အခန်း-၆ (ဟွန်ဒါ)
သခင်လေး တိုမိုယာနှင့် ကျွန်ုပ် လမ်းခွဲပြီ ကျောင်းနားက ရေခဲမုန့်ဆိုင်မှာ ရေခဲမုန့်ကို အရသာခံ၍ လျှာဖြင့်ယှက်စားနေသည်။ ခုချိန်မှာများ လပေါ်မှာ ဇယ်တောက်တန်း ကစားနေရရင် အို ဘယ်လောက်တောင် ကောင်းလိုက်မလဲ တွေးနေစဉ် သွေးသံသရဲရဲဖြင့် လမ်းကြားထဲမှ ထွက်လာသော ပုရောစိတ်ဂိုဏ်းသား တစ်ယောက်ကို မြင်လိုက်သည်။ ကျွန်ုပ်လည်း ရေးကြီးသုတ်ပျာ ပြေးသွားကီာ ပုရောစိတ်ဂိုဏ်းသားရဲ့ အကျီင်္ကို စောင့်ဆွဲ၍၊
ကျွန်ုပ် ။ ။ ဘာတွေ ဖြစ်ခဲ့တာလဲ…
ဂိုဏ်းသား ။ ။ သခင်၊ သခင်…
တိုးတိုးလေးပြောကာ စကားမဆုံးမှီ ကျွန်ုပ်လက်ထဲမှာတင် အသက်ပျောက်သွားတော့သည်။ သခင်လေးတိုမိုယာ ခုနက ထိုလမ်းကြားထဲ ပြေးဝင်သွားသည်ကို ကျွန်ုပ် တွေ့လိုက်သေးသည်။ ကျွန်ုပ်လည်း ရေခဲမုန့်စားနေ၍ မလိုက်သွားမိပေ။ ဒါကြောင့် ခုလောက်ဆိုရင် သခင်လေးလည်း အသက်အန္တာရာယ်နဲ့ ကြုံနေလောက် ရောက်နေလောက်ရောပေါ့။ ချက်ချင်း သတိရသည်မှာ သခင်လေးရော၊ ကြွက်ဖြူရော စောင့်ရှောက်ဖို့ ငါကို တာဝန်ပေးထားတာပဲ မဖြစ်ဘူး လိုက်သွားမှ လမ်းကြားထဲ ခပ်သွက်သွက် ပြေးလိုက်သွားသည်။
ပြေးရင်း ဂိုဏ်းချုပ်(မာဖီယာ့ အဖေ) ပေးလိုက်သော တာဝန်ကို စဉ်းစားမိသည်။ နဂါးနီ ဂိုဏ်းချုပ်က သခင်လေး တိုမိုယာ နှင့် သူ၏ ချစ်သူကြားမှ သံယောဇဉ်ကို မပြတ်ပြတ်အောင် ဖြတ်တောက် ရမည်ဟု မိန့်ကြားလိုက်သည်။ ကျွန်ုပ် ဘာကြောင့် ဒီလိုတာဝန် ပေးသည်ကိုတော့ နားမလည်သော်လည်း ဂိုဏ်းချုပ် အမိန့် အရ ပြုလုပ်ရမည် ဖြစ်သည်။ ဖြစ်နိုင်တာတစ်ခုက ဂိုဏ်းချုပ်က သခင်လေးတိုမိုယာရဲ့ ချစ်သူကို ကြိတ်သဘောကျ နေသည်လည်း ဖြစ်နိုင်သည်ဟု စဉ်းစားရင်း နောက်လမ်းကြား တစ်ခုထဲသို့ ၀င်လာသည်။
လမ်းကြားအဆုံးတွင် သခင်လေး တိုမိုယာကို ဓားဖြင့် မိန်းခလေးတစ်ဦးမှ လုပ်ကြံရန် ကြံနေသည်ကို မြင်လိုက်သည်နှင့် အရမ်းကို ထိတ်လန့်သွားသည်။ ခုနေများ သခင်လေး တိုမိုယာသေသွားခဲ့လျှင် သူ့ဈပနပွဲအတွက် ငါမှာ ၀တ်စုံတောင် မရှိသေးပါ့လားဟု စိုးရိမ် မိသေးသည်။ ပြီမှ ကျွန်ုပ်ရဲ့ လေးဘက်သွားပါ ဓားတိုကို အလျင်အမြန် ပစ်၍ ဟန့်တားလိုက်သည်။ ထိုမိန်းခလေးရဲ့ ဓားအလွှဲ၊ ကျွန်ုပ်ဓားတို အပစ်ဖြင့် ကွက်တိဖြစ်သွား၍ မိန်းခလေး ဓားလက်ထဲလွှတ်ကျ၍ အဝေးသို့ လွှင့်စင်သွားသည်။
