Saturday, December 18, 2010

ယာကူဇာချစ်သူ -၂ (အခန်း-၁၈ (မာဖီယာ))

ယာကူဇာချစ်သူ -၂ (အခန်း-၁၈ (မာဖီယာ))

    ကျွန်တော် သတိမေ့နေရာမှ လန့်နှိုးလာလာချင်းပင် ဟွန်ဒါကြီးကို မြင်သည်နှင့်၊

ကျွန်တော် ။    ။ ဟွန်ဒါကြီး၊ ဂင်ရော ကိစ္စတုံးသွားပြီလား။ သူဘယ်လောက်ပဲ မကောင်းမှုတွေ ပြုခဲ့၊ ငါအသက်ကို ကယ်ခဲ့တာဆိုတော့ သူကို ကောင်းကောင်း သဂြိုလ်ပေးလိုက်ပါကွာ...
ဂင် ။        ။ ကျွန်ုပ် မသေပါဘူး။ ခင်များ စိတ်မပူပါနဲ့...
    အနောက်ကနေ စကားလှမ်းပြောလိုက်သဖြင့် လိပ်ပြာလန့်မတတ် အောင်ဖြစ်သွားတော့သည်။ လှည့်ကြည့်လိုက်တော့ ဂင် ကျွန်တော် ဘေးမှ ကုတင်ပေါ်တွင် အိပ်လျှက် ပြုံးပြနေသည်။ အင်း ဂင်သေသွားပြီ ကျွန်တော်ကိုများ လာခြောက်နေသလားဟု တွေးလန့်လာသည်။ ဟွန်ဒါကြီးကို ကြည့်တော့လည်း ဟွန်ဒါကြီက ရေခဲမုန့်စားရင်း ပြတင်းပေါက်ကနေ ငေးငိုင်နေသည်။ အမယ်လေး ဂင်ကို ငါတစ်ယောက်ထဲပဲ မြင်နေတာလား မသိဘူး တွေးမိ၍ ကြက်သီးဖြန်းဖြန်းထလာသည်။

ကျွန်တော် ။    ။ ဂင်၊ မင်းငါကို လာခြောက်နေတာလား...
ဂင် ။    ။ ခင်များ သိပ်လည်း ကြောက်မနေပါနဲ့။ ကျွန်ုပ်က သရဲမဟုတ်ပါဘူး...
ကျွန်တော် ။    ။ ဒါဆို မင်းမှာ သေမင်းတမန်အဆိပ် ဖြေဆေးမရှိပဲ မင်းဘယ်လို အသက်ရှင်နေတာလဲ...
ဂင် ။    ။ ကျွန်ုပ် ဒီအဆိပ်ကို မပျံ့သွားအောင် ယာကူဇာစလေရာအစွမ်းနဲ့  ထိန်းထားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်ရဲ့ ယာကူဇာစလေရာ အစွမ်းတွေတော့ ထုတ်သုံးဖို့ မဖြစ်နိုင်တော့ဘူး...


    တော်ပါသေးရဲ့၊ ဂင်မသေပေလို့ပင်။ ဂင်နဲ့ ကျွန်တော်မှာ ဘာရန်ညှိုးမှ မရှိသဖြင့် ဂင်ကို မသေစေချင်သည်ကတော့ အမှန်ပင်။ ဂင်က ကျွန်တော်ကို ဆက်စကားမပြောတော့ပဲ၊ ဂျပန် မန်ဂျာကာတွန်း စာအုပ်ကို စိတ်ဝင်စားစွာ ဖတ်နေသည်။ ကျွန်တော် ထင်ထားတဲ့ ယာကူဇာစလေရာနဲ့ တကယ် အစစ်နဲ့က လုံးဝကို တခြားစီပင်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အသက်ကို ကယ်လိုက်လို့သာ ခုဒီနေရာမှာ ရှိနေနိုင်တာ တွေးမိပြီ၊

ကျွန်တော် ။    ။ ဂင် ကျေးဇူးပဲ...
    ဂင် ကျွန်တော်ကို လှည့်ကြည့်ကာ၊ သူစာအုပ်ကို ရင်ဘတ်ပေါ်မှောက်ချ လိုက်ပြီ၊

ဂင် ။        ။ အချင်းချင်းတွေ မလိုပါဘူး...
ကျွန်တော် ။    ။ ဒါဆို ခင်များနဲ့ ကျွန်တော် သွေးသောက်ညီအစ်ကို ဖွဲ့ရအောင် လုပ်ပါဗျာ...
    ဟီးဟီး၊ ယာကူစလေရာနဲ့ သွေးသောက်ညီအစ်ကို ဆိုရင် ကျွန်တော်ကို ယာကူဇာတွေ တစ်ကောင်မှ ထိရဲမှာ မဟုတ်တော့ဘူးကွ။ ဂင်ကို အတင်း အပူလိုက်ကပ်တော့သည်။

