Sunday, January 2, 2011

စပိုင်ချစ်သူ အခန်း-၁

 
စပိုင်ချစ်သူ (အခန်း-၁)

    ကျွန်တော်နှင့် ကျွန်တော်ညီ ဆာကေးတို့ လမ်းလျှောက်ထွက်ရင်း လမ်းမီးဒတ်တိုင် တစ်ခုတွင် ကြေငြာစာကပ်ထားသည်ကို အမှတ်မထင်တွေ့၍ သွားနေသော ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ကြေငြာစာတွင်၊

ကြေငြာစာ ။    ။ အီတလီစတိုင် လာဆမ်နီယား အစား ပြိုင်ပွဲကြီးသို့ မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်ပါသည်...
ဟု ရေးထား၍ ကိုယ်မျက်လုံးကို မယုံနိုင်အောင် အံ့ဘြစွာဖြင့် ပြန်ပွတ်သတ်လိုက်ပြီး၊

ကျွန်တော် ။    ။ ဟဲဟဲ၊ မည်သူမဆို ဆိုတော့...
    ဆာကေးကို လှမ်းကြည့်လိုက်တော့၊ ကျွန်တော် ပြိုင်ပွဲဝင်ချင်သည်ကို ချက်ချင်း သဘောပေါက် သွားဟန်ဖြင့်၊

ဆာကေး ။    ။ မရဘူး။ ဒီလိုပြိုင်ပွဲမျိုးတော့ ခွင့်မပြုနိုင်ဘူး၊ လာအိမ်ပြန်မယ်...
ကျွန်တော် ။    ။ ဆာကေးကလည်းကွာ ငါတောင်းပန်ပါတယ်။ ငါ လာဆမ်နီယား ကို ဘယ်လောက်ထိ ကြိုက်တယ်ဆိုတာ မင်း အသိပဲကွာ။ ဒီတစ်ခါ အခွင့်အရေးကို လက်လွှတ်မခံပါရစေနဲ့...

    ဆာကေးတွေဝေသွားတုန်း အမြန်လစ်ကာ လာဆမ်နီယား အစားပြိုင်ပွဲရှိရာသို့ မိုင်ကုန်ခုန်ပေါက် ပြေးတော့သည်။ ဆာကေးကလည်း အနောက်မှ 'ကိုကြီး စောင့်အုန်းလေ' ဟုအော်ဟစ်ကာ ကျွန်တော်နဲ့ အတူတူ လိုက်ပါလာသည်။ ပြိုင်ပွဲကျင်းပသည့်ရှေ့တွင် လာဆမ်နီယားမုန့်ပုံ ၁၀ပေခန့်မြင့်သော အရုပ်ကြီးကို မြင်လိုက်ရုံဖြင့် ပါးစပ်မှ သရေများ စီးကျလာသည်။ ဂိတ်ဝတွင် ရပ်နေသော ဦးလေးကြီး တစ်ယောက်ကို တွေ့သည်နှင့် မ၀ံ့မရဲမေးလိုက်သည်။

ကျွန်တော် ။    ။ ဒါ လာဆမ်နီယားပြိုင်ပွဲ ဟုတ်ပါသလား...
ဦးလေးကြီး ။    ။ အေးဟုတ်တယ်။ လာဆမ်နီယားကို နာရီဝက်အတွင်း အများဆုံး စားနိုင်တဲ့သူကို လာဆမ်နီယား မုန့်ပုံ အထူးထုတ်လုပ် ထားတဲ့ကားကြီးကို ဆုကြေးဖြင့် ပေးအုန်းမှာကွ...
    ကျွန်တော့် ဘ၀မှာ ဒီလောက်ကောင်းတဲ့ ပြိုင်ပွဲရှိတော့မှာ မဟုတ်ပေ။ ခုနေများ လာဆမ်နီယာမုန့်ပုံလုပ်ထားတဲ့ ကားကြီးကို မောင်းပြီ ဆာကေးနဲ့တူတူ အိမ်ပြန်လိုက်ရလို့ကတော့ အတွေးထဲမှာ ခဏကြာမျှော်သွားပြီမှ၊

ကျွန်တော် ။    ။ ဒါနဲ့ ပြိုင်ပွဲဝင်ကြေးရော... ပေးရမှာလားဟင်...
ဦးလေးကြီး ။    ။ ၀င်ကြေးလည်း ပေးစရာမလိုဘူး။ ခဏနေရင် ပြိုင်ပွဲစတော့မယ်၊ သွားပေတော့ဟေ့...
    ကျွန်တော် အားရပါးရ ထခုန်ပြီး၊

ကျွန်တော် ။    ။ ငါရဲ့ ကြီးမားတဲ့ အိမ်မက်ကြီးကို အကောင်အထည်ဖော် နိုင်ပြီ်ကွ...
ဆာကေး ။    ။ ကိုကြီး အမေစိတ်ပူနေလိမ့်မယ်။ ကျွန်တော်တို့ ပြန်ရအောင်၊ ကိုကြီးစားချင်ရင် လာဆမ်နီယား ကျွန်တော် ၀ယ်ကျွေးပါ့မယ်...
ကျွန်တော် ။    ။ ဒီမှာ ဆာကေး၊ မင်းဝယ်ကျွေးရင် ၁ခုပဲစားရမှာ။ ခုဟာက ငါကြိုက်သလောက် စားရမှာ။ မင်းငါ့ကို တားလည်း အပိုပဲ...

    ပြန်ပြောကာ ပြိုင်ပွဲဝင်ရန် ၀မ်းမြှောက်စွာဖြင့် ခန်းမထဲသို့ ပြေးဝင်လာခဲ့သည်။ ခန်းမထဲလည်း ရောက်ရော ပြိုင်ပွဲဝင်သူ အားလုံးက လာဆမ်နီယားမုန့် ပုံကြီးနားတွင် အသင့်နေရာ ယူနေကြသဖြင့် ကျွန်တော်လည်း အားကျမခံ အကောင်းဆုံး နေရာကို ၀င်ယူလိုက်သည်။ ၀ီစီမှုတ်သံနှင့်အတူ ပြိုင်ပွဲစရန် ဒိုင်လူကြီးက အချက်ပြလိုက်သည်နှင့် လာဆမ်နီယားမုန့် ၅ခုကို တပြိုင်နက်တည်း ကျွန်တော်ပါးစပ်ထဲသို့ ထိုးအသွင်း၊

ဆာကေး ။    ။ ကိုကြီး ထထ၊ တက္ကသိုလ်သွားဖို့ နောက်ကျနေပြီ...
    လှုပ်နှိုးလိုက်သဖြင့် မက်နေသော ကျွန်တော့်ရဲ့ လာဆမ်နီယားအိမ်မက်မှ ရုတ်တရက် လန့်နှိုးသွားတော့သည်။ အိမ်မက်က နှိုးနှိုးခြင်းပင်၊

