အခန်း-၁၈ (တိုမိုယာ)
ကျွန်တော် ယာကူဇာအရူးမလေး မျက်နှာမငယ် ရလေအောင် ကားဖြင့် သွားကြိုမှ သင့်မည်ကို အကြံရသည်။ ဒါကြောင့် ကျွန်တော် သူငယ်ချင်းကားကို မရမက မနည်းတောင်းဌားရသည်။ ဒီကောင်ကားက စုတ်တာမှ ကားလက်ကိုင်တွေ မပြုတ်အောင် ညင်ညင်သာသာ ကိုင်ရသည်။ သို့သော် သူငယ်ချင်းထဲမှာလည်း ကားစီးနိုင်တာ ဒင်းတစ်ယောက်ပဲ ရှိ၍ သူ့ကားကို ပဲယူ၍ ကျောင်းသို့ ထွက်လာခဲ့သည်။ လာရာ လမ်းတောက်လျောက် ယာကူဇာအရူးမလေး အကြောင်းပဲ စဉ်းစားနေမိသည်။ မီးပွိုင့်နီ၍ ကားကို ခဏရပ်ထားလိုက်ပြီ ကျွန်တော် ဖုန်းဖြင့် ခိုးရိုက်ထားသည့် ယာကူဇာအရူးမလေး ဓာတ်ပုံကို ဖွင့်ကြည့် လိုက်သည်။ ယာကူဇာ တွေ့ဆုံပွဲနေ့တုန်းက ယာကူဇာအရူးမလေးက အရမ်းလှသဖြင့် မနေနိုင်ပဲ သူမသိအောင် ဓာတ်ပုံခိုးရိုက်ထားခြင်း ဖြစ်သည်။ ကျွန်တော် မီးပွိုင့်နီတာနှင့် သူမဓာတ်ပုံကိုပဲ ခဏခဏ ထုတ်ကြည့်မိနေတော့သည်။
ကျွန်တော် ခေါင်းထဲ အတွေး တစ်ခုဝင်လာသည်မှာ ငါများ ယာကူဇာအရူးမလေးကို ချစ်မိနေပြီလား ဆိုသည့် မေးခွန်းပင်။
ကျွန်တော် သူမကို တွေ့ဖို့ ဒီနေ့မှ ထူးထူးခြားခြား ရင်ခုန်နေမိသည်။ မျက်လုံးထဲမှာလည်း သူမပုံရိပ်တွေပဲ မြင်နေသည်။ တစ်ခါတစ်လေ သူမအသံတွေတောင် ကြားယောင် မိသေးသည်။ ဒီလောက်ဆိုရင် သေချာတာကတော့ ကျွန်တော် ယာကူဇာအရူးမလေးကို ချစ်မိနေပြီ။
ဒါပေမယ့် ကျွန်တော်ကလည်း ရုပ်တော်တော်ဖြောင့် တာဆိုတော့လည်း ယာကူဇာအရူးမလေး ခုလောက်ဆို ကျွန်တော်ကို ကြိတ်ပြီ သဘောကျနေမှာ သေချာသည်ဟု တွေးရယ်လိုက်သည်။ ထို့ကြောင့် ကျွန်တော် စပြီ ရင်မဖွင့်ပဲ သူမ ရည်စားစကား လာပြောတဲ့ အချိန်ကို စောင့်ရုံပင်။ ယောကျာ်းလေး ဆိုပေမယ့် ခုခေတ်က မိန်းခလေးတွေကပဲ ရည်စားစကား စပြောနေကြတာ ဆိုတော့ ကျွန်တော် စပြောခံချင်မိသည်တော့ အမှန်ပေ။ ဒီနေ့ ကျွန်တော်နဲ့ ယာကူဇာအရူးမလေးနဲ့ တွေ့ရင်များ ကျွန်တော်ကို ရင်ဖွင့်ဟတော့မလား တွေးရင်းနဲ့ ရင်တွေ တုန်နေသည်။
