အခန်း-၁ရ (ယူမီကို)
မိန်းခလေး အထက်တန်းကျောင်းရှေ့တွင် ကားရပ်လိုက်၍ ယူမီ ကားပေါ်မှ ဆင်းလာသည်။ ကျောင်းရှေ့တွင် ယောင်လည်လည် လုပ်နေသော အိမိကို လှန်းတွေ့လိုက်သည်။ အိမိက ယူမီ ကိုအထင်ကြီး လေးစားသူ ဖြစ်သည့်အလျောက် ယူမီ ကိုအမြဲ လာစောင့်ကြိုလေ့ရှိသည်။ အိမိက ယူမီ ကိုမြင်ပုံ မပေါ်သည်နှင့်၊
ယူမီ ။ ။ အိမိ ငါဒီမှာ…
ယူမီလှန်းခေါ်လိုက်သည်။ အိမိက ယူမီ ကိုလည်း မြင်ရော မနှုတ်ဆက်သည့် အပြင် ဂရုမစိုက်သည့် ပုံစံမျိုးဖြင့် မျက်နှာလွှဲ၍ တမင်လှည့်ထွက်သွားသည်။ မာဖီယာ လောင်းကြေးရှုံး၍ သူ့လုပ်သမျှ ခံရမည်ပြော၍ ယူမီ အိမိတို့ သူငယ်ချင်းတွေ ရှေ့မှာ ချစ်သူ အဖြစ်ဟန်ဆောင် တွဲခဲ့ရသည်။ ခုတော့ အိမိက မာဖီယာလို အစုတ်ပလုတ် နှင့် ယူမီတွဲသဖြင့် ယူမီ အထင်တော်တော် သေးသွားပုံ ရပြီ အဖက်တောင် မလုပ်တော့ပေ။
ဆာရှီမီ ။ ။ ယူမီကို….
ဆာရှီမီက ယူမီကို အဝေးက လှမ်းနှုတ်ဆက်သည်။ ဆာရှီမီကမှ အိမိထက်ဆိုင်ရင် ယူမီ ကိုအရေးလုပ်ဖော်ရသေးသည် တွေးမိ၍ ပျော်သွားသည်။
ယူမီကို ။ ။ အေး ဆာရှီမီ…
ဆာရှီမီ ။ ။ ဟီးဟီး မာဖီယာ ကတော်ကြီး ဒီနေ့စောနေပါ့လား…
ဘာ မာဖီယာ ကတော်ကြီးတဲ့ အားအားအား မဖြစ်ဘူး။ မာဖီယာနဲ့ တွဲလို့ ခုလို့ ခေါ်ခံရတာ တွေးရင်း ယူမီ တစ်ယောက်ထဲ စိတ်ဆိုးပြီ ဆွေ့ဆွေ့ ခုန်ပေါက် နေသည်။ ထိုအချိန်တွင် ဆူရှီ ယူမီနား ရောက်လာပြီ၊
ဆူရှီ ။ ။ ယူမီကို နောက်အပတ်ထဲ ငါတို့ စကိတ်သွားစီးရအောင်…
ယူမီကို ။ ။ အေး အားရင်ပေါ့…
ဆူရှီ ။ ။ မာဖီယာလည်း ခေါ်ခဲ့နော်…
ယူမီကို ။ ။ ဘြော် အေး…
ဆူရှီကမှ အိမိနဲ့ ဆာရှီမီ ထက်ဆိုင်ရင် တော်ပါသေးရဲ့ ယူမီတွေး၍ သက်ပြင်းချလိုက်မိသည်။
ဆူရှီ ။ ။ ဒါနဲ့ နောက်အပတ်သွားလည်ရင် ငါနင်ကို မုန့်ဝယ်ကျွေးပါ့မယ်။ ပိုက်ဆံအတွက် မပူနဲ့…
ပြောကာ ယူမီ ပခုံးကို ပုတ်၍ ထွက်သွားသည်။ ယူမီ တသက်လုံး ကျွေးမွေးတာတွေ စားလာတဲ့ ဆူရှီက၊ ခုတော့ ယူမီ မာဖီယာလို ငမွဲနဲ့ တွဲမိတာနဲ့ ဒီလို အပြောခံရတယ် တွေးရင်း ဒေါသထွက်လွန်းလို့ ခေါင်းထဲမှ အခိုးအငွေ့တွေ ထွက်လာသည်။ မာဖီယာ ဒင်းနဲ့ တစ်ခါ တွဲမိတာနဲ့ အိမိက အဖက်မလုပ်တော့ဘူး။ ဆာရှီမီကလည်း မာဖီယာ ကတော်ကြီး လို့လည်း ခေါ်သေးတယ်။ ဆူ၇ှီက ပိုက်ဆံမပူပါနဲ့ အပြောခံရလို့ နားထဲမှာ ဒေါသအငွေ့ တစ်ထောင်းထောင်းနဲ့ ကျောင်းထဲသို့ တစ်ယောက်ထဲ လမ်းလျှောက် ၀င်လာသည်။ ယူမီ ကိုအရမ်းသဘောကျ နှစ်သက်ကျသည့် Fan တွေက ယူမီကို တွေ့သည်နှင့် တစ်ယောက်နား တစ်ယောက်ကပ်ပြီး အတင်းပြောနေပုံရသည်။ ယူမီ မကြားတကြား သူတို့ ပြောသံကို ကြားလိုက်ရသည်။
