Thursday, August 26, 2010

ယာကူဇာချစ်သူ အခန်းဆက်-၁၉ ( ယူမီကို )

အခန်း-၁၉ (ယူမီကို)

    မာဖီယာက ယူမီ ကိုကားနောက်ဘက်မှာ သွားပုန်းခိုင်းသည်။ မာဖီယာက သူကိုယ်သူ နဂါးနီဂိုဏ်းက တိုမိုယာဟု ပြောလိုက်သဖြင့် ယူမီ ဘာဆက်လုပ် ရမှန်းမသိ ဖြစ်သွားသည်။ မာဖီယာကို တစ်ခါမှ ယာကူဇာဂိုဏ်းဝင် တစ်ယောက်လို မမြင်ခဲ့မိပေ။ မာဖီယာကို ရန်သူ ၁၀ယောက်လောက် ၀ိုင်းရံထားသည်။ ရန်သူတွေ အများကြီး ကြားမှာတောင် မာဖီယာ မျက်နှာမှာ ကြောက်သည့် အရိပ်အယောင် တစ်ချက်တောင် မတွေ့ရပေ။

ရန်သူ ။    ။ တိုမိုယာ မင်းကို တွေ့တဲ့ နေရာမှာ အသေသတ်ရမယ်လို့ ငါတို့ ခေါင်းဆောင်က မှာထားတာ။ မင်း သေဖို့သာ ပြင်ပေတော့…
မာဖီယာ ။    ။ ဟားဟားဟား မင်းတို့ တိုမိုယာကို လျှော့တွက်ချင် ကြတာကိုးကွ…

    ပြောပြီးရော မာဖီယာက စပြီ ရန်သူ နှစ်ယောက် မျက်နှာကို လေထဲမှာ ဝှေ့ပြီ ကန်လိုက်၍ လှဲကျသွားကြသည်။ ရန်သူ ၄ယောက်လောက်က တုတ်၊ ဓားတွေဖြင့် မာဖီယာကို အသေအကျေ ၀ိုင်းခုတ်ကြသည်။ မာဖီယာက တုတ်၊ ဓားတွေကို အေးအေးဆေးဆေး ရှောင်တိမ်းလိုက်ပြီ ရန်သူ တစ်ယောက်မျက်နှာကို လက်သီးဖြင့် တစ်ချက်၊ နောက် ရန်သူနှစ်ယောက်ရဲ့ ဗိုက်ကို တံထောင် ဖြင့် တွတ်လိုက်သည်။ ကျန်ရန်သူတစ်ယောက် ကိုတော့ သူအကျီင်္ထဲမှ ဘေ့စ်ဘောတုတ်ကို ထုတ်၍ ပြန်မထနိုင်အောင် လွှဲရိုက်လိုက်သည်။ မာဖီယာ ဒီလောက် အတိုက်အခိုက် ကျွမ်းကျင်မှန်း ယူမီ လုံးဝ မသိခဲ့ပေ။ ရဲရင့်ပြီ ရန်သူတွေကို ပြန်ချနေသော မာဖီယာကို ကြည့်ပြီ စိတ်ထဲ အရမ်းကြည်နူးနေမိသည်။
    ရန်သူတွေကလည်း မာဖီယာကို နည်းနည်းရှိန်သွားပုံရ၍ နောက်သို့ နည်းနည်း ဆုတ်သွားကြသည်။ ကံဆိုးချင်တော့ နောက်ထပ် ရန်သူ ၅ယောက်လောက် ထပ်ရောက်လာကြသည်။ ယူမီလည်း မာဖီယာကို ဒီအတိုင်း မကြည့်နေနိုင်တော့ပဲ ကူညီရန် ပြေးထွက်လာခဲ့သည်။ မာဖီယာက ယူမီကို မြင်သည်နှင့်၊

