Tuesday, October 19, 2010

ယာကူဇာချစ်သူ၂ (အခန်း-၅ (မာဖီယာ))



ယာကူဇာချစ်သူ၂ (အခန်း-၅ (မာဖီယာ))

    ကျွန်တော် ယူမီ ကိုအင်္ဂလိပ်စာ အတန်းမတက်ဟု တမင်လိမ်၍ တက္ကသိုလ်တွင် ယာကူဇာတွေ ဆောက်ထားသော လှိုဝှက်အဆောက်အအုံ့မှ မှန်ပြောင်းဖြင့် ယူမီတို့ အင်္ဂလိပ်တန်းသို့ သေချာ စောင့်ကြည့်နေသည်။ ကျွန်တော် အဓိက သိချင်သည်မှာ ဂင်က ယာကူဇာစလေရာ အစစ်ပဲလား၊ ဘာကြောင့် သူ့ ယူမီ ကိုအတင်းလိုက်တွယ်ကပ် နေတာလဲ ဆိုသည့် အဖြေနှစ်ခုပင်။ ဟိုမှာ ဂင် နဲ့ ယူမီတို့ စကားပြောပြီ ပြုံးရွှင်နေလိုက်ကြတာ။ ယူမီကို၊ ယူမီကို ကိုယ်ရှေ့က အန္တာရာယ်ကို နည်းနည်းမှ မမြင်ရှာပါ့လားနော်ဟု ကျွန်တော် သက်ပြင်း တစ်ချက်ချလိုက်မိသည်။

ဟွန်ဒါကြီး ။    ။ သခင်လေး ကျွန်ုပ် တစ်ခုလောက် ပြောလို့ ရမလား…
ကျွန်တော် ။    ။ အေးဘာလဲ…
ဟွန်ဒါကြီး ။    ။ ကျွန်ုပ်တို့ အတွဲချောင်းတဲ့ အလုပ်မလုပ်ပဲ၊ ရေခဲမုန့်သွားစားရင် မကောင်းဘူးလား…

    ဟွန်ဒါကြီး စကားအဆုံးတွင် ကျွန်တော် ပါးစပ်မှ ဂစ်၊ဂစ်၊ဂစ် အမြုပ်များထွက်၍ လှဲကျသွားတော့သည်။ မနေ့က အစည်းအဝေးခန်းမမှာ ကျွန်တော့်အဖေကို ယာကူဇာစလေရာ သတင်းပေးရန် ပြေးဝင်ခဲ့သော်လည်း တခြား ခေါင်းဆောင်များ ရှိနေ၍ ရူးသလိုလို နေခဲ့သည်။ အလကား၊ လုံးဝကို သုံးစားမရတဲ့ ခေါင်းဆောင်တွေ ယာကူဇာစလေရာကိုများ မိန်းမလေးတဲ့။ ဂင်က ယာကူဇာစလေရာဆိုတာ သက်သေ မပြနိုင်မခြင်း ကျွန်တော် ဘယ်သူမှ မပြောရန် စိတ်ဆုံးဖြတ်ထားသည်။ ဒါကြောင့် ဒီကိစ္စကိုလည်း ဟွန်ဒါကြီး သိသွားလို့ ဘယ်လိုမှ မဖြစ်ပေ။
ဂင်ကို စောင့်ကြည့်နေစဉ် စီးပွားမေဂျာ စင်္ကြပေါ်မှ ကျောင်းသားတစ်ချို့ကို ကျွန်တော် သတိထားမိသွားသည်။ ဒီကောင်တွေကို ငါဘယ်မှာ မြင်ဖူးပါလိမ့်၊ ငါအတန်းထဲကပဲလား။ မဟုတ်သေးပါဘူး၊ ရင်းရင်းနှီးနှီးကြီးကို သိပါတယ်။ အင်း ဒါ ပုရောစိတ်ဂိုဏ်းသားက ကောင်တွေပဲ။ ကျွန်တော် မှန်ပြောင်းဖြင့် သေချာပြန်ကြည့်တော့ ပုရောစိတ်ဂိုဏ်းသားများ တက္ကသိုလ် ကျောင်းသား ဟန်ဆောင်၍ အင်္ဂလိပ်စာတန်းရှေ့က ဖြတ်လျှောက်သွားလာ နေကြသည်။ သူတို့များ ကျွန်တော်ထက် ဦးပြီ ဂင်ကို ယာကူဇာစလေရာမှန်း သိ၍ လာတာလား၊ ဒါမှမဟုတ်ရင် ကျွန်တော်နဲ့ ရန်ဘက်ဂိုဏ်းကမို့ ငါကို ရန်ရှာဖို့ပဲလား စဉ်းစား မရဖြစ်နေသည်။ ဟွန်ဒါကြီးကလည်း သတိထားမိပုံဖြင့်၊

