Monday, December 20, 2010

ယာကူဇာချစ်သူ-၂ (အခန်း-၁၉ (ဇာတ်သိမ်းပိုင်း))

 
ယာကူဇာချစ်သူ-၂ (အခန်း-၁၉ (ဇာတ်သိမ်းပိုင်း))
    တစ်ပတ်ခန့် ကြာသော်   

    ဒီနေ့ အလွန်ခမ်းနားသော ညနေခင်း ပါတီပွဲတစ်ခုကို ယူမီအိမ် မြက်ခင်းပြင်မှာ ကျင်းပနေသည်။ ထိုပါတီပွဲသည် ယူမီ ယာကူဇာဂိုဏ်းသစ် ထောင်မယ့် အထိမ်းအမှတ်ဖြင့် ကျင်းပခြင်း ဖြစ်သည်နှင့်၊ ဂိုဏ်းဝင်ရန် စာရင်းပေးထားသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၅၀ဦးအပြင် အထူးဖိတ်ကြားထားသူများနဲ့ ပြည့်နှက်နေသည်။ အိမိ၊ ဆာရှီမီ၊ ဆူရှီ တို့က ၀တ်စုံဆင်တူဖြင့် အပေါက်ဝတွင် ရပ်၍ ဧည့်ခံပေးနေသည်။ ခဏကြာတော့ မာဖီယာနဲ့ ဟွန်ဒါကြီးတို့ တူတူခြံထဲသို့ ၀င်လာကြသည်။ မာဖီယာက ၀တ်နေကျအတိုင်း ဘိုသီပတ်သီနဲ့ပင်၊

မာဖီယာ ။    ။ သဲလေး ဒီနေ့ အရမ်းလှနေပါ့လား...
ယူမီ ။    ။ ကိုယ်ကလည်း ဒီနေ့က နေ့ထူးနေ့မြတ်ဟာကို စတိုက်ကျကျ ၀တ်ခဲ့တာ မဟုတ်ဘူး...
မာဖီယာ ။    ။ ဘာနေ့ထူးနေ့မြတ်လဲ၊ တဘက်ခါလောက်ဆိုရင် ဂိုဏ်းက ၀င်မယ့်သူမရှိလို့ ပျက်မယ့်ဟာကို...
ယူမီ ။    ။ ရှင် သေချင်နေပြီလား၊ ဟွန်း ဒီမှာ ခုတောင် အယောက် ၅၀ ရှိတယ်။ နောက် ဒီထက် ပိုများလာမှ စာရင်းလာပေးရင် လက်မခံဘူး...
မာဖီယာ ။    ။ စာရင်း မပေးခိုင်းလို့ ကျေးဇူးတင်လိုက်တာ သဲလေးရယ်...
    ယူမီ မခံချင်အောင် တမင်ပြောသွားကာ လစ်ထွက်သွားတော့သည်။ ဟွန်ဒါကြီး ယောင်လည်လည်ဖြင့် ကျန်နေခဲ့၍ ဟွန်ဒါကြီးကို ဂိုဏ်းဝင်ရန် ဆွဲရန် အကြံရသည်နှင့်၊

ယူမီ ။        ။  ဟွန်ဒါကြီး...
ဟွန်ဒါကြီး ။    ။ ဟိုက်၊ ဟိုက်...
ယူမီ ။        ။ ဟိုလေ၊ တို့ယာကူဇာဂိုဏ်းထဲဝင်ဖို့ စိတ်ဝင်စားလား...
    ပါးစပ်ကပြောရင်း လက်က ငွေချလံပေး၍ လက်ထိုးသော်လည်း ဟွန်ဒါကြီးက မယူပဲ၊