မာဖီယာ ။    ။ ယူမီကို အထဲ ပြန်ဝင်စမ်း…
    ယူမီ ကို စကားလှည့်အပြောတွင် နောက်မှ ရန်သူ တစ်ယောက်က မာဖီယာကို တုတ်ဖြင့် ခေါင်းကို ရိုက်လိုက်သဖြင့် မာဖီယာ မြေပြင်ပေါ်သို့ ပစ်လှဲသွားသည်။ မာဖီယာ ခေါင်းမှလည်း သွေးတွေ စီးကျလာသည်။ ကျန်သည့် ရန်သူတွေ အားလုံး ခြံရံလိုက်ကြပြီ မာဖီယာ တစ်ယောက်ထဲကို ၀ိုင်းပြီ ခြေထောက်ဖြင့် ကန်တဲ့သူက ကန်၊ တုတ်နဲ့ရိုက်တဲ့သူ ရိုက်ဖြင့် ၀ိုင်းရိုက်ကြသည်။ သွေးသန် တရဲရဲဖြင့် ဖြစ်နေသော မာဖီယာကို ကြည့်ရင်း၊

ယူမီ ။        ။ ကယ်ကြပါအုန်း၊ ကယ်ကြပါအုန်း…
အော်သော်လည်း ဘယ်သူမှ ၀င်မကူညီ နိုင်မှန်း သိ၍ ယူမီ ကားနောက်ထဲသို့ တဖြည်းဖြည်း ပြန်ဆုတ်သွားရင်း မျက်ရည်များသာ စီးကျလာသည်။ မာဖီယာ ရှင်သေလို့ မဖြစ်ဘူး စိတ်ထဲ အကြိမ်များစွာ ရေရွတ်နေမိသည်။ မာဖီယာက ဒီလောက် ၀ိုင်းရိုက်ထားသည်ကို ယူမီ ကိုစိုးရိမ်စိတ်ဖြင့် ပြန်ကုန်းထလာပြီ လှမ်းကြည့်သေးသည်။ ရန်သူထဲက ခေါင်းဆောင်လိုလို တစ်ယောက်က မာဖီယာ ဆံပင်ကို သူ့လက်ဖြင့် ဆော့ဆွဲ၍ နောက်တစ်ယောက်က တုတ်ဖြင့် မာဖီယာ ခြေထောက်ကို ရိုက်ပြီ ဒူးထောက် ခိုင်းလိုက်သည်။ ခေါင်းဆောင်က မာဖီယာ လည်ပင်းတွင် ဓားတေ့ထားလျှက်၊

ရန်သူ ။        ။ တိုမိုယာ မင်းကောင်မလေးကို နောက်ဆုံး အကြိမ် ဘာမှာခဲ့ချင်သေးလဲ…

    ယူမီမှာ မာဖီယာကို သနားလွန်းလို့ မျက်ရည်များ အဆက်မပြတ်စီးကျလာသည်။
ယူမီ ။        ။ ရှင်သေလို့ မရဘူး။ ကျွန်မကို တစ်ယောက်ထဲ မထားခဲ့ပါနဲ့…
တိုးတိုးလေး ကားချောင်နားကပ်၍ ရေရွတ်နေမိသည်။ ဒီလို ဆိုးရွားလှသည့် မြင်ကွင်းများကို မြင်ပြီ ယာကူဇာတွေရဲ့  ရက်စက်မှုတွေကို ယူမီ ခါးသီးလာသည်။ ယာကူဇာဖြစ်ချင်ခဲ့တဲ့ ယူမီရဲ့ အိမ်မက်တွေလည်း တဖြည်းဖြည်း မှေးမှိန်းလာသည်။

မာဖီယာ ။    ။ မင်း ငါ့အတွက် ကလဲ့စား ပြန်ချေပေးပါ…
ရန်သူ ။        ။ ဟားဟားဟား။ အေး မင်း ပြောလို့ ပြီပြီ ဆိုရင်…

    ရန်သူခေါင်းဆောင်က မာဖီယာကို ခုတ်ရန် ဓားကို ရွယ်လိုက်သဖြင့် ယူမီ အရမ်းကို ထိတ်လန့်သွားပြီ ကားနောက်မှ အပြင်သို့ ပြေးထွက်သွားပြီ၊

ယူမီ ။        ။ ရှင်တို့ သတ်ချင်ရင် ကျွန်မကို သတ်ကြပါ။ သူကို လွှတ်ပေးပါ…
မာဖီယာ ။    ။ မင်းရူးနေလားကွ ခုချက်ချင်း အထဲပြန်ဝင်…