Fan ။ ။ ယူမီကိုက ဟိုတစ်ခါ ကျောင်းလာတဲ့ အကျီင်္ပန်းရောင်ဝတ်ထားတဲ့ အူကြောင်ကြား ကောင်ကြီးနဲ့ တွဲနေတယ်တဲ့။ အဲဒီ တစ်ယောက် တွဲမယ့် အစား အိဂျီကို တွဲတာမှ ဟုတ်အုန်းမယ်…
ယူမီ ထက် ၁ပေလောက်ပုတဲ့ အိဂျီနဲ့ တွဲရမယ်။ အို မဖြစ်နိုင်တာ အော်ပြီ ယူမီ ကျောင်းထဲမှ ကြောက်အားကြီးပြီ ပြန်ထွက်ပြေးလာသည်။ ကျောင်းဝတွင် အိဂျီက ခါးထောက်၍ ရပ်နေပြီ၊
အိဂျီ ။ ။ ယူမီကို ငါနင်ကို ဒီတစ်ခါတော့ လုံးဝ မရယ်တော့ဘူး။ နင် မာဖီယာ တွဲလို့ နင်ကို အရမ်းအရမ်းကို သနားသွားလို့။ ဟီးဟီးဟီးဟားဟားဟား…
အိဂျီလှောင်ရယ်သံတွေကို ယူမီနားမခံနိုင်တဲ့ အဆုံး မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး ကျယ်လောင်စွာအော်လိုက်၍ ယူမီ စိတ်ကူးယဉ်နေရာမှ နှိုးထလာတော့ ကားပေါ်မှာပဲ ရှိနေသေးသည်။ ဘေးဘယ်ကို ကြည့်လိုက်တော့ မာဖီယာက ကားမောင်းနေသည်။ ဒီ မာဖီယာကြောင့် ယူမီ ကိုအားလုံးက အထင်သေး လှောင်ခံရတာ တွေးမိတိုင်း ဒေါသတွေ အရမ်းကို ပေါက်ကွဲ ထွက်လာပြီ မာဖီယာ မျက်နှာကို လက်သီးဖြင့် ခွက်ခနဲမြည်အောင် ထိုးပစ်လိုက်သည်။ မာဖီယာလည်း ရုတ်တရက် အထိုးခံလိုက်ရ၍ အလစ်ခံလိုက်ရပုံ ပေါ်သည်။
မာဖီယာ ။ ။ မင်း ငါကို ဘာလို့ ထိုးတာလဲကွ…
ယူမီ ထိုးချက်ပြင်းတာကြောင့် မာဖီယာ ကားမောင်းရင်း စီယာတိုင် တစ်ပတ်လည်သွား၍ ကုန်တင်ကားကြီးနဲ့ ထိပ်တိုက် ၀င်တိုက် မိတော့ မလို ဖြစ်သွားသည်။
ယူမီ ။ ။ အားအားအားအား…
မာဖီယာ ။ ။ တိုက်တော့မယ်။ အားအား…
မာဖီယာ သူစီယာတိုင်ကို အားနဲ့ အတင်း ပြန်ဆွဲလိုက်မှ ကုန်ကားနဲ့ တိုက်ရုံတမယ်လေး ကပ်လွှတ်သွားသည်။ မာဖီယာလည်း ကားဆက်မမောင်းတော့ပဲ လမ်းဘေးမှ ချရပ်ပြီ ယူမီလက်မောင်း နှစ်ဖက်ကို သူ့လက်ဖြင့် အားဖြင့် အတင်းဆုတ်ကိုင် လိုက်ပြီ၊
မာဖီယာ ။ ။ မင်း ရူးနေလားကွ။ ငါကားမောင်းနေတဲ့ အချိန် မရိုက်ပါနဲ့ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ။ ဘာလဲ မင်း သေချင်လို့လား။ ပြောလေ။ ပြောလို့ ငါပြောနေတယ်လေ…
မာဖီယာ မျက်တောက်နီရဲ၍ ယူမီကို ခုပဲ ထသတ်တော့မည့်ပုံဖြင့် စိုက်ကြည့်နေ၍ ယူမီပြန်ကြောင်ကြည့်နေမိသည်။ မာဖီယာ ဆုပ်ကိုင်ထားသော ယူမီလက်မောင်း နှစ်ဖက်ကို ခါးယမ်းလိုက်ပြီ၊
မာဖီယာ ။ ။ ငါမေးနေတာ မင်းမကြားဘူးလားကွ…
