ကျွန်တော် သတိပြန်လည်လာတော့ စက်ခန်းလိုလို၊ ဘာလိုလို အခန်းတစ်ခုထဲသို့ ရောက်နေသည်။ လက်လှုပ်တော့လည်း လှုပ်လို့မရ၊ ခြေလှုပ်တော့လည်း လှုပ်လို့မရသည်နှင့် ကျွန်တော်တော့ သေသွားပြီနဲ့တူပါတယ်ဟု တွေးကာ ''ဆာကေးရေ ကိုကြီးတော့ အသတ်ခံလိုက်ရပြီ'' ဟုငိုကြွေးမည် လုပ်ပြီမှ သေချာ စမ်းကြည့်တော့ ကျွန်တော်လက်နဲ့ခြေကို ထိုင်ခုံနှင့် ရောချည်းထားတာပဲ။ တော်ပါသေးရဲ့ ၀ူးဝူး သက်ပြင်းချလိုက်ပြီ ၀ိုးတိုးဝါးတား အမြင်အာရုံကနေ ကျွန်တော်နဲ့ မလှမ်းမကမ်းတွင် ထိုင်၍ မုန့်တွေတ၀တပြဲစားနေသော လူနှစ်ယောက်ကို သဲသဲကွဲကွဲ မြင်လာသည်။ ဒီနှစ်ကောင် ကျွန်တော်ခေါင်းကို ရိုက်သွားတာပဲ ဖြစ်မယ် ဒင်းတို့ကို နှုတ်နှုတ်စဉ်းရမယ် ကြိမ်းဝါးလိုက်ပြီ၊
ကျွန်တော် ။ ။ ဟေ့ကောင်တွေ မင်းတို့ ငါကို ခုချက်ချင်းလွှတ်ပေးစမ်း။ မလွှတ်ပေးလို့ကတော့ ငါညီ ဆာကေးလာရင် မင်းတို့ ခေါင်းတွေ အားလုံး ပျက်သွားမယ်နော်...
ချိန်းခြောက် စကားဆိုလိုက်သေးသည်။ သို့သော်လည်း ထိုလူတွေက မကြောက်တဲ့အပြင် သူတို့နှစ်ယောက်ထဲက တစ်ယောက်က၊
တစ်ယောက် ။ ။ မင်း ညီခုလောက်ဆို အိမ်မှာ မေ့ပြီ ကောင်းကောင်းလေး အိပ်ပျော်နေလောက်ပြီကွ။ မင်းကို လာကယ်မယ့်သူ တစ်ယောက်မှ မရှိဘူး။ ငြိမ်ငြိမ်ထိုင် နေစမ်းပါ၊ ငါတို့မုန့်စားနေတာ ဇိမ်ပျက်တယ်...
ပြောကာ မုန့်ကို ဆက်ပြီ စားပြနေကြသည်။ ကျွန်တော် မေ့သွားတာ ဘယ်လောက်ကြာသည်တော့မသိ၊ ဗိုက်ထဲမှာ တဂွီဂွီနဲ့မြည်နေ၍ မျက်နှာချိုသွေး၍၊
ကျွန်တော် ။ ။ မလွှတ်ပေးလဲ နေပါစေဗျာ။ ခင်များတို့ စားနေတဲ့မုန့်လေးတော့ နည်းနည်းကျွေးပါနော်။ ကျွန်တော် ဗိုက်ဆာလွန်းလို့ပါ၊ ကျွေးပါ...
တခြား ။ ။ ဟားဟား မကျွေးနိုင်ဘူး။ မင်းစားချင်ရင် လာယူစားလှည့်၊ ဟားဟားဟား...
ကျွန်တော်ကို ၀ိုင်းလှောင်ပြောင်နေကြစဉ် အရပ်ရှည်ရှည် ရုပ်ရည်သန့်သန့် အသက်၄၀ပတ်ဝန်းကျင် အမျိုးသားတစ်ဦး အခန်းထဲသို့ ၀င်လာပြီ၊
အမျိုးသား ။ ။ ဂျွန်နီ နဲ့ ဒတ်ခ်ျ မင်းတို့ ဒီကောင်လေးကို ဘာတွေ စစ်မေးပြီပြီလဲ...