ဟွန်ဒါကြီး ။    ။ သခင်လေး ဟိုမှာ…
ကျွန်တော် ။    ။ အေး ငါတွေ့ပါတယ်။ ဒီကောင်တွေ ဒီမှာဘာလာလုပ်ပါလိမ့်…

    စကားပင် မဆုံး သေးခင် ဟွန်ဒါကြီး လစ်ထွက်သွားတော့သည်။

ကျွန်တော် ။    ။ တောက်၊ ဟွန်ဒါကြီး ထွက်သွားပြန်ပြီ…
ခဏကြာတော့ ကျောင်းသား ဟန်ဆောင်ထားသော ပုရောစိတ်ဂိုဏ်းသားများနဲ့ ဟွန်ဒါကြီးတို့ ကျောင်းစင်္ကြံနားမှာ စကားများနေကြဟန် တူသည်။ ဟွန်ဒါကြီး အစွမ်းကို သိသော ကျွန်တော်က လုံးဝ စိတ်မပူပဲ၊ စောင့်ကြည့်နေသည်။ ပုရောစိတ်ဂိုဏ်းသား တွေကို အာရုံသွားစိုက်မိနေ၍ ဂင်ကို မေ့သွားမိသည်။ သတိရ၍ ဂင်ကိုလည်း ကြည့်လိုက်ရော ဂင် အင်္ဂလိပ်စာတန်းတွင် မရှိတော့သည်ကို တွေ့လိုက်ရသည်။ ကျွန်တော်လည်း ဂင်နောက်လိုက်ရန် အထွက်၊ ဟွန်ဒါကြီးက လောလီပေါ့ တစ်ခုစုတ်၍ ပြန်ရောက်ချလာသည်။

ဟွန်ဒါကြီး ။    ။ သခင်လေး အတွက်…
    ကျွန်တော်ကိုလည်း လောလီပေါ့ တစ်ခုထိုးပေးသည်။

ကျွန်တော် ။    ။ တော်စမ်းပါ။ မင်း ဘာသတင်းရခဲ့လဲပဲ ပြော…
ဟွန်ဒါကြီး ။    ။ ထူးထူးခြားခြားတော့ မရှိပါဘူး။ သခင်မလေး နိုရီ ဒီကျောင်းမှာ တက်နေတာလောက် ပါပဲ…
ကျွန်တော် ။    ။ ဘာ။ သခင်မလေး နိုရီ…
    အာမေဋိတ်အသံဖြင့် အော်လိုက်မိသည်။ သခင်မလေး နိုရီ ပေါ်လာလျှင် ယာကူဇာဂိုဏ်းတွေကြားမှာ အလွန်ကြီးမားသော ရန်ပွဲ တစ်ခု ဖြစ်ဖို့ နိမိတ်ပေးလိုက်သလိုပင်။ သခင်မလေး နိုရီဆိုသူမှာ ယာကူဇာဂိုဏ်းတွေ အားလုံး၏ ဂိုဏ်းခေါင်းဆောင်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်သည်။ နိုရီက ဂိုဏ်းချုပ်ရာထူးကို လက်ခံမှာမို့၊ သူကို လုပ်ကြံချင်သော ယာကူဇာတွေ မြှောက်မြားစွာ ရှိသည်။ ဒါကြောင့် နိုရီသည် ဘယ်တော့မှ လူများသော နေရာများသို့ မသွားတတ်ပေ။ နိုရီ အသက်အရွယ်နှင့် ရုပ်ရည်သည် ယူမီကိုနှင့် မတိမ်းမယိမ်းလောက် ရှိသည်။
ခုမှပဲ ဂင်ဘာလို့ ယူမီကိုကို လိုက်ကပ်နေသည်ဟူသော အဖြေကို ကျွန်တော် ရှင်းသွားတော့သည်။ ဘြော် ဂင်၊ ဂင် မင်းက ယူမီကိုကို သခင်မလေး နိုရီနဲ့ မှားပြီ ချင်းကပ်နေတာကိုးကွ။ ဒါဆို မင်းကို ငါက ထောင်ချောက်ဆင်စရာ မလိုပဲ၊ မင်းက အလိုလို ငါထောင်ချောက်ထဲ ခုန်ဆင်းလာတာကိုး။

ကျွန်တော် ။    ။ ဟားဟားဟား...
   
