Thursday, December 16, 2010

ယာကူဇာချစ်သူ -၂ (အခန်း-၁၆ (ယူမီကို))

ယာကူဇာချစ်သူ -၂ (အခန်း-၁၆ (ယူမီကို))

    မနေ့က ကျောင်းမှာ ယာကူဇာဂိုဏ်းထောင်ရတော့မည့် အကြောင်းကို အိမိ၊ဆာရှီမီနှင့် ဆူရှီတို့ကို အသိပေးလိုက်တာ သူတို့၃ယောက် ပျော်လွန်းလို့ ထခုန်မတတ်ပင်။ လှိုဝှက်သူရဲ့ စာအရ ဒီနေ့ မနက်၁၀နာရီ အရောက် တိုကျိုမြို့စွန်း စိမ့်ဘယ်ရီချာ့်လ်တွင် ယာကူဇာတံဆိပ်ပြား လာယူရန် ချိန်းထားသည်။ ချိန်းချက်သည့် နေရာသို့ မသွားခင် အိမိတို့နှင့် အရင်တိုင်ပင်ပြီ အစီအစဉ်ဆွဲရန် တိုကျိုမြို့လည်ရှိ ဂျက်ကီချန်းဖွင့်ထားသော ဘာကာဆိုင်သို့ ခပ်စောစောလေး ထွက်လာခဲ့သည်။ ယူမီထက် ဦးစွာ အိမိတို့ ၃ယောက် ကြိုရောက်နှင့်နေကြသည်။ ယူမီ ကိုတွေ့လိုက်သည်နှင့် အိမိက၊

အိမိ ။    ။ ယူမီကို မှတ်မိသေးလား။ လွန်ခဲ့တဲ့ ၁နှစ်လောက်က ဒီဘာကာဆိုင်မှာ မာဖီယာ၊ နင်ဆီက ပိုက်ဆံလိမ်တောင်းလို့ လိုက်ဖမ်းရတာလေ...
    ယူမီအံ့တချက် ကြိတ်လိုက်ပြီ၊

ယူမီ ။    ။ ငါအဲဒီအကြောင်း ပြန်တွေးမိတိုင်း မာဖီယာကို နှုတ်နှုတ်စဉ်းပြီ သတ်ချင်နေတာ...
ဆာရှီမီ ။    ။ ဒါဆို ဂျန်ကီချန်းဘာကာဆိုင်က ဖူးစာရေးတဲ့ နေရာပေါ့နော်။ ဒီတစ်ခါ လှုပ်ရှားရင်းနဲ့များ ငါအတွက် ဖူးစာရှင်လေး တွေ့မလား မသိဘူးနော်...
ဆူရှီ ။    ။ ဖူးစာရှင်နဲ့တော့ တွေ့မှာမဟုတ်ဘူး။ တွေ့မှတွေ့ရင် သေမင်းနဲ့ပဲ တွေ့မယ်...
ဆာရှီမီ ။    ။ နင်မနာလို ဖြစ်မနေနဲ့...
    ထုံးစံအတိုင်း ဆူရှီနှင့် ဆာရှီမီတို့ ငြင်းခုန်နေကြသည်။ ငြင်းခုံလို့လည်း အားရမှ အစီအစဉ်ကို တိုင်ပင်စခန်း စကြရန်၊

ယူမီ ။        ။ အားလုံး လူစုံပြီဆိုရင် ဒီနေ့လုပ်ဆောင်ရမည့် ကိစ္စကို သေချာ အစီအစဉ်ဆွဲဖို့ လိုမယ်။ ယာကူဇာလက်ဆင့်ကမ်း တံဆိပ်ပြားသာ ရလိုက်လို့ကတော့ ယာကူဇာဂိုဏ်းထောင်ဖို့ ငါတို့အားလုံးရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ပြီ။ ဒါပေမယ့် ခု ငါတို့ ယာကူဇာဂိုဏ်းထောင်ဖို့ ကိစ္စက အရမ်းကို လွယ်ကူနေတာမို့ ငါစိတ်ထဲမှာ လုံးဝကို မသင်္ကာဘူး။ ကမ္ဘာပေါ်မှာ ဘယ်ကိစ္စမှ အပေးမရှိပဲ အယူဆိုတာ မဖြစ်နိုင်ဘူး။ လှိုဝှက်သူက ပိုက်ဆံလည်း မလိုချင်ဘူးဆိုတော့ သူလိုချင်တာ ဘာများဖြစ်နိုင်မလဲ စဉ်းစားပေးကြစမ်းပါ...