ယာကူဇာအရူးမလေး ကျောင်းရှေ့နားမှ ကားကို ထိုးရပ်ထားလိုက်ပြီ ကားနောက်ကြည့်မှန်မှ ဆံပင်ကေကို အသေအချာ သပြီး ကားပေါ်မှ ဆင်းလာသည်။ ကျောင်းရှေ့ရောက်တော့ ကျွန်တော်နဲ့ မလှမ်းမကမ်းတွင် ရပ်နေသော လူဆိုးဂိုဏ်းလိုလို လူမိုက်အုပ်စုကို လှမ်းတွေ့လိုက်သည်။ ကျွန်တော် စိတ်ထဲ ဒီလူမိုက်အုပ်စုထဲမှ တစ်ယောက်ကို အရမ်းကို ရင်းရင်းနှီးနှီး ကြီးကို ကျွန်တော် သိနေသည်။ သူကလည်း ကျွန်တော်ကို သေချာ ပြန်စိုက်ကြည့်နေသည်။ ဒါပေမယ့် ဘယ်မှာ မြင်ဖူးပါလိမ့် စဉ်းစားလို့ မရပေ။ တစ်အောက်ကြာတော့ ကျွန်တော်ကို လူတစ်ယောက် ပခုံး လာပုပ်၍ လှည့်ကြည့်လိုက်တော့ ခုနက လူမိုက်ဖြစ်နေသည်။
လူမိုက် ။ ။ ခင်များကို ကျွန်ုပ် တစ်နေနေရာမှာ မြင်ဖူး သလိုပဲ…
မာဖီယာ ။ ။ ကျွန်ုပ်က ရုပ်ဖြောင့်တော့ ဂျပန် မင်းသား တစ်ယောက်ယောက်နဲ့ တူတာ နေမှာပေါ့။ ဟားဟားဟား…
အမှန်တော့ ကျွန်တော် လည်း ဒီလူကို ကောင်းကောင်းကြီးကို သိနေသည်။ ဘယ်မှာ မြင်ဖူးမှန်တော့ မသိပေ။ စဉ်းစားရင်း ကျွန်တော် မှတ်မိပြီ ဒါ ပုတ်သင်ညှိဂိုဏ်းက လူပဲ။ ပုတ်သင်ညှိဂိုဏ်းက ဆိုလျှင် ကျွန်တော်ကို တွေ့တဲ့ နေရာမှာပင် အသေသတ်မှာ သေချာသည်နှင့် မသိမသာ လစ်ထွက်သွားဖို့ ကြံနေစဉ်…
လူမိုက် ။ ။ ဟိတ်ကောင် ငါမင်းကို မှတ်မိပြီကွ။ မင်းက နဂါးနီဂိုဏ်းက တိုမိုယာ မဟုတ်လား…
ကျွန်တော်လည်း စပ်ဖြီးဖြီး မျက်နှာဖြင့် နောက်လှည့်ကြည့်၍၊
မာဖီယာ ။ ။ ခင်များတို့ လူမှားနေပြီနဲ့ တူတယ်။ ကျွန်တော် နံမည် နာဂါတိုပါ…
လူမိုက် ။ ။ မင်းမျက်နှာကို သေတောင် မမေ့ဘူးကွ…
ကျွန်တော် အခြေအနေ မကောင်းတော့သည်ကို သိ၍ ကျောင်းထဲသို့ အတင်းဝင်ပြေးတော့သည်။
လူမိုက် ။ ။ မပြေးနဲ့ကွ…
ထိုလုက သူ့အပေါင်းအပါတွေ ဘက်သို့ လှည့်၍၊
လူမိုက် ။ ။ မင်းတို့ လိုက်မဖမ်းပဲ ဘာလုပ်နေတာလဲ။ အဲဒါ နဂါးနီဂိုဏ်းက တိုမိုယာကွ။ လိုက်ကြ။ လိုက်ကြ…