ဂင် ။        ။ ကျွန်ုပ်လို ယာကူဇာစလေရာနဲ့ မပတ်သက်ချင်စမ်းပါနဲ့...
ကျွန်တော် ။    ။ ဂင်ရယ် လုပ်ပါဗျာ။ နော်နော်နော်လို့...
    ဂင် စိတ်ပျက်တဲ့ပုံဖြင့် သက်ပြင်းချနေတော့သည်။ ထိုအချိန်တွင်၊

ဟွန်ဒါကြီး ။    ။ သခင်လေး ကျွန်တော် တစ်ခုလောက်ပြောလို့ ရမလား...
    အရေးထဲ ဒီဟွန်ဒါကြီး ဘာတွေ ပေါက်တတ်ကရ ပြောမလဲ တွေးမိကာ မျက်နှာခပ်တည်တည်ဖြင့်၊
ကျွန်တော် ။    ။ အေး ဘာလဲ မြန်မြန်ပြော...
ဟွန်ဒါကြီး ။    ။ ကျွန်တော်လည်း သခင်လေးနဲ့ သွေးသောက်ညီအစ်ကို ဖွဲ့ချင်လို့်...
    ဒုန်း ခနဲမြည်အောင် ဟွန်ဒါကြီး မျက်နှာတည့်တည့်ကို လက်သီးဖြင့် ပိတ်ထိုးလိုက်သည်။ ဂင်က ကျွန်တော်ကို ခွာလို့ မရမှန်းသိမှ၊

ဂင် ။    ။ ဒီလို လုပ်ဗျာ၊ ခင်များ ကျွန်ုပ်ကိုယ်စား နိုရီကို ရှင်းပေးရင် ကျွန်ုပ် စဉ်းစားပေးမယ်ဗျာ...
ကျွန်တော် ။    ။ မင်းတကယ် ပြောတာနော်၊ စိန်လိုက်လေ...
    ကျွန်တော် ဂင်နဲ့ သွေးသောက်ညီအစ်ကို ဖွဲ့ရတော့မည့်အလား ပျော်သွားမိသည်။ နောက်မှ ချက်ချင်း သတိရလိုက်သည်မှာ ယူမီကို၊ ယူမီကိုကို နိုရီဖမ်းထားသည်ကို သတိရသွားသည်နှင့် နိုရီကို သတ်ချင်စိတ်တွေ ပိုတိုးပွားလာ၍၊

ကျွန်တော် ။    ။ နိုရီ၊ မင်းကို ငါအသေသတ်မယ်။ ဟွန်ဒါကြီး ငါတို့ ယူမီကိုကို မရရတဲ့နည်းနဲ့ ကယ်ရမယ်...
ဟွန်ဒါကြီး ။    ။ ဟိုက်ဟိုက်...
ကျွန်တော် ။    ။ ယူမီကိုကို သွားကယ်ဖို့ ခုပြင်ဆင်။ ၁၈ရက်နေ့ မရောက်ခင် ငါတို့မှာ အချိန်             ၂ရက်ကျန်ပါသေးတယ်...
ဟွန်ဒါကြီး ။    ။ သခင်လေး ဒီနေ့က ၁၈ရက်နေ့လေ။ သခင်လေးနဲ့ ဂင် မေ့နေတာ ၂ရက်တောင် ရှိသွားပြီ...
ကျွန်တော်၊ ဂင် ။    ။ ဘာ...
    ဂင်ကလည်း လှဲနေရာမှ အမြန်ကုန်းထလိုက်ပြီ ယူမီကို အတွက် အရမ်းစိတ်ပူ သွားပုံရသည်။

ကျွန်တော် ။    ။ ဟွန်ဒါကြီး မင်းငါကို ၂ရက်လောက် မေ့သွားအောင် ရိုက်လိုက်ရသလားကွ...
    ဟွန်ဒါကြီး အမွှေတွေကို စိတ်တိုတိုဖြင့် ဆွဲနှုတ်နှုတ်တော့သည်။

ဟွန်ဒါကြီး ။    ။ ကြောက်ပါပြီ သခင်လေးရဲ့။ ကျွန်ုပ် လက်ဆနည်းနည်း ပြင်းသွားလို့ပါ...
    အော်ဟစ်ကာ ဟွန်ဒါကြီးက ထွက်ပြေး ကျွန်တော်က နောက်မှ လိုက်ရိုက် နေသည်ကို ဂင်စိတ်ပျက်စွာဖြင့် မျက်နှာလွှဲသွားသည်။ ဟွန်ဒါကြီးကို ရိုက်လို့လည်း အားကျသွားမှ ယူမီကိုတို့ကို ကယ်တင်ရန် အစီအစဉ် တိုင်ပင်တော့သည်။

