မနက်မိုးလင်းသည်နှင့် ၀ါးဝါးဝါး အော်လျှက် အကျောဆန့်၍ အိပ်ယာမှ နှိုးးထလာသည်။ ကျွန်ုပ်သမီး ယူမီကို နှင့် နာဂါတိုတို့ ညက တစ်ခန်းထဲများ အတူတူ အိပ်နေကြမလား မသင်္ကာစိတ်ဖြင့် အပေါ်သို့ ပြေးတက်လာခဲ့သည်။ ယူမီကို အခန်းနားရောက်တော့ လျှပ်တပျက် တံခါးကို ဆွဲဖွင့်လိုက်သည်။ ယူမီကိုက အိပ်ချင်မူးတူးပုံစံဖြင့် ကျွန်ုပ်ကိုလည်း မြင်ရော၊
ယူမီကို ။ ။ ဒယ်ဒီ၊ ဘာလို့ သမီး အခန်းကို တံခါး မခေါက်ပဲ ၀င်လာရတာလဲ…
အခန်းထဲတွင် နာဂါတိုလည်း မရှိသဖြင့်၊
ကျွန်ုပ် ။ ။ နာဂါတို ဘယ်မှာလဲ…
ယူမီိကို ။ ။ သူ့အခန်းထဲမှာ အိပ်နေမှာပေါ့…
ကျွန်ုပ်စိတ်ထဲ မနက်မိုးလင်းမှ အခန်းခွဲလိုက်ကြတာလား ဟုမသင်္ကာစိတ်က ဆက်ဖြစ်နေသေးသည်။ နာဂါတို အခန်းကို အတင်းတွန်းဖွင့် လိုက်ပြန်သည်။ နာဂါတိုက ရေချိုးရန် ကိုယ်တစ်ပိုင်းပတ်ထားပြီး သရဲတွေ့သလို လန့်သွားပုံဖြင့်၊
နာဂါတို ။ ။ အား…။ ဒယ်ဒီကိုး၊ သားရေချိုးမလို့။ ဘာပြောမလို့လဲ…
ကျွန်ုပ် ။ ။ သား အိပ်လို့ အဆင်ပြေရဲ့လား လာကြည့်တာပါကွ…
နာဂါတို ကုတင်ကို လှမ်းအကဲခတ်လိုက်တော့လည်း ညက သူ့အခန်းမှာပဲ အိပ်ထားပုံပေ။ ဒီနှစ်ကောင် တော်တော်လည်း ညံ့တဲ့သူတွေပဲ။ ယူမီကို အရွယ်ဆိုရင် သူ့အမေက ယူမီကို့ကိုယ်ဝန်တောင် ရနေလောက်ပြီဟု တွေးရင်း ပါးစပ်မှ ဖြစ်တောက်ဖြစ်တောက် ပြော၍ တစ်ယောက်ထဲ ပြန်ဆင်းလာခဲ့သည်။ ကျွန်ုပ် မိန်းမချောလေးကတော့ သာယာသော အသံဖြင့်၊
မိန်းမ ။ ။ အကိုကြီး၊ ခမည်းခမက်လောင်းတွေကို ဂါရ၀ပြုဖို့ အလှစက္ကူနဲ့ အားလုံး ထုပ်ပိုး ပြီးသွားပြီ…
ကျွန်ုပ် ။ ။ ကင်ပွန်းခြောက်၊ အပ်ချည်၊ ရေညှိ၊ ယပ်တောင်၊ အားလုံး ပါပြီနော်…
ထိုအချိန်တွင် နာဂါတို နှင့် ယူမီကို အပေါ်ထပ်မှ ဆင်းလာကြပြီး၊
ယူမီကို ။ ။ ကင်ပွန်းခြောက်ကတော့ ဟုတ်ပါပြီ၊ ကျန်တာတွေက ဘာအတွက်လဲ ဒယ်ဒီရဲ့။ နာဂါတို့ မိဘတွေ ရယ်စရာ ဖြစ်နေပါအုန်းမယ်…
နာဂါတို ။ ။ ဟုတ်တယ်၊ ဒယ်ဒီ။ ကင်ပွန်းခြောက် တစ်မျိုးဆိုရင် ရပါပြီ…
ကျွန်ုပ် ။ ။ မင်းတို့တွေ အရွယ်ရောက်ပြီး ဘာမှ နားမလည်ကြဘူး။ ငါရှင်းပြရမှာမောတယ်။ မိန်းမ၊ မင်းပဲ ရှင်းပြလိုက်…
မိန်းမ ။ ။ ဂျပန် ထုံးစံအရ စေ့စပ်တဲ့အခါ ဒီပစ္စည်းတွေကို သေချာ ထုပ်ပိုးပြီး လက်ဆောင်ပေးရတယ် သမီးတို့ရဲ့။ အပ်ချည် အရှည်က လင်မယား အသက်ရှည်အောင်။ ရေညှိက ကလေးမွေးဖွားအောင်။ ယပ်တောင်က အေးအေးချမ်းချမ်း နေရအောင် ထည့်ပေးရတာ…