ကျွန်တော် ။    ။ မင်းလုပ်တာနဲ့ ငါ လာဆမ်နီယား စားရခါနီးမှ လန့်နှိုးရတယ်လို့ကွာ၊ အီးဟီးဟီးဟီး...
    ကျွန်တော် ငိုမဲ့ငိုမဲ့ဖြင့် ပါးစပ်တွင် ပေနေသော သရေများကို လက်ဖြင့် သုတ်ပစ်လိုက်သည်။ လာဆမ်နီယားကို အိမ်မက်ထဲမှာတောင် မစားလိုက်ရတာ နာလိုက်တာကွာဟု ပါးစပ်မှ ပျစ်တောက်ပြောရင်း ဆာကေးကို အပြစ်တင်နေမိသည်။ နှိုးစက်သံတွေဖြင့်လည်း ကျွန်တော် တစ်ခန်းလုံးကို ဆူညံပွက်လော ရိုက်နေတော့သည်။

ကျွန်တော် ။     ။ နားညီးလိုက်တာ ဒီနှိုးစက်တွေ...
ဆာကေး ။    ။ နှိုးစက် ၁၀လုံး နေ့တိုင်းဖွင့်ထားလည်း နှိုးတာမှ မဟုတ်တာ...

ဟုအပြစ်တင်ရင်း နှိုးစက်နာရီတွေ အားလုံးကို လိုက်ပိတ်ပေးသည်။ ဆာကေးက ပြန့်ကျဲနေသော ကျွန်တော့် ကျောင်းစာအုပ်တွေကို လာကောက်သိမ်းပေးပြီး စီစီညာညာ လွယ်အိတ်ထဲသို့ ပြန်ထည့်ပေးသည်။ ဗီဒိုထဲမှ အကျီင်္၊ ဘောင်းဘီကို အဆင့်သင့်ထုတ်ပေးပြီ ကုတင်ပေါ်တောင် လာတင်သွားသေးသည်။ ပြီမှ မျက်နှာသစ်ဖို့ ရေခွက်နှင့် သွားတိုက်တံကို ကျွန်တော်ရှေ့ယူလာပြီ၊

ဆာကေး ။    ။ ကိုကြီး မျက်နှာသစ်၊ သွားတိုက်လိုက်အုန်း။ ပြီရင် မနက်စာ စားရအောင်...
    ကျွန်တော် အကြောအချဉ်တွေ ပြေသွားအောင် အကြောဆန့်၍ ခပ်ပျင်းပျင်းဖြင့်၊

ကျွန်တော် ။    ။ ၀ါး၊ ပျင်းလိုက်တာ။ မတိုက်ချင်ဘူး၊ မင်းတိုက်ပေးကွာ...
ဆာကေး ။    ။ ဒါတော့ မရဘူး၊ အသက်ကဖြင့် ကြီးနေပြီ ကိုယ်မှာကို တိုက်၊ ရော့...
    ကျွန်တော်လက်ထဲသို့ သွားတိုက်တံ ထိုးပေးကာ အခန်းထဲမှ ထွက်သွားတော့သည်။ ဆာကေးက ကျွန်တော်ညီသာ ပြောသာ သူကိုယ်သူ ကျွန်တော်အဖေများ အောင်းမေ့နေလား မသိဘူးဟု စိတ်ထဲမှ ကြိမ်းဆဲနေမိသည်။ ခဏနေတော့ ထမင်းစားခန်းဘက်မှ အမေသံကို ကြားလိုက်ရသည်။

အမေ ။        ။ သား ယမ်ချာရေ၊ မနက်စာ လာစားအုန်းကွယ်...
    ကျွန်တော် ခေါင်းကို ကုတ်လျှက် ဆံပင်ကလည်း ဘိုသီဘတ်သီဖြင့်၊

ကျွန်တော် ။    ။ ဘာလို့ ဒီမနက်စာကို နေ့တိုင်းပဲ စားနေကြသလဲ မသိပါဘူး။ အာအာအာ၊ ပျင်းလိုက်တာ...
ဟုအော်ရင်း ကုတင်ပေါ်မှ မထချင်သေး၍ လူးလိမ့် နေတော့သည်။ ခဏကြာမှ အမေထပ်အော်ခေါ်၍ ထမင်းစားခန်းရှိရာသို့ အကျီင်္ကြေမွ၊ ဘောင်းဘီကြေမွဖြင့် မသွားချင်ပဲ ထွက်လာခဲ့သည်။ ထမင်းစားပွဲတွင် ဆာကေးက ကျွန်တော် အကြိုက် ဟော့ဒေါ့နှင့် နွားနို့ကို အသင့်ဖျော်ပေးကာ ပြင်ဆင်ပေးနေသည်။

ဆာကေး ။    ။ ရော့၊ ကိုကြီးကြိုက်တဲ့ ဟော့ဒေါ့နဲ နွားနို့...
အမေ ။    ။ ဆာကေးက လိမ္မာလိုက်တာ၊ သားကြီုးအကြိုက်ကို အကုန်သိနေပါ့လား...
ဆာကေး ။    ။ ကျွန်တော် မနက်တိုင်း လုပ်ပေးရမယ့် တာဝန်ပဲလေး အမေရဲ့...
အမေ ။    ။ အေးကွယ် အရမ်းသိတတ်သားပဲကွယ်...
    ဆာကေးဆိုလျှင် လူတိုင်းက အကောင်းမြင်ကာ ချီးမွမ်းချင်ကြသည်။ ဒီကောင်ကလည်း သူများ ချီးမွမ်းအောင် တမင်လုပ်နေသလားမှ မသိပဲဟု စိတ်ထဲကနေ မသိမသာ ဆာကေးအပေါ် မနာလိုစိတ်လေး ဖြစ်နေမိသည်။ ဟော့ဒေါ့ကို တစ်ကိုက်ကိုက်လိုက်ရင်း ကျွန်တော် ဒီနေ့ ကျောင်းမတက်ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။ တစ်နေ့လာလည်း ဒီကျောင်းပဲ၊ နောက်တစ်နေ့လာလဲ ဒီကျောင်းပဲ ကြာလာတော့ အတော်ကြီးကို ငြီးငွေ့နေမိသည်။ ဒါကြောင့် ဒီနေ့ ကျောင်းမတက်ရအောင် တစ်ခုခုတော့ ကြံစည်အုန်းမှဟု အတွေးပေါ်လာစဉ်၊

ဆာကေး ။    ။ ကိုကြီး တက္ကသိုလ်သွားတော့မယ်လေ...
    မဖြစ်ဘူး၊ ဖြတ်လမ်းသုံးမှပဲဟု တွေးမိကာ ကျွန်တော့် အမေရဲ့ ခါးကို  အတင်းပြေးဖက်လိုက်ပြီ၊