    ယူမီ မြေကြီးပေါ်တွင် ဒူးထောက်လျှက် တောင်းပန်သည်။ ရန်သူ တစ်ယောက် ယူမီနားသို့ ရောက်လာ၍ ယူမီ ကိုလက်သီးဖြင့် ပိတ်ထိုးလိုက်သဖြင့် ယူမီမြေပြင်ပေါ် လှဲကျသွားသည်။ လက်သီး ဒဏ်ရာကြောင့် ယူမီ နာကျင်သော်လည်း ရင်ထဲက အနာက ဆယ်ထက် မကပိုဆိုးသေးသည်။

ရန်သူ ။    ။ မင်းတို့က ရိုမီယို နှင့် ဂျူးလိယက် ဖြစ်ချင်နေကြတာပေါ့။ အေး မင်းတို့ ဆန္ဒပြည့်သွားအောင် နှစ်ယောက် စလုံးကို သတ်ပေးမယ်…

    ထိုစဉ် ရဲကားသံတွေ ယူမီနားထဲမှ သဲသဲကွဲကွဲ ကြားလိုက်ရသည်။ ရန်သူတွေလည်း လှုပ်လှုပ်ရွရွ ဖြစ်သွားကြပြီ၊

ရန်သူ ။        ။ ရဲတွေ လာပြီကွ။ ထွက်ပြေးကြ။ ထွက်ပြေးကြ…
တခြား ။    ။ တိုမိုယာကို ဘယ်လို လုပ်ခဲ့မလဲ…
ရန်သူ ။        ။ ထားခဲ့ရှုပ်တယ်။ နောက်တစ်ခါဆိုရင် မင်းအသေပဲ…

    ပြောကာ ရန်သူတွေ အားလုံး ထွက်ပြေးသွားကြသည်။ မာဖီယာကတော့ မြေကြီးပေါ်တွင် သွေးသံ တရဲရဲဖြင့် ကျန်ရစ်ခဲ့သည်။ ယူမီလည်း မာဖီယာ နားသို့ တဖြည်းဖြည်း တိုးတိုးသွားသည်။ ရဲကားဟု ထင်ထားသော ကားပေါ်မှ ဆင်းလာသည်မှာ ရဲတွေ မဟုတ်ပဲ၊ အိမိ၊ ဆာရှီမီ နှင့် ဆူရှီ တို့ ဖြစ်နေကြသည်။ ကျွန်မတို့နားသို့ အမြန်ပြေးလာကြပြီ၊

ဆာရှီမီ ။    ။ မာဖီယာ သွေးတွေ…
အိမိ ။        ။ ယူမီကို ဘာဖြစ်သွားသေးလဲ…
ဆူရှီ ။        ။ ယူမီကို ငါနင်ကို တွဲမယ်…
ယူမီ ။        ။ ငါကို မာဖီယာနားကို ပို့ပေး…
    ယူမီ စိတ်ထိခိုက်လွန်းလို့ မာဖီယာနားသို့ လမ်းလျှောက်ဖို့ စွမ်းအားမရှိတော့ပေ။ ဆူရှီ နှင့် အိမိတို့ ယူမီကို တွဲလျှက် မာဖီယာနားသို့ ခေါ်သွားသည်။ ပါးစပ်မှလည်း သွေးတွေ စီးကျနေပြီ မျက်နှာ တစ်ခုလုံး ရစရာ မရှိအောင် စုတ်ပတ်နေသော မာဖီယာကို ကြည့်၍၊

ယူမီကို ။    ။ ရှင် ကျွန်မကို လိမ်တယ်…
မာဖီယာ ။    ။ ငါကြောင့် မင်းပါ ဒုက္ခရောက်ရတာ။ ငါကို ခွင့်လွှတ်ပါ…
ယူမီကို ။    ။ ဒါဆို ရှင်နံမည် အရင်းကဘာလဲ...
မာဖီယာ ။    ။ နာဂါတို တိုမိုယာ…

    ယူမီ မာဖီယာကို သိုင်းဖက်၍ မာဖီယာ ရင်ခွင်ထဲမှာ ငိုချမိလိုက်သည်။ ယူမီ သူငယ်ချင်းတွေက ယူမီတို့ နှစ်ယောက်ကို နားမလည်နိုင်ပဲ ကြည့်နေကြသည်။