ဂျွန်နီနဲ့ ဒတ်ခ်ျ နှစ်ယောက်သား သူ့ဆရာကို မြင်သည်နှင့် စားနေသည်များကို ဖွက်လိုက်ပြီ ပျာပျာသလဲလဲဖြင့် ထိုအမျိုးသားနားသို့ ပြေးသွားကြသည်။
ဂျွန်နီ ။ ။ ဒီကောင် တော်တော်ခေါင်းမာတဲ့ကောင်ပဲ ဆရာကီ။ ကျွန်တော် အမျိုးစုံ ပါးရိုက်၊ နားရိုက်ပြီ စစ်မေးတာတောင် လုံးဝ တစ်ခွန်းမှ မပြောဘူး။ အဲဒါနဲ့ ကျွန်တော်လည်း မျက်နှာကို လက်သီး ၃ချက်လောက်ကြွေးလိုက်သေးတယ်၊ ဒါတောင် သူနံမည်ကို မပြော...
မင်းတို့ ငါကို တစ်ခွန်းမှ မမေးသေးပဲ၊ ငါဘယ်လို ပြောမှာလဲ။ ငါကို ဒီလို ကျောလို့ရချေလားကွဟု ကြိမ်းဝါး၍၊
ကျွန်တော် ။ ။ ကျွန်တော်နံမည် ယမ်ချာပါ ခင်ဗျ...
ဒတ်ခ်ျ ။ ။ ဟုတ်တယ် ဆရာရဲ့၊ ကျွန်တော် တုတ်ကြီးနဲ့လွှဲရိုက်ပြီ မင်းကဘယ်သူလဲ မေးတော့လဲ လုံးဝမပြောနိုင်ဘူးတဲ့လေ...
ကျွန်တော် ။ ။ ကျွန်တော်က ဒုတိယနှစ် အင်္ဂလိပ်စာကျောင်းသားပါ ခင်ဗျ...
ဂျွန်နီ ။ ။ နောက်ဆုံး မပြောရင် သတ်မယ်လို့ ခြိမ်းခြောက်ပြီ ဒီကျောက်စိမ်းစမူဆာ ဘယ်ကရလားလဲ မေးတော့လည်း သူကိုသတ်ချင်သတ်လိုက်ပါတဲ့ သူမပြောနိုင်ပါဘူးတဲ့လေ...
ကျွန်တော် ။ ။ ဒီကျောက်စိမ်းပြားကို ကျွန်တော်သူငယ်ချင်း ဖက်တီးဆီက ရလာပါခင်ဗျ...
ဂျွန်နီ နဲ့ ဒတ်ခ်ျ ပြောသမျှကို ကျွန်တော်နောက်ကနေ ဖြည့်စွက်ကာ လိုက်ဖြေပေးနေ၍ ကျွန်တော်ကို မကျေသော အကြည့်ဖြင့်ကြည့်ပြီ၊
ဂျွန်နီ ။ ။ မင်းကို ဘယ်သူ ပြန်ဖြေခိုင်းလို့ ဖြေရတာလဲကွ။ နောက်တခါ ငါတို့မေးမှ ဖြေ...
ဒတ်ခ်ျ ။ ။ ဟေ့ကောင် ပြောတာကြားလား...
ကျွန်တော်ဘက်သို့ လှည့်၍ ရန်ရှာသည်ကို ဆရာကီက သေချာနားထောင်နေရင်းမှ၊
ဆရာကီ ။ ။ စောင့်သုံးမကျတဲ့ကောင်တွေ မင်းတို့က မမေးရသေးဘူး၊ ဟိုက အကုန်ပြောနေပြီကွ...
