ယာကူဇာချစ်သူ -၂ (အခန်း-၁ရ (မာဖီယာ))
တက္ကသိုလ်ရောက်ရောက်ချင်းပင် ယူမီကို မျက်နှာလေးကို မမြင်ရ၍ လိုက်ရှာနေမိသည်။ အင်း ၁၁နာရီတောင် ထိုးနေပြီ ဒီနေ့ ယူမီကို၊ အိမိ၊ ဆာရှီမီ၊ ဆူရှီ ၄ယောက်လုံး ကျောင်းမလာပဲ ဘယ်လစ်နေပါလိမ့်။ ဟဲဟဲ မနေ့က ကျွန်တော် ယူမီကိုကို အနမ်းပေးလိုက်တာကို ယူမီကိုရှက်ပြီ မလာတာပဲ ဖြစ်မယ်ဟု တွေးကာ တစ်ယောက်ထဲ ကြိတ်ကြည်နူးနေစဉ်၊
ဟွန်ဒါကြီး ။ ။ သခင်လေး ကျွန်ုပ်တစ်ခုလောက် မေးလို့ရမလား...
ကျွန်တော် ။ ။ လန့်သွားတာပဲ။ ဘာလဲ ပြော...
ဟွန်ဒါကြီး ။ ။ မနေ့က သခင်မလေးနိုရီကို ဘာလို့ ရည်စားစာပေးခိုင်း တာလဲ...
ကျွန်တော် ဘိုင်ခနဲမြည်အောင် လှဲကျသွားတော့သည်။ ကျွန်တော် စိတ်ဆိုးသွားသော အသံဖြင့်၊
ကျွန်တော် ။ ။ မင်းကို ဘယ်သူက ရည်စားစာပေးခိုင်းလို့လဲ၊ သေတမ်းစာကွ...
ဟွန်ဒါကြီး ။ ။ ဘာသေတမ်းစာ...
အာဒုက္ခပါပဲ၊ ဟွန်ဒါကြီးကိုမှ လျှောက်ပြောမိတယ်။ ဒီကောင် ရိပ်မိသွားလျှင် ကျွန်တော် အစီအစဉ်တွေ အားလုံး ရှုပ်ကုန်နိုင်သည်ဟု တွေးမိ၍ ဘာမှပြန်မဖြေပဲ အူကြောင်ကြောင် လုပ်နေလိုက်သည်။ ဒီနေ့နေ့လည် ၁နာရီတိတိတွင် တက္ကသိုလ်ဘေးက ဂိုဒေါင်တွင် ဂင်(ယာကူဇာစလေရာ)ကိုရော၊ နိုရီကိုပါ နှစ်ယောက်စလုံးကို ချိန်းထားသည်။ ဒီအရှုပ်ထုပ် နှစ်ယောက်ထဲက တစ်ယောက်ရှင်းနိုင်ရင်တောင် ကျွန်တော်အတွက် အမြတ်ပင်။ ဂင်ကလည်း ယာကူဇာစလေရာ ဖြစ်တာမို့ အန္တာရာယ်ရှိသည်။ နိုရီကတော့ ကျွန်တ်ာကို အမြဲသတ်ချင်နေသူမို့ ကိစ္စတုံးသွား အေးတာပဲဟု တွေးရယ်နေမိသည်။
ဒါပေမယ့် သူတို့ နှစ်ယောက်ထဲက ဘယ်သူ ပိုစွမ်းသည်ကို ကျွန်တော်ကိုယ်တိုင်က သိချင်တဲ့ စိတ်ကလည်း ရှိသေးသည်။ အင်း ဂင်ပဲနိုင်မလား၊ နိုရီပဲ နိုင်မလား သိချင်လိုက်တာ၊ စောင့်ကြည့်နေရင်ပဲ ကောင်းမလားဟု တွေဝေနေမိသည်။ နောက်ဆုံး မမျိုသိပ်နိုင်တော့ သည့်အဆုံး ငါသွားချောင်းကြည့်ရင် ဖြစ်တာပဲဟု တွေးမိ၍၊
ကျွန်တော် ။ ။ ဟွန်ဒါကြီး ငါအရေးကြီး ကိစ္စ သွားစရာ ရှိလို့၊ မင်း ကားနားမှာ စောင့်ပြီ ကျန်ခဲ့...
