အခန်း-၁၄ ယူမီကို
မာဖီယာကို အတင်းဆောင့်ဆွဲလာပြီး ကားဖြင့် အဝေးသို့ ခေါ်ထုတ်လာသည်။ ကျောင်းနဲ့ ခပ်ဝေးဝေးရောက်မှ ကားကို ရပ်ခိုင်းလိုက်သည်။
ယူမီ ။ ။ ကားကို ဒီဘေးမှာ ခုချက်ချင်း ထိုးရပ်လိုက်...
ဘော်ဒီကဒ် ။ ။ အမိန့်တိုင်းပါ မမလေး...
ဘောဒီကဒ်က ကားကို လမ်းဘေးနား တစ်ခုတွင် ထိုးရပ်လိုက်သည်။
ယူမီ ။ ။ ဒီကောင့်ကို နည်းနည်း ဆုံးမလိုက်ကြစမ်း...
မာဖီယာ ။ ။ မင်းဘယ်သူကို ဆုံးမခိုင်းနေတာလဲ...
ယူမီ ဘောဒီကဒ် ၂ဦးက ကားရှေ့ခန်းမှ ဆင်းလာပြီး နောက်ခန်းက မာဖီယာကုတ်အကျီင်္ကို ဆော့ဆွဲပြီး အပြင်သို့ တိရစ္ဆာန်တစ်ကောင် ဆွဲထုတ်သလို ဆွဲထုတ်လိုက်သည်။ မာဖီယာက အံ့ဘြသော အကြည့်နဲ့ ယူမီ ပြူးကြည့်နေပြီမှ စိတ်ဆိုးသော အသံဖြင့်၊
မာဖီယာ ။ ။ ငါ့ကို မင်းဘာလို့ ဒီလို ဆက်ဆံတာလဲကွ...
ယူမီ ။ ။ ရှင် ကျွန်မကို ကျောင်းလာပြီ အရှက်ခွဲချင်အုန်း...
မာဖီယာ ။ ။ မင်းပဲ ငါ့ကို ချစ်သူဟန်ဆောင်ခိုင်းတာလေ...
ယူမီ ။ ။ ဒါပေမယ့် ရှင်ကို ဘယ်သူက ကျောင်းလာခိုင်းလို့လဲ။ ပြီးတော့ ရှင်ဝတ်လာတဲ့ အရောင်အဆင်းမရှိ အ၀တ်အစားနဲ့ ကျွန်မကို အရှက်ခွဲဖို့ လာတာ မဟုတ်ရင် ဘာဖြစ်မှာလဲ...
မာဖီယာ က သူအကျီင်္လက်ပြတ် ကိုယ်ကျပ်နဲ့ ဂျင်းဘောင်ဘီတိုကို ပြန်ငုတ်ကြည့်လိုက်ပြီ၊
မာဖီယာ ။ ။ ငါကို ခုလွှတ်ပေး၊ မလွှတ်ပေးရင် မင်းဘယ်တော့မှ ယာကူဇာဂိုဏ်းမ၀င်နဲ့တော့...
ယူမီ ။ ။ ရှင်ခြောက်တိုင်း ကျွန်မကြောက်မယ်များ ရှင်ထင်နေလား။ သူကို တင်းတင်းကျပ်ကျပ် ချုပ်ထားပြီ၊ နားပန် ပိတ်ကျင်းလိုက်...
ဘောဒီကဒ် ၂ ။ ။ ဟုတ်ကဲ့ မမလေး...