အော်ဆဲကာ ဂျွန်နီနဲ့ဒတ်ခ်ျကို အဝေးသို့ ခြေထောက်ဖြင့် ကန်ထုတ်လိုက်တော့သည်။ ကျွန်တော်ကလည်း ကြိတ်ပြီ ၀မ်းသာနေတုန်း၊ ဆရာကီ ပြုံးပြ၍ ကျွန်တော်ဘေးသို့ ၀င်ထိုင်လိုက်သည်နှင့် ဟိုနှစ်ကောင်လို ကျွန်တော်ကို ကန်ရင်ဒုက္ခဟု တွေးမိသည်နှင့် သူမမေးခင် ကျွန်တော် အရင်ကြိုဖြေတော့သည်။
ကျွန်တော် ။ ။ ကျွန်တော်နံမည် ယမ်ချာပါ။ ဒီကျောက်စိမ်းပြားကို ကျွန်တော် ကျောင်းနေဖက် သူငယ်ချင်း ဖက်တီးက အဆောင်ဆိုပြီ ပေးလိုက်တာပါ။ သူပြောတော့ သူ့အဖိုးကပေးထားတယ်လို့ ပြောပါတယ်။ ကျောက်စိမ်းပြားကို ကွဲအောင် လုပ်မိလို့ ကျွန်တော် တောင်းပန်ပါတယ်။ ကျောက်စိမ်းပြား ကွဲသွားလို့ ပြန်ဆက်လိုက်တာ အ၀ိုင်းကနေ စမူဆာ ဖြစ်သွားတာမို့လည်း တောင်းပန်ပါတယ် ခင်ဗျ...
ဆရာကီက သူ့တစ်ခွန်းမှ မမေးရသေးပဲ၊ ကျွန်တော် အကုန်ဖြေလိုက်၍ အံ့ဘြသော အကြည့်ဖြစ် စိုက်ကြည့်နေစဉ်၊
ဂျွန်နီ ။ ။ ကျွန်တော်တော့ ဆရာကီကို အရမ်းကို လေးစားသွားပြီ။ ကျွန်တော်တို့ ဒီလောက် နှိပ်စက်ပြီ မေးတာတောင် တစ်ခွန်းမှ မပြောတဲ့ကောင်က၊ ဆရာကီ ထိုင်လိုက်ရုံနဲ့ ကြောက်ပြီ အားလုံး ဖြေတော့တာပဲ...
ဒတ်ခ်ျ ။ ။ ဟားဟား မှန်လိုက်လေခြင်း...
ဆရာကီ ။ ။ ဘာကွ၊ မင်းတို့ ငါကို လာလှောင်နေကြတာလား...
ဒိန်ညောင် အဝေးသို့ ရောက်အောင် ပြန်ကန်ထုတ်ပစ်လိုက်တော့သည်။
ဆရာကီ ။ ။ မင်းတို့ နှစ်ကောင်က လူလည်း မှားဖမ်းလာသေးတယ်။ ငါကိုလည်း လာလှောင်ရဲသေးတယ်ပေါ့...
ဂျွန်နီ ။ ။ မလှောင်ရဲပါဘူး ဆရာကီရယ်...
ဒတ်ခ်ျ ။ ။ ဟုတ်ပါတယ်ဗျာ...
သူတို့သုံးယောက်မှာ ဆရာကီ ဆိုတဲ့လူကတော့ လူမှန်ပဲ၊ ဟို ဂျွန်နီနဲ့ဒတ်ခ်ျက လူမိုက်ငတုံးငအတွေဟု စိတ်ထဲမှ ကြိမ်းဆဲနေမိသည်။
ဆရာကီ ။ ။ သူကို ကြိုးဖြေပေးလိုက်၊ ပြီရင် ဟိုဘက်ခန်းမှာ ငါအရေးကြီး ဆွေးနွေးစရာရှိတယ် လိုက်ခဲ့...