ကျယ်လောင်စွာ အော်လိုက်သည်။ ယူမီ မိဘတွေတောင် ယူမီ ကိုဒီလို တစ်ခါမှ မအော်ဘူးပေ။ ဒါကို မာဖီယာက ယူမီ ကိုအော်သဖြင့် ယူမီ စိတ်လည်း ဆိုးသည့်အပြင် ၀မ်းလည်း နည်းသည်နှင့် မျက်ရည်များ စီးကျလာသည်။ ယူမီ မျက်ရည်များ စီးကျလာမှ မာဖီယာ သူအတင်းဆုပ်ကိုင်ထားသော လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ပြန်လွှတ်ပေးလိုက်သည်။
မာဖီယာ ။ ။ ငါမှားသွားတယ်။ စိတ်အရမ်းတိုသွားလို့ပါ။ တောင်းပြန်ပါတယ်…
မာဖီယာက ယူမီ ကိုပြန်တောင်းလိုက်မှ ပိုလို့တောင် ငိုချင်လာသေးသည်။
ယူမီ ။ ။ ကျွန်မ မိဘတွေတောင် ကျွန်မကို တစ်ခါမှ မအော်ဖူးဘူး။ ဟိဟိဟိဟိ…
မာဖီယာ ။ ။ ကျွန်တော် ခုပြန်တောင်းနေပြီပဲ။ မငိုနဲ့တော့လေ…
ယူမီ ။ ။ မရဘူး ခုအိမ်ပြန်မယ်။ ဟိဟိဟိ…
မာဖီယာ ။ ။ ခုနကအော်တာ ကျွန်တော် မဟုတ်ပါဘူး။ အဲဒါ ဟိုမကောင်းဆိုးဝါး ကောင်ပါ။ တိတ်တော့နော်…
မာဖီယာက ကြင်ကြင်နာနာဖြင့် ယူမီ မျက်ရည်များကို လာသုတ်ပေး၍ ယူမီ စိတ်ဆိုး မပြေနိုင်သေးပဲ သူလက်ကို ပြန်ရိုက်ချလိုက်သည်။ ထိုအချိန်တွင် ဒယ်ဒီ ဆီက ဖုန်းဝင်လာသည်။
ဒယ်ဒီ ။ ။ ယူမီကို ခု သမီးကောင်လေးနဲ့ အပြင်မှာလား…
ယူမီ ။ ။ ဟုတ်တယ် ဒယ်ဒီ။ ခုသမီး အိမ်ပြန်ခဲ့တော့မလို့…
ဒယ်ဒီ ။ ။ ဘာအိမ်ပြန်လာဖို့။ လျှောက်လည်ဖို့ လွှတ်လိုက်တာကို ငါစကားနားမထောင်ပဲ နင်က အိမ်ပြန်လာမယ်ပေါ့လေ။ ဒီမှာ ယူမီကို နင် ညမိုးမချုပ်ခင် အိမ်ပြန်လာရဲ ပြန်လာကြည့် ငါနဲ့ တွေ့ပြီသားမှတ်….
ယူမီ ။ ။ ဒယ်ဒီက အဖေ ဖြစ်နေပြီ ကိုယ်သမီးကို ဒီလို ပြောရသလား…
ဖခင် အများစုက ကိုယ်သမီး ချစ်သူနဲ့ ထွက်လည်ရင် စောစောပြန်ခဲ့ဖို့ မှာတတ်သော်လည်း ယူမီ ဒယ်ဒီကတော့ ဆန့်ကျင်ဘက်ပင်။
ဒယ်ဒီ ။ ။ ငါဒါတွေ နားမလည်ဘူး။ ငါအဲဒီ ကောင်လေးကို အရမ်းကို သဘောကျတယ်။ သူကိုပဲ သမက်တော်မယ်။ ဒါကြောင့် ည၈နာရီထက် စောပြန်လာရဲ ပြန်လာကြည့်လိုက် နင်ကို လုံးဝ ခြံတံခါး မဖွင့်ပေးဘူး။ မှတ်ထား…
ပြောကာ ဒယ်ဒီ ဖုန်း အရင်ချသွားသည်။ ယူမီမှာ ခုအိမ်လည်း ပြန်လို့ မရ၊ မာဖီယာနဲ့လည်း ဆက်မနေချင် ကြားက ဒုက္ခများနေသည်။ မာဖီယာက ဒယ်ဒီနဲ့ ယူမီ ဖုန်းပြောသည်ကို သိချင်ပုံရသည်။
မာဖီယာ ။ ။ ဒယ်ဒီ ဘာပြောသွားလဲ…
ယူမီ ။ ။ ဘာမှ မဟုတ်ပါဘူး…
မာဖီယာ ။ ။ ဒါဆို အိမ်ပြန်မှာပေါ့…
ယူမီ ။ ။ အိမ်မပြန်ဘူး၊ မပြန်ဘူး။ မောင်းချင်တဲ့ နေရာသာမောင်း…
မာဖီယာ ယူမီ ကိုအမျိုးမျိုးပဲ ဆိုသည့် မျက်နှာဖြင့် တစ်ချက် ကြည့်လိုက်ပြီမှ တစ်ခုခုကြံစည်နေပုံဖြင့် တစ်ချက်ရယ်လိုက်ပြီ၊
မာဖီယာ ။ ။ ဒါဆိုအတော်ပဲ ညနေစောင်း ပြီဆိုတော့ သင်ခန်းစာ စလိုက်ရအောင်…
