Tuesday, December 7, 2010

ယာကူဇာချစ်သူ -၂ (အခန်း၁၃ (ယူမီကို))

 
ယာကူဇာချစ်သူ -၂ (အခန်း၁၃ (ယူမီကို))

    တိုကျိုတက္ကသိုလ် ကျောင်းဝနားတွင် ယူမီ၊ အိမိ၊ ဆာရှီမီ နှင့် ဆူရှီတို့လေးယောက် စီးတန်းကာ လက်ကမ်းစာစောင်များကို ဝေနေသည်။ လက်ကမ်းစာစောင်ဝေရခြင်း အကြောင်းမှာ ယူမီအသစ်ထောင်မည့် ယာကူဇာဂိုဏ်းသစ်နဲ့ ပတ်သက်ပြီ ဂိုဏ်းသား၊ ဂိုဏ်းသူများကို စုစည်းနေခြင်း ဖြစ်သည်။ ယူမီရှေ့တွင်ပင် ယောကျာ်းလေးများ ပိုးပန်းကာ လက်ကမ်းစာစောင်များကို အလုအယက် ၀ိုင်းယူနေကြ၍၊

ဆူရှီ ။    ။ လက်ကမ်းစာစောင် ဝေတာက၄ယောက်၊ ငါတို့ပေးတာတော့ မယူပဲ။ ယူမီကိုနားမှာ ပျားအုံးသလို ၀ိုင်းအုံ့နေကြတယ်။ ပျင်းလိုက်တာ…
ဆာရှီမီ ။    ။ ဒါကတော့ ရှင်းပါတယ်။ ယူမီကိုက လှပြီ နင်ကရုပ်ဆိုးလို့ပေါ့…
ဆူရှီ ။    ။ အောင်းမာ နင်ရော ဘယ်နှစောင်များ ဝေရသေးလို့လဲ…
အိမိ ။    ။ အင်း ယူမီကိုကတော့ ဘယ်နေရာပဲ ရောက်ရောက် အမြဲဆန်းပွင့် နေတာပဲ။ အားကျလိုက်တာ…
ဆူရှီ၊ ဆာရှီမီ နှင့် အိမိတို့ဝေသည့် စာစောင်တွေကို ယူမယ့်သူမရှိ၍ ပျင်းခြောက်စွာ စောင့်ဂျောက်ထိုင်ရင်း စကားပြောနေကြသည်။ သူတို့ သုံးယောက် မပျင်းရအောင် စိတ်ဝင်စားစရာ လောင်းကြေးတစ်ခုတောင် လုပ်ပေးလိုက်သည်။


ယူမီ ။    ။ အိမိတို့ နင်တို့ အတွက် စိတ်ဝင်စားစရာ အစီအစဉ် တစ်ခု စဉ်းစားမိလို့။ စာစောင် အများဆုံး ဝေနိုင်သူကို ငါနောက်ဆုံးပေါ် ဆိုနီ ဟမ်းဖုန်းသစ်တစ်လုံး လက်ဆောင် ပေးမယ်၊ ဘယ်လိုလဲ…
    ဆာရှီမီတို့ မျက်လုံး အရောင်တဖိတ်ဖိတ်ဖြင့် ပြုံးရွှင်သွားကြသည်။ ယူမီ ကိုတောင် အရေးမလုပ်ကြတော့ပဲ၊ သူသူ ငါငါ စာစောင်တွေကို အလုအယှက် ဝေကြတော့သည်။

အိမိ ။        ။ တစ်စောင်ယူရင် နောက်တစ်စောင်ပါ free ပေးနေတယ်နော်…
ဆာရှီမီ ။    ။ အိမိ ဒါနင်သက်သက်မဲ့ ညစ်ပတ်တာ။ တစ်ယောက်ကို ၂စောင်ဝေလို့ ဘယ်ရပါ့မလဲ…
ယူမီ ။    ။ ဘယ်လိုနည်းနဲ့ပဲ ဝေေ၀ နိုင်တဲ့သူ ရမှာနော်…

