ယာကူဇာချစ်သူ-၂ (အခန်း၎- (ယူမီကို))
တက္ကသိုလ်သို့ မသွားမှီ ဒေါ်လေး ဆူမီကိုဆာရာ ဖုန်းဆက်ခေါ်သဖြင့် ဒေါ်လေး အိမ်သို့ ခဏ၀င်လည်ရန် ထွက်လာခဲ့သည်။ လာရာလမ်းတွင် ဒေါ်လေးက မာဖီယာနှင့် ပတ်သက်၍ အရေးကြီး သတင်းဆိုတာ ဘာများ ဖြစ်ပါလိမ့်မလဲ တောင်မြောက် စဉ်းစားရင်း စီးနှင်း လိုက်ပါလာသည်။ ရှုတ်တရပ် အတွေးပေါ်လာသည်မှာ မဟုတ်မှလွှဲရော မာဖီယာက မာဖီယာအဖေ(နဂါးနီဂိုဏ်းချုပ်) နှင့် ဒေါ်လေးတို့ရဲ့ တိတ်တိတ်ပုန်း ကလေးများ ဖြစ်နေမလားပင်။ ဒါဆို ယူမီနှင့် မာဖီယာက မောင်နှမတော်နေမှာပေါ့။ အိုမဖြစ်နိုင်ဘူး မောင်နှမ မဖြစ်နိုင်ဘူး၊ အော်ဟစ်ကာ၊
ယူမီ ။ ။ ဟိဟိဟိ မာဖီယာရေ။ အဖြစ်ဆိုးလိုက်တာနော်။ ဟိဟိဟိ မာဖီယာရေ…
ယူမီ့ဘော်ဒီကဒ် နှစ်ယောက်က နောက်ခန်းသို့ သေချာ လှည့်ကြည့်ကြ့ပီ ခေါင်းကုတ်၍ ပြန်လှည့်သွားကြသည်။ ဒေါ်လေးအိမ်ကို ရောက်ရောက်ချင်းပင် အမြန်ပြေးဆင်း၍၊
ယူမီ ။ ။ နာဂါတိုအကြောင်း အရေးကြီးတယ်ဆို၊ မြန်မြန်ပြောစမ်းပါ…
ဒေါ်လေး ။ ။ ဒီကိစ္စက ဒေါ်လေး ကိုယ်ရေးကိုယ်တာမို့၊ ဘယ်သူမှ သိလို့ မဖြစ်ဘူးနော်…
ပြောကာ ဘေးဗယ် ကြည့်လိုက်သေးသည်။ သေချာနေပါပြီ၊ ဒေါ်လေး ကိုယ်ရေးကိုယ်တာ ဆိုမှတော့ ဒါကလွှဲလို့ ဘာရှိအုန်းမှာလဲ အဟင့်အဟင့်။ ဒေါ်လေးက ယူမီနားသို့ ကပ်လိုက်ပြီ၊
ဒေါ်လေး ။ ။ ဒေါ်လေး လှိုဝှက်ချက်ပြောပါ့မယ်၊ ဒေါ်လေးက အမှန်က ရဲ…
ယူမီနားတောင် ယူမီမယုံနိုင်အောင်၊ ဒေါ်လေးက သူကိုယ်သူ ရဲလို့ ပြောနေပါ့လား။ ငါများ နားကြားလွှဲတာပဲလား၊
ယူမီ ။ ။ ဘာ၊ ဒေါ်လေးက ရဲ။ ဒါဆို မင်းသမီး ၉နှစ်လောက် လုပ်ခဲ့တာကရော…
ဒေါ်လေး ။ ။ မင်းသမီးက undercover လေ...
ယူမီ ။ ။ ဟို ဒေါ်လေး သီချင်းလည်း ဆိုသေးတယ် မဟုတ်လား…
ဒေါ်လေး ။ ။ ဒါလည်း undercover ပဲ…
ယူမီ ။ ။ ဒါဆို ၅နှစ် ဆက်တိုက်ရတဲ့ အော်စကာဆုတွေကရော…
ဒေါ်လေး ။ ။ အဲဒါတွေလည်း undercover ပဲပေါ့…
အင်း ဒါဆို ငါ့အဒေါ်ဆိုတာရော undercover ပဲလားတောင် မသိဘူး။ ငယ်လယောင်၊ ငယ်လယောင် အော်ကာ ယူမီ ခွေပြီပစ်လှဲကျသွားသည်။ ပြန်ကုန်းအထတွင် ယူမီ မျက်နှာ တည့်တည့်တွင် ဒေါ်လေးက အခွေတစ်ခွေ လာထောင်ပြ၍၊
ဒေါ်လေး ။ ။ ယူမီ လာတုန်းလေး ဒေါ်လေး သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေး အားပေးသွားအုန်း...
