးလွှဲသံ ကြားလိုက်ရသည်။ ဆာရှီမီ ဆီမှ အားအော်သံကြား လိုက်ရသည်။ ကျွန်မအရမ်းကို နှလုံးခုန်နှုန်းတွေ မြန်လာသည်။ ချွေးတွေလည်း စီးကျနေသည်။ နောက် ကြိမ်လုံးလွှဲသံကြား လိုက်ရတော့ ဆူရှီဆီမှ အားအသံ ကြားရပြန်သည်။ ဒီတစ်ခါတော့ ကျွန်မအလှည့်ပေ၊ ရှောင်ပြေးလို့ မရတဲ့ အဆုံး ကြိမ်လုံး ကျွန်မခြေတစ်လုံးကို ထိသည်နှင့် လိပ်ပြာလွင့်သွားသည့် အလားပင် နားလွန်းလို့ အားလို့တောင် ကျွန်မမအော်နိုင်ပဲ၊ မျက်ရည်များသာ စီးကျလာသည်။ ဒီလိုနဲ့ ကြိမ်လုံးနဲ့ ၃ချက်လောက်ရှိပြီ ရိုက်ခံရတာ။ ကျောင်းအုပ်က အနည်းဆုံး ၁၀ချက်လောက် ရိုက်တတ်သဖြင့် ကျွန်မခြေထောက်တွေတော့ ရိုးကုန်တော့မှာပဲ တွေးငိုနေမိသည်။ ၄ချက်မြှောက် ကျွန်မကို ရိုက်မယ် အလုပ်တွင် ရုံးခန်းက ဖုန်းမြည်လာသဖြင့် ဆရာကြီးက ဆက်မရိုက်ပဲ၊ ဖုန်းသွား ကောက်ကိုင်သည်။ ကျွန်မတို့ကလည်း အခွင့်ကောင်းယူပြီ လစ်ထွက်မယ် အလုပ်တွင်၊

ကျောင်းအုပ် ။ ။ ဟေး ဒါဘယ်သွားမလို့လဲ။ နင်တို့ကို ငါရိုက်လို့ မပြီသေးဘူး၊ အဲဒီနေရာမှာပဲ ရပ်နေ...
ကျောင်းအုပ် ။ ။ ဟယ်လို၊ ဆူမီကိုဆာရာလား၊ ကျွန်တော်အားပါတယ်။ ပြောပါ၊ အော်သတိရလို့ ဆက်လိုက်တာလား။ ကျွန်တော်လည်း ဆူမီကိုဆာရာ အကြောင်း ခုပဲ တွေးနေတာ။ ဟုတ်တယ်.…..

ကျွန်မတို့လည်း ကျောင်းအုပ် ဖုန်းထဲမှာ ဇံဝင်နေစဉ် ယူမီကို ကျောင်းအုပ် ရုံးခန်းဝကွယ်ရာကနေ ကျွန်မတို့ကို လက်ယက်ခေါ်သည်။ ဒါနဲ့ ကျွန်မတို့လည်း မသိမသာ လစ်ထွက်လာကြသည်။

ယူမီကို ။ ။ မြန်မြန်လာ။ ငါဆရာကြီး အာရုံပြောင်းအောင်၊ ငါဒေါ်လေးကို ဖုန်းဆက်ခိုင်းလိုက်တာ။ ထွက်ပြေးရအောင်…

ကျွန်မတို့ တော်တော်ဝေးဝေး ရောက်သွားမှ အနောက်က ကျောင်းအုပ် အော်သံကို ကြားလိုက်ရသည်။

ကျောင်းအုပ် ။ ။ ဟိုကလေးမတွေ ပြန်လာခဲ့စမ်း၊ ဘယ်ထွက်ပြေးသွားတာလဲ…

ကျွန်မတို့လည်း လုံးဝပြန်လှည့်မကြည့်တော့ပဲ အတင်းထွက်ပြေး လာခဲ့ကြသည်။ ကျောင်းခန်းထဲရောက်တော့ မောလိုက်တာ မပြောနဲ့။ ခဏကြာတော့ ရိုက်ခံထားရတာ ဒဏ်ရာကြောင့် ခြေထောက်ကလည်း ဖူရောင်လာသည်။ ဒါတောင် ကျွန်မက ၃ချက်ပဲ ရိုက်ခံရတာ၊ ဆူရှီနဲ့ ဆာရှီမီက ကျွန်မထက် တစ်ချက် ပိုရိုက်ခံလိုက်ရသေးတယ်။ ဆူရှီက ရှိုက်ကြီးတငင် ထငိုလျှက်၊

ဆူရှီ ။ ။ ဆာရှီမီ နင်ကြောင့် ငါတို့ ရိုက်ခံရတာ၊ နာလိုက်တာ မပြောနဲ့။ နင်လူလည်ကျတဲ့ ကိစ္စကို ဘယ်လိုရှင်းမလဲ…
ကျွန်မ ။ ။ ဟုတ်တယ်၊ နင်သူငယ်ချင်း အချင်းချင်း ဒီလိုလုပ်ဖို့ မကောင်းဘူး…
ဆာရှီမီ ။ ။ နင်တို့လည်း ငါရိုက်ခံရမှန်းသိရက်နဲ့၊ အတင်းသွားပေးခိုင်းတာပဲ။ ဒါကတော့ ဦးရာလူ လုပ်မှာပဲ…
ယူမီကို ။ ။ ခုတော့ အားလုံး ရိုက်ခံရပြီမလား၊ ဒါတောင် နင်တို့ကို သနားလို့ ငါလာကယ်လို့…
ကျွန်မ ။ ။ ယူမီကိုရယ် ကျေးဇူးကြီးမားပါပေတယ်၊ မဟုတ်ရင် ငါတို့ တကယ်သေမှာ…
ဆူရှီ ။ ။ ယူမီကိုကမှ သူငယ်ချင်းကောင်း ပီသသေးတယ်၊ ဆာရှီမီနင်ကို ငါမကျေနပ်ဘူး…
ဆာရှီမီ ။ ။ ငါလည်း အရိုက်ခံရတာပဲ၊ ဘာကို မကျေနပ်ဖြစ်နေတာလဲ…

