အခန်း-၂၁ (မာဖီယာ)
ကျွန်တော် ယာကူဇာအရူးမလေး အိမ်သို့ ကားဖြင့် လိုက်လာသည်။ ကျွန်တော်ဘေးတွင် ထိုင်နေသော ယာကူဇာအရူးမလေးကို ကြည့်လျှက် သူနဲ့ တစ်အိမ်ထဲမှာ နေရမယ် ဆိုရင် ငါတော့အပွပဲကွဟု မကောင်း ကြံစည်နေမိသည်။
ယူမီကို ။ ။ ဒယ်ဒီတို့ မေးရင် အမှန်တိုင်းပဲ ပြောရမလား။ ဘယ်လို ပြန်ပြောရမှန်းကို မသိတော့ပါဘူး…
ကျွန်တော် ။ ။ စိတ်ပူမနေပါနဲ့။ ကျွန်ုပ်ကိုပဲ လွှဲထားလိုက်စမ်းပါ…
ယူမီကို တစ်ယောက် ဘာတွေ စဉ်းစားနေမှန်း မသိပဲ ငေးငိုင်နေသည်။ သူမအိမ်ရောက်သည်နှင့် ဖုန်းကြိုဆက်ထား၍ ဒယ်ဒီနှင့် မာမီ စိတ်ပူပြီ အိမ်ရှေ့မှ စီးကြိုနေကြသည်။ ဒယ်ဒီက ကျွန်တော်ကို တွေ့သည်နှင့်၊
ဒယ်ဒီ ။ ။ ငါ့သမက်လေးကို ဒီလိုဖြစ်အောင် ဘယ်သူတွေ လုပ်လိုက်ကြတာလဲကွ။ ငါသမီးကို ဒဏ်ရာရအောင် လုပ်ရင်တောင် ဒီလောက် စိတ်မဆိုးဘူး။ ခုငါ့သမက်လောင်းကိုမှ…
ကျွန်တော် ။ ။ ဒယ်ဒီ သားက သားကို သတ်သွားလည်း စိတ်မဆိုးဘူး။ ယူမီ ကိုပါ ရန်မူလို့ သားသူတို့ကို မကျေနပ်တာပါ…
ဒယ်ဒီ ။ ။ ဘာမှ စိတ်မပူနဲ့သား။ ဒယ်ဒီမှာ ပိုက်ဆံအများကြီးရှိတယ်။ ကြေးစားဌားပြီ အားလုံးကို ရှင်းပစ်ခိုင်းလို့ ရတယ်။ ဒီကောင်တွေ နံမည်သာ ပြောလိုက် အမှုန့်ခြေပစ်လိုက်မယ်…
ယူမီကို ။ ။ ဒယ်ဒီ မသိတာပဲ ကောင်းပါတယ်…
ဒယ်ဒီ ။ ။ ယူမီကို ငါကို မကြောက်များ အောင်းမေ့နေလား။ ဘယ်သူလဲ ပြောစမ်း…
ကျွန်တော် ။ ။ ပုတ်သင်ညှိ ယာကူဇာဂိုဏ်းက လူဆိုးတွေပါ ဒယ်ဒီ…
ကျွန်တော် စကားလည်း ဆုံးရော ဒယ်ဒီကို ရှာလို့မတွေ့တော့ပေ။
မာမီ ။ ။ အကိုကြီး ဘယ်ပျောက်သွား ပါလိမ့်…
ဒယ်ဒီ ကြောက်ပြီ အိမ်ထဲ ၀င်ပုန်း နေခြင်းဖြစ်သည်။ ယူမီကိုအိမ်တွင် အခန်းပိုတွေ အများကြီး ရှိတာမို့ ကျွန်တော်အတွက် အခန်းတစ်ခန်း စီစဉ်ပေးသည်။ ကျွန်တော်က ယာကူဇာအရူးမလေးရဲ့ မျက်စောင်းထိုးအခန်းမှာ နေရသည်။ ကျွန်တော် အိပ်ခန်းထဲ ၀င်ခါနီးတွင် ယာကူဇာအရူးမလေးဘက်သို့ လှည့်ကြည့်၍၊
ကျွန်တော် ။ ။ ကျွန်ုပ် ညပျင်းလာရင် ခင်များအခန်းထဲ လာခဲ့မယ်…
ယူမီကို ။ ။ ရှင်နာချင်နေပြီနော်…
ကျွန်တော် ။ ။ အပျင်းပြေ စကားပြောရအောင် ပြောတာပါ…
ယူမီကို ။ ။ အင်း ဒါဆိုလည်း လာခဲ့ပေါ့…
