အခန်း-၂၀ (အိမိ)
ကျွန်မခေါင်းမိုးပေါ်မှ စောင့် ကြပ်နေစဉ် လမ်းမတန်းဘက်မှ သေနတ်ပစ်သံ ကြားလိုက်ရသဖြင့် အရမ်းကို ထိတ်လန့်သွားသည်။ အချိန်က ည၁၂နာရီလောက် ရှိပြီမို့ လမ်းမတန်းဘက်မှာ မှောင်မဲနေပြီး ဘာမှ သေသေချာချာ မမြင်ရပေ။ ဒါကြောင့် ခေါင်းမိုးပေါ်မှ အမြန်လျှောဆင်းပြီး အခန်းထဲသို့ ပြေးဝင်လာသည်။ ဆူရှီကလည်း အိမ်အောက်ထပ်မှ အပေါ်သို့ ပြေးတက်လာသည်။
ယူမီကို ။ ။ အိမိ နင်သေနတ်ပြစ်သံ ကြားလိုက်တယ် မဟုတ်လား…
ကျွန်မ ။ ။ အေး၊ ဒုက္ခပါပဲ။ လိုက်လာကြပြီနဲ့ တူတယ်…
ဆူရှီ ။ ။ ယူမီကို၊ ငါတော့ မသေချင်သေးဘူးဟာ…
မာဖီယာက ကျွန်မတို့ သုံးယောက်ကိုကြည့်ပြီး အားရပါးရ ထရယ်သည်။
မာဖီယာ ။ ။ ဟားဟားဟား… မင်းတို့တွေ တော်တော်ရယ်စရာ ကောင်းတာကိုး။ အဲဒါ သေနတ်ပစ်သံမှ မဟုတ်တာ…
ထိုအချိန်တွင် ၀ရန်တာမှ ဆာရှီမီ အော်သံကိုကြားလိုက်ရသည်။
ဆာရှီမီ ။ ။ ယူမီကို၊ သေနတ်ပစ်တာ မဟုတ်ဘူး။ ကားဘီးပေါက်တာ…
ခုမှပဲ ကျွန်မတို့မှာ စိတ်သက်သာရာ ရသွား၍ မျှော့ခွေသွားသည်။ မာဖီယာက ကျွန်မတို့ ၄ယောက်ကို စုဝေးခို်င်းလိုက်ပြီး ရန်သူနှင့် ရင်ဆိုင်ရန် အစီအစဉ် စာရွက်တွေ ဝေပေးလိုက်သည်။
မာဖီယာ ။ ။ ဒါ ကျွန်ုပ်ဆွဲထားတဲ့ အစီအစဉ်တွေ။ ကိုယ့်နေရာမှာ ကိုယ်တာဝန် ကျေပါစေ…
ကျွန်မတို့ ၄ ယောက် မာဖီယာ ပေးတဲ့ အစီအစဉ်တွေကို ဖတ်ပြီးတာနှင့် တပြိုင်နက်တည်း ပက်လှပ်လှန် ပြုတ်ကျသွားကြသည်။ ကျွန်မတို့ တစ်ယောက်ချင်းဆီကို ရန်သူ ၁၀ ယောက်စီကို တာဝန်ယူရမည်ဟု ရေးထားသောကြောင့် ဖြစ်သည်။ အားလုံးထဲတွင် ယူမီကိုက မကျေနပ်ဆုံးဖြစ်သည်။
ယူမီကို ။ ။ ရှင်မတရားဘူး။ သူတို့ကတော့ ရန်သူ ၁၀ယောက်ပဲ တာဝန်ယူရပြီး ဘာလို့ ကျွန်မကျတော့ ရန်သူ အယောက် ၂၀တောင် တာဝန်ယူ ချရမှာလဲ…
မာဖီယာ ။ ။ ယူမီကို၊ မင်းက တစ်နေ့ ယာကူဇာဂိုဏ်းဝင် ဖြစ်ချင်တဲ့သူလေ။ သူတို့နဲ့ ဘယ်တူလို့ ရပါ့မလဲ…
ယူမီကို ။ ။ အင်း ဒါဆို ယာကူဇာမ၀င်တော့ဘူး…
မာဖီယာ ။ ။ ဘယ်ရပါ့မလဲ၊ ၀င်ချင်တုန်းကလည်း သူပဲ။ မရဘူး…
ဆာရှီမီ၊ ဆူရှီ နှင့် ကျွန်မတို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး၊
ဆာရှီမီ ။ ။ ကျွန်မလည်း ယာကူဇာ မ၀င်ရရင်နေပါစေ။ ရန်သူ ၁၀ယောက်နဲ့တော့ မချချပါရစေနဲ့…
ဆူရှီ ။ ။ ဟုတ်တယ် ငါကောပဲ…
ကျွန်မ ။ ။ အိမိက စကတည်းက ယာကူဇာဂိုဏ်းဝင်ဖို့ စိတ်ကူးလည်း လုံးဝမရှိဘူး။ ဒါကြောင့် ၅ယောက်လျှော့ပေးပါနော်…