    ကျွန်တော် သဘောကျစွာ ရယ်လိုက်သည်။ ဒီနေ့ အတွက်တော့ လုံလောက်တဲ့ အထောက်အထား ရပြီပြီမို့ အိမ်ပြန်ရန် ဟွန်ဒါကြီးနှင့် လမ်းခွဲပြီ တက္ကသိုလ်မှ အထွက်တွင်၊ ကျွန်တော် အကျီင်္ထဲမှ ကြွက်ဖြူ အတင်းတိုးထွက်လာ၍ ကျွန်တော် အရမ်းထိတ်လန့်သွားသည်။ ကြွက်ဖြူဆိုသည်မှာ လူတွေနဲ့ စကားပြောတတ်သည့် သတ္တ၀ါ မဟုတ်သလို၊ အကြောင်းမရှိပဲ အပြင်သို့ မထွက်လာတတ်ပေ။ သူတို့ သခင်ရဲ့ အသက်ဘေးရှိမှသာ Emergency အနေနဲ့ ထွက်လာတာမျိုးပင် ဖြစ်သည်။

ကျွန်တော် ။    ။ ကြွက်စုတ် မင်းငါကို သေအောင် နိမိတ်ပြနေတာလားကွ။ ခုချက်ချင်း ပြန်ဝင်စမ်း...

    ကြွက်ဖြူကို ကျွန်တော် လက်ဖြင့် စုတ်ကိုင်ပြီ ပြန်ထည့်သော်လည်း ကြွက်ဖြူသည် ကျွန်တော် လက်ပေါ်မှ အတင်းခုန်ဆင်း၍ ထွက်ပြေးတော့သည်။ ကျွန်တော်က အဘိုး အမွေပေးထားသည့် ကြွက်ဖြူမို့ အလွန်မြတ်တနိုးထားတာမို့၊

ကျွန်တော် ။    ။ ဟေ့ကြွက်စုတ် မပြေးနဲ့ကွ။ မိလို့ကတော့ မင်းကို ကြွက်ဖြူကနေ ကြွက်ကြော် လုပ်ပစ်မယ်...

    ကြွက်ဖြူကလည်း အလွန်မြန်သဖြင့် ကျွန်တော်မှာ ကျောင်းသားတွေကြားမှ မနည်းအမိ လိုက်ဖမ်းရသည်။ မိခါစဲတွင် ကျောင်းသားတစ်ယောက်က ကျွန်တော်အရင် ကြွက်ဖြူကို ကောက်ကိုင်လိုက်သဖြင့်၊

ကျွန်တော် ။    ။ ဟေ့ကောင် ငါ့ကြွက်ဖြူ ပြန်ပေးစမ်း...

    မော့ကြည့်လိုက်ရာ၊ ဂင်ဖြစ်နေ၍ နည်းနည်းရှိန်သွားပြီ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ ခုကျွန်တော်နဲ့ တူတူရပ်နေသောသူသည် ယာကူဇာစလေရာဆိုတာ သိနေ၍၊

ကျွန်တော် ။    ။ ဟဲဟဲ ကြွက်ဖြူ၊ ကြွက်ဖြူ၊ ဟဲဟဲ…
    ကျွန်တော် လူလိမ္မာနည်းဖြင့် ရူးသလိုလို၊ ပေါသလိုလို လုပ်နေလိုက်သည်။ ဂင်က ကြွက်ဖြူကို မြင်သည်နှင့် ကျွန်တော်ကို ယာကူဇာမှန်းတန်း သိမှာ သေချာသည်။ ကြွက်ဖြူ ပြန်မရရင် နေပါစေ၊ ကျွန်တော်တော့ အသေမခံနိုင်ဘူးဗျို့။ ကျွန်တော် မသိမသာ နောက်သို့ ခြေတစ်လှမ်းချင်း ဆုတ်နေသည်။ ဂင်က မထိတထိပြုံး၍ ကြွက်ဖြူ ပြန်ပေးနေ၍ ကျွန်တော် ပြန်ယူရမှာတောင် ကြောက်ပြီ မယူရဲသလိုလို လုပ်နေ၍ ဂင်က ကျွန်တော် လက်ထဲသို့ ကြွက်ဖြူ အတင်း ထည့်ပေးပြီမှ သူ့ဗယ်လက်ကို ထောင်ပြ၍၊