ဟွန်ဒါကြီး ။ ။ သခင်လေး ဘာအရေးကြီး ကိစ္စလဲ...
ကျွန်တော် ။ ။ မင်းနဲ့ မဆိုင်ပါဘူး။ ဒါငါကိစ္စ...
ဟွန်ဒါကြီး ။ ။ ကျွန်ုပ်ပါ လိုက်ခဲ့မယ်လေ။ သခင်လေးတစ်ယောက်ထဲ စိတ်မချလို့...
ကျွန်တော် ။ ။ မင်းမလိုက်ပါနဲ့။ မခန့်မသင့်ရင် မင်းအသက်ပါ ငါ အာမမခံနိုင်ဘူး...
ကျွန်တော် ထွက်မယ့်အလုပ်တွင် ဂျောက်၊ဂျောက်၊ ဂျောက် အသံကြား၍၊
ကျွန်တော် ။ ။ ဟွန်ဒါကြီး မင်း သေချင်နေပြီလားကွ။ မင်းဖုန်းပေးစမ်း...
သူ့ဖုန်းကိုပါ သိမ်း၍ ဂိုဒေါင်ရှိရာသို့ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ ဂိုဒေါင်နားသို့ ကျွန်တော်ရောက်တော့ နေ့လည် ၁နာရီထိုးနေပြီ ဖြစ်သည်။ သခင်မလေးနိုရီ နဲ့ ဂင်အရိပ်အယောင် တစ်ချက်လေးတောင် မတွေ့ရ၍ ဂိုဒေါင်ဘေးဘက်က အထဲသို့ ချောင်းမြောင်းကြည့်နေသည်။ ဂင်မလာရင်တော့ ငါကို နိုရီက လိမ်တယ်ဆိုပြီ အပိုင်းပိုင်းခုတ်မှာ ဒုက္ခပါပဲ၊ ဘာလို့ ဂင်နောက်ကျနေပါလိမ့်ဟု စဉ်းစားနေစဉ် အနောက်မှ ကျွန်တော်ပခုံးကို လူတစ်ယောက် လာပုပ်၍ အလန့်တကြား လှည့်ကြည့်လိုက်ရာ၊
ကျွန်တော် ။ ။ ဟွန်ဒါကြီး မင်းကိုး။ မင်းလုပ်လို့ လန့်တာ ဒီနေ့ နှစ်ခါရှိပြီကွ။ ဒါနဲ့ ငါလိုက်မလာပါနဲ့ သေချာ မှာထားရက်နဲ့...
ဟွန်ဒါကြီး ။ ။ သခင်လေး ဟမ်းဖုန်းကားပေါ်မှာ ကျန်ခဲ့လို့ လိုက်ပေးတာ...
ကျွန်တော် ဟမ်းဖုန်းကို အတင်းလာထိုးပေးသည်။ ဟွန်ဒါကြီး တမင်လိုက်ချင်လို့ လိုက်လာမှန်း သိ၍ စိတ်တိုတိုဖြင့် ဖုန်းကို ဆွဲယူလိုက်ပြီ၊
ကျွန်တော် ။ ။ သွား ငါနဲ့ခပ်ဝေးဝေးမှာ သွားရပ်နေ...