ကျွန်တော် ။    ။ အမေ၊ သား ကျောင်းမသွားချင်ဘူး။ သား ကျောင်းမတက် ပါရစေနဲ့...
အမေ ။    ။ အေးကွယ်၊ သားကြီး မသွားချင်ရင် မသွားနဲ့ပေါ့...
ဆာကေး ။    ။ အမေ ဒီလိုအလိုလိုက်နေလို့ ကိုကြီးက တက္ကသိုလ် ပထမနှစ်မှာတင် ၂နှစ်၊ ခု ဒုတိယနှစ်မှာ ၃နှစ်ရှိပြီ ခုထိကို မအောင်သေးဘူး။ ဒီနှစ်မှ မအောင်ရင် တက္ကသိုလ်က ထွက်ရမှာ။ မရဘူး သွားရမယ်...
    ဆာကေးကလည်း မရမက ကျွန်တော် အကျီင်္ကို အတင်းဆော့ဆွဲတော့သည်။ ကျွန်တော်က ဆာကေးလက်ထဲမှ အတင်းပြန်ရုန်းပြီ အမေခါးကို ပြန်ဖက်ကာ ကျောင်းမတက်ရအောင် အတင်းတောင်းပန်တော့သည်။

ကျွန်တော် ။    ။ အမေ၊ သားသား ကျောင်းမသွားချင်ဘူး...
အမေ ။    ။ သားငယ်ရယ် မင်း ကိုကြီးက ကျောင်းမှမတက်ချင်တာ အတင်း မတက်ခိုင်းပါနဲ့ကွယ်...
ဆာကေး ။    ။ မရဘူး...

    ကျွန်တော်ကို ဂုတ်ကနေဆွဲပြီ ခြံဝသို့ အတင်းအကျပ် ခေါ်ထုတ်လာတော့သည်။ ခြံပြင်လည်း ရောက်ရော ဘေးအိမ်မှာ ခြံတံခါးဖွင့်သံကို ကြားလိုက်ရသည်။ ကျွန်တော်တို့ အိမ်နီးနားချင်းလည်းဖြစ်၊ ငယ်သူငယ်ချင်းလည်း ဖြစ်သော မီနို ကျောင်းသွားရန် ကျောင်းလွယ်အိတ်လေးကို လွယ်ပြီ သူမဆံပင်တိုလေးကို လေပေါ်မှာခါးယမ်းကာ ခြံထဲမှ ထွက်လာသည်။ သူမ ထွက်လာသည်ကို ကျွန်တော်နဲ့ ဆာကေး တစ်ယောက်ကို တစ်ယောက်ဖက်ထားရင်း ပါးစပ်မှ သရေသမျှမျှဖြင့်၊

ကျွန်တော် ။    ။ ဟဲဟဲဟဲ...
ဆာကေး ။    ။ ဟီးဟီးဟီး...
အသဲပုံလေတွေ ခေါင်းပေါ်မှာ တဝေ့တလည်လည်ဖြင့် မီနိုကို ၀ိုင်းငန်းပိုး နေကြသည်။

ကျွန်တော် ။    ။ ဆာကေး၊ ဒီလောက်လှတဲ့ ကောင်မလေး မင်းမြင်ဖူးလားကွာ...
ဆာကေး ။    ။ ဟင့်အင်း၊ တခါမှကို မမြင်ဖူးဘူး ကိုကြီးရာ...
ကျွန်တော် ။    ။ အေးကွာ။ မီနို အလယ်တန်း ငါတို့ဘေးအိမ်ပြောင်းလာကတည်းက မင်းရော၊ ငါရော ကြိတ်ပြီ ခိုက်နေရတာ။ ဒါပေမယ့် ခုထိလည်း ဘယ်သူမှ ဖွင့်မပြော ဖြစ်သေးဘူးနော်...
ဆာကေး ။    ။ ကျွန်တော်က မီနို ထက်၁နှစ်ငယ်တော့ ပြောရမှာ မရဲလို့ပါ...
ကျွန်တော် ။    ။ ဟေ့ကောင်၊ ဆာကေး အပိုသိပ်မပြောနဲ့။ ငါက သူထက်အသက် ၄နှစ်တောင်ကြီးပြီ သူထက်အတန်းငယ်လို့ ရှက်မှရှက်ရင် ငါပဲ ရှက်မှာကွ...
   
ငြင်းခုန်နေကြစဉ်၊ မီနို စက်ဘီးလေးကို စီးရင်း ကျောင်းသို့ ထွက်သွားတော့မှ၊
ကျွန်တော် ။    ။ မီနို... မင်းလုပ်တာနဲ့ ငါနှုတ်တောင် မဆက်လိုက်ရဘူး၊ တော်ပြီ အိမ်ထဲပဲ ပြန်ဝင်တော့မယ်...
ရူးသလိုလိုလုပ်ကာ အိမ်ထဲသို့ ပြန်ပြေးဝင်ရန် ကြံသော်လည်း ဆာကေးက ကျွန်တော်ကို ကားပေါ်သို့ အတင်းတွန်းပို့လိုက်သည်။ ကားပေါ်လည်း ရောက်ရော ဆာကေးကို စိတ်ကောက်ပြီ ကျွန်တော် စကားမပြောပဲ ဆူပုပ်ကာ ပြတင်းပေါက်ဘက်သို့ လှည့်ထိုင်နေသည်။ ဆာကေးက ကျွန်တော် စိတ်ဆိုးနေမှန်းသိ၍၊

