Tuesday, November 9, 2010

ယာကူဇာချစ်သူ -၂ (အခန်း-၈ (မာဖီယာ))


အခန်း-၈ (မာဖီယာ)

ကျောင်းသို့ လာတဲ့လမ်းပေါ်တွင် ကားမောင်းရင်း ငါမှာ တယ်လီပတ်တီ အစွမ်းရှိတယ် လျှောက်ပြောလိုက်တာ ယူမီကို တကယ်ယုံနေတယ်ဟု လှောင်ရယ်နေမိသည်။ ယူမီကို ဘာကိစ္စ ငါအကြောင်း ဂင်ကို သွားပြောတာလဲ။ ကိုယ်ချစ်သူကို ယာကူဇာစလေရာဆီ တွန်းပို့နေတာ၊ ဒါသက်သက်မဲ့ ငါကို သေကြောင်း ကြံစည်မှုပဲ။ ယူမီကို အပေါ် အခဲမကျေနိုင်ပဲ ကြိမ်ဆဲနေသည်။

ကြိမ်ဆဲ ။ ။ ယူမီကို ခုကျောင်းသွားတဲ့ လမ်းမှာ ခလုတ်တိုက်လှဲပါစေ၊ လှဲရင်လည်း အကုန်လှန်ပြီ အရှက်ကွဲပါစေ…

ဒီလို ကြိမ်ဆဲလို့ မဖြစ်သေးဘူး၊ ငါတောင် မမြင်ဖူးတာတွေ သူများတွေ မြင်သွားလို့ မရပါဘူး။ အင်း ယူမီကို၊ ယူမီကို ဂင်က သူကို တကယ်ကြိုက်တယ် ထင်ပြီ တော်တော်ပျော်နေတယ်ပေါ့လေ။ ဂင်၊ ယာကူဇာစလေရာက သူကို သခင်မလေးနိုရီ နဲ့မှားပြီ ချင်းကပ်နေတာကို မသိရှာပါ့လားနော်။ တော်ကြာမှ သခင်မလေးနိုရီ အောင်းမေ့ပြီ သတ်သွားမှဖြင့် ကိုယ်ကျိုးနည်းတော့မှ ပါ့လား ဒီကလေးမတော့ဟု သက်ပြင်းချလိုက်မိသည်။ တက္ကသိုလ်နားရောက်ခါနီး လမ်းဘေးတွင် တစ်ယောက်ထဲ လမ်းလျှောက် နေသော ယူမီကိုကို လှမ်းမြင်လိုက်သည်နှင့် ၀မ်းသာအားရ ဟွန်းတီးကာ၊

ကျွန်တော် ။ ။ ယူမီ၊ သဲလေး ကားပေါ်တက်…
ယူမီကိုကလည်း ကျွန်တော်လည်း မြင်ရော သွားသုံးဆယ့်ခြောက်ချောင်းလုံး ဗြဲနေအောင် ရယ်ပြလျှက်၊

ယူမီကို ။ ။ ဟဲဟဲဟဲ၊ တက်ရမှာပေါ့…
ကျွန်တော့်ကားပေါ်သို့ တက်လိုက်လာသည်။ အရင်ကဆို ကားစုတ်သဖြင့် အတင်းခေါ်ယူရသော်လည်း ခုတော့ ကျေနပ်စွာလိုက်လာသဖြင့် အနည်းငယ် အံ့အားသင့်နေမိသည်။

ကျွန်တော် ။ ။ သဲလေး ဒီနေ့မှ အရမ်းကို လှနေပါ့လား…
ယူမီကို ။ ။ ဟဲဟဲဟဲ။ ကိုယ်လည်း အရမ်းချောတာပဲ…

အင်း ဒီနေ့မှ ယူမီကို ဘာလို့ သဘောအရမ်းကောင်းနေပါလိမ့်။ သူငါ့အပေါ် ဘာများ မကောင်းကြံထားလို့လဲဟု မယုံသင်္ကာစိတ်ဖြင့် သတိထားနေမိသည်။ နောက်မှ သတိရလိုက်သည်မှာ၊ ဘြော် ကောင်းပြနေမှာပေါ့ မနက်တုန်းက ငါနောက်ကွယ်မှာ ဂင်နဲ့ ပလူးနေတာကို ငါမေ့နေလိုက်တာ တွေးမိ၍ ဘရိတ်ကို စောင့်နင်းလိုက်သည်။