ယူမီ ။ ။ ကျွန်မကို ကရာတေး သင်ခိုင်း အုန်းမလို့လား။ မသင်ချင်တော့ဘူးနော်…
မာဖီယာ ။ ။ ခုဟာက တကယ်လက်တွေ့ဆင်းရမှာ။ ယာကူဇာဂိုဏ်းဝင် တစ်ယောက် ဖြစ်ဖို့ အရေးကြီးတဲ့ လုပ်ဆောင်ချက် တစ်ခု ခင်များကို လုပ်ခိုင်းမလို့။ အဲဒါ ဘာလည်း ခင်များ သိလား…
ယူမီစိတ်ထဲ ယာကူဇာဂိုဏ်းဝင် တစ်ယောက် ဖြစ်ဖို့ ဘယ်အရာက အရေးကြီးသည်ကို စဉ်းစား မရဖြစ်နေသည်။
ယူမီ ။ ။ မသိဘူးလေ…
မာဖီယာ ။ ။ ယာကူဇာဂိုဏ်းတော့ ၀င်ချင်တယ်။ ဘာမှကို မသိဘူး။ ဒီမှာ မှတ်ထား ယာကူဇာဂိုဏ်းသား တစ်ယောက်က ဆတ်ကြေး တောင် မတောင်းတတ်ရင် သုံးစားလို့ မရဘူး …
ယူမီ ။ ။ ဒါဆို ကျွန်မက ဆတ်ကြေးလိုက်တောင်းရမှာပေါ့…
မာဖီယာ ။ ။ ဒါပေါ့ အဲဒါ လက်တွေ့ သင်ခန်းစာပဲ…
ပြောကာ ကားကို ဆိုင်ခန်းတွေ ရှေ့ တစ်နေရာတွင် ထိုးရပ်လိုက်ပြီ၊
မာဖီယာ ။ ။ ခုကားပေါ်က ဆင်းတော့ အဲဒီ ဆိုင်၃ဆိုင်က ဆတ်ကြေးသွားတောင်းခဲ့…
ဒီအတိုင်း ဆတ်ကြေး သွားတောင်းလို့ကတော့ ယူမီ ကိုဝိုင်းရိုက် ကြမှာ သေချာသည် တွေးမိ၍၊
ယူမီ ။ ။ ရှင်ပါလိုက်ခဲ့လေ…
မာဖီယာ ။ ။ မင်းကို သင်ခန်းစာ သင်နေတာ။ အပျော်ခရီးထွက်လာတာ မဟုတ်ဘူး။ ဒီမှာ နဂါးနီ ဂိုဏ်းက တိုမိုယာ တောင်းခိုင်းလိုက်တာ ပြောရင် ပေးလိုက်လိမ့်မယ်…
ယူမီ ။ ။ သူတို့က ဆတ်ကြေး မပေးနိုင်ဘူး ဆိုရင်ရော…
မာဖီယာ ။ ။ ရှိသမျှ ပစ္စည်းရော၊ လူပါ ရိုက်ပြီ ယူခဲ့လိုက်ပေါ့…
ယူမီ ။ ။ နေပါအုန်း တိုမိုယာက နဂါးနီဂိုဏ်းက ကြေးစားလား…
မာဖီယာ ။ ။ ထွီ ဘယ်ရမှာလဲ။ ဒီနယ်မြေတ၀ှက်ကို အပိုင်စားရထားတဲ့ နဂါးနီဂိုဏ်းက နယ်ပိုင် ဘာအောင်းမေ့လို့လဲ…
ယူမီက သူ့နံမည်ကို အလွှဲသုံးစားလုပ်လို့ ယူမီကို လိုက်သတ်နေမှဖြင့် ဒုက္ခ တွေးမိသည်နှင့်၊
ယူမီ ။ ။ သူ့နံမည် အလွှဲသုံးစားလုပ်လို့ တိုမိုယာက ကျွန်မကို လိုက်သတ်ရင် ဘယ်လိုလုပ်မလဲ…
မာဖီယာ ။ ။ အဲဒါတော့ စိတ်ချ ငါအာမခံတယ်။ သွားစရာရှိ သွားစမ်းပါ…
မာဖီယာ ယူမီကို ကားပေါ်မှ အတင်းတွန်းထုတ်၍ ယူမီ ယောင်လည်လည် ထွက်လာသည်။ ပထဆုံး ဆတ်ကြေးတောင်းရန် လူသုံးပစ္စည်း ရောင်းဆိုင်သို့ ၀င်လာသည်။ ဆိုင်ရှင် လူကြီးက အသက် ၄၀ကျော် ထောင်းထောင်းမောင်းမောင်း နဲ့ပင်။ ဆတ်ကြေးတောင်းရမှာကို စိတ်ထဲ အနည်းငယ် လန့်မိနေသော်လည်း အားမွေး၍ ယူမီ ဆိုင်ရှင်ရှေ့တွင် ခါးထောက်လိုက်ပြီ အသံခပ်မာမာဖြင့်၊
ယူမီ ။ ။ ငါကို နဂါးနီဂိုဏ်းက တိုမိုယာက လွှတ်လိုက်တာ။ မင်းတို့ ဆတ်ကြေး ကောင်းကောင်းမွန်မွန် ပေးရင်ပေး။ မပေးလို့ကတော့ သိတယ်နော်...