    လှမ်းအော် နောက်လိုက်သေးသည်။ အိမိက သူတို့၃ယောက်ထဲမှာ ဥာဏ်အပြေးဆုံးနှင့် အညက်ဆုံး ဖြစ်သည်။ ခုလောလောဆယ်ထိတော့ ယူမီ ယာကူဇာဂိုဏ်းသစ်မှာ ယူမီကခေါင်းဆောင်၊ ပြီရင် ဆူရှီ၊ အိမိ၊ ဆာရှီမီ အားလုံးပေါင်း အဖွဲ့ဝင် ၄ယောက်ကတော့ သေချာနေပြီ ဖြစ်သည်။ ယူမီစာစောင် ဝေနေသော ရှေ့နားသို့ ရုပ်ရည်ချောမောပြီ ဆံပင်အနီရင့်ရောင်ဆိုးထားသော ကျောင်းသူတစ်ဦးလာရပ်၍ ယူမီလက်ထဲမှ စာစောင်ယူကာ ပြုံးပြသွားသည်။ ထိုကျောင်းသူက ယူမီနဲ့ ရုပ်တော်တော်ဆင်ပြီ တော်တော် ဆွဲဆောင်မူရှိသည်။ အင်း ငါလို လှတဲ့ မိန်းခလေးမျိုး ဒီတက္ကသိုလ်မှာ ရှိသေးတာကိုးဟု တွေးလိုက်မိသည်။
    ခဏကြာတော့ မာဖီယာကားပေါ်မှ ဟွန်ဒါကြီးနဲ့တူတူ ဆင်းလာသည် တွေ့သည်နှင့် ၀မ်းသာအားကျ အနားသို့ ပြေးသွားသည်။

ယူမီ ။        ။ မာဖီယာ လာတာနဲ့ အတော်ပဲ စာစောင်တွေ ကူဝေစမ်းပါ…
    မာဖီယာက ယူမီလက်ထဲမှ စာစောင်ကို လှမ်းယူလိုက်ပြီ၊

မာဖီယာ ။    ။ ဘာစာစောင်တွေလဲ…
ယူမီ ။        ။ ကျွန်မထောင်မယ့် ယာကူဇာဂိုဏ်းသစ်အတွက် လူစုနေတာလေ…
    ဘိုင်ခနဲမြည်အောင် မာဖီယာနောက်ပြန် လှဲကျကာ ပါးစပ်မှ အမြုပ်များ ထွက်လာသည်။

မာဖီယာ ။    ။ မင်း ယာကူဇာဝင်တာကိုး ကစားလို့ ၀လို့။ ခုဂိုဏ်းထောင်တမ်း ဆော့အုန်း မလို့လား…
ယူမီ ။    ။ ရှင်ရော ၀င်မလား။ ကျွန်မက ဂိုဏ်းချုပ်ဆိုရင် ရှင်ဆိုရင်တော့ ဒုဂိုဏ်းချုပ် ပေးမယ်လေ…
    ဒီတစ်ခါတော့ မာဖီယာ ယူမီရှေ့ကပင် ပျောက်သွားပြီ စာစောင်တွေ သွားဝေချင်ယောင်ဆောင် နေတော့သည်။ ဟွန်း နောက်မှ ယူမီ ယာကူဇာဂိုဏ်းထဲ ၀င်ချင်လှပါပြီ ဒူးထောက်တောင်းပန် စေရမယ်ဟု ကြိမ်းဝါးလိုက်သည်။ ဟွန်ဒါကြီးကိုလည်း ဆွယ်အုန်းမှ၊ သူနဲ့ မာဖီယာသာ ယူမီဂိုဏ်းသစ်ထဲပါရင် တော်တော် အားတက် သွားလောက်တယ် တွေးမိသည်။ ဟွန်ဒါကြီးကလည်း ကူညီပြီ စာစောင်တွေ ဝေပေးသည်။
ဟွန်ဒါကြီး ။    ။ စာစောင်များ ယူကြပါ။ ယူကြပါ…

