Tuesday, November 30, 2010

ယာကူဇာချစ်သူ -၂ ( အခန်း-၁၁ (မာဖီယာ/ ယူမီကို) )


အခန်း-၁၁ (မာဖီယာ/ ယူမီကို)

မာဖီယာ
နောက်နေ့မနက် တက္ကသိုလ်သို့ ခပ်စောစောလေး ထွက်လာခဲ့သည်။ နဂါးနီဂိုဏ်းခေါင်းဆောင်တွေကို ယာကူဇာစလေရာ ဆီမှ ဖြေဆေးယူပေးမည်ဟု ကတိပေးခဲ့သည်။ ကျွန်တ်ာက ယာကူဇာစလေရာ ဘယ်သူလဲ သိနေမှတော့ ဖြေဆေးယူပေးဖို့က ကျွန်တော်အတွက် လုံးဝကို ပြသာနာမဟုတ်ပေ။ ဂင်က အဆိပ်ဖြေဆေးကို သူနှင့်အတူ အမြဲဆောင်ထားမှာ သေချာ၍ သူကို ဘယ်လို မြှားထုတ်ပြီ ရှာရန် အကြံထုတ်ရင်း ကားမောင်းလာသည်။ ဟုတ်ပြီ ယူမီကိုကို အသုံးချပြီ ဂင်ဆီက ဖြေဆေးကို ရအောင် ယူရမယ်ဟု အတွေးပေါ်လာသည်။ တက္ကသိုလ်ရောက်ရောက် ချင်းပင် ယူမီကိုကို အမြန်လိုက်ရှာတော့သည်။ ကျောင်းCanteen တွေ အိမိတို့အဖွဲ့နဲ့ ထိုင်နေတာတွေ့၍၊

ကျွန်တော် ။ ။ ယူမီကို မောလိုက်တာ၊ ဒီမှာ ဘာလာလုပ်နေတာလဲ…
ယူမီကို ။ ။ အင်း ရွာကပြန်လာပြီလား။ တပတ်လောက်ကြမယ်ဆို၊ အစ်မနာဂါတိုရော ဘယ်ရောက်သွားပြီလဲ…
ကျွန်တော် ။ ။ ရှင်းပြနေဖို့ အချိန်မရှိဘူး။ အစ်မကို ရွာပြန်ပို့ပြီ လူချင်းပြန်လဲ လာတာ။ ဂင်ရော ဘယ်မှာလဲ…

ဂင်ကို တိုက်ရိုက်မေးလိုက်သဖြင့် ယူမီကို နည်းနည်း အံ့အားသင့်သွားပုံဖြင့်၊

ယူမီကို ။ ။ ကျွန်မ ဘယ်သိပါ့မလဲ…
ကျွန်တော် ။ ။ ယူမီ ကို ဂင် ဒိတ်လုပ်ဖို့ ချိန်းသေးတယ်မလား…
ယူမီကို ။ ။ အင်း၊ ဟုတ်တယ်။ ဒါပေမယ့် ကျွန်မငြင်းလိုက်တယ်နော်၊ ကျွန်မကို အပြစ်လာမပြောနဲ့…
ကျွန်တော် ။ ။ အပြစ်မပြောပါဘူး။ ခုသွားပြောလိုက်၊ လက်ခံတယ်လို့။ သွားစမ်းပါ…

ယူမီကိုကို ကျွန်တော် အတင်းတွန်းထုတ်တော့သည်။ ကျွန်တော် အကြံက ဂင်ကို ယူမီကိုနဲ့ ဖြားယောင်းခိုင်းပြီမှ ကျွန်တော် ဂင်ကျောင်းခန်း၊ လွယ်အိတ်ထဲတွင် ဖြေဆေးကို ရှာရန် ဖြစ်သည်။ ယူမီကို နှင့် အိမိတို့က ကျွန်တော်ကို ရူးများသွားပြီလား ဆိုသည့် ပုံဖြင့် ကြောင်ကြည့်နေကြပြီ၊

ဆာရှီမီ ။ ။ ယူမီကို၊ မာဖီယာက သဘောထားကြီးလိုက်တာ။ ငါအရမ်းအားကျတယ်ဟယ်…
ဆူရှီ ။ ။ သဘောထားကြီးချင် ယောင်ဆောင်နေတာလားမှ မသိပဲ…
ယူမီကို ။ ။ ငါစိတ်ထဲတော့ မာဖီယာ ဦးနှောက်ပျက်သွားတယ်ထင်တာပဲ…
အိမိ ။ ။ ဟီးဟီး ငါလည်း အဲဒီလို ထင်တယ်…
ကျွန်တော် ။ ။ ခင်များတို့ ထင်သလို တစ်ခုမှ မဟုတ်ဘူး။ ခုဟာက ကျွန်တော်က ယူမီကိုဆီက အကူအညီတောင်းနေတာ။ ဂင်နဲ့ အပြင်ထွက်လည်ဖို့ သွားပြောပေးပါ။ တောင်းပန်ပါတယ် သဲလေးရယ်၊ သွားပြောပေးပါနော်…
မယုံသင်္ကာသော အကြည့်ဖြင့် ယူမီကို ကျွန်တော်ကို သေချာကြည့်ပြီမှ၊