ဆိုင်ရှင် ။ ။ ဟုတ်ကဲ့…
ဆိုင်ရှင်သည် တိုမိုယာ နံမည်ကြားသည်နှင့် ကြောက်အားကြီးပြီ အံ့ဆွဲထဲမှ ယမ်း၁၀၀တန် အထပ်လိုက်ကို ထုတ်၍ ယူမီ ကိုပေးလိုက်သည်။ တိုမိုယာ ဆိုတဲ့လူက တော်တော် အရှိန်အ၀ါ ကြီးပုံ ရသည်ဟု ယူမီ တွေးလိုက်မိသည်။ ဆတ်ကြေး တောင်းရတာလည်း တယ်လွယ်ပါ့လားဟု တွေးလိုက်သေးသည်။
ယူမီ ။ ။ ဒါအကုန်ပဲလား…
ဆိုင်ရှင် ။ ။ ဟုတ်ပါတယ်။ ဒါ ဒီနေ့ ရောင်းသမျှ အကုန်ပါပဲ…
ယူမီ ဒီဆတ်ကြေး ငွေအားလုံး ယူသွားရင် ဒီဆိုင်ရှင် နောက်နေ့ စီးပွားရေး လည်ပတ်ဖို့ ငွေ ဘယ်ရှိတော့မလည်း တွေးမိသည်နှင့် ငွေအရင်းအနှီး အတွက် ပိုက်ဆံ တစ်ချို့ ပြန်ပေးခဲ့သည်။
ယူမီ ။ ။ ရှင် နောက်နေ့ အရင်းအနှီးလုပ်ဖို့ ကျွန်မ ငွေတစ်ချို့ ပြန်ပေးခဲ့မယ်…
ဆိုင်ရှင်က ပြုံးရွှင်စွာဖြင့်၊
ဆိုင်ရှင် ။ ။ ကျေးဇူး အရမ်းတင်ပါတယ်…
ဆတ်ကြေးငွေ အားလုံးသာ ယူမီ အားလုံး ယူသွားရင် သူ့ဆိုင်အရင်းပြုတ်ပြီ နောက်တစ်ခါ ဆတ်ကြေး ပေးနိုင်တော့မှာ မဟုတ်ပေ။ ဒါကြောင့် ယူမီက အောင်မြင်ဆုံး စီးပွားရေး လုပ်ငန်းရှင် သမီးပီပီ အမြဲ ဆတ်ကြေးပေးလိုက်အောင် အရင်းအနှီးပြန်ပေးခဲ့ခြင်း ဖြစ်သည်။ ယူမီကိုယ်ကို တော်လိုက်တဲ့ ငါပါ့လား ငယ်လယောင်၊ ငယ်လယောင် တွေးရယ်နေမိသည်။
နောက်တစ်ဆိုင်သို့ ဆတ်ကြေးသွားတောင်းရမည်ကို ယူမီ လုံးဝ မကြောက်တော့ပဲ ၀င်လာခဲ့သည်။ ဒီဆိုင်ပိုင်ရှင်က အသက် ရ၀ကျော် အဘွားကြီး ဖြစ်၍ ယူမီစိတ်ထဲ အဘွားကြီးကိုတော့ နည်းနည်းလောက် ခြောက်လိုက်ရင် တန်းပေးမှာ သေချာတယ် တွေးရယ်လိုက်ပြီ ဆိုင်ရှင် အဘွားကြီး စားပွဲကို လက်ဝါးဖြင့် ထုရိုက်လိုက်၍၊
ယူမီ ။ ။ နဂါးနီဂိုဏ်းက တိုမိုယာက လွှတ်လိုက်တာ။ ဆတ်ကြေး ကောင်းကောင်းမွန်မွန် ပေးရင်ပေး။ မပေးလို့ကတော့ သိတယ်နော်...
