Tuesday, January 4, 2011

စပိုင်ချစ်သူ အခန်း-၂


ဒီနေ့တော့ ခပ်စောစောပင် ကျောင်းသို့ တစ်ယောက်ထဲ ထွက်လာခဲ့သည်။ ကျောင်းသို့ အသွားလမ်းတွင် စက်ဘီးလေးစီးပြီ ဖြတ်သွားသော မီနိုနဲ့ အမှတ်မထင် ဆုံလိုက်မိသည်။

ကျွန်တော် ။ ။ မီနို...
လှမ်းနှုတ်ဆက်လိုက်၍ မီနိုက စက်ဘီးလေးကို ဘေးချပြီ ကျွန်တော်နားသို့ လမ်းလျှောက်လာသည်။ မီနိုက ဒီနေ့မှကို တမျိုးလေးကို လှပနေတော့သည်။ သူမ တပ်ထားတဲ့ ဘီးကုတ်ပန်းရောင်လေးနဲ့ ပန်းရောင်သန်းနေတဲ့ သူမပါးလေးတွေ ဘယ်လိုလှမှန်းကို မသိပေ။ လှလိုက်တာ မီနိုရယ်၊ ခုချိန်မှာ သူမကို အနမ်းလေးပေးလိုက် ရလို့ကတော့ကွာဟု တွေးရင်း အတွေးလွန်းသွားသည်နှင့် ကျွန်တော် နှုတ်ခမ်းကြီး ဆူလာ၍၊

မီနို ။ ။ ယမ်ချာ...
မီနိုလှမ်းခေါ်လိုက်မှ သတိပြန်ကပ်သွားကာ၊
ကျွန်တော် ။ ။ ဟဲဟဲဟဲ။ အေးဘာလဲ...
မီနို ။ ။ ကျောင်းမသွားခင် နင်နဲ့ငါ...
သူမစကားကို အဆုံးထိ မပြောပဲ၊ တန်းလန်းကြီး ထားလိုက်သဖြင့် ရင်ထဲမှာ ဟာတာတာကြီး ဖြစ်သွားတော့သည်။ မီနိုနားသို့ တိုးလိုက်ပြီ၊

ကျွန်တော် ။ ။ နင်နဲ့ငါ ဘာဖြစ်လဲဟင်...
မီနို ။ ။ ဗိုက်ဆာလို့ မုန့်တစ်ခုခု သွားစားရအောင်နော်...
ဘာ မုန့်စားဖို့ ဟုတ်လား၊ စိတ်မကောင်းလိုက်တာ။ နောက်မှ သတိရသွားသည်မှာ ဟင်း၊ ကျွှန်တော်ကို နှစ်ယောက်ထဲ ချိန်းတွေ့ဖို့ ပြောနေတာပဲ စဉ်းစားမိ၍ ကြိတ်ကာ ၀မ်းသာလုံးစို့သွားမိသည်။ စားသောက်ဆိုင်တစ်ခုတွင် ၀င်ထိုင်လိုက်ကြပြီ ကျွန်တော် မ၀ံ့မရဲဖြင့်၊

ကျွန်တော် ။ ။ မီနို ဒါနင်နဲ့ငါ ချိန်းတွေ့တယ်လို့ ပြောလို့ရလားဟင်...
ရှက်ကန်းကန်းလေး မေးလိုက်မိသည်။ မီနိုက ပါးလေးက ပိုလို့တောင် နီရဲလာပြီ ခေါင်းလေးကို မသိမသာလေး ညိတ်ပြလိုက်၍ ငါကွဟု စိတ်ထဲမှ တစ်ချက် ထအော်လိုက်သေးသည်။

ကျွန်တော် ။ ။ ဟိုလေ။ ငါနဲ့ချိန်းတွေ့တာကို သူများမြင်မှာ နင်မကြောက်ဘူးလား...
မီနို ။ ။ ဘာလို့ ကြောက်ရမှာလဲ။ မိန်းခလေးတိုင်းက ဆာကေးက ယမ်ချာထက် ပိုချောတယ်ပဲ ထင်နေကြတာ။ ငါကတော့ နင်က ဆာကေးထက် ပိုချောတယ် ထင်တာပဲ...
ကျွန်တော် ။ ။ တကယ်...