ဂင် ။        ။ နောက်မှ တွေ့မယ်...

    ကျွန်တော် နားမလည်စွာ ပြုံးပြ၍ လှည့်ထွက်သွားတော့သည်။ ဟင်း၊ ငါကို နောက်မှ တွေ့မယ်ဆိုတာ နောက်မှ သတ်မယ်ဟု ပြောသွားတာများလား ဂစ်၊ဂစ်၊ဂစ် အော်ကာ လှဲကျသွားသည်။ ကြွက်ဖြူက စကားမပြောတတ်သော်လည်း ကျွန်တော်ကို အိုက်တင်ဖြင့်၊

ကြွက်ဖြူ ။    ။ ခွီ၊ ခွီ၊ ခွီ...

ဟု ကြမ်းပြင်ပေါ်မှာ လူးလိမ့်ပြီ လှောင်ရယ်နေသဖြင့် ကျွန်တော် တချက် တင်းသွားသည်။ ဂင်သည် ယာကူဇာစလေရာသာ မှန်လျှင် တိရစ္ဆာန်နှင့် သူစကားပြောနိုင်သည်မို့၊

ကျွန်တော် ။    ။ ကြွက်စုတ် မင်းငါအတင်းတွေ ပြောခဲ့တယ် မဟုတ်လား။ မင်းကို ငါအသေသတ်မယ်ကွ...

    ကျွန်တော်နှင့် ကြွက်ဖြူနှင့် နပန်းလုံးနေကြစဉ် စိတ်ထဲကနေ တစ်စုံတစ်ရာ ကျွန်တော် ရှိရာသို့ ဦးတည်လာသလိုလို ခံစားရသည်။ ဒါကြောင့် လှည့်အကြည့် ခုနက ကျောင်းသား ဟန်ဆောင်ထားသော ပုရောစိတ်ဂိုဏ်းသားများ အယောက် ၂၀လောက် ကျွန်တော်ရှိရာသို့ ဦးတည်ပြီ ဒေါသတကြီး ပြေးလာကြ၍ ကျွန်တော်နှင့် ကြွက်ဖြူ အားဟု ပြိုင်တူအော်ပြီ

ကျွန်တော် ။    ။ အားအား၊ ပြေး…

    ပြေးကြတော့သည်။ ပြေးရင်း၊ ပြေးရင်း ပုရောစိတ်ဂိုဏ်းများ ကျွန်တော် နဲ့ ဘေးချင်း ယှဉ်လာ၍ အား အောပြီ ထပ်ပြေးရပြန်သည်။ သို့သော် သူတို့က ကျွန်တော်ကို အရေးတောင် မလုပ်ပဲ၊ ကျော်တက်သွားမှ၊ အင်း ငါကိုလိုက်တာမှ မဟုတ်ပဲ။ ဒါဆို သူတို့ ဂင်နောက်များ လိုက်နေတာများလားဟု တချက် တွေးလိုက်မိသည်။ ဒါနဲ့ မသိမသာ သူတို့နောက်မှ နောက်ယောက်ခံပြီ လိုက်သွားတော့သည်။ ပုရောစိတ်ဂိုဏ်းသားများ လမ်းချိုးတစ်ခုထဲသို့ ပြေးဝင်သွားကြသည်။ ကျွတော်ကတော့ လမ်းထောင့်ချိုးတွင် ရပ်လိုက်ပြီ လမ်းကြားထဲကို ချောင်ကြည့်နေသည်။ ပုရောစိတ်ဂိုဏ်းသားများ တစ်ဦးတစ်ယောက်ကို တိုက်ခိုက်ဖို့ တုတ်တွေ၊ ဓားတွေကို ထုတ်လိုက်ကြသည်။ ဘယ်သူ ဘယ်ဝါနှင့် တိုက်ခိုက်မည် ဆိုတာတော့ ကျွန်တော်လည်း အဝေးကမို့ မမြင်ရပေ။ ကြွက်ဖြူက အကျီင်္ထဲမှ ထွက်လာပြန်ပြီ သစ်ပင်ကို ညွှန်ပြသည်။ သူပြောချင်တာက သစ်ပင်ပေါ်ကနေ တက်ကြည့်ရန် ပြောခြင်းဖြစ်သည်။