ကျွန်မတို့ အားလုံး မာဖီယာကို ၀ိုင်းအပူကပ်ကြသည်။ မာဖီယာက မျက်နှာ ခပ်တင်းတင်းဖြင့်၊
မာဖီယာ ။ ။ ရန်သူက ကိုယ့်ကို သေနတ်ချိန်းထားတာကိုး ခုမသတ်နဲ့အုန်း။ နောက်မှ သတ်ပါ သွားပြောနေလို့ ရပါ့မလား။ ဒါကြောင့် သင်ခန်းစာ တစ်ခုအနေနဲ့ပဲ အောင်းမေ့ လိုက်ကြပေါ့။ ခင်များတို့ကို လက်ဗလာချည်းပဲ မတိုက်ခိုက် ခိုင်းပါဘူး…
မာဖီယာ သူ့အင်္ကျီကိုဖွင့်လိုက်ရာ၊ ထိုခဏ အလင်းတန်းကြီး တစ်ခု ပေါ်လာသဖြင့် ကျွန်မတို့ အားလုံး မျက်လုံးကြိမ်းသွား၍ မျက်စိခဏ မှိတ်လိုက်ရသည်။ ပြန်ဖွင့်လိုက်ရော ကျွန်မတို့ ၄ယောက်ရှေ့တွင် လက်နက်အပုံကြီး တစ်ခုရောက်နေသည်။ လက်နက်တွေ များလွန်းလို့ မာဖီယာကိုတောင် မမြင်ရတော့ပေ။ လက်နက်ပုံထဲမှာ ဓားမျိုးစုံ၊ သေနတ်မျိုးစုံ၊ လက်ပစ်ဗုံးမျိုးစုံ နှင့် တခြား လက်နက်များ ပါဝင်သည်။ ဒီလောက် များပြားလှသည့် လက်နက်တွေများကို မာဖီယာအကျီင်္ထဲမှာ ဘယ်လို ၀ှက်ထားသည်ကို စဉ်းစားရင်းတောင် ရူးချင်လာသည်။ ယူမီကိုက မာဖီယာ နားသို့ ပြေးသွားပြီး မာဖီယာ အကျီင်္ကို အတင်းသွားဆွဲချွတ်သည်။
ယူမီကို ။ ။ ရှင်အကျီင်္ ချွတ်စမ်း…
မာဖီယာ ။ ။ ဟေ့ ခင်များတို့ ဒါဘာလုပ်တာလဲဗျ။ ခင်များတို့က မိန်းခလေး ၄ယောက် ဆိုပြီး ကျွန်ုပ်ကို မတော်မတရားတော့ လာမလုပ်ကြနဲ့နော်…
ယူမီကို ။ ။ ရှင် လက်နက်တွေ ဘယ်လို အကျီင်္ထဲမှာ ၀ှက်ထားတာလဲပြော…
မာဖီယာ ။ ။ ဒါက ကျွန်ုပ်အစွမ်းပဲ။ ဘယ်ပြောပြလို့ ဖြစ်ပါ့မလဲ။ ကိုယ်ကြိုက်တဲ့ လက်နက်သာ သွားရွေးစမ်းပါ…
မာဖီယာက ယူမီကိုကို ပြန်တွန်းထုတ်လိုက်သည်။ ယူမီကိုက မကျေနပ်သည့် ပုံဖြင့် စူပုပ်နေသည်။ ကျွန်မလည်း မာဖီယာက လက်နက်ဝှက်သည့် လှိုဝှက်ချက်ကို စိတ်ထဲမှာ ကြိတ်ပြီ အရမ်းသိချင်နေမိသည်။ ယူမီကိုက လောက်လေးဂွကို အရင်ဆုံး ယူလိုက်ပြီ၊
ယူမီကို ။ ။ ဟိုတစ်ခါ ဆတ်ကြေးတောင်းတုန်းက လောက်လေးဂွပစ်တာ တော်တော် လက်မှန်တယ်။ မဆိုးဘူး။ ဒါပဲရွေးမယ်…
ဆူရှီ ။ ။ ငါကတော့ လက်ပစ်ဗုံးဘဲ ယူမယ်။ ဒါနဲ့ ပြစ်ချင်ရင် ဒီစနက်တံကြီးကို ဒီလို ဆွဲဖြုတ်ရမှာ မဟုတ်လား…
ဆူရှီ စကားမဆုံးသေခင် လက်ပစ်ဗုံးမှ စနက်တံကို ဆွဲဖြုတ်လိုက်သည်။
ကျွန်မ ။ ။ အားအား ဗုံးပေါက်တော့မယ်…