ယူမီကို ။ ။ ရှင် ကျွန်မကို စမ်းသပ်နေတာမဟုတ်လား…
ကျွန်တော် ။ ။ မဟုတ်ပါဘူးဆိုမှ။ မရဘူး ခုသွားပြောချည်း။ ပြီရင် ဝေးနိုင်သမျှ ဝေးတဲ့နေရာကို သွား။ ကြာနိုင်သမျှ ကြာကြာနေပြီမှ ပြန်လာခဲ့ ဟုတ်ပြီလား…
ယူမီကို ။ ။ ကျွန်မက မိန်းခလေး ဖြစ်ပြီ သူကို အပြင်သွားလည်ဖို့ ဘာလို့ စပြောရမှာလဲ။ မပြောနိုင်ပါဘူး…
ကျွန်တော် ။ ။ ဒီမှာ ယူမီကို မင်းပြောဆို ပြောရမယ်။ အေးငါရှိလို့ ရှက်နေတယ် ဆိုရင် ငါထွက်သွားပေးမယ်။ မြန်မြန်လေးလုပ်နော် အချိန်သိပ်မရှိဘူး…

ယူမီကိုကို အတင်းချော့မော့ပြီ ဂင်ဆီ တွန်းပို့လိုက်သည်။ ဒီလို တွန်းပို့လိုက်လို့ ကျွန်တော်မှာ စိတ်တော့ မကောင်းပေ။ ဒါပေမယ့် ဖြေဆေးရဖို့က ဒီနည်းလမ်းတစ်ခုသာ ရှိသောကြောင့် ဖြစ်သည်။ ယူမီကို နှင့် အိမိတို့အဖွဲ့ ကျွန်တော်ကို ကွက်ကြည့်ကြည့်ကာ ဂင်ရှိရာသို့ ထွက်သွားကြသည်။

ယူမီကို

မာဖီယာ ဦးနှောက်ပျက်သွားပြီ ထင်သည်ကိုဟု တွေးရင်း ယူမီ ဂင်အတန်း ရှိရာသို့ထွက်လာသည်။ ဂင်အခန်းရှေ့နားရောက်တော့၊

ယူမီ ။ ။ အိမိ ဂင်အတန်းထဲမှာ ရှိမရှိ သွားကြည့်ပေးစမ်းပါ…
အိမိ ၀ုန်းတိုင်းကြီး ငိုချပါတော့သည်။
အိမိ ။ ။ နောက်ဆုံးတော့ ယူမီကိုနဲ့ တကယ် အပြင်ထွက်လည် တော့မယ်ပေါ့ ဂင်ရဲ့။ ဟိဟိဟိ…
ဆာရှီမီ ။ ။ ငါကတော့ မာဖီယာအစ်မနဲ့ ပါလာတဲ့ ကိုယ်လူချောကြီးကိုပဲ သတိရမိတယ်…
ဆူရှီ ။ ။ ဟိုကဖြင့် ရွာပြန်သွားပြီ နင်က အလွမ်းသယ်နေသေးတယ်…
ယူမီ ။ ။ မြန်မြန်သွားကြည့် ပေးပါဆို…

အိမိက တခြားနေရာသာ သိပ်အသုံးမတတ်ပေမယ့် ဒီလို ချောင်းမြောင်းတာတို့၊ ခိုးကြည့်တာတို့ဆို တော်တော် အသုံးဝင်သည်။ အိမိ ခဏနေပြန်ရောက်လာပြီ၊

အိမိ ။ ။ ယူမီကို နောက်ဆုံးတန်းမှာ တစ်ယောက်ထဲ ထိုင်နေတယ်ဟ…

ယူမီလည်း နေရာသိပြီ ဖြစ်၍ အင်း ငါ ဂင်အတန်းရှေ့က ဖြတ်လျှောက်ရင် ဂင်ငါကို နှုတ်ဆက်မှာပဲ အတွေးဖြင့် ဖြည်းဖြည်းချင်း ဂင်အခန်းရှေ့မှ ဖြတ်လျှောက်လာသည်။ ဂင်ထိုင်နေသော နောက်ဆုံးတန်းနားရောက်တော့ ပစ္စည်းပြုတ်ကျသလို၊ ဘာလိုလို လုပ်နေသေးသည်။ သို့သော် သူ့အတန်းကို ကျောသွားတာတောင် မြင်ပုံ နည်းနည်းလေးမှ မပေါ်သဖြင့် တဖန် နောက်တကြိမ် ပြန်လျှောက်ပြ ပြန်သည်။ အင်း၊ ဒီတစ်ခါလဲ အရေးလေးတောင် နည်းနည်းမှ မလုပ်၍ ယူမီ စိတ်ကသိကအောက် ဖြစ်လာသည်။
ဟင့်၊ ယူမီ ကိုမမြင်လို့ မခေါ်တာပဲလား၊ တမင်မသိချင်ယောင်ဆောင် နေတာလား စိတ်ထဲ ဘ၀င်သိပ်မကျပေ။ အိမိတို့ ရှိရာသို့ ပြန်ရောက်လာသည်။

ဆာရှီမီ ။ ။ ယူမီကို ဂင်ကို မတွေ့ဘူးလား…
ယူမီကို ။ ။ တွေ့သားပဲ။ ငါကိုတောင် မမြင်ဘူး၊ စာပဲအာရုံစိုက်နေတာ…
မာဖီယာ ဘယ်ကပေါ်လာမှန်း မသိပဲ၊