ကျွန်တော် ။    ။ ဟေ့ကောင်၊ ကြွက်ဖြူ မင်းငါကို ဆရာ လာမလုပ်နဲ့ကွ။ ငါဘာသာ သိတယ်ကွ…

    ဟုမေ့၍ ကျယ်လောင်စွာ အော်လိုက်မိရာ ပုရောစိတ်ဂိုဏ်းသားများ ကျွန်တော်ရှိမှန်း သိသွား၍ ဦးတည်လာကြသည်။ ဟေ့ကြွက်ဖြူ၊ ငါကို အကြံပေးအုန်းလေ၊ ဘာဆက်လုပ်ရမှာလဲ။ ကြွက်ဖြူက စိတ်ကောက်ပြီ၊

ကြွက်ဖြူ ။    ။ ဟွန်း…
ကြွက်ဖြူ အကျီင်္ထဲ ပြန်ဝင်သွားတော့သည်။ ကျွန်တော်မှာ ပြေးစရာ လမ်းဆုံးနေသဖြင့် သစ်ပင်ပေါ်သို့ လျင်မြန်စွာ ပြေးတက်ရတော့သည်။ သစ်ပင်ပေါ်ရောက်မှ အောက်ကို ငုတ်ကြည့်ပြီ ငါဘယ်လိုလုပ် သစ်ပင်ပေါ်ရောက်လာပါလိမ့်၊ ဒုက္ခပါပဲ ပြန်လည်း မဆင်းရဲတော့ဘူး။ ပုရောစိတ်ဂိုဏ်းသားများ သစ်ပင်အောက်က ၀ိုင်းရံလိုက်ကြသော်လည်း ကျွန်တော် နည်းနည်းလေးမှ လေမလျှော့ပဲ၊

ကျွန်တော် ။    ။ ဟေ့ကောင်တွေ မင်းတို့ကို ငါဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်၊ မြန်မြန်ထွက်သွားကြစမ်း…
    ကျွန်တော် ဆရာကြီးပုံစံဖြင့် သစ်ပင်ပေါ်ကနေ ဟိတ်ဟန် လုပ်နေသည်။ ပုရောစိတ်ဂိုဏ်းများ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီမှ၊ သစ်ပင်ကို ပေါ်သို့ ဓားတွေဖြင့် ပစ်ပေါက်ကြ၍ ကျွန်တော်မှာ ရှောင်ရလွန်းတာမို့ ပြုတ်ကျဆဲဆဲ ဖြစ်လာ၍ မျက်နှာချိုသွေးပြီ၊

ကျွန်တော် ။    ။ မလုပ်ပါနဲ့ဗျ၊ ခင်များတို့ကလည်း နောက်တာပါ။ ကျွန်ုပ်က အမြင့်ကြောက်တယ်ဗျ…

ခုတော့ ကျွန်တော် သစ်ပင်ပေါ်က ပြန်လည်း ဆင်းလို့ မရ၊ အကျပ်အတင်းထဲမှာ ရောက်နေတုန်း သစ်ပင်ပေါ်ကနေ၊ ပုရောစိတ်ဂိုဏ်းသားတချို့နှင့် တိုက်ခိုက်နေသော မိန်းခလေး တစ်ယောက် ကို မြင်လိုက်ရသည်။ မိန်းခလေးက ရုပ်ဆိုးဆိုးနှင့် ခပ်ကြမ်းကြမ်း ပုံမျိုးဖြစ်သည်။ သူတိုက်ရည် စွမ်းရည်ကို ကြည့်ရတာတော့ ယာကူဇာတွေထဲမှာ ထိပ်တန်း အဆင့်လောက် ရှိ၍ ငါခုတစ်လော ဘာလို့ ဆရာကြီးတွေနဲ့ တွေ့နေပါလိမ့်။