    ဟွန်ဒါကြီးကို ကြောက်၍ တယောက်မှ မယူရဲပဲ ထွက်ပြေးသွားကြသည်။

ယူမီ ။        ။ ဆူရှီ ခုဘယ်သူ အများဆုံး ဝေပြီပြီလဲ…
ဆူရှီ ။        ။ အိမိပဲနေမှာပေါ့။ လူလည်ကျတဲ့ အိမိ…
ယူမီ ။    ။ စိတ်ဓာတ်လည်း မကျပါနဲ့ဟာ။ ခုဟွန်ဒါကြီးရော၊ မာဖီယာပါ ပြိုင်တဲ့ထဲ ပါလာပြီ။ ဒီတစ်ခါ လောင်းကြေးက ဟမ်းဖုန်း မဟုတ်တော့ဘူး။ နိုင်တဲ့သူကို ပြိုင်ကားတစ်စီး ပေးမယ်…

    ယူမီစကားလည်း ဆုံးရော ပျော်လွန်း၍ အားလုံး မေ့လှဲသွားကြသည်။ မေ့လှဲတဲ့ ထဲမှ မာဖီယာတောင် ပါလိုက်သေးသည်။
ဆာရှီမီ ။    ။ စာစောင် ၁၀စောင်ကို အနမ်းတစ်ခါ ပေးမယ်…
ဆူရှီ ။        ။ စာစောင် ၈စောင်ကို မုန့်တစ်ခုကျွေးမယ်…
အိမိ ။        ။ စာစောင် ၅စောင်ကို ထီလက်မှတ်တစ်စောင် ပေးမယ်…

သူသူငါငါ စာစောင်တွေကို ကိုယ်နည်းကိုယ်ဟန်ဖြင့် အကောင်းဆုံး ဝေကြတော့သည်။ မာဖီယာကလည်း အိမိတို့နှင့် အပြိုင် သူ့အကျီကို ဖွင့်ချလိုက်သည်နှင့် အားလုံး မျက်လုံးစူပြီ မျက်လုံး မှိတ်ချလိုက်ရသည်။ ပြန်လည်းဖွင့်ရော မာဖီယာရှေ့တွင် လက်ဆောင် အပုံကြီး တစ်ပုံ ရောက်နေသည်။ လက်ဆောင်ပုံက ကြီးလွန်း၍ မာဖီယာမပြောနဲ့ ဟွန်ဒါကြီးတောင် မမြင်ရတော့ပေ။ မာဖီယာလက်ထဲမှာလည်း မိုက်တစ်ခုဖြင့်၊

မာဖီယာ ။    ။ ဗလာမပါ ကံစမ်းမဲပေးနေပါတယ်။ စာစောင်တစ်ခုယူ တစ်ခါ နှိုက်ခွင့်ရှိတာမို့ လက်မလွှတ်ကြပါနဲ့ ခင်မျာ…

    အော်လိုက်သည်နှင့် ကျောင်းသား၊ ကျောင်းသူ အပါအ၀င် တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းအုပ်ကိုယ်တိုင်တောင် အလုအယက် ပြုံးခဲသွားတော့သည်။ မာဖီယာ၊ မာဖီယာ ဒီလို မဟုတ်တက ဥာဏ်ဆိုရင် သူကို နိုင်မယ့်သူ ရှိမှာကို မဟုတ်ဘူးဟု သက်ပြင်းချလိုက်မိသည်။ ဟွန်ဒါကြီးက ကံစမ်းမဲ ဖောက်ပေး၊ မာဖီယာ လက်ကမ်းဝေနဲ့ ယူမီရိုက်ထားတဲ့ လက်ကမ်းစာစောင် ၁သောင်းဖြုတ်ခနဲ ကုန်သွားတော့သည်။ အားလုံးဝေပြီသည်နှင့် ပြုံးစိပြုံးစိမျက်နှာဖြင့် ယူမီနားသို့ လာပြီ၊

