ဂိုဒေါင်ဟောင်း ရှေ့ရောက်လျှင် ကျွန်တော် အကျီင်္ထဲမှ သော့ဖောက်စက်ကို ထုတ်၍ ဖွင့်ပြီ ခိုးဝင်လာသည်။ စက်ပစ္စည်း အဟောင်း အစုတ်များ၊ ပင့်ကူမျှင်များဖြင့် ဂိုဒေါင် တစ်ခုလုံး ရှုပ်ပွနေသည်။ ဒီဂိုဒေါင်ကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်က တိရစ္ဆာန်တွေ ထားသည့် ဂိုဒေါင်ဖြစ်တာမို့ လှောင်အိမ်ဟောင်းတွေ များစွာလည်းရှိသည်။ ကျွန်ုပ် အင်္ကျီထဲမှ တုတ်တုတ်ခိုင်ခိုင် ကြိုးခွေကို တစ်စချင်း ဆွဲထုတ်လိုက်သည်။ လှောင်အိမ်ကို အပေါ်ပိုင်းကို ကြိုးဖြင့် အခိုင်အမာချီပြီ ဂိုဒေါင်ခေါင်းမိုးပေါ်တွင် သွားချည်၍ လှောင်အိမ်များကို အပေါ်သို့ မတင်သည်။ အင်း၊ ဟွန်ဒါကြီးသာ ပါလာရင် ဒီလိုနေရာမျိုး သိပ်အသုံးဝင်မှာဟု သတိရမိသေးသည်။ ဂင် ဂိုဒေါင်ထဲ ၀င်လာသည်နှင့် မျှားခေါ်ကာ တခါထဲ ချည်ထားသော ကြိုးကို ဖြတ်ချပြီ ဂင်ကို အရှင် ဖမ်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ဂင် ဖမ်းမိသွားချိန်တွင် စဉ်းစားဖို့တောင် အချိန် ရလိုက်မှာ မဟုတ်ဘူးဟု တွေးကာ လူးလိမ့်ရယ်မောနေသည်။
ဒီလိုနဲ့ ကျွန်တော် ဂင်ကို ဂိုဒေါင်ထဲတွင် ထိုင်စောင့်ရင်း တဖြည်းဖြည်း ညောင်းညာလာသည်။ အင်း ၂နာရီတောင်ခွဲ နေပြီ တော်တော် အချိန်မလေးစား တဲ့ကောင်။ ခုထိမလာသေးဘူး၊ ၀ါးဝါးဝါး သုံးချက် သန်ပြီ တစ်ချက်မှေးခနဲ ဖြစ်သွားချိန် အသံတစ်ခုကြားလိုက်၍ မျက်လုံးပြူးသွားသည်။ အရေးထဲ လှောင်အိမ်ကို ပစ်ချဖို့ ကြိုးကလည်း ညှိပြီ ဖြေလို့ မရ၍၊
ကျွန်တော် ။ ။ အရေးဆို အကြောင်းပေါ်ပြန်ပြီ။ ဂင်က လာတော့မယ် ကြိုးက ဖြေလို့ မရဘူး…
ဂိုဒေါင် တံခါး ပွင့်နေသည်ကို ကျွန်တော် အကဲခတ်မိလိုက်၍ ဘေးဗယ် ကြည့်လိုက်ရာ ကျွန်တော် နောက်တွင် ရပ်နေသော ဂင်လည်း မြင်ရော၊
ကျွန်တော် ။ ။ အားအားအား။ မင်းဘယ်လို ရောက်လာတာလဲ…