ဆာရှီမီ နဲ့ ဆူရှီက တစ်ယောက်ကို တစ်ယောက် အခဲမကျေနဲ့ အကြည့်နဲ့ စိုက်ကြည့်နေကြသည်။ ယူမီကိုက ကြားထဲက ၀င်ပြီ ဖြန်းဖျေ လိုက်ရကြသည်။ ဒီနေ့တော့ စာသင်ချိန် အားလုံးတွင် ကျွန်မတို့ အားလုံး တိတ်ဆိတ် ငြိမ်သက်နေကြသည်။ ကျွန်မတို့ ၃ယောက်လုံး ရိုက်ခံတဲ့ ဒဏ်ရာကြောင့် ကောင်းကောင်း လမ်းမလျှောက်နိုင် ကြပေ။ ကျောင်းဆင်း ခေါင်းလောင်း ထိုးသည်နှင့် ကျောင်းဆင်းရန် ထွက်လာကြသည်။ ကျောင်းပေါက်ဝ ရှေ့တည့်တည့်တွင် ရပ်စောင့်နေသော မာဖီယာကို မြင်လိုက်သဖြင့် အရမ်းအံ့အားသင့်သွားသည်။

ကျွန်မ ။ ။ ယူမီကို မာဖီယာ နင်ကို လာစောင့်နေပါ့လား...
ယူမီကိုလည်း အံ့အားသင့်သွားသည့် ပုံဖြင့်၊

ဆာရှီမီ ။ ။ ဘာ မာဖီယာ ဟုတ်လား။ အတော်ပဲ ငါလည်း ယာကူဇာဂိုဏ်းဝင် ချင်လို့ သူကို အကူအညီတောင်း ရမယ်...
ဆူရှီ ။ ။ ငါလည်းပါမယ်နော် ယူမီကို...
ယူမီကို ။ ။ ငါတို့ နောက်ပေါက်က ထွက်သွားရင် ကောင်းမယ်နဲ့တူတယ်...

ယူမီကိုက ဘာအကြောင်းကြောင့် မာဖီယာကို မတွေ့ချင်သည်ကိုတော့ ကျွန်မ မသိပေ။ ဆူရှီနဲ့ ဆာရှီမီကလည်း ယာကူဇာဂိုဏ်းဝင်ဖို့ အရူးထနေတာမို့ မာဖီယာကို တွေ့ချင်နေကြသည်။ မာဖီယာ ရှိတဲ့ကျောင်းဝရှေ့သို့ တဖြည်းဖြည်းနဲ့ ရောက်လာကြသည်။ မာဖီယာသည် ယူမီကိုကို မြင်သည်နှင့် သူချစ်သူကို တွေ့သည့် အလားပင် ပြုံးရွှင်သွားသည်။

ယူမီကို ။ ။ ရှင်ဒီကို ဘာကိစ္စလာတာလဲ...
မာဖီယာ ။ ။ ယူမီကလည်း ကိုယ်ချစ်သူဆီ လာတာ မလာရဘူးလား...

မာဖီယာက သူ့ချစ်သူလို့ ပြောလိုက်သဖြင့် ကျွန်မ အရမ်းအံ့အားသင့်သွားသည်။

ယူမီကို ။ ။ ဘယ်သူက ရှင်ချစ်သူလဲ...
မာဖီယာ ။ ။ တွေ့ဆုံပွဲတုန်း မင်းပဲ...

မာဖီယာ စကားကုန်အောင် ပြောမခံပဲ ယူမီကို မာဖီယာ လက်မောင်းကို ဆွဲ၍ အဝေးသို့ ခေါ်ထုတ်သွားပြီ ကားဖြင့် ထွက်သွားကြသည်။ ကျွန်မတို့ ၃ယောက်ကလည်း နားမလည်နိုင်တော့ပဲ ပခုံးပင့်ပြ၍ ကျန်ရစ်ခဲ့ကြသည်။

ဆက်ရန်...

5 comments:

  1. ဟင်....
    ကောင်းခန်းဆိုလို့ ဇာတ်သိမ်းပဲကွ...
    အထင်နဲ့ ကပျာကယာ ထပြေးလာတာ
    လူဇိုး.....:P

    ReplyDelete
  2. ယာကူဇာ ဂိုဏ်းဝင်ချင်တယ်...
    ဘယ်လိုလုပ်ရမလဲး)

    ReplyDelete
  3. မာဖီးယားကို အကူအညီတောင်းလေ :)

    ReplyDelete
  4. ယူမီကိုက မာဖီယာကို ဘယ်ကို ခေါ်ထုတ်သွားလဲ မသိဘူးနော်။

    ReplyDelete
  5. ဟီးဟီး အဲဒီလိုပဲ ကောင်းခန်း၊ ကောင်းခန်းဆိုပြီ လိမ်ပြောရတာပဲလေ။ မဟုတ်ရင် ရှည်လွန်းလို့ ဘယ်သူမှ ၀င်ကြည့်တော့မှာ မဟုတ်ဘူး... နောက်ပိုင်း ပိုကောင်းခန်းတွေ လာပါပြီ ဆက်ဖတ်ကြပါအုန်းနော်.. :)

    ReplyDelete