ယူမီကို ။ ။ ဘာဖြစ်လို့လဲ…
ကျွန်တော် ။ ။ မင်း မနက်က ဂင်နဲ့…
ကျောင်းပေါက်ဝတွင် ရပ်နေသော ဂင်၊ ယာကူဇာစလေရာကို တွေ့သည်နှင့် ဟိုမှာ ယာကူဇာစလေရာ ငါကိုများ သတ်ဖို့ စောင့်နေတာလား မသိဘူး။ ကြောက်လန့်ပြီ တွေ့ရာချောက်ထဲသို့ ကားကို အရှိန်ပြင်းစွာ မောင်းချလိုက်သည်။ ဒုန်း၊ ခွက်၊ ဒုန်း၊ ဘိုင်း အသံစုံမြည်ပြီ ချောက်ထဲရောက်မှ ကားထိုးရပ်သွားတော့သည်။

ယူမီကို ။ ။ ဘာလို့ ချောက်ထဲကို အတင်းမောင်းချတာလဲ…
ကျွန်တော် ခေါင်းကုတ်လျှက်၊

ကျွန်တော် ။ ။ ဟီးဟီး၊ ဒီနေရာမှာ နေ့တိုင်း ကားရပ်နေကျလေ။ အရမ်းလုံခြုံတာ ကားပါကင်အတွက် ခေါင်းရှုပ်စရာ မလိုဘူးပေါ့။ အရင်ကျောင်းထဲ ၀င်နှင့် နောက်မှ လိုက်ခဲ့မယ်…

ဂင် ကျောင်းဝမှာ ရှိသေး၍ မ၀င်ရဲသောကြောင့် ယူမီကိုကို အရင်ဝင်သွားခိုင်း လိုက်သည်။ ချောင်းကြည့်လိုက်တော့ ကျောင်းဝတွင် ဂင်မရှိတော့ပဲ၊ ယူမီကို တစ်ယောက်ထဲ ကျောင်းထဲဝင်သွားသည်။ အင်း၊ ဂင် ဘယ်ရောက်သွားပါလိမ့်ဟု တွေးပြီ နောက်အလှည့် ဂင် ကျွန်တော်နောက်မှာ ရောက်နေသည်လဲ မြင်ရော၊

ကျွန်တော် ။ ။ အားအားအား၊ သရဲ၊ သရဲ…

အော်ကာ ကျောင်းထဲသို့ အမြန် ထွက်ပြေးတော့သည်။ စီးပွားရေးမေဂျာ ရောက်ခါနီးတော့ မောလွန်း၍ ခဏအနားယူနေစဉ် ကျွန်တော်ဘေးမှ ကိုယ်လုံး ရေလည်မိုက်သော ကျောင်းသူတစ်ဦး ဖြတ်လျှောက်သွားသည်။ ၀ါးဟားဟား၊ အနောက်က ကြည့်ရင် ဒီလောက်လှမှတော့၊ မျက်နှာလေးလည်း ချစ်ဖို့ ကောင်းမှာသေချာတယ် တွေးရင်း သူမနောက်မှ မသိမသာ လိုက်ပါသွားသည်။ ဟီးဟီး ယူမီကိုကို ကလဲ့စားပြန်ချေဖို့ အခွင့်အရေးပဲ ဒီကောင်မလေးနဲ့ တွဲပြရမယ်။ ကျောင်းသူလေး မျက်နှာကို မြင်ချင်၍၊

ကျွန်တော် ။ ။ အဟန့်၊ အဟန့်၊ လက်ကိုင်ပုဝါ ကျကျန်ခဲ့တယ်…

ကျောင်းသူလေးက ကျွန်တော် လှည့်ကွက်ထဲဝင်သွားပြီ နောက်သို့ တဖြည်းဖြည်း လှည့်ကြည့်လိုက်ရာ၊