ပြောကာ ဆရာကီက အရင်ထွက်သွားသည်။ ဂျွန်နီနဲ့ဒတ်ခ်ျက ကျွန်တော်ကို ကြိုးမဖြေပေးချင်ပေမယ့် သူတို့ဆရာစကားကို မလွန်ဆန်ရဲတာမို့ ဖြေပေးပြီ မိုက်ကြည့်ကြည့်ကာ အခန်းထဲမှ လိုက်ထွက်သွားကြသည်။ ဒါပေမယ့် အခန်းတံခါးကို အပြင်မှ သော့ခတ်သွားသဖြင့် ကျွန်တော်မှာ ထွက်ပြေး၍ မရပေ။ ဒီလူတွေ ကျွန်တော်ကို လူမှားဖမ်းတယ်ဆိုတော့ သူတို့ကလူကောင်းလား၊ ကျွန်တော်က လူဆိုးလား။ အားရှုပ်ကုန်ပြီ မစဉ်းစားတာပဲ ကောင်းပါတယ် တွေးကာ အခန်းထဲမှ တွေ့သမျှ ခလုတ်တွေကို လက်သယမ်းကာ လျှောက်နှိပ်နေသည်။
ကျွန်တော် ။ ။ ဒီနံရံနားက ခလုတ်နီကြီးက ဘာကြီးပါလိမ့်၊ နှိပ်လိုက်ရင် မကောင်းဆိုးဝါးတွေများ ထွက်လာမလားပဲ...
ခလုတ်ကို နှိပ်လိုက်ရာ ရှုတ်တရပ် အခန်းနှစ်ခုခြားကာထားသော လှိုဝှက် ကာလာကာကြီး ပွင့်သွားပြီ စားပွဲပေါ်မှ မိုက်ခရိုဖုန်းတစ်ခု ထွက်လာသေးသည်။ ဟိုဘက်ခန်းမှာ ဆရာကီနဲ့ ဟိုဂျွန်နီနဲ့ဒတ်ခ်ျ နှစ်ကောင်ပါ့လား မြင်နေရသည့်အပြင် သူတို့ အသံတွေပါ ကြားနေရသည်။ သူတို့ကတော့ ကျွန်တော်ကို မြင်ပုံ မရပေ။
ဆရာကီ ။ ။ ငါတို့ ယာကူဇာတွေနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ လှိုဝှက်စာရွက်တစ်ခု ရရှိခဲ့တယ်။ အဲဒီ လှိုဝှက်စာကို လှိုဝှက်ကုတ်တွေနဲ့ ရေးထားတာမို့ ဖော်ထုတ်ဖို့ တော်တော် ခက်ခဲနေတယ်။ အဲဒါကို ဖော်ထုတ်နိုင်လို့ကတော့ နဂါးနီဂိုဏ်းချုပ် မာဆာရှီ တာကုမိနဲ့ ယာကူဇာဂိုဏ်းပေါင်းချုပ်ကြား အဆက်သွယ်တွေ အားလုံးကို ဖော်ထုတ်နိုင်မှာမို့ ဒါဟာ အရမ်းအရေးကြီးတယ်လို့ ပြောရင်မမှားဘူး။ အဲဒီဖော်ထုတ်တဲ့ တာဝန်ကို မင်းတို့နှစ်ယောက်ကို ငါပေးလိုက်မယ်...
တာဝန်အပေးခံရတဲ့ ဂျွန်နီနဲ့ဒတ်ခ်ျ ခေါင်းကုတ်နေကြပြီ အူကြောင်ကြောင်လုပ်နေ၍၊
ဆရာကီ ။ ။ ဂျွန်နီ၊ မင်းကို ဖတ်ခိုင်းနေတာလေ...
ဂျွန်နီ ။ ။ ဟုတ်ကဲ့ ဆရာကီ...
စာအိတ်ထဲမှ စာရွက်ကို ထုတ်လိုက်ကာ လှိုဝှက်စာတစ်စောင်ကို စဖတ်တော့သည်။
ဂျွန်နီ ။ ။ "မနက်ဖြန် နေ့လည် ၁၀နာရီတိတိ တီတီကိုဂိုဒေါင်ရှေ့မှာ လာတွေ့လိမ့်မယ်"...
