Sunday, November 7, 2010

ယာကူဇာချစ်သူ -၂ (အခန်းရ (ယူမီကို))

 
အခန်း-ရ (ယူမီကို)
   
    မာဖီယာ နှင့် သူ့တပည့် ဟွန်ဒါကြီးတို့ အိမ်မှာ လာမွှေနှောက်သွားသည်ကို ယူမီ စိတ်ထဲက မတင်မကျဖြစ်နေမိသည်။ သူ့အကောင်ကြီးလို့သာ မဟုတ်လို့ကတော့ ယူမီ တစ်ချက် ထိုးစရာပဲ ရှိတယ်ဟု တွေးနေမိသည်။ နောက်နေ့မနက် မိုးလင်း အိပ်ယာကတောင် မနှိုးသေးပေ ဒယ်ဒီ တံခါးကို အတင်းလိုက်ထုရိုက်သဖြင့် လန့်နှိုးသွားသည်။

ယူမီ ။        ။ ဘာလို့ အခန်းတံခါး အတင်းထုနေတာလဲ…
ဒယ်ဒီ ။    ။ ယူမီကို မျက်နှာသစ်ပြီ အောက်မြန်မြန်ဆင်းခဲ့စမ်း။ အောက်မှာ ဧည့်သည်ရောက်နေတယ်…
ယူမီ ။    ။ အာ၊ ဘယ်သူလဲ။ ၀ါးဝါးဝါး…

    ယူမီလည်း မျက်နှာသစ်၊ သွားတိုက်ပြီ အောက်သို့ အိပ်ချင်းမူးတူးနှင့် ဆင်းလာသည်။ ဒယ်ဒီက ဧည့်ခန်းပေါက်ဝတံခါးနားက ရစ်သီရစ်သီလုပ်နေသည်။ ဧည့်ခန်းထဲ ၀င်လိုက်သည်နှင့် အိပ်ချင်နေတာတောင် ဘယ်ရောက် သွားမှန်း မသိအောင် အံ့အားသင့်စွာ မျက်လုံးပြူးသွားပြီ၊

ယူမီ ။        ။ ဂင်…
ဂင် ။        ။ မင်္ဂလာပါ…
ယူမီ ။        ။ မင်္ဂလာပါ…

    ဒယ်ဒီ ယူမီဂုတ်ကို ဆွဲ၍ ဧည့်ခန်းထဲမှ အတင်း ဆွဲထုတ်သွားပြီ၊

ဒယ်ဒီ ။    ။ အဲဒီကောင် ဘယ်ကလဲ။ ငါမှာ သမက်လောင်း နာဂါတိုကလွှဲလို့ ဘယ်သူနဲ့မှ သဘောမတူနိုင်ဘူး…
ယူမီ ။    ။ ယူမီတို့ စီးပွားရေး မေဂျာကပါပဲ…
ဒယ်ဒီ ။    ။ ဘာ စီးပွားရေး မေဂျာကဟုတ်လား။ ဒါဆို သဘောတူတယ်။ နာဂါတိုအဖေက ယာကူဇာဂိုဏ်းချုပ်ကို အမျိုးတော်ရမှာ ကြောက်နေတာနဲ့ အတော်ပဲ။ ဒါနဲ့ အဲဒီကောင်လေး အဖေက ဘာလုပ်လဲ…

ဂင်ဘာလို့ ယူမီအိမ်ထိလိုက်လာသည်ကို စိတ်ညစ်နေတဲ့ အထဲ၊ အင်တာဗျူးမေးခွန်းတွေနဲ့မို့ ခေါင်းရှုပ်လာသည်။

ယူမီ ။    ။ သူ့အဖေက အစက အားလုံး လိုက်သိစရာလား။ စကားကောင်း မပြောပဲ ဒယ်ဒီ မနေနိုင်ဘူးလား…
    ဒယ်ဒီ စိတ်ဆိုးသွားပုံရ၍ လေသံမာသွားပြီ၊
ဒယ်ဒီ ။    ။ ဒီမှာ ယူမီကို၊ သူ့အဖေ ဘာလုပ်လဲ ဆိုတာ ငါသွားမေးရမလား။ နင်၊ ကိုယ်တိုင် မေးချင်လား ဆုံးဖြတ်…