    အိမိက လက်ကို မြှောက်လိုက်ပြီ၊
အိမိ ။        ။ ငါသိပြီ၊ ပိုက်ဆံမလိုချင်ဘူး ဆိုတာ ငါတို့ကို ရောင်းစားဖို့ပဲ ဖြစ်မယ်...
ဆာရှီမီ ။    ။ ရောင်းစားရင်တောင် ငါနဲ့ ယူမီကိုပဲ ရောင်းစားမှာပေါ့။ အိမိက ပိစိကွေးနဲ့ ဆူရှီ ဖက်တီးပုပ် ဆိုတော့ ပါမှာ မဟုတ်ဘူး...
ဆူရှီ ။    ။ အောင်းမယ် နင်က ဘယ်လောက် လှနေလို့လဲ...
အိမိ ။    ။ ဟီးဟီး ငါကတော့ မရောင်းခံရနေပါစေ၊ ပိစိကွေးပဲ အဖြစ်ခံလိုက်မယ်...
ယူမီ ။    ။ တော်ပါတော့ဟယ်၊ နင်တို့က ဖြစ်နိုင်တာကို ပြောကြစမ်းပါ...

    ဘယ်ကြောင့် လှိုဝှက်သူက ယူမီ ကိုကူညီပေးနေသည်ကို ဘယ်သူမှ ကျေနပ်လောက်အောင် အဖြေမထုတ်နိုင်ကြသည်နှင့်၊

အိမိ ။    ။ ယူမီကို မာဖီယာကို အကူအညီတောင်းရင် ကောင်းမယ်နဲ့တူတယ်။ မာဖီယာ ပုတ်သင်ညှိဂိုဏ်းနဲ့ ချတုန်းက သူ့အစွမ်းတွေကို ခုထိ မြင်ယောင်တုန်းပဲ။ ခုတော့ ငါတို့ချည်းပဲ ဆိုတော့ အားငယ်တယ်ဟ...
    မာဖီယာပါလျှင် တကယ်အားကိုးရမှန်းတော့ ယူမီသိသော်ဌါးလဲ၊

ယူမီ ။    ။ မာဖီယာက ငါဂိုဏ်းထောင်မှာကို မနာလို ကြိတ်ဖြစ်နေတာ။ သူကို ကူညီတောင်းရင် ဂိုဏ်းထောင်ဖို့ ကိစ္စတောင် ပျက်သွားနိုင်တယ်။ ငါတစ်ယောက်လုံး ရှိတာ ဘာအားငယ်စရာလိုလဲ...
ဆာရှီမီ ။    ။ ယူမီကိုပြောတာကို ထောက်ခံတယ်...
ဆူရှီ ။    ။ မာဖီယာ အကူအညီ မလိုပါဘူး။ ငါမှာလည်း အရင်ကထက် ပိုအဆင့်မြင့်တဲ့ ဗုံးတွေ ထွင်ထားပါသေးတယ်...
    အင်း ဆူရှီ ဟိုတစ်ခါချတုန်းက သစ်သီးဗုံးတွေ ထွင်ထားတာ၊ တော်တော် လက်ရာမြှောက်တယ်။ ဒီတစ်ခါ ဘာတွေများ အသစ်ထွင်ထားပါလိမ့်ဟု တွေးပြီ၊

အိမိ ။        ။ ဟိုတစ်ခါ သစ်သီးဗုံး ဒီတစ်ခါဘာများ အဆင့်မြင့်တာလဲ...
    အားလုံး ဆူရှီအဖြေကို စိတ်ဝင်တစားနားထောင် နေကြစဉ်၊

ဆူရှီ ။        ။ ငါရဲ့ မဟာ အဆင့်မြင့်လက်နက် ကိတ်မုန့်ဗုံးဟေ့...
    အိမိနှင့် ဆာရှီမီက ကိတ်မုန့်ဗုံးဟု ပြော၍ ဆူရှီကို ၀ိုင်းထုနှပ်ကြတော့သည်။ ယူမီကတော့ ခေါင်းမှ အငွေ့တစ်ထောင်းထောင်း ထွက်၍၊