ဒီရုပ်ရှင်ကားကို ဒေါ်လေးအိမ်လာတိုင်း ကြည့်ရလွန်းလို့ ယူမီ ကိုယ်တိုင်တောင် သရုပ်ဆောင်နိုင်နေပြီ။ ဒါကို ထပ်ခါတလဲလဲ ကြည့်ခိုင်းသဖြင့် စိတ်ဆိုးစွာ အခွေကို လက်ဖြင့် ရိုက်ချလိုက်ပြီ၊
ယူမီ ။ ။ တော်စမ်းပါ၊ ဒီ အခွေကိုကြည့်တာ ၁၀ခါမကတော့ဘူး။ ဘာနှစ်ခါ ကြည့်ရမှာလဲ…
ဒေါ်လေးက မျက်လုံးအရောင် တော်ပစွာဖြင့် စာရွက်နှင့် ဘော်ပင် တစ်ခု ထုတ်လိုက်ပြီ၊
ဒေါ်လေး ။ ။ မကြည့်ချင်နေပါ။ ဒေါ်လေးကို တစ်ခုလောက် ကူညီပါ…
ယူမီ ။ ။ ဘာကူညီရမှာလဲ…
ဒေါ်လေး ။ ။ နာဂါတို အဖေ၊ နဂါးနီဂိုဏ်းချုပ် အကြောင်း ဒေါ်လေး စုံစမ်းနေတာ နာဂါတို မမွေးခင်ကတည်းကပဲ။ ဒါပေမယ့် နဂါးနီဂိုဏ်းချုပ် နံမည်တောင် ခုထိ သေချာ မသိသေးဘူး။ ယူမီကိုက ဒေါ်လေးကို ကူညီပြီ သူတို့အကြောင်းလေး ပြောပြစမ်းပါ…
ဘယ်လို ရဲမှန်းကို မသိပေ။ နဂါးနီဂိုဏ်းချုပ်နံမည် မာဆာရှီ တာကုမိ ဆိုတာ ကလေးကတောင် သိတာကိုး၊ သူက ခုထိ မစုံစမ်းနိုင်သေးဘူးတဲ့။ ရဲဆိုရင်တောင် တော်တော်ပိန်းတဲ့ ရဲပဲဖြစ်ရမယ် ယူမီတွေးနေသည်။ ပြီးတော့ ဒေါ်လေးကိုယ်တိုင်က ရဲလို့ ပြောပြီမှတော့ ယူမီက မာဖီယာအကြောင်း ဘာကိစ္စ၊ ဒေါ်လေးကို ပြောပြရမှာလဲ ငတုံးမှ မဟုတ်ပဲ။
ယူမီ ။ ။ သိချင်ရင် ကိုယ်မှာကို စုံစမ်းပါ့လား။ ဘာလို့ လာမေးနေရတာလဲ။ တော်ပြီ တက္ကသိုလ်သွားရအုန်းမယ်၊ သွားပြီ…
အော်ကာ အမြန်လစ်ထွက်လာသည်။ ဒေါ်လေးက ယူမီကားထဲ ၀င်ခါနီးတောင် နောက်မှ ပြေးလိုက်လာ၍၊
ဒေါ်လေး ။ ။ ယူမီ၊ နာဂါတို နံမည် အရင်းလေးတော့ ပြောခဲ့အုန်း…
အော်လျှက် ကျန်ရစ်ခဲ့လေတော့သည်။ ယူမီလည်း တက္ကသိုလ်သို့ ထွက်လာခဲ့သည်။ စီးပွားရေးမေဂျာ ယူမီအခန်းရှေ့ အရောက်တွင် ယူမီနေရာတွင် ၀င်ထိုင်နေသော မာဖီယာကိုလည်း မြင်ရော စိတ်ထစ်ခနဲ ဆိုးသွားပြန်သည်။
ယူမီ ။ ။ မာဖီယာ ရှင် အတန်းရှေ့မှာ မစောင့်ပဲ။ ဘာလို့ ကျွန်မ အတန်းထဲ ၀င်ထိုင်နေရတာလဲ…
မာဖီယာ ။ ။ သဲလေးကလည်း စိတ်ကြီးပဲ၊ လာထိုင်…
ယူမီလက်ကို အတင်းဆွဲချပြီ သူဘေးမှာ ထိုင်ခိုင်းလိုက်သည်။ ယူမီ စိတ်ထဲကနေ မာဖီယာ လာလည်သည်ကို ကြိတ်ပြီ ပျော်နေမိသည်။ မာဖီယာ မျက်နှာကို သေသေချာချာ ကြည့်လိုက်တော့ အနည်းငယ် ညှိုးနွမ်းနေပုံပေါ်၍ စိတ်မကောင်း ဖြစ်မိသွားသည်။ ချစ်သူ စဖြစ်တာ ၃လလောက် အတွင်းမှာ မာဖီယာကိုများ ယူမီ မကောင်းမိသလားဟု စိတ်မကောင်းဖြစ်မိသွားသည်။ ထို့ကြောင့် ယူမီ မျက်လွှာလေးကို ချလိုက်ပြီ၊