အဘွားကြီးက စကားကို တုန်တုန်ချိချိဖြင့် ပြန်ပြောသည်ကို ယူမီ မကြားရသည်နှင့် အနားသို့ တိုးသွားလိုက်ပြီ၊
ယူမီ ။ ။ ဘာပြောတယ် မကြားရဘူး…
အဘွားကြီးက သူနားလည်း ရောက်ရော ယူမီ ခေါင်းကို ဂွက်ခနဲမြည်အောင် တုတ်ကောက်ဖြင့် ရိုက်လိုက်ပြီမှ၊
အဘွားကြီး ။ ။ ဟဲ့ ကောင်မလေး နင်တို့ တိုမိုယာကိုလည်း ငါမကြောက်ဘူး။ နင်ကိုလည်း မကြောက်ဘူးဟဲ့…
ယူမီကို တုတ်ကောက်ဖြင့် လိုက်ရိုက်သဖြင့် ယူမီ ဆိုင်ထဲမှ မာဖီယာ ကားဆီသို့ အားအားအား အော်ကာ ပြန်ထွက်ပြေးလာရသည်။ မာဖီယာကတော့ ယူမီကိုတော့ ဆတ်ကြေးတောင်းခိုင်းပြီ သူက အခန့်သား ကားပေါ်မှာ အိပ်နေသည်။
ယူမီ ။ ။ မာဖီယာ လုပ်ပါအုန်း။ ဆတ်ကြေးသွားတောင်းတာ အဘွားကြီး တုတ်ကောက်နဲ့ လိုက်ရိုက်နေလို့…
မာဖီယာ ။ ။ အာ ဒါများ။ ရော့ ယူသွား ပြန်ရိုက်ခဲ့လိုက်…
ပြောကာ မာဖီယာက ယူမီ ကိုဘေ့စ်ဘောတုတ်တစ်ချောင်း ထုတ်ပေးပြီ ပြန်အိပ်သွားသည်။ မာဖီယာ ဒီဘေ့စ်ဘောတုတ်ကို ဘယ်က ၀ှက်ပြီ ထုတ်ပေးလိုက်သည်ကို ယူမီ နားမလည်နိုင်ဖြစ်နေသည်။ ယူမီလည်း ဘေ့စ်ဘော်တုတ် တစ်ယမ်းယမ်းဖြင့် ဆိုင်ထဲသို့ ပြန်ဝင်လာသည်။
အဘွား ။ ။ ညည်း တုတ်လောက်ကို ငါကို မကြောက်ဘူးဟဲ့…
ယူမီကို ထပ်လိုက်ရိုက်သည်။ ယူမီက မာဖီယာ ခိုင်းတိုင်း အဘွားကြီးကို ပြန်ရိုက်ရအောင် မမိုက်မဲသေး၍ ဘေ့စ်ဘော်တုတ်ကို ပြန်ပစ်ချပြီ ဆိုင်ထဲမှ ပတ်ပြေးနေရသည်။ ယူမီ အပြေးမှာ ကြွေးအိုးဟောင်း တစ်လုံးတွေ့၍ အဘွားကြီး လန့်သွားအောင် ပစ်ခွဲလိုက်သည်။ အဘွားကြီးလည်း သူ့ကြွေးအိုးကွဲသွားသဖြင့် ကြောက်လန့်သွားပြီ ချက်ချင်း ဆတ်ကြေးငွေတွေ ထုတ်ပေးသည်။ ယူမီ စိတ်ထဲ ဒီကြွေးအိုးက တန်ဖိုးကြီး ရှေးဟောင်း ကြွေးအိုးများ ဖြစ်နေမလား တွေးမိသည်နှင့် ကြွေးအိုးအတွက် လျော်ကြေးငွေ ပြန်ပေးခဲ့သေးသည်။
ယူမီ နောက်ဆုံး ဆတ်ကြေးတောင်းရန် ဆိုင်တွင်းသို့ ၀င်လာခဲ့သည်။ ဆိုင်ထဲတွင် ဆိုင်ရှင်မတွေ့ပဲ ကလေး တစ်ယောက်သာ တွေ့သည်။ ကလေး တစ်ယောက်လောက် ကတော့ ယူမီအတွက် အသာလေးပါ တွေးမိ၍၊
ယူမီ ။ ။ ဟေ့ ကလေး မင်းအဖေမရှိဘူးလား။ ငါကို နဂါးနီဂိုဏ်းက တိုမိုယာက လွှတ်လိုက်တာ။ မင်းတို့ ဆတ်ကြေး ကောင်းကောင်းမွန်မွန် ပေးရင်ပေး။ မပေးလို့ကတော့ သိတယ်နော်...