မိန်းမ စကားအဆုံးတွင် နာဂါတို နဲ့ ယူမီကို တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပြိုင်တူအော်လိုက်သည်မှာ၊
နာ၊ ယူမီ ။ ။ လက်ထပ်ခိုင်းကြမလို့…
ကျွန်ုပ် ။ ။ ခုစေ့စပ်။ နောက်၂လနေလို့ ယူမီကို ကျောင်းပြီးတာနဲ့ မင်္ဂလာဆောင်၊ ဒါပဲ…
နာဂါတိုကိုလဲ ကျွန်ုပ် သမီး နဲ့ တစ်ညလောက် အပြင်မှာတူတူနေပြီးမှ မယူချင်လို့ ဘယ်ရပါ့မလဲကွဟု စိတ်ထဲက ကြိမ်ဆဲလိုက်သည်။ နောက်ပြီး ကျွန်ုပ်လို ဂျပန်စီးပွားရေး လောကမှာ ထင်ပေါ်ကျော်ကြား နေသူ တစ်ယောက်ကို ဒင်းဘယ်ယှဉ်လို့ ရပါ့မလဲ ဟုတွေးရယ်လိုက်သေးသည်။
ယူမီကို ။ ။ မာမီ၊ ဒယ်ဒီကို ပြောပါအုန်း။ သမီးက ခုမှ ငယ်ငယ်လေးပဲ ရှိသေးတာကိုး…
နာဂါတို ။ ။ သားလည်း မိဘတွေနဲ့ တိုင်ပင် ချင်ပါသေးတယ်…
ကျွန်ုပ် ။ ။ ခုလည်း မင်းမိဘတွေနဲ့ တိုင်ပင် ရအောင် သွားမလို့ပဲ။ လာလာ ကားပေါ်တက်ကြတော့…
နာဂါတို နှင့် ယူမီကို့ ကို ကုတ်ဆွဲ၍ ကားပေါ် အတင်းတက်ခိုင်းပြီ နာဂါတိုအိမ်သို့ ထွက်လာခဲ့သည်။ နာဂါတို ပြောပုံအရဆိုရင် သူ့မိဘတွေက တော်တော်ဆင်းရဲပုံရသည်။ နာကာတို့ အိမ်ကို သူလမ်းညွန်သည့် အတိုင်း သွားနေသည်မှာ လမ်းမှာတင် ၁နာရီလောက် အချိန်ကုန်လာသည်။ ကျွန်ုပ်လည်း စိတ်ရှည်သူ မဟုတ်၍၊
ကျွန်ုပ် ။ ။ နာဂါတို မင်းလမ်းမညွန်နဲ့တော့၊ အိပ်လိပ်စာပဲ ပြောလိုက်…
နာဂါတို ။ ။ ဟို…
ကျွန်ုပ် ။ ။ မြန်မြန်ပြော ဒယ်ဒီမှာ အချိန်မရှိဘူးကွ…
နာဂါတို ။ ။ ဟုတ်ကဲ့။ သား အိမ်လိပ်စာက .x.x.x.x.x.x.x…
နာဂါတိုက သူမိဘတွေ နွမ်းပါးလွန်း၍ ကျွန်ုပ်တို့ကို သူအိမ်ကို မခေါ်ချင်၍ ပတ်မောင်းခိုင်း နေခြင်း ဖြစ်ရမည်။ သူ့အိမ်လိပ်စာတိုင်းသာ ဆိုလျှင် ကျွန်ုပ်အိမ်နှင့် ၁၅မိနစ်လောက်နဲ့ ရောက်တဲ့ ခရီးဖြစ်သည်။ ကားမောင်း ဒရိုင်ဘာကို လိမ်စာအတိုင်း မောင်းခိုင်းလိုက်သည်နှင့် ခဏနေတော့ နာဂါတိုတို့ အိမ်ရောက်လာသည်။ ကျွန်ုပ်လည်း ဘေးပတ်ဝန်းကျင် ကြည့်လိုက်တော့ ပတ်ဝန်းကျင်မှ အိမ်အားလုံးသည် အကောင်းစားလုံးချင်းတိုက်တွေ ဖြစ်နေ၍၊
ကျွန်ုပ် ။ ။ နာဂါတို၊ သားအိမ်က ဘယ်အိမ်လည်း…
နာဂါတိုက မ၀ံ့မရဲ အိမ်တစ်အိမ်ကို လက်ညှိုးထိုးပြသည်။ အိမ်က ဘယ်လိုမှန်းတော့ ကျွန်ုပ်မသိပေမယ့် ခြံစည်းရိုးက အိမ်ကို မမြင်ရအောင် အမြင့်ကြီးခတ်ထားပုံရသည်။ ကျွန်ုပ်တို့ အားလုံး ကားပေါ်မှ ဆင်းပြီ ခြံရှေ့ရပ်လိုက်ကြသည်။