မာဖီယာ ။    ။ ဟီးဟီး ကားသော့ပေးတော့…
ယူမီ ။        ။ ရော့…
    မပေးချင်သလို စောင့်ကြီးအောက်ကြီးဖြင့် ပေးလိုက်သည်။ မာဖီယာမှာ ပြိုင်ကားအသစ်ပေါ်သို့ ခုန်တက်ပြီ ဟွန်ဒါကြီးနဲ့ နှစ်ယောက်သား ပျော်မြူးနေကြသည်။ ပြိုင်ပွဲ မလုပ်ခင်ကတည်းက မာဖီယာပဲ နိုင်မှာဆိုတာ ယူမီ ကြိုသိသားပဲ။ တကယ်လည်း ဒီပြိုင်ကားက မာဖီယာဖို့ တမင်ဝယ်ခဲ့ခြင်း ဖြစ်သည်။ ဒါပေမယ့် မာဖီယာကို ပြိုင်ကား ဘလိုင်းကြီး မပေးချင်တာမို့ တမင်လောင်းကြေးလုပ်ပြီ ပေးလိုက်တာပါ။ မဟုတ်ရင် ဂင်ကားကို ခိုးဖို့ ကြံလိုကြံနှင့် နောက်တစ်ခါ ထပ်အရှက်ခွဲခံရမှာ စိုးလို့လည်း ပါသည်။
    ခုလို လက်ကမ်းစာစောင်တွေနဲ့ ယူမီ ဂိုဏ်းသားတွေသာ စုနေတာ ယာကူဇာဂိုဏ်းတစ်ခုထောင်ဖို့ အရေးတဲ့ အချက်တွေကို တစ်ခုမှကို မသိသေးပေ။ မာဖီယာဆီ မေးတော့လည်း ဟိုလိုဒီလိုလိုနဲ့ သိပ်မပြောပြချင်ပေ။ ဒီနေ့ ယာကူဇာဂိုဏ်းသစ်အတွက် စာရင်းပေးတဲ့ ကျောင်းသား၊ ကျောင်းသူအားလုံးပေါင်း ၅၀လောက်ရှိသည်။

ယူမီ ။        ။ တရက်ထဲနဲ့ ဂိုဏ်းသား ၅၀တောင် စုနိုင်တာ မဆိုးဘူးပဲ…
မာဖီယာ ။    ။ အဲဒီလူတွေက တစ်ယောက်မှ သုံးစားမရမှာတော့ မသိရှာဘူး…
    ယူမီမခံချင်အောင် တမင်ပြောကာ ထွက်ပြေးသွားတော့သည်။ ကားသစ်ရတာနဲ့ ငါကိုတောင် ဂရုမစိုက်တော့ဘူး တွေ့မယ် မာဖီယာဟု ကြိမ်ဆဲလိုက်သည်။ အရေးထဲ ဒေါ်လေး ဆူမီကိုဆာရာဆီမှ ဖုန်းဝင်လာသေးသည်။

ဒေါ်လေး ။    ။ ယူမီကိုလား။ ဒေါ်လေး အရေးတာ မေးစရာရှိလို့…
ယူမီ ။        ။ မေးလေ၊ ဒေါ်လေး…
ဒေါ်လေး ။    ။ ယူမီကို ခုတက်နေတဲ့ တိုကျိုတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသူတွေ စုပြီ ဒီနေ့ ယာကူဇာဂိုဏ်းသစ် ထောင်မယ်ဆိုတဲ့ သတင်းကြားလို့။ အဲဒါအမှန်ပဲလား…
ယူမီ ။    ။ ဟယ်လို၊ဟယ်လို၊ ဒေါ်လေး ဘာမှ မကြားရဘူး။ နောက်ပြန်မခေါ်နဲ့နော်…