ဒတ်ခ်ျ ။ ။ စာထဲမှာ ရေးထားတာ ရှင်းနေတာပဲကို၊ မနက် ၁၀နာရီ သွားဖမ်းလိုက်ရုံပဲ...
ဆရာကီ ။ ။ စောက်သုံးမကျတဲ့ နှစ်ကောင် လှိုဝှက်စာပါဆိုမှ ဒီလောက် လွယ်လွယ် ရေးထားမလားကွ...
ဒီလှိုဝှက်စာကို ကြားလိုက်သည်နှင့် ကျွန်တော် စိတ်ထဲမှာ အော်တို လှိုဝှက်ကုတ်တွေကို ရှေ့နဲ့နောက်ကို တစ်လုံးချင်းစီ ပြန်စီပြီသား ဖြစ်သွားသည်။ ဒီလောက် လွယ်တာကို ဘာလို့ သူတို့တွေ ခက်ခဲနေကြပါလိမ့် တော်တော်လည်း ညံ့ပါ့လားနော်ဟု တွေးကာ နှာခေါင်းရှုတ်နေမိသည်။
ဆရာကီ ။ ။ ပြန်ဖတ်စမ်း...
ဂျွန်နီ ။ ။ "မနက်ဖြန် နေ့လည် ၁၀နာရီတိတိ တီတီကိုဂိုဒေါင်ရှေ့မှာ လာတွေ့လိမ့်မယ်"...
ကျွန်တော် ။ ။ "မီးဖြူလာနိုင်တယ် တိုကျိုမှာ တွေ့မည်"...
ကျွန်တော် မနေနိုင်တဲ့အဆုံး ဘေးခန်းကနေ လှိုဝှက်ကုတ်ကို ဖော်ထုတ်ပေးလိုက်တော့သည်။
ဆရာကီ ။ ။ မီးဖြူဆိုတာ နဂါးဂိုဏ်းချုပ်ရဲ့ ငယ်နံမည်ပဲ။ မင်းတို့ လှိုဝှက်ကုတ်ဖော်တာ မဆိုးပါဘူး။ နောက်တစ်ကြောင်း ထပ်ဖတ်...
ဂျွန်နီ ။ ။ "မိုးသောက်ထိ စောင့်မည်၊ မလာပါက ပြန်မည်"...
ကျွန်တော် ။ ။ "၄နာရီ ထွက်မည့် လိုင်ကားမှာ"...
ဆရာကီ ။ ။ အေး ဒါဆို တိုကျို ဘတ်စ်ကားဂိတ် အားလုံးမှာ ရဲတွေကို နေရာချထားခိုင်းလိုက်မယ်။ ဒါနဲ့ နေပါအုန်း မင်းတို့နှစ်ကောင်ထဲက ဘယ်သူ ဒီလှိုဝှက်ကုတ်ကို ဖော်လိုက်တာလဲ...
မေးလိုက်ရာ ဂျွန်နီနဲ့ဒတ်ခ်ျ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ၊
ဒတ်ခ်ျ ။ ။ ဂျွန်နီပဲပေါ့ ဆရာကီရဲ့...
ဂျွန်နီ ။ ။ ဟေ့ကောင် ဒတ်ခ်ျ၊ ငါက ဖတ်ရုံပဲ ဖတ်ပြတာ။ မင်းပဲ ဘေးက လှိုဝှက်ကုတ် ဖော်ပေးနေပြီတော့...
ဒတ်ခ်ျ ။ ။ ငါတစ်ခွန်းမှတောင် မပြောရဘူး။ မင်းမှမင်းဖတ်ပြီ ဖော်နေပြီတော့များ...
ဂျွန်နီ ။ ။ မင်းလိမ်ချင်အုန်းကွ၊ ခွက်...
ဒတ်ခ်ျ ။ ။ မင်းငါကို ထိုးတယ်ပေါ့၊ ရော့တစ်ချက်...