ယာကူဇာအရူးမလေး တစ်ယောက် ရှက်ပြုံးလေး ပြုံး၍ သူမအခန်းထဲသို့ ၀င်သွားသည်။ ကျွန်တော်လည်း အခန်းတံခါးပိတ်ပြီ ရင်ဘတ်ကို စမ်းကြည့်တော့ ရင်တွေ တထိန့်ထိန့်ခုန်နေသည်။ ကျွန်တော် အရင်က ဘယ်ကောင်မလေးနဲ့မှ ဒီလို ရင်မခုန်ခဲ့ဖူးပေ။ ယာကူဇာအရူးမလေးနဲ့မှ အရင်က ကျွန်တော်ရဲ့ ခြေသွက်၊ လက်သွက် အကျင့်တွေ ဘယ်ရောက်သွားမှန်း မသိပေ။ သူမနဲ့ မျက်လုံးချင်း စုံရင်တောင် ရင်ခုန်နေတာနဲ့ စိုက်မကြည့်ဝံ့ပေ။ ဒါတွေကို သူလေးများ သိပါ့မလား စိုးရိမ်နေမိသည်။ ညနေပိုင်း ညနေစာ စားရန် လာခေါ်ခိုင်း၍ အောက်ထပ်သို့ ဆင်းလာသည်။
ဒယ်ဒီ ။ ။ မိန်းမ ကိုယ်ခွံကျွေးမယ် ပါးစပ်လေး ဟပါအုန်း…
မာမီ ။ ။ အကိုကြီးကလည်း နာဂါတို ရှိတယ် ရှက်စရာကြီး…
ဒယ်ဒီ ။ ။ ရပါတယ် သူ မကျေနပ်ရင် ယူမီကို ကိုပြန်ခွံကျွေး လိမ့်မယ်…
ကျွန်တော် ဒယ်ဒီ စကားကြောင့် ၇ယ်လိုက်မိသည်။ ယူမီကို မိဘတွေ ကြည့်ပြီတော့ အမြဲ ၇န်ဖြစ်တတ်သည့် ကျွန်တော် မိဘတွေကို ပြန်သတိရမိသေးသည်။
ယူမီကို ။ ။ ဒယ်ဒီနော် မဟုတ်ကရတွေ လျှောက်မပြောနေနဲ့…
ကျွန်တော် ။ ။ ဒယ်ဒီပြောတာ ဟုတ်တာပဲ။ ကိုယ်ခွံကျွေးမယ် ပါးစပ်ဟ…
ယူမီကို ကျွန်တော် နားကပ်၍ ရှင် ငြိမ်ငြိမ်နေဟု ပြောသွားသည်။
ဒယ်ဒီ ။ ။ နာဂါတို ဒီနေ့ မင်း လာမယ် ဆိုလို့ ရှယ်ချက်ထားတာကွ…
ကျွန်တော် ။ ။ ဟုတ်ကဲ့ပါ ဒယ်ဒီ…
ယူမီကိုတို့ အိမ်က ထမင်းဝိုင်းက ကျွန်တော်အိမ် ထမင်းဝိုင်းနဲ့ လုံးဝကို မတူတာတော့ အမှန်ပေ။ ကျွန်တော် အဖေနဲ့ သဘောထားချင်း မတိုက်ဆိုင်တာမို့ အိမ်က ထွက်လာပြီကတည်းက အိမ်ထမင်း၊ အိမ်ဟင်းတွေနဲ့ ဝေးခဲ့တာကြာခဲ့ပါပြီ။ ကျွန်တော် အဖေက ထမင်းစားလျှင် ထမင်းစားဝိုင်းပေါ် ခြေထောက်တင်ပြီမှ ဟင်း၁မျိုးထဲဖြင့် ထမင်း ဆယ်ပန်းကန် လောက်ကို တစ်ယောက်ထဲ စားတတ်သည်။ ကျွန်တော် အမေက နေ့တိုင်း အမဲသားတစ်မျိုးထဲကိုသာ မျိုးစုံ (အမဲသား ကြော်၊ ပြုတ်၊ သုတ်၊ အစပ်၊ အချို၊ အချဉ်၊ ကင်၊ ပေါင်း၊ စတူး၊ ဟင်းချို) လုပ်၍ ချက်လေ့ရှိသည်။ တစ်ခါတလေ အဖေနဲ့ အမေ ထမင်းစားရင်း ရန်ဖြစ်လျှင် ရှိသမျှ ပန်းကန်တွေကို ပစ်ခွဲသည်မို့ ထမင်း၊ဟင်း ငတ်ရသည့် နေ့တွေလည်း မရေမတွက် နိုင်ခဲ့ပေ။ ခုယူမီကိုတို့ မိသားစု ထမင်းဝိုင်းမှာ ဟိုတယ်ဟင်းတွေ စားသောက်ရသည်မို့ ကျွန်တော် အိမ်မှ ထွက်ခဲ့သည်မှာ အရမ်းမှန်သည်ဟု တွေးရင်း ပျော်လွန်းသည်မို့ မျက်ရည်များကျလာသည်။