ကျွန်တော်ရင်ထဲမှာ အသဲတွေ ပွက်ပွက်ဆူညံ့အောင် တုန်ခါနေတော့သည်။ မီနိုဆီက ဒီလိုစကား ကြားရမည်လို့ တသက်နဲ့တကိုယ်တခါမှ မထင်ခဲ့ဘူးပေ။

မီနို ။ ။ ပြီတော့ ငါလေ နင်ကို စတွေ့ကတည်းက...
မီနိုပြောတဲ့ စကားကို ပါးစပ် ဟောင်းလောင်းကြီးဖြင့် သေချာစူးစိုက် နားထောင်နေစဉ် ကျွန်တော်တို့ ထိုင်နေသော စားသောက်ဆိုင်ရှေ့မှ လာဆမ်နီယား ရောင်းတဲ့ကားကြီးလည်း ဖြတ်သွားရော မီနိုပြောသမျှကို၊

မီနို ။ ။ ၀ူးဝူးဝူး ဘလာဘလာ၊ ၀ူးဝူးဝူး ဘလာဘလာ၊ ၀ူးဝူးဝူး ဘလာဘလာ...
လို့သာဆက် ကြားနေမိတော့သည်။ လာဆမ်နီယား ကားကြီး တော်တော်လေး အဝေးရောက်သွားမှ မီနိုဘက်သို့ ပြန်လှည့်လိုက်ရော ကျွန်တော်ရှေ့တွင် ထိုင်နေသူမှာ မီနိုမဟုတ်တော့ပဲ၊ ကျောင်းအုပ်ဆရာကြီး ဖြစ်သွား၍၊

ကျွန်တော် ။ ။ အောင်းမယ်လေးဗျ...
လန့်အော်လိုက်ရာ အိမ်မက်မှ ရှုတ်တရပ် ချွေးသီးချွေးပေါက်များကျ၍ လန့်နှိုးလာသည်။ ကံသီပေလို့ပဲ မီနိုနဲ့ မညားပဲ၊ ကျောင်းအုပ်ကြီးနဲ့ ညားဖို့ နည်းနည်းလေးပဲ လိုတော့သည်။ ဒီအိမ်မက်ဆိုး ဘာလို့ လာမက်နေမှန်း မသိပါဘူးဟု ပါးစပ်မှ ပျစ်တောက်ပြောရင်း ပြန်အိပ်ရန် ပြင်စဉ် မီနိုအသံကို ကြားလိုက်ရ၍၊

ကျွန်တော် ။ ။ မီနိုအသံ ငါဘာလို့ ကြားကြားနေပါလိမ့်။ မီနိုနဲ့ ကျွန်တော် စိတ်ချင်းဆက်လို့ ဖြစ်မှာပါ...
တွေး၍ တစ်ယောက်ထဲ သဘောကျပြီ ပြန်မှေးပြန်ရော။ ဒါပေမယ့် မီနိုအသံက ကျွန်တော်အခန်းပြင်ဘက်က လိုလိုကြားမိ၍၊ မဟုတ်သေးပါဘူး မီနိုများ အိမ်မက်ထဲကလို ကျွန်တော်နဲ့ date လုပ်ဖို့များ ရောက်နေတာများလား တွေးမိကာ အခန်းတံခါးကို ဆတ်ခနဲ ဆွဲဖွင့်လိုက်သည်။ မီနိုက ဆာကေးနဲ့ ရပ်ပြီ စကားပြောနေကြသည်။

မီနို ။ ။ ထမင်းလိပ် ကြိုက်မှန်းသိလို့ ငါကိုယ်တိုင် မနက်ကအစောကြီးထပြီ လုပ်လာပေးတာ...
ဆာကေး ။ ။ ဒါကြောင့် နင်ကိုလေ...