ဂျွန်နီနဲ့ဒတ်ခ်ျ နပန်းလုံးနေကြသဖြင့် ကျွန်တော် မနေနိုင်တော့ပဲ ဘေးခန်းမှ၊
ကျွန်တော် ။ ။ ကျွန်တော် လှိုဝှက်ကုတ် ဖော်ပေးတာပါ ခင်ဗျ...
ကျွန်တော် အသံလည်း ကြားရော သုံးယောက်သား မျက်လုံး မျက်စံပြူးဖြင့် ကျွန်တော်ကို ၀ိုင်းငေးကြည့်ကြပြီ၊
ဂျွန်နီ ။ ။ မင်းဘယ်လို ဖော်ထုတ်လိုက်တာလဲကွ။ ဒီကောင် ဆူဇူကီလွှတ်လိုက်တဲ့ သူလျှိုပဲ ဖြစ်ရမယ်...
ကျွန်တော် ။ ။ မဟုတ်ရပါဘူးဗျာ။ တစ်လုံးကျော်ပြီ ဖော်ထုတ်လိုက်တာပါဗျ။ ကျွန်တော် ပြန်ရှင်းပြပါ့မယ်ဗျ...
ကျွန်တော် ။ ။"မနက်ဖြန် နေ့လည် ၁၀နာရီတိတိ တီတီကိုရှေ့မှာ လာတွေ့လိမ့်မယ်"...
ကျွန်တော် ။ ။ "မီး ဖြူ လာ နိုင် တယ် တို ကျို မှာ တွေ့ မည်"...
ကျွန်တော်ရှိရာ အခန်းသို့ အလျင်အမြန် ရောက်လာကြသည်။ ဆရာကီက ဒီတစ်ခါတော့ မနက်ခပ်တင်းတင်းမာမာဖြင့် ကျွန်တော်ရှေ့တွင် ထိုင်ချလိုက်ပြီ၊
ဆရာကီ ။ ။ ဒီလှိုဝှက်စာကိုရော မင်းဖော်ထုတ်ပေးနိုင်လား...
လှိုဝှက်စာ ။ ။ ချိန်းထား သည့်အတိုင်း ချိန်မှန်မှန်လာ မဟုတ်ရင်တော့ လာလမ်းအတိုင်းပြန်နှင့်။ ထွက်သွားပြီတော့ အဝေးပြေးမှာစောင့်နေပါ...
ထိုလှိုဝှက်စာကို ဖတ်ပြီ ကျွန်တော် တစ်ချက်ပြုံးလိုက်သေးသည်။
ကျွန်တော် ။ ။ ဟားဟား ဒီစာက အရမ်းကို လွယ်တာ။ ပထမဆုံး ၁လုံးခြား၊ နောက်နှစ်လုံးခြား၊ ပြီရင် သုံးလုံးခြား၊ လေးလုံးခြားပြီ ဆက်သွားရုံပဲ။ ကျွန်တော် ဖော်ထုတ်ပြမယ်...
ကျွန်တော် ။ ။ "ချိန်းသည့်ချိန်မလာနှင့် ထွက်ပြေး"...
ကျွန်တော်လည်း လှိုဝှက်ကုတ်ဖော်ပြီရော ဆရာကီက ဂျွန်နီနဲ့ဒတ်ခ်ျဘက်သို့ လှည့်ရပ်လိုက်ကာ၊
ဆရာကီ ။ ။ သူများဖော်သွားတာဖြင့် ၁မိနစ်တောင် မကြာဘူး။ မင်းတို့ကို ငါတာဝန်ပေးထားတာ ၁လလောက်ရှိသွားပြီ။ မင်းတို့ ဖော်နေတာနဲ့ ဟိုလူဆိုးက ထွက်ပြေးသွားပြီကွ၊ အသုံးမကျတဲ့ကောင်တွေ...