    ယူမီ ဒယ်ဒီကို မနိုင်တဲ့အဆုံး မေးပေးမယ် ပြော၍ ဧည့်ခန်းထဲသို့ ပြန်ဝင်လာသည်။

ဂင် ။        ။ ကျွန်တော် လာတာ ယူမီ့အတွက် အနှောင့်အယှက် ဖြစ်သွားသလား…
    ယူမီ ပျာပျာသလဲလဲဖြင့် လက်ခါယမ်း၍၊
ယူမီ ။        ။ လုံးဝမဖြစ်ပါဘူး…

    ဂင်က သဘောသွားဟန်ဖြင့် တစ်ချက်ပြုံးလိုက်သည်။ ဂင်ပြုံးလိုက်လျှင် အရမ်းဆွဲဆောင်မှု ရှိ၍ အိမိတို့သာဆိုရင် သူရှေ့မှာတင် မေ့လှဲသွားနိုင်သည်။ ဂင်က ဘယ်ကပေါ်လာမှန်း မသိတဲ့ နှင်းဆီပန်းတစ်ပွင့်ကို ယူမီကို ပေးလိုက်ပြီ၊

ဂင် ။        ။ ယူမီအတွက် ကျွန်တော်ကိုယ်တိုင် ခူးလာတာပါ…
ယူမီ ။        ။ ရှင်…

    ယူမီ အံ့ဘြပြီရင်း အံ့အားသင့်နေမိတော့သည်။ ဂင် ယူမီ ကိုတကယ်များ ချစ်ကြိုက် နေတာလား။ နှင်းဆီပန်းပေးတာ ယူမီ ကိုချစ်ရေးဆိုတာလား။ အိုဒုက္ခပါပဲ၊ မာဖီယာနဲ့ ဂင်နဲ့ ငါဘယ်သူကို ရွေးရမှာလဲ။ စဉ်းစားရခက်နေစဉ် အရေးထဲ ဧည့်ခန်းပြင်မှ ဒယ်ဒီက ဂင့်အဖေ ဘာလုပ်သည်ကို မေးဖို့ကို လက်ဟန်ခြေဟန်ဖြင့် လုပ်ပြနေသည်။ ယူမီလည်း ဂင်နဲ့ သိပ်မရင်းနှီးပဲ မေးရမည်မို့၊

ယူမီ ။    ။ ဟဲဟဲဟဲ၊ ယူမီ့ အဖက စီးပွားရေး လုပ်ငန်းရှင်လေ။ ဂျပန် တနိုင်ငံလုံးမှာ သူ့လုပ်ငန်းခွဲတွေ အများကြီးပဲ။ ဟဲဟဲဟဲ…

    ယူမီ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ယမ်း၍ ချက်ချင်းဆိုသလို၊

ယူမီ ။        ။ ဂင်အဖေက ဘာလုပ်တာလဲ…
    ဘွင်းဘွင်းကြီး မေးလိုက်တော့သည်။ ဂင်က တစ်ချက်မျက်နှာ ပျက်သွားပြီမှ၊

ဂင် ။        ။ ကျွန်တော်က မိဘမဲ့ တစ်ကောင်ကြွက်ပါ…

    ဖြေလိုက်သည်နှင့် ယူမီ့ဒယ်ဒီ ၀မ်းသာစွာဖြင့် ဧည့်ခန်းပြင်မှာ ဂျွမ်းပစ်ခုန်ပေါက်နေသည်။

ယူမီ ။        ။ ဘြော်၊ ဟုတ်လား။ မသိလို့ မေးမိတာနော်။ ဟဲဟဲဟဲ…
ဂင် ။    ။ ကိစ္စမရှိပါဘူး။ ကျွန်တော် အမှန်တော့ ယူမီကိုနဲ့ အပြင်မှာ မုန့်တူတူ သွားစားချင်လို့ လာခေါ်တာပါ…