ကျွန်တော် ။    ။ ယူမီကို ကိုသွားကယ်ဖို့ အချိန် ၃နာရီပဲ ငါတို့ရမယ်...
ဟွန်ဒါကြီး ။    ။  နဂါးနီဂိုဏ်းကို အကူအညီတောင်းရင်ရော ပိုမကောင်းဘူးလား သခင်လေး...
ကျွန်တော် ။    ။ နဂါးနီဂိုဏ်းပါလာရင် ယာကူဇာစလေရာနဲ့ အားလုံး ရှုပ်ကုန်လိမ့်မယ်။ နိုရီကလည်း လျင်တော့ လူများရင် ရိပ်မိပြီ ယူမီကိုကို အန္တာရာယ်ပေးမှာလည်း စိုးရိမ်ရသေးတယ်ကွ။ ဟွန်ဒါကြီး၊ မင်းနဲ့ငါပဲ စလှုပ်ရှားလိုက်ကြအောင်...
ဟွန်ဒါကြီး ။    ။ ဟိုက်ဟိုက်...
    ဟွန်ဒါကြီးနဲ့ တူတူ ယူမီကိုကို သွားကယ်ရန် ပြင်ဆင်စဉ်၊

ဂင် ။        ။ ကျွန်ုပ်လည်း ခင်များတို့နဲ့ အတူ လိုက်ခဲ့မယ်..
ကျွန်တော် ။    ။ ခင်များက အဆိပ်မိထားတော့၊ ဖြစ်ပါ့မလား။ ခင်များ ယာကူဇာစလေရာအစွမ်းလည်း သုံးလို့ မရတော့ လိုက်လည်း အပိုပါပဲ...

    ပြောသာ ပြောလိုက်တာ၊ ဂင် ယာကူဇာစလေရာအစွမ်းမသုံးမှ ကျွန်တော်နဲ့ အဆင့်တူလောက် ရှိမှာဟု တွေးပြီ အားငယ်မိသေးသည်။
ဂင် ။        ။ ကျွန်ုပ် အစွမ်းသာ မသုံးနိုင်ပေမယ့်၊ ကျွန်ုပ် အကူအညီပေးနိုင်ပါတယ်...

    ဂင်ကလည်း အရမ်းလိုက်ချင်နေသဖြင့် ကျွန်တော် သဘောတူလိုက်သည်။ ယူမီကို၊ ယူမီကို ခုနေများ အရမ်းကြောက်ပြီ ငါကို မျှော်နေမှာ သေချာတယ်ဟု တွေးပြီ သနားမိသည်။

ဂင် ။    ။ သွားကယ်တာတော့ ဟုတ်ပါပြီ၊ ခင်များ သူတို့ကို ဘယ်မှာ ဖမ်းထားတယ်ဆိုရော သိလို့လား...
ကျွန်တော် ။    ။ ဒါတွေကို အားလုံး ကြိုသိလို့ ကျွန်တော် အားလုံး ပြင်ဆင်ထားပါတယ်။ ကျွန်တော် အစွမ်းကို ခင်များကို ပြရတာပေါ့...
    တချက်ပြုံးလိုက်ကာ ယူမီကိုကို Walkie Talkie ပါတဲ့လော့ကတ် ဖြင့် ဆက်သွယ်ရန် Walkie Talkie ဘောပင်ကို ခလုတ်နှိပ်လိုက်ပြီ၊

ကျွန်တော် ။    ။ ယူမီကို၊ ယူမီကို ကြားလား။ ကိုပြောနေတယ်...
    ဟိုဘက်မှ ယူမီကို အသံပြန်ထွက်လာပြီ၊

ယူမီကို ။    ။ အင်း၊ မာဖီယာ တယ်လီပတ်တီနဲ့ ငါကို လှမ်းခေါ်နေတယ်ဟဲ့။ မာဖီယာ ရှင် တယ်လီပတ်တီနဲ့ ကျွန်မ ပြောနေတာ ပြန်ကြားရလား...
    ကျွန်တော် တယ်လီပတ်တီအစွမ်းရှိသည်ဟု လိမ်ထားသည်ကို ဂင်က ရိပ်မိတဲ့ ပုံဖြင့် မပြုံးတပြုံးလုပ်နေ၍ ကျွန်တော် ဆက်မလိမ်ချင်တော့ပဲ၊