ပုတ်သင်ညှိဂိုဏ်းက လူတွေ အယောက် ၂၀လောက် ကျွန်တော်နောက်မှ ၀ိုင်းစုအုန်း လိုက်လာကြသည်။ ကံကောင်းစွာဖြင့် သူတို့ကို ကျောင်းအုပ်က ကျောင်းထဲ ပေးမ၀င်ပေ။ ကျွန်တော်လည်း အရင်ဆုံး ယာကူဇာအရူးမလေးကို ရှာရန် ၁၂တန်း အခန်းတွေရှိရာသို့ ပြေးတက်လာသည်။ ယာကူဇာအရူးမလေးက ထက်မြက်ပုံပေါ်၍ ၁၂တန်းအေတန်းမှာ အရင်သွားရှာသည်။ ၁၂တန်းအေခန်း ရှေ့တွင်ရပ်၍ ကျယ်လောင်စွာ၊
မာဖီယာ ။ ။ ယူမီကို အမြန်ထွက်ခဲ့…
ကျောင်းသူ ။ ။ သူက ဒီအခန်းက မဟုတ်ဘူး စီတန်းက…
ကျွန်တော် မောမောနဲ့ ထပ်ပြေးရပြန်သည်။ စာမကြိုးတာ သေချာ၍ စီတန်းမှာ နေတာ ဖြစ်မှာဟု ကျွန်တော် တွေးလိုက်သေးသည်။ စီတန်းရှေ့ ရောက်တော့၊
မာဖီယာ ။ ။ ယူမီကို၊ ယူမီိကို…
လို့သာ ကျွန်တော် အော်နိုင်တော့သည်။ ကျောင်းဆင်းချိန် ဖြစ်နေ၍ ယူမီကိုနဲ့ သူ့သူငယ်ချင်းတွေ တူတူထွက်လာကြသည်။ ယူမီကိုက ကျွန်တော်ကိုလည်း မြင်ရော အံ့အားသင့်တဲ့ ပုံဖြင့် ကြည့်၍၊
ယူမီကို ။ ။ ကျောင်းဆင်းမှာကိုတောင် မစောင့်နိုင်ပဲ ကျောင်းထဲ ၀င်လာရလား…
ဆာရှီမီ ။ ။ မာဖီယာက နင်ကို အရမ်းတွေ့ချင်လို့ နေမှာပေါ့…
မာဖီယာ ။ ။ ဒီနေ့ အရမ်းအရေးကြီးတဲ့ သင်ခန်းစာ စမယ်…
ယူမီကို ။ ။ ဘာသင်ခန်းစာလည်း…
မာဖီယာ ။ ။ ယာကူဇာ တစ်ယောက် ဖြစ်ချင်ရင် လူဆိုးတွေ လက်ကလည်း ထွက်ပြေးနိုင်ရမယ်။ ခုစမယ် လာ…
ကျွန်တော် ယူမီကို လက်ကို အတင်းဆွဲပြေးတော့သည်။ ယူမီကိုလည်း အူကြောင်ကြောင်ဖြင့် ကျွန်တော်နဲ့ တူတူ ထွက်ပြေးလာသည်။
ဆာရှီမီ ။ ။ ငါတို့လည်း သင်ခန်းစာ သင်မယ်လေ။ စောင့်အုန်း…
ဆူရှီ ။ ။ ယူမီကို ငါလည်း လိုက်မယ်…
သူတို့ အနောက်က အော်သံတော့ ကြားလိုက်သော်လည်း ကျွန်တော် ဂရုမစိုက်နိုင်ပဲ ထွက်ပြေးလာသည်။ လှေကား အဆင်းပဲ ရှိသေးသည် ပုတ်သင်ညှိဂိုဏ်းကကောင်တွေ ဘယ်လို ကျောင်းထဲ ၀င်လာမှန်း မသိပဲ၊ ထိပ်တိုက်တွေ့၍ ကျောင်းပေါ် ပြန်ပြေးတက်ရပြန်သည်။
ယူမီကို ။ ။ ဟိုလူတွေက ဘာလည်း။ ရှင် ထွက်ပြေးတိုင်း ဆော့နေတာလား…
မာဖီယာ ။ ။ အေးဟုတ်တယ်။ ပြေးနိုင်ရင် နိုင်ပြီကွ…