ဆူရှီလည်း ကြောက်၍ လက်ပစ်ဗုံးကို မာဖီယာရှေ့သို့ ပစ်ချပြီ ကျွန်မတို့နှင့် တူတူ အဝေးသို့ ထွက်ပြေးကြပြီး နားပိတ်ထားလိုက်သည်။ မာဖီယာကတော့ နောက်မှ မလိုက်လာပဲ တစ်ယောက်ထဲ ကျန်ရစ်ခဲ့သည်။ ခဏကြာတော့ ဘာအသံမှ မကြားသည်နှင့် အိမ်ခန်းထဲသို့ ပြန်ဝင်လာတော့ မာဖီယာ အကျီင်္ထဲမှ အခိုးအငွေ့တွေ ထွက်နေပြီး၊
မာဖီယာ ။ ။ ရင်ထဲမှာ နွေးသွားတာပဲ…
ယူမီကို ။ ။ လက်ပစ်ဗုံးရော…
မာဖီယာ ။ ။ ကျွန်ုပ် အကျီင်္ထဲ ပြန်ထည့်သိမ်း လိုက်ပြီလေ…
ယူမီကို ။ ။ ဘာ…
မာဖီယာက တော်တော်ကို ထူးဆန်းပြီး တကယ်ကို ထူးချွန်တဲ့ ယာကူဇာဂိုဏ်းဝင် တစ်ဦး ဆိုသည်မှာ သေချာသည်။ သူမှာ သာမန်လူတွေ မရှိတဲ့ အစွမ်းသတ္တိတွေ ရှိသည်။ အစကတော့ ယူမီကိုက မာဖီယာလို အစုတ်ပလုတ်ကို တွဲသည်မို့ မကျေနပ် ဖြစ်မိသည်။ ခုတော့ ဒီလို တော်တဲ့ လူမျိုးနဲ့တောင် ဖူးစာစုံချင်သေးသည် တွေးရင်း အတွေးကမ္ဘာထဲ မျောနေစဉ် ဆူရှီက သူအားကြီးနဲ့ ကျွန်မကျောကို ရိုက်လိုက်သဖြင့် အသက်ထွက်မတတ် ဖြစ်သွားသည်။
ဆူရှီ ။ ။ အိမိ၊ နင် လက်နက်မရွေးပဲ ဘာတွေ ပြုံးစိစိ လုပ်နေတာလဲ…
ဆာရှီမီ ။ ။ ဆူရှီရယ်၊ အိမိကို ဖြည်းဖြည်းသာသာ လုပ်ပါ။ ရန်သူနဲ့ မတိုက်လိုက်ရပဲ သေသွားပါအုန်းမယ်…
ကျွန်မ ။ ။ အေးဟုတ်တယ်…
ဆာရှီမီကတော့ လက်နက်တွေ တစ်ခုပြီး တစ်ခုရွေးနေသည်။
ဆာရှီမီ ။ ။ ငါက ဂျက်ကီးချန်းကို ကြိုက်တော့ နံကျပ်ကူပဲ ယူမယ်။ ငါ နံကျပ်ကူနဲ့ ရန်သူတွေကို ဘယ်လို ချမယ် ဆိုတာ အစမ်းပြမယ်…
ကျွန်မတို့ အားလုံးလည်း စိတ်ဝင်တစားဖြင့် ၀ိုင်းကြည့်နေကြသည်။ ဆာရှီမီ တစ်ယောက် နံကျပ်ကူကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် သူမခေါင်း ပြန်ရိုက်မိပြီ အင်းခနဲ မေ့လှဲကျသွားသည်။ နောက်ဆုံး ကျွန်မ လက်နက်ရွေးဖို့ အလှည့်ပင် ကျန်တော့သည်။ ကျွန်မ ဟိုလက်နက် ယူရကောင်းနိုးနိုး၊ ဒီလက်နက် ယူရကောင်းနိုးနိုး စဉ်းစားရခက်နေသည်။ နောက်ဆုံး လက်နက်အပုံးကြီးထဲမှ နင်ဂျာတွေ သုံးသည့် ကြယ်ကို ယူလိုက်သည်။
ကျွန်မ ။ ။ ငါကတော့ နင်ဂျာတွေကို သဘောကျတော့ ကြယ်နဲ့ ရန်သူတွေကို တစ်ယောက်ပြီ တစ်ယောက် ပစ်မယ်။ အစမ်းပစ်ပြမယ် ကြည့်နေ…
ကျွန်မကို ဘယ်သူမှ အယုံအကြည် မရှိကြသည်နှင့် မပစ်ရန် ၀ိုင်းတောင်းပန် ကြ၍ ကျွန်မ အစွမ်းကို ပြသခွင့် မရလိုက်ပေ။ လက်နက်ကိုယ်စီ ရွေးပြီးပြီမို့ ညအိပ်ရန် ပြင်ဆင်ကြသည်။ မာဖီယာက အိမ်ရှင်ပီသစွာဖြင့် ကုတင်ပေါ်မှာ အိပ်ပြီး ကျွန်မတို့က ကုတင်ဘေး ကြမ်းပြင်ပေါ်မှာ တန်းစီ အိပ်ကြရသည်။ မနက်မိုးလင်းတော့ မာဖီယာ ခြေထောက်ဖြင့် ကျွန်မတို့ကို လာကန်ပြီး နှိုးသည်။