ကျွန်တော် ။    ။ ဘယ်က တယ်လီပတ်တီ ဟုတ်ရမှာလဲ၊ Walkie Talkie နဲ့ ပြောနေတာ။ မင်းကို ပေးထားတဲ့ ခရမ်းဆွဲမှာ Walkie Talkie တပ်ပေးထားတာ...
ယူမီကို ။    ။ ရှင် ဒါဆိုရင် တယ်လီပတ်တီအစွမ်းရတယ် ဆိုပြီ ကျွန်မကို လိမ်ညာခဲ့တာပေါ့လေ...
ကျွန်တော် ။    ။ ဟီးဟီး၊ ဟုတ်တယ်...
    ဂင်က ကျွန်တော်ကို လှောင်ရယ်သော အကြည့်ဖြင့် စိုက်ကြည့်နေ၍ မနေမိ မထိုင်သာ ဖြစ်လာသည်။ ဟွန်ဒါကြီးကလည်း မကြားတကြား ခိုးနားထောင်နေသည်။

ကျွန်တော် ။    ။ မင်းကို ကိုယ်ခုလာကယ်ဖို့ နေရာနဲ့ လိပ်စာ အတိအကျပြော...
အိမိ ။        ။ ငါတို့ကို မာဖီယာ လာကယ်တော့မယ်တဲ့၊ ပျော်လိုက်တာ...
ယူမီကို ။    ။ တိုကျိုမြို့စွန်းက စိမ့်ဘယ်လ်ရီချာ့်လ်မှာ ကျွန်မတို့ ၄ယောက်လုံး အဖမ်းခံထားရတာ။ ရှင် မြန်မြန်လာကယ်နော်၊ ခုတောင် ကျွန်မ တိုးတိုးပြန်ဖြေနေရတာ။ ခြေသံကြားတယ်၊ ရန်သူတွေ လာနေတယ်ထင်တယ်။ ရှင်ကို ချစ်တယ်...
    ယူမီကို အသံလည်း ဆုံးသွားရော ဂင် မျက်နှာသိသိသာသာ ပျက်သွားသဖြင့် ကျွန်တော် စိတ်ထဲမှာ ကြိတ်ဝမ်းသာနေမိသည်။ ဟီးဟီး ယူမီကို ပြောခဲ့ဖူးတဲ့ စကားတွေထဲမှ ဒီစကား အချိုသာဆုံးပဲဟု တွေးရယ်နေသည်။ ကျွန်တော်ရဲ့ အကြီးမားဆုံး လက်နက်ကို ထုတ်သုံးရန် အကျီင်္ကို အမြန်ဖွင့်ချလိုက်သည်နှင့် တခန်းလုံး အလင်းရောင်များနှင့် အတူ လက်နက်တွေ ပုံလိုက်ခန်းလိုက် ထွက်လာသည်။

ဟွန်ဒါကြီး ။    ။ ၀ါး၊ သခင်လေး အကျီင်္ထဲက လက်နက်ထုတ်တဲ့ အစွမ်းက ပိုတိုးတက်လာပါ့လား။ လက်နက်တွေ အများကြီးပဲကွ...
ဟွန်ဒါကြီးကတော့ ၀မ်းသာအားရဖြင့် ဟိုလက်နက်ယူရနှိုး၊ ဒီလက်နက်ယူရနှိုးနှိုး ရှုတ်ယှက်ခတ်နေသည်။ ဂင်ကတော့ လက်နက်မရွေးပဲ နေနေ၍၊

ကျွန်တော် ။    ။ ဂင် မင်းကြိုက်တဲ့ လက်နက်ယူလေ...
ဂင်က ဘာမှ ပြန်မဖြေပဲ လော်ချာနှင့် ဒုံးကျည်တစ်ခုကို သူ့ဘောင်းဘီ အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်သဖြင့်၊

ကျွန်တော် ။    ။ ဂင်၊ မင်း ငါအတိုင်း လိုက်မခိုးချနဲ့ကွ...
ဂင် ။    ။ ခင်များ အစွမ်းလောက်တော့ ကျွန်ုပ်လည်း လုပ်တတ်တာပဲဗျ။ မကျေနပ်ရင် ကျွန်ုပ် လိုက်မလုပ်နိုင်တာကို လုပ်ပြလေ...

