Tuesday, January 18, 2011
စပိုင်ချစ်သူ အခန်း-၅
စပိုင်ချစ်သူ အခန်း-၅
ကျွန်တော် ဒုံးကျဉ်ရထားက ဆင်းပြီ မီနိုနဲ့ တူတူအိမ်ပြန်ရန် ထွက်လာခဲ့သည်။ သို့သော် ပြန်ရာလမ်းတွင် မီနို စကားတစ်ခွန်းမှ မပြောပဲ နေနေ၍ ကျွန်တော် အနေရခက်နေသည်။ မီနိုကအရင်လို နူးညံ့သိမ့်မွေ့မနေပဲ၊ အ၀တ်အစား၊ မျက်နှာဘေးကအစက ကြမ်းတမ်းတဲ့ပုံပြောင်းနေ၍၊
ကျွန်တော် ။ ။ မီနို၊ နင်ဒီလို ခက်ကြမ်းကြမ်း အ၀တ်အစားနဲ့လည်း ချောသားပဲ...
မီနို ။ ။ နင်ငါကို ဘာပြောလိုက်တယ်...
ကျွန်တော်ကို အော်လိုက်ရော လန့်ကာ ထိုနေရာမှာတင် အသက်ထွက်တော့ဖို့ နည်းနည်းပဲ လိုတော့သည်။ မီနိုအပြောအဆို၊ အ၀တ်အစားကအစ အားလုံး အရမ်းကိုပြောင်းလဲ နေ၍ ထူးဆန်းနေတုန်း စက်ဘီးလေးစီးပြီ ဖြတ်သွားသော မီနိုကိုလည်း မြင်ရော၊
ကျွန်တော် ။ ။ ဟေ့ မီနို...
နှုတ်ဆက်ပြီမှ ခပ်တည်တည်မျက်နှာထားဖြင့် စိုက်ကြည့်နေသော ကျွန်တော်ဘေးမှ မီနိုကို သတိရသွားပြီ၊ ဟင်... စက်ဘီးစီးသွားတာက မီနိုဆိုရင် ငါနဲ့ တူတူ လမ်းလျှောက်နေတဲ့ မီနိုကရော၊
ကျွန်တော် ။ ။ သရဲဗျို့၊ ဆာကေး ကိုကြီးကို ကယ်ပါအုန်း...
အော်ဟစ်ကာ အိမ်ထဲသို့ လစ်ခနဲနေအောင် ပြေးတော့သည်။ ဆာကေးကို မြင်မြင်ချင်းပင် ပါးစပ်မှ စကားတောင် မပြောနိုင်အောင် ရင်တွေ တဒုတ်ဒုတ် တုန်ခါနေသည်။
ဆာကေး ။ ။ ကိုကြီး ဘာဖြစ်လာတာလဲ။ ကျွန်တော် စိတ်ပူလှပြီ ပြောပြစမ်းပါအုန်း...
ကျွန်တော် ။ ။ ဟို မီနို သရဲခြောက်လို့...
ဆာကေး ။ ။ အာ မဟုတ်တကတွေတော့ ပြောတော့မယ်။ ဘယ်မှာလဲ မီနို...
ကျွန်တော် ။ ။ အိမ်အပြင်မှာ...
ဆာကေး ကျွန်တော်ကို မယုံသင်္ကာစိတ်ဖြင့် အိမ်ပြင်သို့ ထွက်သွားတော့သည်။ ကျွန်တော်လည်း အလန့်ပြေသွားအောင် ရေအေးလေး သောက်နေတုန်း၊
ဆာကေး ။ ။ အားအားအားအား၊ သရဲဗျို့။ ကိုကြီး ကယ်ပါအုန်းဗျ...
အော်ကာ ပြန်ပြေးဝင်လာပြန်သည်။ ဆာကေးက ကျွန်တော်ထက် အဖြစ်တောင် ပိုဆိုးနေသေးသည်။ ဆာကေး မျက်နှာတစ်ခုလုံး ချွေးသီးချွေးပေါက်တွေ ကျပြီ အသံတောင် မထွက်နိုင်တော့ပေ။
ကျွန်တော် ။ ။ မင်း လည်း မီနိုနှစ်ယောက်တွေ့ခဲ့တယ်မလား...
ဆာကေး ။ ။ ဟုတ်တယ်၊ ကိုကြီး။ ကျွန်တော်တို့ ရဲသွားတိုင်ရင် ကောင်းမလား၊ မီနိုတော့ ဒုက္ခရောက်နေပြီနဲ့ တူပါတယ်...
ကျွန်တော် ။ ။ နေအုန်းကွ၊ မင်းနဲ့ငါ အရဲစွန့်ပြီ အပြင်ပြန်ထွက်ရအောင်...