ယူမီကို ။ ။ ဒါရှင့် ခြံလား။ ရှင် ပြောတော့ ဆင်းရဲတယ်ဆို…
နာဂါတို ။ ။ ကိုယ် ဆင်းရဲတယ်လို့ ယူမီ့ ကိုတခါမှ မပြောပါဘူး။ ယူမီ့ ဘာသာ ထင်နေတာပါ…
ကျွန်ုပ်ထင်သလို နာဂါတိုက နွမ်းပါးသူ မဟုတ်၍ ကျွန်ုပ်သမီးအတွက် ပိုတောင် ကောင်းသေးသည်ဟု တွေးမိသည်။ ချက်ချင်း ဆိုသလို ခြံတံခါးကြီး ပွင့်သွားပြီး၊ ခြံတံခါး စောင့် ၅ယောက်လောက်ထွက်လာပြီး၊ နာဂါတိုကိုလည်း မြင်သွားရော၊
လူမိုက် ။ ။ သခင်လေး တိုမိုယာ ပြန်လာပြီဟေ့။ ထွက်လာခဲ့ကြ…
လူမိုက်လိုလို အယောက် ၂၀လောက် ဘယ်က ပေါ်လာမှန်း မသိပဲ ကျွန်ုပ်တို့ နားသို့ ပြေးလာသည်။ ကျွန်ုပ်လည်း အရမ်းကို လန့်သွားပြီး ကျွန်ုပ်မိန်းမကို ခေါ်ပြီ ကားထဲသို့ ပြန်ဝင်ပြေးသည်။ ကားမောင်း ဒရိုင်ဘာကိုလည်း မောင်းမောင်းလို့ လျှမ်းအော်လိုက်သည်။ ကားထွက်ရန် စက်အနှိုးတွင်၊
ယူမီကို ။ ။ ဒယ်ဒီ၊ ဘာလို့ ထွက်ပြေးတာလဲ…
ပြောကာ ကျွန်ုပ်ကို ကားထဲမှ အတင်း ပြန်ဆွဲခေါ်၍ အပြင်ပြန်ထွက်လာရသည်။ လူမိုက်အယောက် ၂၀လောက် နာဂါတို နားမှာ ၀ိုင်းအုံနေကြသည်။ ကျွန်ုပ်က သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်၍၊
ကျွန်ုပ် ။ ။ ဟို၊ ဟိုလူမိုက်တွေကို ကြောက်လို့။ ဒါနဲ့ သခင်လေးတိုမိုယာ ဆိုတာ ဘယ်သူလဲ…
ယူမီကို ။ ။ ဒယ်ဒီကလည်း တိုမိုယာဆိုတာ နာဂါတိုပဲလေ။ အဲဒါ နာဂါတို တပည့်တွေပါ…
ကျွန်ုပ် ။ ။ ဘာ၊ အဲဒါ သူ့တပည့်တွေ…
မိန်းမ ။ ။ ဟယ် ငါသမက်လေးက အရှိန်အ၀ါကြီးလိုက်တာ…
သူတပည့်က ငါတပည့်ထက်တောင် များသေးပါ့လားဟု တွေးပြီး စိတ်ထဲမှာ နာဂါတိုကိုတောင် မနာလို ဖြစ်မိသေးသည်။ နာဂါတိုနားသို့ ကျွန်ုပ်ကပ် ရပ်လျှက်၊
ကျွန်ုပ် ။ ။ သား ဒီလူတွေက မင်းတပည့်တွေလား…
နာဂါတို ။ ။ ဟုတ်တယ် ဒယ်ဒီရဲ့…
ကျွန်ုပ် ။ ။ ဒါဆို ငါ့ပြိုင်ဘက် စီးပွားရေး လုပ်ငန်းရှင်တွေကို ပညာပေးချင်ရင် ဒီကောင်တွေကို ခေါ်သုံးလို့ ရမလားကွ…
နာဂါတို ။ ။ သိပ်ရတာပေါ့…
ကျွန်ုပ် ။ ။ ဟားဟားဟား…
ကျွန်ုပ် သဘောကျသွားပြီး ကျွန်ုပ် မိန်းမချောလေးကို ခေါ်လျှက် နာဂါတိုခြံထဲသို့ ၀င်လာခဲ့သည်။ နာဂါတိုခြံဝမှ အိမ်ကို မြင်ဖို့ မပြောနှင့်၊ အိမ်ရောက်ဖို့ ၁၀မိနစ်လောက် လမ်းလျှောက်ဝင်ရသေးသည်။ လမ်းတောက်လျှောက်မှာလည်း လူမိုက်လိုလို လူတွေ အများကြီးပေ။ ဘာပဲဖြစ်ဖြစ် ကျွန်ုပ် သမက်က အရှိန်အ၀ါ တော်တော်ကြီးပုံရ၍ ကျွန်ုပ်အတွက်တော့ အထောက်အကူ ဖြစ်မည်ကို တွေးရင်း နှစ်ချိုက်နေမိသည်။