ဆာကေး ။    ။ ကိုကြီး ကောင်းဖို့ အတွက်ပဲ လုပ်နေတာ၊ စိတ်ဆိုးလည်း ကျွန်တော်လုပ်ရမှာပဲ...
ပြောကာ ကားစက်ကို နှိုးပြီ နာဂိုယာတက္ကသိုလ်သို့ ကားဖြင့် မောင်းလာခဲ့သည်။ တက္ကသိုလ်သွားတဲ့ လမ်းကို ကျွန်တော် အလွန်တရာမှ မုန်းတီးလှသည်။ အဘယ်ကြောင့်လဲဆိုသော် လာဆမ်နီယား ရောင်းတဲ့ အီတလီစားသောက်ဆိုင် ရှေ့က ဖြတ်ပြီမှ နာဂါတိုတက္ကသိုလ်သို့ ရောက်သောကြောင့် ဖြစ်သည်။ ကျောင်းသွားတိုင်း မုန့်ဆိုင်ရှေ့က ဖြတ်သော်ဌါး မ၀ယ်စားရသည့်အတွက် ကျွန်တော်ကို တမင်များတောင် ညင်းဆဲနေသည် အလားတောင် အောင်းမေ့မိသေးသည်။ ကျွန်တော် ကျောင်းက လစ်ပြေးပြီ နေ့တိုင်း လာဆမ်နီယားဆိုင်မှာ စားပွဲထိုးသွားလုပ်တာမှ လစ်ရင်လစ်သလို လာဆမ်နီယားတွေ စားခွင့်ရအုန်းမည်ဟု တွေးနေမိသည်။
    ဒါပေမယ့် ဆာကေးက မျက်ခြေမပြတ်စောင့်ကြည့် နေ၍ ကျွန်တော်မှာ ခြေထောက်ယားရင်တောင် ကုတ်ဖို့အခွင့်အရေးမရခဲ့ပေ။ နာဂိုယာတက္ကသိုလ်မှာ ၅နှစ်လောက် ကျွန်တော် အချိန်တွေဖြုန်းနေမိသည်နှင့် ကျွန်တော်ထက် ၅နှစ်ငယ်တဲ့ ဆာကေးနဲ့မှ တက္ကသိုလ်ဒုတိယနှစ်မှာ လာပြီ အတန်းတူနေသည်။ ဒါကြောင့် ဆွေးမျိုးတွေက နောက်ကျရင် ဆာကေးမွေးတဲ့ကလေးနဲ့ ကျွန်တော်အတန်းတူလိမ့်မည်ဟု လှောင်ပြောင်ခံရသည်ကိုလည်း စိတ်ထဲက မခံချင်ပေ။
ဆာကေးက တက္ကသိုလ်ဝင်ခွင့် အမှတ်အများဆုံး ရလို့ ဆရာဝန်တက်ရန် Scholar ရတာတောင် သူ့အစ်ကိုဖြစ်တဲ့ ကျွန်တော်ကို စိတ်မချ၍ ကျွန်တော် တက်တဲ့ အင်္ဂလိပ်စာမေဂျာကို ရွေးချယ်ခဲ့တယ်လို့ ပြောတာပဲ။ တခြားသူတွေကတော့ ကျွန်တော်အတွက် ဆာကေးက အနစ်နာခံပေးတယ် ဆိုပြီ ၀ိုင်းဘြဘာပေးကြသည်။ သို့သော် ကျွန်တော်အမြင်မှာတော့ ဆာကေး တမင် ကျွန်တော်ကို ဒုက္ခပေးချင်လို့ အင်္ဂလိပ်စာမေဂျာကို ရွေးတက်တယ်လို့ပဲ စိတ်ထဲက အမြင်မကြည်လင်မိပေ။
တက္ကသိုလ်ရှေ့တွင် ကားထိုးရပ်လိုက်သည်နှင့် ဆာကေးကိုယ်တိုင် တံခါးတောင် ဖွင့်စရာမလိုပဲ။ ကားတံခါးဖွင့်ပေးဖို့ စောင့်နေတဲ့ တက္ကသိုလ်ကျောင်းသူတွေ အပြည့်ရယ်။ ဆံပင်ကတုံးကနေ ခြေဖျားထိ မိန်းခလေး အားလုံးပါသည်။ သူတို့တွေ ရှုပ်နေတာနဲ့ မနည်းကို ကားထဲမှ ကျွန်တော်မှာ တိုးထွက်ရသည်။

ကောင်မလေး ။        ။ ဆာကေး၊ တို့ကို အော်တိုလေးထိုးပေးပါ...
တခြား ။        ။ ဒါ ဆာကေးအတွက် မီလက်ဆောင်လေးပါ၊ ယူပါနော်...
နောက် ။        ။ ဆာကေး ၊ အီအီအီအီ...

    ဘာနဲ့ဘာ တအီအီ အော်နေမှန်းကို မသိပေ၊ နေ့တိုင်း ဒီလို ငရှုပ်ကောင်မလေးတွေကို စိတ်ပျက်မိသည်။ ဆာကေးနဲ့ ကျွန်တော်က အမှန်ဆို အရပ်အမောင်းက သိပ်ကွာလှတာတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် သူက ကျွန်တော်လို မဟုတ်ပဲ စမတ်ကျကျ စတိုင်မိုက်မိုက် ၀တ်ဆင်တတ်သည်။ ရုပ်ရည်က ကျွန်တော်ထက်တော့ ပိုဖြောင့်တယ်။ စာဆိုရင်လည်း အမြဲအတန်းထဲမှာ အဆင့်-၁ပဲ။ တက္ကသိုလ်မှာဆို King၊ လူမူဆက်ဆံရေးကလည်း ကောင်း၊ သူဆို အားလုံးက အကောင်းမြင်ကြပြီ ကျွန်တော်ဆိုရင် အဖတ်တောင် မလုပ်ချင်ကြချေ။

ကျွန်တော် ။    ။ အလကား ကောင်မလေးတွေ ဖယ်ကြစမ်း၊ ဖယ်ကြစမ်း။ မဖယ်ရင် နင်တို့ အားလုံးကို ငါက.x.x.x.x.x.x.x.x...
    ပါးစပ်မှ မဟုတ်တရှုတ်တွေ ပြောရင်း ကျွန်တော် တစ်ယောက်ထဲ တက္ကသိုလ် ထဲဝင်ရန် အလုပ်တွင် မီနို စက်ဘီးစီးပြီ ကျောင်းထဲ ၀င်လာသည်ကို တွေ့၍ ကျွန်တော် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သို့သော် မီနိုက ကျွန်တော်ကို နှုတ်မဆက်ပဲ ကျော်၍၊

မီနို ။    ။ ဆာကေး၊ မင်္ဂလာပါ...
    ဆာကေးက အရမ်းပျော်သွားတဲ့ နှာဖူးရုပ်ကြီးနှင့် သူဘေးမှ ကျောင်းသူအားလုံးကို တွန်းထုတ်လိုက်ကာ၊

ဆာကေး ။    ။ မီနို၊ မင်္ဂလာပါ...
    ပြုံးရွှင်ပြီ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် နှုတ်ဆက်နေကြသည်။ မီနိုလို မိန်းမလှလေးက ဆာကေးကို နှုတ်ဆက်ပြီ ကျွန်တော်ကို နှုတ်မဆက်တာ အားငယ်စရာမှ မဟုတ်ပဲဟု တွေးကာ စိတ်ပျက်ပျက်ဖြင့် လှည့်အထွက်တွင်၊

မီနို ။        ။ ယမ်ချာ၊ မင်္ဂလာပါ...
    ကျွန်တော်ကိုပါ လှမ်းနှုတ်ဆက်လိုက်သဖြင့် ရင်ထဲမှ အေးခနဲ၊ အေးခနဲ ချက်ချင်း ဆိုသလို ပြုံးရွှင်သွားတော့သည်။

ကျွန်တော် ။    ။ မီနို၊ မင်္ဂလာ...   
စကားတောင် မဆုံးသေးပေ။ ကျောင်းဝသို့ ခြေနင်းလိုက်ရုံဖြင့် တတိယနှစ်မှ စီနီယာများက၊