ကျွန်တော် ။ ။ အား၊ နိုရီ။ ပြေးပြီ…

ကျွန်တော် အတန်းထဲသို့ မိုင်ကုန် ပြေးရပြန်သည်။ ငါနဲ့နော် ဒီတက္ကသိုလ်မှာ ရန်သူတော်တော် များပါ့လား။ တခြားတက္ကသိုလ် ထပ်ပြောင်းရင် ကောင်းမလားပဲ။ အတန်းထဲရောက်တော့ ဟွန်ဒါကြီးရော၊ ယူမီကိုပါ ရောက်နှင့် နေကြသည်။ ကျွန်တော် ယူမီကိုဘေး ၀င်ထိုင်၍၊

ကျွန်တော် ။ ။ ကိုယ်တက္ကသိုလ်ပြောင်းမလို့၊ လိုက်ပြောင်းမလား…
ယူမီကို ။ ။ ဘာ၊ ရှင်ဟိုပြောင်း ဒီပြောင်းနဲ့ တသက်လုံး ဘွဲ့ရမှာ မဟုတ်ဘူး…
ကျွန်တော် ။ ။ ဒီမှာ ငါက ဘွဲ့ရပြီသား၊ ပျင်းလွန်းလို့ ကျောင်းပြန်တက်နေတာ ဘာအောင်းမေ့လို့လဲ…
ယူမီကို ။ ။ ဒါဆို ရှင်က ကျောင်းကို အပျော်တက်နေတာပေါ့လေ…
ကျွန်တော် ။ ။ ဟုတ်တယ်…

ယူမီကို လိုက်ရိုက်၍ ကျောင်းခန်းထဲ ပြန်ပတ်ပြေးရပြန်သည်။ ကျွန်တော် သိပ္ပံမေဂျာနဲ့ ဘွဲ့ရထားပြီသော်လည်း ကျောင်းပြီရင် ကျွန်တော့်အဖေက နဂါးနီဂိုဏ်းချုပ် ရာထူးလွှဲပေးမည် ပြောထား၍ ကျောင်းကို အစက ပြန်တက်နေခြင်း ဖြစ်သည်။ သိပ္ပံမေဂျာ အကျိုးကျေးဇူးကြောင့် အကျီင်္ထဲမှ လက်နက်အစုံထုတ်နည်းကို တတ်ခဲ့ခြင်းဖြစ်သောကြောင့် ဂင်၊ ယာကူဇာစလေရာက တိရစ္ဆာန်နှင့် စကားပြောတဲ့ ပညာကို တိရစ္ဆာန်ရုံက သင်ခဲ့တာပဲ ဖြစ်ရမည်။ ကျွန်တော့်မှာ ကျောင်းစာသင်ချိန်တွင် အာရုံမစိုက်နိုင်ပဲ အကြံဥာဏ်တွေ ထုတ်နေရသည်။ အကြံရပြီ၊ ငါရုပ်ပြောင်း ရုပ်လွှဲလုပ်လိုက်ရင် ဂင်ရော၊ နိုရီ ရန်ကရော လွှတ်နိုင်မယ်။

ကျွန်တော် ။ ။ ယူမီ အရေးတာ ပြောစရာရှိတယ်…
ယူမီကို ။ ။ ဘာလဲ၊ ဒီမှာ စာလိုက်မှတ်နေတာ…
ကျွန်တော် ။ ။ ကိုယ် တစ်ပတ်လောက် ကျောင်းတက်နိုင်မှာ မဟုတ်ဘူး။ ကိုယ်အစား ကိုယ်အစ်မ ကျောင်းလာတက်လိမ့်မယ်…

ယူမီကိုက အရမ်းအံ့အားသင့်သွားသော မျက်နှာဖြင့်၊
ယူမီကို ။ ။ ရှင်မှာ အစ်မရှိတာ ကျွန်မကို မပြောဖူးပါဘူး…
ကျွန်တော် ။ ။ ကိုယ်အစ်မက ရွာမှာ အဘွားရဲ့ အမေရဲ့ အမေကို ပြုစုနေတာ။ ခုသူ တိုကျိုလာမှာမို့၊ ကိုယ်က တစ်လှည့်ပြန်သွားပြုစု ပေးရမှာ…
ယူမီကို ။ ။ ရှင်အစ်မက ချောလား၊ နံမည်ကရော…
ကျွန်တော် ။ ။ နာဂါတို...
ယူမီကို ။ ။ ဘာ၊ နာဂါတိုက ရှင်နံမည်လေ…
ကျွန်တော် ။ ။ ဟုတ်တယ်။ အမေက နာဂါတို ဆိုတဲ့ နံမည်ကို ကြိုက်လွန်းလို့။ ကိုယ်ရော၊ အစ်မကိုပါ နာဂါတိုလို့ ပေးထားတာ။ နံမည်တူလို့ သူကကိုယ်ကျောင်းသာကဒ် နဲ့တက္ကသိုလ် တက်လို့ရတာပေါ့…