နာဂါတိုနှင့် ယူမီကိုတို့ နှစ်ယောက်ကတော့ စကားတွေ တတိုးတိုးနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကျီစားရင်း အတူတူလမ်းလျှောက်လာသည်။ အိမ်ရှေ့နားရောက်တော့ ကျွန်ုပ်စိတ်ထဲ တော်တော် ဖြုန်သွားမိသည်။ ကျွန်ုပ်အိမ်ကို ဂျပန်မှာ အကောင်းဆုံးအိမ်ဟု ထင်ထားမိခဲ့သည်။ ခုတော့ နာဂါတိုအိမ်က ကျွန်ုပ်နေအိမ်ထက်ပင် ပိုတောင် သားနားနေသေးသည်။ ဒါပေမယ့် အိမ်အတွင်း ပြင်ဆင်ပုံ ယှဉ်လို့ ရသေးသည်ဟု ကိုယ်ဘာသာကို အားမွေးလိုက်ပြီး အိမ်ထဲသို့ ၀င်လာခဲ့သည်။ အိမ်တွင်း ပြင်ဆင်ပုံကတော့ ကျွန်ုပ်တို့ အိမ်လောက် ခေတ်မမှီသဖြင့်၊
ကျွန်ုပ် ။ ။ မိန်းမ၊ သူတို့အိမ်က ပုံတုံးလိုက်တာနော်…
မိန်းမ ။ ။ ဟုတ်ပ၊ အကိုကြီးရယ်၊ ခြံကျယ်တာကလွှဲရင် ကျွန်မတို့ အိမ်ကို ဘယ်မှီပါ့မလဲ…
ကျွန်ုပ် ။ ။ အေး၊ ဟုတ်တယ်…
နာဂါတိုက အိမ်ရှေ့ခန်းတွင် ထိုင်နေသော နာဂါတို အဖေထင်ရသော လူကြီး တစ်ယောက်ကို တွေ့သည်နှင့်၊
ကျွန်ုပ် ။ ။ ခမည်းခမက်ပဲ။ ခင်များတို့ အိမ်အပြင်အဆင် အရမ်းကောင်းကြောင်း ခုပဲ ကျွန်ုပ်တို့ ပြောနေတာ…
နာဂါတို ။ ။ ဒယ်ဒီ၊ အဲဒါ ကျွန်တော့် အဖေ မဟုတ်ဘူး။ ဒါကျွန်တော့် အဖေတပည့်ပါ…
ထိုလူက နာဂါတိုကို မြင်သည်နှင့် ဂါရ၀ပြု၍ ထွက်သွားလေသည်။ နာဂါတို အဖေ တပည့်တောင် ဒီလောက် သားနားနေရင် သူ့အဖေကတော့ ပြောဖို့လိုမည် မထင်ပေ။ နာဂါတို ကျွန်ုပ်တို့ကို ထိုင်ရန် နေရာချပေးသည်။ သူတို့ အိမ်ရှေ့ခန်းထဲ ရောက်တော့ ကျွန်ုပ်တို့ သိမ်ငယ်သွားသလိုလိုပင်။ ကျွန်းထိုင်ခုံကြီးတွေပေါ်မှာ နဂါးရုပ်ကြီးတွေနဲ့မို့ လူဆိုးဂိုဏ်း တစ်ခုထဲ ရောက်သွားသည်ဟု ထင်မှတ်ရသည်။ ဒါကြောင့် ကျွန်ုပ် အကျီင်္ကို သေသေချာချာပြင်ဆင်ပြီး ခြေထောက်ကို ချိတ်ထားလိုက်သည်။
နာဂါတို ။ ။ အဖေနဲ့ အမေကို သွားခေါ် လိုက်အုန်းမယ်၊ ခဏစောင့်အုန်းနော်…
ယူမီကို ။ ။ ရှင်အိမ်ကလည်း လူဆိုးဂိုဏ်းကျနေတာပဲ။ ဟိုနားက စိုက်ကြည့်နေတဲ့ လူကြီးကို ကျွန်မ ကြောက်လို့ အပြင်ထွက်သွားခိုင်းစမ်းပါ…
နာဂါတိုက တချက်ရယ်လျှက်၊
နာဂါတို ။ ။ သူက သဘောကောင်းပါတယ်။ ထွက်ခိုင်းဆိုလည်း သွားခိုင်းလိုက်မယ်လေ…