ကျွန်ုပ် ။ ။ သခင်လေး တိုမိုယာ…
အော်ကာ သခင်လေးနားသို့ ပြေးသွားရာ၊ မိန်းခလေးက သူမ ခါးတွင် ပတ်ထားသော ကြာပွတ်ဖြင့် ကျွန်ုပ်မျက်နှာကို ရိုက်ချလိုက်၍ အနောက်သို့ လှဲကျသွားသည်။
မိန်းခလေး ။ ။ ငါဘယ်သူလဲ ဆိုတာ မသိလို့ ဟန့်တားရဲတာလဲ…
သူ့ကြာပွတ်ဖြင့် ကျွန်ုပ်ကို နောက်တစ်ချက်ရိုက်ဖို့ ပြင်လိုက်သည်။ ဒီတစ်ခါတော့ ကျွန်ုပ် လွယ်လွယ်နှင့် အရိုက်မခံတော့ပဲ၊ အမိအရ ဆွဲဖမ်းကာ၊
ကျွန်ုပ် ။ ။ ငါသခင်လေးကို ထိရဲလို့ကတော့၊ ခင်ဗျာ ဘယ်သူပဲ ဖြစ်ဖြစ် ကျွန်ုပ် ဂရုမစိုက်ဘူး…
သူမကြာပွတ်ကို ကျွန်ုပ်လက်တွင် ရစ်ပတ်လိုက်ကာ ကြာပွတ်ကို ဆွဲယမ်း၍ အဝေးကို အားဖြင့် ပစ်လွှဲလိုက်သည်နှင့် သူမပါ တစ်ပါတည်း ပါပြီ လွင့်ထွက်သွားတော့သည်။ ကျွန်ုပ် သခင်လေးကို အသက်အန္တာရာယ်ပေး သဖြင့် အရမ်းစိတ်ဆိုးစွာ သူမကို အသက်နှုတ်ရန် ဓားကို ဆွဲအထုတ်တွင် သခင်လေး တိုမိုယာ၊
သခင်လေး ။ ။ မလုပ်နဲ့…
အော်သံကြား၍ ကျွန်ုပ်ရပ်လိုက်စဉ် သူမလက်ထဲမှ လက်နက်ပုန်း အလစ်တိုက်ခိုက်သည်ကို မရှောင်နိုင်တော့ပဲ၊ လေပေါ်သို့ မြှောက်တက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ ကျွန်ုပ် ချက်ချင်းမထနိုင်ပဲ၊ ပါးစပ်မှ သွေးများ စီးကျလာသည်။ သခင်လေး တိုမိုယာ ကျွန်ုပ်ဒဏ်ရာရသွားသည်နှင့် အလွန်မှ စိတ်ဆိုးသွားပုံဖြင့်၊
သခင်လေး ။ ။ နိုရီ၊ မင်းကို ငါအလျှော့ပေးမယ် မထင်နဲ့…
သခင်လေး နှင့် ထိုမိန်းခလေးတို့ စတင်တိုက်ခိုက်ကြတော့သည်။ ကျွန်ုပ်နားထဲ နိုရီဆိုတဲ့ နံမည်ကို ငါဘယ်မှာ ကြားဖူးပါလိမ့်။ ဟင်း၊ နိုရီ ဆိုတာ သခင်မလေး နိုရီများလားဟု တွေးရုံဖြင့် အရမ်းကို ကြောက်လန့်သွားသည်။ နိုရီသာဆိုလျှင် သခင်လေး အသက်အန္တာရာယ်ရှိနိုင်၍ ကျွန်ုပ် အတင်းကုန်းထသော်လည်း မထနိုင်ပဲ၊ မြေပေါ်သို့ ပြန်လှဲကျသွားသည်။