ယူမီ ဘောဒီကဒ် နှစ်ဦးကလည်း ချုပ်ထားရုံမကသေးဘူး၊ တစ်ပေါက်တစ်ချက်စီ နားပန်းကျင်း လိုက်ကြသည်။ ပြီးတော့ ဒူးကို ခြေထောက်နဲ့ ကန်ပြီး ယူမီရှေ့မှာ ဒူးပါထောက်ခိုင်းလိုက်သည်။ ယူမီရှေ့မှာ မာဖီယာ ဒူးထောက်နေတာ မြင်တော့ အရမ်းကို ပျော်သွားသည်။
မာဖီယာ ။ ။ တောင်းပန်ပါတယ် ယူမီကိုရယ်၊ ကျွန်တော် အသက်ကို ချမ်းသာပေးပါနော်...
ယူမီ ။ ။ ဟားဟား မရဘူးလေ၊ မင်းကို ငါသတ်ရမှ ကျေနပ်မယ်ကွ....
မာဖီယာ ။ ။ ကျွန်တော် ထိုင်ရှိခိုးဆို၊ ရှိခိုးပါမယ်ဗျာ။ မိန်းမ မယူရသေးပဲ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်ဘူးဗျ...
ယူမီ ။ ။ မလိုချင်ဘူး...
ယူမီလည်း ယာကူဇာဂိုဏ်းဝင်တွေ ကိုင်သော ဓားရှည်ကို မြှောက်၍ မာဖီယာကို သတ်မယ် အလုပ်မှာ တွင် မာဖီယာက ဘေးက ကျယ်လောင်သော အသံဖြင့် အော်လိုက်သဖြင့် ယူမီ အသိနဲ့ ပြန်ကပ်သွားသည်။
မာဖီယာ ။ ။ အားကစားရုံကို မောင်းလို့ ပြောနေတာ မကြားဘူးလား။ ဘာတွေ စိတ်ကူးယဉ်နေမှန်းကို မသိဘူး...
မာဖီယာလုပ်လိုက်တာ ယူမီ စိတ်ကူးယဉ်တွေတာတွေ အားလုံးပျက်ကုန်ပါပြီ အလကားလူ။
ယူမီ ။ ။ အားကစားရုံ ဘာလို့သွားရမှာလဲ...
မာဖီယာ ။ ။ ဒီနေ့ မင်းကို သင်ခန်းစသင်မယ်လို့ ငါပြောထားတာ မေ့နေပြီလား..
ယူမီ ။ ။ အဲဒါများ ကျွန်မကို ဖုန်းဆက်ပြီ နောက်နေ့မှချိန်းလည်း ရရက်သားနဲ့။ ဘာလို့ ကျွန်မကျောင်းကို လာရတာလဲ...
မာဖီယာ ။ ။ အာ ငါကပိုက်ဆံလိုနေပြီ...
ယူမီ ။ ။ ဘာ...
မာဖီယာ ။ ။ ဘာမှမဟုတ်ဘူး၊ ဒါနဲ့ သင်တန်းကြေးက နာရီနဲ့ ပေးရမှာနော်...
ယူမီ ယာကူဇာဂိုဏ်း အရမ်းဝင်ချင်တာကို အခွင့်ကောင်းယူပြီ မာဖီယာ ယူမီဆီက ပိုက်ဆံတွေ တောင်းနေသည်ကို ရိပ်မိသည်။ ဒါပေမယ့် ယာကူဇာဂိုဏ်းဝင် ဖို့ကလည်း သူမှမကူညီပေးရင် ကူညီပေးမည့်သူ မရှိပေ။ ဒါပေမဲ့ ယူမီ ယာကူဇာဂိုဏ်းဝင် ဖြစ်တဲ့နေ့ မာဖီယာကို ခေါင်းဖြတ်မယ့်နေ့ဟု တွေးလိုက်မိတော့လဲ ပျော်သလိုလိုတော့ရှိသည်။
ယူမီ ။ ။ ဒီနေ့ ဘာသင်ခန်းစာ သင်မှာလဲ၊ ကြိုပြောထားအုန်းလေ...
မာဖီယာ ။ ။ မင်း တိုက်ကွမ်တို ကစားတတ်လား...