ဆရာကီက ဂျွန်နီနဲ့ဒတ်ခ်ျကို ထုရိုက်တော့သည်။ ကျွန်တော် အတွေးထဲမှာတော့ ဆရာကီက ဟိုနှစ်ကောင်သာ ပြောသာ သူကိုယ်တိုင်ဖြင့် မဖော်ထုတ်နိုင်ပဲနဲ့ဟု စိတ်ထဲမှ တွေးနေမိသည်။ ခပ်ပြုံးပြုံး မျက်နှာဖြင့် ဆရာကီ ကျွန်တော် ပခုံးကို ပုပ်လိုက်ပြီ၊
ဆရာကီ ။ ။ ယမ်ချာ၊ မင်းက အမ်နီမာ(လှိုဝှက်ကုတ် ဖော်ထုတ်နိုင်သည့် အစွမ်း) အစွမ်းပိုင်ရှင်ပဲကွ။ မင်းမှာ စပိုင်ကောင်းတစ်ယောက်မှာ ရှိရမယ့် အရည်အချင်း အပြည့်အ၀ရှိတယ်။ မင်း ငါတို့အဖွဲ့ထဲ ၀င်ဖို့ ဖိတ်ခေါ်ချင်တယ်ကွာ...
ဂျွန်နီ ။ ။ မဖြစ်နိုင်ဘူး၊ ဘယ်လှိုဝှက်ကုတ်နဲ့ ရေးရေး သဘာဝအလျှောက် ဖော်ထုတ်ပေးနိုင်တဲ့ စူပါအစွမ်း ရှိတယ်ဆိုတာ။ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး...
ဒတ်ခ်ျ ။ ။ ဟုတ်တယ်၊ မဖြစ်နိုင်ဘူး...
အရူးတစ်ယောက်လို ထအော်ကာ ဂျွန်နီနဲ့ဒတ်ခ်ျ နှစ်ယောက် အခန်းထဲမှ ပြေးထွက်သွားကြသည်။ သူတို့ပြောမှပဲ ကျွန်တော်ငယ်ငယ်တုန်းက သူများတွေ အချင်းချင်း အတင်းအဖျင်းကို လှိုဝှက်ကုတ်နဲ့ ပြောရင် နားလည်နေတာကိုးဟု တွေးနေမိသည်။ ထို့နောက် ဆရာကီက သူတို့ လှိုဝှက်စုံစမ်းရေးရုးံနဲ့ ပတ်သက်ပြီ အသေးစိတ် ကျွန်တော်ကို ရှင်းပြသည်။ တော်ပါသေးရဲ့ သူတို့တွေက လူကောင်းတွေ ဖြစ်နေလို့ပင်၊ မဟုတ်ရင် ဒီနေရာမှာပင် ကျွန်တော် အသက်ခံဖို့သာ ရှိတော့သည်။ ဂျွန်နီနဲ့ဒတ်ခ်ျ အခန်းထဲသို့ စာရွက်အပုံလိုက်ကြီး သယ်ကာ ကျွန်တော်ဆီသို့ ဦးတည် ပြေးလာကြပြီ၊
ဂျွန်နီ ။ ။ ဒီအဖွဲ့ထဲ ၀င်ပါဗျာ။ ဒီအလုပ်ပုံကြီးကို ကျွန်တော်တို့တသက် လုပ်လို့ ပြီမှာ မဟုတ်ဘူးဗျ...
ဒတ်ခ်ျ ။ ။ ဟုတ်ပါတယ်ဗျာ။ ခင်များ လိုချင်တာမှန်သမျှ ကျွန်တော်တို့ လိုက်ဖြည့်စည်းပေးပါ့မယ်...