မာဖီယာ ။ ။ ဟိတ်၊ ထကြတော့လေ။ သိုးနေကြတာများ၊ ရန်သူတွေက လာသတ်သွားရင် သိတောင် သိလိုက်မှာ မဟုတ်ဘူး…
ယူမီကို ။ ။ ၀ါးဝါးဝါး… ခုမှ ၅နာရီပဲ ရှိသေးတာ။ နောက် ၅မိနစ်နေရင် ထမယ်…
မာဖီယာ ။ ။ မရဘူး ခုချက်ချင်းထ…
ကျွန်မတို့လည်း မနှိုးတ၀က် နှိုးတ၀က်ဖြင့် အိပ်ယာမှ ကုန်ရုံးထကြသည်။ အဲဒီနောက် မာဖီယာက ကျွန်မတို့ကို တန်းစီခိုင်းပြီး အမှာစကား စချွေတော့သည်။
မာဖီယာ ။ ။ ခု ကျွန်ုပ်တို့ ရင်ဆိုင်ရမယ့် ပုတ်သင်ညှိဂိုဏ်းက နယ်နယ်ရရ ယာကူဇာဂိုဏ်း မဟုတ်ဘူး ဆိုတာတော့ မှတ်ထားစေချင်တယ်။ ခင်များတို့ အသက်ကို ဟင်းရွက်ကန်းစွန်းလို ချေပစ်လိုက်ဖို့ ၀န်လေးနေမှာ မဟုတ်သလို၊ ခင်များတို့က အရင်ရှင်းနိုင်မှ အသက်ရှင်နိုင်မယ်။ ကျွန်ုပ်ကတော့ ဘယ်သူကိုမှ အထိအနာ မဖြစ်စေချင်ဘူး။ ပြီးတော့ ခင်များတို့ရဲ့ အစွမ်းကိုလည်း ကျွန်ုပ်ယုံကြည်တဲ့ အတွက် ဒီလို ကျွန်ုပ်ကို ကူညီပေးမှာကို လက်ခံခဲ့တာပဲ။ ဒါကြောင့် မကြာခင် သူတို့ ကျွန်ုပ်တို့ကို လာတိုက်ခိုက်ရင် ကိုယ့်တာဝန် ကိုယ်ကျေကြပါစေ…
မာဖီယာ မိန့်ခွန်း ပြောပြီးသည်နှင့် ကျွန်မတို့ တစ်ယောက်ချင်းဆီရဲ့ ပခုံးကို ပုပ်၍ အားပေးသည်။ နောက်ဆုံး ယူမီကို အလှည့်ရောက်တော့ ယူမီကို ပခုံးကို အကြာကြီးကိုင်ထားပြီး၊
မာဖီယာ ။ ။ ကိုယ်မှာတာကို ဂရုစိုက်ပါ…
ဟု ကြင်နာစကားလေး ပြောသွားပြီး အောက်ထပ်သို့ အရင်ဆင်းသွားသည်။ ဆာရှီမီကတော့ မာဖီယာက ယူမီကို့ အပေါ် အရမ်းကောင်းတာပဲ၊ ငါလည်း ရည်စားလိုချင်တယ် ဟုအော်ပြီး ကျန်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် မာဖီယာ၏ မိန့်ခွန်းကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ရှိလာပြီး ကျွန်မတို့ အားလုံး ရန်သူကို တိုက်ဖို့ အဆင်သင့် ပြင်ကြသည်။ လာစမ်းပါ၊ ရန်သူတွေ တစ်ယောက်ပြီး တစ်ယောက်၊ အမျိုးဖြုတ်ပြမယ်ဟု ကျွန်မ စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။ ကျွန်မတို့ အားလုံးလည်း အောက်ထပ်သို့ လိုက်ဆင်းလာကြသည်။
မာဖီယာ ။ ။ မင်းတို့ အားလုံး အဆင်သင့် ဖြစ်ပြီ ဆိုရင် ငါတံခါးဖွင့်လိုက်တော့မယ်…