ယူမီ ။ ။ ရှင် လာလည်တာကို စိတ်မဆိုးပါဘူး။ ဒါပေမယ့် ယူမီအခန်းပြင်က စောင့်ဖို့ပဲ ပြောချင်တာပါ။ ညနေကျရင် မီးပန်းသွားကြည့် မလား…
မာဖီယာ ဆီမှ ဘာစကားသံမှ မကြား၍ ဘေးလဲကြည့်လိုက်ရော မာဖီယာ ယူမီဘေးတွင် မရှိတော့ပဲ မာဖီယာက အခန်းထဲမှ မိန်းခလေး၊ ယောကျာ်းလေး တွေနောက်မှ လိုက်၍ အလွန်တရာမှ ညစ်တီးညစ်ပတ် စကားများ လိုက်ပြောနေ၍ ယူမီခေါင်းမှ အငွေ့တထောင်းထောင်း ထွက်လာသည်။ ဒီကောင် မာဖီယာ ငါ့အခန်းထဲ လာပြီ အရှက်ခွဲတဲ့ အကောင်၊
မာဖီယာ ။ ။ ဟေ့ကောင်မလေး၊ ကောင်လေးတွေ၊ မင်းတို့မပြေးနဲ့လေ ဒါအရုပ်ကြီးပါ x.x.x.x.x.x.x.x။ ၀ါးဟားဟားဟား…
အတန်းသား။ ။ အားအား၊ ရှက်စရာကြီး၊ ပြေးကြဟေ့…
အတန်းထဲမှ အတန်းသားအားလုံး မာဖီယာကိုကြောက်ပြီ အလုအယှက် ထွက်ပြေးသွားကြသည်။ မာဖီယာက ထွက်ပြေးသွားသော အတန်းသားများကို ဟားတိုက်ရယ်လျှက် ယူမီနားသို့ ပြန်လာပြီ၊
မာဖီယာ ။ ။ ဟားဟားဟား၊ အတန်းထဲက အရှုပ်တွေ နှင်ထုတ်လိုက်ပြီ။ သဲလေး နဲ့ ကိုယ်နဲ့ နှစ်ယောက်ထဲပဲ အတန်းထဲမှာ ရှိတော့တယ်။ ဟဲဟဲဟဲ…
မာဖီယာက ယူမီပခုံးကို လာဖက်လိုက်သေးသည်။ ယူမီ လျင်မြန်သော လက်သီးဖြင့် မာဖီယာ မျက်နှာတည့်တည့်ကို ပိတ်ထိုးလိုက်မှ၊
မာဖီယာ ။ ။ အားအား၊ နှာခေါင်းရိုးကျိုးပါပြီ…
ယူမီ ။ ။ ရှင် ကျွန်မအတန်းထဲလာပြီ တမင်လာအရှက် ခွဲချင်အုန်း…
မာဖီယာကို ယူမီ အတင်းလိုက်ရိုက်တော့သည်။ ခဏကြာတော့ ဆရာမ အတန်းထဲဝင်လာမှ အတန်းသားများ ပြန်ဝင်လာကြသည်။
ယူမီ ။ ။ ဆရာမလာနေပြီ၊ ကိုယ်အတန်း ကိုယ်ပြန်တော့…
မာဖီယာက တတိယနှစ် သမိုင်းမေဂျာမှ ဖြစ်သည်။ ယူမီနှင့် တက္ကသိုလ်ချင်း တူသော်လည်း မေဂျာနှင့် အတန်းခြင်း မတူပေ။ မာဖီယာက သူ့အကျီင်္ထဲမှ စာရွက် တစ်စောင်ကို ဆွဲထုတ်လိုက်ပြီ၊
မာဖီယာ ။ ။ SUPRISE!!…
ပြောကာ စာရွက်ကြီးကို ယူမီကို ပေးလိုက်သည်။ ပြန်ပါဆို မပြန်ပဲ၊ ငါကို ဘာစာရွက်လာပေးနေမှန်း မသိပါဘူးတွေးရင်း စာရွက်ကို ဖတ်မိသည်နှင့် အလွန်တရာမှ လန့်ဖျန့်သွားတော့သည်။
စာရွက် ။ ။ တတိယနှစ် သမိုင်းမေဂျာမှ ကျောင်းသား နာဂါတိုအား ပထနှစ် စီးပွားရေးမေဂျာသို့ ပြောင်းရွှေ့ခွင့် ပြုလိုက်သည်။ ပုံ-ကျောင်းအုပ်ကြီး…