ဂင်က သူ့ဆံပင်ကို ကျော့အောင် သထားသည့်အပြင် အကျီင်္ကိုလည်း ခပ်မိုက်မိုက် ၀တ်ဆင်ထားသေးသည်။ ဒါလား ယာကူဇာစလေရာ သူကိုယ်သူများ မင်းသားများ အောင်းမေ့နေလားမသိဘူး။ ကျွန်တော် လွယ်ထားသော ယာကူဇာဓားရှည်ကို ဆွဲထုတ်လိုက်ရာ ဂင် မျက်မှောင်တချက်ကုတ်သွားသည်။ သူ့ဓားကို လျင်မြန်စွာ ဆွဲထုတ်ကာ ကျွန်တော်နဲ့ ဓားချင်း ယှဉ်ကာ တိုက်ခိုက်တော့သည်။ ဂင်ဓားလွှဲချက်တွေက ပြင်းထန်လွန်းတာမို့ ကျွန်တော် ပြင်းပြင်းထန်ထန် ခုခံနေရသည်။ ဒီအတိုင်းဆို ကျွန်တော်တော့ ဂင်လက်ချက်နဲ့ သေမှာပဲဟု တွေးမိလိုက်သေးသည်။ ဂင်ဝှေ့ပြီ အောက်မှ အပေါ်သို့ ခုတ်လိုက်သော ဓားချက်ကို ရှောင်ရင်း ကျွန်တော် သူဓားကို ပြန်ရိုက်ချလိုက်သည်။
သို့သော်လည်း သူဓား မလွှင့်ထွက်ပဲ၊ ကျွန်တော်ဓား လွှတ်ကျသွားတော့သည်။ ဂင်က တိုက်ခိုက်နှုန်းကို မရပ်ပဲ ပိုတိုးမြှင့်ကာ ဓားဖြင့် နောက်တစ်ချက် အခုတ်၊ ကျွန်တော်က ဓားကို ပြန်အကောက်တွင် လက်မောင်းကို ဓားဖြင့် မွှန်းလိုက်သလို လက်မှ သွေးများ စီးကျလာသည်။
သွေးများ စီးကျနေသော လက်မောင်းကို တင်းရင်းစွာဆုတ်ကိုင်ရင်း ကျွန်တော် ခေါင်းများ မူးဝေ၍ ထိုနေရာမှာပင် လှဲကျသွားသည်။ ကျွန်တော် သတိရလိုက်သည်မှာ ဂင့်ဓားတွင် အဆိပ်လူးထားခြင်း ဖြစ်သည်။ ယာကူဇာစလေရာ ဓားနဲ့ ဒဏ်ရာအနည်းငယ်ရရုံ ဖြင့် သေနိုင်သည်မို့ အဲဒီဓားကို သေမင်းတမန်ဓားဟု တင်စား ခေါ်ဝေါ်ကြသည်။ ကျွန်တော် ဓားဒဏ်ရာကြောင့် အဆိပ်မိ၍ ငါခုသေရတော့မှာပဲ၊ ငါမသေခင်လေး၊
ကျွန်တော် ။ ။ ငါ မသေခင်၊ ယူမီကို အတွက်... နောက်.. ဆုံး… စကားတစ်ခွန်း… မှာခဲ့ချင်တယ်…
ကျွန်တော် အသံတုန်တုန်ယီယီဖြင့် ထစ်ငေါ့စွာ ပြောနေသည်။ စကားတစ်ခွန်း လောက်ပြောဖို့ကို မနည်းအားတင်းကာ၊
ကျွန်တော် ။ ။ ငါ… သူကို အရမ်းချစ်တယ်.. လို့ပြောပေးပါ…
စကားလည်း ဆုံးရော ကျွန်တော် အသက်ထွက်ရန် မျက်လွှာအချတွင်၊
ဂင် ။ ။ ဟားဟားဟားဟား၊ ခင်များက လူရွှင်တော်ပဲဗျ။ ဓားလေးထိတာနဲ့ သေတဲ့ ယာကူဇာ မကြားဖူးပါဘူး…
ကျွန်တော် ။ ။ မင်း.. ဓားမှာ အဆိပ်ရှိတော့.. ငါ….. သေမှာပေါ့… ဂစ်၊ ဂစ်၊ ဂစ်…
ဂင် ။ ။ ကျွန်ုပ်က ခင်များတို့ ယာကူဇာအပေါစားတွေ လုပ်သလို အဆိပ်ဘယ်တော့မှ မသုံးဘူး…