ယူမီ ။ ။ ကျွန်မက အခြေခံတော့ ကောင်းကောင်းပိုင်ပါတယ်...
မာဖီယာ ။ ။ ဟားဟား အခြေခံတတ်ရုံလောက်နဲ့ ရမယ် ထင်နေလား။ ယာကူဇာ တစ်ယောက် ဖြစ်ဖို့ ဆိုတာ ကိုယ်ခံအား ကောင်းရမယ်၊ ကြံ့ခိုင်ရမယ်။ မင်း လူတစ်ယောက်ကို ကိုင်ပေါက်နိုင်လား...
ယူမီ တစ်ခါမှတော့ ဘယ်သူကိုမှ မကိုင်ပေါက်ဖူးပေ။ ဒါပေမယ့် မာဖီယာ ကိုတော့ ကိုင်ပေါက်ခွင့်ရရင် ကိုင်ပေါက် ချင်ပါသေးသည်။ ယူမီခေါင်းခါပြ လိုက်သည်။
မာဖီယာ ။ ။ အဲဒါပဲလေ။ ဒါတွေ မလုပ်နိုင်ပဲ ယာကူဇာဂိုဏ်းဝင် တစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြောရင်း အားကစားရုံရောက်ပြီ၊ လာဆင်းမယ်...
မာဖီယာနဲ့ တူတူ ယူမီလည်း အားကစားရုံတွင်းသို့ ၀င်လာကြသည်။ ယူမီ ဘောဒီကဒ် ၂ဦးလည်း မလှမ်းမကမ်းမှာ ရပ်စောင့်နေကြသည်။ ဒီအားကစားရုံက တိုကျိုမှာ အကြီးဆုံး အားကစားရုံဖြစ်သည့်အလျောက် အားကစားလေ့ကျင့်တဲ့ သူတွေ အများကြီးရှိသည်။ ဘောင်စင်ထိုးတဲ့သူက ထိုး၊ အလေးမသူကမနဲ့ ရှုတ်ရှပ်ခတ်နေသည်။ မာဖီယာက အားကစားရုံ ၀င်ဝင်ချင်းပင် သူကို အထင်ကြီးအောင် ဘောင်စင်အိတ်ကို လက်သီးနဲ့ ထိုးလိုက်၊ ခြေထောက်နဲ့ ကန်လိုက်ဖြင့် အစွမ်းပြနေသည်။
ယူမီ ။ ။ ရှင်က ကျွန်မကို တိုက်ကွမ်တို သင်ပေးမှာလား...
မာဖီယာ ။ ။ နှိုးနှိုး ငါက မင်းကို guide ပဲလုပ်ပေးမှာ၊ ကြိုးစားရမှာ မင်းအပိုင်းပဲ…
မာဖီယာက သင်တန်းဆရာတစ်ဦးကို လက်ယက်ခေါ်လိုက်ပြီး
မာဖီယာ ။ ။ ယူမီကို၊ ဒါမင်းကို တိုက်ကွမ်တို သင်ပေးမယ့် ဆရာပဲ...
မာဖီယာ ။ ။ ဆရာ ကျွန်တော်သူ့ကို အပ်ပါ့ရစေ၊ ကောင်းကောင်းလေး train ပေးပါ…
ဆရာ ။ ။ စိတ်ချပါ နာဂါတို…
ယူမီ ။ ။ ရှင်ကျွန်မကို သင်ပေးရမှာ မဟုတ်ဘူးလား...
မာဖီယာ ။ ။ မင်း ယာကူဇာဂိုဏ်း ၀င်ချင်ရင် ငါပြောတဲ့ အတိုင်း လုပ်စမ်းပါ...