စီနီယာ ။    ။ ကျောင်းသရဲကြီး၊ ကျောင်းသရဲကြီး၊ ကျောင်းသရဲကြီး...
    ကျွန်တော်ကို မခံချင်အောင် ၀ိုင်းလှောင်ပြောင် တော့သည်။ စီနီယာတွေ ဆိုပေမယ့် ကျွန်တော်ထက် အသက်ငယ်တဲ့သူတွေ ချည်းသာများသည်။ နေ့တိုင်း လိုလိုစနောက်ခံ နေရသော်လည်း၊ မီနိုရှေ့မှာမှ ဒီလို အခေါ်ခံရသဖြင့် ခံပြင်းပြင်းဖြင့်သာ၊

ကျွန်တော် ။    ။ ငါကို လှောင်ရဲတယ်ပေါ့၊ မင်းတို့အားလုံး အသေပဲ...
    မျက်လုံးကို စုံမှိတ်၍ ရှေ့ဆုံးမှ လက်မောင်းတန်းကာ အော်ဟစ်နေသော လူကို လက်သီးဖြင့် ခပ်ပြင်းပြင်းကြီးကို ဆွဲထိုးပစ်လိုက်တော့သည်။

ကျွန်တော် ။    ။ မှတ်ကရောကွ...
ပြီမှ မျက်လုံးလည်း ပြန်ဖွင့်ကြည့်လိုက်ရော၊ ကျွန်တော်ထိုးလိုက်သူမှာ ကျွန်တော်သူငယ်ချင်း''ဖက်တီး'' ဖြစ်နေ၍၊

ကျွန်တော် ။    ။ ဟင်... ဖက်တီး၊ မင်းနာသွားလား ဆော်ရီးပဲကွာ...
    ဖက်တီး မျက်လုံးတစ်ဖက်မှာ ကျွန်တော်လက်သီးအရွယ် အညိုကွက်ကြီးနှင့်ပင်။ ဖက်တီးနဲ့ ကျွန်တော်က မူလတန်းကတည်းက ငယ်သူငယ်ချင်းတွေ ဖြစ်ကြသည်။ ဖက်တီးက ကျွန်တော်လိုပင် စာအလွန်ညံ့သည်မို့ တက္ကသိုလ်မှာ နှစ်တိုင်းကျပြီ မနှစ်ကမှ အောင်၍ ခုတတိယနှစ်ကို ရောက်နေခြင်း ဖြစ်သည်။ ဖက်တီးက ငိုတော့မည့် မျက်နှာဖြင့်၊

ဖက်တီး ။    ။ ယမ်ချာ၊ မင်း လက်သီးချက် ပြင်းလိုက်တာကွာ...
ကျွန်တော် ။    ။ အေး၊ ဆော်ရီးပဲကွာ။ ဒါနဲ့ နေပါအုန်း မင်းက ငါကို ကျောင်းသရဲကြီးလို့ အော်တဲ့ အထဲ ဘာလို့ ပါနေရတာလဲ...
ဖက်တီး ။    ။ ဟဲဟဲ။ အရင်နှစ်တွေတုန်းက မင်းရော၊ ငါရော နေ့တိုင်း ကျောင်းသရဲလို့ လှောင်ခံရတာကို မှတ်မိတယ်မလား။ ဒီနှစ်တော့ငါက အောင်ပြီ တတိယနှစ်ရောက်သွားပြီ ဆိုတော့ကွာ၊ ကျောင်းသရဲလို့ အော်တဲ့ အရသာက ဘယ်လိုလဲ သိချင်လို့ ၀င်အော်မိတာပါကွာ...
    အမြဲလိုလို သူ့စီနီယာ ဖြစ်သွားတဲ့ အကြောင်းကို ဖက်တီး ဒီနေ့တမျိုး၊ နောက်နေ့တမျိုး မရိုးရလေအောင် မျိုးစုံ လာလာကြွားတတ်သည်။ တစ်ခါတလေ ကြွားစရာ မရှိရင် သူတို့ တတိယနှစ်မှာ အပျိုမရှိပဲ အအိုတွေပဲ ရှိကြောင်းတောင် ကြွားသေးသည်။

ကျွန်တော် ။    ။ အေးပါ မင်းက စီနီယာ ဖြစ်သွားတော့ ပြောအားရှိမှာပေါ့...
ဖက်တီး ။    ။ ဒါနဲ့ ငါကို တစ်ခုလောက် ကူညီစမ်းပါကွာ။ ဟိုနားမှာ ရပ်နေတဲ့ ပိန်ပိန်ချောချောတဲ့ ကောင်မလေးကို ငါရည်စားစာ မပေးရဲလို့၊ အဲဒါ ငါအစား မင်း သွားပေးပေးပါ...
ကျွန်တော် ။    ။ ဆာကေး၊ ကိုကြီး လာပြီဟေ့။ ကိုကြီးကို စောင့်နေအုန်းနော်...
    အော်ကာ ဆာကေး မရှိပဲ၊ ရှိချင်ယောင်ဆောင်၍ ဥာဏ်သုံးကာ လစ်ထွက်ရန် ကြံသော်လည်း ကျွန်တော်အကြောင်းသိနေသော ဖက်တီးက ကျွန်တော် ခြေသလုံးကို အတင်းဆွဲဖက်ထားပြီ၊

ဖက်တီး ။    ။ ယမ်ချာရယ် ဒီတစ်ခါပဲကူညီပေးပါကွာ...
    ဖက်တီး အကူအညီတောင်း၍ သူ့အစား စာပေးခဲ့တဲ့ မိန်းခလေးက အယောက် ၁၀၁လောက်ပင် ရှိပြီ ဖက်တီးခုထိ မစွန်းသေးသည်ကို ကျွန်တော် မနားလည်နိုင်ပေ။ ခုသူပိုးပန်းနေတဲ့ ကောင်မလေးကို ကြည့်တော့ ကောင်မလေးက ပိန်တာမှ ဖောင်ရိုးလောက်ပင် ရှိမည်။ ဖက်တီးလို ဆီပိုင်းလောက် ကိုယ်ခန္တာနဲ့ ပိန်ပိန်ဖြူဖြူ ကောင်မလေးနဲ့ မဖြစ်နိုင်ပါဘူးဟု တွေးမိ၍၊

ကျွန်တော် ။    ။ ဖက်တီး၊ ကောင်မလေးနဲ့ မင်းနဲ့က အရမ်းကွာလွန်းနေတယ်ကွာ။ လိုက်လည်း မလိုက်ပဲနဲ့ စိတ်လျှော့လိုက်ပါ...
ဖက်တီး ။    ။ လိုက်တာ မလိုက်တာ မင်းနဲ့ မဆိုင်ဘူးလေ။ ကူညီစရာရှိသာ ကူညီပေးစမ်းပါ...
ကျွန်တော် ။    ။ မင်းကတော့ လုပ်ပြီ နောက်ဆုံး အကြိမ်ပဲနော်...
ဖက်တီး ။    ။ အေး နောက်ဆုံးပါပဲ...
    ဖက်တီး အတင်းအကူအညီ တောင်း၍ သူဆီမှ ရည်စားစာကို ယူ၍ ကောင်မလေးရှိရာသို့ မ၀ံ့မရဲ လမ်းလျှောက်လာသည်။ လမ်းတ၀က်လောက်လည်း ရောက်ရော၊

စီနီယာ ။    ။ ကျောင်းသရဲကြီး ကောင်မလေးကို စာသွားပေးပြီ။ ကျောင်းသရဲကြီး ကောင်မလေးကို စာသွားပေးပြီ...