    မကြားချင်ယောင်ဟန်ဆောင်၍ တမင် ဖုန်းချလိုက်တော့သည်။ သူကိုယ်သူ ရဲလို့ပြောပြီ တော်တော်ကို အသုံးမကျတဲ့ ရဲပဲ ဖြစ်ရမယ်။ လူဆိုးကိုလာပြီ မင်းက လူဆိုးလား မေးသလို ဖြစ်နေပြီလေ။ မာဖီယာအစ်မပြောတဲ့ စောင့်သုံးမကျလိုက်တာဆိုတဲ့ စကားနဲ့ ဒေါ်လေးနဲ့ တော်တော် ကိုက်ညီတာပဲဟုတွေးရင်း တက္ကသိုလ်မှ အပြန် အိမ်သို့ တန်းပြန်လာခဲ့သည်။
    အိမ်ပြန်ရောက်ရောက် ချင်းပင် ယာကူဇာဂိုဏ်းသစ်အတွက် အီးမေးဖြင့် ပို့ထားသော လျှောက်လွှာများကို စီစစ်နေသည်။ ဂျီးတော့ထဲတွင်၊

လှိုဝှက်သူ ။    ။ သင့်အား ယာကူဇာဂိုဏ်းထောင်နိုင်ရန် ကူညီပေးချင်သူ ဖြစ်သည်။ အမြန်ပြန်ဆက်သွယ်ပါ…
    ရေးထားသဖြင့် ယူမီတော်တော် စိတ်ဝင်စားသွားသည်။ ယာကူဇာဂိုဏ်းထောင်ဖို့ ကူညီပေးချင်သူ ဆိုပါ့လား၊ ယူမီမှာ ဂိုဏ်းထောင်ဖို့ ဘာအချက်အလက်မှ စုစောင်းထားတာ ခုထိ မရှိသေးဘူး။ သူကို ပြန်ဆက်သွယ်ပြီ ဘာတွေလိုသည်ကို မေးရင် ယူမီအတွက် အရှုံးမရှိပါဘူးဟု တွေးမိသည်နှင့် စာပြန်ရိုက်လိုက်သည်။

ယူမီ ။    ။ သင်ဘယ်လို ကျွန်မကို ကူညီပေးနိုင်မလဲ။ ယာကူဇာဂိုဏ်းဝင်ဖို့ ဘာတွေ လိုသလဲ ပြောပြနိုင်မလား…
လှိုဝှက်သူ ။    ။ သင်သည် ဂိုဏ်းသစ် ထောင်ချင်သူ ဖြစ်ပါက အဓိက လိုအပ်မည့် အချက်အလက်များမှာ-
(၁) ယာကူဇာဂိုဏ်းထောင်ရန် ယာကူဇာအားလုံး၏ ဗဟိုဂိုဏ်းခေါင်းဆောင် ယာမာရှီ၏ ခွင့်ပြုချက် စာတစ်စောင်၊
(၂) ယာကူဇာဂိုဏ်း လှမ်းဆင့်ကမ်း တံဆိပ်ပြားတစ်ခု၊
(၃) ယာကူဇာဂိုဏ်းခေါင်းဆောင် နှစ်ယောက်ရဲ့ ထောက်ခံချက် တို့ပါရှိရမည်…
ယူမီ ။        ။ ကျွန်မ ဒီအချက် ၃ချက်ကို ဘယ်လိုရှာရမလဲ…
လှိုဝှက်သူ ။    ။ သင်လိုအပ်လျှင် ကျွန်ုပ် နံပါတ်(၁)နှင့် (၃) စာရွက်စာတမ်းများကို စာတိုက်ကနေ ပေးပို့နိုင်သည်။ နံပါတ်(၂) တံဆိပ်ပြားကိုတော့ သင်ကိုယ်တိုင် လာယူလျှင် ပေးနိုင်သည်…

    ရှင်းလင်းပြတ်သားစွာ ရေးသားထားသည်။ ယူမီတော်တော် ကံကောင်းပါ့လား။ ဒီလို အကူညီမတောင်းပဲ ကူညီပေးမယ့်သူရှိတာ ဘယ်လောက်တောင် ၀မ်းသာစရာ ကိစ္စလဲ။ ဒါနဲ့ မာဖီယာတုန်းကလိုပဲ ပိုက်ဆံ ပေးဖို့များ လိုသေးလားဟု စဉ်းစားမိသည်နှင့်၊

ယူမီ ။        ။ ပိုက်ဆံပေးဖို့ရော လိုသေးလား…
လှိုဝှက်သူ ။    ။ ကျွန်ုပ်သည် သင်အား ကူညီပေးချင်သူ သက်သက်ဖြစ်သည်။ ငွေကြေးကိစ္စ လုံးဝ မပြောပါ…