ယူမီကို သူငယ်ချင်းတွေ ရှေ့က ကျွန်တော်တို့ ပြန်ဖြတ်ပြေးရပြန်သည်။ အနောက်က ပုတ်သင်ညှိဂိုဏ်းကကောင်တွေလည်း အသေအကြေ လိုက်လာကြသည်။
အိမိ ။ ။ ယူမီကို ပြေးထားကွ…
ဆာရှီမီ ။ ။ ဟုတ်တယ် ပြေးကွ…
ဆူရှီ ။ ။ ယူမီ ပြေးပြေး…
ကျောင်းက ထွက်ပြီ ကျွန်တော် ကားထဲသို့ ၀င်ပြီ ကားကို အမြန် မောင်းပြေးရပြန်သည်။ ပုတ်သင်ညှိဂိုဏ်းကလည်း နောက်က ကား ၄စီးလောက်ဖြင့် ထပ်ကြပ်မခွာ လိုက်လာကြသည်။ အရေးထဲ ကျွန်တော်ကားက စုတ်နေ၍ အမြန် မမောင်းနိုင်ပေ။ ပုတ်သင်ညှိဂိုဏ်းကားက အနောက်ကနေ ၀ိုင်းတိုက်လိုက်သဖြင့် ယူမီကို နှင့် ကျွန်တော် အရှေ့ကို ကုန်းကုန်းသွားသည်။
ယူမီကို ။ ။ ဟင့် ကစားတာကို ကားကို အနောက်ကတိုက်တဲ့ အထိ လုပ်တာတော့ လွန်လာပြီ။ ရပ်ပေး ကျွန်မ ဆင်းသွားပြောမယ်…
မာဖီယာ ။ ။ သွားပြောရင် ရှုံးသွားမှာပေါ့…
ယူမီကိုက ခုပုတ်သင်ညှိဂိုဏ်းသားတွေ ကျွန်တော်ကို လိုက်သတ်နေသည်ကို အပျော်တမ်း ကစားနေသည်ဟု ထင်နေပုံရသည်။ ပုတ်သင်ညှိဂိုဏ်းကား တစ်စီးက ကျွန်တော်ကားနဲ့ ဘေးချင်း ယှဉ်မောင်းလာသည်။
လူဆိုး ။ ။ တိုမိုယာ။ မင်းကို ဒီနေ့ အသေသတ်မယ်ကွ…
ကျွန်တော်လည်း အရှိန်ပြင်းစွာဖြင့် စီယာတိုင်ကို ဘေးသို့ ကပ်ဆွဲပြီ ဘေးသို့ တွန်းပို့လိုက်ရာ ကျွန်တော် ဘေးမှကား အရှိန်လွန်ပြီ လမ်းပြောင်းပြန်ကားနဲ့ ၀င်တိုက်ပြီ ကျန်ရစ်ခဲ့သည်။ ခုတော့ ကျွန်တော့ ယှဉ်ပြိုင်စရာ ၃ကားပဲ ကျန်တော့သည်။
ယူမီကို ။ ။ တိုမိုယာ ဆိုတာ နဂါးနီဂိုဏ်းက နယ်ပိုင် မဟုတ်ဘူးလား…
မာဖီယာ ။ ။ ဟုတ်တယ်…
ယူမီကို ။ ။ ဒါဆို မနေ့က တိုမိုယာ နံမည်ကို အသုံးချပြီ ဆတ်ကြေး သွားတောင်းခဲ့လို့ ခုကျွန်မတို့ကို လိုက်သတ်နေပြီ ထင်တယ်။ ဒုက္ခတော့ ရောက်ပါပြီ။ ဘယ်လိုလုပ် ကြမလဲ…
ကျွန်တော် အကျီင်္ထဲမှ လောင်ချာ ထုတ်လိုက်ပြီ၊
မာဖီယာ ။ ။ ရော့ လောင်ချာ သူတို့ကို ပစ်လိုက်…
ယူမီကိုက ကျွန်တော်ကို ကြောင်ကြည့်နေပြီ၊
ယူမီကို ။ ။ လောင်ချာ ဘယ်က ထွက်လာတာလဲ…
မာဖီယာ ။ ။ ပစ်စရာရှိ ပစ်စမ်းမှာ…
ယူမီကိုက လောင်ချာ အပေါက်ဝကို မျက်လုံး တစ်ဖက်ဖြင့် ကြည့်၍၊