ယူမီလည်း စိတ်ထဲ မကျေနပ်ပေမယ့် ဘာမှ ပြန်ပြောလိုက်ပေ။ ယူမီ စိတ်နည်းနည်း ညစ်ချင်လာသည်။ မာဖီယာက သူနာရီကို ချွတ်လိုက်ပြီး၊
မာဖီယာ ။ ။ အားကစားရုံထဲ စ၀င်တဲ့ အချိန်ကဆိုရင် သင်တန်းစာစတာ ၁၀မိနစ်တောင် ရှိသွားပြီပဲ...
ဒါမာဖီယာ တမင် ယူမီ့ကို လူလည်ကျတာပဲ။ တိုက်ကွမ်တိုက ဘာမှတောင် မသင်ရသေးဘူး၊ သူကအချိန် စမှတ်နေပြီ။
ယူမီ ။ ။ ရှင်ဒီလို လူလည်ကျလို့ ဘယ်ရပါ့မလဲ။ ကျွန်မက အချိန်နဲ့ ပိုက်ဆံပေးရတာ။ မရဘူးနော် ခုမှစမှတ်...
ယူမီက မာဖီယာ လက်ပတ်နာရီကို အတင်းလိုက်ဆွဲ၊ မာဖီယာ ပြန်လုနဲ့ သူ့လက်ကို ကိုင်မိသလို ဖြစ်သွားသည်။ သင်တန်းဆရာက အဟွန်းအဟွန်း အချက်ပြလိုက်မှ ဆက်မလုတော့ပေ။
မာဖီယာ ။ ။ ဆရာ စသင်ပေးလို့ ရပါပြီ...
ယူမီ့ကို လျှာထုတ်ပြပြောင်ပြီ ထွက်သွားလေသည်။ ယူမီ့မှာ အော်လျှက်သာ ကျန်ခဲ့တော့သည်။
ယူမီ ။ ။ ရှင်၊ ရှင်...
အားကစား နည်းပြ တိုက်ကွမ်းတို သင်ကြားရေး အခြေခံကနေ စသင်သည်။ ယူမီက တိုက်ကွမ်းတို အခြေခံလောက်တော့ တတ်ပြီးသား ဖြစ်နေ၍ သိပ်စိတ်မ၀င်စားပေ။ သင်တန်းနည်းပြကတော့ သေသေချာချာ သင်ပြပေးပါတယ်။ ခြေထောက်ကန်ရင် ဝှေ့ပြီး ကန်ပုံ၊ ထိုးရင် လက်ကို ဘယ်လို အနေထားမှ ဘယ်လို ထိုးရမယ်။ ခါးခါးကို မတ်မတ်ထားပြီး ကိုယ်အနေထားကို ညွန့်ထားရမယ် အစသင်ပေးသည်။ ယူမီ တိုက်ကွမ်တို သင်တာထက် မာဖီယာကို ပိုစိတ်ဝင်စားနေမိသည်။ စိတ်ဝင်စားနေသည်မှာ တခြားမဟုတ်ပါ။ ယူမီ့ကိုတော့ တိုက်ကွမ်တိုသင်ခိုင်းပြီး ဗိုက်က အရမ်းဆာတုန်း၊ သူက ဟင်းကောင်းတွေ တစ်ပွဲပြီး တစ်ပွဲ တမင်မှာစားပြနေ၍ ဖြစ်သည်။ ဒါကို သင်တန်းဆရာက ရိပ်မိဟန်ဖြင့်၊
ဆရာ ။ ။ ကောင်မလေး သင်နေတဲ့ အချိန်မှာ တခြားကို အာရုံမရောက်နေနဲ့လေ။ သင်တဲ့ဆီမှာပဲ အာရုံစိုက်ထားမှပေါ့...
ယူမီ ။ ။ ဟုတ်ကဲ့ပါဆရာ...
ယူမီမှာ ဗိုက်က တဂွီဂွီမြည်နေတာကို အောင့်အီးပြီ တိုက်ကွမ်တိုကို သင်ယူနေရသည်။ ၄၅မိနစ်လောက်နေတော့ မာဖီယာ ရောက်လာသည်။
မာဖီယာ ။ ။ ဆရာ အခြေအနေ ဘယ်လိုလဲဗျ...
