Friday, January 7, 2011

စပိုင်ချစ်သူ အခန်း-၃


ကျောက်စိမ်းပြားမှ ထွက်လာသော တီ၊တီ၊တီ အသံများကြောင့် အတန်းထဲရှိ ကျောင်းသားများ၏ အကြည့်များသည် ကျွန်တော်တို့ဘက်သို့ ဦးတည်လာတော့သည်။ ပြီတော့ နောက်တစ်ခုထူးခြားသည်မှာ ကျောက်စိမ်းပြားကွဲသွားပြီ ကျောက်စိမ်းပြားထဲတွင် စက်ကိရိယာများ ပါနေသောကြောင့် ဖြစ်သည်။ အသံလည်း မရပ်သေး၍ ကျွန်တော် စိတ်တိုတိုဖြင့် ကွဲနေသော ကျောက်စိမ်းပြားကို ခြေထောက်ဖြင့် ထပ်တက်နင်းလိုက်မှ အသံက ရပ်သွားတော့သည်။

ဆာကေး ။ ။ ကိုကြီးဟာက အဆောင်မှ မဟုတ်ပဲ၊ MP3 player ကြီးနဲ့တူတယ်။ ၀ါယာကြိုးတွေလည်း ပါသေးတယ်။ ဒါနဲ့ ဘယ်ကရလာတာလဲ...
ကျွန်တော် ။ ။ ဟို၊ ဖက်တီးက သူစာမေးပွဲအောင်တဲ့ အဆောင်ဆိုပြီ ငါကိုဌါးလိုက်တာကွ။ ကွဲသွားတာ ဖက်တီးသိရင် ငါကို သတ်မှာ...
ဆာကေး ။ ။ မပူပါနဲ့ ကျွန်တော်ပြန်ဆက်ပေးပါ့မယ်...

ဆာကေးက ပြန့်ကျဲနေသော ကျောက်စိမ်းပြားရဲ့ အစိတ်အပိုင်းလေး တစ်ခုချင်းစီကို လိုက်ကောက်ပြီ စိတ်ရှည်ရှည်ဖြင့် ပြန်ဆက်ပေးနေသည်။ ကျောင်းလည်း ဆင်းရော၊

ဆာကေး ။ ။ ကိုကြီး အဆောင် ဆက်ပြီသွားပြီ...
ကျွန်တော် ။ ။ ဟင်... မင်းဟာက ကျောက်စိမ်းပြား မဟုတ်တော့ဘူး ကျောက်စိမ်း စမူဆာ ဖြစ်သွားပြီ...
ကျောက်စိမ်းပြား အ၀ိုင်းကို ဆက်လိုက်တာ စမူဆာပုံ တြိဂံဖြစ်သွား၍ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် တူတူပါပဲလေ တွေးကာ ကျောက်စိမ်းပြား အပျက်ကြီးကို အိတ်ကပ်ထဲထည့်၍ ဆာကေးနဲ့ တူတူ ထွက်လာခဲ့သည်။ ကားပေါ်လည်း ရောက်ရော၊

ကျွန်တော် ။ ။ ဆာကေး ငါလာဆမ်နီယား စားချင်သေးတယ်ကွာ။ နေ့ခင်းက ဖက်တီးကို မုန့်ဝယ်ကျွေးလိုက်တာ ပိုက်ဆံကလည်း မရှိတော့ဘူး။ ဟဲဟဲ၊ မင်းမှာများ...
ဆာကေး ။ ။ ကိုကြီးကို မနေ့ကမှ လာဆမ်နီယား ၀ယ်ကျွေးထားသေးတယ်လေ...
ကျွန်တော် ။ ။ အေး ဒါဆိုလည်း ပြီရော...
ပြတင်းပေါက်ဘက်သို့ လှည့်၍ စိတ်ကောက်နေသည်။ ဆာကေးက ညီဆိုပေမယ့် ကျွန်တော် စိတ်ဆိုးရင် မနေနိုင်သူပီပီ၊