ဆာကေး ။ ။ ကျွန်တော်တော့ မထွက်ရဲတော့ဘူး...
နောက်မှ ကျွန်တော် ခေါင်းထဲမှာ အကြံတစ်ခုစဉ်းစားမိလာသည်နှင့် မချိပြုံးပြုံးလိုက်ကာ၊
ကျွန်တော် ။ ။ ဆာကေး။ ဒါနဲ့ မီနိုမှာ ရုပ်ဆင်းစွပ်ချွတ် အစ်မွှာညီအစ်မ ရှိနေတာ ဆိုရင်ရော...
ဆာကေးလည်း ချက်ချင်း ပြုံးရွှင်သွားကာ၊
ဆာကေး ။ ။ ဒါဆိုရင်တော့ ဂွင်ပဲကိုကြီးရဲ့။ ကျွန်တော်ကတော့ အနေအထိုင် ခပ်ကြမ်းကြမ်း မီနိုကိုပဲ ယူမယ်...
ကျွန်တော် ။ ။ ငါကတော့ အနေထိုင် အေးတဲ့မီနိုကိုပဲ ယူမယ်။ မင်းနဲ့ငါ ဝေစုတည့်သွားပြီမို့ အပြင်ပြန်ထွက်ရအောင်...
ဆာကေးနဲ့ ကျွန်တော် တစ်ယောက်ပခုံးကို တစ်ယောက်ဖက်ပြီ ၀မ်းသာပီတိဖြာစွာဖြင့် ခြံအပြင်လည်း ရောက်ရော မီနိုနှစ်ယောက် မတွေ့တော့ပဲ၊ နူးညံ့တဲ့ မီနိုပဲ တွေ့တော့၍ ကျွန်တော်ကတော့ အပိုင်ပဲ အတွေးဖြင့် မီနိုနား ချည်းကပ်သွားပြီ၊
ကျွန်တော် ။ ။ မီနို၊ ဆာကေးနဲ့ငါ ဝေစုခွဲပြီသွားပြီ။ ငါနင်ကိုပဲ ယူမယ်လို့ ပြောလိုက်တယ်...
မီနို ။ ။ ဟိ၊ဟိ၊ဟိ...
မီနို ဘာကြောင့် ထငိုသည်မသိ မျက်ရည်များ စီးကျလာတော့သည်။
ဆာကေး ။ ။ မီနို နင်ရဲ့ ဟိုခက်ကြမ်းကြမ်းတမ်းတမ်း အစ်မွှာညီမရော ဘယ်ရောက်သွားပြီလဲ။ ဟီးဟီး ငါ သူကို တွေ့ချင်လို့...
ကျွန်တော် ။ ။ ဆာကေး၊ မင်းက မီနိုငိုနေတာတောင် မင်းရဲ့ ခပ်ကြမ်းကြမ်း တစ်ယောက်ကို မေးအားရှိသေးတယ်၊ ဟုတ်လား...
ဆာကေး ။ ။ ကိုကြီးလည်း နူးညံ့တဲ့ မီနိုတွေ့ချင်သလို၊ ကျွန်တော်လည်း သူကို တွေ့ချင်တာပေါ့...
မီနို သူမမျက်ရည်တွေ သုတ်လိုက်ပြီ ပါးနီရောင် မျက်နှာလေးဖြင့်၊
မီနို ။ ။ နင်တို့ တစ်ခုခုတော့ မှားနေပြီ ထင်တယ်။ အဲဒီတစ်ယောက်က ငါအစ်မွှာမဟုတ်ဘူး၊ ငါကိုယ်ပွားပဲ...
ဆာကေးနဲ့ ကျွန်တော် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်၍၊
ပြိုင်တူ ။ ။ ဘာ...
အော်ကာ ကျွန်တော်တို့နှစ်ယောက်စလုံး ထိုနေရာမှာတင်ပင် လန့်ကာ မေ့လှဲကျသွားတော့သည်။ နောက်မှ သေချာသိလိုက်သည်မှာ မီနိုရဲ့ စပိုင်အစွမ်းမှာ ကိုယ်ပွားခွဲနိုင်ခြင်း ဖြစ်သည်။ မီနိုအရမ်းအရေးကြီးတဲ့ ကိစ္စတွေမှာ မအားတာမျိုးဆိုရင် ကိုယ်ပွားခွဲပြီ တာဝန်ပေးလိမ့်ရှိသည်။ မီနိုကိုယ်ပွားက လက်ရှိမီနိုရဲ့ အဖြစ်ချင်ဆုံး ဆန္ဒဖြစ်သည့် သူမနှင့် ဆန့်ကျင်ဘက် ခက်ထန်ကြမ်းတမ်းတဲ့ပုံမျိုး ဖြစ်သည်။ သို့သော် မီနိုကိုယ်ပွားနှင့် မီနိုအစစ် အမှတ်မထင်ဆုံမိလျှင် ထိုကိုယ်ပွားက မိနစ်ပိုင်းအတွင်းပင် အားအင်ချည်နဲ့ပြီ ပျောက်ကွယ်သွားတော့သည်။ ဒီအကြောင်းတွေကို မီနိုပြောပြ၍ ကျွန်တော်နဲ့ဆာကေး ကြားပြီသည့်နောက်တွင်၊
ဆာကေး ။ ။ ဖြစ်မှဖြစ်ရလေ မီနိုကိုယ်ပွားရဲ့၊ ဟိဟိဟိ...