မာဖီယာ ။ ။ ဂင်က ဘာပြောလဲ၊ အပြင်ထွက်လည် မယ်တဲ့လား…
ယူမီကို ။ ။ ရှင် ထွက်သွားပေးမယ်ဆိုပြီ ဘာလို့ ပြန်ရောက်လာပြန်ပြီလဲ။ ဂင်က ကျွန်မကို အရေးတောင် မလုပ်ဘူး၇ှင့်။ ကျေနပ်ပြီလား…
မာဖီယာ ။ ။ ယူမီကို မင်းကို ငါအထင်ကြီးထားတာတွေ အားလုံး အလကားပဲ။ မိန်းမဆိုတာ မူယာမာယာလေး ဘာလေးသုံးပေါ့။ ပြီတော့ ဒီဆံပင်ကြီးကို ဘာလို့ စီးထားတာလဲ။ မိန်းခလေး ဖြစ်ပြီ ဘာမှ မပြင်တတ်ဘူး…

ယူမီ ဆံပင်စီးကြိုးကို ဖြေချလိုက်ပြီ ဆံပင်ကို သူကိုယ်တိုင် ဖွာချလိုက်သည်။ ပြီတော့ ဆာရှီမီဆီမှ နှုတ်ခမ်းနီ၊ ဆူရှီ ဆီမှ ခေါင်းဖီး၊ အိမိဆီက မိတ်ကပ်ဘူးတွေကို မာဖီယာ အတင်းတောင်းပြီ ယူမီ ကိုချယ်သပေးသေးသည်။ ယူမီတို့ ၄ယောက် တစ်ယောက်မျက်နှာ၊ တစ်ယောက်ကြည့်ပြီ ပခုံးပင့်ပြနေကြသည်။ မာဖီယာ တကယ်ပဲ စိတ်ဖောက်ပြန် သွားရှာပြီလားဟု ယူမီတွေးမိသည်။

မာဖီယာ ။ ။ ခုမှပဲ ကိုယ့်ချစ်သူက အရမ်းကို လှသွားတော့တယ်။ ဒီလောက်ဆို ဂင်ကို ဆွဲဆောင်ဖို့ လုံလောက်ပြီ ဝေးဝေးသွား၊ ကြာကြာနေ။ အဲဒီ စကားကို မမေ့နဲ့နော်။ သွားပြီ…

မာဖီယာ လှည့်ထွက်ကာ ပျောက်သွားပြန်သည်။ ယူမီ ကိုယ်မှာကို မှန်ပြန်ကြည့်လိုက်တော့ တကယ်ပိုလှသွားသားပဲ။ အင်း၊ မာဖီယာက ဒါမျိုးတွေလဲ လုပ်တတ်သားပဲဟု တွေးမိသည်။ မာဖီယာမှာ ယူမီမသိသည့် အကြံအစည်တစ်ခု ရှိတာတော့ သေချာသည်။ ဒါပေမယ့် သူလို ယူမီက တယ်လီပတ်တီ မရထားတော့ ဘာအကြံဆိုတာတော့ တပ်အပ်မပြောနိုင်ပေ။ ဘာပဲဖြစ်ဖြစ် ဂင်နဲ့ အပြင်လျှောက်လည် ရရင် ပျော်ဖို့ကောင်းမှာ သေချာသည် တွေးရင်း ဂင်အတန်းရှေ့သို့ နောက်တကြိမ် ထပ်သွားပြန်သည်။ ဒီတစ်ခါတော့ ရိုးရိုး ဖြတ်လျှောက် မသွားတော့ပဲ ဂင်ရှေ့နားတွင် တမင်ကို ချော်လှဲချလိုက်ကာ၊

ယူမီ ။ ။ နာလိုက်တာ။ ခြေထောက်ခေါက်သွားပြီ ထင်တယ်။ အားအား…
ဂင်မကြားကြားအောင် အော်ဟစ်လိုက်သည်။ ဂင် မြင်သွားပုံရ၍ ချက်ချင်းဆိုသလို ပြေးထွက်လာပြီ ယူမီခြေထောက်ကို ပြေးကိုင်လိုက်သည်။

ဂင် ။ ။ ခြေထောက် ဘာဖြစ်သွားလဲ။ အရမ်းနာသွားလား၊ ကိုယ်ဆေးသွာယူပေးမယ်…

ဂင်က အရမ်းစိုးရိမ်ကြီးစွာ ပျာပျာသလဲလဲ အပြုအမူကြောင့် ယူမီရင်ထဲမှာ တချက်နွေးထွေးသွားသည်။ သူက တကယ်ပဲ ယူမီအပေါ် ကောင်းတာကိုး၊ ယူမီကတော့ မာဖီယာအတွက်နဲ့ သူကို တမင်လိမ်နေမိ၍ စိတ်မကောင်းလည်း ဖြစ်မိသွားသည်။ ဂင်ရယ် မာဖီယာသာ ယူမီရင်ထဲကို အရင်နေရာပြည့် မယူခဲ့ရင်၊ ဂင်ကို တစ်နေရာ ပေးမိမှာ အမှန်ပါပဲ တွေးလိုက်မိသည်။