ယူမီ ဟိတ်ဟန်ထုတ်ပြီ ကလေးကို ခြိမ်းခြောက်လိုက်သည်။
ကလေး ။ ။ ဒီမှာ ခင်များ ဆတ်ကြေးတော့ မရဘူး။ ဒါပဲ ရမယ်…
ပြောကာ သူအံ့ဆွဲထဲမှ လောက်လေးဂွဖြင့် ယူမီကို တစ်ချက်ပြီ တစ်ချက် စော်တော့သည်။ ယူမီလည်း အားချင်ပြိုင်နိုင်သော်လည်း လောက်လေးဂွဒဏ်မခံ နိုင်သည်နှင့် မာဖီယာ ကားရှိရာသို့ အမြန်ပြန်ပြေးလာခဲ့ ရသည်။ မာဖီယာကို အတင်းနှိုးပြီ၊
ယူမီ ။ ။ ကယ်ပါအုန်း၊ ဟိုမှာ လောက်လေးဂွနဲ့ လိုက်ပစ်နေလို့…
မာဖီယာ ။ ။ မင်းက ဒါများ ကြောက်နေသေးတယ်…
မာဖီယာက ဘယ်က ထွက်လာမှန်းမသိတဲ့ လောက်လေးဂွ တစ်ခုယူ၍ ယူမီကို ပေးလိုက်ပြီ၊
မာဖီယာ ။ ။ ရော့ ဒီလောက်လေးဂွနဲ့ ပြန်ပစ်လိုက်…
မာဖီယာ ဘေ့စ်ဘောတုတ်၊ လောက်လေးဂွတွေကို ဘယ်က ၀ှက်ပြီ ထုတ်ပေးနေသည်ကို စဉ်းစားလို့ မရပေ။ ဒီမာဖီယာက လူထူးလူဆန်းပဲဟုသာ တွေးလိုက်မိသည်။ ယူမီလည်း ဘယ်ရပါ့မလဲ လောက်လေးဂွ ယူသွားပြီ ကလေးကို ပြန်စော်တာ ကလေး ခေါင်း တည့်တည့်ကို မှန်သွားသည်။ ကလေးက အော်ကြီးဟစ်ကျယ် ငို၍ ဆတ်ကြေး ပိုက်ဆံတွေ ထုတ်ပေးလိုက်သည်။ ယူမီလည်း ကလေးကို ပြန်ချော့သော်လည်း ဘယ်လိုမှ မတိတ်ပေ။ ဒါကြောင့် ယူမီ ကလေးအတွက် အငိုတိတ်အောင် ငွေတစ်ချို့ ပြန်ပေးလိုက်ပြီ၊
ယူမီ ။ ။ ဟိတ် အငိုတိတ်တော့။ ဒါမင်းအတွက် မုန့်ဖိုး မင်းအဖေမသိစေနဲ့ပေါ့…
ကလေးက ချက်ချင်း အငိုတိတ်သွားပြီ ဘေးဘယ်ကြည့်၍ ပိုက်ဆံကို သူအိတ်ကပ်ထဲ ထည့်လိုက်ပြီ၊
ကလေး ။ ။ နောက်တစ်ခါ ဆတ်ကြေးကောက်ရင် မမပဲ လာခဲ့နော်…
ယူမီ ဆတ်ကြေးကောက်တဲ့ သင်ခန်းစာ ပြီပြီမို့ ၀မ်းသာအားရဖြင့် မာဖီယာ ကားဆီသို့ ပြန်လာခဲ့သည်။
မာဖီယာ ။ ။ မင်းဆတ်ကြေးကောက်ပြီတာ မြန်လိုက်တာ။ ၀ါးဝါးဝါး…
ယူမီ ။ ။ ဘယ်သူ ထင်လို့လဲ ယူမီကိုလေ။ ရော့ ဆတ်ကြေး ပိုက်ဆံတွေ…
ယူမီပေးလိုက်တဲ့ ငွေကို ကြည့်ပြီ မာဖီယာ ချက်ချင်းကို မျက်လုံးပြူး၍ အိပ်ချင် ပြေသွားပုံရသည်။
မာဖီယာ ။ ။ ဘာဆတ်ကြေးငွေက ယမ်းတစ်သောင်းထဲ။ ကျန်တဲ့ ငွေတွေ မင်းဝှက်ထားတယ် မလား…
ယူမီ ။ ။ စကားကို ဆင်ခြင်ပြောပါ။ ကျွန်မမှာ ကျွန်မ အကြောင်းပြချက် ရှိတယ်…
မာဖီယာ ။ ။ ဘာအကြောင်းပြချက်လဲ…
ယူမီ ။ ။ ပထမဆုံးဆိုင်ရှင်ဆီက ဆတ်ကြေးငွေ အားလုံး ယူလိုက်လျှင် နောက်နေ့ သူဘာနဲ့ အရင်းအနှီးလုပ်မလဲ။ ဒါဆို နောက်နေ့တွေကျရင် သူဆတ်ကြေး ဘယ်ပေးနိုင်တော့မလဲ။ ဒါကြောင့် ကျွန်မက အရင်းနှီးအတွက် ပြန်ပေးပြီ နည်းနည်းပဲ ယူခဲ့တာ…
မာဖီယာ ။ ။ ထားလိုက်ပါတော့။ နောက် တစ်ဆိုင်ကရော…