 ကျွန်တော် အောက်သက်သက်ဖြင့် ဘာမှ ပြန်မပြောနိုင်ပဲ ဂင်ကို စိတ်ထဲကပင် ကြိမ်းဆဲနေမိသည်။ ဟွန်ဒါကြီးကတော့ သူကိုယ်ပေါ်မှ တင်လို့ရသမျှ လက်နက်အမျိုး ၁၀၀လောက်ကို ချိတ်ဆွဲနေသည်။ အားလုံး အဆင့်သင့် ဖြစ်ပြီမို့ အချိန်မဆွဲတော့ပဲ ယူမီကိုတို့ ဖမ်းထားသော နေရာသို့ ထွက်ခွာလာခဲ့ကြသည်။ ရန်သူစခန်း နားရောက်သည်နှင့် ဂင်ကို ယူမီကိုတို့ကို ကယ်ဖို့ တာဝန်ပေးလိုက်ပြီ ဟွန်ဒါကြီးနဲ့ ကျွန်တော်က နိုရီနဲ့ သူအဖွဲ့ကို ဖြိုးခွင်းရန် ခွဲထွက်လာခဲ့သည်။
ချာ့်လ် ခန်းမနားတွင် စောင့်နေသော အစောင့် အယောက် ၂၀လောက်ကို အသံတိတ် ချေမှုန်းလိုက်ပြီ ချာ့်ခန်းမ ရှိရာသို့ တိုးတိုးတိတ်တိတ် ခိုးဝင်လာသည်။ ခန်းမထဲတွင် နိုရီနဲ့ သူ့တပည့်များ အောင်ပွဲအကြို စားပွဲသောက်ပွဲ ခင်းကျင်းနေကာ ရယ်မောနေကြသည်။ နိုရီ၊ မင်းမသေခင် ပျော်နိုင်တုန်း ပျော်ထားပေါ့ဟု တွေးရယ်လိုက်ပြီ ကျွန်တော်မှာ ပါသော အမြှောက်ကို ပြတင်းပေါက်ကနေ ချိန်း၍ သူတို့စားပွဲရှိရာသို့ ပစ်လိုက်စဉ်၊

နိုရီတပည့် ။    ။ ရန်သူ၊ ရန်သူ...
    ကျွန်တော်ကို မြင်သွားပြီ ထအော်သော်လည်း အမြှောက်ကျည်မှာ သူတို့နဲ့ အနီးဆုံး နေရာသို့ ဦးတည်လာနေပြီ ဖြစ်သည်။ မကြာခင်မှာပင် နိုရီမျက်နှာပျက်ချိန်တောင် မရှိလိုက်ပဲ ပေါက်ကွဲထွက်သွားတော့သည်။ ဟွန်ဒါကြီးနဲ့ ကျွန်တော် လက်ချင်း ရိုက်လိုက်ပြီ၊

ကျွန်တော် ။    ။ ယားယားယား...
    အော်ကာ မီးလောင်ပြီ ထွက်ပြေးသူ မကျန်အားလုံးကို တိုက်ခိုက်တော့သည်။ နိုရီ တခြားတပည့်များလည်း ခန်းမထဲ ပြေးဝင်လာပြီ ကျွန်တော်နဲ့ သူသေကိုယ်သေ တိုက်ခိုက်ကြသည်။ ဟွန်ဒါကြီးကလည်း သူမှာချိတ်ထားတဲ့ လက်နက် တစ်ခုမကျန် ဖြင့် ရန်သူတွေကို ဖြိုးခွင်းတော့သည်။ ဟွန်ဒါကြီး ပစ်လိုက်တဲ့ လက်နက်ပစ်ဗုံးတစ်လုံး ကျွန်တော်နားရောက်လာ၍ မနည်းအသက်လုပြီ ထွက်ပြေးရသေးသည်။ အလစ်တိုက်ခံလိုက်ရ၍ နိုရီတပည့်တွေ သုံးပုံ၁ပုံ နီးပါး အမြစ်ဖြုတ်လိုက်နိုင်သည်။ ရန်သူတွေ နောက်မှ အမြှောက်ဒဏ်ရာဖြင့် လှဲကျနေသော နိုရီက ပြန်ကုန်းထလာပြီ၊ ကျွန်တော်ကို ကမ္ဘာမကျေသော အကြည့်ဖြင့် စိုက်ကြည့်ကာ၊

နိုရီ ။    ။ တိုမိုယာကို အသေသတ်။ မသတ်နိုင်တဲ့ကောင်ကို ငါကိုယ်တိုင်သတ်မယ်။ အားအားအားအားအား...
    နိုရီ စိတ်ရူးဖောက်ပြန်သွားသည် မသိပဲ၊ သူတပည့်တွေကို ဓားနှင့် ခုတ်ဖြတ်တော့သည်။ နောက်ဆုံး ကျွန်တော် ရှိရာသို့ ဦးတည်ကာ အတင်းအကြပ် တိုးဝင်လာတော့သည်။ ကျွန်တော်လည်း ခြေလှမ်းကို နောက်သို့ တချက်ဆုတ်လိုက်ပြီ ဟွန်ဒါကြီးနဲ့ ကျောချင်းကပ်လိုက်ကာ၊