ယူမီကို ယုံအောင် ယုတ္တိရှိရှိ ကျွန်တော်ပြောထားခဲ့ကာ၊ ဟွန်ဒါကြီးကို ခေါ်ပြီ ကျောင်းတန်း လစ်ထွက်လာသည်။ ကားပေါ်ရောက်မှ၊

ဟွန်ဒါကြီး ။ ။ သခင်လေး ခုကျွန်ုပ်တို့ ဘယ်သွားမလို့လဲ…
ကျွန်တော် ။ ။ ဒီတက္ကသိုလ်မှာ ငါရန်သူတွေ အရမ်းများလို့ ရုပ်ပြောင်း ရုပ်လွှဲ သွားလုပ်မလို့။ ဘယ်သူမှ သိလို့ မဖြစ်ဘူး။ ငါ့အဖေတောင် လုံးဝ မသိစေနဲ့။ ဒီကိစ္စက လှိုဝှက်ပြီ လုပ်မှ ဖြစ်မှာ…
ဟွန်ဒါကြီး ။ ။ စိတ်ချပါ သခင်လေး၊ ကျွုန်ုပ်ကို ယုံကြည့်လို့ရပါတယ်…

ပြောပြီး ဂျောက်၊ ဂျောက်၊ ဂျောက် အသံကြား၍ အကဲခတ်လိုက်ရာ ဟွန်ဒါကြီး ကျွန်တော့်အဖေဆီ မက်ဆေ့ခိုးပို့ရန် ကြိုးစားနေ၍၊

ကျွန်တော် ။ ။ မင်းဒါဘာလုပ်တာလဲ။ အေး မင်းကြောင့် ငါလှိုဝှက်ချက် ပေါက်ကြားသွားလို့ကတော့ မင်းမှာ ရှိသမျှ အမွှေးတွေ အားလုံးဆွဲနှုတ်ပစ်လိုက်မယ်…

ခြိမ်းခြောက်လိုက်မှ မက်ဆေ့ထပ် မပို့တော့ပေ။ ကျွန်တော် ခုသွားမည့် ရုပ်ပြောင်းရုပ်လွှဲလုပ်သည့် ဆိုင်က ယာကူဇာဂိုဏ်းသားတွေ အတွက်သီးသန့်ဆိုင် ဖြစ်တာမို့ စိတ်ချယုံကြည်ရသည်။ တခြားဆိုင်သွားလျှင် အပြင်သို့ ပေါက်ကြားသွားနိုင်သည်။ တဖြည်းဖြည်း ဆိုင်နားသို့ ရောက်လာ၍ ကားကို ခပ်လှမ်းလှမ်းတွင် ရပ်ခဲ့ပြီ အောက်သို့ အဆင့်ဆင့် လှေခါးထစ်များဖြင့် ဆင်းသွားရသည်။ ဆိုင်တံခါးဖွင့် ၀င်ခါနီး ဟွန်ဒါကြီးကို သိပ်မယုံကြည်သည်နှင့်၊

ကျွန်တော် ။ ။ ဟွန်ဒါကြီး မင်းပါးစပ်ပိတ်ထားနော်။ လျှာရှည်လို့ကတော့ လျှာပါဖြတ်ပစ်မယ်…
ဟွန်ဒါကြီး ။ ။ ဟိုက်၊ ဟိုက်…

ကျွန်တော် ဆိုင်တွင်းဝင်သည်ကို မည်သူများနောက်ယောင်ခံ လိုက်နေလဲ သေချာ အရိပ်အခြေ ကြည့်ပြီမှ ဆိုင်တံခါးကို ဆွဲဖွင့် ၀င်လိုက်သည်။ အင်း ဒီကောင်တွေ အားလုံး ဒီမှာ ဘာလာလုပ်နေပါလိမ့်။ ယာကူဇာဂိုဏ်ကြီး ၆ဂိုဏ်းလုံးက ဂိုဏ်းသားအသီးသီး အယောက် ၁၀၀ကျော်လောက် ဆိုင်ထဲမှာ ရောက်နေကြ၍ ကျွန်တော် ထိတ်လန့်သွားသည်။