ဘာပြောတယ်၊ ငါကိုများ ယာကူဇာအပေါစားတဲ့၊ ဒီကောင်တော့ကွာ။ ဒါနဲ့ ဂင်ပြောသွားတဲ့ အထဲမှာ သူဓားမှာ အဆိပ်မရှိဘူးဆိုရင် ကျွန်တော်မသေဘူးပေါ့ တွေးကာ ပျော်သွားမိသည်။ ကျွန်တော်ကို အာရုံရောက်နေတုန်း သူ့ထောက်ချောက် အောက်တည့်တည့်မှာ ရပ်မိနေသည်ကို ဂင် သတိမထားပေ။ ဒါကို အခွင့်ကောင်းယူ၍၊
ကျွန်တော် ။ ။ ဘာပဲ.. ဖြစ်ဖြစ်… ငါမင်းကို ကျေးဇူးတင်ပါတယ်…
ဟန်ဆောင် စကားပြောရင်း ကျွန်တော်အိပ်ဆောင် နင်ဂျာဓားဖြင့် အလစ် ထောက်ချောက်ကြိုးကို ပစ်၍ ဖြတ်တောက်လိုက်သည်။ ဂင် အလစ်မှာ အငိုက်ခံလိုက်ရ၍ ပြေးဖို့ မပြောနဲ့ လှောင်အိမ်ထဲတွင် တန်းကိုပိတ်မိသွားသည်။ ကျွန်တော်မှာ ပျော်လွန်းလွန်းလို့ ထခုန်ကနေမိသည်။
ကျွန်တော် ။ ။ တူတူတူ၊ ပတ်ပတ်ပတ်၊ မင်းကို မိပြီကွ။ မိပြီကွ…
ဂင် ။ ။ နာဂါတို၊ ခင်များ ဒါဘာလုပ်တာလဲ။ ခင်များပဲ ယူမီကို ကိစ္စပြောစရာ ရှိတယ်ဆိုလို့ ဒီကို ကျွန်ုပ်လာခဲ့တာ…
ကျွန်တော် ။ ။ ဒီမှာ ဂင်၊ မင်းက ယာကူဇာစလေရာ ဆိုတာ ငါစကတည်းက သိလို့ ထောက်ချောက်ဆင်လိုက်တာ…
ဂင် ။ ။ ဘာ၊ ခင်များက ကျွန်ုပ်ကို ယာကူဇာစလေရာမှန်း သိနေတယ်ပေါ့…
ကျွန်တော်က ဖမ်းထားတဲ့သူမို့ အထက်စီးဖြင့်၊
ကျွန်တော် ။ ။ အို၊ သိပ်မှန်တာပေါ့။ မင်း အဆိပ်ပါတဲ့ဓားနဲ့ ငါကို မခုတ်မိတာ နောင်တရနေပြီလား…
ဂင် ။ ။ ခင်များပြောတာ ကျွန်ုပ် တစ်ခုမှ မရှင်းဘူး။ ကျွန်ုပ် ဘယ်တော့မှ အဆိပ် မသုံးဘူး…
အင်းသူတကယ်လည်း အဆိပ်မသုံးသည်ကို ကျွန်တော် ကိုယ်တွေ့ဖြစ်၍ နည်းနည်း စဉ်းစားရခက်သွားသည်။
ကျွန်တော် ။ ။ လာလိမ်မနေနဲ့။ မင်းအဆိပ်ကြောင့် ခုတစ်လော ယာကူဇာလောကမှာ သေတဲ့ သူမနည်းဘူး။ ဒီအဆိပ်ကို သေမင်းတမန်အဆိပ် လို့တောင် အားလုံးက ခေါ်နေကြပြီ…
ဂင် ။ ။ ဘာ၊ သေမင်းတမန်အဆိပ် ဟုတ်လား။ ကျွန်ုပ်လည်း ဒီအဆိပ်နောက်ကို လိုက်နေတာ။ တရားခံက ဒီတက္ကသိုလ်မှာ တက်နေတယ်ဆိုလို့ ကျွန်ုပ် လိုက်တာ…
ကျွန်တော် ။ ။ ဒါဆို မင်းပြောချင်တာက မင်းအဲဒီလူတွေ မသတ်ဘူးပေါ့ ဟုတ်လား…
ဂင် ။ ။ ဟုတ်တယ်…
ဒါနဲ့ ယာကူဇာစလေရာက အဆိပ်မသုံးရင်၊ တခြားဘယ်သူများ ဖြစ်နို်င်မလဲဟု တွေးနေမိသည်။ ဒါနဲ့ ခြိမ်းခြောက်စာတွေ သူပဲ ပို့ထားတာ မဟုတ်လား၊