ယူမီ ။ ။ နေပါစေ။ အရမ်းကြီးတော့ မဟုတ်ပါဘူး၊ နည်းနည်းပါးပါး ပါပဲ။ လမ်းလျှောက်လို့ ရပါတယ်…
ဂင် ။ ။ ဒီတစ်ခါရော ကျွန်တော် ပွေ့ချီပေးဖို့ လိုသေးလား…
ယူမီရှက်၍ ရယ်လျှင် မလိုပါဘူးဟု ပြန်ဖြေ၍ ပြုံးနေလိုက်သည်။ ဂင်နဲ့ စကားတွေပြောပြီ ရယ်မောနေမိသည်။ နောက်မှ အင်းငါဂင်ဆီလာတာ ဂင်ကို အပြင်ထွက်လည်ဖို့ ပြောဖို့ပဲ မေ့နေလိုက်တာ၊

ယူမီ ။ ။ ခုဂင်အားလားဟင်…
ဂင် ။ ။ အားပါတယ်။ အတန်းပြီရင် ထမင်းစားချိန်ပဲ…
ယူမီ ။ ။ ယူမီ စားသောက်ဆိုင် ကောင်းကောင်း တစ်ခုတွေ့ထားလို့ ဂင်နဲ့ တူတူသွားစားရင် ကောင်းမလား စဉ်းစားမိလို့ပါ…
ဂင် ။ ။ ယူမီ တကယ်ပြောတာလား၊ ကျွန်တော် အခွင့်အရေး ရပြီပေါ့နော်…

ခေါင်းညိတ်ပြ၍ ယူမီရှက်ပြုံးပြုံးနေလိုက်သည်။ ခုချိန်များ မာဖီယာ ခိုးကြည့်နေပြီ သ၀န်တိုနေမှာ သေချာတယ်ဟု မကောင်းကြံလိုက်သေးသည်။ ဂင်နဲ့ တူတူ နေ့လည်စာ စားရန် တက္ကသိုလ်မှ တူတူထွက်လာခဲ့သည်။

မာဖီယာ

မိန်းမ၊ မိန်းမ ကြောက်ဖို့ ကောင်းလိုက်တာဟု စိတ်ထဲမှ အကြိမ်တစ်ရာမက ရေရွတ်နေမိသည်။ ကျွန်တော်က သူကို ဟန်ဆောင်ပြီ ပထုတ်ခိုင်းရုံပဲ၊ ခုတော့ သူက ပျော်မြူးပြီ ဖြဲနေလိုက်တာများ။ ဂင်နဲ့ ယူမီကို ဒီလိုတူတူ ထွက်သွားတာ ကိုယ်တိုင် မြင်လိုက်ရတော့ ရင်ထဲမှာ ဘယ်လိုကြီးမှန်းကို မသိဘူးဗျာ။ တော်တော်တော့ ခံရခက်တယ်၊ အသဲနှလုံးကို ဓားနဲ့ အမွှန်းခံရသလိုပဲ။ ယူမီကို၊ ယူမီကို ဂင်သာ ယာကူဇာစလေရာမှန်း သိသွားရင် မင်းဒီလိုတောင် ပြုံးနိုင်မှာ မဟုတ်ဘူး။ အဆိပ်ဖြေဆေးရမှ ယာကူဇာအားလုံးကို ကယ်တင်နိုင်မှာမို့ ကျွန်တော်ရဲ့ အသဲနှလုံးကို အကွဲခံပြီ ဖြေဆေးရှာရန် ဂင်အတန်းထဲသို့ ၀င်လိုက်သည်။ ဂင်ထိုင်သည့် နေရာတွင် သူ့ကျောင်းစာအုပ်၊ ကျောပိုးအိတ်အားလုံးကို တစ်ခုမကျန်ရအောင် အသေးစိတ် မွှေးနှောက်နေစဉ်၊

ဟွန်ဒါကြီး ။ ။ သခင်လေး ဘာလုပ်နေတာလဲ…
ဘယ်က ပေါ်လာမှန်း မသိ၍ ကျွန်တော် စိတ်ထဲ ဂင်အောင်းမေ့ပြီ အသက်ထွက်ဖို့ နည်းနည်းပဲ လိုတော့သည်။ ရင်ဘက်ကို လက်ဖြင့် ပြန်ဖိ၍၊

ကျွန်တော် ။ ။ ဟွန်ဒါကြီး မင်းလုပ်တာနဲ့ ငါလန့်သွားတာပဲ။ အေးမင်းလာတာနဲ့ အတော်ပဲ၊ ငါကို စောင့်ကြည့်နေပေးစမ်းပါ။ ဘယ်သူပဲ လာလာ ငါကို သတိပေး ဟုတ်ပြီလား…
ဟွန်ဒါကြီး ။ ။ ဟိုက်၊ ဟိုက်…