ကျွန်တော်က ထိုင်ခုံပေါ်မှာ အခန့်သားထိုင်ပြီ ဟိုနှစ်ယောက်က အောက်ကနေ ခြေသလုံးကို အတင်းဖက်၍ တောင်းပန်နေကြသည်။ အလုပ်ပုံက စားပွဲပေါ်တင်ထားတာ ကျွန်တော် အရပ်လောက်ပင် ရှိသည်။ အင်း၊ မဖြစ်ပါဘူး ဒီလောက်များတဲ့ လှိုဝှက်စာတွေကို ဖော်ပေးရမှာ တော်တော်ပျင်းဖို့ ကောင်းတဲ့ အလုပ်ပဲ နေမှာပဲ တွေးကာ၊
ကျွန်တော် ။ ။ မလုပ်နိုင်ဘူး။ ဘူးဆို ဘူးပဲ...
ဂျွန်နီ ။ ။ လုပ်ပါနော်၊ နော်လို့...
ဒတ်ခ်ျ ။ ။ ယမ်ချာ၊ မုန့်လေး စားပါအုန်း။ ဟီးဟီးဟီး...
ကျွန်တော်ကို ၀ိုင်းမျက်နှာချိုသွေးနေကြသည်ကို အိုက်တင်ခံကာ ခေါင်းခါယမ်းနေတော့သည်။ ထိုစဉ် အခန်းထဲသို့ အမျိုးသမီး ၀င်လာသူမှာ မီနိုဖြစ်နေ၍ ကျွန်တော် အရမ်းအံ့အားသင့်သွားသည်။ မီနို ဒီလိုနေရာမျိုးမှာ ဘာလာလုပ်ပါလိမ့်၊ ငါကိုများ သက်စွန့်ဆံပြား လာကယ်တာလားဟုပင်။
ကျွန်တော် ။ ။ မီနို...
ဆရာကီ ။ ။ မီနိုနဲ့ ယမ်ချာနဲ့က သိပြီးသား မိတ်ဆွေတွေ ဆိုတော့ ပိုအဆင်ပြေ သွားတာပေါ့။ မီနိုက ဒီလှိုဝှက်စုံစမ်းရေး အဖွဲ့ကြီးရဲ့ အတော်ဆုံးစပိုင်တစ်ဦးပဲ...
ကျွန်တော် ။ ။ ဗျာ၊ မီနိုက စပိုင်...
မီနိုနဲ့ တူတူအလုပ်တွဲလုပ် ရမည်ဟု စဉ်းစားလိုက်မိသည်နှင့်၊
ကျွန်တော် ။ ။ ကျွန်တော်ကို ဒီမှာအလုပ်ပေးလုပ်ပါဗျာ။ ကြမ်းပဲတိုက်ရ၊ တိုက်ရ၊ အိမ်သာပဲ ဆေးရေ၊ ဆေးရ။ နော်၊ နော်လို့...
ဂျွန်နီနဲ့ဒတ်ခ်ျကို ပြန်ဒူးထောက် တောင်းပန်တော့သည်။ ဒီတစ်ခါတော့ ဂျွန်နီနဲ့ဒတ်ခ်ျက ပြန်ပြီ အပေါ်စီးကနေ အိုက်တင်ခံနေကြသေးသည်။ မီနိုတစ်မျက်နှာပဲကြည့်၍ အလုပ်ကို လက်ခံလိုက်ပြီမှ ကျွန်တော် မှားများ မှားသွားပြီလားတွေးရင်း ဆာကေး မရိပ်မိခင် အိမ်သို့ ပြန်လာခဲ့သည်။
--------------------------------------------------------
ဆက်ရန်
အမြဲတမ်း ဟာသလေးဆန်တဲ့ အရေးလေးတွေနော်.. စိတ်ဝင်စားဖို့ကောင်းပါတယ်..
ReplyDeleteAH YAN SATE WIN SAR PHOT KG PAR EI. I WILL WAITING TO READ ....... UNTIL END. :)
ReplyDeleteဇာတ်လမ်းက မိုက်လာပြီ
ReplyDeleteလျှို့ဝှက်တာတွေဘာတွေနဲ့ စိတ်ဝင်စားဖို့ ကောင်းကောင်းလာပြီ။
ဝတ်ရည်လေး ကျေးဇူးအထူးပါ။
ွှThanks!! :D
ReplyDelete