ကျွန်တော် ။        ။ နိုရီကို သတ်ဖို့ မင်းအဆင့်သင့်ပဲလား...
ဟွန်ဒါကြီး ။        ။ အချိန်မရွေးပါ သခင်လေး...
ကျွန်တော်၊ ဟွန်ဒါကြီး ။။ ယားယားယား...
    ပြိုင်တူဟစ်ကျွေးကာ နိုရီကို ၀ိုင်းတိုက်ခိုက်ကြတော့သည်။ ထိခိုက်ဒဏ်ရာလည်း ရထားသဖြင့် နိုရီ ၅မိနစ်လောက်တောင် မခုခံနိုင်တော့ပဲ နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားသည်။

ကျွန်တော် ။        ။ နိုရီ မင်းကို ငါအသေသတ်ပြီ ယူမီကိုကို ရအောင်ကယ်ပြမယ်...
နိုရီ ။    ။ ဟားဟားဟား၊ တိုမိုယာလိုကောင်က ငါကို သတ်မယ်တဲ့၊ ဟားဟားဟား။ တိုမိုယာ မင်းကို ငါနောက်ဆုံးအကြိမ် အခွင့်အရေးပေးလိုက်မယ်။ ခုချက်ချင်း ယာကူဇာစလေရာကို ထားခဲ့ပြီ မင်းချစ်သူနဲ့ သွားရင် ငါခွင့်ပြုပေးမယ် ဘယ်လိုလဲ...
ကျွန်တော် ။        ။ မင်းမျှော်လင့် မနေနဲ့...
    တိုက်ခိုက်ရန် ဟန်ပြင်စဉ် ဂင်က ယူမီကိုတို့ အဖွဲ့ကို ကယ်ပြီ တူတူ ပြေးဝင်လာကြသည်။ နိုရီက ကောက်ကျစ်သော အပြုံးကို ပြုံးလိုက်ကာ၊

နိုရီ ။    ။ ဟိုကောင်မလေးကို အသေသတ်နိုင်တဲ့သူကို ငါယာကူဇာဂိုဏ်းချုပ် ရာထူးပေးမယ်...
    ဟုဟစ်ကြွေးလိုက်သည်နှင့် ရန်သူအားလုံး ယူမီကို ရှိရာသို့ ဦးတည်ကာ အစိမ်းလိုက် မျိုစားတော့မလို ယူမီကိုနှင့် အိမိတို့ ၄ယောက်ကို အသေအကြေ တိုက်ခိုက်ကြတော့သည်။ ဂင်က ယူမီကိုတို့ဘက်က ကာကွယ်တိုက်ခိုက်ပေးသော်လည်း ဂင်က အဆိပ်မိထားသဖြင့် သူ့အစွမ်းကို ထုတ်မသုံးနိုင်သည်မို့ ယူမီကိုအတွက် ကျွန်တော်ပိုလို့ စိတ်ပူသွားသည်။ ထို့ကြောင့် ယူမီကိုဘက်က ကာကွယ်ပေးရန် အသွား နိုရီက ကျွန်တော်ကို တမင် သဲကြီးမဲကြီး လိုက်တိုက်ခိုက်တော့သည်။

ကျွန်တော် ။        ။ မင်းဟာ တော်တော်ကောက်ကျစ်တဲ့ မိန်းမ...
နိုရီ ။            ။ ငါကောက်ကျစ်တာ မင်းခုမှ သိသလား...
   
    နိုရီ ဒဏ်ရာရထားသော်လည်း သူကိုနိုင်အောင် တိုက်ဖို့က လုံးဝမဖြစ်နိုင်သေးပေ။ နောက်ဆုံး အကြံကုန်ထုတ်ပြီ နိုရီအားနည်းချက်မှာ အလွန် ရှက်တတ်ခြင်း ဖြစ်၍ ကျွန်တော် အင်္ကျီထဲမှ မိန်းမဘော်လီတစ်ခုကို ဆွဲထုတ်လိုက်ပြီ၊

ကျွန်တော် ။        ။ ဒီမှာ ကြည့်ကြဟေ့၊ သခင်မလေးနိုရီရဲ့ အတွင်းခံ...
နိုရီ ။            ။ တိုမိုယာ နင်လူယုတ်မာ...
    နိုရီမျက်နှာကြီးနီရဲသွားကာ ရှက်လွန်းလို့ ဓားကို ပစ်ချပြီ ငိုကြွေးတော့သည်။ ဒါကိုမှ အခွင့်ကောင်းယူ၍ ကျွန်တော် အလစ် ယာကူဇာဓားဖြင့် နိုရီရင်ဘတ် တည့်တည့်သို့ ခုတ်ချလိုက်ရာ နိုရီသွေးများ စီးကျလာပြီ လှဲကျသွားတော့သည်။ နိုရီထိသွားသည်နှင့် သူ့တပည့်အားလုံး ကြောက်အားကြီးကာ ထွက်ပြေးသွားကြတော့သည်။ ဂင်နဲ့ ယူမီကိုတို့ ကျွန်တော်နားကို ရောက်လာကြပြီ၊