ကျွန်တော်မှာ ဂင်မရှိတုန်း ဖြေဆေး ရှာမှသာ ရှာရတာ၊ ဂင်သာ မိသွားရင် အရိုးတခြား အသားတခြား ဖြစ်မှာကို ကြောက်ကြောက်ဖြင့် အမြန်ရှာဖွေနေသည်။ ဂင်ကျောပိုးအိတ်ထဲတွင် ဖြေဆေးနဲ့ တူသည့် အရာဝတ္တုတစ်ခု တစ်လေးတောင် မတွေ့မိပေ။ ရှာရင်းနဲ့ ဂင်ကားသော့ကို တွေ့၍ တချက်ပြုံးလိုက်မိသည်။ ဟီးဟီး၊ ဂင်ကားထဲတွင် ဖြေဆေးရှိကောင်း လောက်တယ်ဟု စဉ်းစားလျှက် တက္ကသိုလ် အ၀နားသို့ ထွက်လာခဲ့သည်။ ကားတွေရပ်ထားသော ကားပါကင်နားသို့ ရောက်တော့ ကားသော့ခလုတ်ကို နှိပ်လိုက်သည်နှင့် ဂင့် ကားမီးလင်းကာ တံခါးအော်တို ပွင့်လာသည်။

ကျွန်တော် ။ ။ ဟိုက်ရှားပါး၊ ဂင်ကားက မိုက်လှချည်းလားကွ။ ငါကားစုတ်နဲ့မှ တခြားစီပဲ၊ ဒါကြောင့် ယူမီကို၊ ယူမီကို…

ရေရွတ်၍ ကားထဲသို့ဝင်ပြီ စတင်မွှေနှောက်တော့သည်။ ဟွန်ဒါကြီးကလည်း ကျွန်တော်နောက်မှ ကပ်ပါလာသည်။ ကားကူရှင်အောက်၊ အံ့ဆွဲ၊ ထိုင်ခုံကြား အားလုံးကို သေသေချာချာ ရှာဖွေနေစဉ်၊

ဟွန်ဒါကြီး ။ ။ သခင်လေး ကျွန်ုပ်တစ်ခုလောက် သိချင်လို့…
အရေးထဲ ဟွန်ဒါကြီး ငါကို ဘာတွေ လျှောက်မေးအုန်းမလဲ မသိပါဘူး စိတ်ရှုပ်သွားပြီ၊

ကျွန်တော် ။ ။ အေးဘာလဲ၊ ငါအလုပ်ရှုပ်နေတယ်…
ဟွန်ဒါကြီး ။ ။ သခင်လေး ပိုက်ဆံများ လိုသလားလို့ပါ…
ကျွန်တော် ။ ။ ဒီမှာ မအားတဲ့ ကြားထဲ ဘာတွေ ပြောနေတာလဲ။ ဘာပိုက်ဆံမှ မလိုဘူး…
ဟွန်ဒါကြီး ။ ။ ဒါဆို ကားခိုးတဲ့ အလုပ်မလုပ်ပဲ၊ ရေခဲမုန့် သွားစားရအောင်…

ဘိုင်းခနဲမြည်အောင် ကျွန်တော် ပါးစပ်မှ အမြုပ်များ ပစ်လှဲကျသွားတော့သည်။

ယူမီကို

တက္ကသိုလ်နှင့် မလှမ်းမကမ်းမှာ ရှိသည့် စားသောက်ဆိုင် တစ်ဆိုင်သို့ ဂင်နဲ့ တူတူ ၀င်လာခဲ့သည်။ မာဖီယာက ခပ်ဝေးဝေးကို သွားခိုင်းသော်လည်း ယူမီသိပြီ စားလို့ ကောင်းသည့် ကျောင်းနားက ဆိုင်ကို လာခဲ့သည်။ စားပွဲထိုးက menu လာပေးပြီ၊

စားပွဲထိုး ။ ။ အစ်မပါလား။ ဟိုအစ်ကိုကြီးရော မပါဘူးလား…
စားပွဲထိုး စကားကို ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်နေသည်။ ဒီ စားသောက်ဆိုင်ကို မာဖီယာနှင့် တူတူ ယူမီအမြဲလာစားနေကြမို့ စားပွဲထိုးက မှတ်မိနေပုံရသည်။ ဒါကြောင့် ယူမီရူးသလိုလို၊ ပေါသလိုလိုလုပ်ပြီ၊

ယူမီ ။ ။ ဘြော် မပါဘူး။ ဂင်ဘာမှာမလဲ ဒီဆိုင်က ပင်လယ်စာအစုံရတယ်…
ဂင် ။ ။ မဟုတ်တာ။ ကျွန်တော်က ဟင်းမှာတာ သိပ်မကျွမ်းကျင်ဘူးဗျ။ ယူမီကြိုက်တာသာ မှာလိုက်ပါ…
ယူမီ ။ ။ ဒါဆိုကမာတစ်ပွဲ၊ ငါးရှဉ့်ကင်၊ ဆာမွန်ငါးကင် တစ်ပွဲ၊ မီဆိုဟင်းချို တစ်ပွဲ ပေးပါ…

ဟင်း၎မျိုးလောက်ဆို လုံလောက်ပြီမို့ ဂင်နဲ့ ယူမီအတွက် အအေးတစ်ခွက်စီ မှာလိုက်သည်။

ဂင် ။ ။ ခု ကျွန်တော် ဒကာခံမှာနော်…
ယူမီ ။ ။ ယူမီပဲ ကျွေးပါမယ်။ အပြင်မှာ ထွက်စားဖို့ ယူမီက စခေါ်တာ မဟုတ်လား…
ဂင် ။ ။ ကျွန်တော် ကျွေးရမှ စိတ်ကျေနပ်မှာမို့ပါ…