    ကျွန်တော်ကို ထပ်လှောင်အော်ကြ၍ ကောင်မလေးအုပ်စုကလည်း ခစ်၊ခစ်၊ခစ် ရယ်နေကြသည်။ အော်တဲ့ လူတွေထဲမှာ ဖက်တီးကလည်း ပါသေးသဖြင့် ဒေါသတော်တော်ကို ထွက်သွားမိသည်။ တော်တော် အကျင့်ယုတ်တဲ့ ဖက်တီးဟု စိတ်ထဲမှ ဆဲနေရင်း နောက်ပြန်ဆုတ်ရအခက်၊ ရှေ့တိုးရအခက် ဖြစ်နေတော့သည်။ နောက်ဆုံး မထူးပါဘူး တွေးမိ၍ မျက်လုံးစုံမှိတ်ကာ၊

ကျွန်တော် ။    ။ ရော့ ခင်များအတွက်...
    ကောင်မလေးအုပ်စုထဲသို့ ရည်စားစာကို ထိုးပေးလိုက်တော့သည်။ မျက်လုံးလည်း ပြန်ဖွင့်ကြည့်လိုက်ရော ဖက်တီးပိုးပန်းနေတဲ့ ကောင်မလေးဘေးက ၀တုတ်မကြီးက ချစ်ပန်းဝေပြီ ကျွန်တော်ကို စိုက်ကြည့်နေပြီ၊

ဝတုတ်မ ။    ။ တို့ကို ရည်စားစာပေးတာ သူလေးက ပထမဆုံးပဲ။ တို့ကို ပထမဆုံး ပေးတဲ့သူကို လက်လွှတ်မခံနိုင်ဘူးဟေ့...
    အော်ကာ ကျွန်တော်ကို အတင်းလိုက်ဖက် တော့သည်။ ကျွန်တော်လည်း အတင်းပြန်ရုန်းကန်၍၊

ကျွန်တော် ။    ။ အဲဒါ ငါပေးတာ မဟုတ်ဘူး၊ ဟိုကောင်...
    လှည့်လည်း ကြည့်လိုက်ရော ဖက်တီးတို့ တစ်ဖွဲ့လုံး ဘယ်ချိန်ကတည်းက လစ်သွားကြမှန်းကို မသိပေ။ ဒါနဲ့ နောက်ဆုံး အားကိုးစရာ ဆိုလို့ ဆာကေးပဲ ရှိတော့သဖြင့် ဆာကေးရှိရာသို့ မိုင်ကုန်ထွက်ပြေးတော့သည်။ အချစ်မပြေးနဲ့လေ အော်ကာ ၀တုတ်မက လိုက်၊ ကျွန်တော်က ပြေးနဲ့။ ဆာကေးကို အတန်းထဲတွင် ထိုင်နေသည်လည်း မြင်ရော၊ ၀မ်းသာအားရဖြင့် ဆာကေးနောက်သို့ ၀င်ပုန်းလိုက်ပြီ၊

ကျွန်တော် ။    ။ ဆာကေး ဒီဝတုတ်မကို ငါရှေ့က မြန်မြန်ထွက်သွားခိုင်းလိုက်...
ဝတုတ်မ ။    ။ အချစ်တို့ကို စာပေးပြီမှ ဒီလို မလုပ်နဲ့လေ...
ဆာကေး ။    ။ ကိုကြီး တယ်လည်း စွံပါ့လား...
ကျွန်တော် ။    ။ ဒီမှာ ၀တုတ်မ မင်းလို ဆင်အရွယ် ခန္တာကိုယ်ကို ငါက ကြိုက်စရာလား။ အဲဒီ စာက နင်ကို ပေးတာ မဟုတ်ဘူး၊ နင်သူငယ်ချင်းကို ပေးတာ...   
    ဆာကေး အားကိုးဖြင့် အော်ဟစ်တော့သည်။ ၀တုတ်မလည်း တော်တော် စိတ်ဆိုးသွားပုံဖြင့် ခါးတွင် လက်ထောက်လိုက်ပြီ၊

ဝတုတ်မ ။    ။ အောင်းမာ၊ လူကတော့ ငါတစ်ခါ ကိုင်ပေါက်ရုံကများ။ ငါကို ဆင်အရွယ် ဟုတ်လား။ နင်ကို အသေသတ်မယ်...
ဆာကေး ။     ။ ကျွန်တော် အစ်ကိုအစား တောင်းပန်ပါတယ်ဗျာ။ သူက မိန်းခလေးတွေကို စနောက်တတ်လို့ပါ။ တောင်းပန်ပါတယ်...
ကျွန်တော် ။    ။ ဆင်မကြီးလို့ ခေါ်တာ မကြိုက်ရင် ၀က်မကြီးလို့ ခေါ်မယ်...
ဝတုတ်မ ။    ။ ရှင်ရှေ့က ဖယ်ရင်ဖယ်၊ မဖယ်ရင် ရှင်လည်း အသေပဲ...
    ဆာကေး မနည်းကို ဒူးထောက်မတတ် ကျွန်တော်အတွက် တောင်းပန်ပေးမှ ၀တုတ်မ အနည်းငယ် ကျေနပ်ကာ ထွက်သွားတော့သည်။ ဒါတောင် ကျွန်တော်ကတော့ မလျှော့သေးပဲ၊ ထပ်အော်ဟစ်နေသေး၍၊