ဆာကေး ။ ။ စိတ်ဆိုးမနေနဲ့တော့၊ ကျွန်တော်ပဲ ၀ယ်ကျွေးပါ့မယ်။ သွားကြရအောင်...
ကျွန်တော် ။ ။ ကျေးဇူးပဲ ညီလေးရာ...
ပျော်ရွှင်စွာဖြင့် လာဆမ်နီယားမုန့်ဆိုင်ရှိရာသို့ ထွက်လာခဲ့ကြသည်။ လာဆမ်နီယား အီတလီဆိုင်တွင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် မုန့်စားနေတုန်း သေနတ်၊ လောင်ချာ တွေကိုင်၍ အမျိုးသမီးတစ်ဦး ဆိုင်တွင်းသို့ ပြေးဝင်လာပြီ ဆိုင်တွင်းမျက်နှာကျက် များကို သေနတ်ဖြင့် ပစ်တော့သည်။ ဆိုင်တွင်းမှ လူအားလုံးလည်း ကြောက်ရွံ့ကာ ရုန်းရင်းစံခတ် ဖြစ်၍ အလုအယှက် ထွက်ပြေးကြတော့သည်။ ကျွန်တော်တို့ နှစ်ယောက်လည်း ရောယောင်ပြီ ထွက်ပြေးရန် ပြင်ပြီမှ ထိုအမျိုးသမီးကို သေချာကြည့်လိုက်ရာ ကျွန်တော်တို့ သူငယ်ချင်း မီနိုဖြစ်နေ၍ အရမ်းအံ့အားသင့်စွာ ဆာကေးမျက်နှာကို လှမ်းကြည့်လိုက်မိသည်။
ဆာကေးကလည်း ကျွန်တော် မျက်နှာကို သေချာ စေ့စေ့ကြည့်ရင်း သူကလည်း မီနိုဟုပင် တွေးပုံပေါ်သည်။ ထိုအမျိုးသမီးမှာ မီနိုဟု ကျွန်တော်မှာ ယုံရခက်နေမိသည်။ မီနိုက အရင်က နူးညံ့သိမ့်မွေတဲ့ မီနိုကနေ ခုဆန့်ကျင်ဘက် ကြမ်းတမ်းခက်ထန်တဲ့ ပုံမျိုး ဖြစ်နေသောကြောင့် ဖြစ်သည်။ မီနို ခါးမှာ ပစ်စတိုသေနတ်၂လက်၊  အဝေးပစ်ဗုံး ၅လုံး အပြင် ကိုယ်မှာ အဝေးပစ်သေနတ်ကို သိုင်းလွှဲထားသေးသည်။ ထို့အပြင် ပိုဆိုးသည်က လောင်ချာကြီးဖြင့် ကျွန်တော်တို့ ရှိရာကို ချိန်းထားသည်နှင့် ကျွန်တော် မ၀ံ့မရဲပင်၊

ကျွန်တော် ။ ။ မီနို...

ဟုအော်ခေါ်လိုက်မိရာ မီနိုက သူမကိုင်ထားသော လောင်ချာကြီးကို ဒိန်းခနဲမြည်အောင် ကြမ်းပြင်ပေါ်သို့ လွှတ်ချလိုက်တော့သည်။ သူမလောင်ချာကို လွှတ်ချလိုက်မှ ဆာကေးရော၊ ကျွန်တော်ပါ အသက်ဆက်ရှုနိုင်တော့သည်။ မီနိုကလည်း ကျွန်တော်နဲ့ ဆာကေးကို မြင်လိုက်သည်နှင့် ခုနကပုံမဟုတ်တော့ပဲ ချက်ချင်း ဆိုသလို ပုံစံပြောင်းသွားပြီ၊

မီနို ။ ။ ဟီးဟီးဟီး၊ ဟဲဟဲဟဲ။ ဆာကေး၊ ယမ်ချာ နင်တို့ ဒီကို ဘယ်လိုရောက်နေတာလဲ...
ဆာကေးက သူရင်ဘတ်ကို လက်နဲ့ဖိလိုက်ပြီ၊

ဆာကေး ။ ။ မီနိုရာ၊ နင်တော်တော် နောက်တာပဲ။ ငါနဲ့ကိုကြီးက ဆိုင်အနုကြမ်းစီးခံ ရတယ်ထင်ပြီ ထွက်ပြေးဖို့ နည်းနည်းပဲ လိုတော့တာဟ...
ဆာကေးက စကားတွေ ရွှန်းရွှန်းဝေအောင် ပြောနိုင်ပေမယ့် ကျွန်တော်က ကြောက်နေတာနဲ့ စကားလုံးတစ်လုံးမှ ပါးစပ်မှ ထွက်မလာနိုင်ပေ။