သစ်ပင်အောက်သံ ။    ။ ဒုတ်၊ ဒုတ်၊ ဒုတ်…
ဘာအသံတွေပါလိမ့်၊ သစ်ပင်အောက်လည်း ကြည့်လိုက်ရော သစ်ပင်ကို ၀င်ခုတ်နေကြ၍၊

ကျွန်တော် ။    ။  ဟိတ်ဟိတ် ဒီလို မလုပ်ကြနဲ့လေ။ မင်းတို့ သတ္တိရှိရင် သစ်ပင်ပေါ် တက်လာခဲပါ့လား။ ငါက နဂါးနီဂိုဏ်းက တိုမိုယာပဲကွ…

    နဂါးနီဂိုဏ်းက တိုမိုယာ ကြားလိုက်သည်နှင့် ဂိုဏ်းသားများ အရမ်းကြောက်လန့်သွားပုံဖြင့် နောက်တစ်လှမ်းဆုတ်သွားပြီမှ၊

ကျွန်တော် ။    ။ မင်းတို့ ငါကို အရမ်းကြောက်သွားပြီ မလားကွ၊ ဟားဟားဟား…
ဂိုဏ်းသားများ ။။ တိုမိုယာတဲ့၊ အသေသတ်ကြ။ ယားယားယား…

    သစ်ပင်ပေါ်သို့ အလုအယှက် ဂိုဏ်းသားများ စုပြုံတက်လာကြသည်။ တဖြည်းဖြည်းနဲ့ ကျွန်တော်နားသို့ နီးကပ်လာသည်။ ဒီကောင်တွေ ငါနံမည်ပြောတာ မကြောက်ဘူးပေါ့၊ ငါ့အစွမ်းပြရ ချည်းသေးရဲ့ဟု ကြိမ်းဝါးလိုက်ပြီ၊ ကျွန်တော် အကျီင်္ထဲမှာ ပျားအုံ့ကို ဆွဲထုတ်လိုက်ကာ ဒီကောင်တွေ ရှိရာသို့ ပစ်ချ၍၊

ကျွန်တော် ။    ။ ဒီမှာ မင်းတို့အတွက် လက်ဆောင်၊ မင်းတို့ ပြေးကြပေးတော့ဟေ့…

    ဂိုဏ်းသားတွေများကို ပျားများက ၀ိုင်းတုတ်ကြ၍ ဖူးရောင်ပြီ ကုန်းကွ အော်ဟစ်ကာ ထွက်ပြေးကြတော့သည်။ ကျွန်တော်တစ်ယောက်ထဲ ဟားတိုက်ရယ်မောကာ သစ်ပင်ပေါ်တွင် ကျန်နေခဲ့သည်။

ကျွန်တော် ။    ။ ဟားဟားဟား၊ အလကားကောင်တွေ…
ဒါပေမယ့် တချို့ ပျားတွေက ပုရောစိတ်ဂိုဏ်းသားတွေနောက် မလိုက်သွားပဲ၊ သစ်ပင်ပေါ် ပြန်တက်လာပြီ ကျွန်တော်ကို မျက်စောင်းကျ နေကြသဖြင့်၊

ကျွန်တော် ။    ။ ဟေ့၊ဟေ့၊ ငါက မင်းတို့ကို သခင်လေ။ အား ပြေးပြီဗျို့…

    ပျားတွေ လိုက်သဖြင့် ကျွန်တော် မတတ်နိုင်တဲ့အဆုံး သစ်ပင်ပေါ်မှ ခုန်ဆင်း၍ လမ်းကြားထဲ ထွက်ပြေးရတော့သည်။ လမ်းကြားထဲရောက်တော့ ပုရောစိတ်ဂိုဏ်းသားတွေနှင့် တိုက်ခိုက်နေသော ရုပ်ဆိုးဆိုး မိန်းခလေး၏ဓားမှာ သွေးတွေ စီးကျနေပြီ၊ သူမဘေးတွင် ပုရောစိတ်ဂိုဏ်းသားများ တစ်ယောက်တလေတောင် အသက်မရှိကြတော့ပေ။ ကျွန်တော် စိတ်ထဲ အရမ်းထိတ်လန့်သွားလိုက်ပြီ၊ ဒီမိန်းခလေးက ဘယ်လိုလူမျိုးပါလိမ့် တွေးကာ၊