မောင်းထုတ်လိုက်သည်။ ဒီမှာ အရေးပေါ်အချိန်ရောက်နေတာ ဒီကောင်ဟွန်ဒါကြီးက တရှုပ်၊ ဂိုဒေါင်ဘက်ကို ထပ်စူးစမ်းနေပြန်သည်။ နောက် ၁၀မိနစ်လောက် တိုင်အောင် မည့်သူ အရိပ်အယောင်မှ မတွေ့ရ၍၊
ကျွန်တော် ။ ။ ဂင်အချိန်မလေးစားတဲ့ကောင်၊ ခု၁နာရီ ၁၀မိနစ်တောင် ရှိသွားပြီ ဘယ်နားသွားသေနေမှန်း မသိဘူး...
ပါးစပ်မှ တိုးတိုးလေး ရေရွတ်နေလိုက်သည်။ အနောက်မှ ကျွန်တော်ကို ပခုံးထပ်လာပုပ်သဖြင့် ဟွန်ဒါကြီးတော့ကွာဟု ခပ်တင်းတင်းဖြင့်၊
ကျွန်တော် ။ ။ ဟွန်ဒါကြီး မင်းကို ထွက်သွားခိုင်းတာ... အင်း... ဟို... ဟို ဂင်ပါ့လား။ အထဲမ၀င်ပဲ ဒီမှာ ဘာလာလုပ်နေတာလဲ...
ဟွန်ဒါကြီးမဟုတ်ပဲ ဂင်ဖြစ်နေ၍ ကျွန်တော် တံတွေးတစ်ချက် မျိုချလိုက်သည်။ ဂင်က အပြင်ဝတ်စုံဖြင့် အရင်တိုင်း ရှိုးအပြည်နှင့် မျက်တောက်နီကာ ကျွန်တော်ကို စိုက်ကြည့်နေပြီမှ ကျွန်တော်ဂုတ်ကို ဆွဲမလိုက်ပြီ၊
ဂင် ။ ။ ခင်များကရော ဒီမှာဘာလို့ လာပုန်းနေတာလဲ။ လာအထဲဝင်မယ်...
ကျွန်တော် ။ ။ နှိုး၊ နှိုး၊ နှိုး၊ မ၀င်ဘူး၊ မ၀င်ဘူး...
ဂိုဒေါင်ထဲ ၀င်ရမည်ကို ကြောက်အားကြီးစွာ ကျွန်တော် အော်ဟစ်တော့သည်။ ဂင်ကလည်း မရမက အတင်းကျွန်တော်ကို ဂိုဒေါင်ထဲ ဆွဲခေါ်မည် အလုပ်တွင်၊
ဟွန်ဒါကြီး ။ ။ ရပ်စမ်း။ ခုချက်ချင်း ကျွန်ုပ် သခင်လေးကို လွှတ်လိုက်...
ဂင် ။ ။ ခင်များနဲ့ မဆိုင်ရင် ၀င်မပါနဲ့...
ကျွန်တော် ။ ။ ဟွန်ဒါကြီး ငါကိစ္စပါဆို၊ မင်းအသာနေစမ်း...
ဂင် ဂုတ်ကနေ ဆွဲမ၍ ကျွန်တော်ကို ဂိုဒေါင်ထဲသို့ ဆွဲဆောင်သွားတော့သည်။ ခုနေများ သခင်မလေးနိုရီ ရောက်လာလို့ကတော့ ကျွန်တော်တော့ သွားပါပြီဟု တွေးကြောက်နေမိသည်။ ဟွန်ဒါကြီးကလည်း ယာကူဇာဓားကို ထုတ်ရန် အသင့်ပြင်၍ ကျွန်တော်တို့နဲ့ မလှမ်းမကမ်းကနေ လိုက်လာသည်။ ဂိုဒေါင်ထဲရောက်သည်နှင့် ဂင် ကျွန်တော်ကို လွှတ်ပေးလိုက်ပြီ၊
ဂင် ။ ။ ခင်များပေးထားတဲ့ ကတိအတိုင်း အဆိပ်တရားခံ ရှာတွေ့ပြီလား။ ဘယ်သူလဲ မြန်မြန်ပြောစမ်း...