နာဂါတိုက သူ့တပည့်ကို အပြင်ထွက်သွားဖို့ သွားပြောလိုက်ပြီး သူလည်း အတူတူ အပြင်လိုက် ထွက်သွားသည်။ နာဂါတို ထွက်သွားသည်နှင့်၊
ကျွန်ုပ် ။ ။ ယူမီကို၊ ဒယ်ဒီနဲ့ နာဂါတို အဖေနဲ့ ဘယ်သူ ပိုချမ်းသာမယ် ထင်သလဲ…
ယူမီကို ။ ။ ဒါတော့ မပြောတတ်ဘူး ဒယ်ဒီရဲ့။ သူ့အဖေတွေ့မှ မေးကြည့်ပေါ့…
ယူမီကို့ အဖြေကို ကျွန်ုပ်စိတ်ထဲ သဘောမကျမိပေ။ ခဏနေတော့ အခန်းပြင်တွင် နာဂါတို နှင့် လူကြီး တစ်ယောက် စကားပြောသံကို ဧည့်ခန်းထဲမှ ကြားလိုက်ရသည်။
လူကြီး ။ ။ မင်း ကိုယ့်ဘာသာ အိမ်ကဆင်းသွားတုန်းက ဆင်းပြီး အခုမှ ဘယ်သူ့ ခွင့်ပြုချက်နဲ့ ပြန်တက်လာတာလဲကွ…
နာဂါတို ။ ။ ရန်ဖြစ်ချင်ရင် နောက်မှ ဖြစ်။ အခု ကျွန်တော့်မှာ အရေးကြီး ဧည့်သည်တွေ ပါတယ်။ အဲဒါ ထွက်တွေ့လိုက်အုန်း…
နာဂါတို အဖေနဲ့ နာဂါတို စကားများထားပုံ ရသည်ဟု ကျွန်ုပ်စဉ်းစားနေမိသည်။
လူကြီး ။ ။ ငါက ဘာကိစ္စ ထွက်တွေ့ရမှာလဲ…
နာဂါတို ။ ။ ကျွန်တော် စိတ်ဆိုးလာအောင် မလုပ်နဲ့ဗျာ။ ကျွန်တော်နဲ့ လက်ထပ်မယ့် ကောင်မလေး မိဘတွေဗျ…
လူကြီး ။ ။ ဟားဟား၊ မင်းယူမယ့် မိန်းမပဲ၊ မင်းဘာသာ ဧည့်ခံပေါ့။ ငါ ယူရမှာလည်း မဟုတ်ဘူး။ အနေသာကြီး…
ကျွန်ုပ် နာဂါတို အဖေကို မတွေ့ဖူးသေးခင်ကပင် ဒီလူကြည့်ရတာ လူဂွစာကြီးပဲ ဖြစ်ရမည်ဟု တွေးပြီး အမြင်ကတ်နေမိသည်။
နာဂါတို ။ ။ ဒီမှာ သူတို့က လူကြီးလူကောင်းတွေ။ အဖေလို လူစားမျိုး မဟုတ်ဘူးဗျ…
လူကြီး ။ ။ ဘာကွ၊ မင်းက ငါကျွေးတဲ့ ထမင်းစားပြီး လူဖြစ်လာတဲ့ ကောင်က လူပါးဝလှချည်းလား…
နာဂါတို ။ ။ ကျွန်တော် ပြောနေတယ် ခုချက်ချင်း ထွက်တွေ့ဖို့ ပြောနေတာ မရဘူးလားဗျ…
လက်သီး ၃ချက်ထိုးသံကို ကြားလိုက်ရသည်။
ယူမီကို ။ ။ ဒယ်ဒီ၊ နာဂါတိုကို သူအဖေ ထိုးနေတာလား မသိဘူး…
မာမီ ။ ။ အေးဟုတ်တယ်…
ကျွန်ုပ် ။ ။ သူ့တို့ သားအဖကြား ၀င်မပါစမ်းပါနဲ့…
နာဂါတိုက ဧည့်ခန်းထဲသို့ အရင်ဝင်လာသည်။ နာဂါတို ညာဘက်လက်မှာ ပေါက်ပြဲပြီး သွေးတွေ ထွက်နေသည်။ ကြည့်ရတာ ခုနက ကျွန်ုပ်တို့ ကြားတဲ့ လက်သီး ၃ချက်သည် နာဂါတို စိတ်ဆိုးပြီး နံရံကို ထိုးခဲ့သည့် လက်သီးများ ဖြစ်နိုင်သည်။ ယူမီကိုကတော့ နာဂါတို လက်ကိုကိုင်၍ စိတ်မကောင်း ဖြစ်နေလေသည်။ အနောက်မှ နာဂါတိုအဖေထင်ရသူ လူကြီး တစ်ယောက် ၀င်လာသည်။ ထိုလူပုံစံက မြင်ရုံနဲ့ ကြပ်သီးထလောက်သည့် ပုံမျိုးဖြစ်သည်။ မျက်နှာက ခပ်ကြမ်းကြမ်း၊ လူကောင်က ထွားထွား၊ ဆံပင်အရှည်ကို စီးထားပြီ အကျီင်္အရောင်က တောက်လွန်းလို့ မျက်လုံးတောင် စူးသေးသည်။ နာဂါတိုနှင့် တူသည့်နေရာ တစ်နေရာလေးတောင် ကျွန်ုပ်မတွေ့မိပေ။