    ဂင်စကားကြောင့် ယူမီပျော်သွားမိပြီ လိုက်မယ်လို့ ဖြေမယ် လုပ်ပြီမှ သတိရသွားသည်မှာ ဟင်း၊ လိုက်စားလို့ မဖြစ်ဘူး။ မာဖီယာက တယ်လီပတ်တီ ရထားတာ ယူမီ ဘာတွေးတွေး သူ့အကုန်သိနေမှာ၊

ယူမီ ။        ။ လိုက်လို့ မဖြစ်ဘူး။ ဟိုလေ လုပ်စရာလေးရှိသေးလို့။ နောက်နေ့မှပေါ့…

    ချက်ချင်း ငြင်းလိုက်သည်။ မာဖီယာသိသွားရင် ဖောက်ပြန်တယ် ဆိုပြီ အသတ်က ခံရအုန်းမည်။

ဂင် ။    ။ ဒါဆိုလည်း နောက်နေ့မှပေါ့။ ကျွန်တော် ယူမီကိုနဲ့ တူတူအပြင်ထွက်လည် ခွင့်ရချင်ပါသေးတယ်…

    ဂင်ကို ငြင်းလိုက်ရ၍ စိတ်မကောင်းတော့ ဖြစ်မိသည်။ ဂင်ကလည်း သူပြန်လိုက်ပါအုန်းမယ်ပြော၍ ယူမီကိုယ်တိုင် ဂိတ်ဝနားထိ လိုက်ပို့ပေးသည်။ ပြန်ခါနီးတွင်၊

ဂင် ။        ။ ယူမီ ည၀တ်အင်္ကျီလေးနဲ့ အရမ်းလှပြီ ချစ်စရာလဲ ကောင်းတယ်…
    ပြောလိုက်သည်နှင့် ယူမီရင်ထဲ နွေးထွေးသွားတော့သည်။ မျက်လုံးထဲမှာ အသဲပုံလေးတွေ ဝေ့လည်ဝေ့လည် နေစဉ် ဖုန်းသံထမြည်သဖြင့်၊

ယူမီ ။        ။ အမယ်လေး။ လန့်လိုက်တာ…

    ငါဘာမှ အမှားမလုပ်ပဲ၊ ဘာလို့ လိပ်ပြာ မသန့် ဖြစ်နေပါလိမ့်။ အင်း မာဖီယာဖုန်းပဲ၊ သူတယ်လီပတ်တီနဲ့ ကြည့်ပြီ ဂင်လာတာကို သိသွားလို့ ဖုန်းဆက်တာပဲနေမှာ။ ယူမီ ဖုန်းကောက်ကိုင်ပြီ၊

ယူမီ ။    ။ ဂင် အိမ်လာလည်တာ၊ ကျွန်မ ဖိတ်တာမှ မဟုတ်တာ။ သူမုန့်တူတူစားဖို့ ဖိတ်တာတောင် ကျွန်မ ငြင်းလိုက်တာ ရှင်လည်း တယ်လီပတ်တီနဲ့ မြင်မှာပေါ့။ ကျွန်မကို ဘာမှ အပြစ်လာမပြောနဲ့…

    မာဖီယာ ဘာမှ မပြောသေးခင်၊ ယူမီ့ ကြိုပြီ ပိတ်ပြောလိုက်သည်။ မာဖီယာ ဆီမှ မမျှော်လင့်သွားတဲ့ စကားကြားလိုက်ရသည်။

မာဖီယာ ။    ။ ဘာပြောတယ်၊ ဂင် အိမ်လာသွားတယ် ဟုတ်လား…
ယူမီ ။        ။ ရှင် တယ်လီပတ်တီ ရတယ် ဆိုပြီ လိမ်တာပေါ့လေ…
မာဖီယာ ။    ။ ဘာလို့ ငါက လိမ်ရမှာလဲ။ ဂင်ကို ငါအကြောင်း ပြောလိုက်သေးလား…

    အင်း ဂင်ကို မာဖီယာ အကြောင်း ဘာလို့ပြောရမှာလဲ။ မပြောလိုက်ဘူး ပြန်ဖြေရင် သူ့နောက်ကွယ်မှာ ဖောက်ပြန်တယ်ဆိုပြီ မာဖီယာက စွပ်စွဲမှာစိုး၍၊