အို မဖြစ်နိုင်ဘူး၊ ဒါငါ့ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်၊
ယူမီ ။ ။ ငါအိပ်မက်မက်နေတာ၊ မြန်မြန်နှိုးစမ်း…
ယူမီပါးကို ၄ချက်လောက် ယူမီအားအပြည့်နှင့် ရိုက်ပစ်လိုက်သည်။ အိပ်မက်မဟုတ်ပဲ၊ တကယ်နာသွားသဖြင့် ယူမီ ငိုတော့မလိုလို၊ ရယ်ချင်လိုလို ဖြစ်လာသည်။ မာဖီယာ အသိမပေးပဲ နောက်ဆုံးနှစ်မှ ပထမနှစ်သို့ ပြောင်းလိုက်သဖြင့် ယူမီဒေါသသံနှင့်၊
ယူမီ ။ ။ ရှင် ဒီလို နောက်ဆုံးနှစ်ကနေ ပထမနှစ်ကို ကိုယ်သဘောနဲ့ ကိုယ်ပြောင်းတာ ဒယ်ဒီသာ သိရင် အရမ်းစိတ်ဆိုးမှာ သေချာတယ်…
မာဖီယာက ထရယ်လျှက်၊
မာဖီယာ ။ ။ အုပ်ထိန်းသူ နေရာမှာ ဘယ်သူလက်မှတ်ထိုးထားလဲ သေချာလဲ ကြည့်ပါအုန်း…
ယူမီ ပြောင်းရွှေ့စာရွက်ပေါ်က အုပ်ထိန်းသူ နံမည်လည်း ကြည့်လိုက်ရော အုပ်ထိန်းသူ-တာကာရှီ (ဒယ်ဒီ နံမည်) ဖြစ်နေ၍ လန့်ပြီ နောက်ပြန် ပြုတ်ကျသွားသည်။ ဒါကြောင့် ဟိုနေ့က ဒယ်ဒီ နဲ့ မာဖီယာနှင့် သားတွေ၊ ဒယ်ဒီတွေ ဆိုပြီး အလွမ်းသယ်ရင်း ကြိတ်ကြံနေတာကိုး၊
ယူမီ ။ ။ ဒယ်ဒီ ပြောင်းခိုင်းတိုင်း ရှင်ကလည်း ပြောင်းစရာလား…
မာဖီယာ ။ ။ ဒီမှာ ငါကလည်း ပြောင်းချင်လို့များ ပြောင်းတယ် အောင်းမေ့နေလား။ တက္ကသိုလ်တက်ရမှာ ပျင်းလွန်းလို့ ဖြစ်နိုင်ရင်လုံးဝကို မတက်ချင်တာ။ ဒယ်ဒီကို အရမ်း ဂရုနာတက်မိလို့ကွ…
မာဖီယာ ။ ။ ဒယ်ဒီက ပြောတယ် “ဒယ်ဒီမှာ သားဆိုလို့ ဒီသမက်လေးပဲ ရှိတာပါကွယ်။ ဒယ်ဒီ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးဖို့ သမက်လေးကိုပဲ အားကိုးပါရစေနော်။ ဒါကြောင့် ဒယ်ဒီကို သနားရင်လေ စီးပွားရေး မေဂျာကို တက်ပါနော်၊ နော်၊ နော်လို့”…
ဟင်း၊ ဒယ်ဒီ ယူမီ ကိုစီးပွားမေဂျာ အတင်းတက်ခိုင်းတုန်းက စကားကိုလည်း ချက်ချင်း ပြေးမြင်ယောင်မိသည်။ ဒယ်ဒီက အရမ်းသနားစရာ မျက်နှာလေးဖြင့် အသနားခံသည့် ပုံဖြင့်၊
ဒယ်ဒီ ။ ။ “ဒယ်ဒီမှာ သားသမီးဆိုလို့ ဒီသမီးလေးပဲ ရှိတာပါကွယ်။ ဒယ်ဒီ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးဖို့ သမီးကိုပဲ အားကိုးပါရစေနော်။ ဒါကြောင့် ဒယ်ဒီကို သနားရင်လေ စီးပွားရေး မေဂျာကို တက်ပါနော်၊ နော်၊ နော်လို့”
ယူမီနှင့် မာဖီယာ ပြိုင်တူအော်မိလိုက်သည်မှာ၊
ပြိုင်တူ ။ ။ ဒါဆို ဒယ်ဒီ ငါတို့နှစ်ယောက်လုံးကို လိမ်သွားတာပေါ့…