ယူမီ ။ ။ နောက်ဆိုင်က အဘွားကြီး ကြွေးအိုးကို ကျွန်မ ခွဲလိုက်တာ။ အဲဒီ ကြွေးအိုးက ရှေးဟောင်းပစ္စည်းလို့ ကျွန်မထင်တာနဲ့ ကြွေးအိုးဖိုး ပြန်လျော်ခဲ့တယ်လေ…
မာဖီယာ ။ ။ မင်းဟာက အကြောင်းပြချက်စုံနေတာ။ နောက်ဆုံး တစ်ဆိုင်က ဘာလို့ နည်းရပြန်တာလဲ…
ယူမီ ။ ။ ရှင်ပဲ လောက်လေးဂွနဲ့ ပြန်ပစ်ခိုင်းလို့ ပစ်လိုက်တာ ကလေးက ထိသွားပြီ အငိုမတိတ်လို့။ တိတ်သွားအောင် မုန့်ဖိုး ပြန်ပေးခဲ့ရသေးတယ်လေ။ ကလေးကတောင် ပြောလိုက်သေးတယ် နောက်တစ်ခါ ဆတ်ကြေး လာကောက်ရင် မမပဲ လာကောက်ပါနော်တဲ့…
ယူမီ စကားအဆုံးတွင် မာဖီယာတစ်ယောက် ပါးစပ်က အမြုပ်တွေ ထွက်နေသည်။ မာဖီယာကို မနည်း မတက်သွားအောင် ပြန်လှုပ်ခေါ်ရသေးသည်။
မာဖီယာ ။ ။ မင်း ဆတ်ကြေးတောင်းပုံ နဲ့ဆိုရင် ယာကူဇာဂိုဏ်းဝင်တွေ အားလုံးမွှဲကုန်တော့မှာပဲ။ ဒါပေမယ့် သင်ခန်းစာ တစ်ခု အနေနဲ့တော့ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်…
ယူမီ ။ ။ ဒါဆို ကျွန်မ ယာကူဇာဂိုဏ်းဝင်လို့ ရပြီပေါ့နော်…
မာဖီယာ ။ ။ ဘယ်ရအုန်းပါ့မလဲ။ အဓိက လက်တွေ့ဆင်းဖို့ ကျန်သေးတယ်။ ခုခင်များကို ကျွန်ုပ် အိမ်ပြန်ပို့ပေးမယ်…
မာဖီယာက ယူမီ အိမ်သို့ ပြန်လိုက်ပို့ပေးသည်။ ယူမီ ခြံထဲလည်း ရောက်ရော၊
မာဖီယာ ။ ။ ခင်များ ဒယ်ဒီနဲ့ မာမီ မပြန်လာ ကြသေးဘူးလား…
ယူမီ ။ ။ ကားပြန်မရောက်သေးပုံ ထောက်ရင် ပြန်မလာသေးဘူး ထင်တယ်…
မာဖီယာ ။ ။ ဒါဆိုရင် ကျွန်ုပ် ခင်များ အိပ်ခန်းထဲ လိုက်လို့ ရမလား…
ယူမီ ။ ။ ရှင် သေသွားချင်လို့လား…
မာဖီယာ ။ ။ ခင်များကလည်း ဒီနေ့ သင်ခန်းစာအတွက် သင်ခန်းကြေး လိုက်တောင်းမလို့ပါ…
ယူမီ ။ ။ ရှင်ဆတ်ကြေးငွေတွေလည်း ရပြီပြီပဲ။ တော်တော် လောဘကြီးတဲ့လူ…
မာဖီယာ ။ ။ ဟီးဟီး အလကားနောက်တာပါဗျာ။ မနက်ဖြန် ခင်များ ကျောင်းဆင်းတာနဲ့ နောက် သင်ခန်းစာ တစ်ခုအတွက် ကျွန်ုပ် လာခေါ်မယ် စောင့်နေ…
ပြောကာ ယူမီခြံတွင်းမှ လမ်းလျှောက် ထွက်သွားသည်။ ယူမီ ယာကူဇာဂိုဏ်းဝင်ဖို့ နီးလာပြီ ဖြစ်သည်မို့ စိတ်ထဲ ပျော်ရွှင်နေမိပြီ အိမ်ထဲသို့ ခုန်ပေါက် ပြေးဝင်သွားတော့သည်။
မာဖီးယားတွေယာကူဇာတွေလဲ လောက်လေးခွ သုံးတာဘဲဟ
ReplyDeleteဟိဟိ ပျော်စရာကြီး
ဆက်ကြေးလိုက်တောင်းရတာ မိုက်တယ်..
လောက်လေးဂွ ဂျူးလိယက် ဆီက ခဏလာဌားသွားတာလေ... ဟီးဟီး...
ReplyDeleteမာဖီယာ ဆီက လိုရင် လောက်လေးဂွ သွားတောင်း အုန်းမှပဲ...
ReplyDelete