ကျွန်တော် ။ ။ ဟိဟိဟိ…
ယူမီကို ။ ။ ရှင် ငိုနေတယ်…
မာမီ ။ ။ ဘာလဲ သားဟင်း မကြိုက်လို့လား…
ဒယ်ဒီ ။ ။ မိန်းမ ဟင်းကောင်းအောင် စီစဉ်ပေးထားပါ ပြောထားရက်နဲ့ကွာ…
ကျွန်တော် ကျလာတဲ့ မျက်ရည်တွေကို ပြန်သုတ်လိုက်ပြီ၊
ကျွန်တော် ။ ။ သား ခု ဒယ်ဒီတို့ မိသားစု ပျော်ရွှင်နေတာ တွေ့ပြီ သား မိသားစုကို သတိရလို့ပါ…
ကျွန်တော်ကို သနားအောင် ဟန်ဆောင် ပြောလိုက်သည်။
မာမီ ။ ။ သနားစရာ ကောင်းလိုက်တာကွယ်…
ဒယ်ဒီ ။ ။ ဘြော် ဒီလိုလား။ မင်းမိဘတွေနဲ့ တွေ့ချင်နေတာနဲ့ အတော်ပဲ။ မနက်မနက် မိုးလင်းတာနဲ့ ဒယ်ဒီနဲ့ မာမီ မင်းအိမ်ကို လိုက်ပို့ပေးမယ်…
ကျွန်တော် အိမ်ပြန်ရမည်ကို သေရမှာထက်ပင် ပိုကြောက်သေးသည်။ ဒါကြောင့် ကြောက်ကန်ကန်ပြီ၊
ကျွန်တော် ။ ။ ရပါတယ်။ သား မပြန်ချင်ပါဘူး…
ဒယ်ဒီ ။ ။ ဘယ်ဟုတ်ပါ့မလဲ ပြန်ရမှာပေါ့…
ကျွန်တော် ။ ။ မဟုတ်တာ ဒယ်ဒီရယ်။ သား အိမ်မပြန် ပါရစေနဲ့…
ဒယ်ဒီ ။ ။ မင်း ဒယ်ဒီတို့ကို အားနာနေလို့ပါ။ ဒယ်ဒီ မင်းအကြောင်း ကောင်းကောင်း
သိတာပေါ့…
ကျွန်တော် ယာကူဇာအရူးမလေးကို တဒေါင်နဲ့တွတ်လိုက်ပြီ ကျွန်တော်ဘက်မှ ကူပြောပေးဖို့ အကူအညီတောင်းသည်။
ယူမီကို ။ ။ ဒယ်ဒီကလည်း သူမိဘတွေက ဒီမြို့က မဟုတ်ဘူး။ နောက်မှ အေးအေးဆေးဆေး တွေ့ကြတာပေါ့…
ကျွန်တော် ။ ။ ဟုတ်တယ် ဒယ်ဒီရဲ့ သား…
ကျွန်တော် စကားကို အဆုံးမခံပေ။ ဒယ်ဒီ စားပွဲခုံကို ထုရိုက်လိုက်ပြီ၊
ဒယ်ဒီ ။ ။ ငါက ကိုယ်ခမည်းခမက်တွေကို ဂါရ၀ပြုရမှာကို မပြုရင် ရိုင်းရာ ကျမှာပေါ့။ ဒါကြောင့် မနက်ဖြန် မိုးလင်းတာနဲ့ စီစဉ်စရာရှိ စီစဉ်ပြီ လိုက်ပို့ပေးမယ်။ ဒါပဲ…
ယူမီကို တဇွတ်ထိုးလုပ်တတ်တာ သူမဖခင်နှင့် တူလို့ပင် ဖြစ်ရမည်ဟု တွေးနေမိသည်။ ကျွန်တော်လည်း မတတ်နိုင်သည့် အဆုံး ဟုတ်ကဲ့ဟုသာ ပြန်ပြောလိုက်နိုင်သည်။ စားသောက်လို့ ဗိုက်တင်းကားသွားသည်နှင့် အိမ်ခန်းရှိရာသို့ ယာကူဇာအရူးမလေး ရှေ့က အမြန်ပြေးတက်လာသည်။ သူမအိမ်ခန်းထဲ ခိုးဝင်ရန် ကြံသော်လည်း အိမ်ခန်းကို လှိုဝှက်နံပါတ်ဖြင့် ပိတ်ထားသည်။ ကျွန်တော်ကလည်း ခေသူ မဟုတ်၍ ကျွန်တော်အကျီင်္ထဲမှ ဖောက်ထွင်းစက်ကို ထုတ်ပြီ တံခါးကို ဖွင့်မယ် အလုပ်တွင်၊