သခင်မလေး နိုရီက သခင်လေးကို တွေ့သည့် နေရာတွင် အသေသတ်မည်ဟု ကြိမ်းဝါးထားသူ ဖြစ်သည်။ အရင်က သူတို့နှစ်ယောက် ခင်မင်ကြပေမယ့် မနှစ်ကမှ ရန်ဘက်ကြီး အလား ဖြစ်သွားခဲ့သည်။ ဖြစ်ပုံက သခင်မလေး နိုရီသည် ယာကူဇာစလေရာကို မမြင်ဖူးသော်လည်း နံမည်ဖြင့်သာ အလွန်မှ စွဲလမ်း ချစ်ကြိုက်နေသူဖြစ်သည်။ ယာကူဇာစလေရာကို ရှာနိုင်သူကို ဆုကြေးငွေ အများကြီး ပေးမည်ဟု တရားဝင် ထုတ်ပြန်ထားသည်။ ဒါနဲ့ သခင်လေးတိုမိုယာက တစ်နေ့တော့ အကြံရသည်။
ဒီဆုငွေတွေကို သူရလို့ကတော့ အပွပဲဆိုသောအကြံပင် ဖြစ်သည်။ ယာကူဇာစလေရာကို မည်သူမှ မမြင်ဖူးသည်က သခင်လေးအတွက် အခွင့်ကောင်း တရပ်ဖြစ်ခဲ့သည်။ ဒါကြောင့် လူတစ်ယောက်ကို ပိုက်ဆံပေးပြီ အဌါး ယာကူဇာစလေရာ ဟန်ဆောင်ခိုင်း၍ နိုရီဆီမှ ဆုငွေများကို လိမ်တောင်းခဲ့သည်။ လိမ်မှန်း သိသွားသောအခါ အရမ်းပေါက်ကွဲ၍ နိုရီက တိုမိုယာကို သတ်နိုင်သူကို ဆုငွေပေးမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။ ဒါကြောင့် ပုရောစိတ်ဂိုဏ်းသား၊ ပုတ်သင်ညိုဂိုဏ်းသားများက သခင်လေးကို သတ်ချင်နေကြခြင်း ဖြစ်သည်။ ဒီအတိုင်းသာ ဆက်တိုက်လျှင် နိုရီကို သခင်လေး ခုခံရင်း ဒဏ်ရာ ရနိုင်သည်။ ဒါကြောင့် ကျွန်ုပ်ပါတိုက်ခိုက်မှ ဖြစ်မည်အားမွှေးကာ ပါးစပ်မှ ကျနေသော သွေးတွေကို သုတ်၍ ကျွန်ုပ်၏ ယာကူဇာဓားကို ဆွဲထုတ်ကာ သခင်လေးနဲ့ အတူ နိုရီကို တိုက်ခိုက်ရန် ကုန်းထလိုက်သည်။
သခင်လေး ။ ။ ဟွန်ဒါကြီး ငါတို့ နှစ်ယောက်ဆိုရင်တော့ နိုင်မှာ သေချာတယ်ကွ…
သခင်လေး နှစ်ယောက် မပြောနဲ့ ၁၀ယောက်တောင် နိုရီကို နိုင်ဖို့ ဆိုတာ မဖြစ်ဘူးဟု စဉ်းစားနေဆဲပင် နိုရီလေပေါ်ကနေ ခြေစုံဖြင့် ရင်ဝကို ကန်လိုက်ရာ သခင်လေးရော၊ ကျွန်ုပ်ပါ မြေပြင်ပေါ်သို့ လှဲကျသွားကြသည်။ ကျွန်ုပ် ဒါကြောင့် ထင်သားပဲ၊ နှစ်ယောက်လည်း မနိုင်ပါဘူးဆိုမှ။ သခင်လေးလည်း တော်တော် အီစလန်ဝေသွားပုံပေါ်ပြီ နိုရီကို ကျွန်ုပ်တို့ ဘယ်လိုမှ မနိုင်နိုင်သည်ကို သိသွားသောအခါ၊
သခင်လေး ။ ။ ငါအကြံရပြီကွ…
အကြံဆိုတာ သခင်လေး အကြံလား၊ ကြွက်ဖြူအကြံလားဟု တွေးနေမိသည်။ သခင်လေး အကြံဖြစ်လျှင် ညစ်တီးညစ်ပတ် အကြံများသာ ဖြစ်မည်ဟု အတွေးမဆုံးခင်ပင် သူ့အကျီင်္ထဲမှ မိန်းမအတွင်းခံ ဘောင်းဘီ တစ်ထည်ကို ဆွဲထုတ်ကာ နိုရီ ရှေ့သို့ ပစ်ပေးလိုက်သည်။ နိုရီက ဘောင်းဘီကို မြင်သည်နှင့် မျက်နှာနီရဲသွားကာ၊