အင်း မာဖီယာ၊ မာဖီယာ နဲ့တော့ တခြားပါ့လားနော်။ တခါမှ ကိုယ့်ချစ်သူကို ၀ယ်ကျွေးတယ်ဆိုတာ မရှိဘူး။ အမြဲဘိုင်ပျက်နေတာနဲ့ သူပဲ ၀ယ်ကျွေးနေရတယ်၊ ဟွန်းဟု သက်ပြင်း တချက်ချမိလိုက်သည်။ ဟင်းတွေလာချတော့ စားရတာ အရမ်းအရသာ ရှိပြီ ခံတွင်း တွေ့မိသည်။ ယူမီက ပင်လယ်စာဟင်းတွေကို ပိုကြိုက်နှစ်သက်တာကြောင့် ဒီဆိုင်မှာ မာဖီယာနဲ့ အမြဲလိုလို လာစားဖြစ်သည်။ ခုတော့ ဂင်နဲ့ယူမီ နှင့် မာဖီယာကြောင့် တူတူလာစား ဖြစ်သွားသည်။

ဂင် ။ ။ ယူမီနဲ့ ကျွန်တော် အပြင်မှာ တူတူထမင်းစားပြီပြီဆိုတော့ သူငယ်ချင်းထက် တဆင့်ပိုလို့ ရပြီလားဟင်…

ဂင်မေးခွန်းကြောင့် ယူမီစားနေရင်းနဲ့ သီးတောင် သီးသွားသေးသည်။ ရေသောက်လိုက်မှ နည်းနည်းသက်သာ သွားတော့သည်။

ယူမီ ။ ။ သူငယ်ချင်းထက် ပိုတယ်ဆိုတော့ မိတ်ဆွေ(သို့) အခင်ဆုံးသူငယ်ချင်းပေါ့ ဟုတ်တယ်မလား…
ဂင် ။ ။ ဟုတ်တယ် အခင်ဆုံးသူငယ်ချင်းပေါ့…

ပြန်ပြောကာ ဂင် ဖျော်ရည်တွေကို လိမ့်သောက်နေသည်။ ဂင်များ ယူမီ ကိုရည်စားစကား ပြောချင်နေတာများလား။ သူရည်စားစကားပြောရင် ယူမီဘာဆက်လုပ် ရမှန်းတောင် မသိတော့ဘူး။ ဒါမာဖီယာကြောင့် ဖြစ်ရတာ၊ အလကား မကောင်းဆိုးဝါး မာဖီယာဟု ကြိမ်ဆဲနေမိသည်။ ယူမီရော၊ ဂင်ပါ အနည်းငယ် တိတ်ဆိတ်နေမိသည်။ ဂင်က အရင် စကားစလာပြောသည်။

ဂင် ။ ။ ဒါနဲ့ ယူမီက ကျောင်းပြီရင် ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ…
ယူမီ ။ ။ ယာကူဇာ ဂိုဏ်းထောင်ဖို့ လုပ်ထားမယ်။ ခုတောင် လူစုနေတယ်…
ယူမီ စကားကို ဂင်ရယ်မည်ဟု အောင်းမေ့ထားတာ၊ ဂင်က မရယ်ပဲနဲ့ လက်ခုတ် ထတီး၍ ယူမီ ကြောင်ကြည့်နေမိသည်။

ဂင် ။ ။ ဒီလောက် ကောင်းတဲ့ စိတ်ကူးဘယ်ကရလဲ…
ယူမီ ။ ။ ဟီးဟီး၊ ယူမီက ငယ်ငယ်ကတည်းက ယာကူဇာအရမ်းဖြစ်ချင်တာ။ ခုတော့ ကိုယ်တိုင်ပါ ဂိုဏ်းထောင်ချင်တယ်။ ဂင်ကရော သိုင်းတတ်လားဟင်…
ဂင်က မချိပြုံးလေးပြုံး၍၊

ဂင် ။ ။ ကျွန်တော် သိုင်းတတ်လားဆိုတော့ သိုင်းဆိုတာ ဘာမှန်းတောင် မသိပါဘူး…
ဂင်လို ရုပ်ခန့်သည့် ယောကျာ်းမျိုးက ဘယ်လို ချတာတွေ ရပါမလဲလေဟု တွေးနေမိသည်။ ဒီနေ့ ထူးခြားသည်မှာ ဂင်က ယူမီနှင့် စကားပြောရင်း နာရီကို တစ်ချိန်လုံး ကြည့်ကြည့်နေသည်။ သူများ သွားစရာ နေရာများရှိသလားဟု စဉ်းစားမိသည်။ ဂင်ကို အတတ်နိုင်ဆုံး အချိန်ဆွဲထားရန် မာဖီယာ ညွန်ကြားချက်တိုင်း ဟင်းတွေစားပြီတာတောင် မပြန်အောင် လုပ်နေသည်။

ဂင်နာရီ ။ ။ တီ၊ တီ၊ တီ…
ဂင်နာရီမှ အသံထွက်လာ၍ ဂင်နာရီကို တချက်ကြည့်ပြီ မျက်နှာတချက် ပျက်သွားသည်။