မာဖီယာရော၊ ယူမီ ကိုပါ စီးပွားမေဂျာ မတက်တက်အောင် ဒယ်ဒီ လိမ်ညာပြီ တွန်းပို့လိုက်ခြင်း ဖြစ်သည်။ ထိုအချိန် ထိုင်နေရာမှ တကိုယ်လုံး တုန်ခါယမ်းသွားသည်။ မြေငလျင်များ လှုပ်သွားတာလားဟု တွေးပြီ မာဖီယာဘက်သို့ လှည့်အကြည့်တွင်၊
ယူမီ ။ ။ အားအားအား…
ယူမီ မာဖီယာဘေးတွင် လာထိုင်နေသော အရပ်ရပေလောက် အရွယ် ကြောက်စရာကောင်းသော လူကြောင့် ထိတ်လန့်သွားသည်။ သေချာကြည့်လိုက်မှ လူထွားကျိုင်းကြီးကို ယူမီတစ်နေရာမှာ မြင်ဖူးနေသလိုပင်၊
ယူမီ ။ ။ သူကို ကျွန်မမြင်ဖူး သလိုလိုပဲ။ ဘယ်နေရာမှာပါလိမ့်…
မာဖီယာ ။ ။ မြင်ဖူးမှာပေါ့။ ယူမီ ကိုယ်အိမ်လာတုန်းက တွေ့တဲ့ ကိုယ်တပည့်လေ။ ယူမီပဲ သူကို ကြောက်လို့ အိမ်ရှေ့ခန်းက ထွက်သွားခိုင်းတာလေ…
ယူမီ ။ ။ အင်း၊ ဒါနဲ့ သူက ကျောင်းမှာ ဘာလာလုပ်တာလဲ…
မာဖီယာ ။ ။ ဟွန်ဒါကြီးက ကိုယ်နဲ့အတူတူ ကျောင်းတက်ဖို့…
ယူမီ ။ ။ ဘာ…
ယူမီ လန့်သွားပြီ ထိုင်ခုံမှ နောက်ပြန် တစ်ခါထဲကို ပစ်လှဲကျသွားတော့သည်။ ယူမီပြန်အထတွင် ဟွန်ဒါကြီးက ယူမီရှေ့တွင် နှင်းဆီပန်းတစ်ပွင့် ထိုးပေးနေသဖြင့်၊
ယူမီ ။ ။ ဒါ၊ ဒါ၊ ဒါဘာလဲဟင်…
ဟွန်ဒါကြီးက သူ့အသံအော်အော်ကြီးဖြင့်၊
ဟွန်ဒါကြီး ။ ။ မမလေးအတွက်…
ယူမီလည်း ကြောက်ကြောက်ဖြင့်သာ ဟွန်ဒါကြီး လက်ထဲက နှင်းဆီပန်းကို ယူလိုက်သည်။ မာဖီယာက ယူမီကို မကောင်းသော စိတ်ထားဖြင့် ဟားတိုက်ရယ်တော့သည်။ ဟွန်ဒါကြီးနှင့် ကျောင်းတူတူ တက်ရမည်မို့ စိတ်ညစ်နေစဉ် အိမိခေါ်သံကို မမှတ်မထင် ကြားလိုက်ရသည်။ နောက်မှ ယူမီစိတ်စွဲနေလို့ ဖြစ်မှာပါလေ၊ အိမိက ခုဆို ဆေးကျောင်းမှာ ဆေးကျောင်းသူကြီး လုပ်ပြီ ပျော်နေလောက်ရောပေါ့၊
အိမိ ။ ။ အဟိအဟိ၊ ယူမီကိုရေ၊ ယူမီကိုရေ…
ဒီတစ်ခါတော့ ယူမီ သဲသဲကွဲကွဲကို အိမိအသံကို ကြားလိုက်ရသည်။ ယူမီလှည့်ကြည့် လိုက်သည်နှင့် အိမိတစ်ယောက် ရှိုက်ကြီးတငင် ငိုကြွေးပြီ ယူမီ ကိုပြေးဖက်တော့သည်။
ယူမီ ။ ။ အိမိ နင်ငါကို တွေ့ပြီလေ၊ ဘာလို့ ငိုနေတာလဲ…
အိမိ ။ ။ ငါကို ဆေးကျောင်းမှာ ဖားခွဲခိုင်းလို့၊ အခု နင်ရှိတဲ့ စီးပွားရေးမေဂျာကို အပြီပြောင်းလာတာ…
ယူမီ ။ ။ တကယ်၊ ပျော်စရာကြီး…
အိမိနှင့် ယူမီ နှစ်ယောက် ဖက်ကာ ခုန်ပေါက်ပြီ ပျော်သွားကြသည်။
ယူမီ ။ ။ ငါလည်း တစ်ယောက်ထဲ အထီးကျန်နေတာနဲ့ အတော်ပဲ…