ယူမီကို ။ ။ ဘယ်လို ပစ်ရမှာမှန်းမှ မသိတာ…
ကျွန်တော်လည်း ယူမီကို မတော်တဆ ခလုတ်မှားနှိပ်မိသွားမှာစိုး၍၊
မာဖီယာ ။ ။ ခင်များပဲကားမောင်းတော့ ကျွန်ုပ်ပစ်မယ်…
ယူမီကိုနဲ့ ကျွန်တော် ကားမောင်းသည့် နေရာချင်း လှဲလိုက်ကြသည်။ ကျွန်တော် ကားဘေးမှန်ကို ချမရသည်နှင့် ကားတံခါး တစ်ဖက်ကို ခြေထောက်ဖြင့် ကန်ရုံဖြင့် လမ်းမှာ ဖြုတ်ချခဲ့သည်။ လောင်ချာကျည်တစ်ခု ကျွန်တော် အကျီင်္ထဲမှ ထပ်ထုတ်လိုက်ပြီ နောက်မှ ကပ်လိုက်လာသည့် ကားကို သေချာ ချိန်းပြီ ပစ်လိုက်သည်။ ကားရှေ့ဖုံးထိသွားပြီ စုတ်ပြတ်သတ်သွား၍ ဆက်မလိုက်နိုင်တော့ပဲ ရှေ့ဖုံးမီးလောင်၍ ကျန်ရစ်ခဲ့သည်။
မာဖီယာ ။ ။ ဟားဟား မင်းတို့ ငါအကြောင်း သိပြီမလား…
ကျွန်တော် လှမ်းအော်လိုက်သေးသည်။ နောက်မှ ကျန်သေးသော ကားနှစ်စီးမှ တစ်စီးက သေနတ်ဖြင့် ကျွန်တော်ကို လှမ်းပစ်သဖြင့် ရှောင်၍ အထဲသို့ ပြန်ဝင်လိုက်ရသည်။
ယူမီကို ။ ။ သူတို့ တကယ်ပစ်နေပြီ။ မနေ့က ဆတ်ကြေး ရတဲ့ ယမ်း၁သောင်း ပြန်ပေးမယ် ပြောလိုက်လေ…
ကျွန်တော်မှာ ရန်သူတွေနဲ့ တိုက်ခိုက်နေတဲ့ ကြားထဲ ယူမီကိုရဲ့ မဟုတ်ကရ မေးခွန်းတွေကို ဆက်မဖြေနိုင်တော့မှာမို့ အမှန်တိုင်း ပြောလိုက်သည်။
မာဖီယာ ။ ။ သူတို့က တိုမိုယာလွှတ်လိုက်တာ မဟုတ်ဘူးကွ။ ခုငါ့နောက်လိုက်နေတာ ပုတ်သင်ညှိဂိုဏ်းက ကောင်တွေ…
ယူမီကို ။ ။ ဘယ်က ပုတ်သင်ညှိဂိုဏ်းလဲ…
မာဖီယာ ။ ။ အာ ယာကူဇာဂိုဏ်းကြီး တစ်ခုပဲလေ…
ယူမီကို ။ ။ အားအားအားအား…
အရမ်းကို ကျယ်လောင်စွာ အော်လိုက်သဖြင့် ကျွန်တော်နားကွဲ မတတ်ဖြစ်သွားသည်။ ယူမီကို ကားကို မောင်းရင်းမောင်းရင်း တဖြည်းဖြည်း နှေးလာသည်။
မာဖီယာ ။ ။ မြန်မြန်မမောင်းပဲ ဘာလုပ်နေတာလဲ…
ယူမီကို ။ ။ ကျွန်မလည်း မောင်းနေတာပဲ…
ယူမီကို စကား မဆုံးသေးခင် ကားက ဖုတ်၊ဖုတ်၊ဖုတ် သုံးချက်မြည်၍ ထိုးရပ်သွားသည်။ ကျွန်တော် ဒီကားစုတ်ကို ယူခဲ့မိသည်ကိုက ကျွန်တော် အမှားပေ။ နောက်ဆုံး တတ်နိုင်တာတစ်ခု ထွက်ပြေးဖို့တာ ရှိတော့သည်။