မြွေနီဂိုဏ်းသား။။ ဟေ့ ဒီမှာ နဂါးနီဂိုဏ်းက တိုမိုယာ ရုပ်ပြောင်းရုပ်လွှဲလုပ်ဖို့ လာတယ်ကွ။ မမြင်ဖူးရင် ၀ိုင်းကြည့်ထား…
မျောက်ဝံဂိုဏ်း။ ။ နဂါးနီဂိုဏ်းက လူတွေပါမှ ဂိုဏ်းစုံသွားပြီဟေ့…
နဂါးနီဂိုဏ်းက ကောင်တွေ တော်တော် စောင့်သုံးမကျတာပဲ။ သူများ ဂိုဏ်းသားတွေ ရုပ်ပြောင်းနေချိန် သူတို့ ဘာလုပ်နေကြလဲ။ ငါတစ်ယောက်ပဲ ဒီလို စဉ်းစားဥာဏ် ရှိတယ်ထင်ပါတယ်။ ဒါပေမယ့် ငါလှိုဝှက်လာပါတယ် ဆိုမှ အားလုံးတော့ သိကုန်တော့မှာပဲ။ ကျွန်တော် အကြံကုန်သောအခါ ဟွန်ဒါကြီးကို ကျွန်ုပ်ရှေ့ကာလျှက်၊

ကျွန်တော် ။ ။ ငါလုပ်ဖို့ မဟုတ်ပါဘူး။ ဒီကောင် ဟွန်ဒါကြီး ရုပ်ပြောင်း ချင်လို့၊ အဖော်လိုက်လာတာကွ။ မင်းတို့ အားလုံးကရော ဘာလာလုပ်တာလဲ…
အားလုံး ။ ။ ငါတို့က ဒီလာမှတော့ ရုပ်ပြောင်းရုပ်လွှဲလုပ်ချင်လို့ပေါ့ကွာ။ ဒီမှာ အားလုံး တိုင်ပင်ပြီ ဘယ်ပုံပြောင်းရင် ကောင်းမလဲ ဆွေးနွေးနေကြတာ။ မင်းရော ပါမလား…
အားလုံးတိုင်ပင်နေမှတော့ ဘာလို့ ရုပ်ပြောင်းနေသေးမှန်းကို မသိဘူး၊ တော်တော်လည်း ဒုံးဝေကြတာကိုး တွေးရင်း မျက်နှာရှုံ့မဲ့လိုက်သည်။

ကျွန်တော် ။ ။ တော်ပါပြီ။ ငါ ဟွန်ဒါကြီးကို သွားအပ်ပေးလိုက်အုန်းမယ်…

ကျွန်တော် တခြားယာကူဇာဂိုဏ်းသားတွေ ရှေ့တွင် မျက်နှာကြီးအုပ်လျှင် ရုပ်ပြောင်း ရုပ်လွှဲလုပ်မည့် အခန်းထဲသို့ ၀င်သွားသည်။ အခန်းထဲရောက်တော့၊

ကျွန်တော် ။ ။ ခုမှတော့ ဟွန်ဒါကြီး မင်းပါ ရုပ်ပြောင်းလိုက်တော့။ မဟုတ်ရင် ပြန်ထွက်ရင် ငါရုပ်ပြောင်းတာ အားလုံး ရိပ်မိကုန်လိမ့်မယ်…
ဟွန်ဒါဟမ်းဖုန်း။။ ဂျောက်၊ ဂျောက်၊ ဂျောက်…

ဟွန်ဒါကြီး ဟမ်းဖုန်းလှမ်းဆွဲယူ၍၊

ကျွန်တော် ။ ။ မင်းတော့ အမွှေးတွေ အနှုတ်ခံချင်နေပြီနဲ့ တူတယ်…

ကျွန်တော်နဲ့ ဟွန်ဒါကြီးတို့ တူတူ ရုပ်ပြောင်းရုပ်လွှဲပညာနဲ့ ရုပ်ကို ကိုယ်စိတ်ကြိုက် ရွေးချယ်ပြီ ရုပ်ပြောင်းလိုက်သည်။ မိန်းခလေးပုံစံ ပြောင်းပြီမှ ကျွန်တော်ဘာသာ မှန်ထဲမှာ ကြည့်ပြီ ငါတယ်လည်း လှပါ့လား တွေးရယ်မိသေးသည်။ ဟွန်ဒါကြီးကိုတော့ မုတ်ဆိတ်မွှေး၊ ဆံပင်ပုံစံပြောင်းလိုက်ရုံဖြင့် တော်တော်ခန့်ညားသွားသည်။ ဟွန်ဒါကြီး ကျွန်တော်နားကပ်၍၊