ငိုကြွေးနေတော့သည်။ ကျွန်တော် ဆာကေးနားသို့ ကပ်လိုက်ပြီ၊
ကျွန်တော် ။ ။ ဆာကေး၊ မင်းလုပ်နေတာတွေက မီနိုအစစ်ကို စိတ်မကောင်း ဖြစ်စေတယ်ကွ။ တိတ်စမ်း...
နောက် မီနိုအစစ်ကို နှုတ်ဆက်ပြီ ကျောင်းသို့ ထွက်လာခဲ့သည်။ ကျောင်းရောက်ရောက်ချင်းပင် ကျောင်းအုပ်ရုံးခန်းက အခေါ်လွှတ်လိုက်သဖြင့် ဆာကေးနဲ့ ကျွန်တော် ထွက်လာခဲ့သည်။
ကျောင်းအုပ် ။ ။ ဆာကေး၊ ယမ်ချာကိုခေါ်တိုင်း မင်းဘာလို့ အမြဲပါလာရပြန်ပြီလဲ...
ဆာကေး ။ ။ ကိုကြီးကို ကျွန်တော်...
ကျောင်းအုပ် ။ ။ စိတ်ပူလို့ ပြောအုန်းမလို့လား။ ငါယမ်ချာကို ကျောင်းထွက်ခိုင်းဖို့ ပြောဖို့ မဟုတ်ပါဘူး။ တာဝန်လေးတစ်ခု ပေးစရာရှိလို့၊ ဒါကြောင့် မင်းပြန်လို့ရပြီ...
ဆာကေး ကျောင်းအုပ်ကို ဂါရ၀ပြု၍ ကွက်ကြည့်ကွက်ကြည့်ဖြင့် ထွက်သွားတော့သည်။ ကျောင်းအုပ်က ၅နှစ်လုံးလုံးမြင်လာတဲ့ ကျွန်တော်မျက်နှာကို သေချာစိုက်ကြည့်နေ၍ ကျွန်တော် အနေကျပ်နေမိသည်။
ကျောင်းအုပ် ။ ။ ယမ်ချာ၊ မင်းကို ဂျူဒိုကလပ်ထဲမှာ ထည့်ပေးထားတယ်...
ကျွန်တော် နားကြားများ မှားလိုက်သည်လားမသိ၊ ဂျူဒိုကလပ်။
ကျွန်တော် ။ ။ နှိုးနှိုး။ မဖြစ်နိုင်ပါဘူး ဆရာကြီးရယ်၊ တခြားကလပ် ၀င်ဆို ၀င်ပါ့မယ် ဂျူဒိုကလပ်တော့ မ၀င်ပါရစေနဲ့...
ကျောင်းအုပ် ။ ။ မလိုချင်ဘူး။ ဂျူဒိုကလပ်မှာ ငါမင်းနံမည် ပေးထားတယ်။ ခုကလပ်အချိန် သွားလိုက်။ ဒါပဲ...
ဟိ၊ဟိ၊ဟိ ဖြစ်မှဖြစ်ရလေ ယမ်ချာရဲ့ ၊ မင်းနဲ့ဂျူဒိုကလပ်နဲ့ မဖြစ်နိုင်ဘူးကွာဟု တွေးကာ စိတ်မကောင်း ဖြစ်၍ ဂျူဒိုကလပ်ရှိရာသို့ စိတ်ပျက်ကြီးများစွာဖြင့် ထွက်လာခဲ့သည်။ ဂျူဒိုကလပ် အခန်းဝလည်း ရောက်ရော၊
ကျွန်တော် ။ ။ ဂျူဒိုကလပ်ဝင်မယ့်အစား ကျောင်းပဲထွက်ပြီ လာဆမ်နီယားဆိုင်မှာပဲ စာပွဲထိုး သွားလုပ်တာ ပိုကောင်းအုန်းမယ်...