ဆာရှီမီ ။    ။ ငါတို့တော့ ဘာမှကို နားမလည်တော့ဘူး။ ဘာတွေ ဖြစ်နေကြတာလဲ။ မာဖီယာ နောက်လိုက်တာကရော ဘယ်သူတွေလဲ…
ယူမီ ။    ။ ငါလည်း ဒီနေ့မှ သိတာ မာဖီယာက နဂါးနီဂိုဏ်းက နယ်ပိုင် တစ်ယောက် ဆိုတာကို…
    သူတို့ အားလုံး တော်တော် ထိတ်လန့်သွားပုံဖြင့်၊
ဆာရှီမီ ။    ။ မာဖီယာက နဂါးနီဂိုဏ်းက…
ဆူ၇ှီ ။    ။ ဘာ…
အိမိ ။    ။ အင်း ဒါဆို မာဖီယာက ယာကူဇာဂိုဏ်းဝင် အစစ်ပေါ့…
    မာဖီယာ ခေါင်းညိတ်ပြသည်။

ယူမီ ။    ။ ဟုတ်တယ်။ ဒါကြောင့် ပုတ်သင်ညှိဂိုဏ်းက သူကို အသေရရ လိုက်သတ်နေတာပေါ့…
အိမိ ။    ။ ဒါဆိုရင် ယူမီကိုမှာလည်း အသက်အန္တာရာယ် ရှိနိုင်တယ်။ ငါတို့ ရဲစခန်းသွားရင်ရော…
ယူမီ ။        ။ ရဲစခန်း နောက်မှသွား။ ခုအရင်ဆုံး မာဖီယာကို ဆေးရုံ ခေါ်သွားမှ ဖြစ်မယ်…
ဆူရှီ ။        ။ အေး ဟုတ်တယ်…
    ယူမီ မျက်ရည်များကို သုတ်၍ မာဖီယာကို တွဲခေါ်တွင် မာဖီယာက ဟန့်တားတဲ့ ပုံဖြင့် ယူမီလက်ကို ဆွဲဖြုတ်လိုက်ပြီ၊

မာဖီယာ ။    ။ ငါဆေးရုံသွားလို့ မဖြစ်ဘူး။ သူတို့ ဆေးရုံသွားတဲ့လမ်းမှာ စောင့်နေလိမ့်မယ်…
ဆာရှီမီ ။    ။ ဒါဆို ရဲတိုင်ရင်ရော…
မာဖီယာ ။    ။ အဲဒါလည်း မရဘူး။ ရဲစခန်း အသွားမှာ ငါကို အသေသတ်သွားလိမ့်မယ်။ အား နာလိုက်တာ…

    မာဖီယာက သူ့လက်မောင်းကို စုတ်ကိုင်လိုက်သည်။ မာဖီယာ လက်မောင်းကို သေချာ ကြည့်လိုက်မှ ဓားဖြင့် အထိုးခံထားရမှန်း သိတော့သည်။ ဒီအတိုင်းတော့ မဖြစ်ပေ သွေးလွန်းပြီ သေနိုင်သည် တွေးမိ၍ ယူမီ ကြံရမရတဲ့ အဆုံး ယူမီအိမ်သို့ ပြန်တာ အကောင်းဆုံးဟု စဉ်းစားမိသည်။

ယူမီ ။    ။ ရှင်သွေးတွေ ဒီလောက် ထွက်နေတာ ဒီအတိုင်းတော့ မဖြစ်ဘူး။ ဒါဆို ကျွန်မအိမ်ပြန်ရင်ရော…
ဆူရှီ ။        ။ အေး ယူမီကို အိမ်ကိုတော့ သူတို့ မသိနိုင်ဘူး…
မာဖီယာ ။    ။ သူတို့ကို လျှော့တွက်လို့ မရဘူး။ ယူမီကို့ ကိုသိသွားရင် ခုလောက်ဆို ယူမီကို အိမ်နားမှာ စောင့်နေမှာ သေချာတယ်…
ယူမီ ။    ။ မဖြစ်နိုင်လောက် ပါဘူး။ ကျွန်မ အိမ်ကို ရှာရတာ မလွယ်လောက်ပါဘူး…
အိမိ ။    ။ အေးလေ…
မာဖီယာ ။    ။ မယုံရင် တိတ်တိတ်လေး အရင်သွားကြည့်ကြတာပေါ့…
ယူမီ ။    ။ အိုကေလေ…
    မာဖီယာကို တွဲခေါ်ပြီ ယူမီအိမ်သို့ မောင်းနှင်လာသည်။ မာဖီယာ တစ်လမ်းလုံး ယူမီ ပခုံးပေါ် မှီမှေးလျှက် ပါလာသည်။ မာဖီယာကို ကြည့်ပြီ ယူမီမှာ နည်းနည်းလေးမှ စိတ်မအေးနိုင်ပေ။ ယူမီ အိမ်နားသို့ ရောက်ခါနီးတွင် ကားကို တစ်နေရာတွင် ရပ်ထားခဲ့သည်။ မာဖီယာကိုလည်း ကားပေါ်မှာ စောင့်ခိုင်းထားပြီ ယူမီတို့ တိတ်တိတ်လေး ထွက်လာကြသည်။
    ယူမီိတို့ အိမ်နား ရောက်ခါနီးတွင် လူအရိပ်တစ်ခုကို တွေ့လိုက်၍ အားလုံး တိတ်ဆိတ်သွားကြသည်။ ယူမီတို့ မှောင်ရိပ်ခိုလျှက် လမ်း တစ်ဖက်က ယူမီအိမ်ရှေ့သို့ ချောင်းကြည့်လိုက်သည်။ ယူမီအိမ်ရှေ့နားမှာ ကားတစ်စီး ရပ်ထားသည်က လွှဲ၍ တခြား မသင်္ကာ စရာ မရှိပေ။