ဆာကေး ဆက်ပြောမယ့် စကားတွေကို ကျွန်တော် မကြားချင်ဘူးဟု မုပြောင်းလိုက်သည်နှင့်၊

ဆာကေး ။ ။ ၀ူးဝူးဝူး၊ ဘလာဘလာ...
မီနို ။ ။ ၀ူးဝူးဝူး၊ ဘလာဘလာ...
သူတို့နှစ်ယောက်ကို ကြည့်ရင်း ကျွန်တော်ဆက်ပြီ မခံနိုင်တော့တဲ့ အဆုံး အခန်းတံခါးကို ပြန်အပိတ်တွင် မီနိုက ကျွန်တော်ကို တွေ့ဖြစ်အောင် တွေ့သွားသေးသည်။

မီနို ။ ။ ယမ်ချာ ဒီနေ့ ထူးထူးဆန်းဆန်း အစောကြီး နှိုးလို့ပါ့လား...
ဆာကေး ။ ။ ကိုကြီး နှိုးလာပြီပဲ...
ကျွန်တော် ။ ။ ငါမှာသာ နှိုးတာ မနှိုးတာ၊ စောစောထတာ မထတာ။ မင်းတို့နဲ့ မဆိုင်ပါဘူး...

အခန်းတံခါးကို ဒိန်းခနဲမြည်အောင် အားဖြင့် ဆွဲပိတ်လိုက်ပြီ ကုတင်ပေါ်တွင် ပြန်ထိုင်ချလိုက်မိသည်။ ဘာလို့မှန်းကို မသိပေ၊ ကျွန်တော် အရမ်းကို စိတ်ဆိုးနေမိသည်။ ဆာကေးနဲ့ မီနိုကို တွဲတွေ့သည်ကို ကျွန်တော် ဘာလို့ ဒီလောက်တောင် စိတ်တိုနေမိသည်ကိုတောင် ကိုယ်မှာကိုတောင် နားမလည်နိုင်ပေ။ ခဏနေတော့ ဆာကေးက ကျွန်တော် အခန်းထဲသို့ လိုက်ဝင်လာပြီ၊

ဆာကေး ။ ။ ဘာဖြစ်သွားတာလဲဗျာ။ မီနိုက ထမင်းလိပ်လာပို့တာကို ကိုကြီးက ဒီလိုလုပ်ဖို့ မကောင်းဘူး...
ကျွန်တော် ။ ။ ဟေ့ကောင်၊ ဆာကေး မင်းအတွက် ထမင်းလိပ်လာပို့တာ ငါနဲ့မှ မဆိုင်ပဲ။ တော်ပြီ ငါအိပ်တော့မယ်၊ လာမနှောင့်ယှက်နဲ့...
ဆာကေးက အားရပါးရထရယ်လျှက် ကျွန်တော်စောင်ကို ဆွဲလှမ်းလိုက်ပြီ၊

ဆာကေး ။ ။ ကိုကြီးတော်တော် ကလေးဆန်တာကိုး။ မီနိုက ကိုကြီး ထမင်းလိပ်ကြိုက်မှန်းသိလို့ သူကိုယ်တိုင် လုပ်လာပေးတာ နားလည်ပြီလား...
ကျွန်တော် ။ ။ အင်း ဒါဆို၊ မီနိုအပေါ် ငါပြောလိုက်တာ လွန်းများ လွန်းသွားပြီလား...

ဒုက္ခပါပဲ၊ ကျွန်တော်ကို မီနို စိတ်ကွက်သွားမည်ကို အရမ်းစိုးရိမ်သွားသည်နှင့် ဆာကေးကိုတောင် ၀င်တိုက်ပြီ အောက်ထပ်သို့ အမြန် ပြေးအဆင်းတွင် လှေခါးထစ်တွေ မမြင်မိပဲ၊

ကျွန်တော် ။ ။ ဒုံးဒိုင်းခွက်ဒိန်း...
အသံစုံထွက်၍ လှေခါးပေါ်မှ တစ်ထစ်ချင်း လိမ့်၍ ပြုတ်ကျလာသည်။ နောက်ဆုံး အထစ်လည်း ကုန်ရော မီနိုရှေ့တည့်တည့်ကြီးမှာမှ ကျွန်တော်ဝတ်ထားတဲ့ ဘောင်းဘီမှ၊

ဘောင်းဘီ ။ ။ ဗြိ၊ ဗြိ၊ ဗြိ၊ ဗြိ...ဗြဲ...
ဘောင်းဘီ အလယ်တည့်တည့်က မမြင်သင့်တဲ့ နေရာမှာမှ ထပ်ခြမ်းဗြဲခနဲမြည်အောင် ပြဲထွက်သွားလေရော၊