ကျွန်မတို့က ထောက်ခံသည့်သဘောဖြင့် ပြိုင်တူခေါင်းညိတ်ပြလိုက်သည်။ မာဖီယာ လည်းအိမ်ရှေ့ တံခါးမကြီးကို ဖြည်းညင်းစွာ ဆွဲဖွင့်လိုက်သည်။ ကျွန်မ ကိုယ်မျက်စိတောင် မယုံနိုင်အောင် အဆောင်ရှေ့တွင် တုတ်တွေ၊ ဓားတွေဖြင့် ရန်သူ အယောက် ၃၀ လောက် စောင့်နေသဖြင့် လန့်ဖျန့်သွားလေသည်။ ဒါနှင့် မာဖီယာက တံခါးဖွင့်သည်ကို ကျွန်မတို့ ၄ယောက်က မဖွင့်နဲ့ ပြိုင်တူအော်၍ ၀ိုင်းတွန်း ပိတ်ကြသည်။
မာဖီယာ ။ ။ ဘာလည်း၊ ခုမှ ကြောက်နေပြီလား။ ကြောက်ရင် အပေါ်မှာ သွားပုန်းနေ။ ကျွန်ုပ်ကလည်း ဘယ်ငကြောက်တွေရဲ့ အကူအညီမှ မလိုချင်ဘူး…
ယူမီကို ။ ။ ကျွန်မပုံက ကြောက်နေတဲ့ပုံပေါ်နေလို့လား…
မာဖီယာ ။ ။ အေး ဒါဆို မင်းနေခဲ့။ မင်းတို့ရော…
ဆူရှီ၊ ဆာရှီမီ နှင့် ကျွန်မတို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး မာဖီယာနှင့် အတူတူ တိုက်ပွဲဝင်ရန် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချလိုက်သည်။ မာဖီယာ အိမ်ရှေ့တံခါးကို ဒီတစ်ခါ လက်ဖြင့် မဖွင့်တော့ပဲ ခြေထောက်ဖြင့် တချက် ကန်လိုက်သည်နှင့် တံခါးအချပ်လိုက် အပြင်သို့ လွင့်ထွက်သွားသည်။ ရန်သူတွေက မာဖီယာကို မြင်သည်နှင့်၊
ရန်သူတွေ ။ ။ တိုမိုယာ၊ ဒီနေ့ မင်းကို ငရဲပြည်ပို့မယ့် နေ့ပဲကွ…
မာဖီယာ ။ ။ ဟားဟားဟား၊ ငရဲပြည်သွားရမှာ ငါမဟုတ်ဘူးကွ။ မင်းတို့…
ရန်သူတွေ ။ ။ တိုမိုယာကို အသေသတ်ကြ။ ယားယားယား….
အော်၍ ရန်သူတွေ ချီတက်လာကြသည်။ မာဖီယာက သူ့ကိုခုတ်လာသော ဓားကို နောက်ပြန်ရှောင်လိုက်ပြီး ရန်သူ့ ဗိုက်ကို လက်သီးဖြင့် ၃ ချက်ဆက်တိုက် ထိုးလိုက်ပြီး နောက်က ရန်သူတွေကို ခြေထောက်ဖြင့် စုံကန်လိုက်သည်။ ရန်သူတွေက တဖြည်းဖြည်း ပိုပိုများလာ၍ မာဖီယာ နှင့် ရန်သူတိုက်ပွဲကလည်း တဖြည်းဖြည်း ပိုမို ပြင်းထန်လာသည်။ ရန်သူတွေ၏ တုတ်တွေ၊ ဓားတွေ ကြားမှာ မာဖီယာတစ်ယောက် ရဲရင့်စွာ တိုက်ခိုက်နေသည်ကို ကျွန်မ စိတ်ထဲ တကယ်ကို ချီးကျူးမိသည်။ မာဖီယာ နောက်ကျောမှ တုတ်နှင့် အလစ်အချခံလိုက်ရသဖြင့် မာဖီယာ လှဲသွားသော်လည်း ချက်ချင်းပင် ကျွမ်းပစ်၍ ပြန်ထလာပြီး ရန်သူနှင့် ပြန်တိုက်ခိုက်သည်။
ရန်သူတွေက ယူမီကို့ ကိုမြင်သွားသည်နှင့်၊
ရန်သူ ။ ။ ဟိုမှာ တိုမိုယာ ကောင်မလေး။ သူကို ရအောင်ဖမ်းကြ…
ကျွန်မတို့ ၄ယောက်ကို ရန်သူတွေ ၀ိုင်းထားလိုက်ကြသည်။
ဆူရှီ ။ ။ ငါတို့ကို ဘာလို့ ၀ိုင်းကြတာလဲ။ ရော့ နင်တို့အတွက် ပန်းသီး၊ ငပျောသီးတွေ..