ဟွန်ဒါကြီး ။ ။ သခင်လေး ကျွန်တော် တစ်ခုလောက် ပြောလို့ ရမလား…
ဒီကောင် ဘာတွေ မဟုတ်တရ ပြောအုန်းမလဲ မသိဘူး ကြိုသက်ပြင်းချလိုက်ပြီ၊
ကျွန်တော် ။ ။ အေး၊ ဘာလဲပြောပြော…
ဟွန်ဒါကြီး ။ ။ သခင်လေးကို ကျွန်တော် ကြိုက်ချင်လာပြီ…

ကျွန်တော် ပါးစပ်မှ အမြုပ်တွေထွက်၍ ဘိုင်းခနဲမြည်အောင် လှဲကျသွားသည်။

ကျွန်တော် ။ ။ ဟေ့ကောင်၊ ဟွန်ဒါကြီး မင်းသေချင်နေပြီ ထင်တယ်။ ငြိမ်ငြိမ်နေစမ်း။ ခုချိန်ကစပြီ မင်းက ဟွန်ဒါကြီး မဟုတ်တော့ဘူး။ ငါက နာဂါတိုအစ်မ။ သေချာမှတ်ထား…

ဟွန်ဒါကြီးကို လက်ချိတ်ပြီ ခုနက ဂိုဏ်းပေါင်းစုံက ယာကူဇာတွေ ရှေ့သို့ ဖြတ်လျှောက်လာသည်။

ဂိုဏ်းသားများ။ ။ ဒီကောင်မလေး အရမ်းလှတယ်ကွ။ တင်လေးက ရှယ်ပဲဟေ့…
တခြားဂိုဏ်း ။ ။ ရင်လေးကတော့ ငါအကြိုက်လေး။ ဟားဟားဟား…
နောက်ဂိုဏ်း ။ ။ ဒီကောင်မလေးကို ငါမြင်ဖူးသလိုပဲ…
ဒုက္ခပါပဲ ကျွန်တော်ကို မှတ်မိသွားရင်တော့ လုပ်ခဲ့တာ အားလုံးအလဟာသ တော့ ဖြစ်ကုန်တော့မှာပဲ။
တခြားဂိုဏ်း ။ ။ မြင်ဖူးမှာပေါ့။ ကိုရီးယားမင်းသမီးလေးနဲ့ တူတာကိုးကွ…
နောက်ဂိုဏ်း ။ ။ အေးဟုတ်တယ်။ ဒါပေမယ့် သူလေးက ပိုလှပါတယ်ကွာ…

ကျွန်တော်အား မိန်းခလေး တကယ်အောင်းမေ့၍ ၀ိုင်းကလိနေကြသည်။ တော်တော် တုံးတဲ့ယာကူဇာ ဂိုဏ်းသားတွေ ကျွန်တော် ခုနက သူတို့ရှေ့မှာတင် ရုပ်ပြောင်းရုပ်လွှဲအခန်းထဲ ၀င်သွားပြီ ခုမိန်းခလေးပုံဖြင့် ပြန်ထွက်လာတော့ တစ်ယောက်မှ မမှတ်မိကြချေ။ ရုပ်ပြောင်းပြီ တက္ကသိုလ်သို့ ပြန်မောင်းလာခဲ့သည်။ အရေးထဲ ဟွန်ဒါကြီးက ကျွန်တော် မိန်းခလေးလို ရုပ်ပြောင်းထားသည်ကို သဘောကျနေ၍ ခိုးကြည့်နေသောကြောင့် ခွက်ခနဲမြည် ဟွန်ဒါကြီး မျက်နှာကို ပိတ်ထိုးလိုက်သည်။