မီနို ။ ။ အားအားအားအားအား...
ငယ်သံပါအောင် အော်ကာ ကျွန်တော် အိမ်ထဲမှာ ရှက်ရမ်းရမ်းကာ လစ်ခနဲနေအောင် ထွက်ပြေးသွားတော့သည်။ ဆာကေးလည်း လှေခါးပေါ်မှ ပြေးဆင်းလာပြီ၊

ဆာကေး ။ ။ ကိုကြီး မီနို ဘာလို့ ပြေးထွက်သွားတာလဲ...
မေးပြီ ကျွန်တော် ဘောင်းဘီ ထပ်ခြမ်းပြဲကို ငုတ်ကြည့်ပြီသည်နှင့်၊

ဆာကေး ။ ။ အားအားအားအားအား...
အော်ကာ သူအိပ်ခန်းရှိရာသို့ လစ်ခနဲနေအောင် ထွက်ပြေးသွားတော့သည်။ မီနိုကတော့ အော်တယ် ထားပါတော့၊ ဒီကောင် ဆာကေး တူတူချင်းတွေကို အော်နေသေးတယ်ဟု ကြိမ်းဆဲလိုက်မိသည်။ ကျွန်တော် နောက်မျက်နှာ ရှေ့ထားပြီ မီနိုနဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရမည်ကို စိတ်ညစ်သွားမိသည်။ ကျွန်တော်နဲ့နော် လုပ်လိုက်မှဖြင့် တလွှဲကြီးပဲဟု ကိုယ်မှာကို အပြစ်တင်နေမိသည်။ မနက်စားပြီ ကျောင်းသွားရန် ခြံထဲက ထွက်မည်အလုပ်တွင် ဘေးခြံမှ မီနိုထွက်လာသည်လည်း မြင်ရော ဆာကေးကို အတင်းဆွဲကာ ခြံစည်းရိုးအနောက်တွင် ၀င်ပုန်းနေလိုက်သည်။

ဆာကေး ။ ။ ကိုကြီး၊ မီနိုလေ မနှုတ်ဆက်တော့ဘူးလား...
ကျွန်တော် ။ ။ မင်းဟုတ်လို့ မေးရက်တယ်ကွာ။ ငါက ဘယ်က မျက်နှာနဲ့ သူကိုနှုတ်ဆက်ရမှာလဲ။ တိတ်တိတ်နေစမ်းပါ...
မီနိုတော်တော်လေး အဝေးရောက်မှ ၀ူးဝူး တော်ပါသေးရဲ့ ပြန်ကုန်းထကာ ကျောင်းသို့ ထွက်လာခဲ့ကြသည်။ ကားပေါ်မှ ဆင်းမည်အလုပ်တွင်၊

ဆာကေး ။ ။ ကိုကြီး အရင်ဝင်နှင့်၊ ကျွန်တော်နောက်က လိုက်ခဲ့မယ်...
ဆာကေး၊ ဒီကောင် ခွဲခြားခွဲခြားနဲ့ မလိုက်ချင်လည်း နေပေါ့ဟု စိတ်ထဲမှ ကြိမ်းဆဲလိုက်ပြီ၊ တစ်ယောက်ထဲ ထွက်လာခဲ့သည်။

ကျောင်းပလက်ဖောင်းတွင် ကျောင်းသား၊ကျောင်းသူတွေ ပြုံခဲပြီ ကျောင်းကြေငြာဆိုင်ပုဒ်ကို ၀ိုင်းအုံကြည့်နေကြသည်။ ဘာတွေ ဒီလောက်တောင် သဘောကျနေကြမှန်းကို မသိပါဘူး ဒီလူတွေနဲ့ ခက်သားပဲ တွေးကာ ကျွန်တော် ဖြတ်လျှောက်သွားသေးသည်။ ပြီမှ ဘာများလဲ သိချင်စိတ်ကလည်း ရှိသေး၍ သူတို့အားလုံးကြားထဲမှ တိုးပြီ ကြေငြာဖတ်လိုက်ရာ၊