ဆရာ ။ ။ မဆိုးဘူး ပြောရမှာပဲ။ သူ အခြေခံကတော့ တော်တော်ရှိပြီးသား။ လက်သီးထိုးတာ၊ ကန်တဲ့ ရိုက်ချက်တွေလည်း တော်တော်ကောင်းတယ်။ ဒါပေမယ့် တစ်ခုပါပဲ ခင်များ ချစ်သူက ခင်များကိုပဲ ငေးငေးနေလို့ မနည်းသတိပေးနေရတယ်...
ယူမီ့ မှာ ရုတ်တရက် လန့်သွားသော အာမေဌိတ်အသံဖြင့်၊
ယူမီ ။ ။ အာ... ဒီလူ ကျွန်မချစ်သူ မဟုတ်ပါဘူး...
မာဖီယာကတော့ ဘာမှ မပြောပဲ ရယ်နေသည်။
ဆရာ ။ ။ ခုမဟုတ်သေးလည်း၊ နောက်တော့ ဖြစ်လာမှာပေါ့ဗျာ...
ပြောလျှက် သင်တန်းဆရာက ထွက်သွားသဖြင့် ယူမီမှာ ရှက်ပြီး ပါးနှစ်ဖက် နီရဲလျှက် ကျန်ရစ်ခဲ့သည်။
မာဖီယာ ။ ။ မင်းဗိုက်ဆာနေပြီမလား၊ မင်းအတွက် ခေါက်ဆွဲပြုတ်မှာထားပေးတယ်...
ယူမီမှာလည်း ဗိုက်ကအရမ်းဆာနေသဖြင့် ၀မ်းသာအားရနဲ့ ပြေးလိုက်သွားသည်။ မာဖီယာဆိုတဲ့လူ သူကျတော့ ဟင်းကောင်းတွေ စားပြီ ယူမီကိုတော့ ခေါက်ဆွဲပြုတ် တစ်ပွဲပဲ မှာကျွေးသည်။ ပြီးတော့ ယူမီက သူစားထားတဲ့ ဟင်းဖိုးတွေ အားလုံးကို ရှင်းပေးရသေးသည်။
ယူမီ ။ ။ ဒီနေ့ သင်ခန်းစာက ပြီးပြီးဆိုတော့ ကျွန်မ အိမ်ပြန်တော့မယ်...
မာဖီယာ ။ ။ ဘယ်ပြီးအုန်းပါ့မလဲ၊ ခင်များနဲ့ ကျွန်ုပ်နဲ့ တစ်ပွဲလောက် နွှဲကြတာပေါ့...
ယူမီလည်း အားရ၀မ်းသာသော အသံဖြင့်၊
ယူမီ ။ ။ ရှင်တကယ်ပြောတာလား...
မာဖီယာ ။ ။ အော် တကယ်ပေါ့...
မာဖီယာပြောသမျှ ဒီစကားသည် ယူမီအကြားချင်ဆုံး စကားပင်ဖြစ်သည်။ မာဖီယာ ယူမီ့အပေါ် လူလည်ကျခဲ့တာတွေကို ပြန်ကလဲ့စားချေခွင့် ရတော့မည်။ ယူမီ မာဖီယာနဲ့ တိုက်ခိုက်ရန် ကိုယ်အနေထားကို ပြင်ဆင်လိုက်ပြီး၊
ယူမီ ။ ။ လာလေ ချမယ်...
မာဖီယာ ။ ။ ခင်များကလည်း ဒီနေမှာ မဟုတ်ပါဘူး၊ နောက်တစ်နေသွား ကြတာပေါ့...