ယူမီ ။        ။ သူတို့ မရှိကြပါဘူး။ ငါအိမ်ထဲ အမြန် ပြေးဝင်သွားလိုက်မယ်…
ဆူရှီ ။        ။ အေး ငါလည်း နင်နဲ့ လိုက်ခဲ့မယ်…

    ပြောကာ ယူမီ ထွက်မယ် အလုပ်တွင် အိမိက ယူမီလက်ကို လက်ဖမ်းဆွဲလိုက်ပြီ အနောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။

ယူမီ ။        ။ အိမိ ဘာဖြစ်လို့လဲ…
အိမိ ။        ။ ဟိုမှာ နောက်ကား တစ်စီး လာနေတာ မတွေ့ဘူးလား…
မှောင်ရိပ်မှ နေ၍ ခေတ္တ ခဏ စောင့်ကြည့်လိုက်တော့ ပုတ်သင်ညှိဂိုဏ်းက နောက်ကားတစ်စီး ရောက်လာပြီ ရပ်ထားသော ကားနဲ့ စကားတွေ ပြော၍ ထွက်သွားကြသည်။ ဒါဆို မာဖီယာ ပြောနေတာမှန် နေပါ့လား ခုချိန်မှာ အိမ်လည်း ပြန်လို့ မရသည်မို့ ကားဆီသို့ ပြန်ပြေးလာကြသည်။ ကားပေါ်ရောက်တော့၊

ယူမီ ။    ။ ရှင်ပြောတာ မှန်တယ်။ ကျွန်မ အိမ်ရှေ့မှာ စောင့်နေကြတယ်။ ကျွန်မတို့ ခုဘယ်ကို သွားကြမလဲ…
မာဖီယာ ။    ။ ငါအဆောင်ကို သူတို့ မသိလောက်ဘူး။ ငါ့အဆောင်ကို မောင်း…

    ယူမီလည်း မာဖီယာ နေတဲ့ အဆောင်ကို မောင်းလာခဲ့သည်။ မာဖီယာ အဆောင်ရောက်သည်နှင့် မာဖီယာကို တွဲခေါ်လာခဲ့သည်။

မာဖီယာ ။    ။ ဆေးသေတ္တာ ငါကုတင်အောက်မှာ ရှိတယ်…
ယူမီ ကုတင်အောက်မှ ဆေးသေတ္တာကို ယူသည်။ ဆေးသေတ္တာက လေး၍ ၃ယောက်လောက် ၀ိုင်းမရသည်။ ဒီဆေးသေတ္တာလောက် ဆေးစုံတဲ့ ဆေးသေတ္တာ တစ်ခါမှ မတွေ့ဘူးပေ။ ယူမီ တတ်မှတ် သလောက် မာဖီယာ ဒဏ်တွေကို ဆေး ထည့်ပေးသည်။