    အင်း ပိုက်ဆံလည်း မယူပဲ ကူညီပေးချင်သူ ဆိုပါ့လား ဒါဟာ သွေးရိုးသားရိုးရော ဟုတ်ပါ့မလား။ ယူမီအပေါ် တစ်ခုခုမကောင်းသော အကြံအစည်များ ရှိနေမလားပဲဟု စိုးရိမ်သွားသည်နှင့်၊

ယူမီ ။    ။ သင် ကျွန်မကို စေတနာသန့်သန့်နဲ့ ကူညီပေးတယ်ဆိုတာကို ကျွန်မက ဘယ်လို ယုံရမှာလဲ…
လှိုဝှက်သူ ။    ။ ကျွန်ုပ်ပြောတာ မှန်၊ မမှန် သင်မနက်ဖြန် သိပါလိမ့်မည်…
    ဟုပြန်ဖြေကာ အွန်လိုင်းမှ ထွက်သွားလေတော့သည်။ အင်းမနက်ဖြန် ဘာများ သိရမလဲ ဆိုတာကို ယူမီစောင့်ကြည့်ရုံပဲ ရှိတော့တာပေါ့။ မာဖီယာကို ဒီကိစ္စပြောပြပြီ တိုင်ပင်အုန်းမှ တွေးရင်း ယူမီ အိပ်ပျော်သွားတော့သည်။
    မနက်မိုးလင်းလင်းချင်း အိပ်ခန်းတံခါးကို လာထုနေသဖြင့်၊

ယူမီ ။        ။ ဘာလို့ ဆူညံနေတာလဲ အိပ်နေတာ နားမလည်ဘူးလား…
ဒယ်ဒီ ။    ။ အရမ်းအရေးကြီးတယ်။ ခုချက်ချင်း မျက်နှာသစ်ပြီ အောက်ဆင်းခဲ့စမ်း…

    အာ၊ ဒယ်ဒီနဲ့တော့ စိတ်ပျက်လိုက်တာ ကောင်းကောင်းကို မအိပ်ရဘူးဟု ညီတွားကာ အိပ်ယာမှ ကုန်းထလာသည်။ မျက်နှာသစ်ပြီပြီချင်း အောက်ထပ်ဧည့်ခန်းသို့ ဆင်းလာခဲ့သည်။ ဧည့်ခန်းထဲတွင် မာမီက ဒယ်ဒီကို နှိပ်ပေးရင်း ပလူးနေကြသဖြင့် ယူမီခေါင်းထဲမှ အခိုးအငွေ့ တထောင်းထောင်း ထွက်လာသည်။

ယူမီ ။        ။ ဒီမဟုတ်တရုတ်တွေ မြင်ရအောင် လာခေါ်ရကောင်းလား...
ဒယ်ဒီ ။        ။ တိတ်စမ်း ယူမီကို...

ဒယ်ဒီ လက်ထဲမှာ ကိုင်ထားသော စာအိတ်တစ်ခုကို ယူမီ ကိုထောင်ပြ၍၊

ဒယ်ဒီ ။    ။ ငါ့အဖေ တစ်ယောက်လုံး ရှိတာတောင် မင်းဆီ စာရောက်လာတာ ဘာသဘောလဲကွ...
စာဆိုပါ့လား။ ယူမီဆီ ဘယ်သူများ ပို့လိုက်ပါလိမ့်၊ အင်း မာဖီယာများ မဟုတ်တရုတ်တွေ ရေးပြီ ပို့လိုက်တယ်ဆိုရင် အိုရှက်စရာကြီး တွေးမိသည်နှင့် ဒယ်ဒီ လက်ထဲမှ စာကို အတင်းလိုက်လုတော့သည်။