ဆာကေး ။    ။ ကိုကြီး တော်ပါတော့ဗျာ။ ခုတောင် မနည်းတောင်းပန်ထားရတာ။ ပြသာနာ မရှာချင်စမ်းပါနဲ့၊ အေးအေးဆေးဆေး အတန်းထဲမှာ ထိုင်နေပါ...
ကျွန်တော် ။    ။ အဲဒါ ဖက်တီး၊ ငါကို အကူအညီတောင်းလို့ ကူညီပေးတာပါကွာ...
ဆာကေး ။    ။ ဖက်တီး ဆိုတဲ့ကောင်နဲ့လည်း အပေါင်းအသင်း မလုပ်ပါနဲ့ဆိုမှ။ ဒီကောင်က အကျင့်သိပ်ကောင်း တာမဟုတ်ဘူး။ ငြိမ်ငြိမ်နေပြီ ကျန်ခဲ့နော်၊ ကျွန်တော် အပြင်ခဏသွားလိုက်အုန်းမယ်...
    လူကြီးစတိုင်ဖြင့် ကျွန်တော်ကို ဆုံးမကာ ထွက်သွားတော့သည်။ အတန်းထဲမှ မိန်းခလေးတွေ ကလည်း တခစ်၊ခစ်ဖြင့် ရယ်နေကြ၍ ကျွန်တော် မျက်နှာ နီရဲနေသည်။ ဆရာမ ၀င်လာပြီ စာစသင်သည်နှင့် ကျွန်တော် သေချာ လေ့ကျင့်ထားသည့် မျက်လုံးကို မမှိတ်ပဲ အိပ်ပျော်တဲ့နည်းလမ်းဖြင့် စာသင်ချိန် တချိန်လုံး ဇိမ်ကျနေတော့သည်။ တစ်ခါတစ်ခါ ခေါင်းတောင် ငိုက်ငိုက်ပြီ ညိတ်လိုက်သေးသည်။ ဒီနည်းနဲ့ မနှစ်က ၁နှစ်လုံး ကျင့်သုံးခဲ့တာ တော်တော်လေးကို အဆင်ပြေခဲ့သည်။

ဆာကေး ။    ။ ကိုကြီး...
    ကျွန်တော်ကို ပုတ်လိုက်ရုံဖြင့် အိပ်နေရာမှ ၀ူးတူးဝါးတားဖြင့် ယောင်တောင်တောင် လန့်နှိုးလာသည်။ သူများတွေ မရိပ်မိအောင် အိနြေ္ဒိယျေ အမြန်ပြန်ဆည်လိုက်ပြီ၊

ကျွန်တော် ။    ။ ငါစာသင်တာကို သေချာ အာရုံစိုက်နေတာ၊ မင်းလုပ်တာနဲ့ လန့်သွားတာပဲ...
ဆာကေး ။    ။ ဘာမှ အပိုတွေ မပြောနဲ့။ စာသင်ချိန်ပြီသွားလို့ အတန်းထဲမှာ ကိုကြီးတစ်ယောက်ပဲ ကျန်တော့တယ်...
ကျွန်တော် ။    ။ ဘာ...
    ဘေးဗယ်ကြည့်လိုက်တော့ တကယ်ကို ကျွန်တော်တစ်ယောက်ထဲ အတန်းထဲတွင် ကျန်တော့သည်။ အိပ်ပျော်နေတာနဲ့ ဘယ်ချိန်က အတန်းပြီသွားသည်ကို လုံးဝမသိလိုက်ပေ။ ရှက်ရှက်နဲ့ပဲ မျက်နှာပြောင်တိုက်ကာ အတန်းထဲမှ ဆာကေးနဲ့အတူ ထွက်လာခဲ့သည်။ ကျောင်းပေါက်ဝနားရောက်တော့၊

ဆရာမ ။    ။ ယမ်ချာ မပြန်နဲ့အုန်း၊ ကျောင်းအုပ်က ခေါ်ခိုင်းလိုက်လို့ ရုံးခန်းထဲ သွားလိုက်အုန်း...
ကျွန်တော် ။    ။ ဆာကေး မင်းငါအစားသွားလို့ မရဘူးလား...
ဆာကေး ။    ။ ဘယ်ရပါ့မလဲ ကိုကြီးရ၊ ကျွန်တော်နဲ့ ကိုကြီးက ရုပ်မှ အရမ်းမတူတာ...
ကျွန်တော် ။    ။ ဒီမှာ မင်းဆံပင်ကို ဖွ၊ အကျီင်္ကော်လံကို ထောင်၊ ဘောင်းဘီအိတ်ကပ်ထုတ်။ ဒါဆို ငါနဲ့တော်တော်တူသွားပြီပဲ...
    တကယ်လည်း ဆာကေး ဖြစ်ကလက်ဆန်းနေလျှင် ကျွန်တော်နှင့် အစ်မွှာညီအစ်ကိုလို ရုပ်ချင်းဆင်သည်။ သို့သော်လည်း ကျွန်တော် အကြံပြုချက်ကို ဆာကေးက သဘောမတူသည်နှင့် ကျွန်တော် ကိုယ်တိုင်ပဲ ကျောင်းအုပ်ရုံးခန်းသို့ ထွက်လာခဲ့ရသည်။ ကျောင်းအုပ် ရုံးခန်းသို့ ၁နှစ်မှာ ၃၆၈ရက်လောက် အမြဲလိုလို သွားနေရလို့၊ ကျွန်တော်အတွက် အိမ်ဦးနဲ့ကြမ်းပြင်လို ဖြစ်နေတော့သည်။ ကျောင်းအုပ်က ကျွန်တော်ကို မြင်မြင်ချင်းပင်၊

ကျောင်းအုပ် ။        ။ ယမ်ချာ လာခဲ့အုန်း၊ မင်းကို ငါပြောစရာရှိတယ်...

    ကျောင်းအုပ်က မိန့်ခွန်းများစွာချွေသော်လည်း ကျွန်တော် နားထဲမှာတော့ '၀ူးဝူးဝူး၊ဘလာဘလာ' အသံများသာ ကြားနေရသည်။ ဒီလိုပဲ ကြားရအောင် သေချာကို လေ့ကျင့်ထားခဲ့သည်။ ဒီလိုနည်း ကျင့်သုံးလာတာ တက္ကသိုလ် စတက်ကတည်းက ဆိုတော့ ၅နှစ်လောက်တောင် ရှိခဲ့သည်။ တစ်ခါတလေ ကျွန်တော်နားမထောင်သည်ကို ကျောင်းအုပ်ရိပ်မိမှာ စိုး၍ ဟိုက်၊ဟိုက် နှစ်ခါအော်၍ ခေါင်းညိတ်လိုက်သေးသည်။

ကျောင်းအုပ် ။        ။ ၀ူးဝူးဝူး၊ ဘလာဘလာ...
ကျွန်တော် ။        ။ ဟိုက်ဟိုက်...
ကျောင်းအုပ် ။        ။ ၀ူးဝူးဝူး၊ ဘလာဘလာ...
    ထိုအချိန်တွင် ဆာကေး ကျွန်တော်ကို စိတ်ပူပြီ ကျောင်းအုပ် ရုံးခန်းသို့ ၀င်လာ၍၊

ကျောင်းအုပ် ။        ။ ဆာကေး မင်းကို မခေါ်ဘူး။ မင်းပြန်တော့...
ဆာကေး ။        ။ ဟို ကိုကြီးအတွက် ကျွန်တော် တောင်းပန်ချင်လို့ပါ ဆရာကြီးရယ်...
    ဆာကေး ၀င်လာတာနဲ့ ကျွန်တော်မှာ အာရုံပျက်ပြီ သူတို့ စကားသံတွေ အားလုံးကို ကြားသွားမိသည်။

ကျောင်းအုပ် ။    ။ မင်း၊ အစ်ကိုကိုယ် နေ့တိုင်းခေါ်ပြီ စာစိတ်မ၀င်စားရင်လည်း ကျောင်းထွက်ဖို့ ပြောနေတာ။ ဒီကောင်က ခေါင်းပဲညိတ်ပြီ ခုထိ ကျောင်းမထွက်သေးလို့ ငါခေါ်ပြီ သတိပေးနေရတာ...