မာဖီယာ ။    ။ အား ဖြည်းဖြည်းသာသာ လုပ်ပါ…
ယူမီ ။        ။ ဆော်ရီး…
ဆာရှီမီ ။    ။ ယူမီကို နင်အိမ်လည်း ပြန်လို့ မရတော့ဘူး ဆိုတော့ ဘယ်လို လုပ်မလဲ…
ယူမီ ။        ။ အေး ငါလည်း မသိတော့ဘူး…
ဆူရှီ ။        ။ ဘာမှ အားမငယ်နဲ့ ငါတို့ နင်နဲ့ တူတူနေပေးမယ်လေ…
အိမိ ။    ။ ဟုတ်တယ် နင်တို့ ရန်သူဆိုရင် ငါတို့ ရန်သူပဲပေါ့။ ပုတ်သင်ညှိဂိုဏ်းက ကောင်တွေကို ငါတို့ ပေါင်းပြီ အမှုန့်ခြေ ကြမယ်…

    ယူမီ သူငယ်ချင်းတွေ ယူမီအတွက် မရှိမဖြစ် လက်တွဲဖော်များ ဆိုတာ အန္တာရာယ် ကြုံမှ သိခွင့်ရလို့ အရမ်းဝမ်းသာမိသည်။ မာဖီယာကိုတော့ ကုတင်ပေါ်မှာ အနားယူခိုင်း ထားသည်။ ယူမီ ဒယ်ဒီတို့ စိတ်ပူ နေမှာစိုး၍ ဖုန်းဆက်လိုက်သည်။

ယူမီ ။        ။ ဒယ်ဒီလား။ ယူမီပါ…
ဒယ်ဒီ ။        ။ အေး သမီးပြော…
ယူမီ ။        ။ ယူမီ ဒီနေ့ အပြင်မှာ အိပ်ရလိမ့်မယ်…
ဒယ်ဒီ ။        ။ အပြင်မှာ အိပ်တာ မကြိုက်ပါဘူးလို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ…
ယူမီ ။        ။ နာဂါတိုလည်း ရှိပါတယ်။ စိတ်ချပါ ဒယ်ဒီရဲ့…
ဒယ်ဒီ ။    ။ ဘြော် ဟုတ်လား။ နာဂါတို နဲ့ဆိုရင်တော့ ဒယ်ဒီ သဘောတူတယ်။ အဲ… နေပါအုန်း ညအိပ်တဲ့ အထိတော့ ငါသဘောမတူနိုင်သေးဘူး။ မရဘူး။ ခုချက်ချင်း အိမ်ပြန်လာခဲ့စမ်း…
ယူမီ ။    ။ မရဘူး။ ဒယ်ဒီဘဲ သဘောတူပြီးပြီ။ ဘိုင်ဘိုင်…

    ယူမီ ရူးသလိုလို ပေါသလိုလိုနဲ့ ဖုန်းချလိုက်သည်။ ခုလုပ်ရမယ့် အလုပ်က အဆောင်မှာ အလှည့်ကျ ကင်းစောင့်ရမည် ဖြစ်သည်။ အားလုံးကို walkie talkie တွေပေးထားပြီ ကိုယ်နေရာမှာ ကိုယ်စောင့်ကြပ်ခိုင်းထားသည်။ အိမိက ခေါင်းမိုးပေါ်ကနေ စောင့်ကြည့်ဖို့ တာဝန်ပေးထားသည်။ ဆူရှီကတော့ အိမ်အောက်ထပ်မှ စောင့်ရသည်။ ဆာရှီမီကတော့ ၀ရန်တာမှ မှန်ဘီလူးဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်ခိုင်းထားသည်။ ယူမီ ကတော့ မာဖီယာနှင့် အတူတူ ပြန်ခုခံရန် အစီအစဉ်တွေ ဆွဲနေသည်။ ထိုစဉ် လမ်းမမှ သေနတ်ပစ်သံ တစ်ချက်ကို သဲသဲကွဲကွဲ ကြားလိုက်၍ ထိုင်ရာမှ ထရပ်လိုက်သည်။
                              ဆက်ရန်....................

2 comments:

  1. အဲဒါ ပြီးသွားတာလား တိုးလို့တန်းလန်းကြီးနော်
    ဆက်ရန်လဲ မပါဘူး..။

    ReplyDelete
  2. မေပယ်လ် ရေ မပြီးသေးဘူးနော်။ ဆက်ရန်ေ၇းဖို့ ကျန်ခဲ့လို့ ဟီးဟီး... :)

    ReplyDelete