ဒယ်ဒီ ။    ။ ဟားဟား၊ ဒီလို လွယ်လွယ်နဲ့ ဘယ်ရပါ့မလဲ၊ လိုချင်ရင် လိုက်လုလေ။ စိန်ပြေးလိုက်တမ်း ဆော့ရအောင်…
    ဒယ်ဒီ ယူမီ့စာကိုယူကာ အိမ်ပြင်ဘက်သို့ ထွက်ပြေးတော့သည်။

ယူမီ ။        ။ ဒယ်ဒီ၊ ဒီလိုကလေးကလား အလုပ်တွေ မလုပ်ချင်စမ်းပါနဲ့…
ဒယ်ဒီ ။        ။ မသိဘူး။ ငါကတော့ လုပ်မှာပဲ…
    စာကို လက်ဖြင့် ထောင်ပြကာ ထွက်ပြေးတော့သည်။ ယူမီစာကို ဒယ်ဒီဖောက်ဖတ်မှာ စိုး၍ အတင်းအနောက်မှ လိုက်ဖမ်းတော့သည်။ မာမီက တဖန် ချွေးသုတ်ပ၀ါနှင့် ဖျော်ရည်ဖြင့် ယူမီနောက်မှ ထပ်ပြေးလိုက်၍၊

မာမီ ။        ။ ကိုကြီး မောရင် ဖျော်ရည်လေး သောက်ပါအုန်း…
    အမယ်လေး သူတို့နှစ်ယောက် ဟန်နီမွန်းထွက်တယ်များ အောင်းမေ့နေလား မသိဘူးဟု ဒေါသထွက်ရင်း ဒယ်ဒီကို လိုက်ဖမ်းရတာ အိမ် ၁၀ပတ်လောက် ရှိလာ၍ အရမ်းကိုမောလာသည်။ ဒယ်ဒီလည်း မောလာသဖြင့်၊

ဒယ်ဒီ ။        ။ ကျောက်ရုပ်…
    အော်ကာ ရပ်လိုက်သည်။
ယူမီ ။        ။ ဘာလဲ ကျောက်ရုပ် ဆိုတာ…
ဒယ်ဒီ ။    ။ ကျောက်ရုပ် အော်ထားရင်း ဖမ်းလို့ မရဘူး။ ခဏနာမယ် ပြောတာ။ ခုငါအမောဖြေ ဖျော်ရည်သောက်လိုက်အုန်းမယ်…

    မာမီက ဒယ်ဒီကို ဖျော်ရည်ဌဲ့ပေး၊ ဒယ်ဒီက သောက်နေတုန်း ယူမီအတွက် အခွင့်အရေးပဲကွ တွေးမိသည်နှင့် ဒယ်ဒီကိုင်ထားသော စာအိတ်ကို အတင်းပြန်လုကာ ထွက်ပြေးတော့သည်။

ဒယ်ဒီ ။        ။ ယူမီကို ဒီလို မညစ်ပတ်နဲ့လေ။ စာအိတ် ပြန်ပေး…
ယူမီ ။        ။ မသိဘူး။ လစ်ပြီ…

    ဒယ်ဒီနောက်မှ အတင်းပြန်လိုက်ဖမ်း၍ ယူမီအိပ်ခန်းထဲသို့ အတင်းတက်ပြေးကာ တံခါးကို လော့ချထားလိုက်သည်။ မနက်စောစောစီးစီး ချွေးတွေတောင် ထွက်ပြီ ဟောဟဲ၊ဟောဟဲ အော်ကာမောနေမိသည်။