ယူမီ ။        ။ ပြောလိုက်တာပေါ့၊ ရှင်အကြောင်း အများကြီး ပြောလိုက်တယ်…
မာဖီယာ ။    ။ ဘာကွ၊ ဘာလို့ ငါအကြောင်း ဂင်ကို ပြောရတာလဲ။ နောက်တစ်ခါ ပြောရဲ ပြောကြည့်စမ်း မင်းနဲ့ငါ လမ်းခွဲမယ်…
ယူမီ ။    ။ ဒါဆို ကျွန်မက လမ်းခွဲချင်လို့ ပိုတောင် ပြောအုန်းမယ်…
မာဖီယာ ။    ။ အာ၊ ဒါဆို လမ်းမခွဲဘူး။ နောက်တစ်ခါ ငါနံမည်တောင် မဟမိစေနဲ့။ ဟလို့ကတော့ အတွေ့ပဲ…

    ပြောကာ စိတ်ဆိုး၍ ဖုန်းချသွားသည်။ ဘယ်လို မာဖီယာ ပါလိမ့်။ ဂင် အိမ်လာလည်လို့ စိတ်မတိုပဲ၊ သူအကြောင်းပြောတယ် ထင်ပြီ စိတ်ဆိုးသွားသေးတယ်။ ၀ူးဝူး၊ ဘာပဲဖြစ်ဖြစ် တော်ပါသေးရဲ့၊ မာဖီယာ တယ်လီပတ်တီရထားတာကို မေ့တော့မို့ နည်းနည်းပဲ လိုတော့တယ်ဟု သက်ပြင်းချလိုက်မိသည်။ ဒီအတိုင်းသာ ဆိုရင် မာဖီယာ လက်အောက်က ယူမီ တသက်လုံး လှုပ်လို့တောင် ရမှာ မဟုတ်ဘူး စိတ်ညစ်လိုက်တာနော်။ ယူမီ တွေးမယ်ကြံတိုင်း မာဖီယာ တယ်လီပတ်တီနဲ့ ကြည့်နေမှာစိုးလို့ အကြံမထုတ်ဝံ့ပေ။ အင်း အိမိတို့နဲ့ တိုင်ပင်ရင် မစိုးဘူး။ တစ်ယောက်ခေါင်းထက် ၄ယောက်ခေါင်းက ပိုကောင်းတာပေါ့။ ဒါလည်း တွေးလို့မဖြစ်ဘူး ယူမီဖုန်းကို ထုတ်၍၊

ယူမီ ။        ။ ဂျောက်၊ ဂျောက်၊ ဂျောက်…
    အိမိတို့ ၃ယောက်ကို ဖုန်းမဆက်ပဲ မက်ဆေ့ပို့၍ ချိန်းလိုက်သည်။

ယူမီ မက်ဆေ့။    ။ အားလုံး အရမ်းအရေးကြီးသည့် ကိစ္စတိုင်ပင်ရန် .x.x.x.x.xဆိုင် လာခဲ့ပါ။ ထိုကိစ္စကို ဖုန်းပြော၍ မရ၊ တွေး၍ မရ၊ စကားပြော၍ မရပါ။ ဒါကြောင့် မက်ဆေ့ပို့ပြီ အကြောင်းကြားလိုက်ရသည်။ ပုံ-ယူမီကို

    ယူမီ အိမိတို့နဲ့ ချိန်းထားသော နေရာသို့ ထွက်ခွာလာသည်။ အိမိ၊ ဆူရှီ၊ ဆာရှီမီ အားလုံးတို့က စကားမပြောတတ်သည့်အတိုင်း အိုင်တင် ဟန်ပန်တွေနဲ့ လုပ်ပြနေကြသည်။ ယူမီ သူတို့နဲ့ တူတူ စားပွဲဝိုင်းတွင် ထိုင်လိုက်ပြီ စာရွက်တစ်ခုနဲ့ ဘော်ပင်တစ်ချောင်းစီ ဝေပေးလိုက်သည်။ ယူမီစိတ်ထဲက မတွေးပဲ စာရွက်တွင်ပင် ချရေးလိုက်သည်။