ဂင် ။ ။ ယူမီ စိတ်တော့ မရှိပါနဲ့။ ကျွန်တော် ကားသူခိုးဝင်နေလို့ ပြန်ရအုန်းမယ်…
ယူမီ ။ ။ အင်း ဂင့်ကားကို သူခိုးဝင်နေတာ ဘယ်လိုသိတာလဲ…
ဂင် ။ ။ ကားသူခိုးကို ယူမီမြင်ရင် အရမ်းအံ့ဘြသွားမှာ သေချာတယ်။ ခဏ ကျွန်တော်ပြမယ်…

ယူမီလည်း ဂင်နားတိုး၍ နာရီကို ကြည့်လိုက်သည်။ ဂင်သူနာရီ ခလုတ်တစ်ခုကို နှိပ်လိုက်ရုံဖြင့် နာရီမှ လေဆာဖြင့် လက်တစ်ဝါးရှိသည့် တီဗွီအသေးစားလေး တစ်ခုပေါ်လာသည်။ ၀ါး၊ ဂင်နာရီက မိုက်လှချည်း တွေးနေစဉ် တီဗွီအသေးစားထဲတွင် ကားကို မွှေနှောက်နေသော မာဖီယာရုပ်ကြီး ထင်ထင်ရှားရှားကို ပေါ်လာရော ယူမီအရမ်းကို လန့်ဖျန်သွားသည်။ မာဖီယာ ဂင်ကားထဲမှာ ဘာတွေ လုပ်နေတာလဲ ငါတော့ ဒုက္ခပါပဲ။ ယူမီ ကိုလည်း မာဖီယာနဲ့ ကြံရာပါမှန်း ရိပ်မိသွားမည် စိုး၍၊

ယူမီ ။ ။ ဒီသူခိုးက ဘယ်သူကြီးလဲ။ တခါမှ မမြင်ဖူးဘူး၊ ဟဲဟဲဟဲ…
ဂင် ။ ။ ကျွန်တော်က ယူမီအံ့အားသင့်သွားမယ် ထင်နေတာ။ သူခိုးက နယ်နယ်ရရတော့ မဟုတ်ဘူးဗျ…
ယူမီ ။ ။ ဟုတ်တယ်နော် ကျွမ်းကျင်မယ်ပုံပဲ။ ဟဲဟဲဟဲ…

ယူမီမှာ ရှက်လွန်းလို့ မျက်နှာကို ဓားနဲ့တောင် လှီးထုတ်ပစ်ချင်သည်။ မာဖီယာ ငါကိုတော့ ဂင်ကိုပထုတ်ခိုင်းပြီ သူက သူများကားကို သွားခိုးနေတာကိုး၊ ငါကို အရှက်ခွဲတဲ့ မာဖီယာ ရှင်ကို အသေသတ်မယ်။ Camera ထဲတွင် မာဖီယာတစ်ယောက် ကုန်းလိုက်၊ ကွလိုက်၊ ရပ်လိုက်၊ ရှာလိုက် လုပ်နေသည်ကို ဂင်ကို ပြုံးပြုံးလေး ကြည့်နေသည်။ ဂင်ကို မျက်နှာချင်းဆိုင်ရမှာတောင် ရှက်လာသည်နှင့်၊

ယူမီ ။ ။ ဂင်၊ တက္ကသိုလ် ပြန်ရင် ကောင်းမယ်နဲ့ တူတယ်…
ဂင် ။ ။ ကောင်းပြီလေ၊ တူတူပြန်ကြတာပေါ့…

ပြန်လမ်းတွင် မျက်နှာမပြရဲသည်နှင့် ဂင်မျက်နှာတောင် သေချာ မကြည့်ဝံ့ပေ။ ကားသစ်လိုချင်ရင် ယူမီ ကိုပြောလည်း ရရဲ့သားနဲ့ ခုတော့ သူများ ကားကို ခိုးစရာလား မာဖီယာရဲ့ဟု ဒေါသပုန်ထရင်း တက္ကသိုလ်သို့ ပြန်လာခဲ့တော့သည်။

မာဖီယာ

ကျွန်တော် ဂင်ကားထဲတွင် မြေလှန်ရှာသော်လည်း ဘာဖြေဆေးမှကို မတွေ့ပေ။ တော်တော်လည်တဲ့ ယာကူဇာစလေရာ ဖြေဆေးကို ဘယ်မှာ ၀ှက်ထားတာ ပါလိမ့်ဟု စဉ်းစားရခက်နေသည်။ ကျွန်တော် ကားဒက်ဘောက်ထဲသို့ ရှာနေစဉ် ၀ါယာကြိုးတစ်ခုတွေ့၍ သွားဆွဲလိုက်မိသည်။ ဒီဟာလေးဘာပါလိမ့်၊ အနောက်မှာလည်း ကြိုးတွေနဲ့၊ camera အသေးစားလေးနဲ့တော့ တူသားပဲ။