ဟွန်ဒါကြီး ။    ။ သခင်လေး ဘယ်ရောက်သွားပါလိမ့်။ ဘြော်ဟိုမှာ တွေ့ပြီ၊ တွေ့ပြီ...
    အူကြောင်ကြောင် လုပ်ကာ လစ်ထွက်သွားတော့သည်။ ဟွန်း၊ ယူမီ ထောင်မယ့် ယာကူဇာဂိုဏ်းသစ်ကို အထင်မကြီးကြဘူးပေါ့လေ တွေးကာ မကျေမနပ်ဖြစ်နေမိသည်။ ဧည့်သည်တွေ ဧည့်ခံနေတုန်း ဂင်က လူကြီးလူကောင်း စတိုင်ကျကျ ၀တ်ဆင်ပြီ ပါတီပွဲအတွင်းသို့ ပန်းစီတစ်ခု ယူမီ ကိုလှမ်းပြေးပြီ၊

ဂင် ။        ။ ယူမီ Congratulation ပါ...
ယူမီ ။        ။ ဂင်...
ဂင် ။        ။ ဟုတ်ကဲ့...
    အမယ်လေး ဂင်က ယာကူဇာစလေရာမှန်း မသိခဲ့လို့သာ။ ခုသိပြီဆိုတော့ ဂင်၊ ယာကူဇာစလေရာသာ ယူမီ ယာကူဇာဂိုဏ်းထဲပါရင် အို၊ဘယ်လောက်များ ကောင်းလိုက်မလဲ တွေးမိသည်နှင့်၊

ယူမီ ။        ။ ဂင်၊ တို့ထောင်မယ့် ဂိုဏ်းသစ်ထဲ ၀င်ဖို့ စိတ်ကူး မရှိဘူးလားဟင်...
    စကားလည်း ဆုံးရော ဂင်ကို ရှာမတွေ့တော့ပဲ၊ မာဖီယာနဲ့ရယ်မောကာ စကားတွေ ပြောနေကြသည်။

မာဖီယာ ။    ။ ယူမီကို ဒီဝိုင်းကို လာအုန်းလေ၊ ကိုယ်သွေးသောက်ညီအစ်ကိုနဲ့ မိတ်ဆက်ပေးချင်လို့...

    ဂင်၊ ယာကူဇာစလေရာက သူ့သွေးသောက်ညီအစ်ကို ဖြစ်ကတည်းက မာဖီယာတစ်ယောက် မြှောက်ကွမြှောက်ကွ ဖြစ်နေတာကိုး ကြည့်လို့ကို မရဘူး။ ဧည့်သည်စုံတော့ ယူမီအဖေက အခန်းနားမှူးအဖြစ် အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာတော့သည်။

ဒယ်ဒီ ။        ။ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာလိုက်ပါပြီ...
    အားလုံး လက်ခုတ်သံများဖြင့် ဆူညံသွားတော့သည်။ ဒယ်ဒီ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာပြီတာတောင် စင်မြင့်ပေါ်မှ မဆင်းသေး၍ ယူမီအောက်မှာ လက်ဟန်ဖြင့် အတင်းဆင်းခိုင်းနေသော်လည်း၊

ဒယ်ဒီ ။    ။ ခု ယာကူဇာဂိုဏ်းသစ် ၀င်ချင်တဲ့ သူအားလုံးကို ကြေငြာချင်တာ တစ်ခုကျန်ပါသေးတယ်။ ဒီနေ့ လာတဲ့ပရိသတ်များ အားလုံး ကျွန်ုပ်ကုမ္ပဏီကထုတ်တဲ့ အနိုပ်ထိုင်ခုံတွေ မ၀ယ်မနေရပါ...
အားလုံး ။    ။ ကိန်၊ ကိန်၊ ကိန်...
    ထွက်ပြေးကြမှာစိုးလို့ အိမိတို့၃ယောက်က ခြံတံခါးကို အမြန်ပိတ်လိုက်ရသည်။ ယူမီလည်း ဒယ်ဒီလက်ထဲမှ မိုက်ကို အမြန်ဆွဲလုပြီ၊