ဆူရှီတယောက် ပန်းသီးတွေ၊ ငပျောသီး၊ ဖရဲသီးတွေဖြင့် ရန်သူတွေကို ပစ်ပေါက်သည်။ ကျွန်မလည်း စိတ်ထဲမှ ဒီလောက် တိုက်ပွဲ ဖြစ်နေသည်ကို အစားက မှတ်သေးသည်ဟု ဆူရှီကို အပြစ်တင်လိုက်မိသည်။ အမှန်တော့ ဒီသစ်သီးတွေက ဆူရှီထွင်ထားသော လက်ပစ်ဗုံး လက်နက်တွေ ဖြစ်နေသည်။ လက်ပစ်ဗုံး တစ်လုံးထဲဖြင့် ရန်သူ ၃ယောက် မှောက်သွားသည်။
ဆာရှီမီကလည်း နံကျပ်ကူကို မျိုးစုံ ကစားပြပြီး ရန်သူတွေကို သူမဆီ ဦးတည်လာအောင် မျှားခေါ်၍ တစ်ယောက်ချင်းဆီကို နံကျပ်ကူဖြင့် ဆော်တော့သည်။ ကျွန်မကတော့ ကြောက်အားကြီးပြီး ဒူးတွေ တစ်ဆစ်ဆစ်တုန်နေသည်။
ဆာရှီမီ ။ ။ အိမိ၊ ၀င်မချပဲ ဘာလုပ်နေတာလဲ…
ကျွန်မရဲ့ နင်ဂျာကြယ်ကို ထုတ်လိုက်ပြီး ရန်သူတွေဆီသို့ သေသေချာချာ ချိန်၍ တချက်ပြီးတချက် ပစ်ခတ်သည်။ ဒါပေမယ့် ပစ်တိုင်း တစ်ခါမှ မထိပေ။ ၈ ခုမြောက်ကြယ် အပစ်တွင် အားခနဲ အော်သံကြားလိုက်ရသဖြင့် ၀မ်းသာအားဖြင့် အော်သည့်သူကို ကြည့်လိုက်တော့ ရန်သူ့ကို မထိမှန်ပဲ မာဖီယာ လက်မောင်းတွေ သွားစိုက်နေသည်။ ကျွန်မလည်း မသိချင်ယောင်ဆောင်၍ အနောက်မှာ သွားပုန်းနေသည်။
နောက်ဆုံးတော့ ကျွန်မတို့ရဲ့ မိန်းမဆိုးလေးများ ခေါင်းဆောင် ယူမီကို ကိုယ်တိုင် ရှေ့  ထွက်လာပြီး ရန်သူတွေနဲ့ ရင်ဆိုင် တိုက်ခိုက်တော့သည်။ ယူမီကိုက ကရာတေးလည်း တတ်သည်မို့ ကရာတေးဖြင့် ရန်သူ့ မျက်နှာကို ခြေထောက်ဖြင့် တစ်ချက် ပိတ်ကန်လိုက်သည်။ ပြီးမှ သူမ၏ လက်နက် လောက်လေးဂွကို ထုတ်၍ ရန်သူ တစ်ယောက်ချင်းဆီကို ချိန်၍ ဆော်တော့သည်။ လက်တည့်သော်လည်း ယူမီကို လောက်လေးဂွကို ဘယ်သူမှ မဖြုံ ကြပေ။
ရန်သူ ။ ။ လောက်လေးဂွလောက်တော့ သနားသေးတယ်…
ရန်သူတွေ ယူမီကို နားသို့ တဖြည်းဖြည်း စုပုံလာသည်။ ယူမီကို လည်းအနောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားသည်။ ရန်သတစ်ယောက်က ယူမီကို့အလစ်တွင် အနောက်မှ ဓားဖြင့် ၀င်ထိုးမယ်အလုပ်၊ ဆူရှီက ယူမီကို့ရှေ့မှ အစားဝင်ခံလိုက်၍ ကျွန်မ အရမ်းကို လန့်သွားသည်။
ကျွန်မ ။ ။ ဆူရှီ…