ကျွန်တော် ။ ။ ဟွန်ဒါကြီး မင်းအသိတရားရစမ်းပါ။ မင်းစိုက်ကြည့်ရအောင် ငါက သခင်မလေး မဟုတ်ဘူးကွ။ မင်း သခင်လေး ဟုတ်ပြီလား…
ဟွန်ဒါကြီး ။ ။ သခင်လေးက အရမ်းချောတော့ မကြည့်ပဲမှ မနေနိုင်တာ…
ကျွန်တော် ။ ။ ပြောလေ ကဲလေပါ့လား…
ဒိန်ခနဲ မြည်အောင် ခေါင်းခေါက်ချလိုက်သည်။ စီးပွားမေဂျာသို့ ပြန်ရောက်လာသည်။ ယူမီကိုကတော့ ကျွန်တော် မရှိတုန်း အိမိတို့နဲ့ အဖွဲ့ကျကာ ရယ်မောနေကြသည်။ ကိုယ်ချစ်သူ တပတ်ခရီးထွက်သွားတယ် လိမ်ပြောလိုက်တာ၊ ပျော်ပွဲစားကြီးကို ကျလိုက်နေတာ။ တွေ့မယ် ယူမီကို၊ ကောင်းကောင်းလေး ဒုက္ခပေးအုန်းမယ်။ ကျွန်တော် အားရပါးရ နောက်မှ ယူမီကိုကို ပြေးဖက်လိုက်သည်။

ယူမီကို ။ ။ အင်း၊ ဘယ်သူလဲ…
ကျွန်တော် မိန်းမအသံလို တီတီတာတာ ပြောင်း၍၊

ကျွန်တော် ။ ။ ဒါလေးက ယူမီကို မဟုတ်လား…
ယူမီကို ။ ။ ဒါ မာဖီယာ အစ်မပေါ့။ မှားလို့ နာဂါတို အစ်မ နာဂါတိုပေါ့…
ကျွန်တော် ။ ။ သိပ်ဟုတ်တာပေါ့၊ ညီမလေးရဲ့…
ယူမီကို လက်ကိုလှမ်းကိုင်လိုက်သည်။ ဟီးဟီး အခွင့်အရေးရတုန်း အားလုံးယူထားမှ၊

ယူမီကို ။ ။ အစ်မက နာဂါတိုနဲ့ အရမ်းတူတာပဲ…
ကျွန်တော် ။ ။ တူမှပေါ့ ညီမလေးရဲ့။ အစ်မနဲ့ သူက ငါးဝမ်းလောက်ပဲ ကွဲတာလေ…
ယူမီကို ။ ။ အင်း အမျိုးက တော်တော်နီးစပ်တယ်နော်…
ကျွန်တော် ။ ။ ဒါပေါ့…
အိမိ ။ ။ ယူမီကို မာဖီယာ့အစ်မ ဘေးက ကိုယ်လူချောနဲ့လည်း မိတ်ဆက်ပေးအုန်းလေ…

ဟားဟား အိမိတို့ ၃ယောက်က ဟွန်ဒါကြီး ရုပ်ပြောင်းထားသည်ကို ကြိတ်ခိုက်နေကြ၍ ဒင်းတို့တွေကို ချောက်တွန်းအုန်းမှ အကြံရလိုက်သည်။ ဟွန်ဒါကြီးက ကျွန်တော်ကိုပဲ စိုက်ကြည့်နေ၍ သည်းမခံနိုင်တော့ပဲ၊

ကျွန်တော် ။ ။ ဘြော် မိတ်ဆက်ပေးမယ်။ ဒါက ရွာက အစ်မနဲ့ အဖော်ပါလာတာလေ…

မိတ်ဆက်ပေးရင်း ဟွန်ဒါကြီး ကျောကို ဗန်းခနဲမြည်အောင် ရိုက်ချလိုက်သည်။ ပြီမှ ဟွန်ဒါကြီးနား ကပ်၍ တိုးတိုးလေး၊

ကျွန်တော် ။ ။ ဟွန်ဒါကြီး မင်းမျက်လုံးတွေ မကန်းချင်ရင်၊ ငါကို ထပ်မကြည့်နဲ့…
သတိပေးပြီ ယူမီကိုတို့ ဘက်လှည့်၍၊