ကြေငြာ ။ ။ အနီးကပ် ကျှူရှင်ဆရာတစ်ဦး အရေးပေါ်အလိုရှိသည်။ ပုံ-ယမ်ချာ(ဒုတိယနှစ်ကျ ကျောင်းသား)...
ဘာ အနီးကပ် ကျူရှင်ဆရာ ကျွန်တော်သင်ရမယ် တွေးမိသည်နှင့်၊
ကျွန်တော် ။ ။ ဒါငါကို သက်သက်စော်ကားတာ။ မသင်နိုင်ဘူးကွ...
ဒေါသတကြီးဖြင့် ကပ်ထားသော ကြေငြာစာရွက်ကို ဆွဲဖြဲတော့သည်။ ဘေးမှ ကျောင်းသား၊ ကျောင်းသူတွေကလည်း ကျွန်တော်ကို ၀ိုင်းဟာတိုက် ရယ်ကြသေးသည်။ ကျွန်တော် ကျောင်းတက်ရမှာတောင် ဒီလောက်ပျင်းတာ၊ ခုအနီးကပ် ကျူရှင်ဆရာပါ ဆိုရင် ဖူဂျီမီးတောင်ပေါ်တက်ပြီ သွားသေလိုက်တော့သည်။ ဒါတွေ အားလုံး ဆာကေးလက်ချက်ပဲ ဖြစ်ရမယ်လို့ တွေးနေစဉ် ဆာကေး လေလေးကို ချွန်၍၊

ဆာကေး ။ ။ ၀ွီဝွီဝွီ...
ကြေငြာစာရွက်များကို သူ့သူငယ်ချင်းတွေနဲ့ နေရာအနှံ့တွင် လိုက်ကပ်နေသည်။

ကျွန်တော် ။ ။ ဆာကေး မင်းက ကပ်ရင်၊ ငါကဖြဲတယ်ကွာ...
ဆာကေး ။ ။ ကိစ္စမရှိပါဘူး ကိုကြီးရာ။ ဖြဲချင်သလောက်သာ ဖြဲစမ်းပါ။ အစောင်ရေ ၁၀၀တောင် ရိုက်ထားတာ၊ ကိုကြီး မပျင်းဘူးဆိုရင်ပေါ့...
အစောင်ရေ ၁၀၀လည်း ကြားရော ဖြဲနေရင်း နင်းသွားမိသည်။ ၁၀၀ကြီးတော့ မဖြဲနိုင်ဘူး ပျင်းလိုက်တာ။ ဒါကျွန်တော်ရဲ့ ပျင်းတဲ့ အားနည်းချက်ကို ဆာကေး သိလို့ တမင်လုပ်တာ တွေးမိ၍၊

ကျွန်တော် ။ ။ ဆာကေး မင်းဟုတ်လို့ကွာ၊ ငါအားနည်းချက်ကိုမှ။ တောက်...
တစ်ချက်ခေါက်၍ ကျောင်းခန်းထဲသို့ တစ်ယောက်ထဲ ထွက်လာခဲ့သည်။ ကျောင်းခန်းထဲရောက်တော့ ဆာကေးကို စိတ်ဆိုးပြီ လုံးဝစကားမပြောပေ။ ထမင်းစားချိန်ရောက်တော့၊

ဆာကေး ။ ။ ကိုကြီး မီနိုလာပေးထားတဲ့ ထမင်းလိပ် ကျွန်တော်တို့ တူတူ အတန်းထဲမှာ စားကြရအောင်...
ဆာကေး ကျွန်တော်ကို ကျူရှင်သင်ခိုင်းသည်ကို စိတ်ဆိုး မပြေနိုင်သေးသည်နှင့်၊

ကျွန်တော် ။ ။ စားချင် မင်းဘာသာစားပါ့လား...
ထမင်းဗူးကို လက်ဖြင့် ပုတ်ထုတ်ပြီ canteenသို့ ထွက်လာခဲ့သည်။ canteenတွင် ၀င်ထိုင်မိသည်နှင့်၊

စီနီယာ ။ ။ ကျောင်းသရဲကြီး ကျူရှင်ဆရာ အလိုရှိတယ်။ ကျောင်းသရဲကြီး ကျူရှင်ဆရာ အလိုရှိတယ်။ ဟားဟားဟား...