ဆူရှီလည်း မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လှဲကျသွားသည်။ ယူမီကိုလည်း သွေးတွေဖြင့် ဆူရှီကို ပွေ့ချီထားလိုက်သည်။ ကျွန်မ ဒေါသတွေ အရမ်းထွက်လာပြီး ဆူရှီကို ဓားဖြင့် ထိုးပြီး ထွက်ပြေးသွားတဲ့ ရန်သူနောက်သို့ လိုက်သွားသည်။ ဆာရှီမီက နံကျပ်ကူဖြင့် ရန်သူကို လှန်းပစ်လိုက်၍ ရန်သူ မြေပြင်ပေါ် ပြုတ်ကျသွားသည်။ ကျွန်မက အနောက်မှ နင်ဂျာကြယ်ဖြင့် အနီးကပ် တစ်ချက်ချင်း၊ ၁၀ ချက်လောက် ပစ်လိုက်သည်။ နောက်ဆုံး ရန်သူတွေ မာဖီယာကို မခုခံနိုင်တော့ပဲ အားလုံး ခွေးပြေး ၀က်ပြေး ပြေးကြတော့သည်။ ယူမီကိုက ဆူရှီကို ပွေ့ထားလျှက်၊
ယူမီကို ။ ။ ဆူရှီ၊ နင်ငါကြောင့် ဒီလို ဖြစ်ရတာ…
ဆူရှီ ။ ။ ငါတို့ နိုင်ပြီနော်
ဆူရှီတစ်ယောက် အသံဖျော့ဖျော့လေးဖြင့်ပြောပြီး မေ့လဲသွားသည်။ ကျွန်မတို့ အားလုံး ဆူရှီကို အပြေးအလွှားဖြင့် ၀ိုင်းပွေ့လိုက်ကြသည်။
ကျွန်မ ။ ။ ဆူရှီ၊ ဆူရှီ၊ ဆူရှီ…
ကျွန်မ ငိုကြွေးတော့သည်။
ယူမီကို ။ ။ ဆူရှီ၊ သတိရပါအုန်း။ ဆူရှီ…
ဆာရှီ်မီ ။ ။ နင် ငါကို ထားခဲ့တော့မှာပေါ့ ဆူရှီရဲ့၊ ဟိဟိဟိဟိ…
မာဖီယာက ကျွန်မလက်ထဲမှ ဆူရှီကို လွှဲယူလိုက်ပြီး ဆူရှီလည်ပင်းကို အသက်ရှု မရှု စမ်းကြည့်လိုက်ပြီး၊
မာဖီယာ ။ ။ နေကြပါအုန်း။ ဒါ သတိမေ့သွားရုံပါ…
ဆာရှီမီ ။ ။ ဟင်၊ ဟုတ်လား…
ဆာရှီမီက ဆူရှီရင်ဘတ်နားသို့ ရပ်၍ နှလုံးခုန်သံကို နားထောင်လိုက်၍၊
ဆာရှီမီ ။ ။ ယူမီကို၊ ဆူရှီ နှလုံးခုန် နေသေးတယ်…
ယူမီကို ။ ။ အေး၊ တော်သေးတာပေါ့…
ကျွန်မလည်း ဆူရှီများ တစ်ခုတစ်ခု ဖြစ်သွားပြီ အောင်းမေ့၍ အရမ်းကို လန့်သွားမိသည်။ အရင်က ဆူရှီ ကျွန်မကို အနိုင်ကျင့်၍ အမြင်မကြည့်ခဲ့မိပေ။ ခုဆူရှီ သေသွားသည် ထင်တော့ ကျွန်မ အရမ်းကို ခံစားရသည်။ ဆူရှီ ဘာမှ မဖြစ်လို့ တော်ပါသေးသည်ဟု သက်ပြင်းချလိုက်မိသည်။ တစ်အောက်နေတော့ ဆူရှီ ပြန်သတိရလာသည်။
ကျွန်မ ။ ။ ဆူရှီရယ်၊ ငါတို့မှာ စိတ်ပူသွားတာပဲ…
ဆာရှီမီ ။ ။ ငါလေ နင်နဲ့ ခွဲရတော့မယ် ထင်တော့ နင်နဲ့ ရန်ဖြစ်ခဲ့တာတွေကို နောင်တရမိတယ်…
ယူမီကို ။ ။ အေး နင်သာ တစ်ခုခု ဖြစ်ရင် ငါကိုယ်ငါ အပြစ်တင်လို့ ဆုံးမှာ မဟုတ်ဘူး…
ဆူရှီက ကျွန်မတို့ကို ပြန်ရယ်ပြလျှက် မျက်လုံးပြန်မှိတ်သွားသည်။
ယူမီကို ။ ။ ဆူရှီ၊ ဆူရှီ…
ကျွန်မ ။ ။ တကယ်သေသွားပြီလား မသိဘုး…