ကျွန်တော် ။ ။ ယာကူဇာဂိုဏ်းကြီးတွေကို ခြိမ်းခြောက်စာတွေ ပို့တာရော မင်းမဟုတ်ဘူး ငြင်းချင်သေးလား…
ဂင် ။ ။ ဘာပြောတယ်။ ကျွန်ုပ်ဘယ်တော့မှ ခြိမ်းခြောက်စာ မပို့ဘူး။ ကျွန်ုပ်သတ်ချင်ရင် ချက်ချင်း သတ်မှ ကျေနပ်တာ။ ဒါကျွန်ုပ် စတိုင်ပဲ…
တဖြည်းဖြည်းနဲ့ အရာအားလုံးက ရှုပ်ထွေးလာသည်။ အဆိပ်ပါတဲ့ဓားနဲ့ ခြိမ်းခြောက်စာတွေက ယာကူဇာစလေရာ မပို့ရင် သူ့နောက်ကွယ်မှ ယာကူဇာစလေရာကို ဂုဏ်သတင်းညှိုးနွမ်း စေချင်သူတစ်ယောက် လုပ်နေတာများလား။ ဘာပဲဖြစ်ဖြစ် ယာကူဇာစလေရာကို ဖမ်းမိထားတယ်လို့ အကြောင်းကြားလိုက်ရင် နဂါးနီဂိုဏ်းခေါင်းဆောင်တွေ အားလုံး ကျွန်တော်ကို ထိုင်ရှီခိုးပြီ အရမ်းကို လေးစားသွားမှာသေချာတယ်။ ကျွန်တော် အဖေ(ဂိုဏ်းချုပ်) ဆီကလည်း ကတိအတိုင်း ဂင်လို ကားအမိုက်စားတစ်စီး ရအုန်းမှာ၊ ပြီမှ ကားသစ်ကြီးနဲ့ ယူမီကိုနဲ့ လျှောက်လည် အုန်းမယ် ဟီးဟီးဟီး။ ခုနေ ဖုန်းဆက် အကြောင်းကြားတာ အကောင်းဆုံးပဲ တွေးကာ ဟမ်းဖုန်းကို အဖွင့် နောက်မှ ဓားဖြင့် လည်ပင်းကို တေ့ထားသဖြင့် လှည့်ကြည့်လိုက်သည်။
ကျွန်တော် ။ ။ မင်း၊ မင်း ဘယ်လို… လှောင်အိမ်က ထွက်လာတာလဲ။ မင်းလူမှ ဟုတ်ရဲ့လား…
ကျွန်တော် အရမ်းကြောက်လန့်ကာ ချွေးသီးချွေးပေါက်များ ကျလာသည်။ ယာကူဇာစလေရာ လှောင်အိမ်ထဲကတောင် ထွက်နိုင်ပုံပေါက်ရင် ဒီကောင် လူမှဟုတ်ရဲ့လား၊ သရဲများလားဟဟု တွေးမိကာ နောက်သို့ တချက်ဆုတ်လိုက်သည်။ ဂင်က ကျွန်တော်ကို ကြည့်ကာ လှောင်ရယ်လျှက်၊
ကျွန်တော် ။ ။ မင်း သရဲ မဟုတ်လား။ ဒီလှောင်အိမ်ထဲက ဘယ်လို ထွက်လာလည်း မှန်မှန်ပြောစမ်း…
ဂင်က ကျွန်တော်ကို စကားပြန်မပြောပဲ လက်ဟန်ဖြင့် လှောင်အိမ်ကို ပြလိုက်သည်။ လှောင်အိမ်တံခါး ပွင့်နေသည်လည်း တွေ့ရော ကျွန်တော် ဘိုင်ခနဲမြည်အောင် မေ့လှဲကျသွားတော့သည်။ တော်တော်အသုံးမကျတဲ့ ငါပါ့လား၊ ဂင်ကို ခက်ရာခက်စစ် ဖမ်းပြီ နောက်ဆုံးတော့ လှောင်အိမ်တံခါး ပိတ်ဖို့ မေ့နေရလားကွ အဟင့်အဟင့်အဟင့်။ ခုဂင်ကို ငါကို တကယ်သတ်တော့မှာပဲ သိသည်နှင့် ဒူးတွေလည်း မမြဲတော့ပဲ၊