ထိုစဉ် အခန်းဝမှာ အော်သံကြားလိုက်သည်။
ဆာရှီမီ ။ ။ စီးပွားမေဂျာ-ဘီတန်းက ယူမီကို ဘယ်မှာလဲ၊ ယူမီကို ဘယ်မှာလဲ။ ခုထွက်ခဲ့စမ်း…
ဆာရှီမီက စိတ်ဆိုးသော အသံဖြင့် ယူမီနံမည်ကို ကုန်အော်နေသဖြင့်၊
ယူမီ ။ ။ ဆာရှီမီ ငါဒီမှာလေ၊ ဘာလို့ စိတ်ဆိုးနေတာလဲ…
ဆာရှီမီ ။ ။ ငါနင်ကို စိတ်ဆိုးတာ မဟုတ်ဘူး။ ဆူရှီကို စိတ်ဆိုးလွန်းလို့ ငါအခု စီးပွားရေး မေဂျာကို ပြောင်းလာပြီ…
ယူမီ ။ ။ ဒါဆို အိမိရယ်၊ ငါရယ်၊ နင်ရယ် သုံးယောက်ဆိုတော့ အရမ်းပျော်ဖို့ ကောင်းမှာဟဲ့…
ဆူရှီအသံနောက်မှ အမြန်ပြေးလိုက်လာပြီ၊
ဆူရှီ ။ ။ ဆာရှီမီ နင်ငါကို ဒီလို ကျောသွားလို့ မရဘူး။ ငါလည်း စီးပွားရေး မေဂျာကို လိုက်ပြောင်းမှာပဲ…
အော်ဟစ်ကာ ရောက်လာပြန်သည်။ အခုဆိုရင် ကျွန်မတို့ သူငယ်ချင်း ၄ယောက် ပြန်စုစည်းမိသွားသည် ဖြစ်၍ ယာကူဇာဂိုဏ်းထောင်ဖို့ အင်အား ရှိသင့်သလောက် တောင့်တင်းသွားပြီ တွေးပြီ ယူမီပျော်သွားသည်။
အိမိ ။ ။ ဒါနဲ့ နေပါအုန်း၊ မာဖီယာက သမိုင်းမေဂျာ တတိယနှစ်ကပါ။ ဘာလို့ ယူမီကို အခန်းထဲ ရောက်နေတာလဲ…
ဆာရှီမီ ။ ။ နာဂါတိုက ယူမီကိုကို မခွဲနိုင်လို့ ဖြစ်မှာပေါ့ မဟုတ်ဘူးလား…
ဆူရှီ ။ ။ ချစ်သူ မရှိတဲ့ သူတွေရှေ့မှာ မျက်စိနောက်အောင်တော့ လာမလုပ်နဲ့နော်…
မာဖီယာ ။ ။ ဟီးဟီး ခင်များတို့ ထင်သလိုတော့ မဟုတ်ဘူးဗျ။ ကျွန်ုပ်လည်း ပထမနှစ် စီးပွားရေးမေဂျာကို ပြောင်းလာတာ…
အိမိ၊ ဆာရှီမီ နှင့် ဆူရှီတို့ လန့်ပြီ အော်လိုက်သည်မှာ၊
၃ယောက် ။ ။ ဘုရားရေ…
ထိုစဉ် ဂင်က ကျွန်မတို့ ဘီတန်းရှေ့မှ ဖြတ်လျှောက်လာသည်။ သူ့နောက်မှလည်း ထုံးစံအတိုင်း မိန်းမတွေ အုပ်စုကြီး အပြုံလိုက် ပါလာကြသေးသည်။ ဂင်က ကျွန်မတို့ ၄ယောက်နားရောက်တော့ ခြေလှမ်းကိုနှေးလိုက်ပြီ ကျွန်မကို တချက်နူးညံ့သော အပြုံးဖြင့် ပြုံး၍ ခေါင်းညိတ်ပြကာ ဆက်ထွက်သွားသည်။ ဂင်၏ အပြုံးသည် ကျွန်မကို တိုက်ရိုက်မထိပဲ၊ ကျွန်မဘေးမှ သူငယ်ချင်း အိမိတို့ကို ထိုးဖောက်၍ ထိသွားလေတော့သည်။
ဆာ၇ှီမီ ။ ။ ငါတော့ စီးပွားမေဂျာ ပြောင်းမိတာ မှန်သွားပြီ၊ တခါထဲနဲ့ကို heart ထိသွားပြီဟာ…
ဆူရှီ ။ ။ ယူမီကို၊ ငါအသက်မှ ရှုသေးရဲ့လားမသိဘူး။ စမ်းကြည့်ပါအုန်း…
အိမိ ။ ။ ငါအချစ်စစ်ကို တွေ့သွားပြီ၊ ငါရူးချင်ရူးသွားပါစေ သူကို ရမှဖြစ်မှာ…