နိုရီ ။ ။ တိုမိုယာ ဒါဘာညစ်ပတ်တာလဲ…
သခင်လေး ။ ။ အဲဒါ မင်းအိပ်ခန်းထဲက ယူလာတာတဲ့ မင်းဘောင်းဘီလေ…
ပြန်လည်း ဖြေလိုက်ရော နိုရီ ရှက်လွန်းသဖြင့် မျက်နှာကြီးကို အုပ်ကာ ငိုကြွေးတော့သည်။
နိုရီ ။ ။ ဟိဟိဟိဟိ…
ဒါကို အခွင့်အရေးယူကာ မီးခိုးငွေ့ဗုံး ပစ်၍ ကျွန်ုပ်တို့ ထွက်ပြေးသွားတော့သည်။ နိုရီရဲ့ အဓိကအားနည်းချက်မှာ အရမ်းရှက်တတ်ခြင်း ဖြစ်သည်။ သူ့ပျော့ကွက်ကို သိသော သခင်လေးက ညစ်ပတ်သော အကြံဖြင့် ပြန်ထောက်ချောက်ဆင်လိုက် ခြင်းဖြစ်သည်။ ကျွန်ုပ် စိတ်ထဲ မရှင်းတာ တစ်ခုရှိသည်နှင့်၊
ကျွန်ုပ် ။ ။ သခင်လေး ကျွန်ုပ်တစ်ခု ပြောလို့ရမလား…
သခင်လေးက စိတ်မရှည်သော အသံကြီးနှင့်၊
သခင်လေး ။ ။ အေး၊ ဘာလဲ…
ကျွန်ုပ် ။ ။ သခင်မလေး နိုရီက ယာကူဇာစလေရာကို မိန်းမလျာကြီးမှန်း မသိသေးဘူး ထင်တယ်…
ကျွန်ုပ်စကား အဆုံးတွင် သခင်လေး ပါးစပ်မှ အမြုပ်များ ထွက်၍ မေ့လှဲကျသွားတော့သည်။ ထို့နောက် သခင်လေးနှင့် ကျွန်ုပ်တူ လမ်းကြားထဲမှ ပြန်ထွက်လာကြသည်။ သခင်လေးက သူ့ကားပေါ်သို့ အရင်တက်လိုက်သည်။ ကျွန်ုပ်လည်း လိုက်တက်မယ် အလုပ်တွင်၊
သခင်လေး ။ ။ ဟွန်ဒါကြီး မင်းက ဘာလိုက်လုပ်မလို့လဲ။ ယူမီကို ဆီသွားမလို့…
ဒီတစ်ခါတော့ ကျွန်ုပ်သူတို့ ကြားဝင်နှောင့်ရန် အခွင့်အရေးပဲ တွေးမိသည်နှင့်၊
ကျွန်ုပ် ။ ။ ကျွန်ုပ်လည်း လိုက်မလို့…
သခင်လေး ။ ။ မင်းမှာ ချစ်သူ မရှိတိုင်း၊ သူများတွေကို လိုက်မနှောင့်ယှက်ချင်နဲ့။ မင်း ချစ်သူလိုချင်ရင် ယူမီကို သူငယ်ချင်း ၃ယောက်ထဲက ကြိုက်တာယူ…
အင်း ယူမီကို သူငယ်ချင်းထဲက ဟိုခပ်၀၀တစ်ယောက်ကတော့ ငါနဲ့ တွဲသွားရင် ဆိုက်သိပ်မကွာတော့ မဆိုးဘူးပဲ တွေးမိသေးသည်။ အစက သခင်လေးက ပြန်ဆင်းခိုင်းသော်လည်း ကျွန်ုပ်ကို အတင်းမောင်းချ၍ မရသည်ကို သိ၍ သူနှင့်အတူ ခေါ်လာခဲ့သည်။ ကားကလည်း စုတ်သဖြင့် အနောက်မှ မီးခိုးများ အလိမ့်လိုက်ထွက်နေသည်။ ယူမီကို အိမ်ထဲကားဝင်လိုက်သည်နှင့် ခြံတစ်ခု မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းသွားတော့သည်။ ယူမီကို၏ ဖခင်ဆိုသူသည် သခင်လေး ကားဝင်လာသည်နှင့် ၀မ်းသာအားရ ပြေးထွက်လာ၍၊