ကျွန်တော် ။ ။ အမယ်လေးဗျ၊ ကားမှာ camera တပ်ထားတယ်။ ငါကို မြင်သွားပြီပေါ့…
တစ်ယောက်ထဲ ရေရွတ်ရင်း ကားထဲမှ ကြောက်ပြီ ပြေးထွက်လာသည်။ ဟွန်ဒါကြီးက ကျွန်တော်ကို ဘာဖြစ်တာလဲ ပုံစံဖြစ် ရပ်ကြည့်နေသည်။ တန်ဖိုးရှိလာသော ကျွန်တော် ခေါင်းထဲမှ လျှပ်တပျက် အကြံသစ်လေး ထွက်ပေါ်လာသည်။ ဂင် ကျွန်တော်ကို မြင်သွားသည်က သ်ူကို ထောက်ချောက် ဆင်ဖမ်းရန် အခွင့်အရေးတရပ်ကို ရလိုက်သလိုပင်။ ဒီတစ်ခါ ကျွန်တော်ကိုယ်တိုင် ငါးစာလုပ်ပြီ ဂင်ကို အရဖမ်းမည်ဖြစ်သည်ဟု စိတ်ထဲမှ ကြွေးကြော်လိုက်သည်။ ဂင်ကားမှန် ပေါ်တွင် စာတစ်စောင်ရေးပြီ တမင်ကို ချန်ထားခဲ့သည်။

စာ ။ ။ ခင်များကားထဲကို ၀င်နှောက်မိတာတဲ့ အတွက် ဆော်ရီးပါ။ ကျွန်ုပ် ချစ်သူ ယူမီကိုနဲ့ ပတ်သက်ပြီ ခင်များနဲ့ စာရင်းရှင်းစရာ ကိစ္စရှိ၍ တက္ကသိုလ်ဘေးက ဂိုဒေါင် အဟောင်းထဲသို့ ခင်များ တစ်ယောက်ထဲ ဒီနေ့ နေ့လည် ၁နာရီ အရောက်လာခဲ့ပါ။ ပုံ-နာဂါတို…

ကျွန်တော် ယာကူဇာစလေရာကို ဖမ်းမိလို့ ကတော့ ဘာဖြေဆေးမှ ရှာရန် မလိုတော့ပေ။ ဒီထက်ကြီးကျယ် ခမ်းနားတဲ့ အောင်ပွဲမျိုးဆိုတာ ရှိမှာတောင် မဟုတ်ဘူးဟု တွေးရယ်၍ သဘောကျနေမိသည်။ ဂင်နှင့် ချိန်းထားသော ဂိုဒေါင်ဟောင်းသည် အရင်က ကျွန်တော်သူငယ်ချင်းတွေနဲ့ စုပြီ ကျောင်းပြေး ဖဲရိုက်နေကြနေရာဖြစ်သည်။ ဒါကြောင့် ကျွန်တော် ကျွမ်းဝင်ပြီသား ဖြစ်တာမို့ ဂင်ကို အလွယ်တကူ ဖမ်းနိုင်မှာ သေချာသည်ဟု တွေးရယ်နေမိသည်။ ဒါနဲ့ ဟွန်ဒါကြီးကို ဒီကိစ္စထဲ မပါစေချင်၍ ပထုတ်ရန်အတွက်၊

ကျွန်တော် ။ ။ ဟွန်ဒါကြီး၊ ရော့ မင်းအတွက် မုန့်ဖိုး…
ကျွန်တော် မပေးစဖူး ပေးသဖြင့် ဟွန်ဒါကြီးက ကျွန်တော်ကို မယုံသင်္ကာပုံဖြင့်၊

ဟွန်ဒါကြီး ။ ။ သခင်လေး ကျွန်ုပ်ကို ဘာခိုင်းဖို့လဲ…
ကျွန်တော် ။ ။ ဘာမှ မခိုင်းပါဘူး။ မင်းစားချင်တဲ့ လော်လီပေါ့၊ ရေခဲမုန့်၊ ပီဇာ ကြိုက်တာ သွားဝယ်စားချည်း…
ဟွန်ဒါကြီးက ၀မ်းသာလွန်းလို့ မျက်ရည်များ စီးကျလာပြီ၊
ဟွန်ဒါကြီး ။ ။ ဟိ၊ဟိ၊ဟိ၊ သခင်လေးက ကျွန်ုပ်ပေါ် အရမ်းကောင်းသလောက် ကျွန်ုပ်ကတော့ သခင်လေးကို သစ္စာဖောက်ပြီ ဂိုဏ်းချုပ် ခိုင်းသမျှ လိုက်လုပ်မိခဲ့တယ်။ ကျွန်ုပ်မှားမှန်း သိပါပြီ သခင်လေးရယ်၊ ဟိဟိဟိ…
တငိုငို၊ တရီရီဖြင့် ကျွန်တော် ခြေထောက်ကို ဖက်ပြီ အတင်းတောင်းပြန်နေ၍၊

ကျွန်တော် ။ ။ ဟေ့ကောင် ဟွန်ဒါကြီး ဘာမှ တောင်းပန်နေစရာ မလိုဘူး။ မင်းဘာသာ မုန့်သွားဝယ်စားစမ်းပါ…

အတင်းပြောဆိုကာ မုန့်ဆိုင်သို့ ပထုတ်လိုက်ရသည်။ ဟီးဟီး ဟွန်ဒါကြီးလည်း မရှိတော့ဘူး ဆိုတော့ ကျွန်ုပ်ရဲ့ အစီအစဉ် စလို့ရပြီ တွေးရင်း ဂိုဒေါင်ဟောင်းရှိရာသို့ တခြားသူတွေ မမြင်အောင် တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာခဲ့တော့သည်။

ဆက်ရန်...

1 comment:

  1. အသစ်တွေ့လို့ ပြေးလိုက်လာခဲ့တယ်
    နောက်ထပ် ဆက်စေသတည်း

    ReplyDelete