    ဘာ၊ ကျွန်တော်ကို ကျောင်းထွက်ဖို့ ကျောင်းအုပ်က ခေါ်ပြောနေသည်မှာ ၅နှစ်တောင် ရှိသွားပြီ။ ကျွန်တော် နားမထောင်သည်နှင့် လုံးဝကို မသိခဲ့ပေ။ ကျောင်းထွက်ဖို့များ ပြောမယ်ဆိုရင် စောစောကပြောရောပေါ့ ဆရာကြီးရယ်ဟု အရမ်းပျော်သော အသံကြီးဖြင့်၊

ကျွန်တော် ။    ။ ကျေးဇူးတင်လိုက်တာ ဆရာကြီးရယ်။ ကျောင်းထွက်ဖို့ ပြောတာမှန်းသိရင် အရင်ကတည်းက သေချာ နားထောင်ခဲ့ပါတယ်...
    ကျောင်းအုပ်ကို လက်ဆွဲအတင်းနှုတ်ဆက်ပြီ ကျေးဇူးတင်ကြောင်းတွေ အဆက်မပြတ် ပြောတော့သည်။ ဆာကေးက ပျာပျာသလဲလဲဖြင့်၊

ဆာကေး ။    ။ ကိုကြီးကို ကျောင်းတော့ မထွက်ခိုင်းပါနဲ့။ ဒီနှစ် နှစ်ဝက်စာမေးပွဲကို ကိုကြီး အောင်စေရမယ်လို့ ကျွန်တော် အာမခံပါတယ်...
ကျောင်းအုပ် ။    ။ အေး ဆာကေး၊ မင်းလို ညီမျိုးရှိတာ ယမ်ချာ တော်တော် ကံကောင်းတယ်ကွ။ မင်းကို သနားလို့ ငါ ယမ်ချာကို နောက်ဆုံး အခွင့်အရေး ပေးလိုက်မယ်...
ကျွန်တော် ။    ။ ဗျာ၊ ကိန်၊ ကိန်၊ ကိန်...
    ကျွန်တော် ကျောင်းထွက်ခွင့်ရမယ့် အခွင့်အရေးကို ဆာကေးလုပ်လို့ ပျက်ပါပြီ တွေးကာ တော်တော်ရှုပ်တဲ့ ဆာကေးဟု စိတ်ထဲမှ ကြိမ်းဆဲနေမိသည်။ ထို့နောက် ဆာကေးနဲ့ တူတူ အိမ်သို့ ကားဖြင့် ပြန်လာကြသည်။ လာဆမ်နီယားဆိုင်နား ရောက်ခါနီးတွင် 'လာဆမ်နီယား စားချင်လိုက်တာ' ကျွန်တော် စုထားသည့် ပိုက်ဆံနဲ့ဆို စားလို့တော့ရသည်။ ဒါပေမယ့် ခုချိန် သွားဝယ်စားရင် ဆာကေးကိုပါ ၀ယ်ကျွေးနေရပါအုန်းမယ်ဟု တွေးမိ၍ စားချင်စိတ်ကို အတင်း မျိုသိပ်ထားလိုက်သည်။ ဆာကေး လာဆမ်နီယားဆိုင်ရှေ့လည်း ရောက်ရော ကားကို ထိုးရပ်လိုက်၍ ကျွန်တော် အံ့အားသင့်သွားမိသည်။

ကျွန်တော် ။    ။ ဆာကေး၊ ဘာဘာလို့ ကားကို ရပ်လိုက်တာလဲ...
    ဆာကေးက ကျွန်တော် ပခုံးပေါ် လက်တင်လိုက်ပြီ၊

ဆာကေး ။    ။ ကိုကြီး လာဆမ်နီယား စားချင်နေတာ ကျွန်တော်သိပါတယ်။ လာသွားစားရအောင်...
အင်း၊ ငါတော့ ဆာကေးကိုပါ ၀ယ်ကျွေး ရတော့မှာပဲဟု တွေးရင်း စိတ်မကောင်းကြီး များစွာဖြင့် ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံကို သေချာ ရေတွက်နေ၍၊

ဆာကေး ။        ။ စိတ်မပူပါနဲ့၊ ကျွန်တော် ဒါကာခံမှာပါ...
ကျွန်တော် ။    ။ ဟဲဟဲ၊ ကျေးဇူးတင်လိုက်တာ ညီလေးရာ...
    ပြောကာ ပျော်ရွှင်စွာ ကားပေါ်မှ ပြေးဆင်းပြီ ဆာကေးနဲ့ လာဆမ်နီယားဆိုင်တွင်းသို့ တူတူဝင်သွားကြသည်။ ဆိုင်ထဲလည်း ရောက်ရော ဆာကေးဝယ်ကျွေးမယ် ဆိုရင်၊

ကျွန်တော် ။        ။ လာဆမ်နီယား ၃ပွဲပေးပါဗျို့ ...
ဆက်ရန်...

----------------------------------------------------

4 comments:

  1. စပိုင်ချစ်သူ ၀တ္တုရှည်က ယာကူဇာချစ်သူလိုပဲ ဂျူးလိယက် ကိုယ်ပိုင် ဖန်တီးရေးသားထားတဲ့ ၀တ္တုသစ်တစ်ခုပါပဲ။ ဟာသ၊ အက်ရှင်၊ ပျော်စရာ ၀တ္တုသစ်ပါ။ ဝေဖန်ပေးကြပါအုန်း...

    ReplyDelete
  2. ရယ်ရတယ်.. ကျောင်းအုပ်ကြီးရဲ့ မိန့်ခွန်းသဘောကျတယ် ၀ူးဝူးဝူး၊ ဘလာဘလာ...
    တဲ့ ဘာတွေပြောမှန်း ၀တ်ရည်က နားလည်တယ်နော် ခိခိ .. ဆက်ရန်ကို မျှော်နေမယ်နော်.

    ReplyDelete
  3. ကောင်းတယ်ဗျို့ ဖတ်ရတာ..ရုပ်ပုံတွေပါ မြင်ရသလို ခံစားရတယ်...ရေးနေတာကြာပြီနော်..ခုမှ တွေ့တာ တော်တော် နောက်ကျနေပြီ...အားပေးမယ် ဗျာာာ :)

    ReplyDelete