ယူမီကို ။ ။ ရှင် ဒါဘာလုပ်မလို့လဲ…
ကျွန်တော် ။ ။ ခင်များ အခန်းထဲ ၀င်မလို့ပေါ့…
ယူမီကို ။ ။ ဘာ…
ကျွန်တော် ။ ။ လှိုဝှက် နံပါတ်ကဘာလဲ ပြောစမ်းပါ…
ယူမီကို ။ ။ အောင်းမာ ဘာလို့ ပြောရမှာလဲ…
ကျွန်တော် ။ ။ လှိုဝှက်နံပါတ်သိရင် ကျွန်ုပ်ကို ခင်များ အခန်းထဲ ပေးဝင်မှာလား…
ယူမီကို ။ ။ စိန်လိုက်လေ…
ကျွန်တော် တချက် မချိပြုံးလေး ပြုံးလိုက်ပြီ လှိုဝှက် နံပါတ်ကို ရိုက်ထည့်၍ ချက်ချင်း တံခါး ပွင့်သွားသည်။ ယာကူဇာအရူးမလေးက အရမ်း အံ့အားသင့်သွားသော ပုံဖြင့်၊
ယူမီကို ။ ။ ရှင် ညစ်ပတ်တယ် မရဘူး။ ရှင် လှိုဝှက် နံပါတ် ဖော်စက်နဲ့ ဖွင့်လိုက်တာပဲ ဖြစ်ရမယ်။ မရဘူး မတရားဘူး…
ကျွန်တော် ယာကူဇာအရူးမလေး ရန်တွေ့နေသည့်ပုံကို ကြည့်ပြီ စိတ်ထဲ အရမ်းကို ချစ်ဖို့ ကောင်းသည်ဟု တွေးနေမိသည်။ သူမ စကားကို တစ်ခွန်းမှ ပြန်မပြောနိုင်ပဲ သူမကိုသာ အကြာကြီး ငေးကြည့်နေမိသည်။
ယူမီကို ။ ။ ရှင် ကျွန်မကို ဘာလို့ စိုက်ကြည့်နေတာလဲ…
ကျွန်တော် ရင်ထဲက စကားတွေ အားမွေးပြီ စကား တစ်ခွန်းကို ပြောလိုက်မိသည်။
ကျွန်တော် ။ ။ ငါမင်းကို ချစ်တယ်…
ကျွန်တော် စကားကြောင့် ယာကူဇာအရူးမလေး ရုတ်တရက် ကြောင် ကြည့်နေပြီမှ ပါးနှစ်ဖက် နီရဲသွားပြီ အိမ်အောက်ထပ်သို့ ပြန်ပေးဆင်းသွားသည်။ သူမကို လှမ်းဆွဲရန် လက်လှမ်းဖို့တောင် ကျွန်တော်မှာ အင်းအားမရှိတော့ပေ။ ယာကူဇာအရူးမလေး အခန်းဝမှ ငုတ်တုတ်ထိုင်ရင်းသာ ကျန်ရစ်ခဲ့သည်။ ခုချိန်မှာ သူမသာ ကျွန်တော်ကို ငြင်းလိုက်မည်ကိုလည်း အရမ်းကို ကြောက်နေမိသည်။ ကျွန်တော် စကားကြောင့် သူမနဲ့ နောက်ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူုး ဆိုလျှင် ကျွန်တော် လုံးဝကို ရူးသွပ်သွားနိုင်သည်။
တအောက်နေတော့ ယာကူဇာအရူးမလေး သူမအခန်းရှိရာသို့ ပြန်တက်လာသည်။ ထိုင်နေသော ကျွန်တော်ကို သူမ ငုတ်ကြည့်၍၊
ယူမီကို ။ ။ ရှင် ကျွန်မကို လာနောက်နေတာ မလား...