ယူမီ့ စာ ။    ။ မာဖီယာမှာ တယ်လီပတ်တီ အစွမ်းရထားသည်။ ထို့ကြောင့် နင်တို့ တွေးသမျှအားလုံးကို သူသိနိုင်သည်။ ဒါကြောင့်…

    ရေးလို့တောင် မဆုံးသေခင်ပင် အိမိက အလန့်တကြားဖြင့် ထရပ်လျှက်၊

အိမိ ။    ။ ဘာ၊ မာဖီယာက တယ်လီပတ်တီအစွမ်းရှိတယ်…

    ထအော်လိုက်၍ ဒုက္ခပါပဲ အိမိရယ်၊ ပါးစပ်ပိတ်ထားပါ ဆိုမှ မာဖီယာ သိကုန်တော့မှာပဲဟု ပြောကာ အတင်းပြန်ထိုင်ခိုင်းရသည်။

ယူမီ့ စာ ။    ။ စာနဲ့ပြန်ရေးပြီ ပြောကြတာပေါ့…
အိမိ့ စာ ။    ။ ငါခုတွေးနေတာ မာဖီယာသိရင် သိပ်ကောင်းမှာပဲ…
ဆူရှီ့ စာ ။    ။ ဘာမို့လို့လဲ။ နင်ယူမီကို ရှေ့ထားပြီ မာဖီယာကို ကြိတ်ကြိုက်နေလို့လား…
အိမိ့ စာ ။    ။ အာမဟုတ်တာ။ ငါစဉ်းစားနေတာက မာဖီယာ သဘောကောင်းပြီ ဒီညနေ ငါတို့အားလုံးကို မုန့်လိုက်ဝယ်ကျွေးရင် သိပ်ကောင်းမှာပဲလို့။ မာဖီယာက တခါမှ မ၀ယ်ကျွေးဖူးလို့ စားဖူးချင်လို့ပါ…
ဆာရှီမီ့ စာ ။    ။ အိမိ နင်လည်း ဆူရှီနဲ့ ပေါင်းပြီ အစားပုပ်လာပြီ…
ဆူရှီ့ စာ ။    ။ ဘာဆိုင်လို့ ငါကိုပါ ဘာလို့ ဆွဲထည့်ရတာလဲ…
ယူမီ့ စာ ။    ။ တော်ကြပါတော့။ မာဖီယာ တယ်လီပတ်တီကို ဘယ်လိုကျော်ဖြတ်ရင် အကြံကို ၀ိုင်း စဉ်းစားပေးပါအုန်း…

ဆူရှီက ဘော်ပင်ကို ပစ်ချလိုက်ပြီ လက်အကြောဆန့်၍၊

ဆူရှီ ။    ။ စာရေးရတာ၊ လက်ညောင်းလိုက်တာ။ ယူမီကိုရယ် ငါကိုတော့ စကားပေးပြောပါနော်…
ဆာရှီမီ ။    ။ ဆူရှီ နင်တော်တော် လျှာရှည်ပါ့လား။ မပြောနဲ့ဆို မပြောနဲ့ပေါ့…
    အရေးထဲ ဆာရှီမီ နှင့် ဆူရှီက နှစ်ယောက်က ရန်ဖြစ်နေသည်။ ယူမီ ငါမတွေးပဲ ရေးချင်တာ ရေးနိုင်တာပဲ တွေးမိ၍၊

ယူမီ့ စာ ။    ။ နင်တို့အားလုံးကို ငါသူငယ်ချင်းကောင်း ပီသစွာနဲ့ တစ်ခု ပြောပြဖို့ ရှိတယ်။ အဲဒီ ကိစ္စကို အသိပေးသင့်၊ မပေးသင့် ငါဝေခွဲမရဘူး။ နင်တို့ စိတ်မကောင်းဖြစ်မှာလဲ စိုးရိမ်လို့…
    ယူမီရေးလိုက်တဲ့ စာကြောင့် အားလုံးမျက်စိအရောင် တောက်ပစွာဖြင့် စာအမြန် ပြန်ရေးကြတယ်။