မာဖီယာ ။ ။ လာထွက်ပြေးမယ်…
ယူမီကို လက်ကို ဆွဲပြီ ကျွန်တော်တို့က ထွက်ပြေး၊ နောက်မှ ရန်သူတွေက တုတ်တွေ၊ ဓားတွေဖြင့် ကိုင်ပြီ လိုက်လာကြသည်။
မာဖီယာ ။ ။ ပြေးနိုင်မှ လွှတ်မယ်ကွ…
ယူမီကို ။ ။ ကျွန်မ အရမ်းမောလာပြီ…
ယူမီကို ပြေးရင်း ခြေချော်လှဲပြီ ပြုတ်ကျကျန်ခဲ့သည်။ ကျွန်တော်လည်း အနောက်သို့ ပြန်ပြေးပြီ ပြန်ထူတွင် ကျွန်တော်တို့ နှစ်ယောက်ကို ရန်သူတွေ အားလုံးက ၀ိုင်းထားလိုက်ကြသည်။ ယူမီကိုက ကျွန်တော် အကျီင်္ကို ဆွဲ၍၊
ယူမီကို ။ ။ ကျွန်မ ကြောက်တယ်…
မာဖီယာ ။ ။ ဘာမှ မကြောက်နဲ့ ငါ တိုမိုယာ တစ်ယောက်လုံး ရှိတယ်…
ယူမီကိုက ကျွန်တော်ကို အရမ်းအံ့အားသင့်သည့် အကြည့်ဖြင့် မော့ကြည့်လိုက်ပြီ၊
ယူမီကို ။ ။ ရှင်က နဂါးနီဂိုဏ်းက တိုမိုယာ…
ကျွန်တော်လည်း ယူမီကို မျက်ဝန်းတွေကို ပြန်စိုက်ကြည့်လိုက်၍၊
မာဖီယာ ။ ။ ဟုတ်တယ် ငါက တိုမိုယာ အစစ်ပဲ…
ထို့နောက် ကျွန်တော်ကို ကြောင်ကြည့်နေသာ ယူမီကိုကို ဘာမှ ဆက်မရှင်းပြ တော့ပဲ ကားနောက်သို့ သွားပုန်းခိုင်းလိုက်ပြီ ကျွန်တော် ရန်သူတွေကို ပြန်ချရန် နေရာယူလိုက်သည်။ ဒီကောင်တွေ အားလုံး ဒီနေ့ ကံဆိုးမိုးမှောင်ကျတဲ့နေ့ပဲဟု စိတ်ထဲက ကြုံးဝါးလိုက်သည်။
ဆက်ရန်..................................
တိုမိုယာ အစစ် ပေါ်လာပြီကွ... နောက်တစ်ခန်း မြန်မြန်တင်ပါ။ ဘာဆက်ဖြစ်မလဲ ဖတ်ချင်လို့ပါ... :)
ReplyDeleteခုနောက်တစ်ခန်း ရေးနေပါသည်။ မကြာခင် တင်မယ်.. နောက်တစ်ခန်းက အက်ရှင်ခန်း.. ကြည့်ကောင်းပြီ
ReplyDeleteဟင်...
ReplyDeleteမကြီး
နင်တော့ ၀ဋ်လိုက်တော့မှာနော်
ကောင်းခန်းရောက်တိုင်း ဖြတ်ဖြတ်ချန်ခဲ့တယ်..
ခုလည်း ဖိုက်ခါနီးမှ ...ဟင်း။။။။။။။။။။
ဟဟ ရယ်ရတယ်
ReplyDeleteမာဖီယာက ရန်သူလက်က ထွက်ပြေးတာတောင် အဖော်ပါအောင် ခေါ်လိုက်သေးတယ်..
ပြေးရတာ ပျော်တောင် ပျော်စရာကောင်းသေးး))
မာဖီယာက ယူမီကိုနဲ့ မခွဲချင်လို့ပါ....ဟီးဟီး... :)
ReplyDelete