မီနို ။ ။ ဟဲဟဲ၊ ငါ သေနတ်ပစ်တန်းဆော့နေရင်း ဗိုက်ဆာလို့ ၀င်လာတာဟ...
သေနတ်ပစ်တန်းဆော့တယ် ပြောသာ ဆိုင်မျက်နှာကျက်တွေ အားလုံးမှာ အပေါက်တွေချည်းပါ့လားဟု တွေးကာ တံတွေး တချက်မျိုချလိုက်မိသည်။

မီနို ။ ။ ယမ်ချာ၊ နင်ငြိမ်လှချည်းလား။ မနက်ကိစ္စကို ရှက်နေတာလား...
မနက်က ကိစ္စလို့ ကြားလိုက်သည်နှင့် ခေါင်းတစ်ခုလုံ မိုးကြိုးပစ်ချရသည့်အလား ဆံပင်အားလုံး ထောင်ထွက်သွားတော့သည်။ ကျွန်တော် ရှက်ရမ်းရမ်းကာ၊

ကျွန်တော် ။ ။ အာ၊ မဟုတ်ပါဘူး။ မဟုတ်ပါဘူး...
မီနို ။ ။ မဟုတ်ရင် ပြီတာပဲ။ ခစ်၊ ခစ်၊ ခစ်...
မီနိုက ကျွန်တော်ရှက်နေမှန်းသိ၍ သဘောကျကာ ရယ်ရင်း ကျွန်တော်ဘေးမှာ ၀င်ထိုင်လိုက်သည်နှင့် မီနိုနာရီမှ တီ၊တီ၊တီ အသံများ ပိုမိုကျယ်လောင်ကာ ထွက်လာတော့သည်။ မီနို မျက်နှာတချက်ပျက်သွားပြီ ချက်ချင်းပြန်ထရပ်လိုက်ပြီမှ၊

မီနို ။ ။ ယမ်ချာနဲ့ ဆာကေး၊ ငါကိစ္စလေးရှိသေးလို့ အရင်ပြန်နှင့်မယ်...
ပြောကာ ဆိုင်အတွင်းမှ ပြေးထွက်သွားတော့သည်။ ဆာကေးနဲ့ ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း၊

ဆာကေး ။ ။ ကိုကြီး ဒီပုံစံနဲ့ မီနိုက ပိုမလှနေဘူးလား...
ကျွန်တော် ။ ။ မင်းက လှတာ မလှတာပဲ ကြည့်နေ။ ငါကတော့ သူရဲ့ လောင်ချာကိုပဲ ကြည့်ပြီ ကြောက်နေတာ...
ဆာကေးက ဗိုက်နှိပ်ကာ အားရပါးရ ဟားတိုက်ရယ်တော့သည်။

ဆာကေး ။ ။ ကိုကြီးနဲ့တော့ ခက်တာပဲ၊ အဲဒါတွေက အစစ်တွေ ဖြစ်ပါ့မလားဗျ။ အတုတွေ ဖြစ်မှာပေါ့...
ကျွန်တော်လည်း ဒါတွေကို ခေါင်းထဲ မထည့်တော့ပဲ၊ ဆိုင်ထဲမှာ လူတစ်ယောက်မှ မရှိတုန်း၊ လာဆမ်နီယား မသိမသာ သွားယူ၍ အ၀တီးတော့သည်။ နောက်တစ်အောက်နေတော့ ဆိုင်တစ်ခုလုံး မီးခိုငွေ့တွေဖြင့် ပြည့်လျှံသွားတော့သည်။ ဆာကေးကိုလည်း မမြင်ရတော့ပေ၊

ဆာကေး ။ ။ ကိုကြီး ဘယ်မှာလဲ...
ကျွန်တော် ။ ။ ငါဒီမှာ လာဆမ်နီယား စားနေတယ်...
ပြန်ဖြေပြီသည်နှင့် နောက်မှ တစ်ယောက်ယောက် ခေါင်းကို တုတ်ဖြင့် ရိုက်လိုက်သည်နှင့် ကျွန်တော် သတိမေ့မျှောသွားတော့သည်။

---------------------------------------------------
ဆက်ရန်

2 comments:

  1. မီနိုက တစ်ခုခုလျှို့ဝှက်ထားတာပေါ့..
    မထင်ရဘူးနော်...
    ဇာတ်လမ်းက ပိုကောင်းလာပြီ။ ဆက်ဖတ်ဖို့ စောင့်နေမယ်နော်

    ReplyDelete
  2. ဒီနေ့ အခန်းသစ်တင်ပါမယ်... မျှော်... :D

    ReplyDelete