ယူမီ ခေါင်းတစ်ချက်ကုတ်လိုက်ပြီ အိမိတို့ ၃ယောက်က ဂင်နောက်လိုက်သော မိန်းခလေးများတွေနဲ့ တစ်ပုံစံထဲပဲ စိတ်ပျက်ဖို့ ကောင်းလိုက်တာ။ မာဖီယာက ဘေးကနေ ဘာမှမပြာပဲ ယူမီ ကိုမသိမသာလေး အကဲခတ်နေသည်။
ဆာရှီမီ ။ ။ ယူမီကို နင်မှာ မာဖီယာ ရှိတယ်ဆိုတော့ ခုချိန်ကစပြီ ဂင်က ငါတို့ ၃ယောက်နဲ့ပဲ ဆိုင်တော့တယ်။ ဒီနေ့ကစပြီ လိုက်မယ်ဟေ့…
အိမိ ။ ။ ငါလည်း လိုက်မယ်…
ဆူရှီ ။ ။ ငါကိုလည်း ၀တယ်ဆိုပြီ မချန်ထားခဲ့နဲ့…
သူတို့ သုံးယောက်ကို ဂင်က အရေးတောင် လုပ်မှာ မဟုတ်ဘူးဆိုတာ သိနေ၍၊
ယူမီ ။ ။ ဒါဆို လောင်းကြေးလေး လုပ်လိုက်ရအောင်။ နင်တို့ ဂင်ကို လိုက်လို့ရရင် ထုံးစံအတိုင်း နင်တို့ လိုချင်တာ အားလုံးရစေရမယ်။ ရှုံးရင်တော့…
အိမိ ။ ။ ဟီးဟီး ဒီတစ်ခါ လောင်းကြေးက ရှုံးတဲ့သူက ဂင်ကို ရည်စားစာ ပေးရမှာလား…
ယူမီတစ်ချက် မချိပြုံးလေး ပြုံးလိုက်ပြီ၊
ယူမီ ။ ။ အေး ရည်စားစာပဲ ပေးရမှာပဲ။ ဒါပေမယ့် ဂင်ကိုတော့ မဟုတ်ဘူး ဟွန်ဒါကြီးကို ပေးရမှာ…
မာဖီယာဘေးမှ ထိုင်နေသော ဟွန်ဒါကြီးကို လက်ညှိုးညွှန်ပြလိုက်သည်။ အိမိတို့ ၃ယောက် သွေးလန့်စွာဖြင့်၊
၃ယောက် ။ ။ သူကိုတော့ မပေးပါရစေ။ ကျောင်းအုပ်တုန်းကမှ တော်အုန်းမယ်…
ယူမီ ။ ။ ဟွန်ဒါကြီးက သဘောကောင်းပါတယ်…
အိမိတို့ ၃ယောက် နှိုးနှိုးအော်ဟစ်ကာ အတန်းမှ လစ်ထွက်သွားကြတော့သည်။ ဒီအတန်းပြီလျှင် ယူမီ အင်္ဂလိပ်စာ အတန်းသွားတက်ရအုန်းမည် ဖြစ်သည်။ အင်္ဂလိပ်စာ အတန်းတွင် ယူမီတို့ အတန်းနှင့် ဂင်တို့ အတန်း ပေါင်းတက်ရမှာဖြစ်သည်။ အိမိတို့သာ အင်္ဂလိပ်စာ အတန်းလိုက်တက်လျှင် ဂင်ကို ငန်းနေတာနဲ့ စိတ်ရှုပ်စရာ ဖြစ်မှာ ကြိုသိ၍ အင်္ဂလိပ်စာဘာသာရပ်ကို မယူရန် အတင်းတိုက်တွန်းပြီ ပထုတ်လိုက်ရသည်။ သို့သော် မာဖီယာကိုတော့ ဂေါ်နဲ့ကော်ထုတ်တာတောင် ရမှာ မဟုတ်ပေဟု တွေးနေစဉ်၊
မာဖီယာ ။ ။ ယူမီ ကိုယ်က အင်္ဂလိပ်စာဘာသာရပ်ကို မယူထားတော့ ပြန်တော့မယ်။ မနက်ဖြန်မှ တွေ့မယ်နော်…
မာဖီယာဆီမှ ထိုစကားကြားသည်နှင့် အရမ်းကို ၀မ်းသာစွာဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ယူမီ ။ ။ ဒါဆို မနက်ဖြန်မှ တွေ့မယ်နော်…
မာဖီယာက ချက်ချင်း ထမပြန်သေးပဲ၊ ဟွန်ဒါကြီး မကြားအောင် ယူမီနားကပ်၍၊