ကျွန်တော် ။    ။ ဂင် မင်းကတိသာ တည်ဖို့ ပြင်ပေးတော့။ ခု နိုရီကို ငါကိုယ်တိုင် ရှင်းရမလား၊ မင်းကိုယ်တိုင် ရှင်းချင်လား...
နိုရီ ။    ။ ဟားဟားဟား၊ ယာကူဇာစလေရာ ကိုယ်တိုင်သတ်လို့ သေရမယ်ဆိုရင် တို့သေပျော်ပါပြီကွယ်။ သတ်လိုက်စမ်းပါ၊ သတ်လေ...

    ဂင်ကလည်း အလွန်တရားမှ မုန်းတီးသော အကြည့်ဖြင့် နိုရီကို စိုက်ကြည့်လိုက်ပြီ၊

ဂင် ။            ။ ခင်များကို ကျွန်ုပ်မိသားစုအတွက် ကလဲ့စားချေရမယ်...
    ဓားကို ခုတ်ရန်အလွှဲတွင် အလွန်လျင်မြန်သော လျှပ်စီးဖြတ်သွားသလိုပင် မျက်စိရှေ့မှာတင် နိုရီ မရှိတော့ပဲ မိန်းမအိုကြီး တစ်ဦး၏ လက်တွင်းသို့ ရောက်ရှိသွားသည်။ ဂင်ကိုယ်တိုင်ကပင် သူမျက်စိကို သူမယုံနိုင်အောင် ဖြစ်သွားသည်။ ကျွန်တော် တွေ့ဖူးခဲ့သော မိန်းမအိုတွေထဲတွင် ဒီလောက်ရွံ့တွပြီ လျင်မြန်တဲ့သူမျိုး မမြင်ဖူးပေ။

နိုရီ ။    ။ ဘာလို့ ကျွန်မကို လာကယ်ရတာလဲ၊ ယာကူဇာစလေရာ လက်ထဲမှာ သေရရင် ကျွန်မ သေပျော်ပါတယ်...
ဟွန်ဒါကြီး ။    ။ ဒီမှာ အဘွားကြီး နိုရီကို ကျွန်ုပ်တို့ လက်ထဲအပ်ရင် ခင်များကို သခင်လေးကိုယ်စား ချမ်းသာပေးမယ်...
    ပြောကာ ထိုမိန်းမအိုကြီး နားသို့ ချင်းကပ်သွားသည်ကို ကျွန်တော် မတားလိုက်နိုင်ပေ။ စက္ကန့်ပိုင်းအတွင်းပင် မိန်းမအိုကြီး တုတ်ကောက်ကို တစ်ချက်ယမ်းလိုက်သည်နှင့် ဟွန်ဒါကြီး ကျွန်တော်ရှေ့တည့်တည့်သို့ ပြန်ပြုတ်ကျလာသည်။ ဂင်က တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်နှင့် ဂင်လက်မောင်းကို ကျွန်တော် လှမ်းဆွဲလိုက်သည်။ အဆိပ်မိထားသဖြင့် ဂင် ထိုမိန်းမအိုကြီးနှင့် ဘယ်လိုမှ ယှဉ်ကာ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ယူမီကိုကလည်း ကျွန်တော်နားသို့ ပြေးလာပြီ၊

ယူမီကို ။        ။ ကိုယ် ယူမီတို့ ထွက်ပြေးရအောင်...
ကျွန်တော် ။        ။ ခဏနေအုန်း...
    လွယ်လွယ်နဲ့ နိုရီကို သတ်ရမည့် အခွင့်အရေးကို လက်လွှတ်မခံချင်သည်နှင့် အရဲစွန့်ပြီ ဓားကိုဆွဲထုတ်၍ အနားသို့ ပြေးဝင်ကာ၊

ကျွန်တော် ။        ။ ခင်များကြီး မသေချင်ရင်၊ ဘေးဖယ်နေ။ ယားယားယား...
မိန်းမအို ။        ။ ကောင်လေး မင်းငါကို စော်ကားရဲအုန်း...