ဝင်လှောင်ပြောင်ကြ၍ canteenမှလည်း စိတ်ဆိုးကာ ပြေးထွက်လာခဲ့သည်။ ဖက်တီးက အနောက်ကနေ ပြေးလိုက်လာပြီ၊

ဖက်တီး ။ ။ ယမ်ချာ မင်းကလည်း စိတ်ကြီးပဲ၊ အလကားနောက်တာပါကွာ။ လာပါ...
ကျွန်တော်ကို အတင်း canteenသို့ ပြန်ဆွဲခေါ်သွားသည်။ သူနဲ့တနေရာတွင် ၀င်ထိုင်လိုက်ကြသည်။

ကျွန်တော် ။ ။ မင်းလည်း ဒီလို အလှောင်ခံရဖူးတာပဲ၊ ငါခံစားချက်ကို မင်းမစာနာတတ်ဘူးလား...
ဖက်တီး ။ ။ အေး၊ ငါလည်း တတိယနှစ်ရောက်သွားတော့မှ ဒါတွေ လွှတ်သွားတာကွ...
တခါလာလည်း သူ့တတိယနှစ်ရောက်တဲ့ အကြောင်းပဲ။ ဖက်တီးကို သေချာကြည့်ရင်းနှင့် ဘယ်လို ဒီကောင် တတိယနှစ်ကို ရောက်လာပါလိမ့်ဟု နှိမ်ကာ တွေးလိုက်မိသည်။ ဖက်တီးမှာ စာမေးပွဲအောင်တဲ့ အဆောင်လေးများ ရှိမလားပဲ ထပ်တွေးမိ၍၊

ကျွန်တော် ။ ။ နေပါအုန်း၊ ငါက တော်ရဲ့သားနဲ့ စာမကျက်လို့ စာမေးပွဲကျတာ။ မင်းက ဥာဏ်ကလည်း ထိုင်းပြီ ဒုံးကဝေသေး၊ အင်္ဂလိပ်စာဆိုလျှင် အသံထွက်က နှစ်လုံးကွဲအောင် ပြောတတ်တာမဟုတ်။ ဒါကို မင်းဘယ်လို အင်္ဂလိပ်စာ တတိယနှစ် ရောက်လာတယ် ဆိုတာ ငါမစဉ်းစားတတ်အောင်ပဲ။ ဒါနဲ့ မင်းမှာ ငါမသိသေးတဲ့ လှိုဝှက်ထားတဲ့ အဆောင်လေးများ ရှိရင်ငါကို ပေးစမ်းပါ...
ဖက်တီးက မျက်နှာ ချီပေသွားတဲ့ မျက်နှာကြီးဖြင့် ရှုံ့မဲ့ရှုံ့မဲ့ကာ၊

ဖက်တီး ။ ။ မင်းက ငါကို မှိုချိုးမစ်ချိုးပြောပြီ အဆောင်ဟုတ်လား။ ရှိရင်တောင် မပေးဘူးကွ...
ကျွန်တော် ။ ။ ဖက်တီးကလည်းကွာ အချင်းချင်းတွေပဲ ပေးစမ်းပါ...
ဖက်တီးက သူ့လွယ်အိတ်ထဲမှ ကျောက်စိမ်းဆွဲပြားလေးကို ထုတ်လိုက်ပြီ ကျွန်နားသို့ ကပ်၍၊

ဖက်တီး ။ ။ ငါမှာ ငါအဘိုးပေးထားတဲ့ အရမ်းတန်ခိုးထက်တဲ့ အဆောင်ရှိတယ်ကွ။ အဲဒါ မင်းကို သူငယ်ချင်းချင်းမို့ ပြောပြတာ၊ သူများတွေတော့ မသိစေနဲ့။ ငါစာမေးပွဲအောင်တာ ဒီအဆောင်ကြောင့်ပဲ...
ကျောက်စိမ်းပြားလေးကို ကျွန်တော်လက်ထဲသို့ ထိုးပေးလိုက်သည်။ ကျောက်စိမ်းပြားဝိုင်းလေးက အရမ်းတန်ဖိုးမတန်ပေမယ့် ရှေးဟောင်းပစ္စည်းနဲ့ တူသည်။
ကျွန်တော် ။ ။ အဲဒီလောက် အစွမ်းထက်ရင် ငါကို ဌါးပါ့လားကွာ...
ဖက်တီး ။ ။ အလကားတော့ မရဘူးလေ။ မင်းဌါးချင်ရင် နေ့တိုင်း ငါcanteenမှာ စားတဲ့ဖိုးရှင်း ပေးရမယ်။ ဘယ်လိုလဲ...
ကျွန်တော် ။ ။ တော်ပြီ ဒါဆို မဌါးတော့ဘူး...
ကျောက်စိမ်းပြားကို စားပွဲပေါ်ပြန်တင်ပြီ လှည့်ထွက်ရန်ကြံစဉ်၊