လူကြီး ။ ။ ဒါမင်းပြောတဲ့ လူကြီးလူကောင်းတွေ ဆိုတာတွေလား…
နာဂါတို ။ ။ အဖေ၊ စကားပြော ဆင်ခြင်စမ်းပါ…
ကျွန်ုပ်ကို ခြေဆုံးခေါင်းဆုံး လာကြည့်နေသဖြင့် ကျွန်ုပ်ကလည်း သူ့ကို ခြေဆုံးခေါင်းဆုံး ပြန်ကြည့်လိုက်သည်။
လူကြီး ။ ။ ကျွန်ုပ်က နာဂါတို အဖေပဲ။ ကျွေးအဖေတော့ မှန်တယ်။ မွေးအဖေကတော့ သူ့အမေကို သေချာမေးကြည့်မှ ဖြစ်မယ်…
ဒယ်ဒီ ။ ။ ဟားဟားဟား။ ခင်များက ရယ်စရာတော်တော် ပြောတတ်တာကိုး။ ကျွန်ုပ်က နာဂါတို အုပ်ထိန်းသူနဲ့ပဲ တွေ့ချင်တာ။ သူ့မွေးအဖေ ဟုတ်မဟုတ် စိတ်မ၀င်စားပါဘူးဗျ…
ကျွန်ုပ် စကားကြောင့် နာဂါတိုအဖေ မျက်မှောင်တစ်ချက် ကုတ်သွားသည်။ ကျွန်ုပ်လည်း မင်္ဂလာကိစ္စပြောရန် လာသဖြင့် သည်းခံပြီး ကျွန်ုပ်ကပဲ စမိတ်ဆက်လိုက်သည်။
ကျွန်ုပ် ။ ။ ကျွန်ုပ်ပဲ အရင် မိတ်ဆက်ပါရစေ။ ကျွန်ုပ်နာမည်က တာကာရှီ၊ ဂျပန်စီးပွားရေး လောကမှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင် တစ်ယောက်ပါ။ ဒါကတော့ ကျွန်ုပ်အမျိုးသမီး နဲ့ သမီးပါ။ နာဂါတိုနဲ့ ယူမီကိုတို့ လူငယ်ချင်း မေတ္တာမျှနေကြပါတယ်။ ဒါကြောင့်…
ကျွန်ုပ် စကားကို အဆုံးမခံပဲ ဖြတ်၍၊
လူကြီး ။ ။ ဒီလောက်ပြောရင် သဘောပေါက်ပြီ။ မင်္ဂလာဆောင်ပေးဖို့ ကိစ္စပြောမလို့လား။ လိုရင်းပြောလည်း ကျွန်ုပ်သဘောပေါက်ပါတယ်။ ကျွန်ုပ်က ကျွန်ုပ်ယူရမှာလည်း မဟုတ်တော့ ဘာမှ ကန့်ကွက် စရာမရှိဘူး။ မင်္ဂလာရက်သာ ခင်များတို့ ဘက်က ရွေးလိုက် မင်္ဂလာပွဲ ကုန်ကျစရိတ် အားလုံး ကျွန်ုပ်တာဝန်ယူတယ်…
ဒီလူကြီးက စကားပြောတာသာ အချိုးမပြေတာ၊ ဒီလိုကျတော့လည်း ဘယ်ဆိုးလို့လဲ တွေးမိလိုက်သည်။
နာဂါတို ။ ။ ကျေးဇူးပါပဲ…
ကျွန်ုပ် ။ ။ ယူမီကို ကျေးဇူးတင်တယ် ပြောလိုက်လေ…
ယူမီကို ။ ။ ကျေးဇူးတင်ပါတယ်၊ အဖေ…
သမီးမွေးရတာလည်း မလွယ်ပါ့လား။ ချက်ချင်းဆိုသလို အဖေဖြစ်သွားရော။ ဒါနှင့် ကျွန်ုပ်လည်း ပါလာတဲ့ ဂါရ၀ပြုဖို့ ပစ္စည်းတွေကို ယူလာခိုင်းလိုက်သည်။ ခဏနေတော့ အလွန်ချောမောပြီး ခေတ်ဆန်သော အမျိုးသမီး တစ်ယောက် ဧည့်ခန်းထဲသို့ ၀င်လာသည်။ ကျွန်ုပ်စိတ်ထဲ နာဂါတို အစ်မဖြစ်လိမ့်မည်ဟု တွေးမိသည်။