ကျွန်တော် ။    ။ ယားယားယား…
    ပြေးပြီဗျို့ ၊ အော်ကာ ပြန်လှည့်အပြေးတွင် သူမကြာပွတ်ဖြင့် ကျွန်တော့် ခြေထောက်ကို ရိုက်ချလိုက်သဖြင့် တစ်ချက်ထဲနဲ့ ပစ်လှဲကျသွားသည်။ ကျွန်တော် ချက်ချင်း ဆိုသလို အကျီင်္ထဲမှ သေနတ်ကို ဆွဲထုတ်လိုက်ပြီ ပြန်အထတွင် သူမခြေထောက်ဖြင့် မျက်နှာကို ကန်ခံလိုက်သဖြင့် သေနတ်ရော၊ လူပါ လွှင့်ထွက်သွားသည်။ ကန်ချက်ပြင်း၍ ကျွန်တော် မှောက်နေစဉ်၊ သူမ ကျွန်တော်နားသို့ တစ်လှမ်းချင်း လှမ်းလာပြီ၊ ဓားဖြင့် ယာကူဇာဓားဖြင့် လည်ပင်းကို တေ့ထားလိုက်ပြီ၊

မိန်းခလေး ။    ။ တိုမိုယာ ပြန်တွေ့ကြပြီပေါ့…

    ကျွန်တော်ကို သိနေ၍ သူမကို တအံ့တဘြ ငေးကြည့်နေမိသည်။ သူမ မျက်လုံးနှင့် စုံမိသွားမှ သူ၊မဖြစ်နိုင်ဘူးဟု စိတ်ထဲမှ ကြောက်လန့်စွာ ရေရွှတ်လိုက်သည်။ ပြီမှ ပါးစပ်မှ တိုးတိုးလေး၊

ကျွန်တော် ။    ။ သခင်မလေး နိုရီ…
နိုရီ ။    ။ မင်းသိပ်တော်တယ်၊ တိုမိုယာ။ ငါ့ရုပ်ဖျက်ထားတာတောင် မင်းက မှတ်မိတယ်ပေါ့…

    သူမ၏ မျက်နှာဖုံးအတုကို ခွာလိုက်ပြီ သူမဆံပင်များကို ခါယမ်းချလိုက်သည်။ သခင်မလေး နိုရီက အရင်ကလို ဘာမှမပြောင်းလဲတဲ့ အထဲတွင် ကျွန်တော်ကို အရမ်းမုန်းတီး နားကြဉ်းသည့် အချက်လည်း ပါတယ်။ သူနဲ့ ယူမီကိုနှင့် မတူသည့် အချက်မှာ သူမ၏ အလွန်မှခက်ထန်သည့် မျက်ဝန်း နှင့် အနီရင့်ရောင် ဆံပင်ပင် ဖြစ်သည်။ သူမက ကျွန်တော်ကို တစ်ချက်စေ့ကြည့်လိုက်ပြီ ကျွန်တော်ကို ခုတ်သတ်ရန် ဓားကို အပေါ်မှ လွှဲချလိုက်သည်။ နိုရီသာ ဆိုလျှင် ကျွန်တော့် အသက်ဘေးမှ ဘယ်လိုမှ မလွှတ်နိုင်သည်ကို သိသည်နှင့် မျက်လုံးကို စုံမှိတ်လိုက်မိတော့သည်။

ဆက်ရန်....

5 comments:

  1. မျက်လုံးကြီး စုံမှိတ်လိုက်တော့ ဘာတွေ့လဲဟင်
    ဓားကြီးကော တကယ်ပိုင်းသွားပီလားးးး
    လားလးးလားလား..........?

    ReplyDelete
  2. ဟီးဟီး မေပယ်လ် မကြာမည် လာမည်မျှော်.. :)

    ReplyDelete
  3. ဓားနဲ့ တကယ်ခုတ်လိုက်ပြီလား
    ကောင်းခန်းရောက်မှ မကြာမှီ လာမည်မျှော်ဆိုပါလား
    မျှော်ရလေပြီပေါ့

    ReplyDelete
  4. ကိုရီးယားရိုက်နေပြန်ပြီ :D

    ReplyDelete