တွေးမိပြန်ရော။ ဂျူဒိုကလပ်တံခါးကို ဖွင့်ရင် ကောင်းမလား၊ မဖွင့်ရင် ကောင်းမလား စဉ်းစားရကျပ်နေစဉ်၊
အမျိုးသမီး ။ ။ ဘေးဖယ်၊ ဘေးဖယ်...
အော်ရင်း ကျွန်တော်ကို ၀င်တိုက်လိုက်၍ ဂျူဒိုအခန်းထဲသို့ တန်းရောက်သွားတော့သည်။ ဂျူဒိုကလပ် အခန်းဝပဲ ရှိသေးတယ် ဒီလောက်ဆိုးနေရင် ကိုကြီးတော့ ဒုက္ခရောက်ပါပြီ ဆာကေးရဲ့ဟု ငိုကြွေးနေတော့သည်။ နောက်မှ အပေါ်က ကျွန်တော်ပေါ်တွင် ပိနေသော အမျိုးသမီးကို တွန်းဖယ်ရန် မျက်လုံးလည်း ဖွင့်ကြည့်လိုက်ရော၊ သူမရင်ဘတ်ကြီးက ကျွန်တော် မျက်လုံးတည့်တည့်ရောက်နေ၍ ငယ်လယောင်၊ ငယ်လယောင် အော်ကာ အနည်းငယ် မူးဝေသွားတော့သည်။
အမျိုးသမီး ။ ။ နင်က ဘာလို့ မျက်လုံးဖွင့်နေရတာလဲ...
သေစမ်းဟု အော်ကာ ကျွန်တော်ကို ဆွဲမလိုက်ပြီ ထိုင်ခုံတစ်ခုပေါ်သို့ ပစ်တင်လိုက်တော့သည်။ ကျွန်တော်တော့ ဂျူဒိုကလပ် ပထမဆုံးနေ့မှာတင် သေပါပြီ၊ ဟိ၊ ဟိ၊ ဟိ။ အထုပ်အပိုးလေးပြင်ကာ ဂျူဒိုကလပ်က ပြန်ထွက်ရန် ပြင်စဉ်၊
မီနို ။ ။ ဆရာမ နောက်ကျသွားလို့ ဆော်ရီးပါ...
အမျိုးသမီး ။ ။ အေး မီနို၊ သမီးထိုင်...
ဟင်... မီနိုကလည်း ဂျူဒိုကလပ်ကပဲလား၊ ဒါဆိုရင် အရိုးတခြား ခေါင်းတခြားပဲ ဖြစ်ဖြစ် နေမှာပဲဟု တွေးကာ မီနိုဘေးသို့ ၀င်ထိုင်လိုက်သည်။ ခဏနေတော့ ဆရာကီနဲ့ ဂျွန်နီနဲ့ဒတ်ခ်ျ နှစ်ယောက်ပါ ၀င်လာကြပြန်ရာ ကျွန်တော် အရမ်းကို အံ့အားသင့်သွားမိသည်။ နောက်မှ ဆရာကီက ရှင်းပြ၍ ဂျူဒိုကလပ်ဆိုတာ အမည်ခံ စပိုင်လူငယ် သင်တန်းပေးတဲ့ ကလပ်ပဲဆိုတာ သိလိုက်ရတော့သည်။ ဒါဆို ဟိုအမျိုးသမီးက ဘယ်သူလဲဟဟု တွေးမိ၍၊
ကျွန်တော် ။ ။ ဆရာကီ၊ အဲဒီမိန်းမကြီးက ဘယ်သူလဲဗျ...
အမျိုးသမီးက ဒေါသတကြီးဖြင့် ကျွန်တော်နားသို့ ကပ်လာတော့သည်။ အနားရောက်လျှင် သူမရဲ့ ကြီမားတဲ့ရင်ဘတ်ကြီးကြောင့် ကျွန်တော်လန့်ြ့ပီ အနောက်ဆုတ်လေ၊ သူမကတိုးလေ။ နောက်ဆုံးတော့ ကျွန်တော်ကို နံရံတွင် ဆွဲချိတ်လိုက်ပြီ၊
အမျိုးသမီး ။ ။ ငါကို မိန်းမကြီးလို့ ခေါ်ရဲ ခေါ်ကြည့်စမ်း...
ကျွန်တော် ။ ။ ဟို ခပ်ခွာခွာက စကားပြောလို့ မရဘူးလားခင်ဗျ...
သူမ ရင်ဘတ်ကို ထပ်ကြည့်မိလိုက်ရော အမျိုးသမီးက ဒေါသထွက်၍ ဒိန်ညောင်ဟု ခြေထောက်ဖြင့် ကျွန်တော်ကို ပိတ်ကန်လိုက်ရာ မီနိုဘေးထိုင်ခုံသို့ ပြန်ရောက်သွားတော့သည်။
ဆရာကီ ။ ။ ယမ်ချာ၊ မင်းကို ပြောထားရအုန်းမယ်။ အဲဒါ မင်းတို့အဖွဲ့ရဲ့ ခေါင်းဆောင် ဆရာမရွှီ။ မင်းတို့ကို သူသင်တန်းပေးလိမ့်မယ်...