အင်း၊ ဂင်က သေမင်းတမန်အဆိပ် နောက်ကို ဘာလို့ ဒီလောက်သဲကြီးမဲကြီး လိုက်နေပါလိမ့်ဟု ကျွန်တော် နားမလည်သဖြင့်၊
ကျွန်တော် ။ ။ ခင်များကရော ဘာလို့ ဒီအဆိပ်တရားခံကို သိချင်နေရတာလဲ...
ဂင် ။ ။ ကျွန်ုပ် တမိသားစုလုံးကို သတ်သွားတဲ့ တရားခံကို ကျွန်ုပ်ဘာလို့ မသိချင်ရမှာလဲ...
ပြောရင်း သူ့ယာကူဇာဓားကို ဆွဲထုတ်လိုက်သည်နှင့် တပြိုင်နက်တည်း ဟွန်ဒါကြီးကလည်း သူ့ဓားကို ဂင်နဲ့ တိုက်ခိုက်ရန် ဆွဲထုတ်လိုက်သည်။ ထိုစဉ် သခင်မလေးနိုရီနဲ့ အပေါင်းအပါများ ရောက်ချလာပြီ ကျွန်တော်တို့ ၃ယောက်လုံးကို ၀ိုင်းရံထားလိုက်သည်။ ဂင်က ကျွန်တော်သူကို သစ္စာဖောက်သည်ကို ရိပ်မိသွားသည်နှင့် တပြိုက်နကတည်း ဓားဖြင့် ကျွန်တော်ရင်ဝကို ချိန်ထားလိုက်ပြီ၊
ဂင် ။ ။ ဟားဟားဟား၊ ခင်များက ကျွန်ုပ်ကို သစ္စာဖောက်ရဲတယ်ပေါ့။ ဟားဟားဟား...
နိုရီ ။ ။ ရှင်က ယာကူဇာစလေရာပေါ့...
ဂင် ။ ။ ဟုတ်တယ်။ ခင်များတို့ ကျွန်ုပ်ကို တော်တော်ပေါ့ပေါ့တွေး ထားပုံပဲ။ ခင်များတို့ တစ်ယောက်မှ အရှင်ထားမယ် မထင်နဲ့...
နိုရီ ။ ။ စကားပြောသွားတဲ့ပုံက မိုက်လိုက်တာ။ ချစ်တယ် ယာကူဇာစလေရာရယ်...
ဟုအော်ဟစ်ကာ နိုရီတစ်ယောက် ယာကူဇာစလေရာ အစစ်ကို ကြိုက်လွန်းလို့ ထိုနေရာမှာပင် မေ့လှဲသွားတော့သည်။ ဟွန်ဒါကြီးကပါ ယာကူဇာစလေရာဟု ကြားလိုက်သည်နှင့် ရောယောင်ပြီ မေ့လှဲသွားသေးသည်။ အရေးထဲမှာ နိုရီ ယာကူဇာစလေရာ အရူးမနဲ့ လာတိုးနေသေးတယ်ဟု ကျွန်တော်စိတ်ထဲမှာ ကြိမ်းဆဲလိုက်ပြီ နိုရီ ယာကူဇာစလေရာကို အာရုံရောက်နေတုန်း ကျွန်တာ် မသိမသာ လစ်ထွက်ရန် ခြေလှမ်းပြင်လိုက်သည်။
နိုရီ ။ ။ ရပ်စမ်း...
ကျွန်တော် ။ ။ ခင်များ အရမ်းကြိုက်တဲ့ ယာကူဇာစလေရာကို တွေ့ပြီပဲ။ ကျွန်ုပ်မှ မလိုတော့တာ၊ ဘိုင်ဘိုင်နော်။ လာဟွန်ဒါကြီး ပြန်ရအောင်...