ကျွန်တော် ။ ။ ဟီးဟီး၊ ခင်များကို စတာပါ။ ကျွန်ုပ်တို့က အချင်းချင်းတွေ မဟုတ်လား။ ခင်များနဲ့ ကျွန်တော် သွေးသောက် ညီအစ်ကို ဖွဲ့ကြရအောင်နော်…
ဂင် ။ ။ ခင်များ ကျွန်ုပ်ကို ယာကူဇာစလေရာမှန်း သိပြီမှတော့ အသက်ရှင်ခွင့် မပေးနိုင်ဘူး…
ပြောကာ ဂင်က အရင် ကျွန်တ်ာကို ဓားချက်တွေဖြင့် တစ်ချက်ပြီတချက် ထိုးစစ်ဆင်တော့သည်။ သူ့သရုပ်မှန် ဖော်မိလို့ ကျွန်တော်ကို စိတ်တိုသွားပုံရ၍ ဓားကွက်တွေက အရင်ကထက် ပိုမိုပြင်းထန်လာသည်။ ပြန်ခုခံဖို့ နေသာသာ မနည်းလွှတ်အောင် ထွက်ပြေးနေရသည်။ ဂင်ဓားက ကျွန်တော် ဘေးက သီရုံလေး ဖြတ်သွားလိုက်၊ ခေါင်းနားက မထိရုံတမယ် ဝှေ့သွားလိုက်ဖြင့် အသဲတယာယား ဖြစ်လာသည်။ ဂင်နှင့် တိုက်ခိုက်ကြည့်မှ ယာကူဇာစလေရာရဲ့ အစွမ်းကို အရင်ကကဲ့ရဲ့မိသည်ကို နောင်တရမိသည်။ ဂင်က ယာကူဇာစလေရာလို့ မပြောရပေ၊ သူ၏ ထိုးကွက်များသည် တခြားသူများထက် အလွန်မှ ထူးခြားနေသည်။ ကျွန်တော်ကို ဂင် အမှန်တိုင်းဆိုလျှင် ၃မိနစ်လောက်နှင့်ပင် အပြတ်ရှင်းနိုင်သော်လည်း ဂင် ကျွန်တော်ကို တမင်အလျှော့ပေးနေသည်ကို အခွင့်ကောင်း ထပ်ယူ၍၊
ကျွန်တော် ။ ။ ကျွန်တော်ကို အသက်ချမ်းသာ ပေးပါ။ ခင်များ ယာကူဇာစလေရာ ဆိုတာကိုလည်း ဘယ်သူမှ မပြောပြပါဘူးလို့ ကတိပေးတယ်ဗျာ…
တောင်းပန်ချင်ယောင်ဆောင်၍ လက်နက်ပုန်းဖြင့် အလစ် စော်မည်အလုပ်တွင် ဂင်က လက်ဦးပြီ ကျွန်တော်ရင်ဘတ်ကို စုံကန်လိုက်သည်။ လေပေါ်တွေ ဝှေ့ဝဲသွားသော ကျွန်တော်မျက်နှာကို နောက်တစ်ကြိမ်ခုန်၍ ဘေးစောင်းကန် ချလိုက်၍ ကြမ်းပေါ်ကျပြီ တော်တော်ကို နာကျင်ပြီ ပါးစပ်မှတောင် သွေးထွက်လာသည်။ ဂင်က ကျွန်တော်ကို ဓားဖြင့် ဇီဝိန်ချွေရန် ဓားကို အပေါ်သို့ အမ၊
ကျွန်တော် ။ ။ ယူမီကို အကြောင်း ပြောစရာ ရှိသေးတယ်…
ဟန့်တားလိုက်သဖြင့် ဂင်လွှဲလိုက်တဲ့ ဓားကို အရှိန်သတ်လိုက်မှ ကျွန်တော် အသက်ရှုချောင် သွားတော့သည်။ ဒီလိုကျတော့လည်း ယူမီကို ငါကို ကယ်လိုက်တာပဲ။
ဂင် ။ ။ ခင်များကို အသက်နှုတ်ပြီရင် ကျွန်ုပ်လုပ်စရာတွေ ရှိသေးတယ်။ မြန်မြန်ပြော...