ဆာရှီမီ့ စာ ။    ။ မြန်မြန်ရေးပါ ယူမီကိုရယ်။ ငါတို့လည်း သိသင့်တာပေါ့…
အိမိ့ စာ ။     ။ ငါသိချင်လှပြီ…
ဆူရှီ့ စာ ။    ။ စိတ်မဆိုးပါဘူး၊ ပြောပြပါဟာ…
    သူတို့က အရမ်းသိချင်၍ ယူမီ ရေးပြလိုက်သည်။

ယူမီ့ စာ ။    ။ ဒါဆိုလည်း ရေးချရတာပေါ့။ ဒီနေ့ ငါအိမ်ကို ဘယ်သူလာတယ် ထင်လဲ။ နင်တို့ အချစ်တော် ဂင်ရောက်လာတယ်။ ဆိုင်မဆင့်၊ ဘုံမဆင့်နဲ့မို့ ငါအရမ်း အံ့ဘြသွားတာပဲ။ ဂင်ဝတ်ထားတဲ့ အကျီင်္နဲ့ လိုက်ဖက်လွန်းလို့ ဒီနေ့ ဘယ်လိုချောမှန်းကို မသိတာ…
    အိမိ၊ ဆာရှီမီ၊ ဆူရှီတို့ ဘိုင်းခနဲ မြည်အောင် နောက်ပြန်လှဲကျသွားကြတော့သည်။

အိမိ ။        ။ ဂင်ရဲ့ ဘာလို့ ငါကို မကြိုက်ပဲ။ ယူမီကိုကိုမှ ရွေးကြိုက်ရတာလဲ။ ဟိဟိဟိ…
ဆူရှီ ။        ။ ဟိဟိဟိ။ ဖြစ်မှ ဖြစ်ရလေ ဂင်ရဲ့၊ ဂင်ရဲ့…
ဆာရှီမီ ။    ။ ယူမီကို အိမ်လာရုံနဲ့ ငါဂင်ကို လိုက်မယ် ဇွဲ မလျှော့နိုင်သေးဘူး။ ဒါပေမယ့် ငိုချင်တယ်။ ဟိဟိဟိ…
ယူမီ့ စာ ။    ။ ဒါကြောင့် မရေးချင်ပါဘူးဆို။ နင်တို့ကို စိတ်မကောင်းတာ သိရက်နဲ့ ငါနောက်တစ်ခုတော့ ထပ်ပြောပြရအုန်းမယ်။ ပြီတော့ ဂင်ကလေ အိမ်လာရုံမဟုတ်ဘူး။ ငါကိုလေ နှင်းဆီပန်းတောင် ပေးသွားသေးတယ်…

    ယူမီ စာရေးလို့ အဆုံးတွင် အိမိတို့ ဒုံးပျံနဲ့အတူ လေပေါ်သို့ မြင့်တက်သွားပြီမှ အရှိန်နဲ့ ပြန်ပြုတ်ကျလာကြသည်။ သူတို့ ဆံပင်တွေ အားလုံးလည်း ထောင်ပြီ စုတ်ပြတ်နေရှာ၍ ကျွတ်ကျွတ်ကျွတ် အချစ်ကြီးကြတယ်ဟု စိတ်ထဲမှ ရေရွှတ်လိုက်မိသည်။

ဆာရှီမီ ။    ။ ဟိဟိဟိ။ ဖြစ်မှ ဖြစ်ရလေ ဂင်ရဲ့၊ ဂင်ရဲ့…
ဆူရှီ ။        ။ ဆာရှီမီ နင်ပြောတဲ့ အတိုင်း ဘာလို့ ခိုးချပြောရတာလဲ…
ဆာရှီမီ ။    ။ ဘာဖြစ်လဲ။ ငါဘာသာ အလွမ်းသယ်ချင်သလို သယ်မှာပေါ့…
ဆူရှီ ။        ။ မလိုချင်ဘူး ပြန်ပြင်…
    ယူမီ သူတို့ အငြင်းပွားနေတုန်း စာရွက်ပေါ်တွင် စာအမြန်ရေးချလိုက်ပြီ၊