ဆူရှီက မျက်လုံးပြန်ပွင့်လာ၍ ကျွန်မတို့ လန့်သွားသေးသည်။
ဆူရှီ ။ ။ ငါပင်ပန်းလို့ အိပ်မလို့၊ ငြိမ်ငြိမ်နေကြ…
ထအော်၍ တစ်ရေးပြန်အိပ်သွားသည်။ နောက်မှ သိရသည်မှာ ဆူရှီ ဓားစားခံ လိုက်တာ ဓားက လက်မောင်းကို ထိုးမိသွားဖြင်းဖြစ်သည်။ နောက်ပြီး ဒဏ်ရာကလဲ မနက်ပဲ အပေါ်ယံကျောလေးသာ ထိမိခြင်းဖြစ်သည်။ ဆူရှီနှိုးလာတော့ ကျွန်မတို့လည်း အိမ်ပြန်ရတော့မည် ဖြစ်သည်။
မာဖီယာ ။ ။ မင်းတို့ အားလုံးကို ကျွန်ုပ်ပြောချင်တာကတော့ ကျေးဇူးတင်ပါတယ် ဆိုတာပဲ။ ပုတ်သင်ညှိဂိုဏ်းက ကောင်တွေ တော်တော် မှတ်သွားပြီ ဆိုတော့ ဒီတစ်ရက်လောက်တော့ အရိပ်အယောင် ပြရဲမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းတို့ အိမ်ပြန်ကြတော့။ ငါအတွက် စိတ်ပူစရာ မလိုဘူး…
ယူမီကို ။ ။ ရှင်တစ်ယောက်ထဲ ကျွန်မ စိတ်မချပါဘူး။ ကျွန်မ အိမ်ကို လိုက်ခဲ့…
ဟုပြောကာ ခေါင်းငုတ်၍ ယူမီကို ပါးလေး နှစ်ဖက် နီရဲသွားသည်။ မာဖီယာက တချက်ပြုံးလိုက်ပြီးမှ၊
မာဖီယာ ။ ။ အေး မင်းအိမ်ဆို ပိုလုံခြုံတာပေါ့…
ကျွန်မတို့ ၃ယောက်က တခစ်ခစ် ရယ်နေကြသည်။ ယူမီကို အိမ်ကားဖြင့် မာဖီယာနှင့် ယူမီကို ကိုလာခေါ်သွားကြသည်။ ကျွန်မတို့ကိုလည်း ကျွန်မတို့ အိမ်နားတွင် ချပေးခဲ့သည်။ မာဖီယာတယောက် ယူမီကို့ အိမ်သို့ လိုက်သွားပြီး ဘာတွေ ဆက်ဖြစ်မည်ကို ကျွန်မတွေးရင်း အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့တော့သည်။
ဆက်ရန်.............
good!!! go on another chapter
ReplyDeleteမိုက်ဒယ်... ။ ပုတ်သင်ညို ယောက် ၃၀ ကို ဆုံးမလိုက်တာ..။ ဒါဆို တို့လဲ ယာကူဇာဂိုဏ်းဝင်လို့ရဘီ..
ReplyDeleteWhere is the next chapter?! Gwarrrr....
ReplyDeleteယာကူဇာဂိုဏ်းဝင်ချင်သူတွေ များနေပြီ စာရင်းကောက်ထားအုန်းမှ... :P
ReplyDeleteခုတစ်လော မအားဖြစ်နေတာနဲ့ နောက်ခန်းအသစ် မရေးရသေးလို့ပါ။ ဒီနေ့ ရေးပြီ မနက်ဖြန် တင်လိုက်ပါ့မယ်
ReplyDeleteI got news from reliable sources that Yakusar Lover will come to a close after 2 chapters and begin a new Yakusar Lover 2 story where Yumiko will be the Yakusar Boss! Haha spoiler!
ReplyDelete