အမယ်လေးဗျ၊ ကျွန်တော် အသက်နှုတ်ပြီရင် ဆိုပါ့လား။ ကျွန်တော် မသေခင် ယူမီကိုကို သခင်မလေးနိုရီနဲ့ အထင်လွှဲနေသည့် ကိစ္စကို ပြောပြရန် တာဝန်ရှိသေးသည်။ မဟုတ်ရင် ယူမီကိုကို သခင်မလေးနိုရီနဲ့ မှားပြီ လုပ်ကြံမှာ စိုးရိမ်သောကြောင့်၊
ကျွန်တော် ။ ။ ယူမီကိုက ခင်များထင်သလို သခင်မလေးနိုရီ မဟုတ်ဘူးဗျ။ သူက ယာကူဇာအရူးမလေး သက်သက်ပါဗျာ…
ဂင် ။ ။ ကျွန်ုပ် အစက အဲဒီလို ထင်ခဲ့မိတယ်။ ဒါပေမယ့် မဟုတ်ဘူးဆိုတာ သိတာ ကြာလှပါပြီ။ ခင်များ ပြောလို့ ပြီရင်…
နောက်တကြိမ်ဓားကို အပေါ်သို့ မြှောက်လွှဲလိုက်ပြန်သည်။ ယူမီကိုက သခင်မလေးနိုရီ မဟုတ်မှန်းသိရက်နဲ့ ချင်းကပ်နေတာ ဂင်တကယ် ယူမီကိုကို ကြိုက်နေလို့ ဖြစ်ရမယ် တွေးမိသည်။ ခုလည်း ကျွန်တော်ကို ချက်ချင်း မသတ်ပဲ လျှော့ထားတာလည်း ယူမီကိုကြောင့်ပဲလားဟု မေးခွန်းတွေ ရှုပ်ရှပ်ခတ်နေသည်။ ဒီတခါ ဓားအသွားလွှာက ကျွန်တော် လည်ပင်းရှိရာသို့ တဖြည်းဖြည်း နီးကပ်လာ၍ မျက်လုံးကို စုံမှိတ်ကာ၊
ကျွန်တော် ။ ။ နေပါအုန်း၊ သေမင်းတမန် အဆိပ်အကြောင်း သူလျှိုအနေနဲ့ စုံစမ်းပေးပါ့မယ်…
သေမှာ ကြောက်ပြီ ပြောမိပြောရာ ပြောပစ်လိုက်သည်။ ကံကောင်းစွာဖြင့် ဂင်က ကျွန်တော်စကားကြောင့် တွေးဝေးသွားပုံရပြီ ကျွန်တော်ကို မခုတ်တော့ပဲ၊ ဓားကို လည်ပင်းနာတွင်ပင် တေ့ထား၍ နှလုံးခုန်နှုန်းတွေ မြန်နေသည်။ သေမင်းတမန်အဆိပ်နှင့် ပတ်သက်ပြီ ဂင်မှာ နာကြည်းစရာ တစ်ခုခု ရှိပုံရသည်။ ကျွန်တော်အကျီင်္ထဲမှ ကြွက်ဖြူက တိုးထွက်လာ၍၊
ကျွန်တော် ။ ။ ကြွက်ဖြူရယ်၊ ငါအစား ဂင်ကို တောင်းပန်ပေးပါကွာ။ မင်းကို နောက်ကျရင် ငါကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်…
ကြွက်ဖြူ ။ ။ ခြိ၊ ဂြီ၊ ခြိ…
ကြွက်ဖြူနှင့် ဂင်ဘာတွေ ပြောနေမှန်းတော့ မသိပေမယ့် ဂင်ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
ဂင် ။ ။ ခင်များကို ကျွန်ုပ် ၃ရက်ပဲ အချိန်ပေးမယ်။ ၃ရက်အတွင်း သေမင်းတမန် အဆိပ်ရဲ့ အဓိက တရားခံကို မဖော်ထုတ်နိုင်လို့ ကတော့ ခင်များ သေနေ့စိပြီ အောင်းမေ့။ ပြီတော့ အသက်ရှင်ချင်ရင် ကျွန်ုပ် ဘယ်လိုလဲဆိုတာ ပါးစပ်တောင် မဟမိပါစေနဲ့…
ပြောကာ ဂိုဒေါင်ထဲမှ လှည့်ထွက်သွားတော့သည်။ ဂင်လည်း ဂိုဒေါင်ထဲက ထွက်သွားရော တင်းထားသော အားများ လျှော့ကျကာ ကျွန်တော် ထိုနေရာမှာတင် ခွေလှဲကျသွားလေတော့သည်။
ဆက်ရန်...
:)))))))))))))))))))))))))))))
ReplyDeleteဒီနေ့ အခန်းသစ်တင်မည်.. :)))))))))
ReplyDeleteဒီပိုစ့်ကို ၃ခါလား မသိဘူး လာမန့်တယ် အဆင်မပြေဘူး
ReplyDeleteတို့က ကျော်ခွထားရတော့ ကော်နက်ရှင်မကောင်းရင် မန့်လို့ကိုမရဘူး ရိုးရိုး ကော်မန့်ဘောက်ဆိုပေးရတာလွယ်တယ်. ဒီလိုဘောက်မျိုးကျတော့ ဆော့ဝဲနဲ့ ကျော်မှ ရတော့ တော်တော်ခက်တယ်..
သေမင်းတမန်အဆိပ်ရရင်တစ်တို့လောက်
တစ်ဝက်ကိုတော့ မေပယ်လ်လေးကိုပေးလိုက်နော်
သူက စောစော ကြိုရောက်နေလို့လေ