ပြောကာ ဆရာကီနဲ့ ဂျွန်နီနဲ့ဒတ်ခ်ျတို့ အခန်းထဲမှ ပြန်ထွက်သွားတော့သည်။ ဆရာမရွှီနဲ့ မကျန်ခဲ့ပါရစေနဲ့၊ ဆရာကီ ကျွန်တော်ကို ဒီအတိုင်းထားခဲ့တော့မှာလားဟု ၀မ်းနည်းပက်လက် ငိုကြွေးတော့သည်။
ဆရာမရွှီ ။ ။ သင်တန်းသားတို့ ဆရာမတို့ သင်တန်းလေးကို စလိုက်ရအောင်နော်...
မပြုံးချင်ပဲ ပြုံးတဲ့ အပြုံးမျိုးဖြင့် ဆရာမရွှီက သူမရဲ့ ရှည်လျားလှသော ဆံပင်ရှည်ကို ခါယမ်းလိုက်တော့သည်။ ဆရာမရွှီက အသက်အရွယ်အားဖြင့် ကျွန်တော်ထက် ၅နှစ်လောက် ပိုကြီးလိမ့်မည်။ သူမက ကိုယ်လုံးတောင့်တောင့်ကြောင့် ကျောင်းသားတိုင်း မငေးပဲ မနေနိုင်အောင်ပင်။ မဖြစ်သေးဘူး ဆရာမရွှီကို သွားကြည့်မိလို့ ထပ်ရိုက်ခံနေရအုန်းမယ်၊ တော်ပြီ မီနိုကိုပဲ စိုက်ကြည့်တော့မယ်။ မီနိုကို ကွက်ကြည့်ကွက်ကြည့်ဖြင့် ခိုးခိုးကြည့်နေတော့သည်။ မီနိုက ကျွန်တော် ခိုးကြည့်နေ၍ ရှက်ပြီ ပါးနှစ်ခုလုံး ပန်းဆီရောင်လေးသန်း နေပြီ၊
မီနို ။ ။ ယမ်ချာ၊ ငါမျက်နှာမှာ ဘာမှာပေနေလို့လဲဟင်...
ချိုသာသော အသံလေးဖြင့် မေးလိုက်ရာ၊
ကျွန်တော် ။ ။ နင်ဘယ်အချိန် ကိုယ်ပွားခွဲမလဲကို ဆာကေးက စောင့်ကြည့် ခိုင်းထားလို့ပါ။ ဟဲဟဲဟဲ...
မီနို မျက်နှာ ပန်းရောင်ကနေ နီရဲတက်လာပြီ ခေါင်းကြီးကို အတင်းငုတ် ထားတော့သည်။
ဆရာမရွှီ ။ ။ ယမ်ချာ၊ ငါစာသင်နေတာကို နင်က မိန်းမငန်းနေတယ်ပေါ့။ ဟုတ်လား...
ကျွန်တော် ။ ။ မဟုတ်ရပါဘူး ခင်ဗျ...
ဆရာမရွှီ ။ ။ ခုလူလည်း စုံသင့်လောက် စုံပြီဆိုတော့ မင်းတို့လေးတွေကို ဆရာမမှာချင်တာကတော့ သာမန် ကျောင်းသား၊ ကျောင်းသူတွေလိုပဲ နေစေချင်တယ်။ စပိုင်အလုပ်ကြောင့် ကျောင်းအမှတ်တွေ ကျလာတဲ့အခါ သူများတွေ မယုံသင်္ကာ ဖြစ်တာမျိုးတွေကိုလည်း မကြားချင်ဘူးနော်။ နောက်ဆုံးလပတ်မှာ ရတဲ့ အမှတ်လေးတွေကို ပြောကြပါအုန်း...
သူ့ရုပ်ကြီးနဲ့ စကားပြောတာ ချွဲပစ်နေတာပဲဟု ကျွန်တော် စိတ်ထဲမှ ကြိမ်းဆဲပြီ ဘယ်သူမှ မပြောခင် အရင်ဆုံး၊
ကျွန်တော် ။ ။ သုည ဘဲဥကွဲပါတယ် ခင်ဗျ...
ဆရာမရွှီ ။ ။ ငါကို လာနှောက်တယ်ပေါ့လေ၊ ဒိန်ညောင်...