ရူးတူးတူး၊ ပေါတောတော ဟန်ဆောင်၍ ဟွန်ဒါကြီးနဲ့ တူတူထွက်ပြေးရန် ကြံသော်လည်း၊
နိုရီ ။ ။ ဟားဟားဟား၊ တိုမိုယာ မင်းငါကို အရူးလုပ်လို့ ရမယ်ထင်နေလား။ အားလုံး ယာကူဇာစလေရာကို အရှင်ဖမ်း၊ တိုမိုယာကို အသေသတ်...
ဘာ၊ ဒုက္ခပါပဲ ကျွန်တော် သူများကို ထောက်ချောက်ဆင်တာ ခုကိုယ်ပြန်မိနေပြီ ဘယ်လို လုပ်ရပါ့မလဲ။ မတတ်နိုင်တဲ့ အဆုံး ပြန်တိုက်ရုံသာ ရှိတော့တာပေါ့ဟု တွေးလိုက်သည်။ ဟွန်ဒါကြီးက ကျွန်တော်နားကပ်လာပြီ၊
ဟွန်ဒါကြီး ။ ။ သခင်လေး ဘာလို့ ယာကူဇာစလေရာရော၊ နိုရီရော တချိန်ထဲမှာ ချိန်းတာကို ဘာလို့ ကြိုမပြောတာလဲ။ နဂါးနီဂိုဏ်းကကောင်တွေကို ကျွန်ုပ်သခင်လေးတိုမိုယာ ဘယ်လောက်တောင် သတ္တိရှိကြောင်း ကျွန်ုပ်ကြွားချင်လို့...
ကျွန်ုပ် ဘိုင်ခနဲမြည်အောင် နောက်ပြန်လှဲကျသွားကာ ပါးစပ်မှ အမြုပ်များ ထွက်လာသည်။ အမယ်လေး သတ္တိရှိဖို့ နေသာသာ၊ ခုနေ ဘာက အသက်ထွက်ရမှန်း မသိဖြစ်နေတော့သည်။ ရန်သူအယောက် ၁၀၀ကို ဘယ်လိုရင်ဆိုင်ရမှန်း မသိခင်မှာ၊
ဂင် ။ ။ နာဂါတို မင်းအရှုပ်ပုံတွေ ငါကိုလာရှုပ်ချင်အုန်း၊ မင်းကို အသေသတ်မယ်...
ဓားနဲ့ အားကုန်သုံး၍ ကျွန်တော်ကို အတင်းလိုက် တိုက်ခိုက်တော့သည်။ ရန်သူကို ပြန်တိုက်ခိုက်ဖို့ နေသာသာ၊ ဂင်ကို ခုခံနေရတာနဲ့ ကျွန်တော် ဘယ်နားက အသတ်ထွက်ရမှန်း မသိတော့ပေ။ ရန်သူတွေကလည်း ဂင်ကို ယာကူဇာစလေရာဆိုသည်နှင့် ကြောက်၍ ဘယ်သူမှ မကပ်ရဲပဲ၊ ကျွန်တော်ကိုသာ ၀ိုင်းအုံ့တိုက်ခိုက် နေကြသည်။ ရန်သူတွေ အရမ်းများသဖြင့် ကျွန်တော်နဲ့ ဟွန်ဒါကြီး ခုခံဖို့ အရမ်းကို ခက်နေသည်။ ဒီချိန်မှာ ဂင်ကပါ ကျွန်တော်ကို တိုက်ခိုက်နေရင် သေဖို့လမ်းသာ ရှိတော့သည်မို့၊
ကျွန်တော် ။ ။ ဂင်၊ မင်း ငါကို သတ်ချင်ရင်နောက်မှ သတ်ကွ။ ခုဒီကောင်တွေကို ငါတို့ ပူးပေါင်းပြီ အရင်ရှင်းမှ ဖြစ်မယ်...
ဂင် ။ ။ မရဘူး။ ကျွန်ုပ်ကတော့ ခင်များကို အရင်သတ်မယ်...