အမျိုးသမီး ။ ။ နာဂါတို အထူးဧည့်သည်ဆိုလို့ ငါက ဘယ်သူများလည်း အောင်းမေ့နေတာ။ သူတို့လား…
နာဂါတို ။ ။ အမေကလည်း အမေ့ချွေးမလောင်းလောက် အရေးကြီးတာ ရှိအုန်းမလား…
နာဂါတို အမေက ဒီလောက်ငယ်ရသလား ကျွန်ုပ်တွေးနေမိသည်။
နာဂါတို ။ ။ ယူမီ၊ ဒါက ကိုယ်အမေလေ …
ယူမီကို ။ ။ အမေက ငယ်ပြီ တော်တော်ချောတာပဲ…
အမျိုးသမီး ။ ။ နာဂါတို မင်းလူရွေးတော့ မဆိုးဘူး၊ တော်သားပဲ…
နာဂါတို ။ ။ ဒါက ယူမီကို့ အဖေ ဂျပန်စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပါ။ ဒါကတော့ ယူမီကို့ အမေပါ…
ကျွန်ုပ်မိန်းမနဲ့ နာဂါတို အမေတို့ အဖွဲ့ကျ၍ စကားပြောနေကြသည်။ ကျွန်ုပ် နဲ့ နာဂါတိုအဖေဆိုသည့် လူကြီးနဲ့ ဘယ်သူ ပိုချမ်းသာသည်ကို သိချင်စိတ်ကလည်း ရှိသေး၍၊
ကျွန်ုပ် ။ ။ ဒါနဲ့ နံမည်က…
လူကြီး ။ ။ ကျွန်ုပ် နံမည် မာဆာရှီ တာကုမိ...
ထိုလူကြီး နံမည်ကြားသည်နှင့် ကျွန်ုပ်ကတော့ အရမ်းပျော်သွားသော်လည်း ယူမီကို လန့်ပြီး ထအော်သည်။ ဂျပန်အချမ်းသာဆုံး စာရင်းထဲမှာ ကျွန်ုပ်နံမည်ပါပြီ ဒီလူ့ နံမည် မပါသောကြောင့် ဖြစ်သည်။ ယူမီကိုက နာဂါတိုကို တစ်ချက်ကြည့်လိုက်ပြီး၊
ယူမီကို ။ ။ မဟုတ်ဘူး မဟုတ်လားဟင်…
နာဂါတို ။ ။ ကိုယ်ရှင်းပြပါရစေ…
ကျွန်ုပ် ။ ။ သမီး လူကြီးတွေရှေ့မှာ ဒီလို ရိုင်းရိုင်းပျပျ မဆက်ဆံရဘူးလေ…
ယူမီကို တစ်ယောက် ဘာဖြစ်မှန်းမသိ မျက်စိ မျက်နှာပျက်နေသည်။
ကျွန်ုပ် ။ ။ မာဆာရှီက ဘာစီးပွားရေးလုပ်တာလဲ။ ကျွန်ုပ်ကတော့ Export၊ Inport၊ အမြတ်ရမယ့် လုပ်ငန်းအားလုံး လုပ်တယ်…
လူကြီး ။ ။ ကျွန်ုပ် စီးပွားရေး သိချင်တာ အမှန်ပဲလား…
ကျွန်ုပ် ။ ။ ဒါပေါ့ သိချင်တာပေါ့…
ယူမီကိုက ကျွန်ုပ်အား လက်ဖြင့်လှမ်းတို့ပြီး၊
ယူမီကို ။ ။ ဒယ်ဒီကလည်း သူများ စီးပွားရေး မေးမနေပါနဲ့…
ကျွန်ုပ် ။ ။ ဘာလို့ မမေးရမှာလဲ နောက်လည်း ဆွေးမျိုးတော်ရမှာပဲ…
လူကြီး ။ ။ ကျွန်ုပ်က နဂါးနီ ဂိုဏ်းချုပ်ဗျ…
နဂါးနီ ဂိုဏ်းချုပ် ဆိုတာ နဂါးနီ ကုမ္ပဏီရဲ့ အကြီးဆုံး ရာထူး တစ်ခုဖြစ်ရမည်ဟု ကျွန်ုပ် စဉ်းစားမိသည်နှင့်၊
ကျွန်ုပ် ။ ။ နဂါးနီဆိုတာ အထည်တွေ လုပ်တာလား…
လူကြီး ။ ။ ဟားဟားဟား။ နာဂါတို မင်းယောက္ခမက ငါကို နဂါးနီဆိုတာ အထည်လုပ်ငန်းလား လာမေးနေတယ်။ ငါဘယ်လို ဖြေလိုက်ရမလဲ…
နာဂါတို ။ ။ ကျွန်တော် နောက်မှ သူတို့ကို ရှင်းပြလိုက်ပါ့မယ်…