ကန်ထုတ်လိုက်ရာ၊ ကျွန်တော် မီနိုနောက်တန်းသို့ ချက်ချင်းရွှေ့သွားတော့သည်။ ကျွန်တော် အမှန်တိုင်း သုညမို့ သုညပြောတာကို မယုံရင် နေကြပေါ့ဟု ပါးစပ်မှ တစ်ယောက်ထဲ ပျစ်တောက်ပျစ်တောက် ပြောနေမိသည်။
မီနို ။ ။ ၈၅ မှတ်ရပါတယ် ဆရာမရွှီ...
ဆရာမရွှီ ။ ။ အေး မီနိုလေးက ဘယ်ဆိုးလို့လဲ။ ဆက်ကြိုးစားထားနော်...
ကျောင်းသား ။ ။ ၁၀၈မှတ်ပါ...
၁၀၈မှတ်ဟု ကျွန်တော်နောက်မှာ ထိုင်နေသော ကျောင်းသားဆီမှ အသံကြားလိုက်၍ အံ့အားတကြီး လှည့်ကြည့်မိလိုက်သည်။ နာဂိုယာတက္ကသိုလ် စာမေးပွဲတွင် အရမ်းထူးချွန် ပြောင်မြှောက်တဲ့ ကျောင်းသားတွေကိုသာ အမှတ် ၁၀၀ထက် ပိုမိုကျော်လွန်ကာ ပေးတတ်သော်လည်း ရမှတ်၁၀၈မှတ်ထိ ပေးရလောက်အောင် တော်သည့် ကျောင်းသားကို ခုမှ မြင်ဖူးတော့သည်။ ထိုကျောင်းသားက မျက်ခုံးထူထူ၊ အရပ်ရှည်ရှည်၊ အတော်ရုပ်ဖြောင့်ပြီ မာနအလွန်ကြီးကြောင်း သူမျက်နှာမှာ ပေါ်နေသည်။ ဒီလူက ကျွန်တော်ကို ကျော်၍ မီနိုကို ငေးကြည့်နေ၍ ဆာကေးအပြင် ငါရန်ဘက် နောက်တစ်ယောက်တော့ တိုးလာပြီဟု စိတ်ထဲမှ တွေးလိုက်မိသည်။
ဆရာမရွှီ ။ ။ ဂင်လေးကတော့ အမြဲထိပ်ပဲကွယ်။ မင်းလေးကို ဆရာမဆုချမှ ဖြစ်တော့မယ်...
ကင် ။ ။ မလိုပါဘူးဗျ...
ဆရာမရွှီ ။ ။ ဘယ်ဟုတ်ပါ့မလဲကွယ်...
ဆရာမရွှီက ဂင်နားသို့ လမ်းလျှောက်လာသည်။ ဆရာမရွှီရဲ့ ရင်ဘတ်ကြီးကို အနီးကပ်လည်း မြင်ရော၊ ဂင့် နှာချောင်းကြီး နီရဲတက်လာပြီ နှာခေါင်း သွေးတွေ ဖြန်းထွက်လာကာ ဆရာမရွှီ တစ်ကိုယ်လုံး သွေးတွေ စဉ်ကုန်တော့သည်။
ကျွန်တော် ။ ။ ဟားဟားဟား...
လှောင်ရဲလိုက်ပြီမှ ပါးစပ်ကို မနည်းပြန်ပိတ်လိုက်ရသည်။ ဂင်ဆိုသူမှာ ကျွန်တော်တို့ လူငယ်စပိုင်အဖွဲ့ရဲ့ လုပ်ငန်းတွေကို အစီအစဉ်ဆွဲသူ၊ အခရာ ဖြစ်သည်။ ဂင်က ဘက်စုံမှာ ထူးချွန်သော်လည်း သူရဲ့ အားနည်းချက်မှ မမြင်သင့်တာတွေ မြင်ရင် နှာချောင်းသွေး အလိုလိုလျှံထွက်လာခြင်း ဖြစ်သည်။ ထိုစဉ် ဂျူဒိုကလပ်ထဲသို့ မျက်မှန်ထူထူဖြင့် အူကြောင်ကြား နောက်ထပ် ကျောင်းသားတစ်ဦး ပြေးဝင်လာပြီ၊
ကျောင်းသား ။ ။ ခု၂နာရီ၊ ၅၈မိနစ်နဲ့ ၂စက္ကန့် ဆိုတော့ အတန်းကနေ ဒီကို ၂မိနစ်နဲ့ ၂၂စက္ကန့်ပဲ ကြာတယ်...
သူနာရီကို ကြည့်လိုက်ပြီ အားမရနိုင်သေးပဲ ကျွန်တော်နာရီကို လာဆွဲကြည့်ပြီ၊
ကျောင်းသား ။ ။ မင်းနာရီမှာ ၃နာရီ၊ ငါနာရီမှာ ၂နာရီနဲ့ ၅၈မိနစ်...