ဆက်တိုက်ခိုက်စဉ် ဂင်နောက်မှ နိုရီတပည့်နှစ်ယောက် အလစ်တိုက်သဖြင့် ဂင်အင်္ကျီအနည်းငယ် ပြဲသွားတော့သည်။ ဂင်သူ့အကျီင်္ပြဲသွားသည်ကို အလွန်ဒေါသထွက်သွားပုံဖြင့်၊
ဂင် ။ ။ ထွီ၊ နာဂါတို မင်းနဲ့ ငါနောက်မှ စာရင်းရှင်းမယ်။ ငါအရမ်းကြိုက်တဲ့ အကျီင်္ကို ပြဲအောင် လုပ်ရဲတဲ့ ကောင်တွေ အသေပဲ...
ကျွန်တော်ကို မတိုက်ခိုက်တော့ပဲ ရန်သူတွေနဲ့ ခုခံတိုက်ခိုက်တော့သည်။ ၀ူး၊တော်ပါသေးရဲ့ဟု ကျွန်တော် သက်ပြင်းချပြီ ထိုးစစ်ဆင်တော့သည်။ နိုရီကတော့ အဝေးမှာရပ်၍၊
နိုရီ ။ ။ ယာကူဇာစလေရာကို ဖမ်း၊ တိုမိုယာကို သတ်...
ဟုလက်သီးနှစ်ဖက် မြှောက်ကာ အော်ဟစ်နေသည်။ ဒီလိုမှန်းသာ သိရင် နိုရီကို အရင်ကတည်းက ရှင်းဖို့ကောင်းသည်ဟု တွေးနေမိသည်။ နိုရီတပည့် အားလုံးသည် ယာကူဇာ နယ်ပိုင်အဆင့် ရှိသည့်သူများ ဖြစ်၍ ကျွန်တော်တို့ ၃ယောက်နဲ့ အယောက် ၁၀၀ အင်အားအဆမတန်အောင် များပြားနေသည်။ ဂင်ဘေးတွင် ဒဏ်ရာရသူတွေ အပုံလိုက်ဖြစ်နေ၍ ကျွန်တော်လည်း မခံချင်ပဲ ငါအစွမ်းပြရချည်းသေးရဲ့ဟု ကြိမ်းဝါးကာ အားကုန်သုံး၍ အကြီးအကျယ် တိုက်ခိုက်တော့သည်။
ရန်သူတွေကို ကျွန်တော် အာရုံ အရမ်းရောက်နေစဉ် ကျွန်တော်နောက်မှ သခင်မလေးနိုရီရဲ့  ဓားတစ်စင်း ၀င်လာသည်ကို သိသော်ဌါးလည်း အချိန်မမှီတော့ပဲ မြေပြင်ပေါ်သို့ လှဲကျသွားတော့သည်။ ထူးဆန်းသည်မှာ ကျွန်တော်အစား ဂင်က အစားဝင်ခံပေးလိုက်၍ သူ့လက်မောင်းမှာ ဒဏ်ရာ အနည်းငယ်ရရှိသွားသည်။
ကျွန်တော် ။ ။ ခင်များ ကျွန်တော်ကို ကယ်တယ်...
အရမ်းအံ့အားသင့်စွာဖြင့် ဂင်ကို ပြောလိုက်သည်။
ဂင် ။ ။ ကျွန်ုပ်၊ ယူမီကိုအတွက် ခင်များကို ကယ်ပေးလိုက်တာ...
ဟုပြန်ဖြေပြီတာနဲ့ ဂင် ကျွန်တော်ရှေ့မှာတင် လှဲကျသွားတော့သည်။ ပွန်းပဲ့ဒဏ်ရာလောက်နှင့် ဂင်လှဲကျသွားသဖြင့် အံ့ဘြစွာ နိုရီကို တချက် လှမ်းကြည့်လိုက်မိသည်။
နိုရီ ။ ။ ဟားဟားဟား၊ ယူမီကို၊ ယူမီကို ယာကူဇာစလေရာကလည်း သူကို သဘောကျနေတာကိုး။ ခဲလုံးတစ်လုံးထဲနဲ့ ဌက်နှစ်ကောင် ထိပြီပေါ့။ ဟားဟားဟား...