ယူမီ့ စာ ။    ။ နေကြအုန်း နင်တို့ကို မပြောပဲ ချန်လှပ်ထားတာ ရှိသေးတယ်။ အဲဒါလည်း နင်တို့အပေါ် ငါလိပ်ပြာသန့်ချင်လို့။ ဂင်က ငါကို Date လုပ်ဖို့တောင် ပြောသေးတယ်၊ သိလား။ ဒါပေမယ့် ငါငြင်းလိုက်ပါတယ်…

    စာလည်း ဖတ်ပြီရော အိမိတို့ ရော့သီချင်း ဆိုသူကဆို၊ အလွမ်းသီချင်း ဆိုသူကဆိုနဲ့ ဆူညံသွားတော့တာပဲ။ ယူမီ မတွေးပဲ ရေးနေရတာ လွယ်တာတော့ မဟုတ်ပေ။ ဘာပဲ ဖြစ်ဖြစ် သူတို့ကို ဂင်နဲ့ ပတ်သက်ပြီ မလှိုဝှက်ထားစေချင်ဘူး။ နောက်မှ သူငယ်ချင်း အချင်းချင်း သစ္စာဖောက်တယ် ထင်ခံရမှာကို စိုးတယ်။ ဒါတောင် ဂင်နဲ့ပတ်သက်ပြီ အရေးကြီးဆုံး တစ်ခုကျန်သေးတယ်၊

ယူမီ့ စာ ။    ။ ငါ ဂင်နဲ့ ပတ်သက်ပြီ ထိန်ချန်ထားတာ နောက်ဆုံး တစ်ခုလည်း ကျန်သေးတယ်…
    ဒီတစ်ခါတော့ တစ်ယောက်မှ လုံးဝကို သိချင်ပုံ မပေါ်ပဲ၊ စာပြန်ရေးကြသည်။

အိမိ့ စာ ။    ။ ချန်ထားလက်စနဲ့ မရေးပြပါနဲ့တော့ဟယ်။ ငါထပ် ၀မ်းမနည်းချင်ဘူး…
ဆူရှီ့ စာ ။    ။ ငါရောပဲ။ အိမိလိုပဲ မသိချင်တော့ဘူး…
ဆာရှီမီ့ စာ ။    ။ မသိတာက ပိုကောင်းပါတယ်…
ယူမီ့ စာ ။    ။ နင်တို့က မသိချင်ပေမယ့် ငါက အရမ်းရင်ဖွင့်ချင်နေတာ။ နင်တို့ပဲ ကိုယ်ချင်းစာကြည့်လေ၊ မာဖီယာ သိမှာစိုးလို့ တွေးပျော်ရမှာကို မတွေးရပဲ ငါဘယ်လောက် စိတ်မွန်းကြပ်နေတယ် ထင်လဲ။ ဒါကြောင့် ငါစာနဲ့ ရေးပြမှ ဖြစ်မှာ။ ဂင်ငါကို အိမ်က ပြန်ခါနီးလေ။ ပြောရမှာတော့ ရှက်စရာကြီးပဲ။ ယူမီ ည၀တ်အင်္ကျီလေးနဲ့ အရမ်းလှပြီ ချစ်စရာ ကောင်းတယ်တဲ့လေ…

    စာလည်း ရေးပြီသွားရော ဆာရှီမီ၊ အိမိ၊ ဆူရှီ ၃ယောက်လုံး မျက်စိအောက်ကနေ ပျောက်သွားကြသည်။ ယူမီ ကိုမစောင့်ပဲ ဒီ၃ယောက် ကျောင်းသွားတက်တာပဲ နေမှာ။ ဒီလိုတော့ ဘယ်ရပါ့မလဲ အိမိတို့ရယ် ယူမီလည်း ကျောင်းလိုက်ပြီ သူတို့ကို ထပ်ရေးပြအုန်းမှ။

ဆက်ရန်....
-------------------------------------------

3 comments:

  1. လာဖတ်သွားပြီနော်
    ဆက်ရန်........................................... ကိုမျှော်နေသည်

    ReplyDelete
  2. လာဖတ်သွားပြီနော်
    ဆက်ရန်........................................... ကိုမျှော်နေသည်

    ReplyDelete
  3. ပန်းနုရောင်May 17, 2013 at 1:43 AM

    စိတ်ဝင်စားဖို့ကောင်းတယ်

    ReplyDelete