ယူမီ ။    ။ အဟမ်းအဟမ်း။ ဒီနေ့ပါတီပွဲကို တက်ရောက်လာသူ မိတ်ဆွေအပေါင်းကို အထူးကျေးဇူးတင်ရှိပါတယ်။ ခုကြေငြာမှာကတော့ ယာကူဇာဂိုဏ်းတစ်ခုမှာ မရှိမဖြစ် အရေးပါတဲ့ ယာကူဇာဂိုဏ်းချုပ်ရာထူးပါပဲ။ ဒီရာထူးအတွက် အရမ်းကို သင့်တော်ပြီ ထူးချွန်ထက်မြတ်တဲ့ သူတစ်ယောက် တွေ့ထားပါတယ်။ အဲဒါကတော့ ကျွန်မ ယူမီကိုပါပဲ...
အားလုံး ။    ။ ယူမီကို၊ ယူမီကို၊ ယူမီကို၊ ယူမီကို...
    ထောက်ခံသည့် သဘောဖြင့် ၀ိုင်းဘြဘာပေးကြတော့သည်။ ယူမီမှာ ပျော်လွန်းလို့ ဒီလိုနေ့မျိုး ရှိတော့မည် မထင်ပေ။

ယူမီ ။    ။ ပြီတော့ ဒုဂိုဏ်းချုပ်ရာထူးအတွက် နေရာကွက်လပ်တွေ ရှိပါသေးတယ်နော်...
အားလုံး ။    ။ ဟေးဟေးဟေး...
ယူမီ ။    ။ လက်ထောက်ဂိုဏ်းချုပ် ရာထူးကိုတော့ ဆာရှီမီ၊ ဆူရှီ၊ အိမိတို့ကို လျာထားပါတယ်...
    အိမိတို့ ၃ယောက် ပျော်လွန်း၍ ထခုန်ပျော်မြူးနေကြသည်။ နောက်ဆုံး အရေးကြီးဆုံး ဂိုဏ်းနံမည်ကို မကြေငြာထားသေး၍၊

ယူမီ ။    ။ အရေးကြီးဆုံး ကြေငြာစရာ တစ်ခုကတော့ ယာကူဇာဂိုဏ်းနံမည်ပါ။ ဒီနံမည်အတွက် ကျွန်မ တညလုံး မအိပ်ပဲ စဉ်းစားထားတာပါ...   
    ပရိသတ်ကြီးက ဂိုဏ်းနံမည်ကို ဘာများဖြစ်လိမ့်မလဲဟု စိတ်ဝင်စားစွာ နားထောင်နေကြစဉ်၊

ယူမီ ။        ။ ဂိုဏ်းနံမည်ကတော့၊ အင်းပြောလိုက်ရတော့မလား...
အားလုံး ။    ။ မြန်မြန်ပြောပါဗျို့။ သိချင်လှပြီဗျ...
ယူမီ ။        ။ ယာကူဇာချစ်သူ၊ ယာကူဇာချစ်သူပဲ ဖြစ်ပါတယ်...
    ကြေငြာလို့လည်း ပြီသွားရော ပရိသတ်အားလုံး မူးမေ့လှဲသွားတော့သည်။


ပြီးပါပြီ...

------------------------------------------------

3 comments:

  1. ဇာတ်တောင်သိမ်းသွားပြီ Joot Byoot!

    ReplyDelete
  2. ဟင် ဇာတ်လမ်းသာ ဆုံးသွားတယ်
    အနောိ့ကိုလဲ ဂိုဏ်းချုပ်ကြီးရာထူး မခန့်ဘူးနော်:P

    ReplyDelete
  3. မေပယ်လ်ကို ဂိုဏ်းချုပ်ရာထူး မြှောက်ဖို့ မေ့ကျန်ခဲ့လို့ ချွင်းချက်အနေနဲ့ ယူမီကို ဂိုဏ်းချုပ်ကြေငြာပွဲကို ပြန်လည် ဖြည့်စွက်ကြေငြာပါမယ်။ ခုပူးတွဲ ယာကူဇာဂိုဏ်းချုပ် ဖြစ်သွားသူကတော့ မေပယ်လ်ပဲ ဖြစ်ပါတယ်... ကျေနပ်ပါတော့နော်.. ;D

    ReplyDelete