ဖက်တီး ။ ။ ဒါဆိုလည်း ဒီနေ့စားတဲ့ဖိုးတော့ ရှင်းပေးကွာ။ ဒါပေမယ့် မင်းနှစ်ဝက် စာမေးပွဲအထိပဲ ဌါးမှာနော်...
ကျွန်တော် ။ ။ အေး၊ ကျေးဇူးပဲ...
ဖက်တီးစားတဲ့ ၀ိုင်းဖိုး ရှင်းပေးခဲ့ပြီ ကျောက်စိမ်းပြားလေးကို ယူ၍ ကျောင်းခန်းထဲသို့ ပြန်ထွက်လာခဲ့သည်။ ကျောက်စိမ်းပြားအဆာင်ရှိလျှင် စာမေးပွဲမအောင်ဖို့ မပူရတော့သည်မို့ စိတ်ထဲမှာ ကြိတ်ဝမ်းသာနေမိသည်။ ကျောင်းခန်းထဲလည်း ရောက်ရော၊

ဆာကေး ။ ။ ကိုကြီး လက်ထဲက ဘာကြီးလဲ...
ကျွန်တော် ။ ။ အာ၊ ဘာမှမဟုတ်ပါဘူ့း..
ကျောက်စိမ်းပြားကို ဆာကေးမြင်မှာစိုး၍ လက်နှစ်ဖက်ဖြင့် ဆုတ်ကိုင်၍ လက်ကို နောက်သို့ ၀ှက်ထားလိုက်သည်။

ဆာကေး ။ ။ မရဘူး။ ညီအစ်ကိုအချင်းချင်းပဲ ကျွန်တော်ကိုလည်း ပြရမယ်...
ကျွန်တော်လက်ထဲက ကျောက်စိမ်းပြားကို အတင်းလိုက်ဆွဲလုသဖြင့် အကျီင်္အိတ်ကပ်ထဲသို့ အထည့်တွင် ချော်ပြီ၊

ကျောက်စိမ်းပြား။ ။ ခွမ်း၊ ဂွမ်း၊ ကွမ်း...
၃ချက်မြည်၍ အစိတ်စိတ်အမွှာမွှာ ကွဲသွားသည်နှင့် ဆာကေးနဲ့ ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ငေးကြည့်ရင်း၊

ကျွန်တော် ။ ။ အမယ်လေး ငါစာမေးပွဲအောင်မယ့် အဆောင်လေးတော့ သွားပါပြီ။
ဟိဟိဟိ...
ငိုကြွေးတော့သည်။ ထိုအချိန်တွင် ထူးဆန်းစွာ ကျောက်စိမ်းပြားမှ၊

ကျောက်စိမ်းပြား။ ။ တီ၊တီ၊တီ...

အချက်ပေးသံလိုလို၊ ဘာလိုလို အသံများ ကျယ်လောင်စွာ အဆက်မပြတ် ထွက်လာသဖြင့် အံ့အားသင့်စွာ ဆာကေးကို ကျွန်တော် ငေးကြည့်နေမိတော့သည်။

---------------------------------------------

လှိုဝှက်စုံစမ်းရေး ရုံးချုပ်....................