မာဖီယာ ။ ။ ဒါနဲ့ သတိတော့ ပေးရအုန်းမယ်။ ဂင်ဆိုတဲ့ ကောင်နဲ့ ဝေးဝေးနေ။ ဒီကောင်က အရမ်းအန္တာရာယ်များတယ်။ ယူမီ ကိုထိခိုက်မှာ ကိုယ်မလိုလားဘူး…
ပြောကာ သူ့ကျောပိုးအိတ်ယူ၍ ဟွန်ဒါကြီးနှင့် တူတူ ထွက်သွားကြသည်။ ဟွန်း ဂင်နဲ့ ဝေးဝေးနေဖို့ မာဖီယာ သတိပေးတာ မနာလိုလို့ပဲ ဖြစ်ရမှာပေါ့။ မာဖီယာလို ယာကူဇာဂိုဏ်းချုပ်သား လောက်ပဲ ဂင်က ကြောင်ဖို့ ကောင်းအုန်းမလားဟု ယူမီပေါ့ပေါ့ပဲတွေးရင်း အင်္ဂလိပ်စာအတန်းသို့ ၀င်လာခဲ့သည်။ အင်္ဂလိပ်စာအတန်းတွင် ဂင်အရိပ်အယောင်တောင် မတွေ့ရပေ။ ယူမီလည်း လွှတ်သည့် ထိုင်ခုံ တစ်ခုတွင် ၀င်ထိုင်လိုက်သည်။
ဖုန်းမြည်သံ ။ ။ ယူမီကိုဖုန်းကိုင်နော်၊ ယူမီကို ဖုန်းကိုင်ပါဆို…
ဒါ ဆာရှီမီ ဆီမှ ဖုန်းသံပဲ သိသည်နှင့် ယူမီ ချက်ချင်း ကောက်ကိုင်လိုက်သည်။
ယူမီ ။ ။ အေး ဆာရှီမီပြော…
ဆာရှီမီ ။ ။ ယူမီကို၊ ငါတို့ ၃ယောက် မြို့ထဲမှာ ဘယ်သူနဲ့ တွေ့တယ် ထင်လဲ…
ယူမီ ။ ။ ဘယ်သူနဲ့လဲ…
ဆူရှီက ဆာရှီမီ ဆီမှ ဖုန်းလု၍၊
ဆူရှီ ။ ။ နင်အဒေါ်နဲ့ ကျောင်းအုပ်နဲ့ တွဲပြီ ထွက်သွားတယ်တော့…
ယူမီ ။ ။ ဘာပြောတယ်…
ယူမီ ချက်ချင်း ဖုန်းချ၍ ဒေါ်လေးဆီသို့ မြန်မြန်ဆက်လိုက်သည်။
ဒေါ်လေး ။ ။ ယူမီကိုလား၊ ပြောသမီး…
ယူမီ ။ ။ ဒေါ်လေးကို ကျောင်းအုပ်နဲ့ ခပ်ဝေးဝေးနေပါ မမှာထားဘူးလား။ ခုတွဲနေတာ ဘာသဘောလဲ…
ဒေါ်လေး ။ ။ ဒါလား ကျောင်းအုပ်က ဒေါ်လေး အထက်အရာရှိ ရဲပဲလေ။ အလုပ်သဘောအရပါ ယူမီကိုရဲ့…
ယူမီ ။ ။ ဒါဆို သူ့ကျာင်းအုပ် အလုပ်ကရော…
ဒေါ်လေး ။ ။ အဲဒါက undercover လေ…
Undercover ကြားလိုက်သည်နှင့် ခေါင်းမှ အခိုးအငွေ့များ တဆူဆူ ထွက်လာသည်။ စိတ်ဆိုး၍ ဖုန်းချလိုက်ပြီ တခါလာလဲ undercover၊ တခါလာလဲ undercover ပဲ ပြောနေတာပဲ တဖျစ်တောက်တောက် ပြောနေစဉ် ယူမီနောက်ဘက်မှ စကားသံကြားလိုက်ရသည်။
ကျောင်းသား ။ ။ ကျွန်တော် ဘေးမှာ ထိုင်လို့ ရမလားခင်ဗျာ…
ယူမီလည်း လှည့်ကြည့်လိုက်ရာ အင်း ဂင် ဖြစ်နေ၍ အံ့အားသင့် သွားတော့သည်။
ဆက်ရန်......
----------------------------------
ဆက်ပါအုံးဗျာ
ReplyDeleteအံ့သြပြီးတော့ ဘာဖြစ်သွားတာလဲ
အံ့ဘြပြီ မာဖီယာလာပြီ ခေါင်းလာခေါက်သွားတယ်လေ.. ဟီးဟီး.. နောက်တာပါ... :)
ReplyDeleteလာဖတ်သွားပြီ
ReplyDeleteဆက်ရန်....................................................