ကျွန်တော် ။ ။ ခင်များ လူယုတ်မာ၊ ခင်များဓားမှာ အဆိပ်ပါတယ် မလား...
နိုရီ ။ ။ ခုမှသိသလား ကိုလူလည် တိုမိုယာ။ ကျွန်မဓားမှာ ပါတာ သေမင်းတမန်အဆိပ် ဆိုတာကိုလေ။ ဟားဟားဟား...
ကျွန်တော် ။ ။ ဘာ...
ကျွန်တော် လုံးဝမထင်မှတ်သည်မှာ သေမင်းတမန် အဆိပ်ပိုင်ရှင်သည် နိုရီဖြစ်မည်လို့ပင်။ သေမင်းတမန်အဆိပ် နံမည်ကြားရုံဖြင့် ဂင်အဆိပ်မိပြီ လှဲကျရာမှ အတင်းပြန်ကုန်းထလာပြီ ကျွန်တော်နောက်ကျောကို မှီ၍ ရပ်လိုက်ပြီ၊
ဂင် ။ ။ နာဂါတို၊ မင်း ဒီမိစ္ဆာမကို သတ်ဖို့ ကူညီပေးပါ...
ပြောကာ ပြန်လှဲကျသွားပြန်သည်။ ဟွန်ဒါကြီးတစ်ယောက်ထဲ ကျွန်တော်တို့အတွက် ခုခံတိုက်ခိုက်ပေးနေရသည်။ ဒီအတိုင်းဆိုလျှင် ကျွန်တော်တို့ ၃ယောက်လုံး သေသွားနိုင်သည်။
ကျွန်တော် ။ ။ ဂင်၊ ခင်များ သတိထားပါအုန်း။ ကျွန်တော်တို့ ဒီကအရင်ထွက်မှ ဖြစ်မယ်...
ဂင် ။ ။ ငါ မိသားစုအတွက် လက်စားချေပြီမှ ငါသွားနိုင်မယ်...
ကျွန်တော် ။ ။ ခင်များ မိသားစုအတွက် ကလဲ့စားချေချင်ရင် ခင်များ အသက်ရှင်နေရမယ်...
ကျွန်တော်ပြောသည်ကို ဂင်ထောက်ခံသည့်ပုံဖြင့် ခေါင်းတစ်ချက်ညိတ်ပြ၍ ယာကူဇာစလေရာ လေတစ်ချက် ချွန်လိုက်သည်။ သူ၏ နောက်ဆုံးလက်နက် မုဆိုးစေတမန်လက်နက်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ လေချွန်သံ ကြားသည်နှင့်အတူ အလွန်မှ အင်ယာမ အင်ဆေးရှင်းခွေးကြီး အကောင် ၂၀လောက် အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီ ရန်သူများကို တိုက်ခိုက်တော့သည်။ နိုရီလည်း တော်တော်လေးကို မထင်မှတ်ထားသဖြင့် သွေးပျက်သွားပုံရသည်။
ကျွန်တော် ။ ။ ဟွန်ဒါကြီး၊ မြန်မြန် ယာကူဇာစလေရာကို တွဲခေါ်ပြီ ထွက်ပြေးမယ်...
ဟွန်ဒါကြီး ။ ။ ယာကူဇာစလေရာကို မခေါ်တာ ပိုအန္တာရာယ်ကင်းမယ်နဲ့ တူတယ်...
ကျွန်တော် ။ ။ ငါမင်းကို အမိန့်ပေးနေတယ်...