ကျွန်တော် ။ ။ သူကိုလေ အိမိတို့လည်း သုံးချင်တာသုံး၊ လုပ်ချင်တာလုပ်လို့ ရတယ်…
ဆူရှီ ။ ။ အင်း၊ သုံးချင်တာသုံး၊ လုပ်ချင်တာလုပ် ဆိုတာ ဘာအဓိပ္ပါယ်လည်းဟင်…
ကျွန်တော် ။ ။ ဘြော် ရွာမှက သုံးချင်တာသုံးဆိုတာ ခိုင်းချင်တာခိုင်းလို့ ပြောတာ။ ပြီတာ့ လုပ်ချင်တာလုပ် ဆိုတာကတော့ ဆူဆဲလည်း ရတယ်လို့ ပြောတာပါ…
ဆာရှီမီ ။ ။ ရွာနဲ့ တိုကျိုက စကားအသုံးအနှုန်းခြင်း မတူဘူးဆိုတာ ခုမှပဲ သိတော့တယ်…
ကျွန်တော် ဆံပင်ကို ဝှေ့ယမ်းလိုက်ပြီ မိန်းမအမူအယာဖြင့်၊
ကျွန်တော် ။ ။ ဟဲဟဲ၊ ဟုတ်တယ်။ ဒါနဲ့ ယူမီကို ညီမလေး အိမ်က အရမ်းလှတာပဲလို့ နာဂါတိုက အစ်မကို အမြဲပြောတယ်။ အဲဒါ ခုကျောင်းဆင်းရင် ညီမလေးအိမ် လိုက်လည်ချင်လိုက်တာကွယ်…

ယူမီကိုက ပြာပြာသလဲလဲဖြင့်၊
ယူမီကို ။ ။ အစ်မကလည်း လိုက်လည်လို့ ရတာပေါ့။ လာခုပြန်ကြစို့…

ဟီးဟီး ယူမီကိုများ မိန်းခလေး အောင်းမေ့ပြီ သူ့အကျီင်္လှဲခန်းခေါ်သွားလို့ကတော့ ဒန်ဒန်ဒန် တွေးရယ်နေမိသည်။ ဟွန်ဒါကြီးကို အိမိတို့နဲ့ အတင်းထားခဲ့ပြီ ကျွန်တော် ယူမီကိုနှင့် ကားရှိရာသို့ ထွက်လာခဲ့သည်။ ကျောင်းဝနားမှာ နိုရီနဲ့တွေ့သေးတယ်၊ ဒါပေမယ့် သူကျွန်တော်ကို မမှတ်မိဘူး၊ ဟားဟား ငါအကြံအောင်မြင်တယ် ပြောရမယ်။ ကားပေါ်တက်ခါနီးရောက်တော့၊

ယူမီကို ။ ။ ဟင်း၊ နာဂါတိုကား အစုတ်ကြီးပဲ…
ကျွန်တော် ။ ။ ဟုတ်တယ် ညီမလေးရဲ့။ နာဂါတိုက သူ့ကားကို မမသုံးဖို့ ပေးခဲ့တာ…
ခဏကြာတော့ ကျွန်တော် ဖုန်းသံမြည်လာပြန်ရော၊

ယူမီကို ။ ။ နာဂါတိုဆီ ဖုန်းဆက်တာ မမဆီဘယ်လို ၀င်သွားပါလိမ့်…
ကျွန်တော် ။ ။ ညီမလေးကတော့ လုပ်ပြီ မမကလည်း နာဂါတိုပဲလေ။ သူ့ဖုန်း မမကို ပေးခဲ့တာ။ မမဆက်ချင်တာ ဆက်လို့ရအောင်တဲ့။ တက်တက်ကားပေါ်…

ယူမီကိုကို ကားပေါ် အမြန်တက်ခိုင်းပြီ ယူမီကိုအိမ်သို့ သွားရင် မကောင်းသော အကြံအစည်မျိုးစုံ စဉ်းစား၍ စီးနှင်းလာတော့သည်။

ဆက်ရန်...

1 comment:

  1. ရုပ်ပြောင်းရုပ်လွှဲပညာ နည်းနည်းလောက်သင်ပေးပါဗျို့
    ပိုလှလာမလားလို့လေ
    အဲလေ အကြွေးရှင်တွေလက်က လွတ်မလားလို့လေး)

    ReplyDelete