ယူမီ့ဒယ်ဒီ် ။ ။ သား…၊ နာဂါတို…
ကျွန်ုပ်လည်း မြင်သွားရော ချက်ချင်း ပျောက်ခြင်းမလှ ပျောက်သွားလေတော့သည်။
သခင်လေး ။ ။ ဒယ်ဒီ ဘယ်ရောက်သွားပါလိမ့်…
ကျွန်ုပ်နှင့် သခင်လေး အိမ်တွင်းသို့ ၀င်လာခဲ့သည်။ ကျွန်ုပ်ကို ကြောက်၍ ဧည့်ခန်းထဲတွင် ပုန်းနေသော ယူမီကို့ဒယ်ဒီကို သခင်လေး ၀င်သွားပြီ သွားရှင်းပြ နေပုံရသည်။ ခဏကြာတော့ ယူမီကို့ဒယ်ဒီနှင့် သခင်လေးတို့ တူတူပြန်ထွက်လာသည်။ ယူမီကို့ဒယ်ဒီက ကျွန်ုပ်ပခုံးကို ပုတ်ကာ၊
ယူမီ့ဒယ်ဒီ ။ ။ ဟားဟား၊ မင်းက ဟွန်ဒါကြီးလားကွ။ မင်းကို ငါမိန်းမအတွက် ကောင်းကောင်း အသုံးချရမယ်…
ပြောကာ သခင်လေးဘက်သို့ လှည့်က ရယ်နေကြသည်။ ကျွန်ုပ်ကို သူ့မိန်းမအတွက် အသုံးချမယ် ဆိုတာ မဟုတ်မှလွှဲရော ဟိုကိစ္စများလား။ ကျွန်ုပ်မှာ အတွေ့အကြုံမှ မရှိတာ မဖြစ်ပါဘူး တွေးရင်း ရှက်သွားမိသည်။ ယူမီကို အပေါ်ထပ်မှ အောက်သို့ ဆင်းလာပြီ ကျွန်ုပ်လည်း မြင်ရော၊
ယူမီကို ။ ။ ဟွန်ဒါကြီး ပါလာပြန်ပြီ…
သခင်လေး ။ ။ ဟုတ်တယ်။ ဒီကောင်ကို ချန်ခဲ့တာ မရ…
သခင်လေး စကားမဆုံးသေးခင် ယူမီကို ဖြတ်၍၊
ယူမီကို ။ ။ ရှင်ကိုရော၊ ရှင်လူကိုပါ စိတ်ပျက်လာပြီ…
သခင်လေး ။ ။ အေးလေ မင်းက ဂင်နဲ့ အင်္ဂလိပ်စာအတန်းမှာ ကြည်နူးနေတော့ စိတ်ပျက်ပြီပေါ့…
ယူမီကိုက အံ့အားသင့်သော အသံဖြင့်၊
ယူမီကို ။ ။ ရှင် ခိုးကြည့်နေတာမလား…
သခင်လေး ။ ။ ဒီမှာ ငါက တယ်လီပတ်တီ(အကြားအမြင်)ရထားတာ။ မင်းဘာတွေးတွေး အားလုံးကို ငါသိနေတယ်။ မင်းဘော်ပင်ပြုတ်ကျသွားလို့ ဂင်ကောက်ပေးတာက အစအကုန်သိတယ်…
ယူမီကို ။ ။ ရှင်အကုန်သိနေပါ့လား…
သခင်လေး ။ ။ အေး တယ်လီပတ်တီကလည်း ငါရဲ့ ယာကူဇာ နောက်အစွမ်းတစ်ခုပဲ။ မှတ်ထား နောက် ငါ့နောက်ကွယ်မှာ ရှုတ်မယ်ကြံလို့ကတော့ အသိပဲ…
တယ်လီပတ်တီက သခင်လေး အစွမ်းတော့ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက အတွဲချောင်းတာမှ သခင်လေးအစွမ်း ဖြစ်နိုင်သည်ဟု စဉ်းစားနေမိသည်။ ကျွန်ုပ် ခုချိန်မှာ ယူမီကိုတို့ တစ်အိမ်လုံး သခင်လေးနဲ့ သဘောမတူအောင် ရှိသမျှ ပစ္စည်းအားလုံးကို ရိုက်ခွဲပစ်လိုက်ရင် ကောင်းမလား စဉ်းစားနေစဉ်၊