ယူမီ ။        ။ စာလေးတစ်စောင် အတွက် ငါမှာမောလိုက်တာ…

    စာအိတ်ကို အမူမယ့်အမှတ်မဲ့ ကြည့်လိုက်မိရာ အိပ်ချင်နေသော မျက်လုံး ချက်ချင်းပြူးထွက်သွားသည်။ အင်း ပို့သူမှာ လှိုဝှက်သူ ဆိုပါ့လား၊ ယူမီ ခပ်မြန်မြန်စာအိတ်ကို ဖောက်ချလိုက်သည်။ စာအိတ်ထဲမှာ စာ၃စောင်ထွက်လာသည်။ စာတစ်စောင်မှာ ယာကူဇာဗဟိုဂိုဏ်းခေါင်းဆောင် ယာမာရှီရဲ့ ဂိုဏ်းသစ်ထောင်ရန် ခွင့်ပြုသည်ဟု တံဆိပ်တုံးကြီးနှင့် အခိုင်အမာကြီးကို ရေးသားထားသည်။ နောက်တစ်စောင်တွင်  ယာကူဇာဂိုဏ်းခေါင်းဆောင်များ ဖြစ်သည့် မျောက်ဝံ့ဂိုဏ်းချုပ် နှင့် နဂါးနီဂိုဏ်းချုပ်တို့၏ လက်မှတ်၊ တံဆိပ်တုံး၊ စီးများဖြင့် ထောက်ခံချက်များ ထုနှိပ်ထား၍၊

ယူမီ ။        ။ ငါအိပ်မက်မက်နေတာ၊ ဟုတ်တယ် အိပ်မက်မက်နေတာ...
    ကိုယ်ပါးကို နာနာလေး ဗန်ခနဲမြည်အောင် ရိုက်ချလိုက်သည်။ အာယိုးယိုး၊ နာလိုက်တာ။ ဒါဆို ဒါအိပ်မက် မဟုတ်ဘူးပေါ့၊ ပျော်လိုက်တာ၊ ဒီမှာစာတိုတစ်စောင် ကျန်သေးတယ်၊

နောက်ဆုံးစာ ။    ။ ကျွန်ုပ်သည် သင်အား ကတိပေးထားသည့် အတိုင်း ကူညီပေးပြီ ဖြစ်ပါသည်။ ယာကူဇာဂိုဏ်း လှမ်းဆင့်ကမ်း တံဆိပ်ပြားကိုတော့ တဘက်ခါ နေ့လည် ၁၀နာရီတိတိတွင် တိုကျိုမြို့စွန်း စိမ့်ဘယ်ရီချာ့်လ်တွင် လာယူပါ။ ပုံ-လှိုဝှက်သူ…

တဘက်ခါ တံဆိပ်ပြားရရင် ယူမီဂိုဏ်းထောင်လို့ရပြီ ဒန်၊ဒန်၊ ဒန် အတိုင်းမသိအောင် ပျော်မြူးနေမိသည်။ အိမိတို့ကို ဖုန်းဆက်ပြော၇မလား၊ မာဖီယာကိုပဲ ဖုန်းဆက် ပြောရင် ကောင်းမလား စိတ်ကယောက်ကယက် ဖြစ်နေသည်။ မာဖီယာကို ဆက်လို့ မဖြစ်ဘူး၊ သူက ယူမီဂိုဏ်းထောင်မယ့် ကိစ္စကို သိပ်သဘောကျတာ မဟုတ်ဘူး။ ဒါနဲ့ ဒီစာရွက်စာတမ်းတွေက အစစ်ဟုတ်မဟုတ် ယူမီဘယ်လို သိနိုင်ပါလိမ့် တွေးကာ အနည်းငယ် စိတ်ညစ်သွားပြန်သည်။ မာဖီယာကို မလိမ့်တပတ်နည်းနဲ့ မေးကြည့်ရင်တော့ ရနိုင်သည်ဟု တွေးလိုက်မိသည်။ အိမိ၊ ဆာရှီမီ နှင့် ဆူရှီတို့ကို ဒီအကြောင်း ပြောပြခြင်း လွန်းလို့ မနေနိုင်တော့ပဲ ကျောင်းသို့ ခပ်စောစော ထွက်လာခဲ့လေတော့သည်။

ဆက်ရန်...............
----------------------------------------------

2 comments:

  1. ဒီတစ်ခါတော့ မေပယ်လ်ထက်စောသွားပြီ ဟိဟိ
    ယူမီရဲ့ ဂိုဏ်ထဲ ၀င်ရရင်ကောင်းမယ် ဒန်တန်တန်း)

    ReplyDelete
  2. ယူမီကို ဂိုဏ်းထဲဝင်ရန် ဒုဂိုဏ်းချုပ် ရာထူးပေးမယ်... :D

    ReplyDelete