    သူမရဲ့ တုတ်ကောက်ဖြင့် တချက်ယမ်းလိုက်သည်နှင့် ခန်းမနံရံတွင် တောက်တဲ့ ကပ်သလို ကျွန်တော် သွားကပ်နေတော့သည်။ ကျွန်တော် အရိုးတွေတောင် အားလုံး ပိုင်ပိုင်ကျေကုန်ပြီလားတောင် အောင်းမေ့မိသေးသည်။ ဂင်ကလွှဲလို့၊ အားလုံး ကျွန်တော်နားသို့ ပြေးလာကြသည်။ နိုရီကို ပွေ့ချီပြီ ထိုမိန်းမအိုကြီး ထွက်သွားရန်အလုပ်တွင်၊

ဂင် ။            ။ နိုရီ မင်းကို ငါတစ်နေ့ပြန်လာရှာပြီ ဇီဝိန်ချွေမယ်...
နိုရီ ။    ။ အဲဒီနေ့ကို ကျွန်မစောင့်နေပါမယ်။ ရော့ ရှင်အတွက် ကျွန်မအချစ် လက်ဆောင်...

    ဂင်လက်ထဲသို့ သေမင်းတမန်အဆိပ်ဖြေဆေး ပစ်ပေးခဲ့ပြီ မိန်းမအိုကြီးနဲ့အတူ ပျောက်ကွယ်သွားတော့သည်။ ဂင်က အဆိပ်ဖြေဆေးကို လက်ထဲမှာ ကိုင်ရင်း ငေးငိုင်သွားသဖြင့်၊

ကျွန်တော် ။    ။ ဂင်၊ နိုရီက ဘယ်ဆိုးလို့လဲ။ မင်းကို တကယ်ချစ်ရှာပါမယ်၊ စဉ်းစားပေးလိုက်ပါကွာ...

    ဂင်ပခုံးကို ပုပ်၍ စနောက်သည်ကို ဂင်တချက်လေးမှ မပြုံးပေ။

ကျွန်တော် ။        ။ ဘာပဲဖြစ်ဖြစ် ငါနိုရီကို မသတ်ပေးနိုင်တဲ့အတွက်၊ ခွင့်လွှတ်ကွာ...
    ဂင်ကျွန်တော်ကို ပြန်စိုက်ကြည့်နေပြီ တချက်မချိပြုံးလေး ပြုံးလိုက်ကာ၊

ဂင် ။            ။ မင်းနဲ့ သွေးသောက်ညီအစ်ကို ဖွဲ့ရအောင်...
ကျွန်တော် ။        ။ တကယ်၊ ပျော်လိုက်တာကွာ...
    ကျွန်တော် ထခုန်ပေါက်နေစဉ် ယူမီကိုနဲ့ သူတို့ သူငယ်ချင်း၃ယောက်ကလည်း ပျော်ရွှင်စွာ ခုန်ပေါက်နေကြသည်။ အင်းငါက ဂင်နဲ့ သွေးသောက်ဖွဲ့ရမှာမို့ ပျော်တာ၊ ယူမီကိုတို့က ဘာလို့ ပျော်တာလဲဟု ယူမီကိုကို လှည့်အကြည့်၊

ယူမီကို ။    ။ အိမိနင် အရမ်းတော်တယ်။ နိုရီဆီက ယာကူဇာလက်ဆင့်ကမ်း တံဆိပ်ပြားကို ရအောင် ခိုးထားနိုင်တယ်။ ခုဆို ငါတို့မှာ ထောက်ခံစာတွေရော၊ တံဆိပ်ပြားတွေ ပြည့်စုံပြီ ဆိုတော့ ယာကူဇာဂိုဏ်းထောင်လို့ ရပြီဟေ့...

    ဂင်၊ ဟွန်ဒါကြီး နှင့် ကျွန်တော်တို့ ၃ယောက် သူတို့ပြောနေသည်ကို နားမလည်စွာ ငေးကြည့်နေပြီမှ ဘာ ယူမီကိုမှာ တံဆိပ်ပြားရသွားရင် တကယ်ယာကူဇာဂိုဏ်းထောင် တော့မှာပေါ့၊

ကျွန်တော် ။        ။ ဂစ်၊ ဂစ်၊ ဂစ်...
    သုံးချက်အော်ကာ ထိုနေရာမှာပင် ပါးစပ်မှ အမြုပ်များကျကာ မေ့လှဲကျသွားတော့သည်။

ဆက်ရန် (ဇာတ်သိမ်းပိုင်း မျှော်)............
-------------------------------------------

1 comment:

  1. ဇာတ်သိမ်းပိုင်းမှာ မေပယ့်ကို ယာကူဇာဂိုဏ်းချုပ်တင်မြှောာက်ပေးနော်

    ReplyDelete