သခင်လေး ။ ။ ဟွန်ဒါကြီး လာထိုင်လေ…
ကျွန်ုပ် ။ ။ ဟိုက်…
ကျွန်ုပ်အား ခေါ်သဖြင့် ထမင်းစားဝိုင်းသို့ ၀င်ထိုင်လိုက်သည်။ သခင်လေးက အရမ်းဥာဏ်များသဖြင့် ကျွန်ုပ်ကို မကောင်းကြံမည်ကို သတိထားနေမိသည်။
ထမင်းဝိုင်းတွင် ယူမီကို့ဒယ်ဒီ၊ မာမီ၊ ယူမီကို၊ မာဖီယာ နှင့် ကျွန်ုပ် အားလုံး စုံစုံလင်လင် ရှိနေကြသည်။ ထိုအချိန်တွင် ရှိသမျှ ပန်းကန်တွေ ခွဲလိုက်ရင် ကောင်းမလား အတွေးတွင် ဟင်းပွဲများ လာချပေး၍ စိတ်ပြန်ပြောင်းသွားသည်။ ဟင်းတွေ ကောင်းလွန်တာမို့ အနံ့ရရုံဖြင့် ကျွန်ုပ်ဗိုက်မှ တဂြီဂြီ မြည်နေသည်။ ဒါပေမယ့် ဒီအိမ်မှာ လာသည်မှာ ထမင်းစားရန်မဟုတ်ပဲ၊ ပွဲကြမ်းရန် လာသည်ကို ကိုယ်မှကို သတိပေးမိသည်။
သခင်လေး ။ ။ ဟွန်ဒါကြီး ထည့်စား…
ကျွန်ုပ် ပန်းကန်ထဲ အတင်းဟင်းတွေ ထည့်ပေးသည်။ သခင်လေး တယ်လည်း သဘောမကောင်း စဖူး ကောင်းနေပါ့လားဟု မယုံသင်္ကတော့ ဖြစ်မိသေးသည်။ သို့သော် ဟင်းတစ်ဖတ်လောက် လျှာပေါ်ရောက်သွားသည်နှင့် အရာအားလုံးကို မေ့မျှောသွားတော့သည်။ ကောင်းလိုက်တဲ့ဟင်းတွေ ဒီလောက်ကောင်းတဲ့ ဟိုတယ်ဟင်းတွေ ကျွန်ုပ်တသက် တစ်ခါမှ မစားဖူးပေ။ ရှိသမျှ ဟင်းတွေ အားလုံးကို အငန်းမရ အားလိုက်တာ ကျွန်ုပ် အချိန်ဘယ်လောက်တောင် ကြာသွားမှန်းကို မသိလိုက်ပေ။ သတိရတော့ ထမင်းစားဝိုင်းတွင် ကျွန်ုပ်တစ်ယောက်ထဲ ကျန်ခဲ့ပြီ တခြားသူတွေ တစ်ယောက်မှ မရှိကြတော့ပေ။
ကျွန်ုပ် ။ ။ သခင်လေး ငါကို လုပ်ချသွားပြန်ပြီ…
ကျွန်ုပ် အစားအရမ်းကြိုက်မှန်း သိသော သခင်လေးတိုမိုယာက ကျွန်ုပ်ကို လှည့်ကွက်ဆင် လိုက်ခြင်းဖြစ်သည်။ ဧည့်ခန်းထဲမှာ သခင်လေးနှင့် ယူမီကိုက တစ်တွဲ၊ ယူမီကို့ဒယ်ဒီ နှင့် မာမီက တစ်တွဲ ၄ယောက်သား နောက်ကျောပေး ထိုင်ကာ ကြည်နူးနေကြသည်။ အတွဲချိန်းတွေ့တဲ့ ပန်းခြံများ အောက်မေ့နေလား မသိပါဘူး။
သခင်လေး ။ ။ ဒယ်ဒီနဲ့ မာမီက ဘာလို့ နောက်ကျောပေးထိုင်နေတာလဲ…
ယူမီ့ဒယ်ဒီ ။ ။ ဟေ့ကောင် နာဂါတို၊ ငါက သမီးရှင်ဆိုတော့ ရှက်လို့ နောက်ကျောပေးထားတာကွ။ မင်းတို့ လုပ်ချင်တာလုပ် ငါတို့လဲ.x.x.x.x.x.x.x…