ကျွန်တော် ဘာလို့ မှန်းမသိ စကားတွေ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသည်။
ကျွန်တော် ။ ။ ကိုယ်၊ ကိုယ် အတည်ပြောတာပါ…
ယာကူဇာအရူးမလေး မျက်လွှာလေးကို ချလျှက် ပါးလေး နှစ်ဖက် နီရဲနေသည်။ သူမ ကျွန်တော်ကို သေချာ ပြန်စိုက်ကြည့်ပြီ သူမအခန်းထဲသို့ ၀င်မယ် အလုပ်တွင် ဒီတစ်ခါတော့ သူမလက်ကို ကျွန်တော် မိမိရရ လှမ်းဖမ်းလိုက်နိုင်သည်။
ယူမီကို ။ ။ လွှတ်…
လွှတ်လို့ ပြောပေးမယ့် သူမ မရုန်းပေ။
ကျွန်တော် ။ ။ ယူမီလည်း ကိုယ်ကို ချစ်တယ် မဟုတ်လားဟင်…
သူမများ ခေါင်းခါလိုက်မလား အရမ်းကို ကြောက်လန့်နေမိသည်။ ရန်သူတွေ အယောက် ၁၀၀နဲ့ တိုက်ခိုက်ရမည်ဆိုလျှင်တောင် ကျွန်တော် ဒီလို ကြောက်မိမှာ မဟုတ်ပေ။ ယာကူဇာအရူးမလေးက ကျွန်တော်နဲ့ မျက်လုံးချင်း မဆိုင်ပဲ ခေါင်းလေး ငြိမ့်ပြလိုက်သည်။ ကျွန်တော်စိတ်ထဲ အရမ်းပျော်လွန်းလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိပေ။ ကျွန်တော် လက်နှစ်ဖက်လုံးလည်း အရမ်းကို အေးစက်နေသည်။
ကျွန်တော်ရဲ့ မကောင်းသည့်စိတ်က မင်း ကောင်မလေးကို ဖက်နမ်း ပစ်လိုက်လေ၊ တော်တော် ညံ့တဲ့ ကောင်ပဲကွဟု တွန်းအားပေးနေသည်။ ဒါပေမယ့် ကျွန်တော် သူမကို တကယ်ချစ်သည်ကို သက်သေပြသည့် အနေဖြင့် သူမလက်လေးကို အနမ်းတစ်ချက် ချွေလိုက်သည်။ ယူမီကို ရှက်သွားလျှင်လည်း အရမ်းလှသည်။ ကျွန်တော်နဲ့ ယူမီကိုတို့ စကားပြောရန် လသာဆောင်ရှိရာ အပေါ်ထပ်သို့ တက်လာကြသည်။
နာရီဝက်လောက်ကြာအောင် ကျွန်တော် ရင်ခုန်နေသည်နှင့် ဘာစကားမှ မပြောပဲ နှစ်ယောက်စလုံး အရမ်းကို တိတ်ဆိတ်နေကြသည်။ လပြည့်ညမို့ လကြီးကလည်း ထိန်လင်းနေသည်။ လရိပ်အောက်မှာ မျက်နှာလေးလွှဲ၍ လကိုငေးကြည့် နေသော ယူမီကို လက်ကို မသိမသာ ဆုတ်ကိုင်လိုက်သည်။ ကျွန်တော် ရှက်ကိုးရှက်ကန်းလေးဖြင့်၊
ကျွန်တော် ။ ။ ကိုယ်ကို ချစ်လားဟင်…
ထပ်မေးလိုက်မိသည်။
ယူမီကို ။ ။ အင်း၊ ချစ်တယ်…
ယူမီကို ဆီမှ ချစ်တယ် ဆိုသည့် စကားကို ကြားလိုက်ရ၍ ရင်ထဲ နွေးသလိုလို ဖြစ်သွားသည်။ လသာဆောင်မှာ လေအေးတွေ တိုက်နေသဖြင့် ချမ်းနေသော ယူမီကိုကြည့်ပြီ၊
ကျွန်တော် ။ ။ ဒီမှာ ခဏနေခဲ့အုန်းနော် ကိုယ်ပြန်လာခဲ့မယ်…