ယူမီ ။    ။ ကိတ်မုန့်ဗုံးက ဘာများ သစ်သီဗုံးထက် အဆင့်မြင့်နေလို့၊ အဆင့်မြင့်တယ် ပြောရတာလဲ။ စကားအသုံးအနှုန်းကို ဆင်ခြင်စမ်း...
    စိတ်ဆိုးစွာ အော်ဟစ်၍ ဆူရှီ ပြန်ဖြေလိုက်သည်မှာ၊

ဆူရှီ ။        ။ ကိတ်မုန့်က သစ်သီးထက် ပိုအရသာရှိတယ်လေ...
အားလုံး ။    ။ ကိန်၊ ကိန်၊ ကိန်...
    မူးဝေသွားကြတော့သည်။ ဆူရှီ အလှည့်ပြီတော့ ဆာရှီမီက သူလက်နက်အစွမ်းကို အမွှန်းထပ်တင် ပြန်သည်။

ဆာရှီမီ ။    ။ ငါအရင်ကတုန်းက သုံးတဲ့ နံချပ်ကူထပ် ပိုစမ်းသစ်ထားတာကို နင်တို့ကို ပြမယ်...
ဆူရှီ ။    ။ ဘာလဲ နံချပ်ကူကို အမဲကနေ အဖြူရောင်ပြောင်းပြီ စမ်းသစ်ထားတာလား...
    ဟုငေါ့မေးလိုက်သည်။ ဆာရှီမီက ဟိုတစ်ခေါက် တိုက်ခိုက်တုန်းက နံချပ်ကူနဲ့ တော်တော် အစွမ်းပြခဲ့သူမို့ သူကိုလည်း အထင်ကြီးကြသည်။

ဆာရှီမီ ။    ။ နင်ပြောတာ မှားတယ်။ ဒီမှာ ကြည့်...
    သူ့နံချပ်ကူ အသစ်ကိုလည်း ထုတ်ပြ၍၊
ဆာရှီမီ ။     ။ အဖြူရောင် မဟုတ်ဘူး ပန်းေ၇ာင်ဟေ့။ ပြီတော့ ဆာကူရာ ပန်းပုံလေးတွေ တောင်ကပ်ထား သေးတယ်။ ဒီလို ချစ်စဖွယ်နံချပ်ကူမှ ငါလိုလှတဲ့ မိန်းခလေးနဲ့ လိုက်ဖက်မှာပေါ့။ မမှန်ဘူးလား...
စကားလည်း ဆုံးရော အားလုံး ဘိုင်ခနဲမြည်အောင် မေ့လှဲသွားကြတော့သည်။ ယူမီ ဆူရှီနှင့် ဆာရှီမီကို ဆက်သည်းမခံနိုင်တော့ပဲ၊

ယူမီ ။    ။ လာပြန်ပြီ တစ်ယောက် အရောင်ပြောင်းထားတာကို စမ်းသစ်တယ် ပြောစရာလား...
အိမိ ။    ။ ဟုတ်တယ် နင်လည်း ဆူရှီနဲ့ ဘာကွာလို့လဲ။ တစ်ယောက်က ကိတ်မုန့်မို့ အရသာပိုရှိတယ်။ နောက်တစ်ယောက်က ပန်းရောင်မို့ ပိုလှတယ်တဲ့...
ဆာရှီမီ ။    ။ နေကြအုန်းလေ၊ ငါနံချပ်ကူမှ နောက်အစွမ်းတစ်ခု ရှိပါသေးတယ်...
   
    ဆာရှီမီ နံချပ်ကူလှည့်လိုက်သည်နှင့် အထဲမှ ဓားရှည်နှစ်ချောင်း ထွက်လာသည်။ ၀ါး၊ ဆာရှီမီ ထွင်ထားတဲ့ နံချပ်ကူက မိုက်သားပဲဟု တွေးမိ၍၊

ယူမီ၊ အိမိ ။    ။ ဆာရှီမီက တော်သွားပြန်ပြီ။ ဖျန်၊ ဖျန်၊ ဖျန်...
    လက်ခုတ်တီးသည်ကို ဆူရှီက စိတ်ကောက်ပြီ ကိတ်မုန့်ကြီးကိုင်၍ ဟိုဘက်သို့ လှည့်ထိုင်ကာ စူပုပ်နေသည်။