ဂျပန်နိုင်ငံ ဖူဂျီမီးတောင် အတွင်းပိုင်းတွင် လှိုဝှက်စုံစမ်းရေး ရုံးချုပ်ကြီးကို လှိုဝှက်စွာ ဆောက်လုပ်ထားသည်။ ရုံးချုပ်ကနေ ဂျပန်တစ်နိုင်ငံလုံးကို လျင်မြန်စွာ သွားလာနိုင်ရန် ဖောက်လုပ်ထားသော မြေအောက် အမြန်ဒုံးကျည်ရထားတွေ စက္ကန့်နဲ့ အမျှ သွားလာနေကြသည်။ ရုံးချုပ်၏ ဒုတိယအထပ်တွင် မီးမှိန်မှိန်ငယ်သာ ထွန်းထားသော စက်ကိရိယာအခန်းတွင် ကွန်ပြူတာ အလုံး ၁၀၀လောက် ဖွင့်လှစ်ထားသည်။ ကွန်ပြူတာတစ်လုံးဆီမှ 'တီတီတီ' အရေးပေါ် အချက်ပေးသံများ အဆက်မပြတ် ထွက်ပေါ်လာ၍ ၀န်ထမ်းတစ်ဦးမှ ဒုဌါနမှူး ရုံးခန်းရှိရာသို့ အလျင်အမြန် ပြေးဝင်သွားပြီ၊

ဝန်ထမ်း ။ ။ ဆရာ ကွန်ပြူတာအမှတ်-၀၀ရ မှာ အချက်ပြမီးလင်းနေပါတယ်...
ဆရာ ။ ။ ဘာပြောလိုက်တယ်။ ၀၀ရဟုတ်လား။ ၀၀ရ ဆိုရင် ဆူဇူကီပဲ။ ခုဘယ်နေရာမှာ အချက်ပြနေတာလဲ...
ဝန်ထမ်း ။ ။ နာဂိုယာတက္ကသိုလ်မှာပါ...
ဆရာ ။ ။ ဒါဆို ငါတို့ထဲက အတော်ဆုံး စပိုင်ကို ခုချက်ချင်း နာဂိုယာတက္ကသိုလ်ကို စေလွှတ်လိုက်...
ဝန်ထမ်း ။ ။ အတော်ဆုံး စပိုင်ကိုတောင် တာဝန်ပေးတယ်ဆိုတော့...
ဆရာ ။ ။ ဟုတ်တယ် ဆူဇူကီက နဲနဲရရမဟုတ်ဘူး။ ဒါကြောင့် ငါတို့ရဲ့ အတော်ဆုံးစပိုင်ကို စေလွှတ်မှ ဖြစ်မယ်....
လွန်ခဲ့တဲ့ ၁၀နှစ်ခန့်က ဆူဇူကီသည် လှိုဝှက်စုံစမ်းရေး အဖွဲ့အစည်းတွင် အထူးချွန်ဆုံးနှင့် အတော်ဆုံး ထိပ်တန်းစပိုင်တစ်ဦး ဖြစ်ခဲ့သည်။ တစ်နေ့တွင် ဆူဇူကီသည် ကြီးလေးသော တာဝန်တစ်ခုကို ပေးအပ်ခဲ့သည်။ သို့သော် ဆူဇူကီသည် သူ့တို့ထောက်လှမ်း စုံစမ်းခိုင်းထားသော သတင်းအချက်အလက်များကို ဌါနချုပ်သို့ ပြန်လည် မပေးအပ်ပြီ ကိုယ်ယောင်ဖျောက်သွားခဲ့သည်။ ထို့ကြောင့် အနှစ်၂၀လုံးလုံး ဆူဇူကီနောက်သို့ လှိုဝှက်စုံစမ်းရေးအဖွဲ့မှ ပြန်နောက်ယောင်ခံ လိုက်နေခဲ့သော်လည်း သတင်းအစအနတောင် မရခဲ့ပေ။ ဒီနေ့မှ ဆူဇူကီကို ရှာဖွေတွေ့ရှိနိုင်သော အချက်ပြမီးလင်းလာခြင်း ဖြစ်သည်။ ၀န်ထမ်းကလည်း သူ့ဆရာ ညွှန်ကြားတဲ့အတိုင်း အတော်ဆုံး စပိုင်ကို သတင်းပို့ရန် အမြန် ထွက်သွားလေတော့သည်။

----------------------------------------------------------
ဆက်ရန်

1 comment:

  1. အားအားအား
    ဟိဟိ လန့်သွားတား)
    အဲ အောက်ဆုံးပိုဒ်ပါလာတော့ ဇာတ်က ပိုကောင်းလာပြီ..
    စိတ်လှုပ်ရှားရတော့မဲ့ သဘောဘဲ..
    အိုကေ စောင့်ဖတ်နေတယ်နော်...

    ReplyDelete