ဒီကျောင်းသား ဘာတွေ ပြောနေပါလိမ့်ဟု စဉ်းစားနေစဉ် အိတ်ဆောင် စာအုပ်မှာ သူမှာသူ စာတွေရေးချနေပြီ ကျွန်တော်ဘေးသို့ ၀င်ထိုင်လိုက်သည်။ ပြီတော့ ကျွန်တော်ကို ဘော်ပင်တစ်ချောင်း လာထိုးပေးပြီ၊
ကျောင်းသား ။ ။ ခင်များ ကိုင်ထား၊ ကျွန်တော် နှိပ်ဆိုမှ နှိပ်နော်...
ကျွန်တော်လည်း ဘုမသိဘမသိဖြင့် ကိုင်ထားပေးလိုက်သည်။ ကျန်တဲ့သူတွေ အားလုံးကလည်း သူကို ၀ိုင်းကြည့်နေကြသည်။ အိတ်ထဲမှ စက်ကိရိယာတွေ တပ်ဆင်ထားသည့် ၅လက်မအရွယ်ရှိ စက်ရုပ်တစ်ရုပ်ထုတ်လိုက်ပြီ၊
ကျောင်းသား ။ ။ ဟုတ်ပြီ ၁၊၂၊၃ ဆိုရင် နှိပ်တော့...
သူစကားမဆုံးသေးခင် ကျွန်တော် ကိုင်ထားတာ ပျင်းလာသည်နှင့် ရှုတ်တယ်ဟု တွေးကာ ဘော်ပင်ခလုတ်ကို နှိပ်ချလိုက်တော့သည်။ ခလုတ်လည်း နှိပ်လိုက်ရော သူ့စက်ရုပ်ဆီမှ စကားသံထွက်လာပြီ၊
စက်ရုပ် ။ ။ တီ၊တီ၊တီ။ ဒီလူသည် စိတ်မရှည်ပါ၊ ပျင်းလည်းပျင်းသည်။ စာလည်း အရမ်းညံ့သည်။ အတွင်းခံ ပန်းရောင်လည်း ၀တ်သည်...
အတွင်းခံပန်းရောင်လည်း ၀တ်သည်ဟု စက်ရုပ်က ပြောလိုက်၍ ကျွန်တော်ကို အားလုံးကို ၀ိုင်းငေးကြ၍၊
ကျွန်တော် ။ ။ ငါကို ဘာလို့ ကြည့်တာလဲ။ မဟုတ်ဘူး... ဒီစက်ရုပ် လျှောက်ပြောနေတာ...
စက်ရုပ် ။ ။ ညာလည်း ညာတတ်သည်...
ကျွန်တော် ။ ။ ကိန်၊ ဒီစက်ရုပ် မင်းကို ငါအသေသတ်မယ်..x.x.x.x.x.x.x.x...
စက်ရုပ်နဲ့ ကျွန်တော် နပန်းလုံးတိုက်ခိုက်နေစဉ် ဆရာမရွှီ စားပွဲကို အားဖြင့် ထုချလိုက်ပြီ၊
ဆရာမရွှီ ။ ။ ဂါဂျက်၊ မင်းစက်ရုပ်ကို ပိတ်လိုက်စမ်း။ မဟုတ်ရင် ငါတူနဲ့ထုမိတော့မယ်...
တချက်အော်လိုက်သည်နှင့် ဂါဂျက်ကြောက်ပြီ စက်ရုပ်ခလုတ်ကို နှိပ်ချလိုက်ပြီ သူ့နာရီ သူကြည့်၍၊
ဂါဂျက် ။ ။ အင်း... စက်ရုပ်ခန့်မှန်းတာ ၁၀၀ရာခိုင်နှုန်း မှန်သားပဲ...
သူ့အိပ်ဆောင် စာအုပ်မှာ ချမှတ်ရေးနေတော့သည်။ ကျွန်တော် ဘေးကနေ ဒေါထသူပုန်ထနေမိသည်။ ထိုကျောင်းသားကို ဂါဂျက်လို့ ခေါ်သည်မှာ စပိုင်လူငယ်အဖွဲ့ရဲ့ ဂါဂျက်(လက်နက်ဆန်းများ၊ စက်ပစ္စည်းများ)ကို တီထွင်သော သူဖြစ်သောကြောင့်ပင်။
ဆရာမရွှီ ။ ။ ခုပထမဆုံး သင်ခန်းစာ အနေနဲ့ မင်းတို့လေးတွေကို ဆရာမသင်မှာကတော့ .x.x.x.x.x.x.x.x.x.x.x.x...