ဆာရှီမီ ။    ။ အိမိ နင်ရဲ့ တိုးတက်လာတဲ့ အခြေအနေနဲ့ နင်ဂျာကြယ် တီထွင်မှု အကြောင်း  ပြောအုန်းလေ...
    အိမိ ခေါင်းကုတ်၍ အူကြောင်ကြောင်လုပ်၍၊
ဆူရှီ ။    ။ ငါတော့ အိမိကို မထင်ပေါင်။ ဟိုတစ်ခါ သူ့ဂျာကြယ် ပစ်တာတောင် မာဖီယာကိုပဲ ထိအောင် ပစ်နိုင်တယ်။ ရန်သူကို မထိတာ...
အိမိ ။    ။ ဒီတစ်ခါ မာဖီယာမှ မပါတာ ထိစရာ မရှိတော့ပါဘူး...
ဆာရှီမီ ။    ။ ဒါဆို ငါတို့ကို ထိနေရင် ဘယ်လိုလုပ်မလဲ...
အိမိ ။    ။ ဟီးဟီး အဲဒါတော့ မပြောတတ်ဘူး၊ ဟီးဟီး...
ယူမီ ။    ။ ဘြော် အိမိက ငါတို့မသိအောင် တခုခုကြိတ် ကြံစည်ရင် ကြံစည်ထားမှာပေါ့...
    ယူမီ အိမိဘက်က တမင် ၀င်ကူညီ ပြောပေးလိုက်သည်။

အိမိ ။    ။ ယူမီကို ပြောတာ မှန်တယ်။ နင်တို့ကို နောက်မှ ငါအစွမ်းကို ပြမယ်။ Suprise!!!...
    အင်း၊ အိမိ ဒီတစ်ခါ ပစ်တဲ့ နင်ဂျာကြယ်တော့ ယူမီကိုယ်လာမှန် တော့မှာပဲ တွေးမိ၍ သက်ပြင်းချလိုက်မိသည်။

ဆူရှီ ။    ။ ဒါနဲ့ ယူမီကို အရင်က လောက်လေးဂွ၊ ခုဘာများ သုံးမလဲ သိချင်သေးတယ်...
    ယူမီ မချိပြုံး ပြုံးလိုက်ပြီ ယူမီခါးတွင် ပတ်ထားသော ခါးပတ်ကို ဆွဲဖြုတ်၍၊

ယူမီ ။    ။ ငါက နင်တို့လို လက်နက်သုံးစရာ မလိုဘူး။ ငါက လက်နဲ့ခြေထောက်ပဲ သုံးမယ်၊ ဒီမှာ ကြည့်စမ်း...
ဆူရှီ ။        ။ အင်း ကရာတေး ခါးပတ်နက်ပါ့လား...
အိမိ ။        ။ ယူမီကို နင်ဘယ်က ရလာတာလဲ...
ယူမီ ။    ။ ဘယ်ကရရမှာလဲ ငါ ဂျပန်မှာ အတော်ဆုံး ကရာတေးဆရာကို အိမ်ခေါ်ပြီ သေချာ လေ့ကျင့်ထားတာပေါ့၊ ဟဲဟဲဟဲ...
ဆာရှီမီ ။    ။ ယူမီကိုက တော်လိုက်တာဟယ်...

    အိမိတို့ ၃ယောက်က ယူမီ ကိုအရမ်းအားကျတဲ့ အကြည့်များဖြင့် ၀ိုင်းကြည့်နေကြသည်။ အားလုံးအစီအစဉ် တကျဆွဲပြီပြီမို့ တိုကျိုမြို့စွန်း စိမ့်ဘယ်ရီချာ့်လ် ရှိရာသို့ ထွက်လာခဲ့ကြသည်။ စိမ့်ဘယ်ရီချာ့်လ် အနီးသို့ ရောက်လျှင် ချက်ချင်း မ၀င်သေးပဲ နောက် အစီအစဉ်တစ်ခု ယူမီခေါင်းထဲမှာ ပေါ်လာသည်။ အင်း၊ ယူမီသာ တကယ်ဖမ်းမိရင် ဒီဆူရှီ၊ ဆာရှီမီ၊ အိမိ တစ်ယောက်မှ အားကိုးလို့ ရမယ် မထင်ပေ။ ဒါကြောင့် ယူမီကိုယ်တိုင် မသွားပဲ၊ သူတို့ထဲက တစ်ယောက်ကို လွှတ်ရင် ပိုကောင်းမည် တွေးမိသည်နှင့်၊