ယူမီအတွက်တော့ နေရာလုံးဝမရွေးတဲ့ အတွက် မာဖီယာ ခေါ်တဲ့ နောက်သို့ ၀မ်းသာ အားရပြေးလိုက်သွားသည်။ အားကစားရုံနဲ့ မနီးမဝေး နေရာ ဖြစ်၍ ကားထားခဲ့ပြီ တူတူ လမ်းလျှောက်ထွက် လာကြသည်။ လမ်းလျှောက်လာရင်း မာဖီယာက ယူမီအပေါ် မကောင်းတဲ့စိတ်နဲ့ တခုခုကို ကြံစည်နေပုံရသည်။ သူမျက်လုံးဖြင့် ခဏခဏ ခိုးကြည့်နေသည်ကိုလည်း လုံးဝကို မသင်္ကာပေ။ ဒါကြောင့် ယူမီ ဘောဒီကဒ် ၂ဦး မခေါ်လာပဲ တူတူလိုက်ခဲ့မိသည်ကို နောင်တရမိသည်။ လမ်းလျှောက်ရင်း လူချင်းထိမိအောင် တမင်ကပ်နေသဖြင့် ယူမီထပ်သည်းမခံနိုင်တော့ပဲ မာဖီယာကို ဘေးသို့ ဆော့တွန်းချလိုက်သည်။
ယူမီ ။ ။ ကျွန်မကို မိန်းမသား ဆိုပြီး လာမလုပ်နဲ့ သေသွားမယ်...
မာဖီယာ ။ ။ ခင်များလို ယာကူဇာအရူးမကိုများ စိတ်ကူးထဲတောင် မရှိဘူး။ ခင်များသာ ကျွန်ုပ်ကို ခိုးခိုးကြည့်မနေနဲ့...
ယူမီ ။ ။ ကျွန်မ ဘယ်တုန်းက ခိုးကြည့်လို့လဲ...
မာဖီယာ ။ ။ သင်တန်းဆရာတောင် သိတယ် ခင်များခိုးကြည့်လား မခိုးကြည့်ဘူးလား။ လာခုပြန်သွားမေးမယ်...
ယူမီလက်ကို လာကိုင်သဖြင့် လက်ကို ပြန်ရိုက်ချလိုက်သည်။
မာဖီယာ ။ ။ ခင်များနဲ့ ရန်ဖြစ်ဖို့ စိတ်ကူးမရှိဘူး။ ဒီမှာ ရောက်ပြီ...
ယူမီရောက်နေတဲ့ နေရာကို ကြည့်လိုက်တော့ ဂိမ်းကစားတဲ့ ဂိမ်းစင်တာ ဖြစ်နေသည်။
ယူမီ ။ ။ အာ ဒီနေရာ မဟုတ်ဘူးလေ...
မာဖီယာ ။ ။ ဘာလဲ ဂိမ်းဆော့တဲ့ နေရာ မရောက်ဖူးဘူးလား…
ယူမီလည်း တော်တော် ညစ်သွားပြီ ပခုံးပင့်လျှက်၊
ယူမီ ။ ။ ရှင်ပဲ ကျွန်မနဲ့ တစ်ပွဲလောက် နွှဲချင်တယ်ဆို…
မာဖီယာ ။ ။ မင်း ငါ့ကို ဂိမ်းထဲမှာပဲ နိုင်အောင် အရင်ချပါအုန်း၊ အပြင်မှာချဖို့ အဆင့် မမှီသေးပါဘူး…
မာဖီယာဆီက ယူမီကို အဆင့်မမှီသေးဘူး ပြောသည်ကို အမုန်းဆုံးဖြစ်သည်။ ယူမီလည်း ဂိမ်းထဲမှာ ပြိုင်ရမယ် ဆိုရင် ပြန်မည် ပြောသည်။ မာဖီယာက ယူမီကို အတင်းဆွဲပြီ ဂိမ်းကစားကွင်းထဲသို့ ခေါ်လာသည်။ ဂိမ်းကောင်တာ လည်း ရောက်ရော၊