လူကြီး ။ ။ နဂါးနီဆိုတာ ယာကူဇာဂိုဏ်းကို ခေါ်တာဗျ။ ပြီးတော့ ကျွန်ုပ်သား နာဂါတိုက တစ်နေ့ ကျွန်ုပ် အမွေ နဂါးနီဂိုဏ်းချုပ် ရာထူးဆက်ခံမယ့်သူ…
ကျွန်ုပ် ။ ။ ဘာ၊ နဂါးနီ ယာကူဇာဂိုဏ်းချုပ်။ အားအားအား…
ဒါဆို ခုကျွန်ုပ်ရောက်နေတာ ယာကူဇာဂိုဏ်းထဲမှာပေါ့ တွေးမိသည်နှင့် ချွေးသီးချွေးပေါက်တွေ ကျလာသည်။ ကျွန်ုပ်လည်း ကြောက်အား ကြီးပြီး ယူမီကိုနဲ့ မိန်းမကို ခေါ်၍ ထွက်ပြေးတော့သည်။ နာဂါတို အနောက်မှ ပြေးလိုက်လာပြီ၊
နာဂါတို ။ ။ ဒယ်ဒီ၊ မာမီ၊ ယူမီကို ကျွန်တော် ရှင်းပြပါရစေ…
ကျွန်ုပ်။ ။ ရှင်းပြချင်ရင် နောက်မှ ရှင်းပြ။ ခုတော့ လစ်ပြီဟေ့…
ပြီးပါပြီ…
ဟင်းးးးးးးးးးးးးးးးးး
ReplyDeleteပီးတွားဘီယား...:P
ဇာတ်လမ်းလေး စလယ်ဆုံး ကွက်စိပါပေတယ်
စာဖတ်သူကို မပျင်းအောင် ခေါ်သွားနိုင်တယ်
စိတ်ဝင်စားစရာ ကောင်းပါတယ်.. :)
ReplyDeleteပြီးသွားပြီး... ဂွဒ်ထ!
ReplyDeleteယာကူဇာချစ်သူ အခန်းဆက်တွေကို အားပေးကြသူများကို အထူးတလည် ကျေးဇူးတင်ပါတယ်။ ခုနောက်ပိုင်း ၀တ်ရည်ဆက်ရေးမည့် နောက်အခန်းဆက် အသစ်(.... ) ကိုလည်း ယာကူဇာချစ်သူကို အားပေးသလို အားပေးကြပါအုန်းနော်... :)
ReplyDeleteနောက်အခန်းဆက် အသစ်က ဂိမ်းမာချစ်သူရေးမှာ လား ဟူးဟ၊ ဟူးဟ။ Fatty ဂိမ်းမာလေ ;)
ReplyDeleteရယ်စရာလေးနဲ့ အဆုံးသတ်သွားပါပေါ့လား
ReplyDeleteကဲ နောက်ထပ် အသစ်ကို စောင့်မျှော်အားပေးနေပါဦးမယ်
ဒါနဲ့ စာတွေဘဲ ထိုင်ရေးနေတာ ဟင်းမချက်ဘဲတော့ မနေနဲ့နော်..း)
ဟုတ်ကဲ့ပါ မချော... ဟင်းလည်းချက်၊ စာလည်းရေးပေါ့... ဟီးဟီး... :)
ReplyDeleteနှမြောလိုက်တာဗျာ...။ ဒီဝတ္ထုလေးပြီးသွားတာ။ ဇာတ်လမ်းခန်းတိုင်းခန်းတိုင်းမှာ ရသစုံပါအောင်ရေးသွားနိုင်တာ ပါရမီရှင်တယောက်လိုပါပဲ။ အားပေးလျှက်ပါခင်ဗျား...။
ReplyDeleteလောင်စာရေ ခုလို အားပေးဖော်ရတာကို အ၇မ်းကျေးဇူးတင်မိပါတယ်.. ဂျူးလိယက် ယာကူဇာချစ်သူ အစအဆုံး အချော ပြန်ရေးနေတာပြီ စာတိုက်တွေကို ဆက်သွယ်ကြည့်မှာမို့ ဆုတောင်းပေးပါအုန်းနော်... :)
ReplyDeleteအခုမှ အားတာမို့ ၀တ္ထု စဆုံး ပြန်လာဖတ်သွားပါပြီ။
ReplyDeleteရေးပေးတဲ့အတွက်ကျေးဇူးပါ။
စာပေတိုက်တွေပို့ရင်လည်း အခြေအနေ ကောင်းပါစေဗျာ။
မြစ်ကျိုးအင်း ပေးတဲ့ဆုနဲ့ ပြည့်ဝရစေနော်.. Thanks par!! :)
ReplyDelete