ယူမီ ။    ။ ငါအကြံတစ်ခု စဉ်းစားမိတယ်။ အကယ်၍ ငါသာဖမ်းမိရင် နင်တို့အနေနဲ့ ကယ်ဖို့က သိပ်မဖြစ်နိုင်ဘူး။ ဒါကြောင့် နင်တို့ ၃ယောက်ထဲက သတ္တိအရှိဆုံးသူက ငါယောင်ဆောင်ပြီ တံဆိပ်ပြားကို သွားယူ။ ဖမ်းမိခဲ့လျှင်လည်း ငါရအောင် ပြန်ကယ်ထုတ်ပေးနိုင်တယ်။ နောက်ဆုံး မာဖီယာကို အကူအညီတောင်း နိုင်တယ်။ ဘယ်သူ Volenteer လုပ်ချင်လဲ...
    အိမိနဲ့ ဆူရှီက အရမ်းကို မျက်နှာပျက်စွာဖြင့်၊

အိမိ ။    ။ ယူမီကို ငါက အကောင်ညှက်တော့ နင်လို့ ဟန်ဆောင်ရင် သူတို့ကချက်ချင်း ရိပ်မိမှာ သေချာတယ်ဟ။ ဒါကြောင့် ငါမလုပ်ပါရစေနဲ့ဟယ်...
ဆူရှီ ။    ။ အမယ်လေး ငါဆို ပိုဆိုးတာပေါ့။ ယူမီကိုနဲ့ အရွယ်အစားခြင်းက တခြားစီ ဖြစ်နေတာ။ ဟီးဟီး ငါလဲ မဟန်ဆောင်ပါရစေနဲ့နော်...

    နောက်ဆုံး ဆာရှီမီ တစ်ယောက်ထဲသာ ကျန်တော့၍ အားလုံး မျက်လုံးတွေသည် ဆာရှီမီဆီသို့ ဦးတည်လာကြ၍၊

ဆာရှီမီ ။    ။ ငါကို ဘာလို့ ၀ိုင်းကြည့်နေတာလဲ။ အိမိနဲ့ဆူရှီလို ငကြောက်များ အောင်းမေ့နေလား။ ယူမီကို နင်အစား ငါဟန်ဆောင်ပေးမယ်...
    ဆာရှီမီကို နေကာမျက်မှန် ယူမီဂျာကင်အကျီင်္ အားလုံး ပြောင်း ၀တ်ဆင်ပေးလိုက်သည်။ ယူမီ နှင့် ဆာရှီမီက ကိုယ်လုံးရော၊ အရပ်အမောင်းပါ မတိမ်းမယိမ်း ဖြစ်တာမို့ အဝေးက ကြည့်လျှင် ယူမီဟုပင် ထင်မှာသေချာတယ်ဟု တွေးသဘောကျနေသည်။ အဆင်သင့်ဖြစ်ပြီမို့ အားလုံးကို Walkie Talkie တစ်လုံးစီပေးပြီ နေရာယူလိုက်ကြသည်။ ဆာရှီမီကတော့ စီစဉ်ထားသည့်အတိုင်း ချာ့်လ်အရှေ့ပေါက်ဝမှ ယူမီဟန်ဆောင်၍ ၀င်သွားသည်။ ယူမီ၊ အိမိ၊ ဆူရှီ ၃ယောက်တော့ နောက်ဘေးဘက် အပေါက်မှ ခိုးဝင်ပြီ လုစုခွဲရန်၊

ယူမီ ။    ။ ဟိုမှာ ဆာရှီမီ ရပ်နေတယ်။ တံဆိပ်ပေးမယ့်သူ မလာသေးဘူး ထင်တယ်။ အိမိ နင်က ဟိုဘက်မှာ သွားနေရာယူ၊ ဆူရှီ နင်ကတိုင်နောက်မှာ နေရာယူ။ ငါအချက်ပြရင် စတင်လှုပ်ရှားမယ်...