စာသင်နားထောင်ရင်း ကျွန်တော်ကျင့်သုံးနေတဲ့နည်းအတိုင်း မျက်လုံးဖွင့်ပြီ အိပ်တဲ့နည်းကို သုံးစဉ် ဘေးကနေ ခေါင်းကို ခွက်ခနဲမြည်အောင် ခေါက်ချလိုက်ရာ၊
ကျွန်တော် ။ ။ အမယ်လေးဗျ နာလိုက်တာ။ ဂါဂျက် မင်းငါကို ဘာလို့ ခေါက်တာလဲကွ...
ဂါဂျက် ။ ။ ခင်ဗျား ခေါင်းခေါက် ခံရတာ အူလာထောင့် ၃.၄၅ ဒီဂရီ (eular angle) က ခင်ဗျားရဲ့ 9 o'clock ကခေါက်တာ ဖြစ်နိုင်ချေ ၉၅%၊ ကျုပ်က ခင်ဗျားရဲ့ 3 o'clock မှာထိုင်နေတာ၊ မဖြစ်နိုင်တာ မပြောစမ်းပါနဲ့။
အင်း သူက 3 o'clock ကျွန်တော့် ညာဘက်မှာ ထိုင်တာဆိုတော့ 9 o'clock ဆိုတော့ ဆန့်ကျင်ဘက် ဘယ်ဘက်ကပေါ့ဟု တွေးမိကာ လှည့်လဲ ကြည့်လိုက်ရော ကျောင်းသားတစ်ယောက် စပ်ဖြီးဖြီးမျက်နှာဖြင့် ကျွန်တော်ကို ရယ်ပြနေ၍ လန့်ကာ၊
ကျွန်တော် ။ ။ မင်းဘယ်တုန်းက ငါဘေးရောက်နေတာလဲ...
ကျောင်းသား ။ ။ ခင်များဒီအခန်းထဲ မ၀င်ခင်ကတည်းက ကျွန်တော် ရှိနေတာပါဗျ...
ကျွန်တော် ။ ။ ဘာ၊ မဖြစ်နိုင်ဘူး...
လန့်ကာ ထအော်တော့သည်။
ကျွန်တော် ။ ။ အဲဒါ အမှန်ပဲလား...
အားလုံးက ခေါင်းညိတ်ပြ၍ ကျွန်တော်ပို၍ လန့်လာမိသည်။ အခန်းထဲဝင်ကတည်းက ဘာလို့ သူကို ကျွန်တော် မမြင်မိပါလိမ့်။ ကျွန်တော်ကို အားလုံးက မျက်စိလျှမ်းတယ်လို့ ပြောခံရမှာစိုး၍၊
ကျွန်တော် ။ ။ ဆရာမရွှီ ဒီလောက် ပိန်းပြီ တခါမြင်ပြီ ချက်ချင်းမေ့သွားမယ့် ရုပ်ရှိတဲ့ကျောင်းသားကို စပိုင်လုပ်ခိုင်းတာ မတရားဘူး။ ပြီတော့ ရုပ်ကိုက ယောကျာ်းနဲ့လည်း မတူ၊ မိန်းမနဲ့လည်း မတူ။ ဒီလောက် မထင်ရှားမှတော့သူကို ဘယ်သူက သတိထားမှာလဲ...
ဆရာမရွှီ ။ ။ အဲဒါ ဟာရုရဲ့ စပိုင်အစွမ်းပဲလေ ယမ်ချာရဲ့။ ဒီလို မထင်မရှား ဖြစ်လွန်းလို့ ဘယ်လူဆိုးစခန်းကိုမဆို သူဝင်ပြီ သတင်းထောက်လှမ်း နိုင်တာပေါ့ကွယ်...
ကျွန်တော် ။ ။ ဟာရု ဒါနဲ့ မင်းငါကို ဘာလို့ ခေါင်းခေါက်ရတာလဲ...
ဟာရု ။ ။ ခင်များက ကျွန်တော်ကိုမှ သတိမထားမိတာ။ ဒါကြောင့် သတိထားမိအောင် ခေါင်းခေါက်ရတာပေါ့...
ဘာ၊ ဒီစပိုင်သင်တန်းမှာ ဘယ်လို လူထူးလူဆန်းတွေနဲ့ တွေ့နေလဲ မသိဘူး... ကိန်၊ ကိန်၊ ကိန်...
----------------------------------------------------
1 comment:
  1. ဆာကေးတောင် သောက်ချင်လာပြီး)
    ဒါနဲ့ တို့ဘလော့ကို လင့်အသစ်ပြန်ချိတ်ပေးဦးနော်
    ဒီဟာက update မဖြစ်လို့ ...
    ReplyDelete