မာဖီယာ ။ ။ ဂိမ်းကစားဖို့ အကြွေးလဲ ရမယ်လေ…
ယူမီ ။ ။ နေပါအုန်း ဒါလည်း ကျွန်မက ပေးရမှာလား…
မာဖီယာ ။ ။ မင်းကို သင်ခန်းစာတွေ သင်နေပေးတာ၊ မင်းမပေးလို့ ငါကပေးရမှာလား။ ပြောစမ်းပါအုန်း…
ယူမီလည်း မျက်နှာစူပုပ်ပြီ ယမ်း ၃၀၀၀ ထုတ်ပေးလိုက်သည်။
မာဖီယာ ။ ။ ဒီပိုက်ဆံနဲ့ ဘာဆော့လို့ ရမှာလဲ၊ ၅၀၀၀ပေး…
ယူမီ ။ ။ ရော့ ၅၀၀၀။ သင်ခန်းစာထဲမှာ ဂိမ်းဆော့တာဆိုလို့ ရှင်အလှည့်မှပဲ ကြားဖူးတော့တယ်…
မာဖီယာ ။ ။ ငါက သူများလုပ်တိုင်း ဘယ်တော့မှ လိုက်မလုပ်ဘူး။ ငါနည်း ငါဟန်နဲ့ပဲ လုပ်တာ။ အဲဒါကို မြဲမြဲမှတ်ထား…
ဒါသူသက်သက် ဂိမ်းကစားချင်လို့ ယူမီ့ကို လိမ်ခေါ်လာတာ ဖြစ်သည်။ စကားပြောတာ ရင့်သလောက် လူက ငဖောင်းရိုးလို ပိန်ညောင်ညောင်နဲ့ တချက်ရိုက်စရာပဲ ရှိတယ်ဟု တွေးမိသည်။ ဒါပေမဲ့ သူဘဲ ယာကူဇာဂိုဏ်းဝင်ဖို့ ကူညီပေးနိုင်တာဆိုတော့ ယူမီ ဒေါသတွေကို အတင်းမျိုသိပ်လိုက်ရသည်။
မာဖီယာ ။ ။ မင်းက ဟိုဘက်ခြမ်းမှာ နေရာယူ၊ ငါက ဒီဘက်မှာ နေရာယူမယ်။ ဂိမ်း ၅ပွဲဆော့ရမယ်၊ ရှုံးတဲ့လူ ခိုင်းတာလုပ်ရမယ်။ ဘယ်လိုလဲ သဘောတူလား…
ယူမီ ။ ။ ဘာခိုင်းမှာလဲ…
မာဖီယာ ။ ။ ဒါကတော့ ခုပြောလို့ ဘယ်ဖြစ်ပါ့မလဲ…
ယူမီ ။ ။ ရှင်မဟုတ်တာတွေတော့ ခိုင်းလို့ မရဘူးနော်…
မာဖီယာ ။ ။ ငါက အဲဒီလောက်ထိ မယုတ်မာပါဘူး၊ မင်းလုပ်နိုင်တာပဲ ခိုင်းမှာပါ…
ယူမီ ။ ။ ဒါဆိုလဲ ပြီးရောလေ…
ယူမီက ဂိမ်းဆော့ အရမ်းမကျွမ်းကျင်ပေမယ့် ဆော့တော့ ဆောတတ်တာမို့ လောင်းကြေးကို လက်ခံလိုက်သည်။ ယူမီနိုင်လို့ကတော့ မာဖီယာကို အကျီင်္အားလုံး ချွတ်ခိုင်းပြီ မြို့လည်ခေါင်မှာ ရပ်ခိုင်းထားမယ်လို့ တွေးရုံနဲ့ ရယ်လိုက်မိသည်။ မာဖီယာနဲ့ ယူမီ ဂိမ်းထဲမှ အသင့်နေရာ ယူလိုက်ကြသည်။ မာဖီယာက ဘယ်ဘက်မှာ နေရာယူပြီ ယူမီကတော့ ညာဘက်မှာ နေရယူလိုက်သည်။ အပြင်မှာလိုပင် ဂိမ်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ဓားနဲ့တွေနဲ့ တိုက်ခိုက်ရသည်။ ဂိမ်း ၅ပွဲဆော့တာ ၅ပွဲလုံး ယူမီ ရှုံးသွားသည်။ မာဖီယာ ဒါသက်သက် ယုတ်မာတာဖြစ်သည်။ သူထွင်ထားတဲ့ ဂိမ်းများလားတောင် ထင်ရအောင် ဆော့သွားတာ ကျွမ်းကျင်လွန်းနေတယ်။ ခါတိုင်းလဲ လုပ်စရာမရှိ ဂိမ်းပဲ လာဆော့နေတာ ဖြစ်မှာပေါ့ ဟုတွေးမိသည်။ မာဖီယာကတော့ အောင်နိုင်သူ ရယ်ပုံဖြင့် လှောင်ရယ်နေသည်။
ယူမီ ။ ။ ရှင် ကျွန်မကို ဘာခိုင်းမှာလဲ မြန်မြန်ပြော…
မာဖီယာ ။ ။ မနက်ဖြန်မှ ပြောမယ်၊ ခုပြောဖို့ စိတ်ကူး မရှိသေးဘူး…
ယူမီ ။ ။ ဒါဆို ကျွန်မ ပြန်တော့မယ်...
မာဖီယာ ။ ။ ကောင်းသားပဲ၊ ကျွန်ုပ်တော့ ဂိမ်းဆော့ပြီ ကျန်ခဲ့အုန်းမယ် ဘိုင်ဘိုင်...
ယူမီကိုတောင် ဂရုမစိုက်တော့ပဲ သူဂိမ်းကို ဆော့လျှက် ကျန်ရစ်ခဲ့သည်။ ယူမီလည်း ဒေါခွီးခွီးနဲ့ အပြန်လမ်းတွင် တွေ့ရာ အမှိုက်ပုံးတွေ ပိတ်ကန်လိုက်သေးသည်။ ပြီးမှ ကားရှိရာ ပြန်လာပြီ အိမ်သို့ ပြန်လာခဲ့လေသည်။
ဆက်ရန်...
ယူမီလေး ဂိမ်းရှုံးလို့ ဘာလုပ်ပေးရဦးမှာလဲ မသိဘူးနော်။ သနားစရာ။ ဟိုဘက်က တောင်းဆိုလာတာက.. အင်း... တစ်ခုခုဖြစ်နေရင်.. ယူမီလေး စိတ်ကသိကအောက်ဖြစ်ဦးမှာ မြင်ယောင်နေမိသေးတယ်။
ReplyDeleteယူမီ စိတ်ကသိကအောက် ဖြစ်အောင်ကို လုပ်အုန်းမှာ... ဟီးဟီး.. မာဖီယာ လုပ်မှာကို ပြောတာပါ... :)
ReplyDeleteယူမီနိုင်ပြီး မာဖီးယား ရှုံးတာ ဖြစ်ရမှာ ဒါမှ မာဖီးယားကို ယူမီပြောတဲ့အတိုင်း လုပ်ခိုင်းရမှား)
ReplyDeleteသူနိုင်ကိုယ်နိုင် အပြိုင်ကျဲ.... ယူမီရှုံးမှာပဲ...။
ReplyDeleteနောက်လဲ ရှုံးအုံးမှာ.. ယူမိစိတ်က မရိုးသားဘူးလေနော့်...။
ယူမီကိုထက် မာဖီယာက ပိုလည်လို့... ယူမီကို အမြဲခံနေရတာပါ... သူက အလို့ မဟုတ်ပါဘူး..
ReplyDelete