    ယူမီကတော့ ဆာရှီမီ ရပ်နေသော နေရာနှင့် မလှမ်းမကမ်း ဆီဗုံးတွေ နောက်တွင် ပုန်း၍ နေရာယူလိုက်သည်။ ဆာရှီမီကို အနောက်ကကြည့်လျှင် ယူမီနှင့် တော်တော်ဆင်သည်မို့ သံသယဖြစ်မှာကို မစိုးရိမ်ရဟု တွေးနေမိသည်။ ထိုစဉ် တံခါးဖွင့်သံ ကြားလိုက်၍ ယူမီလှမ်းကြည့်လိုက်သည်။ ချာ့်လ်ထဲသို့ ဆံပင်ရှည်အနီရောင်ဖြင့် ယူမီနှင့် ရုပ်ခပ်ဆင်ဆင် အမျိုးသမီးတစ်ဦး လမ်းလျှောက်ဝင်လာသည်။ ထိုအမျိုးသမီး ယူမီစိတ်ထဲ ရင်းရင်းနှီးနှီး မြင်ဖူးနေသလို ဖြစ်နေသည်။ ယူမီဘယ်မှာ မြင်ဖူးပါလိမ့်ဟု စဉ်းစားရခက်နေစဉ်၊ ထိုအမျိုးသမီးက ဆာရှီမီကို စကားစတင်ပြော၍ နှုတ်ဆက်လိုက်သည်။

အမျိုးသမီး ။    ။ ဒုတိယအကြိမ် တွေ့ဆုံကြပြီပေါ့...
အင်း သူလည်း ယူမီ ကိုသိနေသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။ ဆာရှီမီများ မှားဖြေလိုက်မလားကို စိုးရိမ်စွာ ကြည့်လိုက်မိသည်။ ဆာရှီမီက အနည်းငယ် လိမ္မာပါးနပ်သူမို့ ဟန်ချက်မပျက်ပဲ၊

ဆာရှီမီ ။    ။ ဟားဟားဟား၊ သိပ်မှန်တာပေါ့။ မှတ်မိပြီ၊ မှတ်မိပြီ...

သူမစကားကို လိုက်ရောယောင် လုပ်လိုက်သဖြင့် အနောက်မှ ယူမီမှာ သက်ပြင်းချလိုက်မိတော့သည်။

ဆာရှီမီ ။    ။ ယာကူဇာဂိုဏ်းထောင်ဖို့ ကူညီပေးတာ ကျေးဇူးပါပဲ။ ဒါနဲ့ တံဆိပ်ရော ပါလာလား...
အမျိုးသမီး ။    ။ သိပ်လည်း ဆန္ဒတွေ မစောပါနဲ့။ ယာကူဇာလက်ဆင့်ကမ်း တံဆိပ်ကို ပေးမှာပါ။ ဒါနဲ့ တို့ကို လှိုဝှက်သူ ဆိုလို့ မအံ့ဘြသွားဘူးလား...
ဆာရှီမီ ။    ။ သိပ်အံ့အားသင့်တာပေါ့။ လှိုဝှက်သူဆိုလို့ တို့ကို လိုက်ပိုးပန်းတဲ့ ယောကျာ်းလေး အောင်းမေ့နေတာ...
    အမျိုးသမီးက ကောက်ကျင့်သော အပြုံးဖြင့် ပြုံးလိုက်ပြီ၊

အမျိုးသမီး ။    ။ ယူမီကို မင်းကိုယ်မင်း သိပ်လှတယ် ထင်တယ်ပေါ့...
    ရင့်သီးစွာ ပြန်မေးလိုက်သည်။ ယူမီသာ ဆိုလျှင် ထိုနေရာမှာပဲ ဟုတ်တယ် ထင်တော့၊ ဘာဖြစ်လဲဟု ပြန်ရန်တွေ့လိုက်ချင်သည်။ သို့သော် ဆာရှီမီကတော့၊

ဆာရှီမီ ။    ။ တို့က မထင်ပါဘူး။ တို့ချစ်သူကတော့ ဒီလိုအမြဲပြောတတ်တယ်လေ...
    ချိုချိုသာသာ ပြန်ပြောသော်လည်း ထိုအမျိုးသမီးသည် ဘာကိုစိတ်ဆိုးသွားသည် မသိပဲ ဆာရှီမီ အကျီင်္ကို စောင့်ဆွဲ၍၊