ယူမီကို ။ ။ တိတ်စမ်း၊ ကိုယ့်သမီးရှေ့မှ ဒီလိုပြောစရာလား…
သူတို့ချင်း ရန်ဖြစ်နေကြစဉ် ကျွန်ုပ်လည်း ရောယောင်ပြီ ပွဲဝင်ကြမ်းရန် အခွင့်သာတုန်း ဧည့်ခန်း တံခါးကို ခြေထောက်ဖြင့် ဝှေ့ကန်လိုက်ရာ ဧည့်ခန်းတံခါးဘောင်လိုက် ပြုတ်ထွက်ကာ ကျိုးကျသွားတော့သည်။ သခင်လေးမှ အပါ၊ ကျန်၃ယောက်လုံး ကျွန်ုပ်ကို အရမ်းထိတ်လန့်သွားကြသည်။ သခင်လေးတိုမိုယာ နှင့် ယူမီကိုတို့ လမ်းခွဲအောင် တမင်လုပ်လိုက်ခြင်း ဖြစ်သည်။ သခင်လေး ထိုင်နေရာမှ ကျွန်ုပ်အား တစ်ချက် စိုက်ကြည့်လိုက်ရာ ကျွန်ုပ် တကိုယ်လုံး ကြက်သီမွေးညင်းထသွားတော့သည်။ အလွန်စူးရှ ခက်ထန်သော အကြည့်နှင့် မျက်မှောင်ကို အရမ်းကုတ်ထားပြီ သခင်လေး ကျွန်ုပ်ကို စိုက်ကြည့်နေ၍ ရင်ထဲကို ဓားတစ်ချောင်း ထိုးစိုက်သွားသည့်အလား ခံစားလိုက်ရသည်။ ဒီလို သခင်လေး စိတ်ဆိုးသည်ကို မမြင်ရသည်မှာ ကြာပြီဖြစ်သည်။ သခင်လေး တကယ်စိတ်ဆိုးလာလျှင် မကောင်းဆိုးဝါးနဲ့ တူလာသည်နှင့် ကျွန်ုပ် ရုးသလိုလို၊ ပေါသလိုလို လုပ်၍၊
ကျွန်ုပ် ။ ။ ဟီးဟီး၊ ထမင်းစားပြီလို့ အချိုတည်းဖို့ လော်လီပေါ့များ ရနိုင်မလား လာမေးတာပါ…
ဟီးဟီး၊ ဟားဟား လုပ်လိုက်မှ သခင်လေး နည်းနည်း ဒေါသပြေသွားပုံ ပေါ်၍ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ကျွန်ုပ်လည်း တံခါးကို ပြန်တပ်ပေးသော်လည်း တပ်လို့ မရသည့်အပြင် ထက်ခြမ်းတောင် ကျိုးသွားသေးသည်။ အားလုံးကို တောင်းပန်ကာ အိမ်ပြင်သို့ အထွက်တွင်၊
သခင်လေး ။ ။ ဟွန်ဒါကြီး မင်းက ငါ့အဖေခိုင်းလို့ လုပ်တယ်ဆိုပေမယ့်၊ နောက်တစ်ခါ ဒီလိုလုပ်လို့ကတော့ မင်းအသေပဲမှတ်…
ကျွန်ုပ် ခေါင်းကို ကုတ်လိုက်ပြီ သခင်လေး ဘယ်လိုလုပ် ဂိုဏ်းချုပ်နဲ့ ကျွန်ုပ်နဲ့ ပြောထားတာတွေ သိနေပါလိမ့်။ အင်း၊ တကယ်များ သခင်လေးမှာ တယ်လီပတ်တီ အစွမ်းရှိများ ရှိနေတာလား တွေးရင်း ထွက်လာခဲ့သည်။
..................ဆက်ရန်..............
Honda's chapter is always a joy to read <3<3<3 the new character :D
ReplyDeleteဟွန်ဒါကြီးက ပျော်ပျော်နေတတ်လို့ပါ.. ဒီနေ့ အခန်းသစ်တင်လိုက်မယ်...
ReplyDelete