ယူမီကိုက ခေါင်းညိတ်ပြ၍ ကျွန်တော် အောက်ထပ်သို့ ပြန်ပြေးဆင်းလာသည်။ ကျွန်တော် အိပ်ခန်းထဲမှ ခြုံစောင် တစ်ခုယူလာ၍ အပေါ်သို့ ပြန်တက်လာပြီ ချမ်းနေသော ယူမီကိုကို ခြုံပေးလိုက်သည်။ ကျွန်တော် ကြင်နာမူအပေါ် ယူမီကိုက အသိအမှတ်ပြုသည့် အနေဖြင့် ကျွန်တော် ပြန်ရယ်ပြသည်။ တဖြည်းဖြည်း မှောင်စပြုလာသည်နှင့်၊
ကျွန်တော် ။ ။ ၀ါး အိပ်ငိုက်လာပြီ ညမိုးချုပ်နေပြီပဲ။ သွားအိပ်တော့လေ…
ယူမီကို ။ ။ အင်း…
ယူမီကို လသာဆောင်မှ ဆင်းလာပြီ သူမ အိမ်ခန်းထဲ မ၀င်ခင် ကျွန်တော်ကို တစ်ချက် ပြုံးပြ၍ ၀င်သွားသည်။ ယူမီကို သူမအခန်းထဲ ၀င်သွားမှ ကျွန်တော် ကိုယ်မှာကို ၃၊၄ချက်လောက် ထုရိုက်လိုက်မိသည်။
ကျွန်တော် ။ ။ ငါတော်တော် ညံ့တဲ့ ကောင်ပဲကွ။ ပါးလေးကို ညအိပ်ယာဝင်ခါနီး အနမ်းလေး တစ်ချက်ပေးလိုက်တော့ ဘာဖြစ်သွားမှာလဲ…
ကိုယ်မှာကို အပြစ်တင်ရင်း ကျွန်တော် အိပ်ခန်းထဲသို့ ၀င်လာခဲ့လေတော့သည်။
.....ဇာတ်သိမ်းပိုင်း ဆက်ရန်…..
Fatty wants a story where a fatty gamer becomes a hero, defeat zombies uprising using nigh-omnipotent powers directly resulted from playing every availiable game on Earth and rescue a beautiful high-school girl! Plz make it your next project!
ReplyDeletefatty ဂိမ်းမာ ဆိုတာ ကိုယ်အကြောင်း ကိုယ်ရေးခိုင်းနေတာလား... :)
ReplyDeleteဇာတ်သိမ်းတော့မှာလား... နှမြောလိုက်တာ...။
ReplyDeleteဂျူးလီယက်ရေ Fatty က spam comment တွေပါ။
ReplyDeletewordpress သမားတွေ ခုလိုဘဲ spam comment တွေ ခနခန ၀င်တတ်ပါတယ်.. ကြော်ငြာတွေများပါတယ်.. ကိုယ်တိုင်လည်း wordpress သုံးနေသူမို့ သိတာပါ.
ဇာတ်သိမ်းပိုင်းလေး မျှော်နေမယ်နော်။။။
fatty ကို spam တဲ့... ဂန့် :S
ReplyDelete- မချောရေ Fatty က spam comment မဟုတ်ပါဘူး... ၀တ်ရည် အမျိုးသားပါ... အလကား ၀င်ပြီ နောက်ပြီ လျှောက်ရေးနေတာပါ... heee... ဇာတ်သိမ်းပိုင်းကို ဒ်ီနှစ်ရက်အတွင်း ရှယ်ရေးပြီ တင်ပေးလိုက်ပါမယ်...
ReplyDelete- လောင်စာရေ Yakuza2 ဆက်ရေးရင် ကောင်းမလား စဉ်းစားနေပါတယ်... :)
အီးးးးးးးးးးးးးးးးး
ReplyDeleteသားအိပ်ပျော်သွားလို့ မှီရာဆိုက်ကားနဲ့
ပြေးလိုက်လာပါတယ်...
ဟုတ်ပ..ငါတော်တော့်ညံတဲ့အကောင်..အိပ်ရာဝင် အနမ်းလေး ပေးဖို့တောင် မေ့နေတာကြည့်တော့:P
heeee ဇာတ်သိမ်းပိုင်း ဖတ်ဖို့ မမေ့ကြနဲ့နော်... :)
ReplyDelete