အမျိုးသမီး ။    ။ မင်းကိုယ်မင်း၊ တိုမိုယာ ချစ်သူဆိုပြီ ဘ၀င်မြင့်နေပုံပဲ...
    တိုမိုယာဆိုလျှင် မာဖီယာကို သိနေတဲ့ သူပါ့လား။ အင်း ဒီအမျိုးသမီးကို ယူမီ ယာကူဇာ လက်ကမ်းစာစောင် တက္ကသိုလ်မှာ ဝေတုန်းက တွေ့ဖူးသည်ကို ပြန်မှတ်မိသွားသည်။ ဒါဆို ဒါတွေအားလုံးက မာဖီယာနဲ့ ရန်ညှိုးရှိတာမို့ ကြိုစီစဉ်ထားသည်ကို ခုမှပဲ နားလည်သွားတော့သည်။

ဆာရှီမီ ။    ။ နေပါအုန်း တိုမိုယာ ဆိုတာ ဘယ်သူလဲ...
အမျိုးသမီး ။    ။ မင်းက မင်းချစ်သူနံမည်တောင် မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား...
    သွားပါပြီ၊ ဆာရှီမီက မာဖီယာ နံမည်ကို နာဂါတိုလို့သာ သိခြင်း ဖြစ်ပြီ၊ နံမည်အရှည်ခေါက် နာဂါတို တိုမိုယာကို မသိပေ။ ဆာရှီမီလည်း သူပြောပြီမှ စကားမှားသွားပြီ ဆိုတာကို သိ၍ခြေလှမ်းများကို မသိမသာ နောက်သို့ တလှမ်းချင်း ဆုတ်ခွာလိုက်သည်။ ယူမီလည်း အခြေအနေမဟန်တော့သည်ကို သိ၍ စတင်လှုပ်ရှားရန် အိမိနှင့် ဆူရှီကို လက်ဟန်ဖြင့် အချက်ပြလိုက်သော်လည်း၊

Walkie Talkie ။ ။ ယူမီကို နင်ပြောတာ ငါမကြားဘူး၊ လှုပ်ရှားဖို့ ပြောတာလား ပြန်ဖြေ...
    အိမိ အသံသည် ယူမီ၊ ဆာရှီမီ၊ ဆူရှီ ၃ယောက်လုံး၏ Walkie Talkie မှကျယ်လောင်စွာ ထွက်ပေါ်လာသည်၍ အိမိတော့ လုပ်ချလိုက်ပြီဟု ယူမီစိတ်ထဲမှ ရေရွတ်လိုက်တော့သည်။ အမျိုးသမီးကလည်း ချက်ချင်း ဆိုသလို ဆာရှီမီကို ယူမီဟန်ဆောင် ထားသည်ကို ရိပ်မိသွားပြီ ဆာရှီမီ ထွက်ပြေးဖို့တောင် အချိန်မရလိုက်ခင်၊ ဆာရှီမီ ရင်ဘတ်ကို ခြေထောက်ဖြင့် စောင့်ကန်လိုက်၍ ဆာရှီမီ ကြမ်းပြင်ပေါ်သို့ လှဲကျသွားတော့သည်။

အမျိုးသမီး ။    ။ ငါနံမည် သေချာမှတ်ထား နိုရီ၊ သခင်မလေး နိုရီ။ ယူမီကို ဟန်ဆောင်ပြီ ငါကို လာညှာချင်သေးတယ်။ ယူမီကို မင်းချက်ချင်း မထွက်ခဲ့လို့ကတော့ မင်းသူငယ်ချင်း သေပြီသာမှတ်...

    ဆာရှီမီကို ခုတ်ရန် သခင်မလေးနိုရီ ဆိုသည့် အမျိုးသမီးသည် သူမ၏ ယာကူဇာဓားကို ဆွဲထုတ်ပြီ အပေါ်သို့ အမတွင်၊

ယူမီ ။        ။ မလုပ်နဲ့။ သတ်ချင်ရင် ငါကိုသတ်။ ယားယားယား...
    ဟပြိုင်တူုအော်ဟစ်ကာ ဆာရှီမီကို ကယ်တင်ရန် အမြန်ပြေးထွက် လာတော့သည်။

ဆက်ရန်.........
------------------------------------------------------

2 comments:

  1. ဖတ်သွားပြီးပီဂျူး

    ReplyDelete
  2. မေပယ်လ်ရေ မကြာခင်ယာကူဇာချစ်သူ-၂ ဇာတ်သိမ်းတော့မယ်... ပြီရင် နောက်အခန်းဆက်သစ် စပိုင်ချစ်သူ လာမယ်... ဖတ်အုန်းနော်.. :D

    ReplyDelete