ဟွန်ဒါကြီး ပခုံးပေါ်သို့ ဂင်ကို တင်ပေးလိုက်ပြီ ကျွန်တော်ဘေးမှ သူတို့ကို ကာကွယ်ပေးရင်း ဂိုဒေါင်ထဲမှ အမြန်ထွက်ခွာတော့သည်။ သခင်မလေးနိုရီ မလိုက်နိုင်တော့သည့် အကွာအဝေးရောက်သောအခါ၊
နိုရီ ။ ။ တိုမိုယာ ရပ်စမ်း...
ကျွန်တော်ကို မမှီနိုင်တော့သဖြင့် အနောက်သို့ မချိပြုံးပြီ၊
ကျွန်တော် ။ ။ မင်း လူယုတ်မာ၊ အဆိပ်ဘုရင်မဆိုတာ ငါအားလုံးသိအောင် ဖော်ထုတ်ပြမယ်...
အဝေးက လှမ်းအော် ပြောဖြစ်အောင် ပြောလိုက်သေးသည်။
နိုရီ ။ ။ ယူမီကိုကို အရှင်လိုချင်ရင် မင်းပါးစပ်ပိတ်နေတာ ပိုကောင်းလိမ့်မယ်...
အရမ်းကို လန့်သွားကာ၊ ယူမီ ကို နိုရီဖမ်းထားတာများလားဟု တွေးမိ၍၊
ကျွန်တော် ။ ။ မင်း ယူမီကိုကို ထိရဲထိကြည့် မင်းကို ငါသတ်မယ်...
နိုရီ ။ ။ ယူမီကိုကို လိုချင်ရင် ၁၈ရက်နေ့ နေ့လည် ၁နာရီတိတိ ဒီနေရာကို ယာကူဇာစလေရာနဲ့ ယူမီကိုကို လာလှဲ။ ၁နာရီကျော်သွားရင် သူမအသက်ကို ငါတာဝန်မယူနိုင်ဘူး...
ကျွန်တော် ။ ။ လူယုတ်မာမ၊ တိရစ္ဆာန်ထက် ကောက်ကျစ်တဲ့ မိစ္ဆာမ၊ မင်းကို ငါခုအသေသတ်သွားမယ်...
ကျွန်တော် ပြန်ပြေးပြီ နိုရီကို သတ်ရန် ဟန်ပြင်စဉ် ဟွန်ဒါကြီး အနောက်မှ ကျွန်တော်ကို ခေါင်းကို ရိုက်ချလိုက်၍ ထိုနေရာမှာပင် မူးဝေလှဲကျကာ သတိမေ့သွားတော့သည်။
ဟွန်ဒါကြီး ။ ။ သခင်လေး တောင်းပန်ပါတယ်။ သခင်လေး ကောင်းဖို့ အတွက်ပါ...
ဟုပြောကာ ဂင်ရော၊ ကျွန်တော်ကိုပါ ပွေ့ချီပြီ ဟွန်ဒါကြီး ထွက်ပြေးသွား လေတော့သည်။
ဆက်ရန်...............
-------------------------------------------------
သေမင်းတမန်အဆိပ်ကို မေပယ်ကို တစ်ဝက်ခွဲပေးလိုက်နော် လို့း)
ReplyDeleteသူကျောင်းပိတ်လို့ပျင်းနေတယ်တဲ့
အပျင်းပြေသွားအောင်ပါ..
ဖတ်သွားပြီနော်
နောက်တစ်ပိုင်းလာမှ ပြန်လာမယ်
ဟေ..မကြီးချောကတော့ ဖွပြီ..:P
ReplyDeleteမဂျူး မယုံနဲ့ အဲဒီအဆိပ် မတိုက်နဲ့နော်
အမွှ့ာမမတွေ မျက်နှာတော့ ထောက်ပေးပါဗျာ:)
haaa အဆိပ်ပေးပြီရင် ဖြေဆေးပါ ပေးမှာပါ... :D
ReplyDelete